အခန်း (၉၅၂-၉၅၄)
Vol. 64 Ch. 952-954
Chapter 952 သေသင့်သော ယင်ယန်လောက
အနက်ရောင်ဝတ်စုံနှင့် ဆံပင်အဖြူရောင်ရှိသော လူငယ်တစ်ယောက်။ သူသည် ဟွမ်ထျန်းပါ့နှင့် ဟွမ်မိသားစုဝင် များရှေ့၌ ငြိမ်သက်စွာ ရပ်နေသော်လည်း မိုးမြေအား ထမ်းပိုးထားနိုင်သည့် လူဘီလူးတစ်ကောင်ဟု ထင်မှတ် ရပြီး ခန့်မှန်းမရနိုင်သော ခံစားချက်မျိုး ပေးစွမ်းလေသည်။
ထို့အပြင် သူသည် လက်ဝါးအား ရှေ့သို့ အသာဆန့်ထားသော်လည်း ရှောင်ချီရှို့၏ ပြင်းထန်သော လက်သီးချက်ကို တားဆီးထားနိုင်သည်။
လူအုပ်ကြီးသည် သတိပြန်ဝင်လာပြီးနောက် ဆူညံပွက်လောရိုက်သွားသည်။ သိုင်းပညာရှင်များ၏ မျက်နှာ၌ မယုံနိုင်ဟန်များ ထင်ဟပ်နေ၏။
“အဲ့လူက ဘယ်သူလဲ၊ သူ … သူက ရှောင်ချီရှို့ရဲ့ လက်သီးကို ဟန့်တားနိုင်တယ်လား၊ ဒါ ဘယ်လိုလုပ် ဖြစ်ရတာလဲ”
“မယုံနိုင်စရာပဲ၊ သူက နတ်ဘုရင်အဆင့်ပဲ ရှိသေးပုံ ပေါ်တဲ့ဟာကို ဘယ်လိုလုပ် အန္တိမအဆင့် တိုက်ပွဲဝင် ခွန်အားရှိတဲ့ ရှောင်ချီရှို့ရဲ့ လက်သီးကို တားနိုင်တာလဲ”
“ဒါ အမှန် မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ရှောင်ချီရှို့က နတ်ဘုရင်အဆင့်တစ်ယောက်ကို မသတ်နိုင်ရတာလဲ”
“…”
လက်ရှိအချိန်၌ လူတိုင်းသည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေကြသည်။ သူတို့သည်သာမက အထိတ်လန့်ဆုံး ဖြစ်နေသူမှာ ရင်ဝူသော်နှင့် ကွေမူပင်။
ယဲ့ဖန်ကို မြင်လိုက်သည့်အခိုက်မှာပင် သူတို့ ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ အထူးသဖြင့် ယဲ့ဖန်က အလွန် သိုင်းအဆင့် နိမ့်သော်လည်း ရှောင်ချီရှို့၏ လက်သီးကို ဟန့်တားလိုက်နိုင်သည်ကို တွေ့လိုက်ရသဖြင့် သူတို့ ထိတ်လန့် တုန်လှုပ်သွားသည်။
“ချီးတဲ့မှပဲ၊ ရှောင်ချီရှို့ မင်း ဘာလုပ်နေတာလဲ”
“အဲ့ကောင်က ဘယ်သူပဲ ဖြစ်ဖြစ် သတ်ပစ်လိုက်လေ”
ရင်ဝူသော်က သွေးဆာ ရက်စက်ဟန်ဖြင့် အော်ပြောလိုက်သည်။ ဟွမ်မိသားစု၏ သေဆုံးမှုကို မြင်ရရန် သူ မစောင့်နိုင်တော့ပေ။ ထို့ကြောင့် သူ့အစီအစဉ်ကို ဟန့်တားသည့်သူတိုင်း သေရပေမည်။
ဘေးနားမှ ကွေမူသည်လည်း အလွန်အမင်း မျက်နှာမည်းမှောင်နေ၏။ လောကသခင်အဆင့်ဖြစ်သော သူ့၌ ပြိုင်ဘက်ကင်းသော အမြင်ရှိလေသည်။
အစောပိုင်းက ရှောင်ချီရှို့၏ လက်သီးချက်၌ ခန္ဓာကိုယ်မှ တိုက်ပွဲဝင်ခွန်အားအားလုံးကို ထုတ်သုံးထားသည်ကို သူ ရှင်းလင်းစွာ မြင်နေရသည်။ ထိုသို့သုံးထားသော်လည်း တားဆီးခံလိုက်ရသဖြင့် မယုံနိုင်စရာ ကောင်းလှသည်။
“ဒီနတ်ဘုရင်အဆင့်ကောင်က အဆင့်ပိုသာတဲ့လူတွေကို တိုက်ခိုက်နိုင်တာပဲ၊ ပြီးတော့ သူ့ရဲ့ မွေးရာပါ ပါရမီက ရှောင်ချီရှို့ထက်တောင် ပိုကြောက်စရာကောင်းသေးတယ်”
ဤသည်ကို တွေးမိပြီးနောက် ကွေမူသည် ရတနာတစ်ပါးကို တွေ့လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားလာသည်။ သူသည် ရှောင်ချီရှို့အား ကမ္ဘာဦး ယန်ကျောက်တုံး ငါးသိန်းဖြင့် ရောင်းချနိုင်ခဲ့သည်။ အကယ်၍ ရှောင်ချီရှို့ထက် ပို၍ ပါရမီပါပြီး ပိုကြောက်စရာကောင်းသော စစ်ကျွန်ကိုသာ ရလိုက်ပါက ရောင်းဈေးက ထင်မှတ်မထားလောက်အောင် မြင့်လာနိုင်၏။
ထိုသို့ အတွေးဝင်လာပြီးနောက် ကွေမူက ရင်ဝူသော်အား ဝမ်းသာအားရ ပြောလိုက်သည်။
“ရင်သခင်လေး၊ ရှောင်ချီရှို့ကို မြန်မြန်လှုပ်ရှားပြီး အဲ့ကောင်ကို ဖမ်းခိုင်းလိုက်ပါ”
