အခန်း (၉၁၃-၉၁၅)
Vol. 61 Ch. 913-915
Chapter 913 သေလား မသေလား ကြည့်ရသေးတာပေါ့
လက်ရှိအချိန်၌ စကြဝဠာထဲမှ အသန်ဆုံးလူများ ဖြစ်သော ပုဂ္ဂိုလ်လေးယောက်က အပြင်းအထန် တိုက်ခိုက် နေကြသည်။ လောကသခင်သုံးပါးဖြစ်သော အရှင်ထျန်းကျစ်၊ အရှင်တိကျူးနှင့် အရှင်ရွှမ်ကျူးတို့သည် သူတို့၏ တိုက်ပွဲဝင်ခွန်အားများကို အစွမ်းကုန် ထုတ်သုံး၍ တိုက်ခိုက်နေ၏။
ထိုတိုက်ပွဲကြောင့် ကောင်းကင်ယံရှိ နေမင်း၏ အလင်းရောင်ပင် မှေးမှိန်လာ၏။ လေဟာနယ်အတွင်း၌ အက်ရာများ ထင်ဟပ်လာပြီး တုန်လှုပ်ဖွယ် ကောင်းလာသည်။
ထို့အပြင် တိုက်ပွဲထံမှ လွင့်ပျံလာသော အရှိန်အဝါက ဘေးပတ်လည်မှ လူများအား နောက်သို့ဆုတ်သွားစေသည်။ ထိုဖိအား အရှိန်အဝါနှင့်ပင် များစွာသော သက်ရှိများအား ဖျက်ဆီးနိုင်သည့်ပုံပင်။
သို့ရာတွင် တိုက်ပွဲအတွင်း၌ လောကသခင်သုံးပါးလုံး ထိတ်လန့်ပြီးရင်း ထိတ်လန့်နေ၏။ သူတို့၏စိတ်ထဲတွင် ယဲ့ဖန်၏ လျင်မြန်မှုက အလွန်ထူးဆန်းနေ၏။ သူ၏လှုပ်ရှားမှုက လေသဖွယ်၊ လျှပ်စီးသဖွယ် လျင်မြန်လှပြီး လှုပ်ရှားချိန်တိုင်း အရိပ်များ ဖျတ်ခနဲ ကျန်ရစ်ခဲ့သည်။
ထို့အပြင် နတ်ဓားသည်လည်း အလွန် ထက်ရှလှပြီး ဓားချက်တိုင်းက လောကသခင်သုံးပါးအား တစ်ကိုယ်လုံး အေးစိမ့်၍ ကြက်သီးထသွားစေသည်။ ထိုအခါတွင်မှ စကြဝဠာထဲတွင် ပထမဆုံးသော နတ်ဘုရားလက်နက် ဖြစ်သည့် ဝိညာဉ်ချုပ်အပ်က ဤဓားကြောင့် အပိုင်းပေါင်း ထောင်ချီ၍ ပြတ်တောက်သွားရသည့် အကြောင်းရင်းကို သူတို့ နားလည်သွားကြသည်။
ဤသည်မှာ ကောင်းကင်ဘုံအား ဆန့်ကျင်နေသလိုပင်။ လောကသခင် သုံးပါးလုံး ခြောက်ခြားလာ၏။ ယဲ့ဖန်၏ အသိစိတ်အာရုံက ဤလေဟာနယ်အား ထိန်းချုပ်နိုင်ပုံ ရသည်။ သူတို့ လှုပ်ရှားသမျှ တိုက်ကွက်တိုင်းကို ယဲ့ဖန် သိနေ၏။ သူတို့ ရှောင်တိမ်းလိုက်ချိန်တိုင်း ယဲ့ဖန်က ရှောင်တိမ်းမည့်လမ်းကြောင်းကို မလွတ်စတမ်း သိမြင် နေသည်။
တစ်ခဏအကြာတွင် အရှင်တိကျူး၏ကိုယ်၌ ဒဏ်ရာများ ပို၍ဖြစ်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှ အရေပြားများ စုတ်ပြတ်လာပြီး သွေးများ ဆက်တိုက်ပန်းထွက်နေသည်။ ကျန်လောကသခင်နှစ်ပါးဖြစ်သော အရှင်ထျန်းကျစ်နှင့် အရှင်ရွှမ်ကျူးတို့ပင် ဒဏ်ရာများ ရနေကြသည်။
“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ ဘယ်လိုလုပ် ဒီကောင်က အဲ့လောက် သန်မာနေတာလဲ”
အရှင်ထျန်းကျစ် မျက်ခုံးလှုပ်နေ၏။ သူတို့၏ တိုက်ကွက်တစ်ခုချင်းစီတိုင်းက နတ်သခင်တစ်ယောက်အား အသေ သတ်နိုင်သလို လောကကို ဖျက်ဆီးနိုင်သည်။
သို့သော် လက်ရှိအချိန်၌ ယဲ့ဖန်၏ ဆံခြည်မျှင်တစ်ချောင်းကိုပင် ထိခိုက်အောင် မလုပ်နိုင်ပေ။ တစ်ဖက်လူ၏ အရှိန်က သူတို့အား မယုံနိုင်လောက်အောင် ဖြစ်သွားစေသည်။ ထိုအခိုက်တွင် တိုက်ပွဲကို ကြည့်နေသော အခြားသူ များသည်လည်း ခြောက်ခြားနေကြသည်။
“ပွဲသိမ်းပြီပဲ”
ခန်ထျန်းနတ်ဘုရားသည် စိတ်ဝိညာဉ် ဆုံးရှုံးသွားသကဲ့သို့ မြေကြီးပေါ် လဲကျကာ မျက်နှာက သွေးမရှိတော့ သကဲ့သို့ ဖြူရော်နေ၏။
တောက်! တောက်!
