အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
အပိုင်း ၁၄၇
အလှုပ်အခတ်များ
မိုဘိုင်းလ်ဖုန်းခေတ်ဦးကတည်းက အပလီကေးရှင်းနဲ့ ဂိမ်းကုမ္ပဏီတွေဟာ ဂိမ်းအရည်အသွေးနဲ့ အသုံးပြုနိုင်စွမ်းကို တစိုက်မတ်မတ် မြှင့်တင်လာခဲ့ကြတာပါ၊၊ သူတို့ တကယ်ဖြစ်ချင်တာကတော့ ဘယ်ဖုန်းမှာမဆို ထည့်သွင်းကစားလို့ရပြီး သုံးစွဲသူအားလုံး အဆင်ပြေစေဖို့ပါပဲ၊၊
ဒါပေမဲ့ အခုလို နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာပြီး 4G ကနေ 5G ခေတ်ကို ကူးပြောင်းတော့မယ့် အချိန်မှာ ဂိမ်းအသစ်တွေဟာ အရည်အသွေး ပိုကောင်းလာသလို တခြားဖုန်းအမျိုးအစားတွေမှာ ကစားလို့မရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာသည်၊၊
ဒီလိုအခြေအနေမျိုးမှာ လုံထန်လုပ်ငန်းစုအနေနဲ့ မိမိတို့ရဲ့ အဆင့်မြင့် ဟာ့ဒ်ဝဲ (Hardware) တွေမှာပဲ သီးသန့်လည်ပတ်နိုင်မယ့် အားကောင်းတဲ့ ဂိမ်းတွေနဲ့ အပလီကေးရှင်းတွေကို ထုတ်လုပ်ဖို့ အပြည့်အဝ အရည်အချင်းရှိနေသည်၊၊
အနာဂတ်မှာ နီဗားနားအိတ်နဲ့ အရည်အသွေးမြင့် ဂိမ်းတွေကို ကစားကြည့်ပြီးတဲ့ အသုံးပြုသူတွေဟာ တခြားအဆင့်နိမ့်ဖုန်းတွေကို သုံးကြည့်တဲ့အခါ သူတို့ဘာသာ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်သွားကြပါလိမ့်မယ်၊၊
"ကောင်းပြီ... ခင်ဗျားပြောတဲ့အတိုင်းပဲ လုပ်ကြစို့"
လင်းဖန်က အသေအချာ စဉ်းစားပြီးနောက် ဒီအစီအစဉ်ကို သဘောတူလိုက်သည်၊၊
ဒါဟာ ရင်းနှီးမြှုပ်နှံမှုကို ချက်ချင်းပြန်မရနိုင်တဲ့ ရေရှည်စီမံကိန်းဖြစ်ပေမဲ့ သူ့မှာ အချိန်တွေအများကြီး ရှိပါသေးသည်။အရေးကြီးတာက လုံထန်လက်အောက်မှာ ဂိမ်းကုမ္ပဏီရှိနေပြီးသားမို့ ဂိမ်းအသစ်တွေ ထုတ်လုပ်ဖို့ဆိုတာ သူတို့အတွက် နေ့စဉ်အလုပ်တစ်ခုလိုပါပဲ၊၊
မေလလယ်မှာတော့ နီဗားနားအိတ်ရဲ့ ရောင်းအားက ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့ အော်ဒါတွေအပြင် ဆယ်ရက်အတွင်းမှာတင် အလုံးရေ ၂.၂ သန်းအထိ ရှိလာခဲ့သည်၊၊
ဟောင်ကောင်ရဲ့ လူဦးရေ စုစုပေါင်းက ၇.၄၅ သန်းလောက်ပဲ ရှိတာမို့ လူသုံးပုံတစ်ပုံက လုံထန်ရဲ့ ဖုန်းကို ဝယ်ယူပြီးသား ဖြစ်နေပါပြီ၊၊