“သူ့ကို အရှင်ဖမ်းမိမယ်ဆိုရင် ကျွန်တော်တို့ ထုံချန်လေလံခန်းမက အဲ့ကောင်ကို ကမ္ဘာဦး ယန်ကျောက်တုံး တစ်သန်းနဲ့ ဝယ်ပါ့မယ်”
သူ့စကားကြောင့် ရင်ဝူသော်နှင့် အခြားသူများအားလုံး အံ့ဩသွားသည်။
*ကမ္ဘာဦး ယန်ကျောက်တုံး တစ်သန်းနဲ့ နတ်ဘုရင်အဆင့်တစ်ယောက်ကို ဝယ်မယ်တဲ့လား*
*ဒီကွေမူ ရူးများသွားသလား*
လူတိုင်း ထိတ်လန့်အံ့ဩဟန်ဖြင့် ကြည့်နေကြသည်။ အအံ့ဩဆုံးသူက ရင်ဝူသော်ပင်။ ယနေ့ သူ အချီကြီး ရလိမ့်မည်ဟု ထင်မထားမိချေ။
ရှောင်ချီရှို့ကိုသုံး၍ သူ ပိုက်ဆံ အမြောက်အမြား ရှာနိုင်သည့်အပြင် ကွေမူကလည်း သူ့အား ကမ္ဘာဦး ယန်ကျောက်တုံး တစ်သန်း ပေးလာပေဦးမည်။ ထိုသို့စဉ်းစားတွက်ချက်ပြီးနောက် ရှောင်ချီရှို့အား လှမ်းအော်၍ သတိပေးလိုက်သည်။
“ရှောင်ချီရှို သူ့ကို မသတ်နဲ့”
“သူ့ကို အရှင်ဖမ်း၊ ဟားဟားဟား … ငါ သူနဲ့ ပိုက်ဆံ ရှာနိုင်ဦးမှာကွ”
သူ၏ မာကျောသော လေသံက လမ်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ သို့သော် ထိုသို့သောအချိန်၌ ဟွမ်ထျန်းပါ့၊ ဟွမ်ချန်နှင့် ဟွမ်မိသားစု၏ အကြီးအကဲများအားလုံး နားမကြားသယောင် ဖြစ်နေကြသည်။
သူတို့သည် ယဲ့ဖန်ကို စိုက်ကြည့်ပြီး ထိတ်လန့်ကာ မယုံသင်္ကာ ဖြစ်နေကြသည်။
“ကောင် … ကောင်လေးယဲ့”
ဟွမ်ထျန်းပါ့တစ်ယောက် အိပ်မက်မက်နေသည်ဟု ထင်မှတ်နေမိသည်။ ထိုသူသည် မသေမျိုး အင်မော်တယ်ဘုရင် အလွန် ချီးကျူးသောလူဖြစ်သည်။ ထိုသူသည် နတ်ဆိုးများနှင့် ရှေးဟောင်း စိတ်ဝိညာဉ်များ၏ လေးစားခြင်း ခံရသူ ဖြစ်သည်။
ဤသည်ကို ပြန်အမှတ်ရပြီးနောက် ဟွမ်ထျန်းပါ့ မျက်ရည်ကျလာသည်။ ဝမ်းသာစိတ်ကြောင့် ကျလာသော မျက်ရည်များကို သူ ပြန်သုတ်လိုက်မိသည်။
အစပိုင်း၌ ကမ္ဘာဂြိုဟ်မှ ထွက်လာရန် သူ ဖိအားပေးခံရချိန်တွင် အလွန် ဝမ်းနည်းရှက်ရွံ့ကာ အမြဲ အပြစ်ရှိသလို ခံစားခဲ့ရသည်။ ယဲ့ဖန်နှင့် ကမ္ဘာဂြိုဟ်မှ နတ်ဆိုးများအားလုံးအတွက် စိတ်မကောင်းသလို ခံစားခဲ့ရသည်။
ထိုအကြောင်းကို သူ နေ့ရောညပါ တွေးတောမိသည်။ ယခုအခါတွင် သူ အမြဲအမှတ်ရနေသော နတ်ဆိုးဧကရာဇ်က မျက်စိရှေ့မှောက်သို့ ရောက်လာလေပြီ။
ထို့နောက် မိသားစုခေါင်းဆောင် ဟွမ်ချန်နှင့် ဟွမ်မိသားစု အကြီးအကဲများအားလုံး မြေကြီးပေါ်မှ ဒယိမ်းဒယိုင်ဖြင့် ထလာကြသည်။ အားလုံးက ယဲ့ဖန်ကို လေးစားကြည်ညိုသော အကြည့်များဖြင့် ကြည့်နေပြီး အရိုအသေ ပေးကာ နှုတ်ဆက်လိုက်သည်။
“လူကြီးမင်းယဲ့ကို ဂါဝရပြုပါတယ်”
“ကျွန်တော်တို့အသက်ကို ကယ်ပေးတဲ့အတွက် လူကြီးမင်းယဲ့ကို ကျေးဇူးတင်ပါတယ်”
သူတို့၏ နှုတ်ဆက်သံကို ကြားလိုက်ရသောအခါ တစ်လမ်းလုံး တိတ်ကျသွားသည်။ ဘေးပတ်ဝန်းကျင်မှ လူများ အားလုံး မယုံသင်္ကာ ဖြစ်သွားကြသည်။
*အရိုအသေ ပေးနေကြတယ်*
*ဟွမ်မိသားစုရဲ့ အကြီးအကဲတွေအားလုံးက နတ်ဘုရင်အဆင့်လေးကို တကယ် အရိုအသေ ပေးနေကြတာလား*
အထူးသဖြင့် သူတို့၏ အမူအရာက ကယ်တင်ရှင် သို့မဟုတ် နတ်ဘုရားကို တွေ့လိုက်ရသကဲ့သို့ ဝမ်းသာအားရ ဖြစ်နေသည့် အမူအရာမျိုးပင်။
*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
လူတိုင်း သတိပြန်ဝင်လာပြီးနောက် အုတ်အော်သောင်းနင်း ဖြစ်သွားရသည်။ သိုင်းပညာရှင်များအားလုံး ယဲ့ဖန်၏ နောက်ခံကို ခန့်မှန်းနေကြသည်။
