← Chapters

အခန်း (၉၂၈-၉၃၀)

Vol. 62 Ch. 928-930

အခန်း (၉၂၈-၉၃၀)

Vol. 62 Ch. 928-930

Chapter 928 သူက ကျိုထျန်းရွှမ်နွီရဲ့ အမျိုးသားပဲ

စကြဝဠာ၏ အစွန်းတစ်နေရာ၌ မြူဆိုင်းနေသော နေရာတစ်ခု ရှိသည်။ ထိုနေရာတွင် တစ်နှစ်ပတ်လုံး မြူခိုးများ ဝေ့ဆိုင်းလျက် ရှိပြီး နတ်ဘုံတမျှ ဆန်းကြယ်လှပလေသည်။

မြူခိုးများကို ကျော်ဖြတ်သွားပြီးနောက် ရွှေရောင် တောက်ပနေသော ခမ်းနားသည့် နန်းတော်ကြီးတစ်ခု ရှိလေသည်။

ကျောက်ပြားပေါ်၌ ပျံသန်းနေသော နဂါးများနှင့် ဖီးနစ်ငှက်များ ကခုန်နေဟန်ဖြင့် ကမ္ဘာဦး အင်မော်တယ် နန်းတော်ဟူသော စကားလုံး လေးလုံးအား ထွင်းထုထားလေသည်။ ဤနေရာသည် ငရဲဘုံ၌ အဆန်းကြယ်ဆုံး နေရာဖြစ်သော ကမ္ဘာဦး အုပ်ချုပ်သူ နေထိုင်သည့် နေရာ ဖြစ်သည်။

လက်ရှိအချိန်တွင် ကြီးမားသော နန်းတော်အတွင်း၌ ဆံပင်များ ဖြူဖွေးနေသော အမျိုးသားတစ်ယောက်က ပုလ္လင်ပေါ်၌ ထိုင်နေသည်။ သူ၏ ဆံပင်များက ဖြူဖွေးနေသော်လည်း သူ၏ မျက်နှာက အလွန် ငယ်ရွယ်နုပျိုပုံ ပေါ်နေ၏။

သူ၏မျက်လုံးများမှာမူ အလွန် စူးရှ၍ တောက်ပနေသည်။ သူသည် လောကသခင် သုံးပါးထက် သာလွန်သော ကမ္ဘာဦး အုပ်ချုပ်သူ ဖြစ်သည်။

ကမ္ဘာဦး အုပ်ချုပ်သူ၌ အလွန်အမင်း ဆန်းကြယ်သော သမိုင်းကြောင်း ရှိသည်။ ရှေးခေတ်ကာလ၏ ကောလာဟလ များအရ သူသည် မူလက ယင်ယန်လောကမှ ရောက်လာခြင်း ဖြစ်ပြီး သူ၏ မိသားစုက ယင်ယန်လောက၌ ကြောက်စရာကောင်းသော မိသားစုတစ်စု ဖြစ်သည်ဟု ဆိုသည်။ ထို့နောက်တွင် သူသည် ငရဲဘုံသို့ ရောက်လာပြီး ငရဲဘုံ၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။ သူ့စကားအား လောကသခင် သုံးပါးတို့ပင် နာခံရပြီး နည်းနည်းလေးမျှ ပြန်မငြင်းရဲပေ။

အစပိုင်း၌ လောကသခင် သုံးပါးသည် နတ်ဆိုးဧကရီ ဟွမ်အာ၏ သန်းပေါင်းများစွာသော ဂြိုဟ်များကို ဖြတ်သန်း၍ လိုက်လံ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ သူတို့သုံးယောက်လုံး ဟွမ်အာကြောင့် သေလုနီးပါး ဖြစ်နေချိန်တွင် ကမ္ဘာဦး အုပ်ချုပ်သူက ရုတ်တရက် အလစ်ဝင်တိုက်၍ ဟွမ်အာအား ကမ္ဘာဦး ချောက်နက်ထဲ ပြုတ်ကျသွားအောင် ပြုလုပ် ခဲ့သည်။

ကမ္ဘာဦး အုပ်ချုပ်သူသည် ဤစကြဝဠာတစ်ခုလုံး၌ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ လက်ရှိ အချိန်တွင်မူ ကမ္ဘာဦး အုပ်ချုပ်သူ၏ အရှေ့၌ အဘိုးအိုတစ်ယောက်နှင့် အမယ်အိုတစ်ယောက် ရှိနေသည်။

အဘိုးအို၌ တောင်ပံတစ်စုံရှိပြီး အရပ်ရှည်ကာ သန်မာထွားကြိုင်းသော ခန္ဓာကိုယ် ရှိသည်။ သူ၏ မျက်နှာက အိုမင်းနေသော်လည်း သူ၏ခန္ဓာကိုယ်၌ နဂါးတစ်ကောင်ကဲ့သို့သော ခွန်အားများ ရှိနေသည်ဟု ထင်မှတ်ရပြီး တစ်ဖက်လူအား ကြောက်ဒူးတုန်စေသော ခံစားချက်မျိုး ပေးစွမ်းလေသည်။

သူသည် မသေမျိုးမျိုးနွယ်မှ အကြီးအကဲယန် ဖြစ်သည်။ တစ်ဖက်မှ အမယ်အိုမှာမူ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင် ထားပြီး ပါးရေနားရေများ တွန့်၍ အိုမင်းနေသည်။ သူမပါးစပ်ထဲ၌ သွားများပင် မရှိတော့သောကြောင့် သူမ ပြုံးလိုက်လျင် ကြက်သီးထစရာ ကောင်းလှသည်။

ထို့အပြင် သူမ၏ ခရမ်းရောင်ဝတ်စုံ၌ မိုးကြိုး အရိပ်အငွေ့သက် ရစ်ဝဲနေသည်။ သူမအနားသို့ ကပ်လာမည့် မည်သည့် သက်ရှိမဆို လျှပ်စီးကြောင့် သေသွားလောက်သည်။

သူမသည် ခယ့်ချင် အကြီးအကဲဖြစ်သော သခင်မ ကွမ်းဟန် ဖြစ်သည်။ အကြီးအကဲယန်နှင့် သခင်မ ကွမ်းဟန်တို့ကို ကြည့်ပြီး ကမ္ဘာဦး အုပ်ချုပ်သူက အသာပြုံးလိုက်သည်။

“တာအို ရောင်းရင်းတို့၊ စိတ်ရှည်ရှည်ထားပါ”

“နတ်ဆိုးဧကရာဇ်ကို ဖမ်းဆီးတာက ဂျူနီယာတွေ လုပ်ရမယ့်အလုပ်ပါ”

ထိုသို့ပြောပြီးနောက် ကမ္ဘာဦး အုပ်ချုပ်သူက တစ်စုံတစ်ရာကို တွေးမိဟန်ဖြင့် မျက်မှောင်ကြုတ်ကာ ဆက်ပြော လေသည်။

“ပြီးတော့ ကျုပ် ခင်ဗျားတို့နှစ်ယောက်ကို တစ်ခု မေးချင်တာ ရှိတယ်”

သူ့စကားကြောင့် အကြီးအကဲယန်နှင့် သခင်မကွမ်းဟန်တို့က အနည်းငယ် အံ့ဩသွားကြသည်။ ထို့‌နောက် အချင်းချင်း ပြန်ကြည့်လိုက်ပြီး ကမ္ဘာဦး အုပ်ချုပ်သူကို ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

“ကမ္ဘာဦး အုပ်ချုပ်သူက ဘာကိုများ သိချင်နေတာလဲ”

