အခန်း (၉၁၀-၉၁၂)
Vol. 61 Ch. 910-912
Chapter 910 ငါ မင်းကို ကတိပေးတယ်
“အခု မင်းတို့အလှည့်ပဲ”
ထိုစကားက လောကသခင်သုံးပါး၏ နားစည်ထဲတွင် မိုးကြိုးပစ်ချလိုက်သလိုပင်။ သုံးယောက်သား မှင်တက် ငေးငိုင်သွားသည်။
မျိုးနွယ်ဝင်များလည်း သေဆုံးသွားပြီး ဘိုးဘေးများလည်း မရှိတော့ပေ။ ဤသည်မှာ နတ်ဘုရား၊ အင်မော်တယ် များနှင့် မကောင်းဆိုးဝါးမျိုးနွယ်များအတွက် အဆိုးရွားဆုံး ဘေးဒုက္ခပင်။ ထိုဖြစ်ရပ်အားလုံးသည် သူတို့၏ မျက်စိရှေ့၌ ရှိနေသောသူကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လောကသခင် သုံးပါးလုံးက ယဲ့ဖန်အား နီရဲသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
“နတ်ဆိုးဧကရာဇ် မင်း သေပေတော့”
မကျေနပ်သော အသံဖြင့် ပြောဆိုလိုက်ပြီးနောက် လောကသခင် သုံးပါးလုံးက ယဲ့ဖန်ထံ ပြေးဝင်လာသည်။ သူတို့သုံးယောက်၏ အရှိန်အဝါက ပြင်းထန်လှပြီး သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ယဲ့ဖန်ကို ပြေးလာနေသည်။
ဤသည်ကိုကြည့်ပြီး အားလုံး မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ လင်းဟွမ်ကွေ့လိုင်၊ မင်ဟဲနှင့် ထျန်းခွေ တို့သည် လောကသခင်သုံးပါးနှင့် အနီးဆုံးနေရာ၌ ရှိနေကြသည်။ ထို့ကြောင့် သူတို့သည် တွေဝေမနေဘဲ လောက သခင် သုံးပါးကို ခုခံတိုက်ခိုက်ကြသည်။
သူတို့သည်သာမက ယဲ့ရွှင်းအာကလည်း လက်ကို လှုပ်ခါလိုက်သည်။ ကိုးမျိုးအဆိပ်ငွေ့များက အဆိပ်လက်ဝါး အသွင် ဖွဲ့စည်းသွားပြီး လောကသခင် သုံးပါးထံ ကျရောက်သွားသည်။
“သေချင်နေတာပဲ”
ဤသည်ကိုကြည့်ပြီး လောကသခင်သုံးပါးက ပို၍တောင်မှ ဒေါသထွက်လာသည်။ လောကသခင် တစ်ပိုင်း အဆင့်လေးက သူတို့ကို တားဆီးရဲလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ထို့ကြောင့် သူတို့က လက်သီးများဖြင့် ပြန်လည်၍ ထိုးနှက်တိုက်ခိုက်လိုက်သည်။
ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အသံများက ကောင်းကင်အနှံ့ ထွက်ပေါ်နေပြီး ပြင်းထန်လှသည့် အဖျက် စွမ်းအင်များက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်နေ၏။
လောကသခင်သုံးပါးတို့၏ လက်သီးချက်အောက်၌ လင်းဟွမ်ကွေ့လိုင်တို့ သုံးယောက်၏ တိုက်ကွက်များက ချက်ချင်း ပျက်စီးသွားပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်သော လက်သီးချက်များ ကျရောက်လာသည်။
ရုတ်ချည်းဆိုသလိုပင် လင်းဟွမ်ကွေ့လိုင်တို့သုံးယောက်သည် ကြိုးပြတ်သွားသော စွန်များသဖွယ် လွင့်ထွက် သွားကြသည်။ သူတို့ ပြန်ထလာချိန်တွင် သွေးအန်လာလေသည်။ သူတို့သည်သာမက ယဲ့ရွှင်းအာ၏ ကိုးမျိုး အဆိပ် လက်ဝါးသည်လည်း ထိုလက်ဝါးချက်ကြောင့် ပျက်စီးသွားပြီး သူမ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူမမျက်နှာကလည်း ဖြူရော်နေ၏။
လောကသခင်သုံးပါးက လျှပ်စီးကဲ့သို့ ယဲ့ဖန်ထံ ပြေးဝင်လာပြီး အရူးအမူး တိုက်ခိုက်လာသည်။
“နတ်ဆိုးဧကရာဇ် သေလိုက်တော့”
လောကသခင်သုံးပါးက ယဲ့ဖန်ကို လက်သီးဖြင့် ဝိုင်းထိုးလေသည်။ ထိုလက်သီးချက်အောက်၌ လေဟာနယ်ပင် အက်ကွဲလာရပြီး ယဲ့ဖန်ထံ ပြင်းထန်စွာ ကျရောက်လာသည်။
ဤမြင်ကွင်းကြောင့် နတ်ဆိုးများနှင့် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအားလုံး စိုးရိမ်တုန်လှုပ် သွားသည်။ တစ်ဖက်လူသည် လောကသခင်များ ဖြစ်လေသည်။ ရှေးဟောင်း ဘိုးဘေးသုံးယောက်၏ စိတ်ဝိညာဉ်နှင့် မယှဉ်နိုင်သော်လည်း တစ်ယောက်ချင်းစီက စကြဝဠာအား တုန်လှုပ်အောင် လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ အထူးသဖြင့် လောကသခင် သုံးပါးလုံးက ပြိုင်တူ တိုက်ခိုက်လာသဖြင့် သူတို့ပင် ခုခံရ ခက်နိုင်သည်။
“ပထမ အရှင်သခင် သတိထားပါ”
ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများ စိုးရိမ်တကြီး ကြည့်နေကြသည်။ သူတို့ ကူညီချင်သော်လည်း သူတို့အားလုံး ဒဏ်ရာ အပြင်းအထန် ရထားပြီး တိုက်ပွဲဝင် ခွန်အားများ ဆုံးရှုံးထားသည်။
လက်ရှိအချိန်၌ လောကသခင်သုံးပါး၏ ပြင်းထန်သော လက်သီးချက်က ယဲ့ဖန်ထံ ကျရောက်လာသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများမှာမူ အပြုံးကြီး ပြုံးနေကြသည်။ အစောပိုင်းက ဝိညာဉ်ချုပ်အပ်များကို ယဲ့ဖန် ဖျက်ဆီးနိုင်ခြင်းသည် ယဲ့ဖန်၏ ကျင့်စဉ်က စိတ်ဝိညာဉ်များကို ဖိနှိပ်နိုင်စွမ်း ရှိသောကြောင့်သာ ဖြစ်မည်ဟု ထင်နေကြသည်။ ထို့အပြင် နတ်ဓား၏ အစွမ်းပါ ပါဝင်နေသောကြောင့်သာ အောင်မြင်သွားခြင်း ဖြစ်ပေမည်။
သို့သော် ယခုလက်ရှိ တိုက်ခိုက်နေသူများမှာ လောကသခင် သုံးပါးနှင့် နတ်ဘုရင်အဆင့်သာ ရှိသော နတ်ဆိုးဧကရာဇ် ဖြစ်သည်။ သိုင်းအဆင့်ခြင်းက ကွာခြားလှသဖြင့် လောကသခင် သုံးပါးလုံး ပြိုင်တူ တိုက်ခိုက်လျင် တစ်ဖက်လူ သေကိုသေသွားပေမည်။
“သူ့ကိုသတ်၊ သူ့ကို ကျိန်းသေသတ်မှ ဖြစ်မယ်”
ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများက စဉ်းလဲစွာ ပြုံးနေကြသည်။ ထိုစဉ် ခေါင်းလောင်းသံ ရုတ်တရက် ထွက်ပေါ်လာသည်။
ဒေါင်!
ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများ၏ အမူအရာများ ရပ်တန့်သွားသည်။ ထို့နောက် ပါးရိုက်လိုက်သည့် အသံသုံးသံကို အားလုံး ကြားလိုက်ရသည်။
ဖြောင်း! ဖြောင်း! ဖြောင်း!
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ လောကသခင်သုံးပါးလုံး ပါးရိုက်ခံလိုက်ရပြီး နောက်သို့ လွင့်ထွက်သွားသည်။ လောကသခင် သုံးပါးလုံး၏ မျက်နှာက နီမြန်းရောင်ကိုင်းနေသည်ကို အားလုံး တွေ့လိုက် ရသည်။ သူတို့၏ ပါးစပ်ထောင့်မှ သွေးများ စီးကျနေသလို သွားအချို့ပင် ကျွတ်သွားသေးသည်။
လက်ရှိအချိန်၌ လောကသခင်သုံးပါးလုံး မှင်တက်အံ့ဩနေကြသည်။ သူတို့သည် ကုန်လွန်ခဲ့သော နှစ်ပေါင်း များစွာအတွင်း အခြားသူများ၏ ပါးရိုက်ခံရရန် မဆိုထားနှင့် တစ်ခါမှ အနိုင်ကျင့်မခံရဖူးချေ။ ဤအဖြစ်က သူတို့အား ယုံကြည်ရ ခက်သွားစေသည်။
သူတို့သည်သာမက ခန်ထျန်း နတ်ဘုရားနှင့် အခြားသူများပါ မျက်ခုံးလှုပ်နေကြသည်။ လောကသခင် သုံးပါး၏ ဆိုးရွားသော အဖြစ်ကိုကြည့်ပြီး အားလုံး မယုံသင်္ကာ ဖြစ်နေကြလေသည်။
“ဟေ့ကောင် နတ်ဆိုးဧကရာဇ်၊ မင်းကများ ငါတို့ကို အရှက်ခွဲရဲတယ်လား”
လောကသခင်သုံးပါးလုံး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။ သူတို့ အော်လိုက်စဉ်မှာပင် ခေါင်းလောင်းသံ ထပ်၍ ထွက်ပေါ်လာသည်။
ဒေါင်!
တစ်ချိန်က ကောင်းကင်ခွင်းခေါင်းလောင်းသည် ယဲ့ဖန် အထွတ်အထိပ်၌ ရှိနေခဲ့စဉ်ကပင် စိတ်ဝိညာဉ်အား အေးခဲအောင် ပြုလုပ်နိုင်ခဲ့သည်။ ယခုအခါတွင်လည်း လောကသခင် သုံးပါးသည် ခေါင်းလောင်းသံကို ကြားလိုက် ရသည်နှင့် ကြက်သေ သေကာ အတွေးထဲ ဗလာဖြစ်သွားသည်ကို ခံစားလိုက်ရသည်။
သူတို့ ပြန်မတုံ့ပြန်နိုင်ခင်မှာပင် ထပ်မံ၍ ပါးရိုက်ခံလိုက်ရပြီး လွင့်ထွက်သွားပြန်သည်။
“ဒါက သေသွားရတဲ့ နတ်ဆိုးတွေအတွက်ပဲ”
ဤသည်မှာ အစသာ ရှိပေသေးသည်။ ခေါင်းလောင်းသံ ထပ်မံ၍ ထွက်ပေါ်လာပြီး တဖြောင်းဖြောင်းနှင့် ပါးရိုက်ခံ နေရသည်။ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် လောကသခင် သုံးပါး၏ မျက်နှာ၌ သွေးများ ပေကျံကာ ရောင်ကိုင်း၍ ကျိုးကြေလာသည်။
“ဒီရိုက်ချက်က လက်ရှိနတ်ဆိုးတွေအတွက်”
ဒေါင်! ဖြောင်း! ဖြောင်း! ဖြောင်း!
