အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
အပိုင်း ၁၄၉
ခိုင်ထျန်း မိတ်ဆက်
၂၀၁၉ ခုနှစ်၊ ဧပြီလကုန်၊၊
လုံထန်လုပ်ငန်းစုသည် စီအီးအို ကျန်းဖန်၏ ဦးဆောင်မှုဖြင့် သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပြီး 'ခိုင်ထျန်း' (Kaitian) တက်ဘလက် ကွန်ပျူတာများကို လူထုရှေ့မှောက်သို့ တရားဝင် ချပြလိုက်ရာ အရှိန်အဟုန်သစ် တစ်ရပ်ကို စတင်စေခဲ့သည်၊၊
ရက်ပိုင်းအတွင်းမှာပင် ကမ္ဘာ့ထိပ်တန်း ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီကြီးများအားလုံး ဤသတင်းကို ရရှိသွားကြပြီး တစ်ဦးပြီးတစ်ဦး သတိထား စောင့်ကြည့်လာကြသည်၊၊ ရိုးရာဖုန်းထုတ်လုပ်သူများနှင့် ယှဉ်လျှင် လုံထန်မှာ ထူးခြားတဲ့ တည်ရှိမှုတစ်ခု ဖြစ်နေသည်၊၊
သုတေသနမှသည် အမြောက်အမြား ထုတ်လုပ်မှုအထိ ပြင်ပလူ၏ လက်ကို ငှားရန်မလိုသလောက် ဖြစ်သဖြင့် ၎င်းတို့တွင် ဟာကွက်ဟူ၍ မရှိသလောက်ပင်။
ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း (Logistics) ကို ဖြတ်တောက်ပြီး ထုတ်လုပ်မှုကို ရပ်တန့်ရန် ကြိုးစားလျှင်ပင် လုံးဝ မဖြစ်နိုင်ချေ၊၊ ဥပမာအားဖြင့် Xiaomi (တမီ) သည် မိမိကိုယ်ကိုယ် ထုတ်လုပ်သူထက် ပစ္စည်းစုစည်းသူ (Assembler) အဖြစ်သာ ကြော်ငြာခဲ့သဖြင့် Samsung၊ Sony သို့မဟုတ် Apple တို့သည် လဲ့ကျွင်းကို အရေးတယူ မလုပ်ခဲ့ကြ။
၊ သို့သော် လုံထန်မှာမူ အသေးငယ်ဆုံး အစိတ်အပိုင်းလေးများကအစ ကိုယ်တိုင်ထုတ်လုပ်ပြီး ဖုန်းတစ်လုံးလုံးကို ကိုယ်ပိုင်နည်းပညာဖြင့် တည်ဆောက်ထားသဖြင့် ပြစ်ချက်ရှာရန် ခက်ခဲလှသည်၊၊
သတင်းစာရှင်းလင်းပွဲအတွက် ဖိတ်ကြားစာများမှာလည်း ကမ္ဘာကို တုန်လှုပ်စေခဲ့သည်၊၊ အာရှမှသည် ဥရောပ၊ အမေရိကနှင့် အာဖရိကအထိ စုစုပေါင်း ဖိတ်ကြားစာ ၁,၂၀၀ ပေးပို့ခဲ့သည်၊၊ မသိသူများအဖို့ လုံထန်လုပ်ငန်းစုမှာ ကမ္ဘာကြီးကို သိမ်းပိုက်တော့မည်ဟုပင် ထင်မှတ်ရသည်၊၊
၃၁ ရက်နေ့ နံနက် ၉ နာရီ၊ ကျန်းလင်းမြို့ရှိ Shimao Binjiang Hilton ဟိုတယ်တွင် လုံထန်လုပ်ငန်းစု၏ သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့သည်၊၊
"အခု ကျွန်တော် 'ခိုင်ထျန်း' (Kaitian) တက်ဘလက် မိတ်ဆက်ပွဲ စတင်ပြီဖြစ်ကြောင်း ကြေညာပါတယ်"