သူ့နဖူးမှ ချွေးစေးများ ဆက်တိုက်စီးကျနေပြီး မျက်နှာအမူအရာက တုန်လှုပ်ခြောက်ခြားဟန် ပေါ်နေသည်။
“ဟောကိန်းက တကယ် ဖြစ်လာပြီပဲ၊ မျိုးနွယ်သုံးခုလုံး … ပျက်စီးရတော့မယ်”
ခန်ထျန်းနတ်ဘုရား မယုံကြည်နိုင် ဖြစ်နေ၏။ မျက်စိရှေ့မှ ယဲ့ဖန်သည် လောကသခင်သုံးပါးနှင့် ယှဉ်နိုင်နေသည်က ထင်မှတ်မထားရသည့် အဖြစ်ပင်။ ယဲ့ဖန်သာ ယခင်ဘဝက အနေအထားသို့ ရောက်ရှိသွား ပါက ယင်ယန်လောက၌ပင် သူ့အား ထိန်းချုပ်နိုင်သူ မရှိနိုင်လောက်ပေ။
တစ်ဖက်မှ နတ်ဆိုးများမှာမူ စိတ်လှုပ်ရှား၍ တုန်လှုပ်နေကြသည်။ တိုက်ပွဲအတွင်းမှ မောဟိုက်နေသော လောကသခင် သုံးပါးကို ကြည့်ပြီး နတ်ဆိုးမျိုးနွယ်တိုင်း ဝမ်းသာဝမ်းနည်း ဖြစ်နေလေ၏။
“အသက်စတေးလိုက်ရတဲ့ နတ်ဆိုးတွေ မင်းတို့ မြင်ကြရဲ့လား”
“သခင်ကြီးက လောကသခင်သုံးပါးကို ဖိနှိပ်နေတယ်၊ သူတို့ကို တိုက်ခိုက်ပြီး အော်ဟစ်နေရအောင် လုပ်နေ တယ်ကွ”
လက်ရှိအချိန်၌ နတ်ဆိုးများသည် အသတ်ခံလိုက်ရသည့် နတ်ဆိုးမျိုးနွယ်များ ဤမြင်ကွင်းကို မြင်နိုင်လျင် ကောင်းမည်ဟု မျှော်လင့်နေကြသည်။ ဤသည်မှာ နတ်ဆိုးမျိုးနွယ်၏ ဂုဏ်ယူဖွယ် အဖြစ်အပျက် ဖြစ်သည်။
“သခင်ကြီးရဲ့ တိုက်ပွဲဝင်ခွန်အားက ထိတ်လန့်စရာ ကောင်းတယ်၊ နတ်ဘုရင်အဆင့်လေးနဲ့ လောကသခင်ကို ဖိနှိပ်နိုင်နေတယ်၊ ဒါက အရင်ခေတ်မှာရော၊ အခုခေတ်မှာပါ ကြောက်စရာကောင်းလွန်းတယ်”
အမှောင်သခင်နှင့် အခြားသူများသည် အံ့ဩဝမ်းသာနေသော အမူအရာများဖြင့် ပြောဆိုနေလေသည်။ ဝိညာဉ် နန်းတော်သခင်နှင့် အခြားသူများတောင်မှ မျက်ခုံးလှုပ်နေ၏။
“အံ့ဩစရာမရှိဘူး၊ အရှင်သခင်က ဝူရှန်းကို သတ်နိုင်ခဲ့တာက အံ့ဩစရာ မရှိဘူးပဲ”
ဝိညာဉ်နန်းတော်သခင်က ထိတ်လန့်နေသော အကြည့်များဖြင့် ပြောလာသည်။
“မင်းတို့ သတိထားမိလား၊ အဲ့လေဟာနယ်ထဲမှာ အရှင်သခင်က ရေထဲက ငါးတစ်ကောင်လို ဖြစ်နေတယ်”
“သူ့တစ်ကိုယ်လုံးက လေဟာနယ်နဲ့ အချိန်ဥပဒေတို့ ပေါင်းစပ်ထားသလိုပဲ”
“ဒါက ရှေ့ပြေးနယ်မြေတစ်ခုကို ဖန်တီးနေတာပဲ”
သူ့စကားကြောင့် စံအိမ်သခင်နှင့် ကောင်းကင်သခင်တို့ အံ့ဩသွားသလို ဘေးနားမှ လင်းဟွမ်ကွေ့လိုင်နှင့် အခြားသူများသည်လည်း မှင်တက်သွားကြသည်။
“ဝိညာဉ်နန်းတော်သခင်၊ ရှေ့ပြေးနယ်မြေဆိုတာ ဘာကိုပြောတာလဲ”
အချိန်ဥပဒေသနှင့် လေဟာနယ် ဥပဒေသတို့ကို သူတို့သိသော်လည်း ထိုရှေ့ပြေးနယ်မြေဆိုသော အရာကိုတော့ သူတို့ မသိပေ။
“ရှေ့ပြေးနယ်မြေဆိုတာက သိုင်းပညာရျင်တစ်ယောက်က ဒီဟင်းလင်းပြင်ရဲ့ ဥပဒေသအားလုံးကို ထိန်းချုပ်နိုင် တာကို ပြောတာပဲ”
“သူက ဒီလောကရဲ့ တောတောင်ရေမြေကို ထိန်းချုပ်နိုင်တယ်”
“သူ တစ်ချက်တွေးလိုက်တာနဲ့ ဒီလောကက သူ့နယ်မြေ၊ သူ့ကမ္ဘာတစ်ခုလို ဖြစ်လာတာ”
ဝိညာဉ်နန်းတော်သခင်၏ စကားကြောင့် အားလုံး မှင်တက်သွားကြသည်။ သိုင်းပညာရှင်များသည် များစွာသော ဥပဒေသများဖြင့် ဖိနှိပ်ခြင်း ခံထားရသည်။ ယခု ဝိညာဉ်နန်းတော်သခင် ပြောနေသော နယ်မြေသည် ဤဟင်းလင်းပြင် ဥပဒေသတစ်ခုလုံးအား ထိန်းချုပ်နိုင်သည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။
ဘေးနားမှ ကောင်းကင်သခင်သည်လည်း မျက်ခုံးတလှုပ်လှုပ်ဖြင့် တိုက်ပွဲတွင်းမှ ယဲ့ဖန်ကို လှမ်းကြည့်ပြီး ထိတ်လန့်တုန်လှုပ်စွာ ပြောလာသည်။
“ဒီနယ်မြေအစွမ်းကို မဟာနတ္ထိခေတ်နဲ့ အဲ့ခေတ်ထက် ရှေးကျတဲ့အချိန်က ထိပ်တန်းပါရမီရှင်တွေပဲ နားလည် သိမြင်နိုင်တယ်လို့ အရှင်ယာမာ ပြောတာကို ငါ ကြားဖူးတယ်”
“ဘာလို့လဲဆိုတော့ အဲ့ခေတ်က ဥပဒေသတွေက သန့်စင်ပြီး အစွမ်းထက်တယ်၊ အဲ့ဒါက သိုင်းပညာရှင် တစ်ယောက်ကို ချက်ချင်း သိမြင်နားလည်လာအောင် လုပ်ပေးနိုင်တယ်တဲ့”
“ဒါပေမဲ့ အခုအချိန်မှာက ဥပဒေသတွေက ရှုပ်ထွေးပွေလီလာတော့ အဲ့နယ်မြေကို သိမြင်နားလည်လာဖို့ မဖြစ်နိုင် တော့ဘူး”
ကောင်းကင်သခင်၏ မျက်နှာတွင် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ခြောက်ခြားသည့် အမူအရာမျိုး ထင်ဟပ် လာသည်။
“အခု အရှင်သခင်က ဒီနယ်မြေကို သိမြင်နားလည်သွားပြီဆိုတော့ သူက ရှေးခေတ်အချိန်ကတည်းကနေ ဒီလောကကို ချိုးဖောက်ထိန်းချုပ်နိုင်တဲ့ ပထမဆုံးလူ ဖြစ်လာတာပဲ”
ဝိညာဉ်နန်းတော်သခင်နှင့် ကောင်းကင်သခင်တို့၏ စကားများကို နားထောင်ပြီး အမှောင်သခင်နှင့် အခြားသူများ ပိုမို၍ ထိတ်လန့်တုန်လှုပ်လာ၏။ လောကနယ်မြေအား ချိုးဖောက်နိုင်သည့် ပထမဆုံးသူဟူသော စကားက ဤရှေ့ပြေးနယ်မြေ၏ ထိတ်လန့်ဖွယ်ကောင်းပုံကို ဖော်ပြနေ၏။
“မလုပ်နဲ့”
ထိုစဉ် ငယ်သံပါအောင် အော်ဟစ်လိုက်သံက ရုတ်ချည်းဆိုသလို ထွက်ပေါ်လာ၏။ အားလုံး လှမ်းကြည့်လိုက် သောအခါ ရွှေရောင်အလင်းတန်းက အရှင်တိကျူး၏ နဖူးထံသို့ ကျရောက်လာသည်ကို တွေ့လိုက်ရသည်။
ရွှစ်!
