← Chapters

အခန်း (၉၄၃-၉၄၅)

Vol. 63 Ch. 943-945

အခန်း (၉၄၃-၉၄၅)

Vol. 63 Ch. 943-945

Chapter 943 အိပ်မက်ဆိုးနှင့် ပြန်တွေ့လိုက်ရခြင်း

ဆိုင်အတွင်း၌ အပ်ကျသံပင် ကြားမတတ် တိတ်ဆိတ်လှပြီး ချွေးသီးချွေးပေါက် ကျနေသံများသာ ထွက်ပေါ် နေ၏။

လူတိုင်းသည် မိမိလည်ပင်းအား မမြင်ရသော လက်ကြီးတစ်ဖက်က ဖျစ်ညှစ်ထားသဖြင့် အသက်ရှူရ ခက်နေသည်ဟု ခံစားမိနေသည်။ တွင်းချိုင့်များထဲမှ သွေးညှီနံ့များက တလှိုင်လှိုင်ထ နေသဖြင့် လူတိုင်း တုန်လှုပ် နေကြသည်။

အရှင်ရွှမ်ကျုံးနှင့် အခြားသူများတောင်မှ တစ်ခဏမျှ ကြက်သီးမွေးညင်း ထနေလေသည်။

“နတ်ဘုရင်အဆင့်လေးက ဒီလို ကြောက်စရာကောင်းတဲ့ တိုက်ပွဲဝင်ခွန်အားမျိုး မရှိနိုင်ဘူး”

“ဒါ ချမ်ခွန်းတူရဲ့ သူမတူတဲ့ စွမ်းအားပဲ ဖြစ်မယ်၊ အဲ့ဒါပဲ ဖြစ်ရမယ်”

အရှင်ရွှမ်ကျုံးနှင့် အခြားသူများ တုန်ယင်နေသည်။ သူတို့အားလုံး၏ စိတ်ထဲတွင် ချမ်ခွန်းတူကြောင့်သာလျင် နတ်ဘုရင်အဆင့်သာ ရှိသော ယဲ့ဖန်က ကြောက်စရာကောင်းနေခြင်း ဖြစ်သည်ဟု ကောက်ချက်ချလာသည်။

အထူးသဖြင့် ဆိုင်ရှင်ပင်။ လက်ရှိအချိန်၌ သူ၏မျက်နှာထားသည် စက္ကူကဲ့သို့ ဖြူရော်နေပြီး စိတ်ထဲတွင် နောင်တရလုနီးပါး ဖြစ်နေ၏။

ယဲ့ဖန်က ဤသို့ ကြောက်စရာကောင်းသည်ကိုသာ သူ ကြိုသိခဲ့ပါက အသတ်ခံရမည်ဆိုလျင်တောင်မှ သူ ယဲ့ဖန်ကို သစ္စာဖောက်ရဲမည် မဟုတ်ပါ။

“ဘာလုပ်ရမလဲ၊ ငါ အခု ဘာလုပ်ရမလဲ”

“ဒီကောင်က ငါ့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး”

လက်ရှိအချိန်၌ ဆိုင်ရှင်၏စိတ်ထဲတွင် နှလုံးပေါက်ထွတ်မတတ် ဖြစ်နေ၏။

“မင်းတို့ လိုချင်ကြသေးလား”

ထိုစဉ် ရုတ်တရက် အေးတိအေးစက်အသံ ထွက်လာလေသည်။ ထိုစကားသံကြောင့် လူတိုင်း ကြက်သီးထ သွားကြသည်။ ယဲ့ဖန်က သွေးစွန်းနေသော ချမ်ခွန်းတူကိုကိုင်၍ အားလုံးကို တူဖြင့်ညွှန်၍ မေးလေသည်။

“မင်း လိုချင်လား”

သူက သိုင်းပညာရှင်တစ်ယောက်ကို ကြည့်၍ မေးလိုက်သည်။ ထိုသိုင်းပညာရှင်သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး လက်တကာကာဖြင့် ငြင်းလေသည်။

“ဟင့် … ဟင့်အင်း၊ ငါ မလိုချင်ဘူး”

ထိုသူ ငိုလုနီးပါး ဖြစ်နေ၏။

*ဒီလောက် ကြောက်ဖို့ကောင်းတဲ့ဟာကို*

သူ့စိတ်ထဲတွင် ချမ်ခွန်းတူအား ရတနာဟု မမြင်တော့ဘဲ သေမင်းတမန်၏ တံစဉ်ဟုသာ မြင်ယောင်လာသည်။ ဤသည်ကို ကြည့်ပြီး ယဲ့ဖန်က အားပါးတရ ပြုံးလိုက်ပြီး နောက်တစ်ယောက်ကို တူထိုးပေးလိုက်သည်။

“မင်း လိုချင်လား”

“ဟင့်အင်း၊ မလို …မလိုချင်ပါဘူး၊ ငါ ဘယ်တုန်းက ပြောခဲ့လို့လဲ …”

ယဲ့ဖန် ကြည့်နေသောကြောင့် ထိုသူသည် ရေခဲကန်ထဲ ကျသွားသကဲ့သို့ ခိုက်ခိုက်တုန်ကာ ကြောက်လန့်တုန်လှုပ် သွားသည်။

ထိုအခိုက်တွင် ယဲ့ဖန်အား တစ်ယောက်ပြီးတစ်ယောက်ကို လိုက်မေးလေသည်။ သို့သော် သိုင်းပညာရှင်တိုင်းက တစ်ခါမက လက်ကာပြ၍ ငြင်းဆန်ကြသည်။ နောက်ဆုံးတွင် ယဲ့ဖန်၏ အကြည့်က အဓိက နတ်ဘုရားအဆင့် ရွှမ်ကျုံးထံ ကျလာပြီး ပြုံး၍ ဆက်မေးလိုက်သည်။

“ဒီတော့ မင်း လိုချင်တာပေါ့”

ထိုသို့ ရိုးစင်းလှသော စကားတစ်ခွန်းသည် ရွှမ်ကျုံး၏ စိတ်ထဲတွင် မိုးကြိုးပစ်ချ ခံလိုက်ရသလိုပင်။

“မဟုတ်ဘူး … ငါ မဟုတ်ဘူး၊ ငါ မလိုချင်ဘူး၊ ဘယ်ခွေးမသား လိုချင်တယ်‌ ပြောတာလဲ …”

