← Chapters

အခန်း (၉၆၁-၉၆၃)

Vol. 65 Ch. 961-963

အခန်း (၉၆၁-၉၆၃)

Vol. 65 Ch. 961-963

Chapter 961 ညင်သာသော ဓားချက်တစ်ချက်

“ဒီတပည့် သူတို့ဆန္ဒကို ဖြည့်ဆည်းပေးပြီးပါပြီ”

ရှောင်ချီရှို့ထံမှ ထိုစကားကို ကြားလိုက်ရပြီးနောက် သိုင်းပညာရှင်များအားလုံး ငြိမ်ကျသွားသည်။

*ဆရာ*

*တပည့်*

*ကြောက်စရာကောင်းတဲ့ တိုက်ပွဲဝင်ခွန်အားရှိတဲ့ တပည့်ပါလား*

အားလုံး၏ မျက်နှာ၌ ထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။ ယင်ယန်လောက၌ သန်မာသူများကိုသာ လေးစား ကြသည်ကို အားလုံး သိရှိထားသည်။

ဆရာတပည့်များ ဖြစ်နေလျင်တောင်မှ တပည့်ဖြစ်သူက ဆရာဖြစ်သူထက် ခွန်အား သာလွန်သွားလျင် အချင်းချင်း မိတ်ဆွေများကဲ့သို့ ရင်းရင်းနှီးနှီး ပြောဆိုလာကြသည်။

သို့သော် ယခုအခါတွင် တိုက်ပွဲဝင်ခွန်အား အန္တိမအဆင့်ရှိသော ကောင်လေးက နတ်ဘုရင်အဆင့်သာရှိသော လူအား အရိုအသေ ပေးနေသည်ကို သူတို့မျက်လုံးနှင့် တပ်အပ်မြင်နေရသည်။ သူတို့နှစ်ယောက်ကြား၌ အဆင့်ငယ် နှစ်ဆယ်ကျော်မျှ ကွာဟချက် ရှိသည်။

ဤသည်က အားလုံး၏ အတွေးအမြင်ကို ပြောင်းပြန်လှန်လိုက်သလိုပင်။ ရှောင်ချီရှီု့၏ ယဲ့ဖန်အပေါ် ထားသော လေးစားအားကျသော အမူအကျင့်ကို လူတိုင်း မယုံသင်္ကာ ဖြစ်နေကြသည်။

ရှောင်ချီရှို့၏ စိတ်ထဲတွင် ယဲ့ဖန်သည် ဆရာတစ်ယောက် ဖြစ်ရုံသာမက မိသားစုအဖြစ်လည်း သတ်မှတ် ထားသည့်ပုံပင်။

“တော်တယ်”

ယဲ့ဖန်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရင်ရှုံးနှင့် အခြားသူများကို ပြုံးကာ လှမ်းကြည့်လေသည်။

“အခု မင်းတို့ ကျေနပ်ပြီလား”

သူ့စကားကြောင့် ရင်ရှုံးနှင့် သိုင်းပညာရှင်များအားလုံး မျက်နှာ မည်းမှောင်သွားကြသည်။

“ဟမ့် … သူ ဒီလောက် ထောင်လွှားနေတာကို ငါ မအံ့ဩတော့ဘူး၊ လတ်စသက်တော့ သူ့ကို စောင့်ရှောက်ပေးမယ့် အန္တိမအဆင့် တိုက်ပွဲဝင်ခွန်အား ရှိတဲ့ တပည့်တစ်ယောက် ရှိနေတာကိုး”

ယခုအခါတွင်မှ ယဲ့ဖန် အလွန် တည်ငြိမ်၍ ထောင်လွှားနေသည့် အကြောင်းရင်းကို ရင်ရှုံး နားလည်သွားလေသည်။

“ဟေ့ကောင် မင်း အန္တိမအဆင့် တိုက်ပွဲဝင်ခွန်အားရှိတဲ့ တပည့်တစ်ယောက် ရှိနေတာနဲ့ပဲ ရာချီတဲ့ လောကသခင် အဆင့်တွေနဲ့ ထောင်ချီတဲ့ အဓိက နတ်ဘုရားအဆင့်တွေရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မယ်လို့ ထင်နေတာလား”

“မင်းက တော်တော် တုံးတာပဲ”

ထိုသို့ပြောနေချိန်တွင် ရင်ရှုံးက ကောက်ကျစ်စွာ ပြုံးနေ၏။ ထို့နောက် ဝူယွင်ရှန်နှင့် အခြား လောကသခင် အဆင့်များကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“အားလုံးပဲ၊ အခု အရေးအကြီးဆုံး အရာက ဒီလူကို ဖမ်းမိဖို့ပဲ”

“ယင်ယန် ရတနာရှိတဲ့ လောကသခင်တိုင်း ရတနာတွေကိုထုတ်ပြီး စစ်ကျွန် ရှောင်ချီရှီု့ကို ဝိုင်းတိုက်ကြပါ”

“ကျန်တဲ့လူတွေကတော့ ကျုပ်နဲ့အတူ ဒီနတ်ဘုရင်အဆင့် ကောင်စုတ်လေးကို သတ်ကြမယ်”

ရင်ရှုံး၏စကားက လူတိုင်းကို တက်ကြွသွားစေသည်။ အားလုံး အခြေအနေကို နားလည်သွားလေသည်။ ယဲ့ဖန်ကို ဖမ်းမိသည်နှင့် စစ်ကျွန် ရှောင်ချီရှို့လည်း အဖမ်းခံမည်မှာ သေချာလှသည်။

လက်ရှိအချိန်တွင် လောကသခင်အဆင့်များက မိမိ၏ ယင်ယန် ရတနာများကိုထုတ်၍ ရှောင်ချီရှို့ထံသို့ ပြေးဝင် သွားကြသည်။

“သတ်”

လောကသခင်အဆင့်များအပြင် ယင်ယန်ရတနာများပါ ထုတ်လာသဖြင့် သူတို့၏ခွန်အားက မြင့်တက်သွားသည်။ သူတို့၏ တိုက်ကွက်တစ်ခုချင်းစီတိုင်း၌ ငလျင်လှုပ်သကဲ့သို့ တုန်ခါလာသည်။

လူဆယ်ယောက်၊ အယောက်နှစ်ဆယ်၊ အယောက်သုံးဆယ်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ယင်ယန် ရတနာများ ကိုင်ဆောင်ထားသော လောကသခင်အဆင့် အယောက် သုံးဆယ်က ရှောင်ချီရှို့ကို ဝိုင်းထားပြီး ဆက်တိုက် တိုက်ခိုက်ကြသည်။

ဝုန်း! ဝုန်း! ဝုန်း!