ထိုဓားချက်က လောကအား ထက်ပိုင်းခြမ်းနိုင်ပုံရပြီး ကောင်းကင်ယံအား ဖိနှိပ်နိုင်ပုံရသည်။ ထို့နောက် ငယ်သံပါအောင် အော်နေသော အရှင်တိကျူး ရုတ်တရက် အကြောသေသကဲ့သို့ ရပ်တန့်သွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။
သူ၏နဖူးမှ သွေးစီးကြောင်းရာတစ်ခု ပေါ်ထွက်လာသည်။ သူ့မျက်နှာအမူအရာက ထိတ်လန့်ကြောက်ရွံ့ဟန်များ ထင်ဟပ်နေသည်။ သူ၏အမူအရာက သေဆုံးသွားချိန်အထိ မျက်စိရှေ့မှ အရာအားလုံးကို လက်ခံရခက် နေသည့်ပုံပင်။
နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်က ထက်ပိုင်းကွဲသွားပြီး ရဲရဲနီသော သွေးစက်များက ကောင်းကင်ယံမှ စီးကျလာပြီး လူတိုင်းအား မှင်တက်သွားသည်။
ထိုစဉ် အရှင်တိကျူး၏ နှစ်ခြမ်းကွဲသွားသော ခန္ဓာကိုယ် အပိုင်းအစမှနေ၍ ဝိညာဉ်အလင်းလုံးလေး ထွက်လာပြီး ကောင်းကင်ယံ၏ အဝေးတစ်နေရာသို့ ထွက်ပြေးရန် ပြင်လေသည်။ ထိုစဉ် ဝိညာဉ်အလင်းလုံးလေးက နတ်ဆိုးလက်ဝါး၏ ဖမ်းဆီးခြင်း ခံလိုက်ရသည်။
“တိကျူး”
ထိုအဖြစ်ကြောင့် ထျန်းကျစ်နှင့် ရွှမ်ကျူးတို့ ရူးမတတ် ဖြစ်သွားသည်။ ယဲ့ဖန်က အလွန် ရက်စက်လှပြီး တိကျူးကို သတ်၍ စိတ်ဝိညာဉ်ကို ဖမ်းချုပ်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။ ထိုအခိုက်တွင် လောကသခင်နှစ်ပါးလုံးက ယဲ့ဖန်ကို အသည်းအသန် တိုက်ခိုက်၍ တိကျူး၏ ဝိညာဉ်ကို ကယ်ချင်နေသည်။
ထိုစဉ် သူတို့လှုပ်ရှားလိုက်သည်နှင့် ငရဲမီးတောက်က ရုတ်တရက် ထွက်ပေါ်လာပြီး တိကျူး၏ ဝိညာဉ်ကို လောင်မြှိုက်လေသည်။
“အား….”
“ငါ မသေရဘူးကွ၊ ငါက လောကသခင်ကွ”
အရှင်တိကျူးသည် ဆောက်တည်ရာမရဟန်ဖြင့် အော်ဟစ်နေ၏။ စိတ်ဝိညာဉ် လောင်ကျွမ်းသည့် နာကျင်မှုက သူ့အား သတိလစ်မတတ် ဖြစ်သွားစေသည်။ တိကျူး၏ အော်သံကို နားထောင်ပြီး ယဲ့ဖန်က ရက်စက်စွာ ပြုံးလိုက်သည်။
“လောကသခင်ဆို မသေဘူးလို့ ဘယ်သူပြောလဲ”
“အခု သေလား၊ မသေဘူးလား ကြည့်ရသေးတာပေါ့”
ထို့နောက် နတ်ဆိုးလက်ဝါးက အားဖြင့် ဖိညှစ်လိုက်သောအခါ ငရဲမီးက လောကသခင်ဖြစ်သော အရှင်တိကျူး၏ ဝိညာဉ်အား အပြီးတိုင်း ဝါးမျိုသွားလေသည်။ ယဲ့ဖန်က နတ်ဆိုးလက်ဝါးကို ပြန်ဖြန့်လိုက်သောအခါ လက်ပေါ်၌ ဝိညာဉ်ဆေးလုံးတစ်ခု ထွက်ပေါ်လာသည်။
Chapter 914 မင်းတို့ကို တမလွန်ပို့ပေးမယ်
ကောင်းကင်ယံတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ လူတိုင်းက မျက်လုံးအပြူးသားနှင့် ထိတ်လန့်ဖွယ် မြင်ကွင်းကို ကြည့်ပြီး ခေါင်းမွေးထောင်နေကြသည်။
*သေသွားပြီလား*
မြင့်မြတ်သော လောကသခင် သုံးပါးထဲမှ တစ်ပါးဖြစ်သော အရှင်တိကျူးက အသတ်ခံလိုက်ရပြီး ဆေးလုံးအဖြစ် သန့်စင်ခံလိုက်ရသည်။ ဤသို့ ကြောက်လန့်ဖွယ်ကောင်းသော အဖြစ်က လူတိုင်းအား ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်သွားစေသည်။
ဂျွတ်! ဂျွတ်!
ထို့အပြင် ဝိညာဉ်စား ပုရွတ်ဆိတ်များက အရှင်တိကျူး၏ နှစ်ပိုင်းကွဲသွားသော ခန္ဓာကိုယ် အပိုင်းအစအား စားသောက်နေသည်။ ထိုကိုက်စားသံများကြောင့် လူတိုင်း ဇောချွေးပြန်လာသည်။
ဂလု!