အကြီးအကဲယန်နှင့် သခင်မကွမ်းဟန်တို့ကလည်း သူ ဘာသိချင်သလဲ ဆိုသည်ကို သိချင်နေကြသည်။ ထို့နောက် ကမ္ဘာဦး အုပ်ချုပ်သူ ပြောလိုက်သော နာမည် တစ်ခုကြောင့် နှစ်ယောက်လုံး အကြီးအကျယ် မျက်နှာပျက်သွားလေသည်။

“ကျိုထျန်းရွှမ်နွီ”

ထိုနာမည်ကြောင့် အကြီးအကဲယန်နှင့် သခင်မကွမ်းဟန်တို့၏ အမူအရာက တုန်လှုပ်ဟန် ပေါ်လာသည်။ ထိုနာမည် ပိုင်ရှင်က သူတို့အား ကြောက်ဒူးတုန်အောင် လုပ်နိုင်သည့်ပုံပင်။

“ကမ္ဘာဦး အုပ်ချုပ်သူက ဘာလို့ ကျိုထျန်းရွှမ်နွီ နတ်သမီးအကြောင်းကို သိချင်ရတာလဲ”

ထိုစကားကြောင့် ကမ္ဘာဦး အုပ်ချုပ်သူက မျက်ခုံးလှုပ်သွားပြီး အလျင်အမြန် မေးလိုက်သည်။

“အဲ့ဒီ ကျိုထျန်းရွှမ်နွီ နတ်သမီးက ကမ္ဘာဦး ချောက်နက်ထဲ ပြုတ်ကျလာတဲ့ ငရဲဘုံကလူလို့ ကျုပ် ကြားထားတယ် ဟုတ်လား”

“ဟုတ်တယ်”

အကြီးအကဲယန်က ဖုံးကွယ်မထားပေ။ ကျိုထျန်းရွှမ်နွီ နတ်သမီးက ငရဲဘုံမှ ရောက်လာသော အမျိုးသမီးဖြစ်သည်ကို အတည်ပြုပြီးသည်နှင့် ကမ္ဘာဦး အုပ်ချုပ်သူ ပိုမို၍ မျက်နှာသုန်မှုန်လာသည်။ ထို့အပြင် သူ့နဖူးမှ ချွေးစေးများ စီးကျ လာ၏။ သူ၏အမူအရာကြောင့် သခင်ယန်နှင့် သခင်မ ကွမ်းဟန်တို့ တွေဝေသွားသည်။

“ကမ္ဘာဦး အုပ်ချုပ်သူ၊ မင်း ကျိုထျန်းရွှမ်နွီ နတ်သမီးကို သိတာလား”

*သိတယ်တဲ့လား*

ထိုစကားကြောင့် ကမ္ဘာဦး အုပ်ချုပ်သူက မချိပြုံး ပြုံးလိုက်သည်။

“တာအိုရောင်းရင်းတို့ကို စိတ်ပျက်အောင် လုပ်မိသွားပြီ၊ ကျုပ်နဲ့ သူနဲ့က တစ်ယောက်နဲ့ တစ်ယောက် မရင်းနှီးကျဘူး”

“သူ ယင်ယန်လောကထဲ ရောက်လာတဲ့ အကြောင်းရင်းက ကျုပ် သူ့ကို ကမ္ဘာဦးချောက်နက်ထဲ ပြုတ်ကျအောင် လုပ်ခဲ့လိုပဲ၊ အဲ့နောက်ကျမှ ကမ္ဘာဦး ချောက်နက်ထဲကနေ ယင်ယန်လောကကို သူ ရောက်သွားတာ”

ကမ္ဘာဦး အုပ်ချုပ်သူ၏ မျက်လုံးတွင် ရက်စက်ခက်ထန်မှုများ ပေါ်လွင်လာသည်။

“အဲ့မိန်းမက ဒီလောက် အသက်ပြင်းမယ်လို့ ထင်မထားမိဘူး၊ သူက မသေတဲ့အပြင် ကမ္ဘာဦး မူလချီဓာတ်ကို စုပ်ယူမိသွားတဲ့အပြင် ဘုံကိုးလွှာနန်းတော်ရဲ့ ကျိုထျန်းရွှမ်နွီ နတ်သမီး ဖြစ်လာသေးတယ်”

သူ့စကားကြောင့် အကြီးအကဲယန်နှင့် သခင်မ ကွမ်းဟန်တို့ အံ့ဩသွားသည်။ ကမ္ဘာဦး အုပ်ချုပ်သူသူက သူတို့ကို စိုက်ကြည့်၍ ဆက်ပြောလေသည်။

“ပြီးတော့ ကျုပ် ခင်ဗျားတို့ကို တစ်ခု ထပ်ပြောရဦးမယ်”

“ခင်ဗျားတို့ ဖမ်းပြီး သတ်ချင်နေတဲ့ နတ်ဆိုးဧကရာဇ်က ကျိုထျန်းရွှမ်နွီ နတ်သမီးရဲ့ ငရဲဘုံက အမျိုးသားပဲ”

*ဘာ*

ထိုစကားကြောင့် အကြီးအကဲယန်နှင့် သခင် ကွမ်းဟန်တို့ အံ့ဩ၍ ထခုန်မိသွားသည်။ သူတို့၏ မျက်နှာက သရဲသဘက်နှင့် တွေ့လိုက်ရသကဲ့သို့ ထိတ်လန့်တုန်လှုပ်နေ၏။

“ကမ္ဘာဦး အုပ်ချုပ်သူ ဒီကိစ္စက တကယ်လား၊ မင်း သေချာလား”

အကြီးအကဲယန်၏ အသံက တုန်ယင်နေသည်။ ကျိုထျန်းရွှမ်နွီ နတ်သမီး၏ ကြောက်စရာကောင်းပုံကို သူ သိထားသည်။ ယင်ယန်လောက၌ ကျိုထျန်းရွှမ်နွီ နတ်သမီး၏ အမည်နာက လူတိုင်း သိနိုင်သည့် အနေအထားသို့ ရောက်နေ လေပြီ။

သူမသည် ယင်ယန်လောက၌ အလွန် ရက်စက်သောသူ ဖြစ်ပြီး မရေတွက်နိုင်သော သိုင်းပညာရှင်များကို အနိုင်ယူ ခဲ့သည်။

အကယ်၍ သူ၏ မသေမျိုးမျိုးနွယ်က သတ်ချင်နေသော နတ်ဆိုးဧကရာဇ်သည် ကျိုထျန်းရွှမ်နွီ နတ်သမီးနှင့်သာ တစ်စုံတရာ ပတ်သက်နေပါက ပြဿနာများက ပို၍ ကြီးထွားလာပေမည်။

ထိုသို့တွေးမိပြီးနောက် အကြီးအကဲယန်နှင့် သခင်မ ကွမ်းဟန်တို့ ကြက်သီးထသွားသည်။ ကမ္ဘာဦး အုပ်ချုပ်သူက သုန်မှုန်စွာ ဆက်ပြောလေသည်။

“ကျိုထျန်းရွှမ်နွီ နတ်သမီးရဲ့ ငရဲဘုံက နာမည်က ဧကရီ ဟွမ်အာပဲ”

“သူနဲ့ နတ်ဆိုးဧကရာဇ်က အတူတူ ကြီးပြင်းလာကြတဲ့ ကလေးဘဝကတည်းက ငယ်ချစ်ဦးတွေ၊ အစတုန်းက နတ်ဆိုးဧကရာဇ်အတွက် လက်စားချေချင်လို့ သူ တစ်ယောက်တည်းနဲ့ မျိုးနွယ်သုံးခုကို ဖျက်ဆီးပြီး လောကသခင် သုံးပါးလုံးကို သတ်ဖို့ လုပ်ခဲ့တယ်”