ပြင်းထန်သော တိုက်ပွဲဖိအားများ ထွက်ပေါ်လာ၏။ လောကသခင်အဆင့် အယောက်သုံးဆယ်ကျော်မျှ ပူးပေါင်း၍ တိုက်ခိုက်နေသော်လည်း ရှောင်ချီရှို့၏ အန္တိမအဆင့် တိုက်ပွဲဝင်ခွန်အားက အလွန် ကြောက်စရာကောင်းလှသည်။

သူသည် ဘယ်ညာလှည့်၍ ပြန်လည်တိုက်ခိုက်နေ၏။ သူ၏ လက်သီးချက်တိုင်းက ယင်ယန်ရတနာပေါ် ပြင်းထန်စွာ ကျရောက်လာသည်။

သို့သော် သူ မည်မျှတိုက်ခိုက်ပါသော်လည်း ဝိုင်းခံထားရခြင်းမှ ထိုးဖောက်ရန် ခက်ခဲနေ၏။ ယင်ယန် ရတနာ အခု သုံးဆယ်၏ အစွမ်းက အလွန် တုန်လှုပ်ဖွယ် ကောင်းလှသည်။ ထို့ကြောင့် ရှောင်ချီရှို့၏ ခန္ဓာကိုယ်၌ ဒဏ်ရာများ တိုးလာလေသည်။

သူ့ထံမှ သွေးများ ဆက်တိုက် ပန်းထွက်လာနေသော်လည်း သူသည် ကျားတစ်ကောင်သဖွယ် အရူးအမူး တိုက်ခိုက်နေဆဲပင်။

“ဟားဟားဟား … အန္တိမအဆင့် တိုက်ပွဲဝင်ခွန်အား ရှိနေလျင်တောင်မှ ဒဏ်ရာရပြီး သေရမှာပဲ”

ဤမြင်ကွင်းကိုကြည့်ပြီး ရင်ရှုံးနှင့် အခြားသူများ ဟက်ဟက်ပက်ပက် ရယ်မောလေသည်။ သူတို့သည် ဤသို့ အင်အားအပြည့် ထွက်လာခြင်း ဖြစ်ပြီး မျိုးနွယ်မှ ယင်ယန်ရတနာများကို သယ်လာခဲ့ကြသည်။

ယင်ယန်ရတနာ အခုသုံးဆယ်မျှ ဖြစ်နေသောကြောင့် အန္တိမအဆင့်တောင်မှ ခုခံရန် ခက်ခဲပေသည်။ ရှောင်ချီရှို့က လက်ချည်းဗလာ ဖြစ်နေသောကြောင့် လက်ရှိတွင် သူ ဖိနှိပ်ခံနေရသည်။

ရင်ရှုံးနှင့် အခြားသူများအားလုံး ယဲ့ဖန်ကို ဝိုင်းကြည့်လာသည်။ ထို့နောက် သိုင်းပညာရှင်များက ယဲ့ဖန်ထံသို့ ဖြည်းဖြည်းချင်း လှမ်းလာကြသည်။

ရှောင်ချီရှို့ကဲ့သို့ သူ့အား ကာကွယ်ပေးမည့်သူ မရှိတော့ပေ။ အားလုံး၏ အမြင်တွင် ယဲ့ဖန်သည် အမေ ပျောက်သွားသော ကျားပေါက်သဖွယ် ဖြစ်နေ၏။

“ခွေးမသားလေး၊ မင်းတပည့်က ငါ့ခြေထောက်တစ်ဖက်ကို ဆွဲဖြုတ်ခဲ့တယ်၊ အခုတော့ မင်း ဘယ်လိုသေမလဲ ငါ ကြည့်ရသေးတာပေါ့”

ထျန်းဟော် တာအိုသခင်၏ အကြည့်က ခက်ထန်နေသည်။ ထိုအကြည့်က ယဲ့ဖန်ကို အရှင်လတ်လတ် အရေခွံနွှာရန် မစောင့်နိုင်သည့်ပုံပေ။

ထို့အပြင် သူသည် လက်ကိုလှုပ်ခါ၍ ယင်ယန် ထိပ်သီးရတနာဖြစ်သော ဓားတစ်လက်ကို ထုတ်လိုက်သည်။ သူသည် သာမက လက်ပြတ်သွားသော ပိုင်ရီရှုံးသည်လည်း ပခုံးမှ ဝေဒနာကို တောင့်ခံ၍ ယဲ့ဖန်ထံ လှမ်းလာ နေသည်။ လက်ထဲ၌ ယင်ယန် ရတနာဖြစ်သော ကျိုင်းကို ကိုင်ထားသည်။

“မင်းတပည့်က ငါ့လက်တစ်ဖက်ကို ဖြတ်လိုက်တယ်၊ အဲ့တော့ ငါ မင်းလက်နှစ်ဖက်လုံးကို ဖြတ်ပစ်မယ်”

“မင်းကို သေတာထက် ပိုဆိုးရွားတဲ့ဘဝမျိုး ခံစားရအောင် လုပ်ပေးမယ်”

ထိုသူများအားလုံးသည် မိမိ၌ရှိသော ရတနာများကို ထုတ်ကာ ယဲ့ဖန်အား သေလူသဖွယ် ကြည့်နေကြသည်။ ထိုသူများအနောက်၌ ရင်ရှုံးနှင့် ဝူယွင်ရှန်တို့ ရပ်နေကြသည်။ သူတို့သည် ရှေ့သို့ တက်မလာဘဲ ပွဲကိုသာ တိတ်တိတ်ဆိတ်ဆိတ် စောင့်ကြည့်နေ၏။

“အားလုံးပဲ၊ ခင်ဗျားတို့ ဘယ်လောက်တော်လဲဆိုတာကို ဒီနတ်ဘုရင်အဆင့်လေး သိသွားအောင် အဆိုးရွားဆုံး နည်းလမ်းတွေ ထုတ်သုံးလိုက်ပါ”

ယဲ့ဖန်တစ်ယောက် ဆိုးရွားစွာ ခံစားရတော့မည်ဟု တွေးတောပြီး ရင်ရှုံး စိတ်လှုပ်ရှားကာ တုန်ယင်လာလေသည်။ ဝူယွင်ရှန်သည်လည်း ခက်ထန်သော မျက်နှာထားဖြင့် ကြည့်နေ၏။

လောကသခင်အဆင့်များသည် လှောင်ပြုံးပြုံး၍ ယဲ့ဖန်ထံ ပြေးဝင်သွားလေသည်။ ပြင်းထန်သော ဖိအားတစ်ခုက ယဲ့ဖန်ကို လွှမ်းမိုးလာသည်။

“သတ်”