ခန်ထျန်း နတ်ဘုရား တံတွေးမျိုချလိုက်မိသည်။ သူ၏ နတ်ဘုရားအသိအာရုံကြောင့် မျက်စိအလင်း မမြင်ရသော်လည်း အရှင်တိကျူး အသတ်ခံလိုက်ရပြီး စိတ်ဝိညာဉ်ပါ မကျန်ရစ်တော့သည်ကို သူ သိနေသည်။ ဤအဖြစ်ကြောင့် သူ လိပ်ပြာလွင့်မတတ် ကြောက်လန့်လာသည်။
“ဟောကိန်းက … တကယ် ဖြစ်လာခဲ့ပြီပဲ”
ခန်ထျန်းနတ်ဘုရားသည် အားမရှိတော့သကဲ့သို့ ပစ်လဲကျသွားပြန်သည်။ အရှင်ထျန်းကျစ်နှင့် အရှင်ရွှမ်ကျူးတို့က ခံရခက်စွာဖြင့် အော်ဟစ်လာသည်။
“တိကျူး”
လောကသခင်သုံးယောက်လုံးသည် အမြဲ စိတ်တူကိုယ်တူ ရှိခဲ့သည်။ သူတို့သည် မရေတွက်နိုင်သော တိုက်ပွဲ များကို ဖြတ်ကျော်ခဲ့ရသော်လည်း မည်သို့သော အန္တရာယ်နှင့်မှ မရင်ဆိုင်ခဲ့ရပေ။ သူတို့သည် စကြဝဠာ၏ အမြင့်ဆုံး နေရာအား တစ်လှမ်းချင်း လှမ်းခဲ့ကြသည်။
ယခုအခါ၌ အရှင်တိကျူးက နတ်ဘုရင် စဦးအဆင့်သာ ရှိသော နတ်ဆိုးဧကရာဇ်၏ လက်ထဲ၌ သေသွားလိမ့်မည်ဟု သူတို့ တစ်ခါမှ ထင်မထားမိပေ။
ထို့နောက် လောကသခင် တိကျူးက … အမှန်တကယ် သေဆုံးသွားသည်ကို သူတို့ ရုတ်တရက် သတိထား မိသွားသည်။ ဤသည်ကို သတိထားမိပြီးနောက် အရှင်ထျန်းကျစ်နှင့် ရွှမ်ကျူးတို့ တုန်ယင်သွားသည်။ သူတို့သည် သာမက ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများပင် မှင်တက်နေကြသည်။
“လောကသခင် ကျဆုံးသွားတယ်၊ ဒါက …”
ငရဲဘုံ၏ ရှည်လျားလှသော သမိုင်းကြောင်း၌ လောကသခင်တစ်ယောက် သေဆုံးသည်ဟူ၍ တစ်ခါမှ မရှိခဲ့ ဘူးချေ။
ဝူရှန်း နတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံခဲ့သော လူအိုကြီးဝူရှန်းတောင်မှ ဝူရှန်းနတ်ဘုရားအဆိပ်ကိုပါ တွဲဖက်အသုံးပြုနိုင်သဖြင့် သူ၏ခွန်အားက လောကသခင်တစ်ယောက်ထက်ပင် သာလွန်သေးသည်။
သို့သော် သူသည် စစ်မှန်သော လောကသခင်အဆင့် မဟုတ်ပေ။ သို့မဟုတ်ပါက ယန်ဝမ်ဟင်းလင်းပြင်ကို သူ အစကတည်းက စိုးမိုးနေပြီ ဖြစ်သည်။
သို့သော် ယခုအခါတွင် မြေကမ္ဘာကို အုပ်ချုပ်သူ လောကသခင် တိကျူးက မရဏမီးလျှံနှင့် ငရဲမီးလျှံတို့ ပေါင်းစပ်ထားသော မီးလျှံအောက်၌ သေဆုံးသွားရသည့် ပထမဆုံးသော လောကသခင်ပင်။
“အရှင်သခင်မှာ တကယ်ကို လောကသခင်တစ်ယောက်ကို သတ်နိုင်တဲ့ အစွမ်းရှိတာပဲ”
ဤမြင်ကွင်းကြောင့် လင်းဟွမ်ကွေ့လိုင်နှင့် ထျန်းခွေတို့သည် အချင်းချင်း ပြန်ကြည့်မိကြပြီးနောက် ရင်တုန်ကာ ကျိတ်၍ သက်ပြင်းချမိသည်။
သူတို့သည် မြေအောက်စံအိမ်သို့ သွားခဲ့စဉ်က ယဲ့ဖန်ကို ဆန့်ကျင်လုနီးပါး ဖြစ်ခဲ့ကြသည်။ ထိုစဉ်က သူတို့ အဆုံးထိ ဆန့်ကျင်မိပါက နှစ်ယောက်လုံး အရိုးပင်မကျန်ဘဲ ထာဝရ ပြန်လည်ရှင်သန်ခွင့် ရတော့မည် မဟုတ်ပါ။
မြေကမ္ဘာ အုပ်ချုပ်သူ အရှင်တိကျူး ကျဆုံးသွားပြီးနောက် စကြဝဠာတစ်ခုလုံး၌ မိုးကြိုးပစ်ချသံ ထွက်ပေါ် လာသည်။ ထိုမိုးကြိုးသံက ကြောက်စရာကောင်းလှပြီး မိုးခြိမ်းသံက စကြဝဠာတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ထိုအသံသည် ပျက်စီးနေသော နတ်ဘုရားနယ်မြေ၊ အင်မော်တယ်နယ်မြေနှင့် မကောင်းဆိုးဝါးနယ်မြေသာမက ကမ္ဘာဂြိုဟ်နှင့် အရပ်မျက်နှာအားလုံးသို့ ပျံ့လွင့်သွားလေသည်။
သက်ရှိအားလုံး ကောင်းကင်ယံမှ မိုးခြိမ်းသံနှင့် မိုးကြိုးကို မြင်နေသည်။ ထိုအခါ အားလုံး တုန်လှုပ်သွားကြပြီး စကားတစ်ခွန်းက အတွေးထဲ ဝင်ရောက်လာသည်။
လောကသေမင်း ခေါင်းလောင်းသံ။
ရှည်လျားလှသော အချိန်ကာလအတွင်း၌ ဤစကြဝဠာအတွင်းတွင် အလွန် မဖြစ်နိုင်သော ဒဏ္ဍာရီတစ်ခု ရှိခဲ့သည်။ လောကသခင်တစ်ပါး သေဆုံးသွားသည်နှင့် စကြဝဠာတစ်ခုလုံးမှ တုန်လှုပ်သံ ထွက်ပေါ်လာပြီး သက်ရှိအားလုံးအား ထိတ်လန့်အောင် ပြုလုပ်လာပေမည်။ စကြဝဠာကြီးက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် လောကသေမင်း ခေါင်းလောင်းသံကို မြည်ဟီးစေပေလိမ့်မည်။
ယခုအခါတွင် ထိုရှေးကျလှသော ဒဏ္ဍာရီက အမှန်တကယ် ဖြစ်ပေါ်လာလေပြီ။ ထို့အပြင် ကောင်းကင်ယံ၌ လျှပ်စီးများ လက်နေပြီး ထိုလျှပ်စီးက “မြေကမ္ဘာ” ဟူသော စကားလုံးအား ပုံဖော်နေသည်ကို အားလုံး သေချာ တွေ့မြင့်နေရသည်။ ဤသဘာဝ အဖြစ်အပျက်က စကြဝဠာ၏ နေရာလပ်မကျန် ဖြစ်ပွားနေခြင်း ဖြစ်၏။