Samsung (Four Star)၊ Huawei (Warwick) နဲ့ Sony တို့က ဖုန်းအသစ်တွေ ထုတ်ခဲ့ပေမဲ့လည်း နီဗားနားအိတ်ရဲ့ အရှိန်အဟုန်ကို မတားဆီးနိုင်ခဲ့ချေ၊၊
ဒီလို ထိတ်လန့်စရာကောင်းတဲ့ ရောင်းအားကြောင့် ဟောင်ကောင်မီဒီယာတွေက လုံထန်လုပ်ငန်းစုအကြောင်းကို အထူးတလည် စုံစမ်းဖော်ပြလာကြပြီး၊ မေလ ၂၄ ရက်နေ့မှာတော့ ရောင်းအား ၅ သန်းအထိ စံချိန်တင် ကျော်လွန်သွားခဲ့ပြန်သည်၊၊
ဒီသတင်းကြောင့် လင်းဖန်ကိုယ်တိုင်တောင် အံ့သြသွားရသည်၊၊ အဲဒီအချိန်မှာပဲ ဟောင်ကောင်မီဒီယာတွေမှာ သတင်းကြီးတစ်ခု ထပ်ပေါ်လာပြီး နီဗားနားအိတ်ရဲ့ သြဇာကို အထွတ်အထိပ် ရောက်စေခဲ့သည်။
-
"တမီ (Rice) ဖုန်းတွေရဲ့ အရည်အသွေး စိုးရိမ်စရာဖြစ်နေ၊ ဖုန်းပေါက်ကွဲမှုတွေ ဖြစ်ပွား"
"ဒါဟာ မတော်တဆလား ဒါမှမဟုတ် လူလုပ်တဲ့ ဘေးဒုက္ခလား"
"ပြည်တွင်းဖြစ်တွေထဲမှာ စိတ်ချရတဲ့ ပစ္စည်း တကယ်ပဲ မရှိတော့ဘူးလား"
ဒီသတင်းတွေက ဟောင်ကောင်တစ်ခုလုံးကို ရိုက်ခတ်သွားပြီး ဟွေ့ကန်ဆက်သွယ်ရေးနဲ့ ပူးပေါင်းထားတဲ့ တမီဖုန်း ပေါက်ကွဲမှုကြောင့် သုံးစွဲသူတစ်ဦး မျက်နှာပျက်စီးသွားပြီး တရားစွဲဆိုမှုတွေ ဖြစ်လာခဲ့သည်၊၊ ဒီဂယက်ကြောင့် ဟွေ့ကန်ရဲ့ ရှယ်ယာဈေးနှုန်းဟာ ထက်ဝက်နီးပါး ထိုးဆင်းသွားခဲ့လေသည်၊၊
ဟောင်ကောင် တောင်ပိုင်းခရိုင်၊ Deep Water Bay လမ်း၊ အမှတ် ၇၉ ရှိ လီမိသားစု နေအိမ်၊၊
"ဟားဟား မစ္စတာလီရဲ့ စီမံကိန်းတွေက ပိုပိုကြီးလာတာပဲ၊ အခုဆို ဟောင်ကောင် ဆက်သွယ်ရေး ကုမ္ပဏီအားလုံးကို ယင်းခဲ့က သိမ်းပိုက်လိုက်ပြီပေါ့"
ဖုန်းထဲကနေ လင်းဖန်က ရယ်မောရင်း ပြောလိုက်သည်၊၊
"ဒါရိုက်တာလင်းကလည်း နောက်နေပြန်ပြီ၊၊"
လီကျဲခိုင်က ပြုံးရင်း ပြန်ဖြေသည်။
"ကျွန်တော်တို့ ယင်းခဲ့က ဟောင်ကောင်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ရုံသက်သက်ပါ၊၊"
တကယ်တော့ မနေ့ကတင် လီကျဲခိုင်ဟာ ဟောင်ကောင် ဆက်သွယ်ရေး ကုမ္ပဏီ ၈၀ ရာခိုင်နှုန်းကို သိမ်းပိုက်ပြီး ဖြစ်သည်၊၊ သူက လီကျားချန်ရဲ့ သားဖြစ်ပေမဲ့ လင်းဖန်နဲ့ စကားပြောတဲ့အခါ အလွန်နှိမ့်ချစွာ ပြောဆိုတတ်သည်၊၊