လောကသခင်အဆင့်များ၏ အမူအရာက ပို၍ခက်ထန်လာသည်။ ယင်ယန် ရတနာများကို ထုတ်သုံးနေ သောကြောင့် ပတ်ဝန်းကျင်အား တုန်ခါသွားစေသည်။

ယဲ့ဖန်၏ ခန္ဓာကိုယ်မှနေ၍ သွေးများနှင့်အတူ ကိုယ်လက်အင်္ဂါများ ခုတ်ပိုင်းခံရတော့မည်ဟု မြင်ယောင် နေကြသည်။ ထိုအချိန်တွင် ယဲ့ဖန်က ရွှေရောင် ဓားတစ်လက်အား ထုတ်လိုက်သည်ကို အားလုံး တွေ့လိုက် ရသည်။

*ပြန်ခုခံမယ်ပေါ့လေ*

“အရူး၊ ရွှေရောင်ဓားလေးနဲ့ ယင်ယန်ရတနာတွေကို ကိုင်ထားတဲ့ လောကသခင်တွေကို ခုခံနိုင်မယ်လို့ ထင်နေတာလား”

“မင်း အသည်းအသန် ခုခံလေ ပိုဆိုးရွားလေပဲကွ”

ရင်ရှုံး၏ လှောင်ပြုံးက ပို၍ပြင်းထန်လာသည်။ ဘေးပတ်လည်မှ သိုင်းပညာရှင်များကလည်း ပို၍ အထင်သေးသော အကြည့်များဖြင့် ကြည့်လာသည်။

*နတ်ဘုရင်အဆင့်တစ်ယောက်က လောကသခင်အဆင့်တွေကို ခုခံမယ်တဲ့လား*

*ရွှေရောင်ဓားလေးတစ်လက်နဲ့ ယင်ယန်ရတနာတွေကို ဆန့်ကျင်မယ်ပေါ့လေ*

*ဒီကောင်က အရူးပဲ*

အရှေ့မှ တက်သွားသည့် လောကသခင်အဆင့်များ ယဲ့ဖန်နားသို့ ရောက်ခါနီးနေချိန်တွင် ယဲ့ဖန်က လက်ထဲမှ ရွှေရောင်ဓားအား အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ဓားချက်က ညင်သာ ပျော့ပျောင်းလှသည်။

“ဟားဟားဟား … ဒီလို တိုက်ခိုက်ပုံလေးနဲ့ လောကသခင်တွေကို ခုခံချင်သေးတာလား၊ ဒါက အရမ်း …”

သိုင်းပညာရှင်တစ်ယောက်က ယဲ့ဖန်ကို ချက်ချင်း လှောင်ပြောင်လေသည်။ သို့သော် သူ စကားကို အဆုံးထိ မပြောလိုက်ရဘဲ ရပ်သွားသည်။

သူ၏ အထင်သေးလှောင်ပြောင်သော အမူအရာကလည်း ပျောက်ကွယ်သွားပြီး အရှေ့သို့ ပါးစပ် အဟောင်းသားဖြင့် မယုံနိုင်စွာ ကြည့်နေမိသည်။

အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ ညင်သာသော ဓားချက်အောက်၌ မသဲမကွဲအသံတစ်ချို့ ထွက်ပေါ်လာပြီး ယင်ယန်ရတနာဖြစ်သော ဓားတစ်လက် ပျက်စီးသွားပြီး နှစ်ပိုင်းကျိုးသွားသည်ကို တွေ့လိုက်ရသောကြောင့်ပင်။

…

ယင်ယန်ရတနာများအားလုံး တစ်စစီ ပျက်စီးသွားသည့်အပြင် အရှေ့သို့ ပြေးတက်သွားသည့် လောကသခင် အချို့သည်လည်း နေရာ၌ ကြက်သေ သေကာ ရပ်နေကြလေ၏။

ထို့နောက်တွင်မူ သူတို့၏ ခါးမှနေ၍ သွေးများ ပန်းထွက်လာပြီး ခန္ဓာကိုယ်အပေါ်ပိုင်းက မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ လောကသခင်အဆင့်များ ခန္ဓာကိုယ် နှစ်ပိုင်းပိုင်းခံလိုက်ရလေသည်။

Chapter 962 လူများတယ်ဟုတ်လား၊ ဘယ်သူ့မှာ လူပိုများနေတာလဲ

ခန္ဓာကိုယ် အပေါ်ပိုင်းများက မြေကြီးပေါ်သို့ တဘုန်းဘုန်း ပြုတ်ကျသွားသည်။ များစွာသော လောကသခင် အဆင့်များ ခန္ဓာကိုယ် နှစ်ခြမ်း အပိုင်းခံလိုက်ရသည်။

ရဲရဲနီသောသွေးများကြောင့်‌ မြေပြင်တစ်ခုကလည်း သဘောကျနေ၏။ ရေဘုရင် လန်ရီဖေးနှင့် ပိုင်ရီရှုံးသည် ပွဲချင်းပြီး မသေဆုံးသွားသေးပေ။ သူတို့၏ ခန္ဓာကိုယ် အပေါ်ပိုင်းများက မြေကြီးပေါ် ပြုတ်ကျသွားသည်နှင့် မြေကြီးပေါ် မှ ယင်ယန် ရတနာများကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေမိသည်။

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ ငါ့ကျိုင်းက ဘိုးဘွားပိုင် ပစ္စည်းလေ … ဘယ်လိုလုပ် ပျက်စီးရတာလဲ …”

ပိုင်ရီရှုံးသည် ခန္ဓာကိုယ်မှ နာကျင်မှုကို မခံစားနိုင်ဘဲ ထက်ပိုင်းကျိုးသွားသော ကျိုင်းကိုသာ မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။ သူ့ဘေးမှ ရေဘုရင် လန်ရီဖေးသည်လည်း စက္ကူသဖွယ် မျက်နှာဖြူရော်နေ၏။

“အဲ့ဒါက ယင်ယန်ရတနာတွေကို ခုတ်ဖြတ်နိုင်တယ်၊ အဲ့ဒါ … အဲ့ဒါက ဘယ်လိုဓားမျိုးလဲ”

လောကသခင် အထွတ်အထိပ်အဆင့် သိုင်းပညာရှင် နှစ်ယောက်လုံး ဆောက်တည်ရာမရ ဖြစ်နေကြသည်။ ထိုအချိန်တွင် ရင်ရှုံးနှင့် ဝူယွင်ရှန်တို့၏ အပြုံးများသည်လည်း ပျောက်ကွယ်နေလေသည်။

ရှောင်ချီရှို့ကို တိုက်ခိုက်နေသည့် လောကသခင်အဆင့်များပင် တိုက်ခိုက်နေရာမှ ရပ်တန့်သွားသည်။ ထောင်ချီသော သိုင်းပညာရှင်များအားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။