“သူ့ကို တိုက်ခိုက်ပြီး ကမ္ဘာဦး ချောက်နက်ထဲ ပြုတ်ကျအောင် လုပ်ခဲ့တာ ကျုပ်ပဲ၊ အဲ့မိစ္ဆာမကို ရှင်းနိုင်မယ့်နည်းက အဲ့နည်းပဲ ရှိခဲတာ”

ကမ္ဘာဦး အုပ်ချုပ်သူ၏ စကားကြောင့် အကြီးအကဲယန်နှင့် သခင်မ ကွမ်းဟန်တို့ နဖူးမှ ချွေးစေးများ စီးကျနေခဲ့သည်။

“ဘယ်လိုလုပ်ကြမလဲ”

သူတို့ မျက်ခုံးလှုပ်ကာ အချင်းချင်း ပြန်ကြည့်မိကြသည်။ သူတို့ ခန်းမထဲမှ ထွက်သွားချင်နေသည်။ သူတို့၏ တပည့်ဖြစ်သော ဇီထျန်းနှင့် မျိုးနွယ်သား ဝမ်လီတို့ကို ပြန်ခေါ်ချင်နေသည်။

*ကျိုထျန်းရွှမ်နွီ နတ်သမီးရဲ့ အမျိုးသားလား*

*ဘယ်တော့မှ ရန်စလို့ မဖြစ်ဘူး*

သူတို့၏ အမူအရာကြောင့် ကမ္ဘာဦး အုပ်ချုပ်သူ မျက်နှာထား အေးစက်သွားသည်။

“ခင်ဗျားတို့ နှစ်ယောက်အတွက် နောက်ကျသွားပြီ”

အကြီးအကဲယန်နှင့် သခင်မ ကွမ်းဟန်တို့ နောက်ပြန်လှည့်၍ ကမ္ဘာဦး အုပ်ချုပ်သူအား မယုံနိုင်သော မျက်လုံးများဖြင့် ပြန်ကြည့်၍ မေးလိုက်သည်။

“မင်း ဘာပြောချင်တာလဲ”

သူတို့နှစ်ယောက်၏ အမူအရာကိုကြည့်ပြီး ကမ္ဘာဦး အုပ်ချုပ်သူက နန်းတော်အပြင်ဘက် ကောင်းကင်ယံကို လက်ညှိုးညွှန်၍ ပြောလိုက်သည်။

“ခင်ဗျားတို့ ကြည့်ကြည့်လိုက်”

ဂျိန်း!

ကမ္ဘာဦး အုပ်ချုပ်သူ၏ စကားကြောင့် အကြီးအကဲယန်နှင့် သခင်မကွမ်းဟန်တို့သည် နန်းတော်၏ ဝင်ပေါက်၌ လေဟာနယ် အကာအရံတစ်ခု ရှိနေသည်ကို သတိထားမိသွားသည်။

ထိုအကာအရံက ပျက်စီးသွားပြီးနောက် စကြဝဠာအနှံ့ မိုးကြိုးမုန်တိုင်း ဖြစ်ပေါ်နေသည်။ များစွာသော လျှပ်စီးများက ဝမ်ဟူသော စကားလုံးအား ပုံဖော်လာသည်ကို တွေ့လိုက်ရသည်။

“ဝမ်”

ထိုမြင်ကွင်းကြောင့် အကြီးအကဲယန် မျက်နှာပျက်သွားသည်။ ဤကောင်းကင်၏ သဘာဝဖြစ်စဉ်က စကြဝဠာ၏ လောကသခင် တစ်ယောက် ကျဆုံးသွားပြီးမှသာ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သူ သိလေသည်။

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ သူ သွားတာ ခဏလေးပဲ ရှိသေးတာကို၊ ဘယ်လိုလုပ် သူက သေရတာလဲ”

သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။

ဂျိန်း!

ထပ်မံ၍ မိုးကြိုးပစ်ချလာပြီး လျှပ်စီးများက ဇီထျန်းဟူသော စကားလုံးကို ပုံဖော်လာလေသည်။ သခင်မ ကွမ်းဟန်ပါ မျက်နှာပြာနှမ်းလာသည်။

“ဇီထျန်း၊ ဇီထျန်းလည်း … သေသွားပြီ”

နှစ်ယောက်လုံး သေသွားလေပြီ။ ဤအဖြစ်က အကြီးအကဲယန်နှင့် သခင်မ ကွမ်းဟန်အား ရူးမတတ် ဖြစ်သွားစေသည်။ သူတို့စိတ်ထဲ၌ နတ်ဆိုးဧကရာဇ်ဟူသော အမည်နာမက ဝင်ရောက်လာပြီး မုန်းတီးလာသည်။ ဤသည်ကိုကြည့်ပြီး ကမ္ဘာဦး အုပ်ချုပ်သူက အသာပြုံးလိုက်သည်။

“ဝမ်လီနဲ့ ဇီထျန်း သေသွားပြီဆိုတာကို ကျုပ် အခုမှ သတိထားမိတယ်၊ ဒီကိစ္စကို ကျိုထျန်းရွှမ်နွီ နတ်သမီး သိလို့မ ဖြစ်ဘူး မဟုတ်လား”

“ခင်ဗျားတို့ ရွေးစရာ လမ်းမရှိတော့ဘူး၊ ဘာလို့လဲဆိုတော့ နတ်ဆိုးဧကရာဇ်က ခင်ဗျားတို့ တပည့်နဲ့ မျိုးနွယ်ဝင်ကို သတ်ခဲ့လို့ပဲ”

“ကျုပ်လည်း ရွေးစရာ မရှိဘူး၊ ဘာလို့လဲဆိုတော့ နောက်ထပ် အသတ်ခံရမယ့်လူက ကျုပ်သား ဖြစ်နေလို့ပဲ”

ကမ္ဘာဦး အုပ်ချုပ်သူက မျက်လုံးမှိတ်လိုက်သည်။ သူ့ထံမှ လူသတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာ၏။

“ကျုပ် သူ့ကို ချက်ချင်း သွားမကယ်ခဲ့တာက ကျုပ်သားက သူတစ်ယောက်တည်း ဖြစ်နေတာ မဟုတ်ဘူး ဆိုတာကို သိနေလို့ပဲ”

“အခု ကျုပ် ရောင်းရင်းတို့ အကူအညီ လိုနေတယ်”

“ခင်ဗျားတို့က လက်စားချေလိုက်၊ ကျုပ်က ကျုပ်သားကို ကယ်မယ်”

“နတ်ဆိုးဧကရာဇ်ကို သတ်လိုက်ပြီး အဲ့သတင်းကို ကျိုထျန်းရွှမ်နွီ နတ်သမီးဆီ မရောက်အောင် ပိတ်ထားလိုက်ပေါ့”

သူ့စကားကြောင့် အကြီးအကဲယန်နှင့် သခင်မက ကွမ်းဟန်တို့က စိတ်မပါသော်လည်း ခေါင်းညိတ်၍ သဘောတူ လိုက်ရသည်။ ထို့နောက် သုံးယောက်သား ရုတ်တရက် ပျောက်ကွယ်သွားသည်။

Chapter 929 နောက်ကွယ်မှလူရောက်လာပြီ

ဂျိန်း!