"မစ္စတာလီ... Apple နဲ့ Samsung တို့က မင်းနဲ့ ပူးပေါင်းဖို့ ဟောင်ကောင်ကို လာနေကြပြီလို့ ကြားတယ်၊၊"
လင်းဖန်က ဆက်ပြောပြန်သည်။
"အဲဒီအချိန်မှာပဲ New World Telecommunications နဲ့ PCCW တို့ကလည်း ကျုပ်နဲ့ ပူးပေါင်းဖို့ သတင်းပို့လာကြတယ် အားလုံးက တစ်ပြိုင်တည်း တိုက်ဆိုင်နေကြတာပဲ၊"
ဒါကို ကြားတော့ လီကျဲခိုင် မျက်လုံးတွေ ကျဉ်းသွားပြီး ချက်ချင်း ပြန်ဖြေသည်။
"ဒါရိုက်တာလင်း စိတ်မပူပါနဲ့၊ ကျွန်တော်က တရုတ်လူမျိုးပါ၊ အမျိုးသားလုပ်ငန်းတွေ ပြန်လည်ဦးမော့လာဖို့အတွက် ကိုယ့်တာဝန်ကိုယ် သိပါတယ်၊၊ ဒါကြောင့် Apple တို့ Samsung တို့နဲ့ ဘယ်တော့မှ ပူးပေါင်းမှာ မဟုတ်ပါဘူး၊၊"
"မစ္စတာလီက သူ့ဖခင်လိုပဲ တကယ်ကို လေးစားဖို့ ကောင်းတာပဲ၊ ဒါဆိုရင်တော့ ကျုပ်တို့တွေ ဟောင်ကောင်ရဲ့ ဆက်သွယ်ရေးနဲ့ မိုဘိုင်းဖုန်းဈေးကွက်ကို အတူတူ ကြီးစိုးကြတာပေါ့၊၊"
လင်းဖန်က ချက်ချင်းပဲ ပြောလိုက်သည်၊၊
တကယ်တော့ လင်းဖန်ဟာ လီကျဲခိုင် မျိုးချစ်စိတ် ရှိမရှိဆိုတာထက် စီးပွားရေးအရ စမ်းသပ်ကြည့်လိုက်တာပါ၊၊ လီကျဲခိုင်ကသာ Apple နဲ့ ပေါင်းမယ်ဆိုရင် လင်းဖန်ကလည်း တခြားဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ ပေါင်းပြီး ပြန်တိုက်မှာ ဖြစ်သည်၊၊
ဖုန်းချလိုက်ပြီးတဲ့နောက် လီကျဲခိုင်ရဲ့ မျက်နှာမှာ ထူးဆန်းတဲ့ အမူအရာတစ်ခု ပေါ်လာသည်၊၊ အခုနက စကားပြောတာ ချောမွေ့သလိုရှိပေမဲ့ တကယ်တော့ နှစ်ဖက်စလုံးက ထက်မြက်သူများ ဖြစ်သည်။
ဟောင်ကောင် လူဦးရေ ၇ သန်းကျော်မှာ ၅ သန်းလောက်က နီဗားနားအိတ် ကို သုံးနေကြပြီမို့၊ ဒီအတိုင်းဆိုရင် လုံထန်ရဲ့ ဖုန်းက ဟောင်ကောင်သားတွေအတွက် မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်လာတော့မှာပါ၊၊ ဒါက တကယ်ကို ထိတ်လန့်စရာကောင်းတဲ့ အောင်မြင်မှုပါပဲ၊၊
သူ့ဖခင်က လင်းဖန်ကို ဘာကြောင့် 'အတုမရှိ ထိပ်တန်းသူဌေးကြီး' လို့ ချီးကျူးခဲ့သလဲဆိုတာ လီကျဲခိုင် အခုမှပဲ ကောင်းကောင်း သဘောပေါက်သွားပါတော့သည်၊၊
.........................................................