သူတို့ရှေ့၌ ယဲ့ဖန်သည် ထိခိုက်ဒဏ်ရာမရှိဘဲ ငြိမ်သက်စွာ ရပ်မြဲရပ်နေ၏။ သူ့အရှေ့၌ လောကသခင်အဆင့်များ၏ ထက်ပိုင်း အခုတ်ခံထားရသော အလောင်းများ ပျံ့ကြဲနေသည်။ ကိုယ်တွင်းအင်္ဂါများပင် အပြင်သို့ ထွက်နေသဖြင့် မသတီစရာ ကောင်းလှသည်။

“သေ … သေသွားပြီလား”

“ထင်ယောင်ထင်မှား ဖြစ်နေတာ၊ ဒါ … ဒါ ထင်ယောင်ထင်မှား ဖြစ်နေတာပဲ ဖြစ်မယ်”

ရင်ရှုံးတစ်ယောက် လိပ်ပြာလွင့်မတတ် ဖြစ်ကာ ခြောက်ခြားနေသည်။ ဝူယွင်ရှန်သည်လည်း ကြက်သီးမွေးညင်း ထနေ၏။ သူသည် အစောပိုင်းက လန်ရီဖေးနှင့် အခြားသူများနည်းတူ မတိုက်ခိုက်ခဲ့ပေ။ သူသည် ဇာတ်ပွဲတစ်ပွဲ ကြည့်ရမည်ဟု ထင်ခဲ့သော်လည်း မထင်မှတ်ဘဲ လူသတ်ပွဲတစ်ပွဲကို ကြည့်လိုက်ရသည်။

လန်ရီဖေးနှင့် အခြားသူများနည်းတူ ယဲ့ဖန်အား ဝင်တိုက်ခဲ့ပါက မျက်စိရှေ့မှ အလောင်းများထဲတွင် သူ့အလောင်း ရှိနေလောက်သည်ကို ဝူယွင်ရှန် ရိပ်စားမိသည်။ ဤသို့ စဉ်းစားမိပြီးနောက် ဝူယွင်ရှန်၏ ကျော၌ ဇောချွေးတို့ဖြင့် ရွှဲနစ်လာသည်။

မိမိကိုယ်ကိုယ် သေမင်းတံခါးဝမှာ လွတ်လာသလို ခံစားနေရကာ တုန်လှုပ်ခြောက်ခြားနေ၏။ ဘေးပတ်လည်မှ လူများသည်လည်း သတိပြန်ဝင်လာပြီး ဆူညံ ပွက်လောရိုက်လာသည်။

“မြတ်စွာဘုရား၊ ဘာ … ဘာတွေဖြစ်နေတာလဲ၊ ဘယ်လိုလုပ် ဒီလောကသခင်အဆင့်တွေ ဓားနဲ့ အခုတ်ခံ လိုက်ရတာလဲ”

“အဲ့ဓားကြောင့်များလား၊ မဖြစ်နိုင်ပါဘူး၊ အဲ့ဓားချက်မှာ စွမ်းအားဆိုလို့ နည်းနည်းလေးတောင် မပါလိုက်တာကို”

“ချီးတဲ့မှပဲ၊ ဘယ်လိုလုပ် ယင်ယန် ရတနာတွေက ပျက်စီးသွားရတာလဲ”

“…”

ထောင်ချီသော သိုင်းပညာရှင်များအားလုံး မယုံသင်္ကာဖြစ်ကာ ဆူညံနေ၏။ သေဆုံးသွားသူများသည် လောကသခင်အဆင့်များ ဖြစ်သည်။ ရေဘုရင် လန်ရီဖေး၊ ပိုင်ရီရှုံးနှင့် ထျန်းဟော် တာအိုသခင်တို့လည်း ပါဝင်လေသည်။

အစောပိုင်းက အန္တိမအဆင့် တိုက်ပွဲဝင်ခွန်အားရှိသော ရှောင်ချီရှို့ပင် သူတို့ကို ချက်ချင်း မသတ်နိုင်ခဲ့ပေ။ ယခုအခါတွင်မူ ယဲ့ဖန်က ဓားချက်လေးတစ်ချက်တည်းဖြင့် ခန္ဓာကိုယ် ထက်ပိုင်းပြတ်သွားအောင် လုပ်နိုင်နေ၏။

လက်ရှိအချိန်၌ ထောင်ချီသော သိုင်းပညာရှင်များသည် ယဲ့ဖန်အား မိစ္ဆာတစ်ကောင်ကို ကြည့်သကဲ့သို့ ထိတ်လန့် သွေးပျက်စွာ ကြည့်နေကြသည်။

အစပိုင်းက သူတို့သည် ယဲ့ဖန်က ရှောင်ချီရှို့အပေါ် အားကိုးအားထားပြု၍ ထောင်လွှားရဲနေခြင်း ဖြစ်သည်ဟု ထင်ခဲ့မိသည်။ သို့သော် ယဲ့ဖန်၏ ဓားချက်အောက်၌ လောကသခင်အဆင့်များက ဟင်းသီးဟင်းရွက်သဖွယ် အခုတ်ခံလိုက်ရမည်ဟု သူတို့ ထင်မထားမိချေ။

ထို့အပြင် ဓားဖြင့် အခုတ်ခံလိုက်ရသည့် လောကသခင်တိုင်း စိတ်ဝိညာဉ်များပါ ဖျက်ဆီးခံလိုက်ရပြီး မည်သည့် စိတ်ဝိညာဉ် အစွမ်းအစကိုမျှ မခံစားမိကြသဖြင့် ကျန်လူများ ပို၍ခြောက်ခြားသွားသည်။

“အဆင့်ငယ်ပေါင်း နှစ်ဆယ်ကျော်လောက် ကွာတာကို၊ ဒီကောင် … မိစ္ဆာများလား”

ဝူယွင်ရှန်၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။ အဆင့်ပေါင်းများစွာ သာသောလူများကို သတ်နိုင်ခြင်းသည် ယင်ယန်လောက၏ သမိုင်း၌ တစ်ခါမှ မရှိဖူးခဲ့ပေ။

အကယ်၍ ဤသတင်းသာ ပျံ့သွားပါက ယင်ယန်လောကတစ်ခုလုံး တုန်လှုပ်သွားလောက်သည်။ အားလုံး တုန်လှုပ်နေချိန်တွင် ယဲ့ဖန်က အရှေ့သို့ တစ်လှမ်းချင်း တိုးလာနေ၏။