ရွှမ်ကျုံးက လေသံမာမာဖြင့် အော်ပြောလိုက်သည်။ တစ်ချိန်က ဝင့်ကြွားထောင်လွှားခဲ့သူက သူ မဟုတ်တော့ သလိုပင်။

ထို့အပြင် သူက “ဘယ်ခွေးမသား လိုချင်တယ် ပြောတာလဲ” ဟူသော စကားဖြင့် လူတိုင်းကို ကြိမ်းမောင်း နေသဖြင့် အားလုံး နေရထိုင်ရ ခက်နေကြသည်။ ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က ပခုံးတွန့်၍ ပြုံးလိုက်သည်။

“ယင်ယန် ထိပ်တန်းအဆင့် ရတနာကိုတောင် မလိုချင်တော့ဘူးလား၊ မင်းတို့က တော်တော် ကြင်နာတတ်တာပဲ”

“ဒီလိုဆိုမှတော့ နှုတ်ဆက်ပါတယ်”

ထိုသို့ပြောပြီး ယဲ့ဖန်က လက်ပြ၍ ထွက်သွားရန် ပြင်လေသည်။ ဤသည်ကိုကြည့်ပြီး လူတိုင်း စိတ်အေးသွားရသလို ထွက်သွားရမည်ကိုလည်း မလိုလားစိတ် ဝင်လာသည်။

ချမ်ခွန်းတူသည် ထိပ်တန်းအဆင့် ရတနာဖြစ်ပြီး နတ်ဘုရင်အဆင့်၏ လက်ထဲ ရောက်သွားချိန်တွင် နတ်သခင်များကိုတောင် အလွယ်တကူ သတ်နိုင်နေသည်။ ထိုသို့ဆိုလျင် နတ်သခင် တစ်ယောက်၏ လက်ထဲကိုသာ ရောက်သွားပါက အရှင်သခင်ကိုပင် သတ်နိုင်လောက်သည်။

ထိုသို့တွေးမိပြီးနောက် အရှင်ရွှမ်ကျုံးနှင့် အခြားသူများသည် ယဲ့ဖန်ကို မနာလိုအားကျလာကြသည်။

“မင်းက သွားတော့မလို့လား”

ထိုစဉ် မာကျောသော လေသံတစ်သံ ထွက်လာသဖြင့် အရှင်ရွှမ်ကျူးနှင့် အခြားသူများ အံ့ဩသွားပြီးမှ ဝမ်းသာ သွားလေသည်။

ထို့နောက် လမ်းမထက်မှ လူတစ်စု လာနေသဖြင့် လူတိုင်း လမ်းဖယ်ပေးကြလေသည်။ အင်အားကြီးမားသော လူတစ်စုက ဤနေရာသို့ ဖြည်းဖြည်းချင်း လာနေ၏။ လူဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်ငါးရာ။

ထိုသိုင်းပညာရှင်များအားလုံးသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသဖြင့် တော်ဝင်ဆန်ကာ တုန်လှုပ်ဖွယ် ကောင်းလှသည်။ ထိုသူများထဲမှ အားအနည်းဆုံးသူသည် နတ်သခင် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် ဖြစ်သည်။

ထိုလူများထဲတွင် အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင် အယောက်တစ်ရာနီးနီး ပါဝင်လေသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသော လူငယ်လေးက ကြောက်လန့်ဖွယ် အကောင်းဆုံးလူပင်။ သူ၏ ခြေလှမ်းတိုင်း၌ တာအို သဘောတရားများနှင့် ညီမျှနေသလိုပင်။

သူ၏ ခြေလှမ်းတိုင်း၌ သတ်ဖြတ်ချင်စိတ်များ ပျော်ဝင်နေ၏။ ထိုလူစုကို မြင်သည်နှင့် အရှင် ရွှမ်ကျူးနှင့် အခြားသူများ အလွန် အံ့ဩသွားသည်။

“နောက်ဆုံးတော့ ဟွမ်မိသားစုက လူတွေ ရောက်လာပြီပဲ၊ ဒီနတ်ဘုရင်အဆင့်ကောင်က အရှင်ခေးမူကို သတ်ခဲ့တာဆိုတော့ ပွဲတော့လှပြီ”

“အဲ့ဒါ ဟွမ်မိသားစုရဲ့ နံပါတ်တစ် ပါရမီရှင် ဟွမ်ကျီလေ၊ မြတ်စွာဘုရား သူ လောကသခင် တစ်ပိုင်းအဆင့်ကို အဆင့်တက်သွားပြီလို့ ငါ ကြားခဲ့ဖူးတယ်၊ သူ့ခွန်အားက လောကသခင်နဲ့တောင် ယှဉ်လို့ရနေပြီ”

“ပွဲသိမ်းပြီ၊ မောက်မာတဲ့ နတ်ဘုရင်အဆင့်ကောင်တော့ ဒုက္ခရောက်ပြီ၊ လောကသခင်နဲ့ ယှဉ်လို့ရတဲ့ ဟွမ်ကျီအပြင် ဟွမ်မိသားစု သိုင်းပညာရှင် အယောက်ငါးရာပါ ပါလာတယ်ဆိုတော့ သူ့ချမ်ခွန်းတူက အစွမ်းထက် လျင်တောင်မှ သေရမှာပဲ”

“…”

လက်ရှိအချိန်တွင် ဘေးပတ်လည်မှ လူများအားလုံး ပြောဆိုနေကြသည်။ အသက်ရှင်ကျန်ရစ်ခဲ့သော အရှင်ရွှမ်ကျူးနှင့် သိုင်းပညာရှင် အယောက်ငါးဆယ်တို့မှာမူ ဝမ်းသာအားရ ဖြစ်နေပြီး ယဲ့ဖန်အား ရက်စက် ကောက်ကျစ်စွာ ကြည့်လာသည်။

ထို့အပြင် ဘေးပတ်လည်မှ လမ်းသွားလမ်းလာများကလည်း ယဲ့ဖန်၏ ဆိုးရွားသော ဇာတ်သိမ်းကို မြင်ယောင် နေဟန်ဖြင့် ကြည့်နေကြသည်။

ထိုစဉ် လူနှစ်ယောက်က ဟွမ်မိသားစုဝင်များထံသို့ လျင်မြန်စွာ ပြေးထွက်သွားကြသည်။ ထိုသူများမှာ အရှင် ရွှမ်ကျူးနှင့် ဆိုင်ရှင်တို့ ဖြစ်သည်။