အပိုင်း ၁၄၈
ဝါးနိုင်တယ်ဆိုပြီး အကုန်မဝါးနဲ့
ကျင်းလင်မြို့၊ ကျန်းခန်းယွမ်ရှိ အမှတ် (၁) ဗီလာတွင် လင်းဖန်သည် ဆိုဖာပေါ်တွင် ထိုင်ရင်း လက်ဖက်ရည်ကို အရသာခံ သောက်နေသည်၊၊
သူ၏ မျက်လုံးများထဲတွင်တော့ နက်ရှိုင်းသည့် အရောင်အဝါများ တောက်ပနေပြီး ဘာကို စဉ်းစားနေသည်ဆိုသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ၊၊
"လီကျဲခိုင်ကို ဒီလိုမျိုး ဖိအားပေးလိုက်တာက သူ့အဖေ လီကျားချန်ကို စိတ်အနှောင့်အယှက် ဖြစ်စေမလား"
ဘေးတွင်ရှိသော မိုရှင်းယာက ရုတ်တရက် မေးလိုက်သည်၊၊
ခုနက စကားပြောဆိုမှုမှာ စီးပွားဖက်အချင်းချင်း ဆက်ဆံရေးထက် ကစားပွဲတစ်ခုနှင့် ပိုတူနေသည်၊၊ လင်းဖန်က လီကျဲခိုင်ကို အပြတ်အသတ် အနိုင်ယူလိုက်နိုင်သော်လည်း... တကယ့် အားအကောင်းဆုံး ပြိုင်ဘက်ဖြစ်သည့် တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် လီကျားချန်ကတော့ ရှေ့ထွက်မလာသေးပါ၊၊
"မဖြစ်နိုင်တာ"
လင်းဖန်က မဆိုင်းမတွ ပြန်ပြောလိုက်သည်။
"လီကျဲခိုင်နဲ့ ယှဉ်ရင် သူ့အဖေ လီကျားချန်က စီးပွားရေးလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ထိပ်တန်းပုဂ္ဂိုလ်ကြီးပဲ၊ သူက ဒီကိစ္စရဲ့ အနက်အဓိပ္ပာယ်ကို ဘယ်သူ့ထက်မဆို ပိုနားလည်ပါတယ်၊၊"
ပေါင်းစည်းလျှင် အကျိုးရှိပြီး ကွဲပြားလျှင် နှစ်ဖက်စလုံး နစ်နာမည် ဖြစ်သည်၊၊ လုံထန်လုပ်ငန်းစုရဲ့ ထိုးတက်လာမှုကို ဘယ်သူမှ တားလို့မရချေ၊၊ မကြာခင်မှာပဲ တရုတ်ပြည်တင်မကဘဲ တစ်ကမ္ဘာလုံးက Apple ကို အစားထိုးနိုင်မယ့် ထိပ်တန်း Unicorn ကုမ္ပဏီကြီး ဖြစ်လာတော့မှာပါ၊၊
လီကျားချန်တို့လို ကွမ်တုန်းနဲ့ ဖူကျန့် စီးပွားရေးသမားတွေရဲ့ ထုံးစံက မိတ်ဆွေဖွဲ့နိုင်သမျှ လူတိုင်းကို မိတ်ဆွေဖွဲ့ထားတတ်ကြပြီး၊ အနာဂတ်မှာ အလားအလာရှိမယ့် သူတွေကို ရင်းနှီးမြှုပ်နှံထားတတ်ကြတာပါ၊၊
လုံထန်လုပ်ငန်းစုက ဟောင်ကောင်ရဲ့ မိုဘိုင်းဖုန်းလောကကို အပြီးအပိုင် ထိန်းချုပ်လိုက်ပြီဆိုရင်၊ ဟောင်ကောင် ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်တစ်ခုလုံးက လုံထန်ကိုပဲ အားကိုးရတော့မှာပါ၊၊ ဖုန်းမရှိရင် ဆက်သွယ်ရေး ဝန်ဆောင်မှုဆိုတာ အပိုပဲ မဟုတ်လား၊၊ ဒီတော့ လီကျားချန်က စိတ်ဆိုးမယ့်အစား လီကျဲခိုင်ကို လင်းဖန်နဲ့ ပိုပြီး ရင်းနှီးအောင် ပေါင်းဖို့တောင် သတိပေးပါလိမ့်မယ်၊၊