ကောင်းကင်ယံ၌ လျှပ်စီးလက်၍ မိုးကြိုးများ ပစ်ချနေသည်။ ပြင်းထန်လှသော မိုးကြိုးမုန်တိုင်းနှင့် ရှေးဦး လေစွမ်းအင်တို့က ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ထျန်းကျစ်တို့ကို အပြီးတိုင် ပျက်စီးအောင် ပြုလုပ် နေ၏။

လက်ရှိအချိန်တွင် သူတို့၏ ခန္ဓာကိုယ်၌ သွေးအလိမ်းလိမ်းနှင့် အရေပြားများ စုတ်ပြတ်သတ်ကာ ဒဏ်ရာဗလပွ ဖြစ်နေသည်။

ရှေးဦးလေစွမ်းအင်က သူတို့ကို အားနည်းသထက် နည်းလာအောင် ပြုလုပ်နေပြီး ကောင်းကင်ကိုးသွယ် ဆယ်ကမ္ဘာပျက်သုဉ်း နတ်မိုးကြိုးက သူတို့အား သွေးထွက်သံယို ဖြစ်အောင် ပြုလုပ်နေသည်။

ထိုအခိုက်တွင် ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများအားလုံး တုန်လှုပ်ခြောက်ခြားနေသည်။ ယဲ့ဖန် တစ်ယောက်တည်းနှင့် လောကသခင် ထျန်းကျစ်နှင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့အား ကလေး ကစားသလို ပြုမူနေသည်က ကြောက်စရာကောင်းလှသည်။

ထိုစဉ် အရှင်ထျန်းကျစ်၏ ပေါင်သို့ နတ်မိုးကြိုး ကျလာသဖြင့် ပေါင်တစ်ခုလုံး ပေါက်ကွဲကာ သွေးများ ပန်းထွက် လာသည်။

“အား….”

“ငါ ဒီလို အဖြစ်မခံနိုင်ဘူးကွ၊ ငါက အထက်လောကကလူ၊ ရှေးဟောင်းမျိုးနွယ်ရဲ့ မျိုးနွယ်ဝင်တစ်ယောက်ကွ၊ ငါက ဘယ်လိုလုပ် ငရဲဘုံက ဘာမှမဟုတ်တဲ့ ပုရွက်ဆိတ်လိုကောင်ရဲ့ လက်ထဲမှာ သေရမှာလဲ”

“ငါ မကျေနပ်ဘူး”

အရှင်ထျန်းကျစ်က ရူးသွပ်စွာ အော်ဟစ်နေသည်။ သူ သေသွားပါက သူ၏ ရှေးဟောင်းမျိုးနွယ် အရှက်ရ တော့မည်ကို သူ သိနေသည်။ ထို့ကြောင့် သူ၏ အမူအရာက မကျေမနပ်ဖြစ်ကာ မုန်းတီးဟန် ပေါ်နေလေသည်။

သူ့ဘေးမှ ကမ္ဘာဦး အင်မော်တယ် သခင်လေးက ပို၍ အဖြစ်ဆိုးနေသည်။ ရှေးဦး လေစွမ်းအင်က သူ၏ ကမ္ဘာဦး အစစ်အမှန် စွမ်းအင်ကို အရူးအမူး စုပ်ယူဝါးမျိုနေသည်။ ကမ္ဘာဦး ချီဓာတ်မျှင်တစ်ခုက သူ့ခန္ဓာကိုယ်တွင်းမှနေ၍ စုပ်ယူခံနေရသောကြောင့် အလွန်အမင်း အားနည်းလာသည်။

“ယဲ့ဖန်၊ ယဲ့ဖန်”

ကမ္ဘာဦး အင်မော်တယ် သခင်လေး၏ မျက်လုံး၌ ကြောက်လန့် ရူးသွပ်နေသော အရိပ်အယောင်များ စွန်းထင်း နေ၏။

“ငါ့ကိုလွှတ်ပေး၊ ငါ့အဖေက ဒီစကြဝဠာရဲ့ အရှင်သခင်အဖြစ် သတ်မှတ်ခံထားရတဲ့လူပဲ၊ ဒီစကြဝဠာထဲက အရာအားလုံးကို သူ ထိန်းချုပ်တာ၊ ယင်ယန်လောကက မိသားစုကြီးတွေနဲ့ သူ အဆက်အဆံ ရှိတယ်”

“မင်း ငါ့ကို လွှတ်ပေးတာနဲ့ မင်းကို ယင်ယန်လောကက မိသားစုကြီးတွေဆီမှာ ထောက်ခံချက် ပေးပြီး တပည့်အဖြစ် လက်ခံပေးဖို့ ငါ့အဖေကို ပြောပေးမယ်”

ရူးလောက်ဖွယ်ကောင်းသော မက်လုံးပင်။ လက်ရှိအချိန်၌ ကမ္ဘာဦး အင်မော်တယ် သခင်လေးသည် အသက်ရှင်ခွင့် ရရန် အတွက် သူ၏ဂုဏ်သိက္ခာကိုပင် ထည့်မတွက်နိုင်တော့ချေ။ သူ မသေချင်သေးပါ။ သူသည် ကမ္ဘာဦး အုပ်ချုပ်သူ၏ သားဖြစ်သည်။

သူသည် စကြဝဠာတစ်ခုလုံး၏ ကံတရားကို လွှမ်းမိုးနိုင်သော နောင်တက်လာမည့် ကမ္ဘာဦး အုပ်ချုပ်သူ အလောင်းအလျာ ဖြစ်သည်။

သို့သော် ယခုအခါ၌ သူသည် လူတစ်ယောက်၏ ဖိနှိပ်ခြင်း ခံရနေသည်။ ခွန်အားမရှိခြင်းနှင့် ကြံရာမရခြင်းတို့က သူ့အား ရူးမတတ် ဖြစ်စေသည်။

*တပည့်အဖြစ် လက်ခံအောင် ပြောပေးမယ်တဲ့လား*

ယဲ့ဖန် ထီမထင်ဟန် ပြုံးလိုက်သည်။ သူသည် အတိတ်ဘဝ၌ တပေါ်အရှင်သခင် ဖြစ်သည်။ အဘယ်ကြောင့် သူက ယင်ယန်လောကက သေးနုတ်သော အဖွဲ့အစည်းကို အရေးစိုက်ရမည်နည်း။

ထို့နောက် သူက လက်တစ်ဖက်ကို လှုပ်ခါလိုက်သည်။ ထိုအခါ ပို၍ပြင်းထန်သော မိုးကြိုးမုန်တိုင်းက ကမ္ဘာဦး အင်မော်တယ် သခင်လေးနှင့် ထျန်းကျစ်တို့ထံသို့ ဦးတည်လာသည်။

“မလုပ်နဲ့”

ကမ္ဘာဦး အင်မော်တယ် သခင်လေး ငယ်သံပါအောင် အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်၌ သွေးများ ပို၍ ရွှဲနစ်လာပြီး လက်နှစ်ဖက်လုံး ပြတ်ထွက်သွားကာ ခြေထောက်များလည်း ပြတ်ထွက်သွားလေသည်။ နောက်ဆုံး တွင် နတ်မိုးကြိုးက သူ၏ဦးခေါင်းထံသို့ ဦးတည်၍ ကျရောက်လာသည်။

ရုတ်ချည်းဆိုသလိုပင် ကမ္ဘာဦး အင်မော်တယ် သခင်လေး၏ ဦးခေါင်းက ပုပ်နေသော ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားသည်။ နတ်မိုးကြိုးကြောင့် တစ်စစီ ပေါက်ကွဲပျက်စီးသွားလေတော့သည်။