စီအိုအို (COO) ယွီလဲ့ (Yu Lei) သည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ကြည်သော မျက်နှာထားဖြင့် ရှိနေသည်၊၊ ၎င်းမှာ လုံထန်ကိုယ်စား သူ ပထမဆုံးအကြိမ် တရားဝင် မိတ်ဆက်ပေးခြင်း ဖြစ်သလို၊ ကျင်းလီမှ ထွက်ခွာပြီးနောက် သူ၏ ပုံစံသစ်လည်း ဖြစ်သည်၊၊
"ဝေါ"
စကားအဆုံးတွင် ပရိသတ်ထံမှ သောင်းသောင်းဖျဖျ လက်ခုပ်သံများ ထွက်ပေါ်လာသည်၊၊
တရုတ်မီဒီယာသမား အားလုံးမှာလည်း စိတ်လှုပ်ရှားစွာဖြင့် မှတ်တမ်းတင်နေကြသည်၊၊
"Kaitian ONE - တက်ဘလက် ကွန်ပျူတာ"
ထိုအချိန်တွင် ယွီလဲ့သည် ငွေဖြူရောင် တက်ဘလက်တစ်လုံးကို ကိုင်မြှောက်ကာ ကင်မရာများဘက်သို့ လှည့်၍ အေးအေးလူလူ ပြောလိုက်သည်။
"ဒါဟာ နီဗားနားအိတ်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ လုံးဝအသစ်စက်စက် တက်ဘလက် ဖြစ်ပါတယ်၊၊ ကျွန်တော်တို့ အဖွဲ့အစည်းကနေ ၂၀၁၉ ခုနှစ်အတွက် အသုံးပြုသူတွေကို ပေးအပ်လိုက်တဲ့ ပထမဆုံး အဖြေလွှာလည်း ဖြစ်ပါတယ်၊၊"
"Kaitian ONE မှာ ကျွန်တော်တို့ ကုမ္ပဏီကိုယ်တိုင် တီထွင်ထားတဲ့စနစ်နဲ့ ချင်းလုန့် အမှတ် ၁ (Qinglong No. 1) အဆင့်မြင့် ချစ်ပ် (Chip) ကို အသုံးပြုထားပါတယ်၊၊ ဒီဇိုင်းပိုင်းအရ နီဗားနားအိတ် နဲ့ ဆင်တူပါတယ်၊၊"
"ဒါပေမဲ့ ဒါဟာ တက်ဘလက် ဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ ပိုမိုမြှင့်တင်ထားပါတယ်၊၊ ၁၁ လက်မ မျက်နှာပြင်၊ RAM 4G/6G၊ Storage 512G အထိ၊ ဘက်ထရီ 7500 mAh နဲ့ Standby နာရီ ၇၈ အထိ အသုံးပြုနိုင်မှာပါ၊၊"
ယွီလဲ့သည် ပရိုဂျက်တာ ခလုတ်ကို နှိပ်လိုက်ရာ တက်ဘလက်၏ အသေးစိတ် အချက်အလက်များကို ဖန်သားပြင်ထက်တွင် မြင်တွေ့ရသည်၊၊
မိနစ်ပိုင်းအကြာတွင် နောက်ထပ် လက်ခုပ်သံများ ထွက်ပေါ်လာပြန်သည်၊၊ လာရောက်သည့် မီဒီယာသမားများသည် အီလက်ထရွန်နစ် ပစ္စည်းများအကြောင်း နားလည်သူများ ဖြစ်သဖြင့် ဤအချက်အလက်များကို ကြည့်ရုံဖြင့် ခိုင်ထျန်း တက်ဘလက်မှာ ကမ္ဘာ့ထိပ်တန်း အဆင့်သို့ ရောက်ရှိနေသည်ကို သိကြသည်၊၊
လုံထန်၏ ထုံးစံအတိုင်း သူတို့ထုတ်ကုန်များသည် အမြဲတမ်း အရည်အသွေး အမြင့်ဆုံး ဖြစ်သည်၊၊
"မစ္စတာယွီ... ဒီတက်ဘလက်ကို ဘယ်တော့ စတင်ရောင်းချမှာလဲ"
တရုတ်သတင်းထောက်တစ်ဦးက မတ်တပ်ရပ်၍ ကျယ်လောင်စွာ မေးလိုက်သည်၊၊ လူတိုင်း၏ အကြည့်မှာ ယွီလဲ့ထံ ရောက်သွားကြသည်၊၊
"ဒီနေ့ဟာ မိတ်ဆက်ပွဲတင်မကဘဲ အရောင်းဖွင့်ပွဲနေ့လည်း ဖြစ်ပါတယ်၊၊"
ယွီလဲ့က အားလုံးကို ကြည့်ကာ ပြောလိုက်သည်။