"ဒါဆိုရင် ဟောင်ကောင်မှာရှိတဲ့ Apple နဲ့ Samsung (Four Star) တို့ရဲ့ သြဇာကို အပြီးအပိုင် ရှင်းထုတ်ပစ်မှာလား"
မိုရှင်းယာက နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလာသည်။
လင်းဖန်က သက်ပြင်းချရင်း
"အရင်းရှင်စနစ် ထွန်းကားတဲ့ ဒေသတစ်ခုမှာ နယ်ပယ်တစ်ခုလုံးကို ကုမ္ပဏီတစ်ခုတည်းက သိမ်းပိုက်ထားတာမျိုးကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး၊၊"
ဟု အဓိပ္ပာယ်ပါပါ ပြောလိုက်သည်၊၊
"ကျန်းဖန်ကို ပြောလိုက်၊ ဈေးကွက်သိမ်းပိုက်တဲ့ အစီအစဉ်ကို ဆက်လုပ်ပါ၊ ဒါပေမဲ့ ဈေးကွက်ဝေစုရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်ကိုတော့ ချန်ထားပေးရမယ်၊၊"
ဟောင်ကောင်လို လွတ်လပ်တဲ့ ကုန်သွယ်မှုဇုန်မှာ လက်ဝါးကြီးအုပ်မှုကို ခွင့်မပြုပေ၊၊
တစ်ယောက်ယောက်က လက်ဝါးကြီးအုပ်ဖို့ ကြိုးစားရင် လူထုရဲ့ တိုက်ခိုက်မှုကို ခံရပါလိမ့်မယ်၊၊ လီကျဲခိုင်တောင်မှ ဈေးကွက်ရဲ့ သုံးပုံနှစ်ပုံလောက်ကိုပဲ ယူထားပြီး ကျန်တာကိုတော့ တခြားကုမ္ပဏီတွေလက်ထဲမှာ ချန်ထားပေးတာပါ၊၊
"ဟုတ်ကဲ့ပါ"
မိုရှင်းယာက ကျန်းဖန်ဆီ ဖုန်းဆက်ပြီး ညွှန်ကြားချက် ပေးလိုက်သည်၊၊
"ဒါနဲ့... ကျိဖူပေါင်အစီအစဉ်ကော ဘယ်လိုရှိလဲ"
လင်းဖန်က ရုတ်တရက် သတိရပြီး မေးလိုက်သည်၊၊
ကျိဖူပေါင် (Jifubao - ငွေပေးချေမှုစနစ်) ကို လုံထန်ရဲ့ ထုတ်ကုန်တွေ ပိုပြီး ရောင်းကောင်းအောင် စီစဉ်ခဲ့တာ ဖြစ်သလို၊ အဓိကကတော့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့် အင်အားစုသစ်တစ်ခု တည်ဆောက်ဖို့ ဖြစ်သည်၊၊
"သူဌေး... ကျိဖူပေါင် ရဲ့ စတင်အရင်းအနှီးက ယွမ် ဘီလီယံ ၁၀၀ လို့ ခန့်မှန်းထားပါတယ်၊ လုံထန်လုပ်ငန်းစုက ဘီလီယံ ၃၀ ရင်းနှီးပြီး ရှယ်ယာ ၃၀ ရာခိုင်နှုန်း ယူပါမယ်၊၊"
မိုရှင်းယာက ဆက်လက် တင်ပြသည်။
"ကျင်းတုန်နဲ့ Penguin က ဘီလီယံ ၁၅ ကုဋေစီ ရင်းနှီးပြီး ၃၀ ရာခိုင်နှုန်းစီ ယူပါမယ်၊ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ နောက်ထပ် ရင်းနှီးမြှုပ်နှံမယ့် သူတွေအတွက် ချန်ထားပါတယ်၊၊ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုတော့ လီကြားချန်က အချိုးကျ ထည့်ဝင်ပါလိမ့်မယ်၊၊"
"အင်း"