ခေါင်းလောင်းသံနှင့်အတူ ပါးသုံးချက် ဆင့်ရိုက်လိုက်သောအသံ ထွက်ပေါ်လာသည်။
“ဒါက ငါတို့ နတ်ဆိုးဂြိုဟ်အတွက်”
လက်ရှိအချိန်တွင် ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများ ကြောက်လန့်တုန်လှုပ်နေသည်။ ဤကဲ့သို့ ဆိုးရွားသော အဖြစ်မျိုးကို သူတို့ တစ်ခါမှ မမြင်ဖူးပေ။
ထိုသူများသည် စကြဝဠာတစ်ခုလုံး၌ မြင့်မြတ်သော လောကသခင်များ ဖြစ်ကြသည်။ ယခုအခါတွင် ထိုသူများက ယဲ့ဖန်ထံ၌ ပိုးကောင်များသဖွယ် အရိုက်ခံနေရသည်။
သူတို့၏ မျက်နှာတွင် သွေးများပေကျံ၍ ရောင်ကိုင်းနေကာ မျက်နှာမှ အရိုးအကြောများအားလုံး ပျက်စီးသွား လေသည်။ ဤအဖြစ်မှာ သူတို့အတွက် အကြီးကျယ်ဆုံးသော အရှက်ကွဲခြင်းပင်။ ဤအဖြစ်သာ စကြဝဠာ တစ်ခုလုံးသို့ ပျံ့သွားပါက အားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားနိုင်သည်။
နောက်တစ်ချက် ထပ်အရိုက်ခံလိုက်ရသဖြင့် လောကသခင် သုံးပါးလုံး ထိန်းမရနိုင်အောင် ဒေါသထွက် နေကြသည်။ သူတို့၏မျက်နှာ၌ အလွန် အရှက်ရဟန်များ ထင်ဟပ်နေ၏။
“နတ်ဆိုးဧကရာဇ်”
လောကသခင်သုံးပါးလုံး ပေါက်ကွဲနေ၏။ သူတို့ဘဝတွင် ယခုကဲ့သို့ အရှက်ခွဲခံရခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။
“နတ်ဆိုးဧကရာဇ်၊ မင်း ယောက်ျားမဟုတ်ဘူးလား၊ မင်းအရင်ဘဝက လွှမ်းမိုးနိုင်တဲ့ အစွမ်းတွေ ဘယ်ရောက် သွားပြီလဲ”
“မင်းက ကောင်းကင်ခွင်းခေါင်းလောင်းနဲ့ပဲ လူတွေကို ကြောက်အောင် လုပ်နိုင်တာလား”
လောကသခင် အရှင်တိကျူးက သုန်မှုန်သော မျက်နှာထားဖြင့် ပြောဆိုလေသည်။ မျက်နှာမှ ဒဏ်ရာကြောင့် သူ တုန်ယင်နေ၏။
“မင်း တကယ် လက်စားချေချင်တယ်ဆိုရင် ငါတို့ကို တကယ့်ယောက်ျားလို တိုက်ခိုက်ပြီး သတ်စမ်း”
*တိုက်ခိုက်ပြီး သတ်တဲ့လား*
ထိုစကားကြောင့် နတ်ဆိုးများအားလုံး မျက်နှာပျက်သွားသည်။ ဝိညာဉ်နန်းတော်သခင်တို့တောင်မှ မှင်တက် နေသည်။
အရှင်တိကျူးက ယဲ့ဖန်အား တမင်သက်သက် ဒေါသထွက်အောင်လုပ်၍ တိုက်ပွဲဆင်နွှဲကာ ယဲ့ဖန်ကို သတ်ရန် ကြံစည်နေမှန်း သူတို့ ရိပ်စားမိသည်။ သူတို့ တားဆီးရန် ပြင်လိုက်ချိန်တွင် ယဲ့ဖန်က သူတို့ ပြောမည့်စကားကို သိနေဟန်ဖြင့် လက်ကာပြသည်။
“ကောင်းပြီလေ၊ ငါ ကတိပေးတယ်”
“မင်းတို့ နတ်ဆိုးတွေကို သတ်ခဲ့တဲ့နည်းလမ်းနဲ့ပဲ မင်းတို့ကို ပြန်သတ်မှာ”
Chapter 911 ဘာလို့ ဒီလောက် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ
“မင်းတို့ နတ်ဆိုးတွေကို သတ်ခဲ့တဲ့ နည်းလမ်းနဲ့ပဲ မင်းတို့ကို ပြန်သတ်မှာ”
ယဲ့ဖန်၏ စကားအဆုံး၌ ပတ်ဝန်းကျင်တစ်ခုလုံး တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ အရှင် တိကျူးသည် ကြောက်လန့်သွားရမည့်အစား ဝမ်းသာအားရ ဖြစ်လာသည်။
သူ ရန်စလိုက်နိုင်လေပြီ။ သူ့ကြောင့် ယဲ့ဖန် အလွန် ဒေါသထွက်သွားလိမ့်မည်ဟု ထင်မထားမိပေ။ ယဲ့ဖန်သည် နတ်ဘုရင်စဦးအဆင့်သာ ရှိပြီး သူက လောကသခင်အဆင့် ရှိသူ ဖြစ်သည်။ သူတို့နှစ်ယောက်၏ သိုင်းအဆင့် ကွာဟချက်က အဆင့်ငယ်ပေါင်း နှစ်ဆယ်မျှ ကွာဟသည်။
နတ်ဘုရင်အဆင့်က လောကသခင်အဆင့်ကို တိုက်ခိုက်ခြင်းသည် ကျောက်တုံးကို ကြက်ဥနှင့် ပစ်ပေါက်သလိုပင်။ ဤသည်ကို တွေးမိပြီး လောကသခင် သုံးပါးလုံးက ပျက်ရယ်ပြုလာသည်။
“ဟားဟား … ဒီကောင်က လူတွေ သတ်လာပင်မယ့် အခုထိ မသိသေးတာလား၊ လောကသခင်နဲ့ နတ်သခင် အဆင့်က အကွာကြီး ကွာတယ်ဆိုတာကို မသိဘူးလား၊ လောကသခင်အဆင့်က နတ်သခင်အဆင့်ထက် ဆယ်ဆမက ပိုသန်မာတာကို”
“ဟမ့် … သူ ခုနတုန်းက သတ်လိုက်တဲ့ နတ်ဘုရားတွေက နတ်သခင် စဦးအဆင့်ပဲ ရှိသေးတာကို၊ တိကျူး မင်း သူ့ကို အသေရိုက်သတ်လို့တောင် ရတယ်”
“…”
လက်ရှိအချိန်၌ အရှင်ထျန်းကျစ်နှင့် ရွှမ်ကျူးတို့သည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ယဲ့ဖန်အား သေလူ တစ်ယောက်ဟု သတ်မှတ်နေကြသည်။
ယဲ့ဖန်က နတ်သခင်အဆင့်များကို သတ်နိုင်သော အနေအထားသို့ ရောက်နေပြီဟု သူတို့ ယခင်က ကြားခဲ့ဖူးသည်။ သူတို့ ထိတ်လန့်ခဲ့သော်လည်း အလွန် မစိုးရိမ်ကြပေ။ နတ်သခင်အဆင့်နှင့် လောကသခင်အဆင့်တို့က ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလွန်းသောကြောင့် သူတို့ မစိုးရိမ်ကြခြင်း ဖြစ်သည်။