သူ၏ခြေသံက ထောင်ချီသော သိုင်းပညာရှင်များ၏ နားထဲတွင် မိုးခြိမ်းသံလိုပင်။ သိုင်းပညာရှင်များအားလုံး နောက်ပြန်ဆုတ်မိကြသည်။ ဤမြင်ကွင်းက အလွန် အံ့ဩဖွယ် ကောင်းလှသည်။ ထောင်ချီသော လူများက လူတစ်ယောက်တည်းကို ကြောက်နေကြသည်။

လူတိုင်း အသည်းအသန် နောက်ဆုတ်နေပြီး ယဲ့ဖန်အား ကြောက်လန့်သွေးပျက်စွာ ကြည့်နေကြသည် ရင်ရှုံး သတိထားမိသွားပြီး သုန်မှုန်နေသော မျက်နှာထားဖြင့် အော်ဟစ် သတိပေးလိုက်သည်။

“အားလုံးပဲ မကြောက်ကြနဲ့”

“သူ ဘယ်လောက် သန်မာနေပါစေ တစ်ယောက်တည်းပဲ ရှိတာလေ၊ သူက တစ်ယောက်တည်း ရှိနေမှတော့ သေရမှာပဲ”

“ကျုပ်တို့ လူထောင်ချီ ပြိုင်တူလှုပ်ရှားမယ်ဆိုရင် ဓားတစ်လက် ကိုင်ထားတဲ့ လူတစ်ယောက်ကို ကျုပ်တို့ နုတ်နုတ်စင်း နိုင်မှာပဲလေ”

ထို့နောက် ရင်ရှုံးက ချွမ်ရွှေမြို့နှင့် ဝံပုလွေမြို့တော် အစရှိသည့် မြို့တော်များမှ သိုင်းပညာရှင်များကို လှမ်းကြည့်၍ အော်ပြောလိုက်သည်။

“မင်းတို့ မိသားစုခေါင်းဆောင်တွေ၊ မြို့တော်သခင်တွေနဲ့ သေသွားရတဲ့ မင်းတို့လူတွေအတွက် လက်စား မချေချင်ဘူးလား”

“ရန်သူက မင်းတို့ရှေ့တင် ရှိနေတာလေ၊ သတ္တိမွေးပြီး သတ်ကြစမ်းပါ”

ရင်ရှုံး၏ စကားများက အတော်လေး စိတ်အားတက်ကြွသွားစေသည်။ သူ့စကားကြောင့် ချွမ်ရွှေမြို့နှင့် ဝံပုလွေ မြို့တော်မှ သိုင်းပညာရှင်များအားလုံး ဝမ်းနည်းပူဆွေးကာ မခံမရပ်နိုင် ဖြစ်နေကြသည်။

“ဟုတ်တယ်၊ မိသားစုခေါင်းဆောင် သေသွားပြီ၊ ငါတို့ သူ့အတွက် လက်စားချေချင်တယ်”

“မြို့တော်သခင် ကျဆုံးသွားတာက ငါတို့ ဝံပုလွေမြို့တော်အတွက် အရှက်ရစရာပဲ”

ကြွေးကြော်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။ သိုင်းပညာရှင်များ၏ မျက်နှာတွင် ရူးသွပ်မှုနှင့် ရက်စက်ဟန်များ စွန်းထင်းလာသည်။ ထိုခံစားချက်က လူတိုင်းထံသို့ ကူးစက်သွားသည်။

ချက်ချင်းဆိုသလိုပင် ထောင်ချီသော သိုင်းပညာရှင်များ နောက်ဆုတ်နေရာမှ ရပ်တန့်သွားသည်။ တစ်ယောက်ပြီး တစ်ယောက် ခါးကြားမှ ဓားများကို ဆွဲထုတ်လာပြီး အရှိန်အဝါများ ထုတ်ဖော်လာကြသည်။

သူတို့အားလုံးအား အမိန့်ပေးလိုက်ရန်သာ လိုအပ်တော့သည်။ အမိန့်ပေးသာ ပေးလိုက်ပါက ထောင်ချီသော သိုင်းပညာရှင်များက ယဲ့ဖန်ကို သတ်ပစ်မည် ဖြစ်သည်။

“ကောင်းတယ်၊ သိပ်ကောင်းတယ်”

ဤမြင်ကွင်းကိုကြည့်ပြီး ရင်ရှုံးနှင့် ဝူယွင်ရှန်တို့ စိတ်အေးသွားပြီး သက်ပြင်းချမိသည်။ သူတို့က ယဲ့ဖန်အား ခက်ထန်သော အကြည့်များဖြင့် ပြန်ကြည့်လိုက်သည်။

“ဟေ့ကောင် ငါတို့ မင်းကို တကယ် အထင်သေးခဲ့မိတယ်၊ ဒါပေမဲ့ အဲ့တော့ရော ဘာဖြစ်လဲ”

“မင်းရဲ့ ခက်ထန်မှုက ငါတို့ကို သွေးဆူအောင် လုပ်လိုက်ရုံပဲ ရှိတယ်”

“မင်း ဘယ်လောက်ပဲ သန်မာနေပါစေ လူ ဘယ်နှစ်ယောက်လောက်ကို သတ်နိုင်မှာမို့လို့လဲ”

ထိုသို့ပြောပြီး ရင်ရှုံးက ရက်စက်ခက်ထန်စွာ ပြုံးလိုက်သည်။

“လူဆယ်ယောက်လား”

“အယောက်တစ်ရာလား”

“အယောက်တစ်ထောင်လား၊ ဟားဟားဟား … မင်း ငါတို့ထဲက လူတစ်ထောင်ကို သတ်နိုင်ရင်တောင်မှ မင်းလည်း သေရမှာပဲ၊ သေသွားရတဲ့ သိုင်းပညာရှင်တွေအတွက် မင်းကိုလည်း မြေမြှုပ်ပစ်မယ်ကွ”

သူ၏ စကားများက အလွန် ခက်ထန်လှသည်။ ထိုစကားများကို ကြားပြီး ထောင်ချီသော သိုင်းပညာရှင်များ စိတ်အား တက်ကြွလာသည်။ သူတို့အားလုံးသည် ယဲ့ဖန်ကို သတ်ရန် ပြင်ဆင်ထားပြီးသား ဖြစ်သည်။

ယဲ့ဖန်ကမူ သူတို့၏ အပြုအမူကိုကြည့်ပြီး ပြုံးရုံသာ ပြုံးနေ၏။

“ကျုပ်ထက် ခင်ဗျားတို့က လူများတယ်လို့ ပြောချင်တာလား”

ရင်ရှုံး မှင်တက်သွားသည်။ ယဲ့ဖန်၏ မထီမဲ့မြင် အမူအရာကိုကြည့်ပြီး သူ၏စိတ်ထဲ၌ ဒေါသတရားတို့ဖြင့် ပြည့်နှက် လာသည်။