သို့သော် လက်ရှိအချိန်၌ ယဲ့ဖန်က ပတ်ဝန်းကျင်မှ ဆူညံသံများကို မကြားသယောင် ပြုမူနေ၏။ သူသည် မျက်စိရှေ့မှ ရှောင်ချီရှို့ကိုသာ စူးစိုက်ကြည့်နေလေသည်။ ရှောင်ချီရှို့၏ ထိုင်းမိုင်းနေသော အကြည့်နှင့် တစ်ကိုယ်လုံးမှ ဒဏ်ရာဒဏ်ချက်များကို ကြည့်ပြီး ယဲ့ဖန်၏ စိတ်ထဲမှနေ၍ လူသတ်ချင်သော အရှိန်အဝါများ ထွက်ပေါ်လာသည်။
“ရှောင်ချီရှို့၊ ငါလေ”
ထိုစကားတစ်ခွန်းက ရှောင်ချီရှို့၏ နားစည်ထဲသို့ မိုးခြိမ်းသံသဖွယ် ဝင်ရောက်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။
*ဒီအသံကို ရင်းနှီးလွန်းတယ်*
ရှောင်ချီရှိ့၏ မျက်လုံးတွင် ဇဝေဇဝါဖြစ်ဟန်များ ထင်ဟပ်လာသည်။ ထိုအသံက အရိုးထဲအထိ စွဲနေသကဲ့သို့ အလွန် ရင်းနှီးလွန်းလှသည်။
ထို့အပြင် သူ နှာခေါင်းတရှုံ့ရှုံ့ ဖြစ်လာသော်လည်း ထိုအဖြစ်ကို ထိန်းချုပ်မရပေ။ ထို့နောက် သူ မျက်ရည်ကျ လာသည်။
သူ ဝမ်းနည်းဝမ်းသာ ဖြစ်နေ၏။ ခံစားချက်များက ရှုပ်ထွေးလွန်းနေပြီး ရှောင်ချီရှို့၏ စိတ်ထဲတွင် အချိန်အတော်ကြာ ပျောက်နေသည့် ချစ်မြတ်နိုးရသော မိသားစုဝင်တစ်ယောက်နှင့် ပြန်တွေ့လိုက်ရသလို သို့မဟုတ် ရင်းနှီးသော အစ်ကိုတစ်ယောက် သေရာမှ ပြန်ရှင်လာသကဲ့သို့ ခံစားမိနေ၏။
ထိုခံစားချက်က ရှောင်ချီရှို့ကို အလွန်အမင်း ထိတ်လန့်သွားစေသည်။ သူသည်သာမက ဘေးပတ်လည်မှ လူများအားလုံးသည်လည်း ထပ်တူ ထိတ်လန့်အံ့အားသင့်နေကြသည်။
*ငိုနေတာလား*
ဤလူကို မြင်လိုက်ရသည်နှင့် အန္တိမအဆင့်ကိုပင် သတ်နိုင်သည့် ရှောင်ချီရှို့က ငိုနေသည်တဲ့လား။ လူတိုင်းသည် မျက်စိရှေ့မှ အရာအားလုံးကို မယုံနိုင်ကြပေ။
“သေစမ်း၊ ရှောင်ချီရှို့ရဲ့ မှတ်ဉာဏ်က ချိပ်ပိတ်ထားတာကနေ ချိုးဖောက်တော့မယ်”
“မြန်မြန်လုပ်၊ ရှောင်ချီရှို့ကို အဲ့လူကို အသေသတ်ဖို့ ပြောလိုက်တော့”
ကွေမူ ချွေးသီးချွေးပေါက် ကျလာပြီး ရင်ဝူသော်အား အသည်းအသန် အော်ပြောလိုက်သည်။ ရင်ဝူသော်လည်း တစ်ခုခု မှားနေပြီဆိုသည်ကို ရိပ်စားမိသည်။ ထိုလူပေါ်လာသည်နှင့် လက်ထဲမှ ဓားကျိုးဖြင့် ရှောင်ချီရှို့အား မထိန်းချုပ်နိုင်တော့သည်ကို သတိထားလိုက်မိသည်။
“ချီးတဲ့မှပဲ”
ထိုသို့တွေးပြီးနောက် ရင်ဝူသော်က လက်ထဲမှ ဓားကျိုးဖြင့် မြေကြီးပေါ် ရိုက်ချကာ အသံထွက်လာအောင် ပြုလုပ်လိုက်သည်။
ဒေါင်! ဒေါင်! ဒေါင်!
မြေကြီးမှ မီးပွားများပင် ထွက်လာရသည်။ သူသည် ဓားကျိုး၏ ပဲ့တင်သံဖြင့် ရှောင်ချီရှို့အား ထိန်းချုပ်ချင် နေသော်လည်း အလုပ်မဖြစ်ပေ။
ရှောင်ချီရှို့သည် ယဲ့ဖန်အား ချစ်ရသော မိသားစုဝင်တစ်ယောက်ကို တွေ့ရသကဲ့သို့ ငေးငိုင်ကြည့်နေ၏။ သူ တွေဝေကာ ဝမ်းနည်းစိတ်ဝင်နေပြီး မျက်ရည်များ ဆက်တိုက် စီးကျလာသည်။
“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”
ရင်ဝူသော်က ထိုအဖြစ်ကြောင့် ထိတ်လန့်ခြောက်ခြားဟန် ပေါ်လာသည်။
“ကျေးကျွန်တဲ့လား”
ယဲ့ဖန်က ဘေးပတ်လည်မှ လူတိုင်းကို ဝေ့ကြည့်ကာ ခြောက်ခြားဖွယ်ကောင်းလောက်အောင် ပြုံးလေသည်။
“ငါ့တပည့်ကို ဖမ်းပြီး ကျွန်အဖြစ် ရောင်းစားတယ်ပေါ့”
“သူ့ခန္ဓာကိုယ်ကို အသုံးချပြီး ငွေရှာတယ်ပေါ့”
“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ သေသင့်တဲ့ ယင်ယန်လောကက ကောင်တွေ”
Chapter 953 မင်းတို့အားလုံးကို သတ်ပစ်မှာ
*တပည့်တဲ့လား*
ထိုသို့သောအချိန်၌ ယဲ့ဖန်၏ စကားကို ကြားပြီး ဘေးပတ်လည်မှ လူများအားလုံး မှင်တက်သွားကြသည်။ အစောပိုင်းက ဟွမ်မိသားစု၏ မိသားစုခေါင်းဆောင် ဟွမ်ချန်နှင့် အခြားသူများက ဤနတ်ဘုရင်အဆင့်အား လူကြီးမင်းယဲ့ဟု ခေါ်ခဲ့သည်ကို သူတို့ ပြန်အမှတ်ရသွားသည်။