ကမ္ဘာဂြိုဟ်၌ အဓိက နတ်ဘုရား ခြောက်ပါးလုံး ကျဆုံးသွားသည့် အဖြစ်အား လောကသခင်သုံးပါးတို့က ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များ၏ လက်ချက်ဟုသာ ထင်မှတ်နေကြသည်။
ယဲ့ဖန်က အလွန်ဆုံး နတ်သခင်အဆင့် သိုင်းပညာရှင်တစ်ယောက်နှင့် ယှဉ်နိုင်နေလျင်တောင်မှ လောကသခင် အဆင့် တစ်ယောက်အား မခြိမ်းခြောက်နိုင်ပေ။
ယခင်ဘဝက နတ်ဆိုးဧကရာဇ်သည် လောကသခင်သုံးပါးနီးနီး သန်မာသောကြောင့် သူတို့ မသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ယခင်ဘဝ အခြေအနေသို့ ရောက်ရန် အလွန် အလှမ်းကွာနေသဖြင့် လောကသခင် ဖြစ်သော အရှင်တိကျူးအား မည်သို့ ယှဉ်နိုင်မည်နည်း။
လောကသခင် သုံးပါးသာမက ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများသည်လည်း အံ့ဩကျေနပ်သွားလေသည်။
“အဲ့ကောင် ကောင်းကင်ခွင်း ခေါင်းလောင်းကို မသုံးသရွေ့ အရှင်တိကျူးက သူ့ကို ချက်ချင်း သတ်နိုင်တယ်”
“အဲ့လိုဆိုရင် ငါတို့ တိုက်ပွဲ အခြေအနေကို ပြန်ပြောင်းနိုင်မှာပဲ”
ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများ၏ မျက်နှာပေါ်တွင် ရက်စက်ကောက်ကျစ်ဟန်များ ထင်ဟပ်လာသည်။ ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များသည် ဒဏ်ရာ အပြင်းအထန် ရထားပြီး တိုက်ပွဲဝင်ခွန်အားလည်း ဆုံးရှုံးနေသည်။
ယဲ့ဖန်နှင့် လောကသခင်တို့၏ တိုက်ပွဲက အနိုင်အရှုံးကို ဆုံးဖြတ်ပေးမည့်ပွဲဟု ဆိုနိုင်ပေသည်။ ဤသို့သော အခြေအနေ၌ ယဲ့ဖန်က အန္တရာယ်ပေးနိုင်သော ကောင်းကင်ခွင်း ခေါင်းလောင်းကို မသုံးရန် ဆုံးဖြတ်လိုက်ခြင်းက ကိုယ့်သေတွင်း ကိုယ်တူးလိုက်သလိုပင်။
“ဟားဟားဟား … သေစမ်းကွာ၊ အရှင်တိကျူးက နတ်ဆိုးဧကရာဇ်ကို သတ်ကိုသတ်နိုင်မှာပဲ”
လက်ရှိအချိန်၌ ခန်ထျန်း နတ်ဘုရားနှင့် အခြားသူများသည် ယဲ့ဖန်တစ်ယောက် အရှင်တိကျူး၏ ဖိနှိပ်ခြင်း ခံရပြီး တစ်ချက်တည်းဖြင့် သေဆုံးသွားတော့မည်ဟု မြင်ယောင်နေကြသည်။
အမှောင်သခင် နတ်ဆိုးဘုရင်နှင့် အခြားသူများသည်လည်း မျက်နှာသုန်မှုန်ကာ စိုးရိမ်နေကြသည်။
“သခင်ကြီးက ဘယ်လိုလုပ် အရှင်တိကျူးကို ကတိပေးနိုင်ရတာလဲ၊ ဒါ လုံးဝ မဖြစ်နိုင်သလောက်ပဲလေ”
အမှောင်သခင်နှင့် အခြားသူများသည် နဖူးမှနေ၍ ချွေးများ စီးကျနေသည်။ ဤသည်ကိုကြည့်ပြီး ဘေးနားမှ ဝိညာဉ်နန်းတော်သခင်နှင့် ယန်ဝမ်ဟင်းလင်းပြင်မှ လူများက အသာပြုံးလာ၏။
“စိတ်မပူပါနဲ့၊ အရှင်သခင်ရဲ့ တိုက်ပွဲဝင်ခွန်အားက မင်းတို့ ထင်ထားတာထက် ပိုပြီး ကျော်လွန်တယ်”
ထိုစကားကြောင့် အမှောင်သခင်နှင့် နတ်ဆိုးမျိုးနွယ်များ မှင်တက်သွားကြသည်။
“ဝိညာဉ်နန်းတော်သခင်၊ သခင်ကြီးက တိုက်ပွဲကို နိုင်နိုင်တယ်လို့ ခင်ဗျား ပြောချင်တာလား”
ယဲ့ဖန်သည် ယခင်က သိုင်းအဆင့်ငယ် နှစ်ဆယ်မျှ သာသောလူအား တိုက်ခိုက်နိုင်မှန်း အမှောင်သခင်တို့ သိထားသော်လည်း ထိုသူများသည် လောကသခင်အဆင့် မဟုတ်ဘဲ သိုင်းအဆင့် နိမ့်သောသူများသာ ဖြစ်သည်။
ယဲ့ဖန်သည် ကြောက်စရာကောင်းသော သိုင်းကျင့်စဉ်နှင့် အတွေ့အကြုံများကြောင့်သာ မိမိထက် အဆင့်နှစ်ဆယ်မျှ သာသော ပြိုင်ဘက်များကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သိုင်းအဆင့် ပိုမြင့်လာလေ ကွာဟချက်က ပိုကြီးလာလေ ဖြစ်သည်။ အရှင်တိကျူးသည် အဓိက နတ်ဘုရားများထက် ဆယ်ဆမက ပိုကြောက်စရာကောင်း၍ သန်မာသူ ဖြစ်သည်။ ယဲ့ဖန်က သိုင်းအဆင့်များကို ကျော်လွန်၍ အဓိက နတ်ဘုရားများကို သတ်နိုင်သော်လည်း လောကသခင်ဖြစ်သူ အရှင်တိကျူးအား သတ်နိုင်ရန် မဖြစ်နိုင်သလောက်ပင်။
အမှောင်သခင်နှင့် နတ်ဆိုးများ၏ ထိတ်လန့်နေသော မျက်နှာကို ကြည့်ပြီး တစ်ဖက်မှ လင်းဟွမ်ကွေ့လိုင်နှင့် မင်ဟဲတို့က ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို ပြန်မြင်ယောင်လာဟန်ဖြင့် အံ့ဩလေးစားသော အမူအရာမျိုး ဖြစ်လာသည်။
“ယန်ဝမ်ဟင်းလင်းပြင်ထဲမှာ ရှိနေတုန်းက အရှင်သခင်က ကောင်းကင်ခွင်းခေါင်းလောင်းကို တစ်ခါမှ မမှီခိုခဲ့ဘူး၊ သူက ယန်ဝမ် ဟင်းလင်းပြင်ရဲ့ အရက်စက်ဆုံး လူသတ်သမား လူအိုကြီး ဝူရှန်းကို ကောင်းကင်ခွင်းခေါင်းလောင်း မပါဘဲ သတ်ခဲ့တာ”