“သခင်လေး၊ နောက်ဆုံးတော့ ခင်ဗျား ဒီရောက်လာပြီပဲ၊ လူသတ်သမားက ရက်စက်လွန်းတယ်၊ အစ်ကိုမူကို သတ်ရုံတင်မကဘဲ ရင်ဟွမ်မြို့က သိုင်းပညာရှင် ငါးဆယ်ကျော်ကို သတ်လိုက်သေးတယ်၊ သခင်လေး သူ့ကို နုတ်နုတ်စင်း သင့်ပါတယ်”

အရှင်ရွှမ်ကျူးက ယဲ့ဖန်ကို စဉ်းလဲစွာ လှမ်းကြည့်လိုက်ပြီးနောက် မောက်မာသော နတ်ဘုရင်အဆင့် လူငယ်၏ သေဆုံးမှုကို မြင်ရတော့မည်ဟု တွေးကာ စိတ်လှုပ်ရှားနေသည်။ သူသည်သာမက ဆိုင်ရှင်ကလည်း အထင်သေးစွာ ပြုံးနေ၏။

“သခင်လေး ကျွန်တော်က ဒီကောင် အရှင်ခေးမူကို သတ်လိုက်မှန်း သိလို့ သူ့ကို တမင်အချိန်ဆွဲပြီး ဒီမှာ ရှိနေအောင် လုပ်ခဲ့တာပါ”

“အခု သခင်လေး ရောက်လာပြီဆိုတော့ ဒီကောင့်ကို သတ်လိုက်ပါ၊ ချမ်ခွန်းတူကိုလည်း သခင်လေး အပိုင်သိမ်း လိုက်ပါ”

သူတို့၏ မျက်နှာချိုသွေးသော စကားများကြောင့် ဟွမ်ကျီနှင့် ဟွမ်မိသားစုဝင်များအားလုံး ဂုဏ်ယူ ဝင့်ကြွားဟန်ဖြင့် ပြုံးလာသည်။

ထို့နောက် သူတို့က အရှေ့မှ ယဲ့ဖန်ကို လှမ်းကြည့်လိုက်သည်။ ထိုသို့ လှမ်းကြည့်လိုက်သည်နှင့် ဟွမ်ကျီနှင့် ဟွမ်မိသားစုဝင်များအားလုံး မှင်တက်သွားသည်။

*ဘယ်လိုလုပ်…*

ဟွမ်မိသားစုသည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေကြသည်။ ဟွမ်ကျီဆိုလျင် သူနှင့် အခြားသူများ ငရဲဘုံ၌ လက်ဝါးတစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရသည့် အဖြစ်ကို တစ်သက်လုံး အမှတ်ရနေခဲ့သည်။

ထိုစဉ်က သူတို့၏ခွန်အားက ဥပဒေသကြောင့် ဖိနှိပ်ခံထားရသော်လည်း တစ်ဖက်လူ၏ ကြမ်းကြုတ်မှုက သူ ပြန်သတိရတိုင်း ကြက်သီးထမိဆဲပင်။ သူသည်သာမက ဟွမ်မိသားစုဝင်များအားလုံး ထိုအဖြစ်ကို အမှတ်ရ နေကြသည်။

ရှေးဟောင်း နတ်ဘုရား စိတ်ဝိညာဉ် သုံးဆယ့်နှစ်ခုနှင့် ပါရမီရှင် နှစ်ဆယ့်လေးယောက်လုံးသည် ထိုသူရှေ့၌ ဒူးထောက်၍ အညံ့ခံကြောင်း သီချင်းဆိုခဲ့ရသည်။

သူသည် ကျင်းဖန်းအား လက်ဖြင့် ဆွဲစုတ်ခဲ့ပြီး ရှေးဟောင်းမိသားစုများကို ခြိမ်းခြောက် အကျပ်ကိုင်ခဲ့သည်။ ထိုအဖြစ်သည် သူတို့၏ဘဝ၌ အိပ်မက်ဆိုးတစ်ခုလိုပင်။ ယခုအခါ၌ ထိုအိပ်မက်ဆိုးက သူတို့ရှေ့၌ ရပ်နေလေ၏။

ချက်ချင်းဆိုသလိုပင် ဟွမ်မိသားစုဝင်များအားလုံးသည် မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး ယဲ့ဖန်ထံသို့ ခပ်သွက်သွက် လှမ်းလာကြသည်။ သူတို့၏ ခြေသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသည်။ အထူးသဖြင့် သိုင်းပညာရှင် အယောက်ငါးရာလုံး ပြိုင်တူလှုပ်ရှားလာသဖြင့် ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါက အတောမသတ်နိုင်လောက်အောင် ပျံ့လွင့်နေ၏။

Chapter 944 လက်ညှိုးညွှန်ရာ ပြာဖြစ်စေ

ဟွမ်ကျီ ဦးဆောင်လာသော ဟွမ်မိသားစုဝင် သိုင်းပညာရှကင် အယောက်ငါးရာတို့က ယဲ့ဖန်ထံ အလျင်အမြန် လှမ်းသွားကြသည်ကို မြင်ပြီး ဘေးပတ်လည်မှ လူတိုင်း ဆူညံပွက်လောရိုက်သွားသည်။

ချမ်ခွန်းတူကို လုယူချင်ခဲ့ကြသည် သိုင်းပညာရှင် အယောက်ငါးဆယ်တို့သည်လည်း စဉ်းလဲစွာ ပြုံးနေကြပြီး ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။

“ဟားဟားဟား … နောက်ဆုံးတော့ ဝဋ်ပြန်လည်ပြီပဲ၊ ဒီကောင်က ငါတို့လူတွေ အများကြီးကို သတ်ထားတာ၊ အခု သူ ဘယ်လို သေမလဲ ကြည့်ရသေးတာပေါ့”

“ဟမ့် လုပ်ပါဦး မိုက်ရူးရဲဆန်ပြဦးလေ၊ ထောင်လွှားပါဦးလား၊ ဟွမ်မိသားစုရဲ့ သွားထောင်လွှားပြလို့ကတော့ သူ့အတွက် အကျိုးယုတ်မှာပဲ”