"အခု မနက် ၁၀ နာရီ ရှိပါပြီ၊ နောက်ထပ် ၂ နာရီအကြာ နေ့လည် ၁၂ နာရီတိတိမှာ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ အွန်လိုင်းနဲ့ အော့ဖ်လိုင်း အရောင်းလမ်းကြောင်း အားလုံးကို တစ်ပြိုင်တည်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်၊၊"
ဝုန်း
ဒီသတင်းက ဗုံးတစ်လုံး ပေါက်ကွဲလိုက်သလိုပါပဲ၊၊ မိတ်ဆက်ပွဲနှင့် အရောင်းဖွင့်ပွဲကို တစ်ပြိုင်တည်း လုပ်မည်ဟု မည်သူမျှ မထင်ထားခဲ့၊၊ ရောင်းဖို့ ၂ နာရီပဲ လိုတော့သည့်တိုင် လုံထန်မှာ ကြိုတင်ကြော်ငြာခြင်း မရှိဘဲ တိုက်ရိုက် ရောင်းချတော့မည်လော..။
မီဒီယာသမားအားလုံး မှင်တက်သွားကြရသည်၊ ဤလုပ်ဆောင်ချက်မှာ တကယ့်ကို အဆင့်မြင့်လှသည်၊၊ သို့သော် အင်တာနက်ခေတ်တွင် ၂ နာရီဆိုသည်မှာ သတင်းများ တရုတ်ပြည်အနှံ့ ပြန့်နှံ့သွားရန် လုံလောက်သော အချိန်ဖြစ်သည်ကို သူတို့ မသိကြပေ၊၊
လောလောဆယ်တွင် လိုက်ဖ်လွှင့်နေသည့် အွန်လိုင်းကြည့်ရှုသူ အရေအတွက်မှာ သန်းနှင့်ချီ တိုးတက်နေပြီး၊ မိတ်ဆက်ပွဲ မပြီးခင်မှာပင် 'ခိုင်ထျန်း' တက်ဘလက် သတင်းမှာ တစ်နိုင်ငံလုံး ပြန့်သွားပါပြီ၊၊ လုံထန်ရဲ့ အရောင်းဌာနနှင့် အီးကောမတ်စ် (E-commerce) ဌာနတို့ကလည်း အဆင်သင့် ဖြစ်နေပါပြီ၊၊
ဂိုဒေါင်များတွင် အလုံးရေ သန်းနှင့်ချီကာ အသင့်ရှိနေသည်၊၊
"အားလုံး စိတ်အဝင်စားဆုံးဖြစ်မယ့် ဈေးနှုန်းကို ပြောပြပါ့မယ်၊၊"
ယွီလဲ့က ပြုံးရင်း ဆက်ပြောလာသည်။
"အားလုံး ဖန်သားပြင်ကို ကြည့်ပေးပါ၊ ဈေးနှုန်းကတော့ ၄၈၈၈ (4888) ယွမ် ဖြစ်ပါတယ်၊၊ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ အသုံးပြုသူ အားလုံး ဒီနှစ်မှာ အကြီးအကျယ် ချမ်းသာကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်၊၊"
(မှတ်ချက် - ၈ ဂဏန်းသည် တရုတ်ဘာသာစကားဖြင့် 'ချမ်းသာခြင်း' ဟု အဓိပ္ပာယ်ရပါသည်)
"ဟားဟားဟား"
ပရိသတ်အားလုံး ရယ်မောကြပါသည်၊၊ ၄၈၈၈ ဆိုသည့် ဈေးနှုန်းမှာ iPad Pro ထက် စွမ်းဆောင်ရည် မနိမ့်သော်လည်း ဈေးနှုန်းမှာ ထက်ဝက်ပင် မရှိပေ၊၊ ၎င်းမှာ အမျိုးသားရေးစိတ်ဓာတ်ကို ဖော်ပြခြင်း မဟုတ်ပါလော၊၊
၄၈၈၈ ယွမ် ဆိုသည်မှာ လူအများစု တတ်နိုင်သော ဈေးနှုန်းဖြစ်သဖြင့် ဝယ်ယူရန် ဆုံးဖြတ်ဖို့ လွယ်ကူစေသည်၊၊
........................................................