မင်ဟဲက လေးစားသောအသံဖြင့် ပြောလာသည်။
*လူအိုကြီး ဝူရှန်း*
အမှောင်သခင်နှင့် နတ်ဆိုးမျိုးနွယ်များအားလုံး ပဟေဠိ ဖြစ်သွားလေသည်။ သူတို့ လူအိုကြီး ဝူရှန်းဆိုသူကို မသိသော်လည်း ယန်ဝမ် ဟင်းလင်းပြင်၏ အရက်စက်ဆုံး လူသတ်သမားဟူသော စကားက သူတို့အား ထိတ်လန့် သွားစေသည်။
“အဲ့လူအိုကြီးဝူရှန်းဆိုတဲ့လူက ဝိညာဉ်နန်းတော်သခင်နဲ့ ယှဉ်နိုင်လား”
အမှောင်သခင်နှင့် နတ်ဆိုးမျိုးနွယ်များသည် ဝိညာဉ်နန်းတော်သခင်၊ စံအိမ်သခင်နှင့် ကောင်းကင်သခင်တို့က လောကသခင်သုံးပါးအား ဖိနှိပ်နိုင်ခဲ့သည်ကို မျက်လုံးနှင့် တပ်အပ် မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့်သာလျင် လောကသခင် သုံးပါးက ဝိညာဉ်ချုပ်အပ်ကို ထုတ်ကာ သတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်လေသည်။
*ဒါဆို အဲ့ဒီ လူအိုကြီး ဝူရှန်းဆိုတာက …*
သူ့အမေးကြောင့် ဝိညာဉ်နန်းတော်သခင်က မချိပြုံးပြုံးလိုက်ပြီး ခေါင်းခါ၍ ရှက်ရွံ့ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ပြောရရင်တော့ ရှက်စရာပဲ၊ ငါတို့သုံးယောက်လုံး လူအိုကြီးဝူရှန်းကို နှစ်ထောင်ချီ လိုက်ဖမ်းပင်မယ့် သူ့ကို သတ်လို့မရခဲ့ဘူး”
“နောက်တော့ လူအိုကြီးဝူရှန်းက ပထမ အရှင်သခင်ရဲ့ ဓားချက်အောက်မှာပဲ သေသွားရတာလေ”
“အရှင်သခင်က မှတ်ဉာဏ်ရဲ့ တတိယအလွှာ ပွင့်သွားပြီးကတည်းက တစ်မူထူးခြားတဲ့ အဆင့်တစ်ခုကို ရောက်ပြီး နေပြီ”
ဝိညာဉ်နန်းတော်သခင်၏ စကားကြောင့် အမှောင်သခင်နှင့် နတ်ဆိုးမျိုးနွယ်များ ပိုမိုထိတ်လန့်လာကြသည်။
*နှစ်ထောင်ချီ လိုက်ဖမ်းတာတောင် မသတ်နိုင်ဘူးတဲ့လား*
ထိုစကားနှင့်တင် လူအိုကြီးဝူရှန်း၏ တိုက်ပွဲဝင်ခွန်အားက ကြောက်စရာကောင်းကြောင်း သူတို့ ခံစားမိသည်။ ထိုသို့ရက်စက်သော လူစားမျိုးက ယဲ့ဖန် သတ်သည်ကို ခံလိုက်ရသည်တဲ့လား။
တစ်ခဏအကြာ၌ နတ်ဆိုးများအားလုံး စိတ်လှုပ်ရှား၍ ဝမ်းသာလာကြသည်။ သူတို့က သွေးဆူနေသော အကြည့်မျိုးဖြင့် ယဲ့ဖန်ကို ပြန်ကြည့်နေမိသည်။
နတ်ဆိုးမျိုးနွယ်များနှင့် ပြောဆိုနေသော စကားများကို ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများက ပိတ်ဆို့တားဆီး ထားသောကြောင့် လောကသခင်သုံးပါးသာမက ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများပါ တစ်ခွန်းမျှ မကြားကြပေ။ သူတို့သည် နတ်ဆိုးဧကရာဇ်ကို သတ်နိုင်တော့မည်ဟုတွေးကာ ပျော်ရွှင်နေကြလေ၏။
ထိုစဉ် အရှင်တိကျူးက လှစ်ခနဲ ပြေးဝင်သွားသည်။ သူ၏ လှုပ်ရှားမှုတိုင်း၌ တာအိုသဘောတရားများ ပါဝင် နေသည်ဟု ထင်မှတ်ရသည်။ လက်ရှိအချိန်၌ အရှင်တိကျူးက ခက်ထန်၍ အထင်သေးသော အကြည့်များဖြင့် ယဲ့ဖန်ကို ကြည့်နေသည်။
“နတ်ဆိုးဧကရာဇ်၊ မင်းကတိ မင်းတည်တတ်မှန်း ငါ သိတယ်၊ ကောင်းကင်ခွင်းခေါင်းလောင်းကို မသုံးဘူးလို့ မင်း ပြောခဲ့မှတာ လုံးဝ မသုံးတာ ကောင်းမယ်”
အရှင်တိကျူးက စိုးရိမ်တကြီးဖြင့် ယဲ့ဖန်ကို ထပ်၍ သတိပေးလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူက ခနဲ့ပြုံးပြုံးကာ ဆက်ပြောလိုက်သည်။
“ဒီလိုဆိုမှတော့ ငါက အားနည်းတဲ့လူကို အနိုင်ကျင့်တယ်လို့ တစ်ခြားသူတွေ ပြောကြမှာကို တားဖို့အတွက် ငါ …”
အရှင်တိကျူးသည် လောကသခင်ဟူသော သူ၏ဂုဏ်ပုဒ်ကို ပြသချင်နေပြီး ယဲ့ဖန်အား သုံးကွက် အကျော ပေးသည်ဟု ပြောရန်ကြံစည်နေ၏။ သို့ရာတွင် သူ့စကားပင် မဆုံးလိုက်သေးဘဲ ယဲ့ဖန်က မျက်မှောင်ကြုတ်၍ ဖြတ်ပြောလာသည်။
“မသာဖြစ်မယ့်သူက ဘာလို့ ဒီလောက် အဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ”
*ဘာ*
သူ့စကားကြောင့် အရှင်တိကျူး မသိမသာ အံ့ဩသွားပြီးနောက် မျက်နှာ မည်းမှောင်လာသည်။ သူ ပြောတော့မည့် စကားကို ချက်ချင်း ပြန်မျိုချလိုက်၏။
“ဟမ့် … အရင်လို မောက်မာနေတုန်းပဲပေါ့လေ”
“ငါက မင်းကို သုံးကွက် အကျောပေးမလို့ ဆုံးဖြတ်ထားတာ၊ ဒါပေမဲ့ မင်းက တစ်ဖက်လူရဲ့ ကြင်နာမှုကို အလေး မထားတတ်ဘူးပဲ”
အရှင်တိကျူး ဒေါသူပုန်ထနေပြီး မျက်လုံးများက မီးဝင်းဝင်းတောက်နေ၏။
“ဒီလိုဆိုမှတော့ မင်း …”
ဝှစ်!