တစ်ချိန်တည်းမှာပင် နတ်ဘုရားနယ်မြေတွင်းမှ ဂြိုဟ်တစ်ခုပေါ်၌ သာမန် သိုင်းပညာရှင်တစ်ချို့ ကျန်ရစ်ခဲ့သည်။ သူတို့သည် နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စစ်ပွဲ၌ ပါဝင်ခြင်း မရှိခဲ့ကြသောကြောင့် နတ်ဆိုးများ၏ အန္တရာယ်ပေးခြင်း မခံရပေ။ ထို့ကြောင့်ပင် သူတို့က နတ်ဘုရားမျိုးနွယ်၏ ကပ်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။
လက်ရှိအချိန်တွင် များစွာသော လူများက နတ်ဆိုးမျိုးနွယ်များ၏ သတ်ဖြတ်ခြင်းနှင့် မျိုးနွယ် ကျဆုံးခြင်း အကြောင်း ပြောနေခဲ့ကြသည်။ ကောင်းကင်ယံမှ သဘာဝ အဖြစ်အပျက်ကြောင့် အားလုံး ထိတ်လန့်သွားသည်။
ထို့အပြင် ကောင်းကင်ယံမှ လျှပ်စီးများကြောင့် ဖြစ်ပေါ်လာသော “မြေကမ္ဘာ” ဟူသည့် စကားလုံးကို မြင်ပြီး အားလုံး မယုံသင်္ကာ ဖြစ်သွားကြသည်။ ထိုအဓိပ္ပာယ်ကို သူတို့ နားမလည်ကြပေ။
အသက်အရွယ် ကြီးရင့်နေသော လူအိုကြီးများသာလျင် ကောင်းကင်ယံမှ “မြေကမ္ဘာ” ဟူသော စကားလုံးကို မြင်ပြီး ထိတ်လန့်ကာ လဲကျသွားလေသည်။
“မြတ်စွာဘုရား၊ အရှင်တိကျူး ကျဆုံးသွားပြီ”
လူအိုကြီးများ၏ စကားကြောင့် ဘေးပတ်လည်မှ လူများအားလုံး မယုံကြည်နိုင် ဖြစ်သွားကြလေသည်။ ထို့ကြောင့် အားလုံးက လူအိုကြီးများကို ဝိုင်းမေးကြသည်။ ထိုအခါတွင်မှ လူအိုကြီးများက သူတို့ ကြားခဲ့ဖူးသော ရှေးဟောင်း ဒဏ္ဍာရီလာ လောကသေမင်း ခေါင်းလောင်းသံအကြောင်း ပြောပြလိုက်ကြသည်။
လူတိုင်း တုန်လှုပ်သွားကြ၏။ ဤသို့သောအဖြစ်အပျက်က စကြဝဠာကြီး၏ နေရာတိုင်း၌ ဖြစ်ပွားလျက် ရှိသည်။ စကြဝဠာတစ်ခုလုံးမှ အသက်ရှင်နေသေးသော သက်ရှိများစွာတို့သည် ဤလောက၌ ပြင်းထန်သော အဖြစ်အပျက် ကြီးတစ်ခု ဖြစ်ပွားခဲ့သည်ကို သိလိုက်ရတော့သည်။
လောကသခင် အရှင်တိကျူး ကျဆုံးသွားလေပြီ။ ဤသတင်းက မုန်တိုင်းသဖွယ် စကြဝဠာတစ်ခုလုံးအား တုန်လှုပ် သွားစေသည်။
….
တစ်ချိန်တည်းမှာပင် နတ်ဘုရားတောင်တန်း အပြင်ဘက်၌။
ကောင်းကင်ယံမှ “မြေကမ္ဘာ” ဟူသော စကားလုံးကို ကြည့်ပြီး လောကသခင် ထျန်းကျစ်နှင့် ရွှမ်ကျူးတို့ တုန်လှုပ် နေကြသည်။ သူတို့ ကြောက်လန့်နေကြသည်။ ဤကဲ့သို့သော သဘာဝ အဖြစ်အပျက် ထပ်ဖြစ်ပေါ်လာပြီး ကောင်းကင်ယံ၌ သူတို့၏ အမည်နာမများ ထွက်ပေါ်လာမည်ကို သူတို့ ကြောက်နေကြသည်။
သူတို့ သေဆုံးမှု၏ ရှေ့ပြေးနိမိတ် ဖြစ်ပေါ်လာမည်ကို ကြောက်လန့်နေ၏။ ထိုစဉ် ခြေသံတစ်သံ ထွက်ပေါ်လာ သောကြောင့် ထျန်းကျစ်နှင့် ရွှမ်ကျူးတို့ လိပ်ပြာလွင့်မတတ် ဖြစ်ကာ ယဲ့ဖန်အား တုန်လှုပ်ခြောက်ခြားစွာ ကြည့်လိုက်မိသည်။
“နတ်ဆိုးဧကရာဇ်၊ ရပ် … ရပ်လိုက်”
အရှင်ရွှမ်ကျူးက ယဲ့ဖန်ကို လက်ကာပြသည်။ ယဲ့ဖန်က မျက်ခုံးပင့်၍ ဘာမျှမပြောဘဲ အရှင်ရွှမ်ကျူးကိုသာ ထီမထင်ဟန်ဖြင့် ကြည့်နေ၏။ သူ၏ အေးစက်စက် အကြည့်ကြောင့် အရှင်ရွှမ်ကျူး ကြက်သီးထသွားသည်။ ထို့နောက် ကြောက်လန့်တုန်ယင်စွာဖြင့် ဆက်ပြောလိုက်သည်။
“နတ်ဆိုးဧကရာဇ်၊ ငါတို့တွေအားလုံးက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကြတဲ့ လူတွေပဲလေ”
“မင်း ငါတို့နဲ့ တကယ် မသေမချင်း တိုက်ချင်တာလား”
“အခု တိကျူးလည်း သေသွားပြီ၊ နှစ်ထောင်ချီ ကြိုးစားခဲ့သမျှလည်း အလကား ဖြစ်သွားပြီ၊ ဒါတွေအားလုံးက ထိုက်တန်လို့လား”
သူသည် ယဲ့ဖန်ကို မကြောက်သလို သေရမည်ကိုလည်း မကြောက်ပါ။ သို့ရာတွင် မြင့်မြတ်သော လောကသခင် သေဆုံးသွားပါက နှစ်ထောင်ချီ ကြိုးစားခဲ့သမျှ အလုပ်အားလုံး လေကဲ့သို့ ပျောက်ကွယ်သွားမည်ကိုသာ ကြောက်ရွံ့နေ၏။ ဤသည်ကိုတွေးမိတိုင်း သူ ခြေထောက်များ တုန်လာသည်။ သူ မသေချင်သေးပါ။
အရှင်ရွှမ်ကျူးက တုန်တုန်ယင်ယင်ဖြင့် ဆက်ပြောလေသည်။
“နတ်ဆိုးဧကရာဇ်၊ မင်း လက်စားချေချင်မှန်း ငါ သိတယ်၊ မင်းက ငါ့မျိုးနွယ်ကို ဖျက်ဆီးချင်နေတာ၊ အခု မင်း ဖျက်ဆီးပြီးပြီပဲ”