*လတ်စသက်တော့ ဒီလိုကိုး*
လူတိုင်း ပြန်သတိဝင်လာချိန်တွင် အားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။ ယခင်တုန်းက ကြောက်စရာကောင်းသော ရှောင်ချီရှို့၏ ဆရာဖြစ်သူက ဘယ်လောက် ကြောက်မက်ဖွယ်ကောင်းနိုင်သနည်းဟု လူတိုင်း ခန့်မှန်းမိကြသည်။
အထူးသဖြင့် ရှောင်ချီရှို့က ဆရာဖြစ်သူ၏ အမိန့်အား သူ့ဘဝဟု သတ်မှတ်ထားသဖြင့် ထိုသူက သာမန်ထက် အလွန် သန်မာပြီး နာမည်ကြီးလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် ထိုသူက နတ်သခင်အဆင့် ရှိသူသာ ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
အားလုံး မယုံသင်္ကာ ဖြစ်နေကြသည်။ ရင်ဝူသော်ဆိုလျင် မျက်နှာမည်းမှောင်၍ ချွေးပြန်နေ၏။
*ဓားကျိုးနဲ့ ရှောင်ချီရှို့ကို ထိန်းချုပ်လို့မရတော့တာ မထူးဆန်းတော့ဘူးပဲ၊ လတ်စသက်တော့ သူ့ဆရာက ဒီရောက်လာတာကိုး”
“ငါ့ဓားကျိုးကို ယူပြီး မင်းက အစွမ်းပြချင်နေတယ်ပေါ့”
“မင်းကိုယ်မင်း ဘာထင်နေလဲ”
ယဲ့ဖန်၏ စကားက အလွန် မာကြောခက်ထန်လှပြီး ရင်ဝူသော် မသိမသာ မှင်တက်သွားရသည်။ ထို့အပြင် သူ ပြန်မတုံ့ပြန်ရသေးခင်မှာပင် ချွင်ဟူသော ဓားသံထွက်ပေါ်လာပြီး ဓားကျိုးသည် မိသားစုဝင်ကို ပြန်တွေ့လိုက် ရသော ကလေးတစ်ယောက်ကဲ့သို့ လှုပ်ခါလာသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ရင်ဝူသော်၏ လက်ထဲမှ ရုန်းထွက်၍ သူ့လည်ပင်းအား လှီးဖြတ်လာ၏။
“မကောင်းတော့ဘူး”
ရင်ဝူသော်သည် သူ့အား မရဏ အငွေ့အသက်များက လွှမ်းခြုံလာသည်ဟု ခံစားမိပြီး ကြက်သီးမွေးညင်း ထကာ မျက်နှာ ပျက်သွားလေသည်။
သူ ရှောင်တိမ်းချင်သော်လည်း ဓားကျိုးက သူ့အား လုံးဝ မလှုပ်ရှားနိုင်အောင် ပြုလုပ်ထားသည်။
“မဖြစ်ရဘူး”
သူ အသည်းအသန် အော်ဟစ်လိုက်မိပြီး ဓားကျိုးက သူ့လည်ပင်းအား လှီးဖြတ်လာလေသည်။
“မင်းကများ”
ထိုစဉ် ဘေးနားမှ ကွေမူက တုံ့ဆိုင်းမနေဘဲ လက်ဝါးကိုဖြန့်၍ ဓားကျိုးကို ရိုက်ချလိုက်သည်။ ထိုအခါ ဓားကျိုးသည် ဘေးသို့ယိုင်ထွက်သွားပြီး ဓားချက်ကလည်း ယိုင်ထွက်သွားသည်။
ရွှစ်!
ရင်ဝူသော်၏ လည်ပင်း၌ သွေးအနည်းငယ် ဆို့သွားသည်။ တစ်လက်မမျှသာ ကပ်လွဲသွားခြင်း ဖြစ်သည်။ ကွေမူသာ ဝင်မတားလိုက်ပါက ဓားသည် မူလအတိုင်း သူ၏လည်ပင်းကို ခုတ်ဖြတ်သွားပေမည်။ ထိုအခိုက်တွင် ရင်ဝူသော်သည် သေမင်းတံခါးဝမှ ထွက်လာနိုင်သကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်ယင်ကာ ချွေးပြန်နေ၏။
ထို့နောက် ဓားကျိုးသည် ရင်ဝူသော်အား တိုက်ခိုက်မှုက မအောင်မြင်သည်နှင့် လှစ်ခနဲ ပျံထွက်သွားပြီး ယဲ့ဖန်ရှေ့သို့ ရောက်သွားလေသည်။ ထိုအခါ ယဲ့ဖန်က ဓားကျိုးကို လှမ်းဖမ်းလိုက်သည်။
လက်ရှိအချိန်၌ ပတ်ဝန်းကျင်တစ်ခုလုံး အလွန် စိတ်ဖိစီးနေသည်။ ရင်ဝူသော်၏ လည်ပင်းမှ သွေးများ တတောက်တောက် ကနေသည်ကို ကြည့်ပြီး ဘေးပတ်လည်မှ သိုင်းပညာရှင်များအားလုံး ရင်တုန်နေကြသည်။
ယဲ့ဖန်၏ အဖျက်စွမ်းအင်က ဤမျှ သန်မာနေလိမ့်မည်ဟု အားလုံး ထင်မထားမိပေ။ သူသည် ရောက်လာသည်နှင့် စစ်ကျွန် ရှောင်ချီရှို့အား လုံးဝ ငြိမ်သက်သွားစေခဲ့သည်။ ဓားကျိုးကိုလည်း ပိုင်ရှင်အား ပုန်ကန်စေ၏။
သိုင်းပညာရှင်တိုင်းက ယဲ့ဖန်ကို ကြောက်လန့်တုန်လှုပ်စွာ ကြည့်နေမိသည်။ သို့ရာတွင် ယဲ့ဖန်က အားလုံး၏ အမူအရာကို အရေးမစိုက်ပေ။ သူက ရှောင်ချီရှို့၏ ပခုံးကို အသာပုတ်၍ ပြောလိုက်သည်။