“အဲ့လူသတ်သမားကို သတ်ပစ်လိုက်ပါ၊ သူ့ကို ရှစ်ပိုင်းပိုင်းပြီး ခွေးစာကျွေးပစ်လိုက်တာ အကောင်းဆုံးပဲ”

“…”

ထိုသိုင်းပညာရှင် အယောက်ငါးဆယ်သည် ယဲ့ဖန်ကို ကြောက်ရွံ့လုနီးနီး ဖြစ်ခဲ့ကြသဖြင့် ယခုအခါတွင် သူတို့စိတ်ထဲမှ ဒေါသစိတ်အား ဖြေဖျောက်နိုင်ရန် ဝိုင်းပြောနေကြသည်။

သူတို့အားလုံးသည် ယဲ့ဖန်တစ်ယောက် ဟွမ်မိသားစု၏ သတ်ဖြတ်ခြင်း ခံရပြီး သူ၏ သေဆုံးမှုက ဆိုးရွားလှသည်ဟု မြင်ယောင်နေကြသည်။ သူတို့ထက် အပျော်ဆုံးသူမှာ အရှင်ရွှမ်ကျုံးနှင့် ဆိုင်ရှင်ပင်။

အဓိကနတ်ဘုရားအဆင့် ရွှမ်ကျုံးသည် ယဲ့ဖန်ကြောင့် သူ မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို ခံစားခဲ့ရသည်။ ယခုအချိန်၌ သူ ကြောက်လန့်ခဲ့ရသော လူက အသတ်ခံရတော့မည်ကို တွေးမိပြီး စိတ်ကျေနပ်ကာ ပျော်ရွှင်နေ၏။

“သေလိုက်တော့၊ အသေဆိုးနဲ့ သေလေ ပိုကောင်းလေပဲ”

အရှင်ရွှမ်ကျုံးက လှောင်ပြောင်သရော်ပြုံး ပြုံးနေ၏။ ဆိုင်ရှင်မှာမူ စိတ်အေးသွားလေသည်။ ယဲ့ဖန် သေသွားသည်နှင့် သူ ဘာကိုမှ စိုးရိမ်စရာ မလိုတော့ပေ။ လက်ရှိအချိန်၌ အားလုံးသည် မတူညီသော အမူအရာများဖြင့် ဟွမ်မိသားစုဝင်များကို ကြည့်နေကြသည်။

မီတာ တစ်ရာ၊ မီတာ တစ်ရာ၊ တစ်မီတာ။ တစ်ခဏအတွင်းမှာပင် ဟွမ်ကျီ ဦးဆောင်သော ဟွမ်မိသားစုဝင်များက ယဲ့ဖန်ရှေ့ ရောက်ရှိလာသည်။ ပြင်းထန်လှသည့် အခြေအနေကြောင့် လူတိုင်း အလွန် စိုးရိမ်တုန်လှုပ်လာ၏။

အရှင်ရွှမ်ကျုံးနှင့် သိုင်းပညာရှင်မှာမူ ယဲ့ဖန် ဒူးထောက်၍ တောင်းပန်နေရပြီဟု မြင်ယောင်ပြီး ဝမ်းသာလုံးဆို့ နေကြသလေသည်။

သို့သော် ထိုအချိန်၌ ဟွမ်ကျီဦးဆောင်သော ဟွမ်မိသားစုဝင် အယောက်ငါးရာက ယဲ့ဖန်ကို အရိုအသေပေး၍ သံပြိုင် နှုတ်ဆက်လာသည်။

“ဟွမ်ကျီ ဦးဆောင်တဲ့ ဟွမ်မိသားစုက လူကြီးမင်းယဲ့ကို နှုတ်ဆက်ပါတယ်”

“လူကြီးမင်းယဲ့ ရင်ဟွမ်မြို့ကို ရောက်နေမှန်း မသိခဲ့လို့ ထွက်မကြိုခဲ့မိတာပါ၊ အဲ့အတွက် လူကြီးမင်းယဲ့ ခွင့်လွှတ် ပေးပါ”

လူအယောက်ငါးရာကျော်လောက်က လူတစ်ယောက်ကို ပြိုင်တူ အရိုအသေပေးနေကြသည့် မြင်ကွင်းက တုန်လှုပ်ဖွယ် ကောင်းလှသည်။ အထူးသဖြင့် သူတို့၏ လေးစားကြည်ညိုနေသော အမူအရာကြောင့် အားလုံး မယုံသင်္ကာ ဖြစ်သွားကြသည်။

ဤအဖြစ်ကို မြင်ပြီးနောက် အရှင်ရွှမ်ကျုံး၊ ဆိုင်ရှင်နှင့် သိုင်းပညာရှင် အယောက်ငါးဆယ်တို့သည် ကြက်သေ သေကာ လှုပ်မရတော့ချေ။ သူတို့ပုံစံက လည်ညှစ်ခံထားရသော ဘဲများလိုပင်။ သူတို့သည် ကျေနပ်ပျော်ရွှင်၍ လှောင်ပြုံးပြုံးနေရာမှာ သွေးပျက်လာလေသည်။

*လူကြီးမင်းယဲ့*

ဟွမ်ကျီနှင့် ဟွမ်မိသားစုဝင်များ၏ ယဲ့ဖန်ကို ခေါ်ဝေါ်သော အသုံးအနှုန်းကို ကြားပြီး အားလုံး ခေါင်းနပမ်းကြီးကာ မှင်တက် တွေဝေသွားကြသည်။

လောကသခင်တစ်ပိုင်းအဆင့်၊ ရာချီသော အဓိက နတ်ဘုရားအဆင့်နှင့် နတ်သခင် အထွတ်အထိပ် အဆင့်များအားလုံးက နတ်ဘုရင်အဆင့်လေးကို အရိုအသေ ပေးနေကြ၏။ ဤသည်က ဘေးပတ်လည်မှ လူများကို တုန်လှုပ်ခြောက်ခြားသွားစေသည်။

တစ်ခဏကြာသော် လူတိုင်း သတိပြန်ဝင်လာပြီး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။

“လူ … လူကြီးမင်းတဲ့လား၊ မြတ်စွာဘုရား၊ ဟွမ်ကျီက ဒီနတ်ဘုရင်အဆင့်လေးကို လူကြီးမင်းကို ခေါ်လိုက် တာမလား၊ ငါ … ငါ နားကြားမှားတာ များလား”