“ငါတို့မျိုးနွယ်တွေ ပျက်စီးသွားသလို တိကျူးလည်း သေသွားပြီ”
“မင်း တစ်ယောက်မကျန် တကယ် သတ်ချင်နေတာလား”
*တစ်ယောက်မကျန် သတ်ချင်နေတာတဲ့လား*
ထိုစကားကြောင့် ယဲ့ဖန် ဒေါသူပုန်ထသွားသည်။ သူက ရွှမ်ကျူးအား ကြောက်လန့် နေသော အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်ကာ သရော်ပြုံး ပြုံးလိုက်သည်။
“မင်းရော တစ်ယောက်မကျန် မသတ်ဘဲ နေခဲ့လို့လား”
“မင်း နတ်ဆိုးတွေအပေါ် စစ်ပွဲဆင်နွှဲပြီး အားလုံးကို သတ်ခဲ့တယ်မဟုတ်လား”
“မင်း ကမ္ဘာဂြိုဟ်ကို နှိပ်စက်ညှင်းပန်းခဲ့တယ်လေ၊ မင်း ငါတို့အားလုံးကို သေစေချင် နေတာ မဟုတ်ဘူးလား”
“အခု မင်းအလှည့် ရောက်တော့မှ ကြောက်နေတာလား”
သူ၏စကားများက ပြင်းထန်လွန်းလှသည်။ သူ့စကားကြောင့် အရှင်ထျန်းကျစ်နှင့် ရွှမ်ကျူးတို့ ကြက်သီးထ သွားလေသည်။ ထို့နောက် ရွှမ်ကျူးက စိတ်ကိုတင်း၍ ယဲ့ဖန်ကို ထပ်မေးလိုက်သည်။
“နတ်ဆိုးဧကရာဇ်၊ မင်း ဘာလုပ်မှာလဲ၊ ဒီစစ်ပွဲကို အဆုံးသတ်မှာလား”
“အရမ်း ရိုးစင်းပါတယ်”
ယဲ့ဖန်က မျက်လုံးမှိတ်၍ ပြန်ဖြေလိုက်သည်။
“မင်းတို့ကို တမလွန် ပို့ပေးမှာ”
Chapter 915 နတ်ဆိုးတို့ သတ်ဖြတ်ခံရသောနေ့
“မင်းတို့ကို တမလွန် ပို့ပေးမှာ”
ယဲ့ဖန်၏ စကားအဆုံး၌ အရှင်ရွှမ်ကျူး မှင်တက်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူ သတိမမူမိခင်မှာပင် ရွှေရောင်အလင်းတန်းက သူ၏ဦးခေါင်းနားမှ ဖြတ်သွားသည်။
“မကောင်းတော့ဘူး”
ထိုအခိုက်တွင် အရှင်ရွှမ်ကျူးသည် တစ်ကိုယ်လုံး ချွေးပြန်သလို ခံစားမိကာ သေမင်း အငွေ့အသက်များက သူ့အား လွှမ်းမိုးလာသည်ဟု ခံစားမိလာသည်။ သူ အသည်းအသန် ဘေးသို့ ရှောင်းရှားလိုက်သည်။
ထိုစဉ် ရွှေရောင်အလင်းတန်းက သူ၏လည်ပင်းနားမှ ဖြတ်သန်းသွားသဖြင့် သူ အေးခနဲ ဖြစ်သွားသလို ခံစားလိုက် ရသည်။ ထို့နောက် လည်ပင်းမှနေ၍ ပူနွေးသော သွေးများ စီးကျလာသဖြင့် သူ၏အဝတ်အစားအားလုံး ပေကျံ သွားသည်။
“သေစမ်း”
ထိုတိုက်ခိုက်မှုကြောင့် အရှင်ရွှမ်ကျူး ချွေးအေးပြန်လာသည်။ ကပ်သီးလေး လွဲသွား ခြင်းပင်။ သူသာ တစ်ချက်မျှ နောက်ကျသွားပါက ယဲ့ဖန်ကြောင့် သူ ခေါင်းပြတ်သွား လောက်သည်။ ဤသို့ဆိုလျင် ယဲ့ဖန်၏ ရက်စက် ကြမ်းကြုတ်တတ်မှုကြောင့် သူ မြေမြှုပ် စရာပင် မရှိလောက်အောင် အသတ်ခံရလောက်လေသည်။
ထိုသို့တွေးမိပြီးနောက် ရွှမ်ကျူးသည် နဖူးမှ ချွေးစေးများ စီးကျလာပြီး ယဲ့ဖန်အား အံ့ဩဒေါသထွက်ဟန်ဖြင့် ကြည့်လိုက်သည်။
“နတ်ဆိုး … နတ်ဆိုးဧကရာဇ်၊ မင်း ရူးနေလား၊ မင်းက ငါတို့ကို အသက်နဲ့ရင်းပြီး သတ်ချင် နေတာလား”
“ငါတို့လောကသခင်နှစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ရင် မင်းလို ပြန်မွေးဖွား လာတဲ့ နတ်ဆိုး ဧကရာဇ်လည်း သေရမယ်ဆိုတာကို သိတယ် မဟုတ်လား”
သူ၏အသံက တုန်ယင်နေ၏။ ယဲ့ဖန်၏ တိုက်ခိုက်မှုက အရှင်ရွှမ်ကျူးအား ထိတ်လန့် သွားစေမှန်း သိသာလှသည်။ တစ်ဖက်မှ အရှင်ထျန်းကျစ်မှာမူ မျက်နှာ မည်းမှောင်နေ၏။
လောကသခင် တစ်ယောက် သေသွားပြီး နောက်တစ်ယောက်က ဒဏ်ရာရသွားသည်။ ယဲ့ဖန်၏ တိုက်ပွဲဝင် ခွန်အားက သူမတူသော အဆင့်တစ်နေရာသို့ ရောက်နေလေပြီ။
“နတ်ဆိုးဧကရာဇ် ငါ မင်းကို ပြန်ညှိနှိုင်းဖို့ နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်”
အရှင်ထျန်းကျစ်က သုန်မှုန်နေသော မျက်နှာထားဖြင့် ယဲ့ဖန်ကို စူးစိုက်ကြည့်၍ တစ်ဖက် သတ် ဆက်ပြောလေသည်။
“မင်း တိုက်ခိုက်တာကို ရပ်လိုက်မယ်ဆိုရင် ငါတို့နှစ်ယောက် ဒီစကြဝဠာထဲက ဆုတ်ခွာ ပေးမယ်”
“ငါ ရွှမ်ကျူးကိုခေါ်ပြီး ငါတို့ လာခဲ့တဲ့ ရှေးဟောင်းမျိုးနွယ်ကို ပြန်သွားမယ်”
“မင်း ငြင်းဆန်မယ်ဆိုရင် ငါတို့ အသေသတ်မှာကို အပြစ်လာမတင်နဲ့”
ထိုအခိုက်တွင် ခန်ထျန်းနတ်ဘုရားနှင့် အခြားသူများသည် အံ့ဩပြီးရင်း အံ့ဩနေကြသည်။
*ညှိနှိုင်းမယ်တဲ့လား*