“ကောင်လေး၊ မင်း ပင်ပန်းသွားပြီ”
“အနားယူလိုက်ဦး၊ မင်းရဲ့ မုန်းတီးမှုတွေအတွက် ငါ လက်စားချေပေးမယ်၊ မင်းရဲ့ အမုန်းတရားတွေ ပျောက်ကွယ် သွားအောင် ငါ ကူညီပေးမယ်”
ထိုစကားကြောင့် ရှောင်ချီရှို့ ထပ်မံ၍ တုန်ယင်သွားပြီး မျက်ရည်များ စီးကျလာသည်။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း ဤလူကို မြင်လိုက်ရသည်နှင့် သူ စိတ်အေးသွားရသလို ခံစားလိုက်ရသည်။ ထိုသူ ရှိနေသရွေ့ မိမိ သေရမည်ဆိုလျင်တောင်မှ အလွန် စိတ်အေးလက်အေး ရှိသလို ခံစားမိနေ၏။
ရှောင်ချီရှို့သည် ဇဝေဇဝါဖြင့် ခေါင်းညိတ်၍ ဘေးသို့ ရှောင်ထွက်နေလိုက်သည်။ ထိုအခါ ယဲ့ဖန်က ရှေ့သို့ ဆက်လျှောက်လာသည်။ သူ၏ခြေသံက သိုင်းပညာရှင်တိုင်း၏ နှလုံးသားကို တက်နင်းနေသကဲ့သို့ ဖြစ်နေပြီး အားလုံး ရင်တုန်နေကြသည်။
ယဲ့ဖန်၏ အမူအရာကလည်း ပိုမို၍ အေးစက်လာသည်။ မျက်လုံးများက ငရဲမှထွက်လာသော မိစ္ဆာတစ်ကောင် သဖွယ် နီရဲ၍ သွေးဆာဟန် ပြနေသည်။
“ငါ့တပည့်ကို ဓားနဲ့ခုတ်ရတာ သိပ်အရသာရှိလား”
*ဟမ်*
ယဲ့ဖန်၏ စကားကြောင့် အားလုံး အံ့ဩကာ မျက်မှောင်ကြုတ်သွားသည်။ ရင်ဝူသော်က လည်ပင်းမှ ဒဏ်ရာကို အုပ်၍ ယဲ့ဖန်အား ရက်စက်ကြမ်းကြုတ်စွာ ကြည့်နေ၏။
“ဟေ့ကောင် မင်း ဘာပြောချင်တာလဲ”
“ဒီမှာရှီတဲ့ သိုင်းပညာရှင်တိုင်း ရှောင်ချီရှို့ကို ဓားနဲ့ခုတ်ခဲ့တာ၊ ဟမ့် … ဘာလဲ၊ မင်းက ငါတို့အားလုံးနဲ့ ရန်သူ ဖြစ်ချင်တာလား”
ရင်ဝူသော်၏ စကားက သက်ရောက်မှု ကြီးမားလှသည်။ စကားတစ်ခွန်းတည်းဖြင့် သိုင်းပညာရှင်အားလုံးကို ယဲ့ဖန်နှင့် ရန်သူဖြစ်အောင် လုပ်လိုက်နိုင်သည်။
ယဲ့ဖန်က ဤနေရာမှ သိုင်းပညာရှင်များအားလုံးနှင့် ရန်သူ ဖြစ်ချင်လိမ့်မည်ဟု သူ မထင်ပါ။ ဤနေရာသို့ မြို့ငယ် ဆယ့်ရှစ်မြို့ရှိ ရှေးဟောင်းမိသားစုမှ လူများ ရောက်နေကြသည်။
ထိုသူများထဲတွင် လောကသခင် နောက်ဆုံးအဆင့် ဆယ်ယောက်နီးပါး ရှိသည်။ လောကသခင် စဦးအဆင့်နှင့် အလယ်အလတ်အဆင့်က အယောက်နီးနီး ရှိလေသည်။ လောကသခင် တစ်ပိုင်းအဆင့်ဆိုလျင် အများအပြား ရှိသည်။
ယဲ့ဖန်ကဲ့သို့ နတ်ဘုရင်အဆင့်လေးက လောကသခင် အယောက်သုံးဆယ်နီးပါးနှင့် များစွာသော လောကသခင် တစ်ပိုင်းအဆင့်များ၏ ရန်သူ ဖြစ်လိုခြင်းက ကိုယ့်သေတွင်း ကိုယ်တူးခြင်းသာ ဖြစ်ပေသည်။
ရင်ဝူသော်သာမက သိုင်းပညာရှင်များအားလုံးက ယဲ့ဖန်ကို အထင်သေးစွာ ကြည့်နေကြသည်။ ယဲ့ဖန်ကမူ သူတို့အားလုံးကို အဖက်မလုပ်ဘဲ သွေးဆာဟန်ဖြင့် ပြုံးကာ ပြန်ပြောလိုက်သည်။
“မဟုတ်ဘူး၊ မင်းတို့ အထင်မှားနေပြီ”
“ငါ မင်းတို့နဲ့ ရန်သူ မဖြစ်ချင်ဘူး”
သူ့စကားကြောင့် သိုင်းပညာရှင်အားလုံးက ထီမထင်ဟန် ပြုံးလာသည်။ ဤလူက ခခယယ ပြောဆိုလိမ့်မည်ဟု သူတို့ ခန့်မှန်းမိပြီးသားပင်။ လူတိုင်းနှင့် ဆန့်ကျင်ဘက်၌ ရပ်တည်ရဲသူဟူ၍ ရူးနေသောသူများမှတစ်ပါး အခြားသူ မရှိနိုင်ပေ။
“ငါက ဒီမြို့ကို သုတ်သင်ချင်တာ”
“မင်းတို့အားလုံးကို သတ်ချင်တာ”
ယဲ့ဖန်၏ စကားကြောင့် လမ်းမပေါ်မှ သိုင်းပညာရှင်များအားလုံး မှင်တက်သွားသည်။ တစ်ခဏအကြာ၌ အားလုံး ဆူညံပွက်လောရိုက်သွားလေသည်။ အားလုံးက ယဲ့ဖန်ကို အရူးဟု ထင်မှတ်သွားကြသည်။
*ထုံချန်မြို့ကို*
*ငါတို့အားလုံးကို သတ်ချင်တယ်တဲ့လား*
*ဒီကောင့်ခေါင်းထဲ ဘာတွေပြည့်နေတာလဲ*