အရှင်တိကျူး ပြောလို့မပြီးသေးသော်လည်း ယဲ့ဖန်က စိတ်မရှည်တော့ပေ။ သူက လှစ်ခနဲ လှုပ်ရှား၍ အရှင် တိကျူးထံ ပြေးဝင်သွားပြီး တိုက်ခိုက်လေတော့သည်။ ဤမြင်ကွင်းကြောင့် ကျန်လောကသခင်နှစ်ပါးနှင့် ခန်ထျန်း နတ်ဘုရားတို့ အံ့ဩသွားသည်။ ထို့နောက် အားလုံးက အထင်သေးသလို လှောင်ပြုံး ပြုံးလာ၏။ အရှင်တိကျူး ကလည်း ဒေါသတကြီး ကြုံးဝါးလာ၏။
“မင်းက နောက်တစ်ခါ လူပြန်ဝင်စားဖို့ အလျင်လိုနေတယ်နဲ့တူတယ်၊ ဒီလိုဆိုမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်း ပေးမယ်”
ထိုသို့ပြောပြီး အရှင်တိကျူးက လက်ဝါးကိုဖြန့်၍ အရှေ့သို့ ရိုက်ချလိုက်သည်။
“ပျက်စီးခြင်း နတ်ဘုရားလက်ဝါး”
Chapter 912 ထိန်းချုပ်သူ
“ပျက်စီးခြင်း နတ်ဘုရားလက်ဝါး”
အရှင်တိကျူး၏ နတ်ဘုရားလက်ဝါးချက်အောက်၌ ကျောက်ဆောင်များ ပျက်စီး၍ တောတောင်များ ပြိုလဲ လာသည်။ ထိုလက်ဝါးချက်၌ ပြင်းထန်သော အရှိန်အဝါများ ပါဝင်နေပြီး ဧရာမ လက်ဝါးတစ်ခုအသွင် ပြောင်းလဲ သွားသည်။
ထိုလက်ဝါးက ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားပြီးနောက် ယဲ့ဖန်ထံ အရှိန်ဖြင့် ကျရောက်လာသည်။ ထိုလက်ဝါးချက်ကြောင့် တစ်လောကလုံး ပြိုလဲပျက်စီးသွားပြီး လူတိုင်း ကျောချမ်းလာ၏။
“ပျက်စီးခြင်း နတ်ဘုရားလက်ဝါး၊ အရှင်တိကျူးက နတ်ဆိုးဧကရာဇ်ကို တစ်ချက်တည်းနဲ့ သတ်ချင်နေတာပဲ”
“ဟုတ်တယ် ဒါက အရှင်တိကျူးရဲ့ အပြင်းဆုံး တိုက်ကွက်တစ်ခုပဲ၊ ဒီလက်ဝါးက ဟိုအရင်တုန်းက နတ်ဆိုးဧကရာဇ်ရဲ့ တိုက်ခိုက်မှုတွေကို ယှဉ်နိုင်တယ်”
“ဟမ့် … ငါ နတ်ဆိုးဧကရာဇ် သေတာကို ကြည့်ရဖို့ မစောင့်နိုင်တော့ဘူး၊ ထိတ်လန့်စရာ ကောင်းလိုက်တာ”
လက်ရှိအချိန်၌ အရှင်ထျန်းကျစ်၊ အရှင်ရွှမ်ကျူးနှင့် ခန်ထျန်းတို့အားလုံးက ရက်စက်ခက်ထန်စွာ ကြည့်နေ ကြသည်။ ဤလက်ဝါးချက်အောက်၌ နတ်သခင်အဆင့်များပင် သေဆုံးနိုင်လေသည်။ နတ်ဘုရင်အဆင့် သိုင်းပညာရှင်ဆိုလျင် ပေါက်ကွဲ၍ သေဆုံးသွားလောက်သည်။ ဤသို့တွေးမိပြီးနောက် သူတို့ အားပါးတရ ပြုံးရယ်နေလိုက်သည်။
“သေပေတော့”
အရှင်တိကျူးက ရက်စက်ခက်ထန်သော မျက်နှာထားဖြင့် ကြုံးဝါးလေသည်။ တိကျူး၏ ပျက်စီးခြင်း နတ်ဘုရား လက်ဝါးချက်သည် နတ်ဘုရားစွမ်းအင်အားလုံးကို ထုတ်၍သုံးထားသော လက်ဝါးချက် ဖြစ်သည်။
အရှင်တိကျူး၏ လက်ဝါးချက်က ယဲ့ဖန်၏ပုံရိပ်အား လုံးဝဖုံးအုပ်သွားသည်ကို အားလုံး တွေ့လိုက်ရသည်။ ဤသည်ကို ကြည့်ပြီး အရှင်ထျန်းကျစ်၊ ရွှမ်ကျူးနှင့် ခန်ထျန်း နတ်ဘုရားတို့ အလွန်အမင်း စိတ်လှုပ်ရှား သွားလေသည်။