အပိုင်း ၁၅၀
အံ့မခန်းရောင်းအား
သတင်းစာရှင်းလင်းပွဲ တရားဝင်ပြီးဆုံးသွားသည်နှင့် မီဒီယာသတင်းထောက်အားလုံးသည် မိမိတို့ကုမ္ပဏီများသို့ မဆိုင်းမတွ ပြန်ကြတော့သည်၊၊
သူတို့က ဒုံးပျံဖြင့်ပြန်သကဲ့သို့ အမြန်သွားကာ ဤသတင်းများကို နေ့စဉ်သတင်းစာနှင့် လစဉ်မဂ္ဂဇင်းများတွင် ဖော်ပြရန် စိတ်အားထက်သန်နေကြသည်၊၊
လုံထန်လုပ်ငန်းစု၏ ဥက္ကဋ္ဌ လင်းဖန်သည် ခန်းမ၏ နောက်ဆုံးတန်းထိုင်ခုံတွင် ထိုင်ရင်း ကျေနပ်အားရသည့် အပြုံးဖြင့် ကြည့်နေသည်ကိုတော့ မည်သူမျှ သတိမထားမိကြပေ၊၊
ကမ္ဘာတစ်ဝှမ်းလုံးတွင် သတင်းထောက်များသည် သတင်းဖြန့်ဝေရန် အကောင်းဆုံး လမ်းကြောင်းများ ဖြစ်ကြသည်၊၊ ယခင်က ဟောင်ကောင်တွင် စီးပွားရေးလုပ်ငန်းတစ်ခုခု လုပ်လျှင် မီဒီယာများက မိမိတို့ကို ဖော်ပြပေးရန် ငွေကုန်ကြေးကျခံ ရှာဖွေခဲ့ရသော်လည်း၊ ယခု လုံထန်၏ မိတ်ဆက်ပွဲတွင်မူ သတင်းထောက်အားလုံးက 'ခိုင်ထျန်း' (Kaitian) အပေါ် အကောင်းမြင်နေကြသည်မှာ သိသာလှသည်၊၊
ဤကဲ့သို့သော အခြေအနေမျိုးတွင် ခိုင်ထျန်း တက်ဘလက် အလုံးရေ ၁၀ သန်း ရောင်းချရန်ဆိုသည်မှာ မဖြစ်နိုင်စရာ အကြောင်းမရှိတော့ချေ။
တက်ဘလက်သည် မိုဘိုင်းဖုန်းနှင့် မတူပါ၊၊ ဖုန်းမှာ ဆက်သွယ်ရေးအတွက် လူတိုင်း မရှိမဖြစ် လိုအပ်သော်လည်း၊ တက်ဘလက်မှာ စမတ်ဖုန်းနှင့် လပ်တော့ပ် (Laptop) ကြားတွင် လုပ်ဆောင်ချက်အချို့ ထပ်နေသဖြင့် အသုံးနည်းတတ်ကြသည်၊၊ ၂၀၁၈ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ တက်ဘလက် တင်ပို့မှုမှာ အလုံးရေ ၁၄၄ သန်းခန့်သာ ရှိခဲ့သည်၊၊
သို့သော် တရုတ်ပြည်၏ လူဦးရေမှာ ၁.၅ ဘီလီယံ ရှိသဖြင့် တက်ဘလက်ရောင်းအားမှာ အတော်လေး ကောင်းမွန်သည်၊၊ Apple ဖုန်းများပင်လျှင် ပြည်တွင်း၌ တစ်နှစ်လျှင် အလုံးရေ ၁၀ သန်း ပြည့်ရန် ခဲယဉ်းလှရာ၊ လုံထန်၏ တက်ဘလက်ကသာ ဆယ်သန်းချီ ရောင်းရမည်ဆိုပါက Apple ကို အပြတ်အသတ် အနိုင်ယူလိုက်ခြင်းပင် ဖြစ်သည်၊၊
"သူဌေး... မိတ်ဆက်ပွဲ ပြီးပါပြီ၊ ဌာနချုပ်ကို ပြန်ဦးမလားရှင့်"
မိုရှင်းယာက လင်းဖန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်၊၊
"အင်း..."