ထိုသို့တွေးမိပြီးနောက် လူတိုင်းနီးပါး မျက်နှာသုန်မှုန်ကာ အေးစက်လာသည်။ သူတို့ ဒေါသူပုန်ထနေကြသည်။
“ကောင်းပြီလေ၊ မဆင်မခြင်လုပ်ရဲတဲ့ကောင်ပဲ၊ ငါတို့က သူ့ကို မသတ်ချင်ပင်မယ့် သူက ငါတို့အားလုံးကို သတ်ချင်တယ်ပေါ့လေ”
“ဟားဟားဟား … ငါ လူပေါင်းများစွာကို တွေ့ဖူးပင်မယ့် ကိုယ့်သေတွင်းကိုယ်တူးရဲတဲ့ကောင်ကို အခုမှ မြင်ဖူးတာပဲ”
“သတ်ကွာ၊ မောက်မာနေတဲ့ကောင်ကို သတ်ပစ်လိုက်၊ ငါတို့က သူ ရန်မစနိုင်တဲ့လူတွေဆိုတာ သိအောင် လုပ်ပြလိုက်”
“…”
ထိုစဉ် အားလုံးက ဒေါသတကြီး အော်ဟစ်ပြောဆိုလာသည်။ မြို့ငယ်ဆယ့်ရှစ်မြို့မှ သိုင်းပညာရှင်များ၏ မျက်နှာထားက ရက်စက်ကြမ်းကြုတ်လှသည်။ ရင်ဝူသော်ဆိုလျင် သူ ကြားလိုက်ရသည့် စကားကို မယုံနိုင် ဖြစ်နေ၏။
“ဟားဟားဟား … အရူး၊ စောက်ရူး”
ရင်ဝူသော် ဟားတိုက်ရယ်မောမိသည်။ သူ ယဲ့ဖန်အတွက် အကွက်ဆင်းသော်လည်း ယဲ့ဖန်က ထိုအကွက်ထဲသို့ တကယ် ခုန်ဝင်လိမ့်မည်ဟု ထင်မထားမိပေ။
*အားလုံးကို သတ်မယ် ဟုတ်လား*
*ထုံချန်မြို့ကိုရောလေ*
*ဒါ ရူးနေတာ မဟုတ်ရင် ဘာကြီးလဲ*
ထို့နောက် ရင်ဝူသော်က သိုင်းပညာရှင်အားလုံးကို ဝေ့ကြည့်၍ အော်ပြောလိုက်သည်။
“အားလုံးပဲ ကြားလိုက်တယ် မဟုတ်လား”
“ဒီကောင်က ကျုပ်တို့အားလုံးကို သတ်ချင်လောက်အောင် တအား ရက်စက်တာပဲ”
“ဒီခွေးကောင်နဲ့ ရင်ဆိုင်နေရပြီဆိုတော့ ကျုပ်တို့ ဘာလုပ်သင့်လဲ”
ရင်ဝူသော်၏ စကားများက အလွန် ရန်စလွန်းလှသည်။ သိုင်းပညာရှင်အားလုံးက သတ်ဖြတ်ချင်သော အမူအရာဖြင့် လက်သီးလက်မောင်းတန်း၍ အော်ဟစ်လေသည်။
“သတ်၊ သတ်၊ သတ်”
သတ်ဖြတ်ချင်စိတ်က အတောမသတ်နိုင်အောင် ထွက်ပေါ်နေ၏။ သိုင်းပညာရှင်အားလုံး၏ အမြင်တွင် ယဲ့ဖန်သည် သေလူ တစ်ယောက်သာ ဖြစ်လေသည်။ ယဲ့ဖန်ကမူ ပုရွက်ဆိတ်တစ်အုံ တကျီကျီလုပ်နေသည်ဟုသာ သဘောထား၍ ကြည့်နေ၏။
“သတ်မယ်ပေါ့လေ”
“ဒါဆိုလည်း သတ်ရတာပေါ့”
Chapter 954 ဓားတစ်ချက်၏ အစွမ်း
ဒေါက်! ဒေါက်! ဒေါက်!
လက်ရှိအချိန်၌ ယဲ့ဖန်သည် ရှေ့သို့ တစ်လှမ်းချင်းတိုး၍ လူအုပ်ကြီးထံသို့ လျှောက်သွားလေသည်။ သူ၏ခြေလှမ်းက အလွန် ဖြည်းညှင်း၍ ပေါ့ပါးလွန်းသည်။ ခြေလှမ်းများက ပေါ့ပါးသော်လည်း အားလုံး၏ နားထဲတွင် မိုးခြိမ်းသံသဖွယ် ဖြစ်နေပြီး လူတိုင်း နားအူသွားကြသည်။
ထို့အပြင် ယဲ့ဖန်က လူတိုင်းကို သွေးဆာနေသော အကြည့်များဖြင့် စိုက်ကြည့်၍ ပြောလာသည်။
“မင်းတို့က ခုတ်ထစ်ရတာကို သဘောကျတာလား”
“ဒါဆိုလည်း ဓားနဲ့ခုတ်ခံရတဲ့ အရသာကို မြည်းစမ်းကြည့်ပေါ့”
ထို့နောက် ယဲ့ဖန်က လက်ကိုလှုပ်၍ နတ်ဓားကို ထုတ်ကာ မြို့ငယ် ဆယ့်ရှစ်မြို့မှ သိုင်းပညာရှင်များထံ ဖြည်းဖြည်းချင်း လှမ်းလာနေသည်။ ဤအဖြစ်ကြောင့် သိုင်းပညာရှင်တိုင်း အံ့ဩသွားကြသည်။
*တစ်ယောက်တည်းနဲ့ အားလုံးကို တိုက်မလို့လား*
*ဒီကောင်က တကယ့် အရူးပဲ*
ထိုအခိုက်တွင် အားလုံးက အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။ ထို့နောက် လူသတ်ချင်သော အမူအရာတို့ဖြင့် ညာသံပေးလာသည်။
“သတ်”
ထိုအသံအဆုံး၌ တစ်လမ်းလုံး ဆူညံပွက်လောရိုက်သွားသည်။ များစွာသော သိုင်းပညာရှင်များက ယဲ့ဖန်နှင့် တိုက်ခိုက်ရန် ပြေးဝင်လာနေကြသည်။
အရှေ့မှ လူသုံးယောက်သည် လောကသခင်အဆင့်များ ဖြစ်ကြသည်။ သူတို့၏ အလျင်က အလွန် လျင်မြန်လှပြီး ယဲ့ဖန်ထံသို့ ဖျတ်ခနဲ ရောက်လာလေသည်။
“သေလိုက်တော့”