*သေသွားပြီလား*

ဤမြင်ကွင်းကိုကြည့်ပြီး ဘေးပတ်လည်မှ ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများ မျက်ခုံးလှုပ်သွားသည်။ ကမ္ဘာဦး အုပ်ချုပ်သူ၏ သားဖြစ်သူ၊ လောကသခင်သုံးပါးထက် ပို၍ သာလွန်သော ကမ္ဘာဦး အင်မော်တယ် သခင်လေးက ဤသို့သော နည်းဖြင့် အသတ်ခံလိုက်ရသည်တဲ့လား။ အရိုးတစ်ချောင်းပင် မကျန်ရစ်ခဲ့ပေ။

ဝိညာဉ်နန်းတော်သခင်တို့သာမက အရှင်ထျန်းကျစ်ပင် အံ့အားသင့်နေ၏။ ကမ္ဘာဦး အင်မော်တယ် သခင်လေးက သူ့ထက်အရင် သေဆုံးသွားရလိမ့်မည်ဟု ထင်မထားမိချေ။

ထူးဆန်းစွာပင် ယဲ့ဖန်က သရော်ဟန်ဖြင့် ပြုံးလာသည်။

“ဘာမဟုတ်တဲ့ အရာလေးနဲ့ ထွက်ပြေးချင်နေတာလား”

“ထွက်လာခဲ့စမ်း”

ထိုသို့ပြောပြီး ယဲ့ဖန်က မလှမ်းမကမ်းမှ လေဟာနယ်တစ်ခုကို ဖမ်းချုပ်လိုက်သည်။ ရုတ်တရက် ထိုလေဟာနယ် ပေါက်ကွဲသွားပြီး ဗလာနယ် ဖြစ်သွားလေသည်။ ထိုဗလာနယ်ထဲမှနေ၍ မောဟိုက်နေသော လူတစ်ယောက် ထွက်လာသည်။

ထိုသူသည် ကမ္ဘာဦး အင်မော်တယ် သခင်လေး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က စုတ်ပြတ်နေပြီး ထိတ်လန့်ဒေါသထွက်စိတ်ကြောင့် တုန်ယင်နေလေသည်။

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ မင်း … မင်း ငါ့ကမ္ဘာဦး မရဏ အစားထိုးခြင်း အဆောင်ကို ဖောက်မြင်နိုင် တာလား”

ကမ္ဘာဦး အင်မော်တယ် သခင်လေး တုန်လှုပ်သွားသည်။ ထိုအဆောင်သည် သူ့ဖခင်မှ သူ့အတွက် ပြုလုပ်ပေး ထားသော အဆောင် ဖြစ်သည်။

သူ သေရေးရှင်ရေး အခြေအနေနှင့် ကြုံတွေ့ရပါက မရဏ အစားထိုး အဆောင်ကို သုံး၍ ရှောင်ထွက်နိုင်ရန် ပြုလုပ်ပေး ထားခြင်း ဖြစ်လေသည်။

ဤအဆောင်သည် အလွန်အစွမ်းထက်သောကြောင့် အသန်မာဆုံး လောကသခင်ပင် ဖောက်ထွင်းမမြင်နိုင်ပေ။ ဤအဆောင်က အသက်အပိုတစ်ချောင်းနှင့် ညီမျှလုနီးပါးပင်။

ယဲ့ဖန်က ကမ္ဘာဦး မရဏ အစားထိုးအဆောင်အား တစ်ချက်ကြည့်ရုံနှင့် မြင်နိုင်လိမ့်မည်ဟု သူ ထင်မထားမိပါ။

“မင်း သေမယ်လို့ ငါ ပြောခဲ့သားပဲ”

ယဲ့ဖန်က အေးတိအေးစက်ပြုံး၍ ကောင်းကင်ယံမှ ကျို့ရွှမ်း မိုးကြိုးတုတ်ကို လှမ်းကြည့်လိုက်သည်။ ထိုအခါ အစိမ်းရောင် အတက်သုံးခုထွက်နေသော ကျို့ရွှမ်း မိုးကြိုးတုတ်က ရုတ်တရက် ကမ္ဘာဦး အင်မော်တယ် သခင်လေးထံ လှစ်ခနဲ ပြေးဝင်သွားသည်။

ဂျိန်း!

ထို့နောက် နတ်မိုးကြိုး ကျဆင်းလာသည်။ ထိုနတ်မိုးကြိုးသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ နတ်မိုးကြိုး ကျဆင်းမလာခင်မှာပင် ပြင်းထန်လှသော အဖျက်စွမ်းအင်ကြောင့် ကမ္ဘာဦး အင်မော်တယ် သခင်လေး ပေါက်ကွဲလုနီးပါး ဖြစ်ကာ ခန္ဓာကိုယ်တွင်းမှ သွေးများ စိမ့်ထွက်လာသည်။

“ငါ မသေချင်ဘူးကွ”

ကမ္ဘာဦး အင်မော်တယ် သခင်လေးသည် ကျရောက်လာမည့် နတ်မိုးကြိုးကို ကြည့်ပြီး စူးစူးဝါးဝါး အော်ဟစ် လိုက်သည်။ သူ့ထံသို့ သေမင်း နတ်ဘုရား ကျရောက်လာတော့မည်ကို ရှင်းလင်းစွာ ခံစားမိနေ၏။

ဂျိန်း!

ထိုအခိုက်တွင် မိုးကြိုးပစ်သံနှင့်အတူ လေဟာနယ်တစ်ခုလုံး ပေါက်ကွဲသွားသည်။ ပြင်းထန်လှသည့် မိုးကြိုးပစ် သံကြောင့် ကမ္ဘာဦး အင်မော်တယ် သခင်လေး ပြင်းထန်စွာ တုန်ယင်သွားလေသည်။

*ဟမ်*

သို့သော် မိုးကြိုးထိမှန်သည်ဟု မခံစားရသလို မည်သည့် နာကျင်မှုကိုမှ မခံစားရသည်ကို သူ ရုတ်တရက် သတိထားမိသွားသည်။

“ဒါ … ဘာဖြစ်သွားတာလဲ”

ကမ္ဘာဦး အင်မော်တယ် သခင်လေးသည် သူ သေသွားပြီဟု ထင်မှတ်ကာ မယုံသင်္ကာဟန်ဖြင့် မျက်လုံးဖွင့် ကြည့်လိုက်သည်။

ထိုအခါတွင်မှ ဆံပင်များ ဖြူဖွေးနေသော်လည်း နုပျိုပုံပေါက်နေသည့် လူတစ်ယောက်က သူ့ရှေ့၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူသည် အရပ်ရှည်လျား၍ သန်မာကာ ကောင်းကင်ကိုပင် ထမ်းပိုးနိုင်သည့်ပုံ ပေါ်သည်။

“အဖေ … အဖေ”

ထိုလူကို မြင်ပြီးသည်နှင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးသည် ဆောက်တည်ရာမရအောင် ကြောက်ရွံ့နေရာမှ ဝမ်းသာပျော်ရွှင်လာသည်။

ဝုန်း! ဝုန်း!