လင်းဖန်က ခဏမျှ စဉ်းစားပြီးနောက်
"ယွီလဲ့ကို စီစဉ်ခိုင်းလိုက်၊ ဒီနေ့ မိတ်ဆက်ပွဲမှာ ပါဝင်တဲ့ ဝန်ထမ်းအားလုံးကို ဒီဟိုတယ်မှာပဲ နေ့လည်စာ ကျွေးလိုက်ပါ၊ ဌာနချုပ်ကိုတော့ ငါ အခုချက်ချင်း မသွားသေးဘူး၊၊"
ဟု အမိန့်ပေးလိုက်သည်၊၊
ဗိုက်ဆာနေသော စစ်သည်ဖြင့် စစ်တိုက်၍ မရနိုင်သည်ကို လင်းဖန် ကောင်းကောင်းသိသည်၊၊ ဝန်ထမ်းများကို ထမင်းတစ်နပ်ကျွေးရုံမျှဖြင့် သူတို့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ခြင်းမှာ တန်ဖိုးရှိလှသည်၊၊
သုတေသနဌာန၊ အီးကောမတ်စ်နှင့် အရောင်းဌာနမှ ဝန်ထမ်းများမှာမူ နေ့လည် ၁၂ နာရီတွင် 'ခိုင်ထျန်း' ကို စတင်ရောင်းချရန်အတွက် ဖန်သားပြင်များကို စောင့်ကြည့်နေကြရသဖြင့် ဤနေရာသို့ မလာနိုင်ကြပေ၊၊ သို့သော် လုံထန်၏ ထုံးစံအတိုင်း ထုတ်ကုန်သစ်တစ်ခု ရောင်းချတိုင်း အမြတ်၏ ၁ ရာခိုင်နှုန်းကို ပါဝင်သူ ဝန်ထမ်းအားလုံးအား အချိုးကျ ခွဲဝေပေးလေ့ ရှိသည်၊၊ ထို့ကြောင့်ပင် ဝန်ထမ်းများသည် အချိန်ပိုဆင်းရသော်လည်း မည်သည့်အခါမျှ မညည်းညူကြဘဲ၊ အပိုဆုကြေးများမှာလည်း တခြားကုမ္ပဏီကြီးများထက် သိသိသာသာ ပိုများလှသည်၊၊
တစ်ချိန်တည်းမှာပင် လုံထန်ဌာနချုပ် အဆောက်အအုံအတွင်း၌ စီအီးအို ကျန်းဖုန်သည် မျက်နှာပြင်ကြီးကို စိုက်ကြည့်နေသည်၊၊ ရောင်းချရန် နာရီဝက်ပင် မလိုတော့ပေ၊၊
"ကွန်ရက်လိုင်းတွေ ကောင်းရဲ့လား ပြန်စစ်"
"Flagship Store တွေ အကုန် အဆင်သင့်ဖြစ်ပြီလား"
"Jindong က လူတွေကော အသင့်ပဲလား"
ဌာနချုပ်တစ်ခုလုံး ဆူညံနေသော်လည်း စနစ်တကျ ရှိနေသည်၊၊
"စမယ်"
နေ့လည် ၁၂ နာရီ တိတိတွင် အွန်လိုင်းနှင့် အော့ဖ်လိုင်း လမ်းကြောင်းအားလုံးကို ဖွင့်လှစ်လိုက်သည်၊၊ ထိုခဏမှာပင် လုံထန်မောလ်အတွင်းသို့ ဝင်ရောက်ကြည့်ရှုသူ သန်းနှင့်ချီ ရောက်ရှိလာသည်၊၊ ကံကောင်းထောက်မစွာဖြင့် ဆာဗာ (Server) များမှာ အလွန်တောင့်တင်းသဖြင့် လိုင်းကျသွားခြင်း မရှိခဲ့၊၊