လင်းဖန်က ခေါင်းညှိမ့်ပြီး
"ကျိဖူပေါင် ဟာ ကမ္ဘာ့ဘဏ္ဍာရေးလောကကို ငါတို့ သိမ်းပိုက်မယ့် လက်နက်ပဲ၊ အခု ဘီလီယံ ၁၀၀ ဆိုပေမဲ့ အနာဂတ်မှာ ထရီလီယံပေါင်းများစွာအထိ ကြီးထွားလာနိုင်တယ်၊၊ ရှယ်ယာတွေ ဘယ်လောက်ပဲ ကျကျ၊ ကျိဖူပေါင်သာ မကျရှုံးသရွေ့ သူတို့အတွက် အမြတ်က အများကြီးပဲ၊ ဒီအချက်ကပဲ သူတို့ကို ဆွဲဆောင်နေတာ၊၊"
တကယ်တော့ လင်းဖန်က ကျိဖူပေါင် ရဲ့ တည်ထောင်သူဖြစ်လို့ သူ့ရဲ့ လုံးဝဥဿုံ ထိန်းချုပ်နိုင်စွမ်းကိုတော့ အဆုံးရှုံးမခံနိုင်ပေ၊၊
Apple တည်ထောင်သူ Steve Jobs တုန်းကလို ရှယ်ယာတွေ ပြန့်သွားလို့ ကုမ္ပဏီကနေ အထုတ်ခံရတဲ့ အဖြစ်မျိုး သူ အဖြစ်မခံနိုင်၊၊ သူက အရာအားလုံးကို သူ့လက်ထဲမှာပဲ ရှိနေတာကို နှစ်သက်သူ ဖြစ်သည်၊၊
"သူဌေး... အဲဒါကတော့ ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ လီကျဲခိုင်ရဲ့ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းက အပြင်က ရင်းနှီးငွေတွေကို လက်ခံမလားလို့ လာမေးနေပါတယ်၊၊"
မိုရှင်းယာက သံသယဖြင့် မေးလိုက်သည်၊၊ လီကျားချန်က ပါဝင်နေပြီဖြစ်ပါလျက် လီကျဲခိုင်က ဘာကြောင့် ထပ်ဝင်ချင်နေရသနည်း၊၊
"သူ့ကို အရင် ငြင်းလိုက်၊၊"
လင်းဖန်က မဆိုင်းမတွ အမိန့်ပေးလိုက်သည်၊၊
အကယ်၍ ကျိဖူပေါင်သာ အောင်မြင်သွားရင် နီဗားနားဖုန်းတစ်လုံးရှိရုံနဲ့ ဘယ်နေရာမှာမဆို ဖုန်းနဲ့ ငွေပေးချေပြီး အဆင်ပြေပြေ နေထိုင်နိုင်တော့မှာ ဖြစ်သည်၊၊ ဟောင်ကောင်သားတွေကတော့ ပြည်မကြီးသားတွေထက် ပိုပြီး သံသယကြီးတတ်ပေမဲ့ လီကျားချန်သာ ပါဝင်လာရင်တော့ ကျိဖူပေါင် ကို လက်ခံဖို့က ပြဿနာမရှိတော့ချေ၊၊
တစ်ချိန်တည်းမှာပင် လီကျဲခိုင်သည် ဆက်သွယ်ရေး ကုမ္ပဏီများကို ဆက်တိုက် ထိုးနှက်နေသဖြင့် ဟောင်ကောင် စတော့ဈေးကွက်မှာ လှုပ်ခတ်နေသည်၊၊ ရက်အနည်းငယ်အတွင်းမှာပဲ လုံထန်လုပ်ငန်းစုသည် ဟောင်ကောင်ရှိ ထိပ်တန်းဆက်သွယ်ရေး ကုမ္ပဏီ ၃ ခုနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ပြီး အထူးအရောင်းအစီအစဉ်များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်၊၊
ဟောင်ကောင်က ဆက်သွယ်ရေး ကုမ္ပဏီတွေဟာလည်း သူတို့ရဲ့ ရှယ်ယာဈေးနှုန်းတွေ ထပ်မကျအောင် လုံထန်လုပ်ငန်းစုရဲ့ အစီအစဉ်တွေကို မျက်ရည်လည်ရွဲနဲ့ သဘောတူလိုက်ကြရပါတော့သည်၊၊