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ သူတို့ အချင်းချင်း သိနေကြတာလား၊ ဒါပေမဲ့ အချင်းချင်း သိနေတယ် ဆိုရင်တောင်မှ ဟွမ်မိသားစုက နတ်ဘုရင်အဆင့် တစ်ယောက်ကို ဒီလို ဆက်ဆံဖို့မှ မလိုတာ”

“မဖြစ်နိုင်ဘူး၊ တစ်ခုခုမှားနေတာပဲ ဖြစ်ရမယ်”

“…”

လက်ရှိအချိန်တွင် ဘေးနားမှ သိုင်းပညာရှင် အယောက်ငါးဆယ်တို့သာမက များစွာသော လမ်းသွားလမ်းလာများ ကြားထဲ၌ပါ ဆူညံပွက်လောရိုက်နေ၏။

ဟွမ်မိသားစုသည် ရင်ဟွမ်မြို့၏ အသန်မာဆုံး ရှေးဟောင်းမိသားစုကြီး နှစ်ခုထဲမှ တစ်ခု ဖြစ်ပြီး ဟွမ်ကျီသည် ဟွမ်မိသားစု၏ သခင်လေး ဖြစ်သည်။ ပုံမှန်အားဖြင့် တစ်ချို့သော မိသားစုခေါင်းဆောင်များတောင်မှ ဟွမ်ကျီကို အရိုအသေပေးရသည်။

ရင်ဟွမ်မြို့တစ်ခုလုံး၌ အချို့သော ထိပ်တန်းပုဂ္ဂိုလ်များမှလွဲ၍ ဟွမ်ကျီအား အရိုအသေ မပေးရဲသူ မရှိပေ။ ယခုအခါတွင်မူ ထိုသို့သောသူက …

“မဟုတ်ဘူး”

အရှင်ရွှမ်ကျုံးသည် တုန်လှုပ်နေသော မျက်နှာထားဖြင့် ဟွမ်ကျီအား အော်ဟစ်ပြောဆိုလေသည်။

“သခင်လေး၊ ခင်ဗျားနဲ့ သူ ဘယ်လို ပတ်သက်နေသလဲ ဆိုတာတော့ ကျုပ် မသိဘူး၊ ဒါပေမဲ့ သူ့လက်ထဲမှာ ချမ်ခွန်းတူ ရှိနေတာကိုတော့ သခင်လေး သိထားမှ ဖြစ်မယ်”

“ဒါက ထိပ်တန်းအဆင့်ရှိတဲ့ ယင်ယန်း ထိပ်သီးရတနာဗျ၊ ဒီရတနာကိုသာ သခင်လေး ရမယ်ဆိုရင် အန္တိမအဆင့်ကို တောင် အနိုင်ယူနိုင်ပြီ”

ထိုသို့ပြောပြီး ရွှမ်ကျုံးက သိုင်းပညာရှင်တစ်ယောက်ကို လက်ညှိုးထိုး၍ ဆက်ပြောလိုက်သည်။

“ဒီနတ်ဘုရင်အဆင့်ကောင်ဆီမှာ ထိပ်တန်း ရတနာရှိတာကို သူတို့ သက်သေခံပေးနိုင်တယ်”

ထိုအခါ လူတိုင်းက ထိုသိုင်းပညာရှင်ကို ဝိုင်းကြည့်လာသည်။ ထိုသိုင်းပညာရှင်သည်လည်း ပြန်ပြောရန် ပြင်လိုက်သည်။ သို့ရာတွင် သူ ပါးစပ်ဟလိုက်ရုံတင် ရှိသေးချိန်၌ ဂျွတ်ဟူသော အသံတစ်သံ ထွက်လာပြီး ထိုသိုင်းပညာရှင်၏ ခန္ဓာကိုယ်က အက်ကွဲ၍ ပြာဖြစ်သွားသည်ကို ထိတ်လန့်တကြား တွေ့လိုက်ရသည်။

ထိုမြင်ကွင်းကြောင့် ရွှမ်ကျုံးသာမက ဟွမ်ကျီနှင့် အခြားသူများပါ တုန်လှုပ်သွားသည်။ မည်သည့် လက္ခဏာမှ မတွေ့လိုက်ရဘဲ နတ်သခင်အဆင့်တစ်ယောက်က ပြာဖြစ်ကာ လေနှင့်အတူ မျောလွင့်သွားသဖြင့် အားလုံး မယုံကြည်နိုင် ဖြစ်နေကြသည်။

ရွှမ်ကျုံးဆိုလျင် သူ့လက်အား တအံ့တဩနှင့် ပြန်ကြည့်လိုက်မိပြီး နောက်တစ်ယောက်ကို လက်ညှိုးထိုး လိုက်သည်။

“သူ သက်သေပြနိုင်တယ် …”

သူ့စကားအဆုံးမှာပင် လက်ညှိုး အထိုးခံလိုက်ရသည့် သိုင်းပညာရှင်သည် တစ်ကိုယ်လုံး တောင့်တင်းကာ ကြက်သေ သေသွားပြီး အက်ကွဲသံ ထွက်လာ၏။ ထို့နောက် ဂျွတ်ဟူသော အသံနှင့်အတူ ပြာဖြစ်သွားလေသည်။

ဤအဖြစ်ကြောင့် ရွှမ်ကျုံး ထိတ်လန့်တုန်လှုပ်ကာ သူ့လက်ချောင်းကို မယုံသင်္ကာဖြင့် ပြန်ကြည့်နေမိသည်။ ထို့နောက် သူသည် ဘေးနားမှ သိုင်းပညာရှင် အယောက်ငါးဆယ်ကို ပတ်၍ လက်ညှိုးလိုက်ထိုးလေတော့သည်။

ထိုအခါ ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက် ချက်ချင်း အက်ကွဲကာ ပြာကျသွားသည်။ မည်သို့သော အော်ဟစ်သံမျိုးမှ ထွက်မလာခဲ့ချေ။

ရွှမ်ကျုံးက လူတစ်ယောက်ကို လက်ညှိုးထိုး၍ ထိုသူ သက်သေပြနိုင်ကြောင်း ပြောလိုက်သည်နှင့် အဆိုပါလူက ချက်ချင်း ပြာကျသွားရသည်။