“ဟုတ်တယ်၊ ငါတို့က မင်းထက် လူပိုများတယ်၊ ငါတို့မှာ လူတစ်သောင်း ရှိတယ်၊ ဒါပေမဲ့ မင်းတို့က နှစ်ယောက်တည်း ရှိတာလေ”

“ငါတို့ဘက်က လူတွေ ဆုံးရှုံးရမယ်ဆိုရင်တောင်မှ မင်းလည်း အသတ်ခံရမှာပဲ”

ရင်ရှုံးက လူသတ်ချင်စိတ်အပြည့်ဖြင့် ပြုံးနေ၏။ သူ့စကားကြောင့် ယဲ့ဖန်က ဟက်ဟက်ပက်ပက် ရယ်မော လေသည်။

“ကောင်းပြီလေ၊ ခင်ဗျားတို့ဘက်က လူများတယ်ပေါ့၊ ဘယ်သူက လူပိုများတာလဲ”

သူ့စကားကြောင့် ရင်ရှုံးနှင့် အခြားသူများ ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။

*ဘယ်သူက ဘယ်သူ့ထက် လူများတာလဲ*

*ဒီကောင် ခေါင်းချောင်နေတာလား*

*အရူးတောင် လက်ရှိအခြေအနေကို ပြောနိုင်နေတာ*

ရင်ရှုံးက ယဲ့ဖန်အား အဓိပ္ပာယ်မရှိကြောင်း ပြောရန် ပြင်လိုက်ချိန်တွင် အဝေးမှ လူရိပ်များ ရောက်ချလာသည်။ ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်ငါးရာ။

ထိုလူများကို သေချာမြင်လိုက်ရချိန်တွင် ရင်ရှုံးက ခနဲ့ပြုံး ပြုံးလိုက်သည်။

“ဘယ်သူများလဲလို့ ဟွမ်မိသားစုက ပုရွက်ဆိတ်တွေကိုး၊ လူအယောက် ငါးရာကျော်လေးက ငါတို့ လူအယောက် တစ်သောင်းကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား”

“အရူး”

ရင်ရှုံးနှင့် အခြားသူများအားလုံး အကြိမ်ကြိမ် လှောင်ပြောင်ရယ်မောကြပြီး ယဲ့ဖန်နှင့် ဟွမ်မိသားစုအား အရူးကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။ ထိုစဉ် ထိတ်လန့်ဖွယ်ကောင်းသော အော်သံတစ်သံ ထွက်ပေါ်လာ၏။

“လူလေး ရာဂဏန်းလောက်ပဲ ရှိတယ်လို့ ဘယ်သူ ပြောတာလဲ”

ထို့နောက် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ သိုင်းပညာရှင် အယောက်တစ်သောင်းလုံး ဆက်တိုက် အသတ်ခံလိုက်ရပြီး ယဲ့ဖန်၏ ရွှေရောင်ဓားသွားမှ သွေးများ တတောက်တောက် စီးကျလာလေသည်။ အဆိုပါမြင်ကွင်းက သားသတ်သမားထံ၌ အသတ်ခံနေရသော သိုးပေါက်များလိုပင်။

Chapter 963 ရှေးဟောင်း စိတ်ဝိညာဉ်များ ရောက်လာပြီ

“လူလေး ရာဂဏန်းလောက်ပဲ ရှိတယ်လို့ ဘယ်သူ ပြောတာလဲ”

ထိုအသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသဖြင့် ရင်ရှုံးနှင့် ထောင်ချီသော သိုင်းပညာရှင်များ မှင်တက်သွားကြသည်။ သူတို့ သတိပြန်မဝင်နိုင်ခင်မှာပင် လမ်းမထက်မှ တဝုန်းဝုန်းအသံများ ထွက်ပေါ်လာ၏။

ထိုအသံက နီးသထက် နီးလာသလို မြန်သထက် မြန်လာ၏။ ထို့အပြင် ပြင်းထန်လှသော ခြေသံများကြောင့် မြေပြင်သည် တုန်ခါလာလေသည်။

“အဲ့ဒါ … အဲ့ဒါ ဘာကြီးလဲ”

ထောင်ချီသော သိုင်းပညာရှင်များ ထိတ်လန့်သွားကြသည်။ ခပ်ဝေးဝေး လမ်းတစ်နေရာမှနေ၍ သားရဲအုပ်ကြီး ပြေးလာနေသကဲ့သို့ ဖုန်တထောင်းထောင်း ထနေသည်ကို အားလုံး တွေ့လိုက်ရသည်။ ထို့အပြင် ထိုအရာ လာနေသည့် အရှိန်ကလည်း အလွန် လျင်မြန်လှသည်။

သုံးမိုင်၊ နှစ်မိုင်၊ တစ်မိုင်။ ချက်ချင်းဆိုသလိုပင် အားလုံး၏ မြင်ကွင်းထဲသို့ လူတစ်စု ပေါ်ပေါက်လာသည်။ ထိုလူများကို မြင်ပြီးနောက် ထောင်ချီသော သိုင်းပညာရှင်များအားလုံး ခေါင်းနပမ်း ကြီးသွားကြလေသည်။

“လောကသခင်တွေ၊ ရှေ့က ဦးဆောင်လာတဲ့ လူအယောက်နှစ်ဆယ်ကျော်က လောကသခင် အထွတ်အထိပ် အဆင့်တွေချည်းပဲ”

“မြတ်စွာဘုရား၊ ရွှမ်ကျိုးမြေမှာ ဘယ်တုန်းက ဒီလောက် အင်အားကြီးတဲ့ သိုင်းပညာရှင်တွေ ရှိနေတာလဲ”

“ကြည့်ဦး၊ လောကသခင်အဆင့်ပေါင်း သုံးရာကျော် ရှိတယ်၊ တော်တော်ကို ကြောက်စရာကောင်းတဲ့ သိုင်းပညာရှင် အဖွဲ့ပဲ၊ ဒါက …”

လက်ရှိအချိန်၌ ရွှမ်ကျိုးမှ သိုင်းပညာရှင်များ၏ မျက်နှာ၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။ ထိုလူများ၏ ခွန်အားက သူတို့ကို ကြောက်လန့်စေသည်။ ထိုလူများ၏ အရေအတွက်က သူတို့အား ထိတ်လန့် သွားစေသည်။