ထိုစကားအား အရှင်ထျန်းကျစ် ပြောသည်ကို ယခုမှ သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ လောကသခင် သုံးယောက်ထဲတွင် ထျန်းကျစ်သည် ခေါင်းဆောင်ဟု ဆိုနိုင် ပေသည်။ တိကျူးနှင့် ရွှမ်ကျူးတောင်မှ ထျန်းကျစ် စေခိုင်းသမျှ အရာအားလုံးကို လိုက်နာ ရသည်။
ထျန်းကျစ်သည် အလွန် ရက်စက်သောသူ ဖြစ်သည်။ မည်သို့သောသူ ဖြစ်နေပါစေ သူ့ကို ဆန့်ကျင်ပါက နတ်မိုးကြိုးဖြင့် လက်စားချေခြင်း ခံရသည်။ ထိုကဲ့သို့ ရက်စက်သောသူ၏ ပါးစပ်မှ ညှိုနှိုင်းမည်ဟူသော စကား ထွက်လာခြင်းက မယုံနိုင်စရာ ကောင်းလှသည်။
ထိုအခါ ယဲ့ဖန်က မျက်မှောင်ကြုတ်၍ နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်။
“ဒီလောက် အဓိပ္ပာယ် မရှိတာတွေ ပြောနေတာ၊ မင်း မမောဘူးလား”
“မင်း ပါးစပ်လေးပိတ်ပြီး တစ်သက်လုံး အနားယူလိုက်ပါလား”
သူ၏အသံက အေးစက်လှသည်။ ယဲ့ဖန်သည် လောကသခင်နှစ်ပါးအား အသက်ပင် ဖြောင့်ဖြောင့်ရှူခွင့် မပေး တော့ပေ။ သူက လက်ထဲမှ နတ်ဓားကိုဝင့်၍ လောကသခင် နှစ်ပါးအား သည်းကြီးမည်းကြီး တိုက်ခိုက်လေ တော့သည်။
ဤမြင်ကွင်းကြောင့် ခန်ထျန်း နတ်ဘုရားနှင့် အခြားသူများ တုန်လှုပ်သွားသည်။ အရှင်ထျန်းကျစ်က ညှိနှိုင်းရန် ပြောသော်လည်း ယဲ့ဖန်က အလွန် ရက်စက်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
*ဒီကောင်က လောကသခင်နှစ်ယောက် အသည်းအသန် ဒေါသထွက်ပြီး ပြန်တိုက်ခိုက် မှာကို မကြောက်ဘူးလား*
“ချီးတဲ့မှပဲ”
အရှင်ထျန်းကျစ်၏ မျက်နှာက ပြာနှမ်းလာသည်။ အထူးသဖြင့် ရွှေရောင် အလင်းတန်းကို ကြည့်ပြီး ထျန်းကျစ်နှင့် ရွှမ်ကျူးတို့ ကြက်သီးမွေးညင်း ထသွားသည်။
“သေရမယ်ဆိုရင်လည်း မင်းကိုပါ အပါခေါ်သွားမယ်ကွ”
ထိုသို့သောအချိန်၌ သူတို့နှစ်ယောက်၏ အကြည့်တွင် ရူးသွပ်ဟန်များ ထင်ဟပ်လာသည်။ လောကသခင် နှစ်ပါးလုံးသည် အားတင်း၍ ယဲ့ဖန်အား ပြန်လည်တိုက်ခိုက်လိုက်သည်။
တိုက်ပွဲက ယခင်ကထက် ပိုမို၍ ပြင်းထန်လာသည်. အရှင်ထျန်းကျစ်နှင့် အရှင်ရွှမ်ကျူး တို့သည် အလွန် မောပန်းနေပြီ ဖြစ်သည်။ သူတို့သည် နတ်ဘုရား စိတ်ဝိညာဉ်ကို လောင်ကျွမ်း ထားစေသဖြင့် သူတို့၏ လျင်မြန်မှုနှင့် ခွန်အားတို့က ပိုမို၍ မြင့်တက် နေသည်။ သူတို့ ပို၍ ရူးသွပ်လာလေ ပို၍ ဆောက်တည်ရာမရ ဖြစ်လာလေ ဖြစ်သည်။
ဤတိုက်ပွဲ၌ ယဲ့ဖန်က ဘုရင်တစ်ပါးပင်။ သူ တစ်ချက် တွေးတောလိုက်သည်နှင့် လေဟာနယ်က ပြောင်းလဲလာပြီး လောကသခင် နှစ်ပါး၏ တိုက်ခိုက်မှုကို ပြန်၍ ခုခံလာ နိုင်သည်။
သူသည် လေဟာနယ်အတွင်း၌ တစ္ဆေတစ်ကောင်သဖွယ် လျင်မြန်စွာ လှုပ်ရှားနေ၏။
တိုက်ကွက် ဆယ်ကွက်၊ အကွက် ငါးဆယ်၊ အကွက်တစ်ရာ။ နှစ်ဖက်တိုက်ခိုက်မှုက အကွက်တစ်ရာ ကျော်လာသောအခါ အရှင်ထျန်းကျစ်နှင့် အရှင်ရွှမ်ကျူးတို့ မျက်နှာပို၍ ဖြူရော်လာသည်။ သူတို့၏ စိတ်ဝိညာဉ်ကို လောင်ကျွမ်းထားစေသဖြင့် စိတ်ဝိညာဉ်က တစ်ဝက်မျှသာ ကျန်ရစ်တော့သည်။ သူတို့၏ ပြင်းထန်လှသော လျင်မြန်မှုနှင့် စွမ်းအားတို့က အားနည်းသထက် နည်းလာ၏။
ထိုစဉ် ယဲ့ဖန်က အခွင့်အရေးရလာသဖြင့် ရုတ်တရက် တန်ပြန်တိုက်ခိုက်လိုက်သည်။ ထိုအခါ ရွှမ်ကျူး၏ ရင်ဘတ်မှ သွေးများ ပန်းထွက်လာသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား နတ်ဓားက အရှိန်ဖြင့် ထိုးဖောက်သွားသည်။ ထို့အပြင် ရွှမ်ကျူး၏ ခွန်အားကလည်း အလွန်အမင်း အားနည်းလာလေသည်။ ယဲ့ဖန်က ဤအခွင့်အရေးကို အမိအရဖမ်း၍ သူ့အား ဆက်တိုက် တိုက်ခိုက် နေ၏။
အရှင်ရွှမ်ကျူး၏ ခန္ဓာကိုယ်မှ သွေးများ ဆက်တိုက် ပန်းထွက်လာပြီး ဒဏ်ရာများကလည်း တစ်ခုပြီး တစ်ခု ရလာသည်။ သူသည် ဒဏ်ရာများ ရနေသော်လည်း မသေသေးပေ။ ပြင်းထန်လှသည့် နာကျင်မှုကြောင့် ရွှမ်ကျူး ချွေးပြန်နေ၏။
ယဲ့ဖန်က သူ့ကို သတ်သေအောင် လုပ်နေသည်ဟု ခံစားမိသည်။ ဤသည်ကို တွေးမိပြီးနောက် အရှင်ရွှမ်ကျူး ရူးမတတ် ဖြစ်လာသည်။
“နတ်ဆိုးဧကရာဇ်၊ မင်း သတ်မှာဖြင့် မြန်မြန်သတ်စမ်း၊ မင်းက ငါ့ကို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲအောင် ဖိအားပေးချင် နေတာလား”