ဆယ်ယောက်၊ အယောက်နှစ်ဆယ်၊ အယောက်ငါးဆယ်။ ရွှမ်ကျုံး စက်ဝိုင်းသဖွယ် လက်ညှိုးလိုက်ထိုးပြီးချိန်တွင် အသက်ရှင် ကျန်ရစ်ခဲ့သော သိုင်းပညာရှင် အယောက်ငါးဆယ်လုံး ပြာဖြစ်ကာ လေနှင့်အတူ မျောလွင့်သွားသည်။

“ငါ … ငါ့လက်ချောင်းက …”

ရွှမ်ကျူး မှင်တက်နေ၏။ လက်ရှိအချိန်တွင် သူ့လက်ချောင်း၌ ထူးခြားသော စွမ်းအင် ရှိသည်ဟုပင် တွေးမိ လာသည်။ လက်ညှိုးထိုးခံရသည့် မည်သူမဆို ပြာဖြစ်သွားစမြဲပင်။ ဤသည်က သူ့အား အံ့ဩစေရသလို ဝမ်းသာသွားစေသည်။

ရွှမ်ကျူးက တအံ့တဩနှင့် ဟွမ်ကျီနှင့် အခြားသူများကို ပြောလိုက်သည်။

“သခင်လေး မြင်လား၊ ဟားဟားဟား … ကျုပ်လက်ချောင်းမှာ မှော်အစွမ်း ရှိနေပြီ”

ဟွမ်ကျီ; “….”

ဟွမ်မိသားစု; “…”

သူတို့ ပြောစရာစကား မရှိတော့ပေ။ အခြားသူများက မသိသော်လည်း ထိုအစွမ်းက ဘယ်က လာသလဲ ဆိုသည်ကို သူတို့ သိလေသည်။

ထိုအရာသည် သေမင်းနတ်ဆိုးဆုဒြာ၏ နတ်ဆိုးချီမျှင်စုအစွမ်းပင် ဖြစ်သည်။ လက်ရှိ ယဲ့ဖန်၏ သေမင်း နတ်ဆိုးဆုဒြာက နတ်သခင်အဆင့်ကိုပင် အလွယ်တကူ သတ်နိုင်နေသဖြင့် သူတို့ အံ့ဩသွားရသည်။

“အရူး”

ဟွမ်ကျီက အေးတိအေးစက် ပျက်ရယ်ပြု၍ ပြောလာသည်။

“မင်းမှော်အစွမ်းက လူကြီးမင်းယဲ့ဆီက လာတာ”

သူ့စကားကြောင့် ရွှမ်ကျုံး အံ့ဩသွားကာ အမြီးတက်နင်းခံလိုက်ရသည့် ယုန်သဖွယ် ဆက်တိုက် အော်ပြော လေသည်။

“သူကလား၊ နတ်ဘုရင်အဆင့်ကလေ၊ မဖြစ်နိုင်လိုက်တာ”

“ဒါ ငါ့ရဲ့ မှော်အစွမ်း၊ လက်ညှိုးထိုးလိုက်တာနဲ့ လူတွေကို ပြာဖြစ်အောင် လုပ်နိုင်တယ်လေ၊ ဘယ်လိုလုပ် သူ့အစွမ်း ဖြစ်ရမှာလဲ”

ရွှမ်ကျုံးမျက်နှာ၌ မလိုလားဟန်များ ထင်ဟပ်နေ၏။ ဤမှော်အစွမ်းကို သူ မည်သို့ရလာသလဲဆိုသည်ကို မသိသော် ငြားလည်း သူ လူတစ်ယောက်ကို လက်ညှိုးထိုးလျင် ထိုသူ သေသွားရသည်ကတော့ အမှန်ပင်။ ဤအစွမ်းက သေချာပေါက် ယဲ့ဖန်အစွမ်း မဟုတ်ပေ။

“ကောင်းပြီလေ၊ ဒီမှော်အစွမ်းက ကျုပ်အစွမ်းဆိုတာကို ခင်ဗျား သိအောင် ပြမယ်”

ထိုသို့ပြောပြီး ရွှမ်ကျုံးက ယဲ့ဖန်ကို လှည့်ကြည့်၍ လက်ညှိုးထိုးလေသည်။

“လက်ညှိုးညွှန်ရာ ပြာဖြစ်စေ”

Chapter 945 မင်း သေလို့ရပြီ

“လက်ညှိုးညွှန်ရာ ပြာဖြစ်စေ”

လက်ရှိအချိန်တွင် အရှင်ရွှမ်ကျုံးကဲ့သို့ စိတ်အလှုပ်ရှားဆုံး ဖြစ်နေသူမှာ ဆိုင်ရှင် ဖြစ်လေသည်။ အစောပိုင်းက ဟွမ်ကျီနှင့် အခြားသူများက ယဲ့ဖန်ကို အရိုအသေ ပေးလိုက်ကြသောကြောင့် သူ အလွန်အမင်း ကြောက်လန့် ခဲ့ရသည်။

ယဲ့ဖန်သာ မသေပါက သူ သေရလိမ့်မည်ကို သေချာပေါက် ရိပ်မိနေသည်။ သူက ယဲ့ဖန်ကို သစ္စာဖောက်ခဲ့သည် မဟုတ်ပါတကား။ ယခုအခါတွင်မူ သူ့အရှေ့၌ မျှော်လင့်ချက်တစ်ခု ပေါ်ပေါက်လာပြန်သည်။ သူသည် ရွှမ်ကျုံး၏လက်ကို မျှော်လင့်ချက်အပြည့်ဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေမိသည်။

“သေချာပေါက်၊ ခင်ဗျား အဲ့ကောင်ကို သေချာပေါက် သေအောင်လုပ်မှ ဖြစ်မယ်”

ဆိုင်ရှင်၏ လက်ဝါးနှစ်ဖက်လုံး၌ ချွေးစေးများ ထွက်နေ၏။ ထိုစဉ် ခက်ထန်သောအသံ ထွက်ပေါ်လာ၏။

“သေပေတော့”

ရွှမ်ကျုံးသည် ယဲ့ဖန်အား ခက်ထန် ကြမ်းကြုတ်စွာ စိုက်ကြည့်၍ လက်ညှိုး ငေါက်ငေါက် ထိုးလိုက်သည်။ တစ်စက္ကန့်၊ ငါးစက္ကန့်၊ ဆယ်စက္ကန့်။