များပြားလှသော သိုင်းပညာရှင်များ၏ အရှိန်အဝါက တစ်မိုင်မျှ ကွာဝေးနေသော်ငြားလည်း ခြောက်ခြားဖွယ် ကောင်းနေ သေးသည်။ အထူးသဖြင့် ဝူယွင်ရှန်နှင့် ရင်ရှုံးတို့ပင်။ မျက်စိရှေ့မှ မြင်ကွင်းကြောင့် သူတို့ မျက်ခုံးလှုပ် နေလေသည်။

“မဟုတ်ဘူး၊ သူတို့က ငါတို့ ရွှမ်ကျိုးကလူတွေ မဟုတ်ဘူး”

“အလံပေါ်က ကျင်းမိသားစုဆိုတာက ရှေးဟောင်း ရွှေအိုရောင်တောင်ပံ မျိုးနွယ် မိသားစု မဟုတ်ဘူးလား”

“ပြီးတော့ ဟိုဟာက ခေါင်းကိုးလုံး ရွှေရောင်နဂါးမိသားစု မဟုတ်လား”

“…”

ထိုအခိုက်တွင် သူတို့သည် အလံနှစ်ဆယ့်သုံးလံပေါ်မှ စာလုံးများက ရှေးဟောင်း မိသားစုတစ်ခုစီအား ကိုယ်စားပြုနေသည်ကို သတိထားမိသွားကြသည်။

ထိုရှေးဟောင်း မိသားစုတစ်ခုချင်းစီသည် ဟွမ်မိသားစုထက် အဆပေါင်းများစွာ ပို၍ ကြောက်စရာကောင်းသည်။ ထိုသူများသည် များသောအားဖြင့် ယင်ယန်လောက၏ နာမည်ကြီး တောတောင်များနှင့် အန္တရာယ်များသော နေရာများတွင်သာ ပေါ်လာလေ့ ရှိသည်။

အလွန်တရာ ထူးခြားဆန်းကြယ်၍ လူလုံးထွက်ပြခဲသော မိသားစုများက အဘယ်ကြောင့် ဤနေရာ၌ ပေါ်လာရသနည်း။

ထို့အပြင် အရှေ့မှ အနက်ရောင်ဝတ်ရုံ ဝတ်ထားသော လူသုံးဆယ့်တစ်ယောက်ကို အားလုံး တွေ့လိုက်ရသည်။ သူတို့သည် အနက်ရောင်ဝတ်ရုံအောက်၌ ပုန်းကွယ်နေသည်ဟု ထင်ရသော်လည်း သေချာကြည့်လျင် သူတို့၌ ခန္ဓာကိုယ် မရှိသည်ကို တွေ့လိုက်ရသည်။

“စိတ်ဝိညာဉ် ခန္ဓာကိုယ်၊ သူတို့က ရှေးဟောင်း စိတ်ဝိညာဉ်တွေပဲ”

ရင်ရှုံးထံမှ အလန့်တကြား အော်ပြောလိုက်သံကြောင့် ဘေးနားမှ ဝူယွင်ရှန်နှင့် အခြားသူများအားလုံး ထိတ်လန့် သွားလေသည်။

*ရှေးဟောင်း စိတ်ဝိညာဉ်*

*မဟုတ်မှလွဲရော …*

တစ်စုံတစ်ရာကို တွေးမိပြီးနောက် အားလုံးသည် အနက်ရောင်ဝတ်ရုံနှင့် စိတ်ဝိညာဉ် ခန္ဓာကိုယ်များ၏ မျက်နှာကို လှမ်းကြည့်မိလိုက်သည်။ ထိုသို့ ကြည့်လိုက်မိသည်နှင့် အားလုံး ပို၍ ကြောက်လန့်သွားသည်။

“ဒါဆို … အဲ့လူအိုကြီးက တမင် ကျင်းဖမ်းပဲ”

*တမင် ကျင်းဖမ်း*

ထိုသူသည် ရှေးခေတ်ကာလက ကြောက်မက်ဖွယ်ကောင်းခဲ့သူ ဖြစ်သည်။ သူ တောင်ပံ တစ်ချက်ခတ် လိုက်သည်နှင့် မရေတွက်နိုင်သော အန္တိမအဆင့် သိုင်းပညာရှင်များ တစ်စစီဖြစ်ကာ သွေးများ ပန်းထွက်ခဲ့ရသည်။

ထိုခေတ်အခါက သိုင်းပညာရှင်များထဲတွင် ထိပ်တန်းဆယ်ယောက် စာရင်းထဲ ဝင်နိုင်ခဲ့သူ ဖြစ်သည်။ ထိုသို့သော ရှေးဟောင်း စိတ်ဝိညာဉ်မျိုးပါ ရောက်လာလိမ့်မည်ဟု ရင်ရှုံး၊ ဝူယွင်ရှန်နှင့် အခြားသူများ ထင်မထားမိပေ။ သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။

“ဟိုလူက ထျန်းလုံမျိုးနွယ်ရဲ့ ဘိုးဘေး ရွှမ်ထျန်းထျန်းလုံ မဟုတ်လား”

“ပြီးတော့ အဲ့ဒီ အမျိုးသမီး၊ သူ … သူက ရှေးခေတ်အချိန်က နံပါတ်နှစ် နေရာမှာ ရှိနေတဲ့ ဘုရင်မ ကျစ်ဝေ့ မဟုတ်လား”

“…”

လက်ရှိအချိန်တွင် ထောင်ချီသော သိုင်းပညာရှင်များသည် အနက်ရောင်ဝတ်ရုံနှင့် ရှေးဟောင်း စိတ်ဝိညာဉ်များကို သတိထားမိလာသည်။

ရှေးဟောင်း စိတ်ဝိညာဉ် တစ်ခုချင်းစီက ရှေးခေတ်ကာလက မြင့်မြတ်သော ပုဂ္ဂိုလ်များ ဖြစ်နေ၏။ အထူးသဖြင့် ဘုရင်မ ကျစ်ဝေ့ပင်။ သူမသည် မဟာနတ္ထိ ရှေးဧကရာဇ် ပြီးလျင် ဒုတိယမြောက် အသန်မာဆုံးသူအဖြစ် ကျော်ကြားလေသည်။ အခြားသူများက သူ့အား မယှဉ်နိုင်ပေ။

“သေစမ်းကွာ၊ ဒီလောက် ကောင်းတဲ့ အရည်အချင်းတွေ ရှိနေတဲ့ ရှေးဟောင်း မိသားစုတွေက ဘာလို့ ဒီကို လာရတာလဲ”

ရင်ရှုံး တော်တော်လေး မျက်ခုံးလှုပ်နေ၏။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူ့စိတ်ထဲ၌ မကောင်းသော ခံစားချက်မျိုး ရနေသည်။