ယဲ့ဖန်၌ သူ့ကို သတ်နိုင်သည့် အခွင့်အရေးပေါင်း များစွာရှိနေသော်လည်း မသတ်ဘဲ ဒဏ်ရာရအောင် လုပ်နေမှန်း ရိပ်စားမိသည်။ သူ့အား ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ၍ သတ်သေအောင် ဖိအားပေးနေသလိုပင်။
သူ့စကားကြောင့် ယဲ့ဖန်က အသာပြုံးလိုက်သည်။
“ဂုဏ်ယူပါတယ်၊ မင်း ခန့်မှန်းမိပြီပဲ”
ထိုစကားကြောင့် လောကသခင်ဖြစ်သော ထျန်းကျစ်နှင့် ရွှမ်ကျူးသာမက ခန်ထျန်း နတ်ဘုရားတို့အပြင် ဝိညာဉ် နန်းတော်သခင်နှင့် နတ်ဆိုးများလည်း ထိတ်လန့် နေကြသည်။
*လောကသခင်တစ်ပါးကို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သတ်သေအောင် ဖိအားပေး နေတာတဲ့လား*
လောကသခင်တစ်ပါး၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းက ဂြိုဟ်နယ်မြေ ဆယ်ခုကျော်အား ဖျက်ဆီးနိုင်သည်။ ထိုကဲ့သို့ ပြင်းထန်သော ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ ခြင်းစွမ်းအား ထွက်ပေါ်လာပါက ဤနေရာမှ လူများအားလုံး အရိုးပင် မကျန်အောင် ရှင်းလင်းခံလိုက်ရပေမည်။ ဤသည်ကို တွေးမိပြီး အရှင်ထျန်းကျစ်နှင့် ခန်ထျန်း နတ်ဘုရားတို့ မျက်ခုံးလှုပ်ကာ ချွေးပြန်လာသည်။
*အရူးပဲ*
ယဲ့ဖန် လုပ်ချင်နေသော အရာက အရူးမှသာလျင် လုပ်ရဲမည့် ကိစ္စပင်။ သို့သော် ယဲ့ဖန်က အားလုံး၏ ထိတ်လန့်နေသော အမူအရာကို အရေးမစိုက်ဘဲ အရှင်ရွှမ်ကျူးကိုသာ ထီမထင် ဟန်ဖြင့် စိုက်ကြည့်နေ၏။
“ရွှမ်ကျူး မင်း လွန်ခဲ့တဲ့ နှစ်လေးသောင်းက နေ့တစ်နေ့ကို မှတ်မိသေးလား”
လွန်ခဲ့သော နှစ်လေးသောင်းသည် နတ်ဆိုးများ သတ်ဖြတ်ခံရသောနေ့ ဖြစ်သည်။ ထိုစကားကို ကြားသည်နှင့် နတ်ဆိုးများအားလုံး တဆတ်ဆတ် တုန်လာသည်။ နတ်ဆိုး များအားလုံး ငြိမ်သက်သွားပြီး ဝမ်းနည်းဟန် ပေါ်လာသည်။
*နတ်ဆိုးများ သတ်ဖြတ်ခံရသောနေတဲ့လား*
အရှင်ရွှမ်ကျူးတောင်မှ တစ်စုံတစ်ရာကို တွေးမိသွားပြီး ချက်ချင်း မျက်လုံးပြူးသွားသည်။ လွန်ခဲ့သော နှစ်လေးသောင်းခန့်က နေ့တစ်နေ့တွင် အရှင်ရွှမ်ကျူးသည် နတ်ဆိုး အယောက် တစ်သောင်းက ဝမ်ရှင်းတောင်ကို ဖြတ်၍ နတ်ဆိုးမျိုးနွယ်သို့ ပြန်သွား နေသည်ဟူသော သတင်းကို ရခဲ့သည်။
ထိုအချိန်၌ ရွှမ်ကျူးသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး လေ့ကျင့်ထားသော နတ်ဘုရား သိုင်းကျမ်းကို စမ်းသပ်ချင်ခဲ့လေသည်။ ထို့ကြောင့် သူ အပြင်သို့ ထွက်လာပြီး နတ်ဆိုးများကို သတ်ခဲ့သည်။
ရွှမ်ကျူးသည် ရက်စက်ယုတ်မာသော နည်းလမ်းများကို သုံးခဲ့သည်။ သူသည် နတ်ဆိုး မျိုးနွယ် အယောက် တစ်သောင်းအား တန်းမသတ်ခဲ့ပေ။ သူသည် သိုးအုပ်ထဲ ကျားဝင်ဆွဲ သကဲ့သို့ နတ်ဆိုးများအား ဆောက်တည်ရာမရ ထွက်ပြေးစေပြီး နောက်ကလိုက် ဖမ်းခဲ့သည်။ သူတို့အား ဒဏ်ရာအပြင်းအထန် ရအောင် နှိပ်စက်၍ ကြံရာမရအောင် လုပ်ခဲ့ လေသည်။
ဝမ်ရှင်းတောင်ကို ဖြတ်သွားသည့် နတ်ဆိုးမျိုးနွယ်များအား မျှော်လင့်ချက် ပျက်ပြားအောင် ပြုလုပ်ခဲ့သဖြင့် နတ်ဆိုးများအားလုံး မတတ်သာဘဲ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲ၍ သတ်သေခဲ့ရသည်။
ထိုနေ့သည် ဝမ်ရှင်းတောင်၌ နတ်ဆိုးမျိုးနွယ်များ၏ သွေးများနှင့် အရိုးများ စွန်းထင်းခဲ့ သောနေ့ ဖြစ်သည်။ ရွှမ်ကျူးက နတ်ဆိုးမျိုးနွယ် နယ်မြေသို့ သွားသည့်လမ်းအထိ လိုက်ဖမ်းခဲ့သဖြင့် နောက်ဆုံးသော နတ်ဆိုး မျိုးနွယ်ပင် ဖိအားပေးခံရကာ ကိုယ့်ကိုယ် ကိုယ် ဖောက်ခွဲ၍ သတ်သေခဲ့ရသည်။
“မင်းကြောင့် နတ်ဆိုးမျိုးနွယ်ပေါင်း ၁၂၃၅၆ ယောက် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သတ်သေခဲ့ရတယ်”
“အဲ့နေ့က ငါ့နတ်ဆိုးမျိုးနွယ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပြီး သတ်သေခဲ့ရတဲ့နေ၊ ငါ့နတ်ဆိုး မျိုးနွယ်တွေ အရှက်ရခဲ့တဲ့နေ့”
ယဲ့ဖန်က လောကသခင် အရှင်ရွှမ်ကျူးကို စူးစိုက်ကြည့်နေ၏။
စာစဉ် (၆၁) ဤတွင်ပြီးပါပြီ။