ထိုစဉ် နတ်ဘုရားလက်ဝါးချက်အောက်မှ မီးခိုးငွေ့သဖွယ် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက် ရသဖြင့် အားလုံး ပြုံးနေရာမှ တောင့်ခနဲ ဖြစ်သွားလေသည်။ ထို့နောက် သူတို့ သတိဝင်လာပြီး မျက်နှာပျက် သွားကြသည်။
“တိကျူး သတိထား အဲ့ဒါ ပုံရိပ်ယောင်”
အရှင်ထျန်းကျစ် တုန်လှုပ်သွားပြီး အရှင်တိကျူးကို အော်ဟစ်သတိပေးလိုက်သည်။ သူ၏သတိပေးစကားကြောင့် အရှင်တိကျူး တုန်လှုပ်သွားသည်။ ထို့ကြောင့် တွေဝေမနေဘဲ လက်ကိုပြန်ရုတ်လိုက်ပြီး အရှေ့မှ လေဟာနယ်အား ထပ်ခါထပ်ခါ ရိုက်နှက်ရန် ပြင်လေသည်။
ထိုစဉ် လေဟာနယ်အတွင်းမှနေ၍ ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ထိုဓားချက်သည် အလွန် လျင်မြန်လှပြီး တိကျူးနားသို့ ပျံသန်းလာသည်။ အရှင်တိကျူး မရှောင်တိမ်းလိုက်နိုင်ဘဲ လက်တစ်ဖက် ပြတ်သွား လေသည်။
မသဲမကွဲ အသံတစ်ခုနှင့်အတူ အရှင်တိကျူး၏ လက်တစ်ဖက်လုံး ပြတ်ထွက်ကာ လွင့်စဉ်သွားသည်။ ရဲရဲနီသော သွေးစက်များ ချက်ချင်း ပန်းထွက်လာ၏။ ပြတ်ထွက်သွားသော လက်မောင်းအား ဝိညာဉ်စား ပုရွက်ဆိတ်များက ပြေး၍စားသုံးကြသည်။
ဂျွတ်! ဂျွတ်!
မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြတ်သွားသော လက်မောင်းတစ်ခုလုံးပင် အစပင်မကျန်ရစ်ခဲ့ချေ။ အဖြစ်အပျက်က အလွန် လျင်မြန်လှသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များ လက်မောင်းကို စားလိုက်သည့်အချိန်က လျှပ်တစ်ပြက်မျှသာ ရှိသည်။
ဤအဖြစ်က လောကသခင်သုံးပါးလုံးအတွက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်ကာ မှင်တက်နေကြသည်။
*ဓားချက်တစ်ချက်တည်းနဲ့ လက်တစ်ဖက်ကို ဖြတ်ပစ်လိုက်တာလား*
*ဒါက … ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
ထျန်းကျစ်၊ ရွှမ်ကျူး၊ ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများသည် မယုံသင်္ကာ ဖြစ်နေကြသည်။ အရှင်တိကျူး သည်လည်း ကြက်သေ သေနေပြီးနောက် ပြင်းထန်သော နာကျင်မှု ဝေဒနာက ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့ လာသည်ကို ခံစားမိလိုက်သဖြင့် ရူးမတတ် ဖြစ်သွားလေသည်။
“အား…”
“ငါ့လက်၊ မင်း … မင်း ငါ့လက်ကိုတောင် ဖြတ်ရဲတယ်လား”
အရှင်တိကျူးသည် ယခုထိ အိပ်မက်မက်နေသည်ဟု ထင်နေမိသည်။ နတ်ဘုရင်အဆင့်က လောကသခင်အဆင့်ကို ဖိနှိပ်နိုင်သည်တဲ့လား။ သူကဲ့သို့ လောကသခင်တစ်ယောက်က ယဲ့ဖန်ထံ၌ အရေးနိမ့်သွားရသည်။
ထို့အပြင် ယဲ့ဖန်က ဓားချက်တစ်ချက်တည်းဖြင့် သူ့လက်မောင်းကို ဖြတ်ခဲ့သဖြင့် သူ မယုံသင်္ကာ ဖြစ်နေရသည်။ သို့သော် အိပ်မက်ဆိုးက ယခုမှ စတင်လာသည်။
ဝှစ်! ဝှစ်! ဝှစ်!