ဘာမှဖြစ်မလာပေ။ ယဲ့ဖန်က လက်ပိုက်၍ နှုတ်ခမ်းတွန့်ရုံ့မျှပြုံး၍ ရွှမ်ကျူးအား သေးနုတ်သော ပုရွက်ဆိတ်ကို ကြည့်သကဲ့သို့ လှောင်ပြောင်သရော်ဟန်ဖြင့် ကြည့်နေ၏။

ဘေးနားမှ ဟွမ်ကျီနှင့် ဟွမ်မိသားစုဝင် သိုင်းပညာရှင်များက ရွှမ်ကျူးအား အရူးကို ကြည့်ဟန်ဖြင့် ကြည့်နေကြသည်။

“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”

လက်ညှိုးညွှန်ရာ ပြာဖြစ်ခဲ့သော်လည်း ယခုအခါတွင် မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ ခုနလေးတင် ပြတ်ပြတ်သားသား ဖြစ်ခဲ့တာကို”

ရွှမ်ကျုံး၏ မျက်နှာထားက ဖြူရော်လာပြီး နဖူးမှ ချွေးစေးများ စီးကျလာကာ ယဲ့ဖန်က နောက်တစ်ကြိမ် ထပ်၍ လက်ညှိုးထိုးပြန်သည်။

“လက်ညှိုးညွှန်ရာ ပြာဖြစ်စေ”

“မြန်မြန် ထွက်လာလေကွာ၊ ပြာဖြစ်စမ်း”

“…”

ရွှမ်ကျူးက ယဲ့ဖန်ကို ထပ်ခါထပ်ခါ လက်ညှိုးထိုးသော်လည်း အကြိမ်ကြိမ် ဘာမှဖြစ်မလာခဲ့ပေ။

သူ၏ မှော်အစွမ်းသည် ပိတ်ပင်ခံထားရပုံပေါ်ပြီး ယဲ့ဖန်ကို မည်မျှ လက်ညှိုးထိုးသော်လည်း ဘာမျှဖြစ် မလာသေးပေ။

“မင်း စိတ်ပျက်သွားလား”

ရွှမ်ကျူး တုန်လှုပ်နေချိန်တွင် အသံတစ်သံ ထွက်လာသဖြင့် သူ ခေါင်းပြန်မော့၍ ယဲ့ဖန်အား ခြောက်ခြားစွာ ကြည့်နေသည်။

*တ … တကယ်ပဲ သူ လုပ်ခဲ့တာလား*

နတ်ဘုရင်အဆင့်သာ ရှိသော ယဲ့ဖန်သည် ချမ်ခွန်းတူ၏ သူမတူသော စွမ်းအင်ကို မှီခိုနေ၍သာ နတ်သခင်အဆင့် သိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်ဟု ရွှမ်ကျူး အမြဲ မှတ်ယူထားခဲ့သည်။

“မင်းက လက်ညှိုးညွှန်ရာ ပြာဖြစ်တာကို သိပ်သဘောကျနေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့”

ထိုသို့ပြောပြီး ယဲ့ဖန်က အသာပြုံးကာ ရွှမ်ကျူး၏ လက်ချောင်းကို စိုက်ကြည့်၍ ပင့်သက်ရှိုက်လိုက်သည်။ သူ ပြန်ထုတ်လိုက်သော ‌လေမှနေ၍ ခပ်ဖျော့ဖျော့ အနက်ရောင်မြူခိုးတစ်ခု ထွက်လာပြီး ရွှမ်ကျူး၏ လက်ချောင်းထံ ဦးတည်လာသည်။ ထို့နောက် အားလုံး ထိတ်လန့်သွားရသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။

“မင်းလက်ချောင်း ပြာဖြစ်သွားလိမ့်မယ်”

ယဲ့ဖန်၏ စကားကြောင့် အားလုံး ရွှမ်ကျူး၏ လက်ချောင်းကို ကြည့်လိုက်မိသည်။ ထိုအခါ ရွှမ်ကျူး၏ လက်ချောင်းမှနေ၍ ဂျွတ်ခနဲ မြည်သံ ထွက်ပေါ်လာလေသည်။ ထို့နောက် သူ၏ လက်သည်းက ပြာဖြစ်သွား ပြီးနောက် လက်ချောင်းတစ်ခုလုံး ပြာဖြစ်သွားတော့သည်။

ထိုမြင်ကွင်းကြောင့် အားလုံး ကြက်သီးထသွားလေသည်။ ရွှမ်ကျူးဆိုလျင် မျက်နှာတစ်ခုလုံး ဖြူရောက်သွားပြီး ငယ်သံပါအောင်အော်ဟစ်လာ၏။

“မင်း … တကယ်ပဲ မင်း …”

ဤနတ်ဘုရင်အဆင့်လေးက ချမ်ခွန်းတူကို ပိုင်ဆိုင်ထားသည့်အပြင် ကြောက်စရာကောင်းသော စွမ်းရည်ပါ ရှိနေလိမ့်မည်ဟု ရွှမ်ကျူး ထင်မထားမိပါ။ လက်ချောင်း ပြာကျရာမှ ဖြစ်ပေါ်လာသည့် ပြင်းထန်သော ဝေဒနာကြောင့် ရွှမ်ကျူး ပို၍ ကြောက်လန့်လာရသည်။

ဤသည်မှာ အိပ်မက်ဆိုး၏ အစသာ ရှိသေးသည်။

“မင်းလက်မောင်းလည်း ပြာဖြစ်သွားတော့မှာ”

ယဲ့ဖန်၏ စကားသံအဆုံး၌ ရွှမ်ကျူး၏ လက်မောင်းတစ်ဖက် ပျက်စီးသွားပြီး ပြာဖြစ်သွားရသည်။

“မလုပ်နဲ့”

ရွှမ်ကျူး သေလုနီးပါး ခံစားနေရသည်။ နတ်ဆိုးချီမျှင်စုတစ်ခုက နဂါးငယ်သဖွယ် သူ၏ခန္ဓာကိုယ်တွင်း လှည့်ပတ် သွားလာ၍ ဝါးမျိုနေသည်ကို ခံစားမိနေသည်။

ကြွက်သားများ စုတ်ပြဲ၍ စွမ်းအင်များ ယုတ်လျော့လာသဖြင့် သူ၏အခြေအနေက ပို၍ ဆိုးရွားလာသည်။