လောကသခင်အဆင့် သုံးယောက်သည် ဓားများကို ဆွဲထုတ်၍ ယဲ့ဖန်အား အားဖြင့် ခုတ်ပိုင်းကြလေသည်။ အဆိုပါ မြင်ကွင်းကြောင့် ဟွမ်ထျန်းပါ့နှင့် ဟွမ်မိသားစုဝင်များအားလုံး လည်ချောင်းထဲမှနေ၍ နှလုံး ခုန်ပေါက်ထွက် လာမတတ် ခံစားလိုက်ရသည်။
“အဲ့လောကသခင်အဆင့် သုံးယောက်က ဝူရွှမ်မြို့က ဝူမိသားစုရဲ့ မဟာအကြီးအကဲ သုံးယောက်ပဲ၊ တစ်ယောက်ချင်းစီရဲ့ ခွန်အားက ငရဲဘုံက လောကသခင်သုံးပါးဖြစ်တဲ့ ထျန်းကျစ်၊ ရွှမ်ကျူးနဲ့ တိကျူးထက် ပိုပြီး သန်မာတယ်၊ သူတို့မှာ ပိုကြောက်စရာကောင်းတဲ့ သိုင်းကွက်တွေ ရှိသေးတယ်၊ လူကြီးမင်းယဲ့ လုပ်နိုင်ပါ့မလား”
ဟွမ်ချန် ထိတ်လန့်နေ၏။ ငရဲဘုံမှ လောကသခင်သုံးပါးသည် ယဲ့ဖန်၏ ကမ္ဘာ့ရန်သူတော်ကြီးများ ဖြစ်ပြီး နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသော်လည်း အပြတ်မရှင်းနိုင်ခဲ့ဟု သူ ကြားခဲ့ဖူးသည်။
ယခုအခါတွင် ထိုလောကသခင်သုံးပါးထက် ပိုကြောက်စရာကောင်းသော မဟာအကြီးအကဲ သုံးယောက်နှင့် ရင်ဆိုင်နေရသဖြင့် ယဲ့ဖန်တစ်ယောက်လည်းဆိုလျင် အားနည်းလွန်းလှသည်။
ဟွမ်ချန်သာမက ဟွမ်မိသားစု အကြီးအကဲများလည်း ထပ်တူ စိုးရိမ်နေကြသည်။ ဟွမ်ထျန်းပါ့ တစ်ယောက်တည်းသာလျင် စိတ်လှုပ်ရှားကာ ယုံကြည်မှုရှိနေ၏။
“မင်းတို့ မှားနေပြီ”
“အားလုံး အထင်မှားနေကြတာ၊ အခု ယဲ့ဖန်က ကောင်းကင်ဘုံကို ဆန့်ကျင်မယ့်သူ”
ဟွမ်ချန်နှင့် ဟွမ်မိသားစုဝင် အကြီးအကဲများသည် အချင်းချင်း ပြန်ကြည့်မိကြပြီး စိတ်ထဲ၌ မယုံနိုင်သေးပေ။ ထိုအခိုက်တွင် ဝူမိသားစု၏ မဟာအကြီးအကဲသုံးယောက်က ရှေ့သို့ ပြေးတက်သွားသည်ကို ကြည့်ပြီး ရင်ဝူသော်က စဉ်းလဲစွာ ပြုံးလိုက်သည်။
“ဟားဟားဟား … ဝူမိသားစုက မဟာအကြီးအကဲ သုံးယောက်၊ တစ်ယောက်ချင်းစီက လောကသခင် နောက်ဆုံးအဆင့်တွေ”
“အဲ့လိုလူသုံးယောက် အတူတူ ပေါင်းတိုက်လာတယ်ဆိုတော့ လောကသခင် အထွတ်အထိပ်အဆင့် ရောက်နေတဲ့သူတောင် ယှဉ်တိုက်ဖို့ ခက်တယ်”
“အဲ့ကောင်တော့ ပွဲသိမ်းပြီပဲ”
ရင်ဝူသော်သည် ယဲ့ဖန်အား အလွန်အမင်း မုန်းတီးသည်။ ယဲ့ဖန် တစ်စစီ ခုတ်ထစ်ခံရတော့မည့် မြင်ကွင်းကို တွေးမိပြီး သူ စိတ်လှုပ်ရှားကာ တုန်ယင်လာသည်။
“သေပေတော့”
ဓားသုံးလက်က ယဲ့ဖန်ထံသို့ အရှိန်ဖြင့် ကျဆင်းလာသည်။
ဂျွတ်!
ထိုဓားသုံးလက်၏ အရှိန်အဝါကြောင့် လမ်းမ၏ မြေကြီးတောင်မှ အက်ကွဲလာသည်။ မရဏ အငွေ့အသက်က ယဲ့ဖန်ကို လွှမ်းခြုံလာ၏။
ထိုအရှိန်အဝါကြောင့် ဟွမ်မိသားစုဝင်များအားလုံး ကြက်သီးထသွားသည်။ ထိုအချိန်တွင် အားလုံး၏ အကြည့်အောက်၌ ယဲ့ဖန်က လက်ထဲမှ နတ်ဓားအား အရှေ့သို့ အသာဝှေ့ယမ်းလိုက်သည်။
ရွှစ်!
ထိုဓားချက်သည် အားနည်းပုံရသော်လည်း ဝှေ့ယမ်းလိုက်သည်နှင့် ဓားရောင် လက်ခနဲ ဖြစ်သွားပြီး ပြောင်းလဲမှု ဖြစ်ပေါ်လာ၏။ မမြင်ရသော လူသတ်လိုသည့် အငွေ့အသက်က အရှေ့မှ လူတိုင်းကို လွှမ်းခြုံလာသည်။
ဝူမိသားစု၏ မဟာအကြီးအကဲ သုံးယောက်လုံး၏ လှောင်ပြောင်မှုများက ချက်ချင်း ရပ်တန့်သွားသည်။ ထို့နောက် သူတို့၏ ထိတ်လန့်နေသော အကြည့်အောက်၌ ဓားသွားထက်တွင် အက်ကြောင်းရာများ ထင်ဟပ်လာပြီး ပျက်စီးသွားလေသည်။
ဂျွတ်!
“မဖြစ်ရဘူး”
ထိုသို့သောအချိန်၌ မရဏအငွေ့အသက်က မဟာအကြီးအကဲ သုံးယောက်ကို လွှမ်းခြုံလာသဖြင့် သုံးယောက်လုံး ကြက်သီးထသွားသည်။ သူတို့ ရှောင်ချင်သော်လည်း ရှောင်၍မရပေ။
ရွှစ်! ရွှစ်! ရွှစ်!