ယဲ့ဖန်က စကားတစ်ခွန်းမှ မပြောဘဲ အေးတိအေးစက် မျက်လုံးများဖြင့် လက်ထဲမှ နတ်ဓားကို ဝင့်ကာ လောကသခင်ဖြစ်သော အရှင်တိကျူးအား ခုတ်ပိုင်းလေသည်။
ဓားချက်တိုင်းက လျင်မြန်လွန်းလှသဖြင့် အရှင်တိကျူး အသည်းအသန် ရှောင်တိမ်းနေရသည်။ ယဲ့ဖန်က ကောင်းကင် မျက်လုံးကို ဖွင့်ထားသဖြင့် တိကျူး၏ ရှောင်တိမ်းမည့် နည်းလမ်းအားလုံးကို ဖိနှိပ်ထိန်းချုပ် ထားနိုင်သည်။
အရှင်တိကျူး၏ လက်မောင်းမှနေ၍ သွေးများ ပန်းထွက်လာပြန်သည်။ သူ၏နောက်ထပ် လက်တစ်ဖက် ပြတ်ထွက် သွားသည်။ သူ နာကျင်လွန်းသဖြင့် သတိလစ်လုမတတ် ဖြစ်နေ၏။
သူ ရှောင်တိမ်းရန် ပြင်လိုက်ချိန်တိုင်း ရွှေရောင်ဓားချက်က သူ့အနောက်မှ ပေါ်ပေါ်လာသဖြင့် ကျောပြင်တွင် သွေးအလိမ်းလိမ်းထွက်၍ ဒဏ်ရာဗလပွ ဖြစ်လာသည်။
လက်ရှိအချိန်တိုင်း လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။ အရှင်တိကျူးသည် ရွှေရောင် ဓားချက်အောက်၌ ထောင်ချောက်ထဲ ပိတ်မိနေသော သားကောင်တစ်ကောင်လိုပင်။ သူသည် ဘယ်ဘက်ရော ညာဘက်မှပါ ခုတ်ပိုင်းခံနေရသည်။ ဓားချက်တိုင်း၌ အသားစများ ပဲ့ပါသွားသည်။ အသားများ ပဲ့သွားတိုင်း ဝိညာဉ်စား ပုရွက်ဆိတ်များက အသည်းအသန် စားသုံးကြလေသည်။
လက်ရှိတိုက်ပွဲအခြေအနေအရ ယဲ့ဖန်က အသာစီးရနေပြီး ဝိညာဉ်စား ပုရွက်ဆိတ်များအား အစာကျွေးနိုင်မည့် အခွင့်အရေးရအောင် လုပ်နေခြင်းဖြစ်ကြောင်း သိသာလှသည်။ အရှင်တိကျူးသည် သွေးများ ဆက်တိုက် ပန်းထွက်နေသောကြောင့် တစ်ကိုယ်လုံး သွေးများ ပေကျံကာ သွေးလူသားဟု ထင်မှတ်မှားရလေသည်။
ဤသည်မှာ တစ်ဖက်သက် အနိုင်ကျင့်နှိပ်စက်ခြင်း ဖြစ်ကြောင်း သိသာလှသည်။ ဤအဖြစ်ကြောင့် ပတ်ဝန်းကျင်မှ လူများအားလုံး တုန်လှုပ်ခြောက်ခြားလာသည်။ ထျန်းကျစ်၊ ရွှမ်ကျူး၊ ခန်ထျန်းနှင့် အခြားသူများအားလုံး ချွေးတဒီးဒီး ကျနေကြသည်။
“မဟုတ်ဘူး … လုံးဝ မဖြစ်နိုင်ဘူး၊ နတ်ဘုရင်အဆင့်ပဲရှိတဲ့ နတ်ဆိုးဧကရာဇ်က အရင်ဘဝကထက် ပိုသန်မာနေတာလား”
အရှင်ထျန်းကျစ်နှင့် အခြားသူများသည် မျက်စိရှေ့မှမြင်ကွင်းကို မယုံနိုင် ဖြစ်နေ၏။ အရှင်တိကျူး၏ ဆိုးရွားသော အခြေအနေကို ကြည့်ပြီး အားလုံး ခေါင်းမွေးထောင်လာကြသည်။
“ဘယ်လိုလုပ် ဒီလိုဖြစ်ရတာလဲ”
“အဲ့ကောင်ရဲ့ စိတ်အာရုံ၊ အရှိန်၊ အားလုံးက ကြောက်စရာကောင်းတဲ့ နယ်မြေတစ်ခုအထိ ရောက်နေပြီ၊ ဒါက … ထိန်းချုပ်ခြင်းများလား”
အရှင်ထျန်းကျစ် ထိတ်လန့်ပြီးရင်း ထိတ်လန့်လာသည်။
ထိန်းချုပ်ခြင်း နယ်မြေ။ ဤနယ်မြေသည် အချိန်နှင့် လေဟာနယ်ကို ထိန်းချုပ်နိုင်သော အဆင့်နယ်မြေ ဖြစ်သည်။ ထိန်းချုပ်ခြင်း နယ်မြေက လူတစ်ယောက်၏ အရှိန်အား မယုံနိုင်လောက်သော အဆင့်တစ်ခုသို့ တိုးမြှင့်နိုင်စေပြီး အသိစိတ် အာရုံကိုလည်း မယုံနိုင်လောက်အောင် မြင့်တက်လာစေသည်။ ထိန်းချုပ်ခြင်းနယ်မြေထဲသို့ ဝင်ရောက် သွားသည်နှင့် ရန်သူက အသတ်ခံရတော့မည့် သိုးသဖွယ် ဖြစ်သွားပေမည်။
အရှင်ထျန်းကျစ်၏ စကားများက ရွှမ်ကျူး၊ ခန်ထျန်းနှင့် အခြားသူများအား ကြက်သီးမွေးညင်း ထသွားစေသည်။ ယဲ့ဖန်က လောကသခင်တစ်ယောက်ထက် ပို၍ သန်မာနေသည်ကို သူတို့ သတိထားမိလာသည်။
အရှင်တိကျူး၏ တန်ပြန်တိုက်ခိုက်မှုက သူ့အတွက် မည်သည့်အန္တရာယ်မှ မဖြစ်စေသော်လည်း သူ၏ တိုက်ခိုက်မှု တိုင်းက အရှင်တိကျူးအား အပြင်းအထန် ထိခိုက်သွားစေသည်။
ထိုအချိန်မှာပင် ယဲ့ဖန်က အရှင်တိကျူး၏ လည်ပင်းအား ဖြတ်တောက်ရန် ပြင်လိုက်သည်ကို ရွှမ်ကျူး မြင်လိုက်ရသည်။ လောကခသခင် အဆင့်နှစ်ယောက်လုံး ကြောက်လန့်ကာ မျက်နှာ ဖြူရော်သွားသည်။ သူတို့ ဆက်၍ တွေးတော မနေတော့ဘဲ ကိုယ့်ကိုယ်ကိုယ် အားတင်းကာ နှစ်ယောက်သား ပူးပေါင်း၍ တိုက်ခိုက် လိုက်သည်။
ထိုအခါ လောကသခင် သုံးပါးလုံးက ယဲ့ဖန်ကို တိုက်စစ်ဆင်၍ တိုက်ခိုက်နေလေသည်။ ဤမြင်ကွင်းက ယဲ့ဖန်၏ ယခင်ဘဝနှင့် အဖြစ်သွားတူနေ၏။ တစ်ချိန်တုန်းက သူသည်လည်း ထိုသုံးယောက်နှင့် ခဏခဏ တိုက်ပွဲ ဆင်နွှဲခဲ့ ရသည်။
လက်ရှိယဲ့ဖန်သည် ယခင်ဘဝကထက် သိုင်းအဆင့် ပို၍နိမ့်ကျသော်လည်း တိုက်ပွဲဝင်ခွန်အားက ယခင်ဘဝ ကထက် ပို၍ကြောက်စရာကောင်းနေ၏။ လောကသခင် နှစ်ပါးဖြစ်သော အရှင်ထျန်းကျစ်နှင့် အရှင်ရွှမ်ကျူးတို့ ပါဝင်လာသောအခါ တိုက်ပွဲက ပို၍ပြင်းထန်လာလေသည်။