“မင်း ပခုံးလည်း ပြာဖြစ်သွားတော့မှာ”

“မင်းခြေထောက်ရောပဲ”

“…”

လက်ရှိတွင် ယဲ့ဖန်၏ စကားသံ ထွက်ပေါ်လာတိုင်း အားလုံး ဘဝ၌ မမေ့နိုင်သော မြင်ကွင်းတစ်ခုကို မြင်လိုက် ရသည်။

ယဲ့ဖန်ထံမှ စကားတစ်ခွန်း ထွက်လာတိုင်း ရွှမ်ကျူး၏ ခန္ဓာကိုယ်က နည်းနည်းချင်းစီ ပြာကျလာ၏။ လက်နှစ်ဘက်၊ ခြေထောက်နှစ်ဘက်၊ ရင်ဘတ်၊ ပခုံး။ တစ်ခဏအတွင်းမှာပင် ရွှမ်ကျူး၏ ဦးခေါင်းမှလွဲ၍ ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး ပြာဖြစ်သွားရသည်။

“အား…”

ရွှမ်ကျူး၏ ငယ်သံပါအောင် အော်ဟစ်သံက အဆက်မပြတ် ထွက်ပေါ်နေ၏။ ယဲ့ဖန်ကို သူ ကြောက်လန့်စွာ ကြည့်၍ တောင်းပန်လေသည်။

“ငါ့ကို မသတ်ပါနဲ့၊ မလုပ် …”

သူ့အသံက တုန်ယင်နေ၏။ ကျန်လူများအားလုံးသည်လည်း မျက်စိရှေ့မှ မြင်ကွင်းကြောင့် ကြောက်စိတ်များ လွှမ်းမိုးလာသည်။

လမ်းသွားလမ်းလာများအားလုံး ဇောချွေးပြန်ကာ ရင်တဒိတ်ဒိတ် တုန်နေပြီး ရွှမ်ကျုံးနှင့် အခြားသူများကဲ့သို့ ယဲ့ဖန်ကို ရန်မစခဲ့မိသည့်အတွက် တော်သေးသည်ဟု တွေးမိနေသည်။ သို့မဟုတ်ပါက သူတို့သည်လည်း ရွှမ်ကျုံးကဲ့သို့ အဆုံးသတ်ရပေလိမ့်မည်။

ဟွမ်မိသားစုဝင်များမှာပင် ဤသို့ ဖြစ်လာမည်ဟု သိနေပုံရသည်။ မည်သို့သော အံ့ဩမှုကိုမှ မပြသချေ။ ဆိုင်ရှင်မှာမူ မြေကြီးပေါ် ဖင်ထိုင်လျက် လဲကျကာ မျက်နှာ ပြာနှမ်းနေ၏။

“သွားပြီ၊ သွားပြီ”

ဆိုင်ရှင် မချိပြုံး ပြုံးနေမိသည်။ သူ့စိတ်ထဲတွင် ယဲ့ဖနသည် လူ့အသက်ကို နုတ်ယူသော သေမင်းတမန် တစ်ယောက်နှင့် တူနေသည်။

နတ်သခင်နှင့် အဓိက နတ်ဘုရားအဆင့် သိုင်းပညာရှင် အယောက်တစ်ရာတွင် အယောက်ငါးဆယ်က သူ သတ်သည်ကို ခံလိုက်ရပြီး ကျန်အယောက်ငါးဆယ်က သူ့ကြောင့် ပြာဖြစ်သွားရသည်။

ရွှမ်ကျူးတောင်မှ ဦးခေါင်းခွံတစ်ခုတည်းသာ ကျန်ရစ်ခဲ့သည်။ ဤသို့ အလွန်ရက်စက်သော မိစ္ဆာနည်းလမ်းကို တွေးမိတိုင်း ဆိုင်ရှင် ကြက်သီးမွေးညင်း ထလာ၏။

“သူ … သူက တကယ်ပဲ ကျိုထျန်းရွှမ်နွီရဲ့ ငယ်ချစ်ဦးလား”

ဖြစ်နိုင်ချေတစ်ခုကို တွေးမိပြီးနောက် ဆိုင်ရှင် တုန်လှုပ်သွားသည်။ ဤသို့ ထူးခြားဆန်းကြယ်သောလူသာ ကျိုထျန်းရွှမ်နွီနှင့် ထိုက်တန်သည်ဟု တွေးမိနေသည်။

ကျိုထျန်းရွှမ်နွီအကြောင်း သူ မေးခဲ့သည်ကို မအံ့ဩမိတော့ပါ။ မိမိ ရယ်ခဲ့မိသည့်အတွက် ပြန်အရှက်ရနေမိသည်။ လက်ရှိတွင် ဆိုင်ရှင်သည် နောင်တရ၍မဆုံး ဖြစ်နေ၏။ သို့သော် အချိန်နှောင်းသွားလေပြီ။

“မင်း … သေလို့ရပြီ”

ယဲ့ဖန်က ထိုသို့ပြောပြီး လက်ဖျောက်တီးလိုက်သည်။

“မလုပ်နဲ့”

ရုတ်တရက် ရွှမ်ကျူး အော်ဟစ်နေရာမှ တိခနဲ ငြိမ်ကျသွားသည်။ သူ၏ ဦးခေါင်းထက်၌ ပင့်ကူအိမ်ကဲ့သို့ အက်ရာ ပေါ်လာသည်။

ထို့နောက် ဖရဲသီးတစ်လုံး ကွဲသွားသကဲ့သို့ ရွှမ်ကျူး၏ ဦးခေါင်းတစ်ခုလုံး အက်ကွဲသွားပြီး ပြာဖြစ်ကာ မြေကြီးပေါ် ပုံကျလာလေသည်။

လက်ဖျောက်တီးသံကို ကြားလိုက်ရပြီးနောက် ဆိုင်ရှင် တုန်လှုပ်သွားသည်။ သူ၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် သူ၏ခန္ဓာကိုယ်တွင် အက်ရာ ထင်လာပြီး ပြာဖြစ်စ ပြုလာသည်။ ထို့နောက် သူသည်လည်း နောင်တတရားတို့နှင့်အတူ ပြာဖြစ်သွားပြီး သေဆုံးသွားလေတော့သည်။

စာစဉ် (၆၃) ဤတွင်ပြီးပါပြီ။

All Chapters