ဓားရောင်များ ဖြတ်သွားချိန်တွင် သူတို့သုံးယောက်၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်ကာ တောင့်တင်း သွားသည်။ သူတို့သည်သာမက သူတို့အနောက်မှ လူ ငါးဆယ့်ကိုးယောက်တောင်မှ ကြက်သေ သေကာ မလှုပ်မယှက် ရပ်တန့်သွားလေသည်။
ထိုအခိုက်တွင် တစ်လမ်းလုံး ဘာအသံမှ မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ အားလုံးက ဝူမိသားစု၏ မဟာအကြီးအကဲ သုံးယောက်ကို မျက်ခုံးတလှုပ်လှုပ်နှင့် ကြည့်နေကြသည်။
သူတို့ ထိတ်လန့်တကြား ကြည့်နေစဉ်မှာပင် မဟာအကြီးအကဲ သုံးယောက်၏ လည်ပင်းမှ သွေးစီးကြောင်းများ ထွက်ပေါ်လာ၏။ ထို့နောက် ဦးခေါင်းသုံးလုံးက လည်ပင်းမှ တိခနဲ ပြတ်ကျသွားလေတော့သည်။
ဤသည်မှာ အစသာ ရှိပေသေးသည်။ ဝူမိသားစု၏ မဟာအကြီးအကဲ သုံးယောက်အနောက်မှ သိုင်းပညာရှင် အယောက် ငါးဆယ့်ကိုးယောက်၏ လည်ပင်း၌လည်း သွေးစီးကြောင်းများ ထွက်ပေါ်လာပြီး တစ်ယောက်ပြီး တစ်ယောက် ခေါင်းပြတ်သွားကြသည်။
ခေါင်းပြတ်သွားသော သိုင်းပညာရှင် ငါးဆယ့်ခြောက်ယောက်၏ လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။ ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွေးပျက်သွားသည်။
လမ်းမထက်၌ ထိုသွေးများက မြစ်သဖွယ် စီးဆင်းနေသည်ကို အားလုံး တွေ့လိုက်ရသည်။ ထိုသွေးမြစ်နှင့်အတူ ခေါင်းပြတ် ငါးဆယ့်ကိုးလုံးက စီးမျောနေ၏။
ထိုမြင်ကွင်းကြောင့် ဘေးပတ်လည်မှ လူများအားလုံး မှင်တက်သွားကြသည်။ ဟွမ်မိသားစုခေါင်းဆောင် ဟွမ်ချန်နှင့် ဟွမ်မိသားစု အကြီးအကဲများအားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားလေသည်။
လူတိုင်း မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကာ ရင်ဝူသော်နှင့် အခြားသူများ၏ ထီမထင်ဟန်များ ပျက်ယွင်းသွားသည်။ သူတို့၏နဖူးမှ ချွေးစေးများ တဒီးဒီး စီးကျလာ၏။
ချက်ချင်းဆိုသလိုပင် အားလုံး သတိပြန်ဝင်လာပြီး ကတုန်ကယင်ဖြစ်ကာ မြေကြီးပေါ် လဲကျလုနီးပါး ဖြစ်သွားကြသည်။
လူတော်တော်များများသည် တံတွေးကို ဆက်တိုက် မျိုချ၍ မျက်လုံးကို ထပ်ခါထပ်ခါ ပွတ်ပြီး မယုံနိုင်ဟန်ဖြင့် ပြန်ကြည့်မိသည်။
ထို့အပြင် ခေါင်းပြတ်သော အလောင်းများက တဘုန်းဘုန်းလဲကျနေသဖြင့် ထိုအသံကြောင့် လူတိုင်း ရင်တဒိန်းဒိန်း တုန်နေကြသည်။ သူတို့ တုန်ယင်ကာ ကြောက်လန့်နေကြလေ၏။ တစ်ခဏအတွင်းမှာပင် ယဲ့ဖန်ရှေ့၌ အလောင်းများ တောင်လိုပုံနေလေသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”
ကွေမူ ခေါင်းပေါက်မတတ် စိုးရိမ်လာသည်။ မဟာ အကြီးအကဲ သုံးယောက်သာမက သိုင်းပညာရှင်ပေါင်း ငါးဆယ့် ကိုးယောက်လုံး၏ အလောင်း၌ မည်သည့် စိတ်ဝိညာဉ် အငွေ့အသက်မှ ရှိမနေသည်ကို သူ သတိထား မိသွားသည်။
ယဲ့ဖန်၏ ဓားက သိုင်းပညာရှင် ငါးဆယ့်ကိုးယောက်၏ ဦးခေါင်းကို ဖြတ်လိုက်ရုံသာမက သူတို့၏ စိတ်ဝိညာဉ်ကိုပါ အပြီးတိုင်း ရှင်းပစ်လိုက်လေသည်။
*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
“လောကသခင် နောက်ဆုံးအဆင့် သုံးယောက်၊ လောကသခင် စဦးအဆင့် ဆယ်ယောက်နဲ့ လောကသခင် တစ်ပိုင်းအဆင့် လေးဆယ့်ကိုးယောက်လေ”
“ဒီကောင် ဘယ်လိုတောင် လုပ်လိုက်တာလဲ”
ဤမျှ ထိတ်လန့်စရာကောင်းပြီး ရက်စက်လှသော မြင်ကွင်းမျိုး ကွေမူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဓားချက် တစ်ချက်တည်းဖြင့် သိုင်းပညာရှင်ပေါင်းများစွာကို သတ်လိုက်ခြင်းက မှင်တက်စရာ ကောင်းလွန်းလှသည်။
ထို့အပြင် ကွေမူသည် ယဲ့ဖန်၏ လက်ထဲမှ ဓားကိုမြင်လိုက်ရချိန်တွင် အလွန် ရင်းနှီးသလို ခံစားလိုက်ရသည်။ နတ်ဓား၏ ဓားသွားထက်၌ သွေးများ တတောက်တောက် စီးကျနေ၏။ ထိုစဉ် ဓားရိုးပေါ်မှ ကောင်းကင်ဘုံဟူသော စာလုံး ပေါ်လာလေသည်။
ထိုအခါ ကွေမူတစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
“နတ် … နတ်ဓား”
“တပေါ် အရှင်သခင်”