၅ မိနစ်အတွင်းမှာပင် 'Kaitian ONE' ရောင်းအားမှာ တစ်သန်း ကျော်သွားခဲ့ပြီး၊ Penguin ဘက်မှ အချက်အလက်များမှာလည်း ဆက်တိုက် တက်နေသည်၊၊ ညနေ ၆ နာရီ အလုပ်ဆင်းချိန်သို့ ရောက်သောအခါ စုစုပေါင်း ရောင်းအားမှာ ၅ သန်းအထိ ရှိသွားခဲ့သည်၊၊
ဤကိန်းဂဏန်းများမှာ လုံထန်တာဝန်ရှိသူများကိုပင် အံ့အားသင့်စေသည်၊၊ နေ့လည်ပိုင်းမှာ အလုပ်လုပ်ချိန်ဖြစ်သဖြင့် အဝယ်နည်းသေးသော်လည်း ညနေပိုင်းတွင်မူ အဝယ်ပိုတက်လာဦးမည်မှာ သေချာသည်၊၊
"ရှန်ကျန့်စက်မှုဇုန်ကို အကြောင်းကြားလိုက်၊ ထုတ်လုပ်မှုကို အရှိန်မြှင့်တင်ဖို့ အမိန့်ပေးလိုက်ပါ၊၊"
စီအီးအို ကျန်းဖန်က မဆိုင်းမတွ အမိန့်ပေးလိုက်သည်၊၊
နီဗားနားအိတ်နှင့် ခိုင်ထျန်း တက်ဘလက်ကြားတွင် ကာလအတန်ကြာ ကွာဟသွားခဲ့သဖြင့် သုံးစွဲသူများမှာ အလွန်ပင် စိတ်အားထက်သန်နေကြခြင်း ဖြစ်သည်၊၊ ဟောင်ကောင်တွင်ပင် ပစ္စည်းပြတ်လပ်သည်အထိ ဖြစ်နေပါပြီ၊၊
တကယ်တော့ 'Kaitian ONE' သည် ပြည်တွင်းဈေးကွက်ကိုသာ ရည်ရွယ်သည်မဟုတ်ဘဲ နီဗားနားအိတ်၏ လက်တွဲဖော်အဖြစ် ကမ္ဘာ့ဈေးကွက်သို့ ချီတက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်၊၊ အမေရိက၊ ဥရောပ၊ သြစတြေးလျနှင့် တောင်အာရှ ဌာနခွဲများတွင်လည်း ခိုင်ထျန်း တက်ဘလက်များကို အမြောက်အမြား ထုတ်လုပ်နေပါပြီ၊၊
လက်ရှိ အခြေအနေအရ ရောင်းအား ၁၀ သန်း ပြည့်ရန်မှာ စိုးရိမ်စရာ မရှိတော့၊၊ အကြောင်းမှာ တရုတ်ပြည်တွင်း အရောင်းအပြင် စစ်တပ်နှင့် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနတို့ကလည်း အဝယ်ယူရန် ကမ်းလှမ်းလာသောကြောင့် ဖြစ်သည်၊၊
ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနသည် နီဗားနားအိတ်၏ လုံခြုံရေးစနစ်ကို အလွန်သဘောကျသဖြင့် ရှေ့တန်းရဲအရာရှိများအားလုံးကို ဤဖုန်းများ ကိုင်ဆောင်စေရန် စီစဉ်နေသလို၊ 'Kaitian ONE' တက်ဘလက်များကိုလည်း နည်းပညာကဏ္ဍတွင် အသုံးပြုရန် ရည်ရွယ်နေသည်၊၊ လုံထန်၏ လျှို့ဝှက်ချက် ထိန်းသိမ်းနိုင်စွမ်းမှာ ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီ မဟုတ်ပါလော၊၊