ထိုစဉ် ကောင်းကင်ယံမှ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး လေဟာနယ် အက်ကွဲလာသည်။ ထို့နောက် ကောင်းကင်ယံမှနေ၍ ပိုထိတ်လန့်ဖွယ်ကောင်းသော လူနှစ်ယောက် ဆင်းလာလေသည်။

“ဒါ … ရှေးဦးလေစွမ်းအင်ပဲ”

အကြီးအကဲယန်သည် ထည်ဝါသော မီးခိုးရောင် အငွေ့အသက်များကို မြင်ပြီး မျက်ခုံးလှုပ်သွားသည်။ ထို့နောက် တောင်ပံများကိုဖြန့်၍ ခတ်လိုက်သည်။

“လွင့်ပြယ်စမ်း”

သူသည် ထိုသို့ကြုံးဝါးပြီး တောင်ပံများကို ခတ်လိုက်သောကြောင့် ပြင်းထန်သော လေမုန်တိုင်းတစ်ခု ကျရောက်လာပြီး ရှေးဦး လေစွမ်းအင်များကို လွင့်ပြယ်သွားသည်။

တစ်ဖက်မှ သခင်မကွမ်းဟန်သည်လည်း ရောက်လာသည်နှင့် ကျို့ရွှမ်း မိုးကြိုးတုတ်ကိုသာ စူးစိုက်ကြည့် နေမိသည်။ အထူးသဖြင့် ကျို့ရွှမ်းမိုးကြိုးတုတ်ပေါ်၌ အစိမ်းရောင် အတက်သုံးခု ထွက်နေသည်ကို မြင်လိုက်ရ ချိန်တွင် မျက်လုံးများ ပြူးကျယ်သွားလေသည်။

“ကျို့ရွှမ်း မိုးကြိုးတုတ် အသက်ဝင်ခြင်း၊ ကောင်းတယ် … သိပ်ကောင်းတယ်”

သခင်မကွမ်းဟန်၏ မျက်လုံး၌ လောဘရိပ်များ စွန်းထင်းလာ၏။ ရုတ်တရက် ကျို့ရွှမ်းမိုးကြိုးတုတ်ကို လှမ်းဖမ်းယူ လိုက်သည်။

ဂျိန်း!

ကျို့ရွှမ်း မိုးကြိုးတုတ် အထက်မှနေ၍ မိုးကြိုးပစ်ချလာပြီး သခင်မကွမ်းဟန်၏ လက်တစ်ဖက် ပျက်စီးသွားပြီး အဝေးသို့ လွင့်ထွက်သွားလေ၏။ ထို့နောက် ကျို့ရွှမ်းမိုးကြိုးတုတ်က ယဲ့ဖန်ထံသို့ ပျံသန်းသွားလေသည်။

လက်ရှိအချိန်တွင် သူတို့သုံးယောက် ရောက်လာသည်ကို ကြည့်ပြီး အရှင်ထျန်းကျစ်နှင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့က ပြုံးနေကြသည်။

“ကောင်းကင်ဘုံက ငါ့ကို မသေစေချင်ဘူးပဲ၊ ဟားဟားဟား … ငါ ထပ်ပြီး အကယ်ခံရပြန်ပြီ”

အရှင်ထျန်းကျစ်သည် အလွန်အမင်း စိတ်လှုပ်ရှားနေသည်။ သူ ယခင်က ကြံရာမရ ဖြစ်နေချိန်တွင် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့၏ ကယ်တင်ခြင်း ခံခဲ့ရသည်။ ယခု ထပ်မံ၍ မျှော်လင့်ချက်မဲ့နေချိန်တွင်လည်း ကမ္ဘာဦး အုပ်ချုပ်သူနှင့် အခြားသူနှစ်ယောက်၏ ကယ်ဆယ်ခြင်း ခံရခြင်း ခံရပြန်သည်။

ယနေ့ သေရမည့်သူက သူ မဟုတ်ဘဲ … ယဲ့ဖန်သာ ဖြစ်ရမည်ဟု တွေးထင်မိသွားသည်။

Chapter 930 အခု … ညစာစားရအောင်

လက်ရှိအချိန်တွင် ကမ္ဘာဦး အုပ်ချုပ်သူ၊ သခင်မကွမ်းဟန်နှင့် အကြီးအကဲယန်တို့ အတူတူ ရောက်ရှိလာသဖြင့် လေထု အခြေအနေက တင်းမာလာလေသည်။

ဝိညာဉ်နန်းတော်သခင်နှင့် ယန်ဝမ် ဟင်းလင်းပြင်မှ သိုင်းပညာရှင်များအပြင် နတ်ဆိုးမျိုးနွယ်များလည်း ရင်တုန်၍ ခြောက်ခြားနေကြသည်။

ထိုလူတစ်ယောက်ချင်းစီထံမှ တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါများ ရှိနေပြီး ထိုအရှိန်အဝါက အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့နေသဖြင့် အားလုံးအား ခေါင်းမွေးထောင်သွားစေသည်။

ထိုသူသုံးယောက်ထဲမှ မည်သူမဆို လက်တစ်ဖက် လှုပ်လိုက်ရုံဖြင့် ဤစကြဝဠာတစ်ခုလုံးကို ကပြောင်းကပြန် ဖြစ်အောင် လုပ်နိုင်သည့်ပုံပင်။

တောက်! တောက်!

ဝိညာဉ်သခင်နှင့် အခြားသူများအားလုံး ထိုလူသုံးယောက်ကို ကြည့်ပြီး နဖူးမှ ချွေးတဒီးဒီး ကျလာပြီး ကြက်သီး မွေးညင်း ထနေကြသည်။

“ချီးတဲ့မှပဲ၊ အဲ့လူသုံးယောက်ဆီကနေ ငါ ဘာလို့ ယန်ဝမ် လျှို့ဝှက်နယ်မြေက ပုဂ္ဂိုလ်တွေရဲ့ အရှိန်အဝါမျိုး ခံစားမိ နေရတာလဲ”

*ယန်ဝမ် လျှို့ဝှက်နယ်မြေ*

ဝိညာဉ်နန်းတော်သခင်နှင့် အခြားသူများသည် ထိုလူသုံးယောက်၌ ယန်ဝမ် လျှို့ဝှက်နယ်မြေမှ ပုဂ္ဂိုလ်များကဲ့သို့ ပြင်းထန်လှသည့် ဖိအားမျိုး ရှိနေသည်ဟု တပ်အပ် ပြောနိုင်နေသည်။

ထိုကဲ့သို့သော လူစားမျိုး သုံးယောက်တိတိ ရောက်လာသဖြင့် သူတို့၏ သတ်ဖြတ်ချင်သော အငွေ့အသက်ကြောင့် အားလုံး အေးစိမ့်သွားလေသည်။

“ဟားဟားဟား …”

ဝိညာဉ်နန်းတော်သခင်တို့နှင့် နတ်ဆိုးမျိုးနွယ်များ တုန်လှုပ်နေချိန်တွင် အရှင်ထျန်းကျစ်နှင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့က ဟားတိုက် ရယ်မောလေ၏။

သူတို့သည် သေမင်းနှုတ်ခမ်းဝမှ လွတ်မြောက်လာသဖြင့် စိတ်လှုပ်ရှားကာ ဝမ်းသာနေကြသည်။

“နတ်ဆိုးဧကရာဇ်၊ နတ်ဆိုးဧကရာဇ်၊ မင်းက တော်တော်ကို ကံဆိုးတဲ့ကောင်ပဲ”

“ဟားဟားဟား … ကံဆိုးလိုက်တဲ့ကောင်”

လက်ရှိအချိန်တွင် အရှင်ထျန်းကျစ်က ဘဝင်မြင့်စွာ ပြုံးရယ်နေပြီး ယဲ့ဖန်အား ထီမထင်သလို စိုက်ကြည့်နေ၏။

“နတ်ဘုရင်အဆင့်လေးနဲ့ မင်းအရင်ဘဝက ခွန်အားကို ယှဉ်လို့ရနေတယ်ဆိုတော့ တကယ့်ကို နတ်ဆိုး တစ်ကောင်ပဲ၊ ဒါပေမဲ့ ငါတို့ကို သတ်ချင်နေတဲ့ မင်းကံက တော်တော်ဆိုးတာပဲ၊ မင်းက ငါတို့ သတ်တာကို ခံရဖို့ ကံပါနေတာ”

ထိုသို့ပြောပြီးနောက် အရှင်ထျန်းကျစ်က သခင်မ ကွမ်းဟန်နှင့် အကြီးအကဲယန်တို့ကို အရိုအသေပေးလိုက်ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။

“စီနီယာနှစ်ယောက်တို့၊ အခုလေးတင် ဒီလူသတ်သမားက နောင်တော် ဝမ်လီနဲ့ ဇီထျန်းတို့ကို ရက်ရက်စက်စက် သတ်လိုက်ပါတယ်”

“စီနီယာနှစ်ယောက်တို့က နောင်တော်နှစ်ယောက်အတွက် လက်စားချေပေးမယ်လို့ မျှော်လင့်ပါတယ်”

ထိုသို့ပြောပြီးသည်နှင့် အရှင်ထျန်းကျစ်က သခင်မကွမ်းဟန်နှင့် အကြီးအကဲယန်တို့ကို ဒူးထောက်၍ အရိုအသေ ပေးလေသည်။

သူသည်သာမက ဘေးနားမှ ကမ္ဘာဦး အင်မော်တယ် သခင်လေးသည်လည်း ယဲ့ဖန်ကို စိုက်ကြည့်၍ ပျက်ရယ်ပြု လိုက်သည်။ ထို့နောက် ရှေ့သို့ တက်လာပြီး သခင်မကွမ်းဟန်နှင့် အကြီးအကဲယန်တို့အား အရိုအသေ ပေးလိုက်သည်။

“စီနီယာတို့၊ ဒီလူသတ်သမားကို သတ်ပြီး နောင်တော်နှစ်ယောက်အတွက် လက်စားချေပေးပါ”

သူတို့၏ စကားသံ၌ ရက်စက်ခက်ထန်မှုများ ပျော်ဝင်နေသည်။ ထိုအခါ သခင်မ ကွမ်းဟန်နှင့် အကြီးအကဲယန်တို့၏ မျက်နှာထားက ပို၍သုန်မှုန်လာသည်။

သခင်မကွမ်းဟန် မျက်လုံးမှိတ်လိုက်ချိန်တွင် မျက်ရည်များ စီးကျလာ၏။ လေထဲ၌ မျောလွင့်နေသော ဇီထျန်း၏ သွေးစက်များကို သူ ခံစားမိနေသည့်ပုံပင်။

“ဇီထျန်း၊ ငါ မင်းကို သုံးနှစ်အရွယ်ကတည်းက မွေးစားခဲ့ပြီးတော့ သားတစ်ယောက်လို စောင့်ရှောက်ခဲ့တယ်”

“မင်း တဖြည်းဖြည်း ကြီးပြင်းလာပြီး ထူးချွန်တဲ့ ဘုရင်တစ်ပါး ဖြစ်လာခဲ့တာကို ငါ စောင့်ကြည့်ခဲ့တယ်”

သခင်မကွမ်းဟန်၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ စွန်းထင်းနေ၏။

“ဒီတစ်ခေါက် ငရဲဘုံက ကိစ္စပြီးရင် မင်းကို ယင်ယန် မိုးကြိုးတောင်ကြားမှာ ငါ့လို ခယ့်ချင်အကြီးအကဲအဖြစ် ခန့်အပ်ဖို့ တောင်းဆိုမယ်လို့ ငါ တွေးခဲ့တယ်၊ ဒါပေမဲ့ ငရဲဘုံမှာ မင်း ဒီလိုမျိုး သေသွားရလိမ့်မယ်လို့ ထင်မထားမိဘူး”

“ဒါ ငါ့အမှားကြောင့်ပါ၊ ငါ မင်းကို ခေါ်မလာခဲ့သင့်ဘူး”

“ဒါက လူသတ်သမားရဲ့ အမှားပဲ၊ မင်း အသတ်မခံရသင့်ဘူး”

သခင်မကွမ်းဟန်၏ နောက်ဆုံးစကား၌ မုန်းတီးစိတ်နှင့် လူသတ်ချင်စိတ်များ ပြည့်နှက်နေသည်။ ထို့နောက် သူမက မျက်လုံးပြန်ဖွင့်၍ ယဲ့ဖန်အား ရက်စက် ကြမ်းကြုတ်စွာ စူးစိုက်ကြည့်လာသည်။

“နတ်ဆိုးဧကရာဇ် ငါ မင်းကို မသတ်ချင်ခဲ့ဘူး၊ မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာကတော့ စိတ်မကောင်း စရာပဲ”

သခင်မကွမ်းဟန်သာမက အကြီးအကဲယန်သည်လည်း လေထဲ မျောလွင့်နေသည့် ပြာမှုန်များကို ငေးကြည့်နေသည်။

*ဒါ ငါ့ဝမ်လီရဲ့ ပြာတွေပဲ*

အကြီးအကဲယန်၏ ခန္ဓာကိုယ်က တုန်ယင်လာပြီး မျက်လုံးများက ရဲရဲနီလာလေသည်။

“ငါ့အစ်ကိုကြီးမှာ ဝမ်လီနဲ့ ဟေးဒီးစ်ဆိုတဲ့ သားနှစ်ယောက်ပဲ ရှိခဲ့တာ”

“ငါ့တူနှစ်ယောက်လုံး လူတစ်ယောက်တည်းရဲ့ လက်ထဲမှာပဲ သေရလိမ့်မယ်လို့ ငါ ထင်မထားခဲ့မိဘူး”

“ကောင်းတယ်၊ သောက်နတ်ဆိုးဧကရာဇ်”

ထိုလူအိုကြီးနှစ်ယောက်သည် သားတပည့်နှင့် တူတို့ အသတ်ခံလိုက်ရသောကြောင့် ရူးသွပ်နေကြသည်ကို လူတိုင်း ရိပ်စားမိလာသည်။

ဤသည်ကိုကြည့်ပြီး ကမ္ဘာဦး အုပ်ချုပ်သူက အသာပြုံး၍ ရှေ့ထွက်လာလေသည်။ သူက ယဲ့ဖန်ကို သရော်ပြုံးပြုံး၍ ကြည့်လိုက်သည်။

“နတ်ဆိုးဧကရာဇ် မင်း သိလား”

“ငါ ဟွမ်အာကို အလစ်ချောင်းတိုက်ခဲ့ပြီးတော့ သူ့ကို ကမ္ဘာဦး ချောက်နက်ထဲ ပြုတ်ကျအောင် လုပ်ခဲ့တာ”

“သူက သတို့သမီးဝတ်စုံလေး ဝတ်ထားတာကွ၊ မင်းအတွက် သတို့သမီးဝတ်စုံပေါ့”

ထိုစကားကြောင့် ယဲ့ဖန်သည် ချက်ချင်းဆိုသလို တုန်ယင်လာပြီး အကြည့်များက သားရဲရိုင်းတစ်ကောင်၏ အကြည့်များကဲ့သို့ ကြမ်းကြုတ်လာသည်။

“ကောင်းတယ်၊ အဲ့လိုအကြည့်မျိုး ဖြစ်နေရမှာ”

ကမ္ဘာဂ အုပ်ချုပ်သူက ယဲ့ဖန်၏ အန္တရာယ်ပေးလိုသော အမူအရာကို ကြည့်ပြီး သွေးပျက်ရမည့်အစား ပို၍ ညစ်ကျယ်ကျယ်ဟန်ဖြင့် ရယ်မောလေသည်။

“သူက မင်းအတွက်နဲ့ သတို့သမီးဝတ်စုံဝတ်ပြီး ချောက်ထဲ ကျခဲ့တယ်၊ ပြီးတော့ မင်းကလည်း သူ့အတွက်နဲ့ သွေးအလိမ်းလိမ်း သေရတော့မယ်”

“မင်းတို့ရဲ့ ချီးကျူးထိုက်တဲ့ အချစ်ဇာတ်လမ်းလေးက ငါ့လက်ထဲမှာ အဆုံးသတ်ရတော့ …”

“သိပ်ကောင်းတယ်”

ကမ္ဘာဦး အုပ်ချုပ်သူသည် ယဲ့ဖန်အား သွေးအလိမ်းလိမ်းဖြစ်အောင် ညှင်းဆဲနှိပ်စက်ပြီး သတ်ပစ်မည်ဟု တွေးတောကာ စိတ်လှုပ်ရှားနေ၏။ စိတ္တဇကဲ့သို့သော စိတ်လှုပ်ရှားမှုမျိုးပင်။

လက်ရှိအချိန်တွင် သူတို့သုံးယောက်၏ သတ်ဖြတ်ချင်လိုသော စကားများကို ကြားပြီး ယဲ့ရွှင်းအာနှင့် ဝိညာဉ် နန်းတော်သခင်တို့ အားလုံး ကြက်သီးထလေသည်။ ယခုတစ်ချိန်တွင်တော့ အားလုံး၏ ရင်ထဲတွင် ခဲဆွဲခံ ထားရသကဲ့သို့ ဖြစ်နေလေ၏။

ထိုလူအိုကြီးသုံးယောက်က ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့ထက် သာလွန် ထူးခြားလှသည်ကို သူတို့ ရိပ်စားမိသည်။ သူတို့ တစ်ယောက်ချင်းစီသည် လောကသခင်များထက် အဆပေါင်းများစွာ ပို၍ သန်မာသူများ ဖြစ်သည်။

ထိုကဲ့သို့သော လူမျိုး သုံးယောက်တိတ် ရောက်လာသည်ကို တွေးတောမိပြီး ယဲ့ရွှင်းအာနှင့် ဝိညာဉ်နန်းတော် သခင်တို့သည် ယဲ့ဖန်အား ထွက်ပြေးရန် ဖျောင်းဖျချင်လာကြသည်။

သို့ရာတွင် သူတို့ တစ်ခွန်းမှ မပြောရသေးခင်ပင် ယဲ့ဖန်၏ စကားသံ ထွက်ပေါ်လာ၏။ သူက ကမ္ဘာဦး အုပ်ချုပ်သူအား အေးတိအေးစက် မျက်လုံးများဖြင့် စူးစိုက်ကြည့်၍ ပြောလေသည။

“မင်းလုပ်ရပ်အတွက် မင်း အော်ဟစ်စေရမယ်၊ ငယ်သံပါအောင် အော်ဟစ်စေရမယ်”

“ဘာ”

မောက်မာ ခက်ထန်လှသော စကားကြောင့် ကမ္ဘာဦး အုပ်ချုပ်သူတို့ သုံးယောက်လုံး မှင်တက်သွားသည်။ သေခါနီး ဖြစ်နေသည့် ယဲ့ဖန်က ဤသို့သော စကားမျိုး ပြောရဲလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။

အထူးသဖြင့် အရှင်ထျန်းကျစ်နှင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့က ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်၍ ပြောလာသည်။

“ဟားဟားဟား … နတ်ဆိုးဧကရာဇ်၊ ကြည့်ရတာ ခင်ဗျားက ကြောက်လန့်နေပြီးတော့ ဉာဏ်မရှိဘူး ထင်တယ်၊ မင်း ဘယ်လောက်ပဲ သန်မာနေပါစေ၊ မင်းမှာ နတ်ဓား၊ ကျို့ရွှမ်းမိုးကြိုးတုတ်နဲ့ ရှေးဦး လေစွမ်းအင် ရှိနေတယ် ဆိုရင်တောင်မှ ဘာအရေးလဲ”

“မင်းက နတ်ဘုရင်အဆင့်လေးပဲ ရှိသေးတာလေ၊ မင်း အဲ့ဒါတွေရဲ့ ပြိုင်ဘက်ကင်းလှတဲ့ စွမ်းအားကို အကုန် ထုတ်မသုံးနိုင်သေးဘူး”

“မင်း ပိုပိုမောက်မာလေ မြန်မြန်သေလေပဲကွ၊ ဟားဟားဟား …”

အရှင်ထျန်းကျစ်နှင့် ကမ္ဘာဦး အင်မော်တယ် သခင်လေးတို့သည် ယဲ့ဖန်၏ အော်ဟစ်သံကို ကြားချင်နေပုံရသည်။ သူတို့၏ မျက်နှာတွင် အထင်သေး လှောင်ပြောင်လိုဟန်များ ဖုံးဖိမရပေ။ နှစ်ယောက်လုံးက ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။

သို့သော်ငြားလည်း ယဲ့ဖန်က သူတို့၏ လှောင်ပြောင်မှုကို အရေးမလုပ်ပေ။ သူသည် ခေါင်းကိုငုံ့၍ အင်္ကျီလက်စကို ကြည့်ကာ နတ်ဆိုးသဖွယ် ပြုံးလိုက်သည်။

“မင်း ဗိုက်ဆာနေပြီမလား၊ အစာစားချိန်ရောက်ပြီ”

“အခု သားကောင်တွေကို ဆွဲဆောင်ပြီးသွားပြီဆိုတော့ … ညစာစားရအောင်”

*ဟမ်*

ယဲ့ဖန်၏ တစ်ကိုယ်တည်း ပြောနေသော စကားကြောင့် လူတိုင်း တွေဝေသွားကြသည်။

*ဒီကောင် ရူးသွားတာလား*

*ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း စကားပြောနေတာလား*

“အရူး”

အရှင်ထျန်းကျစ်က ဟက်ဟက်ပက်ပက် ရယ်မောနေပြီး ယဲ့ဖန်ကို လက်ညှိုးထိုးကာ လှောင်ပြောင်လေသည်။

“နတ်ဆိုးဧကရာဇ်က တကယ် ကြောက်နေတဲ့ပုံပဲ၊ ဘာတဲ့ သားကောင် ဟုတ်လား၊ ညစာစားမယ် ဟုတ်စ၊ ဟားဟားဟား …”

“မင်းသာ ဘာမျှမပြောခဲ့ဘူးဆိုရင် မင်းမှာ ကြောက်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန် ရှိတယ်လို့ ငါ ထင်မိ …”

ထိုအချိန်တွင် အရှင်ထျန်းကျစ်၏ အိမ်မွေးတိရစ္ဆာန်ဟူသော စကား မဆုံးသေးခင်မှာပင် ကျွိကျွိဟူသော အသံက ယဲ့ဖန်၏ အင်္ကျီလက်ထဲမှ ထွက်ပေါ်လာသည်။

ထိုအသံကြောင့် လူတိုင်း ကတုန်ကယင်ဖြစ်ကာ အကြီးအကျယ် မျက်နှာပျက် သွားကြသည်။

စာစဉ် (၆၂) ဤတွင် ပြီးပါပြီ။

All Chapters