အားလုံး ထိတ်လန့်တုန်လှုပ်နေချိန်တွင် ထိုရှေးဟောင်းမိသားစုများက မျက်စိရှေ့သို့ ရောက်လာသည်။ သူတို့၏ ပြင်းထန်သော အရှိန်အဝါကြောင့် ထောင်ချီသော သိုင်းပညာရှင်များ ကြက်သီးမွေးညင်း ထသွားကြသည်။

ထိုရှေးဟောင်းမိသားစုများသည် ရောက်လာသည်နှင့် သူတို့အား လျစ်လျူရှုထားသည်ကို သတိထားမိသွားသည်။ ထိုသူများသည် ရောက်လာသည်နှင့် သူတို့ကို ကျော်သွားပြီး ယဲ့ဖန်နှင့် ဟွမ်မိသားစု ရှိရာသို့ လျှောက်သွား လေသည်။

ရှေးဟောင်းမိသားစုများ၏ မိသားစုဝင်တိုင်းက ရင်ရှုံးနှင့် ထောင်ချီသော သိုင်းပညာရှင်များအား မသိကျိုးကျွန် ပြုထားကြသည်။ ထိုအဖြစ်ကြောင့် ရင်ရှုံး၊ ဝူယွင်ရှန်နှင့် အခြားသူများ အံ့အားသင့်သွားသည်။

“သူတို့က အချင်းချင်း ရန်စရှိတာလား”

သူတို့ အချင်းချင်း ပြန်ကြည့်မိကြသည်။ သူတို့၏ မျက်လုံး၌ ဝမ်းသာရိပ်များ စွန်းထင်းနေ၏။ ရင်ထဲမှ ဝန်ထုပ်ဝန်ပိုး သည်လည်း ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။

“သူတို့အားလုံးက ဒီနတ်ဘုရင်အဆင့် ကောင်နဲ့ စစ်ကျွန်အတွက် ရောက်လာတာများလား”

ရင်ရှုံးနှင့် ဝူယွင်ရှန်တို့သည် အံ့ဩဝမ်းသာသွားပြီး အရှေ့သို့ ပြန်ကြည့်လိုက်ကြသည်။ သူတို့ကြည့်နေစဉ်မှာပင် ရှေးဟောင်း စိတ်ဝိညာဉ် သုံးဆယ့်တစ်ခုနှင့် ရှေးဟောင်းမိသားစုဝင်များသည် သူတို့ကို ကျော်၍ ယဲ့ဖန်ရှေ့သို့ ရောက်သွားလေသည်။

ရှေးဟောင်း မိသားစုများမှ သိုင်းပညာရှင်တစ်ယောက်ချင်းစီသည် သန်မာလွန်းလှသည်။ ထိုသို့သောလူများကို အတူတူ စုစည်းလိုက်သောအခါ ပို၍ ကြောက်လန့်ဖွယ် ကောင်းလေသည်။

“ဒီနတ်ဘုရင်အဆင့်ကောင်ဆီကို လာတာ သေချာနေပြီ”

ဖြစ်လာတော့မည့် မြင်ကွင်းကို တွေးတောပြီး ရင်ရှုံး လှောင်ပြုံး ပြုံးလိုက်သည်။ ကြောက်လန့်ဖွယ်ကောင်းသော မိသားစုများနှင့်ဆိုလျင် ယဲ့ဖန်က ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်မည်ဆိုလျင်တောင်မှ သေချာပေါက် သေဆုံးရ ပေမည်။ ဝဋ်ပြန်လည်တော့မည်ဟု တွေးတောပြီး ရင်ရှုံး စိတ်လှုပ်ရှားကာ တုန်ယင်လာသည်။

“သတ်ပစ်လိုက်၊ ဟားဟားဟား … ဒီကောင် ရှေးဟောင်း မိသားစုတွေရဲ့ လက်ထဲမှာ သေသွားရမယ်ဆိုရင်လည်း ငါ ကျေနပ်တယ်”

ရင်ရှုံး၏ အကြည့်များက ပို၍ ရက်စက်ခက်ထန်လာ၏။ သို့သော် ဆက်၍မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ၏အပြုံးက အေးခဲသွားပြီး မျက်လုံးပြူးသွားရသည်။

ရှေးဟောင်း စိတ်ဝိညာဉ် သုံးဆယ့်တစ်ခု ဦးဆောင်သော သိုင်းပညာရှင်များသည် ယဲ့ဖန်ရှေ့ရောက်သည်နှင့် ဒူးတစ်ဖက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ နှုတ်ဆက် ဂါဝရပြုလာ၏။

“တမင် ကျင်းဖမ်းဦးဆောင်တဲ့ ကျင်းမိသားစုက တပေါ် အရှင်သခင်ကို ဂါဝရပြုပါတယ်”

“ရွှမ်ထျန်း ထျန်းလုံ ဦးဆောင်တဲ့ ထျန်းလုံမိသားစုက တပေါ် အရှင်သခင်ကို ဂါဝရပြုပါတယ်”

“ကျစ်ဝေ့က တပေါ် အရှင်သခင်ကို ဂါဝရပြုပါတယ်”

“…”

ကြွေးကြော်သံများက ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေသည်။ ရှေးဟောင်း စိတ်ဝိညာဉ်များနှင့် ရှေးဟောင်း မိသားစုဝင်များက ယဲ့ဖန်အား လူ့လောကသို့ ဆင်းသက်လာသည့် နတ်ဘုရားအား ကြည့်သကဲ့သို့ လေးစား ကြည်ညိုဟန်ဖြင့် ကြည့်နေကြသည်။

ထိုသို့သော အပြုအမူကိုကြည့်ပြီး ရင်ရှုံး၊ ရင်ဝူသော်နှင့် အခြားသူများအားလုံး တုန်လှုပ်သွားပြီး ကြောက်လန့် တကြားဖြင့် မြေကြီးပေါ် လဲကျသွားသည်။ ထောင်ချီသော သိုင်းပညာရှင်များသည် နှုတ်ဆက်သံကိုကြားပြီး ကျင်ငယ်ရည် စွန့်မိလုနီးပါး ကြောက်လန့်သွားကြသည်။

*သူတို့တွေက အရိုအသေပေးနေတယ်*

*ရှေးဟောင်း စိတ်ဝိညာဉ်တွေက နတ်ဘုရင်အဆင့်ကောင်ကို ရိုသေလေးစားနေပါလား*

*ဒါ … ဒါက ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*

ထောင်ချီသော သိုင်းပညာရှင်များ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။ အထူးသဖြင့် တပေါ်အရှင်သခင် ဟူသော စကားလုံးကို ကြားလိုက်ရသဖြင့် ပို၍တုန်လှုပ်သွားလေသည်။

“တပေါ်အရှင်သခင်၊ သူတို့က … အဲ့ဒီ တပေါ်အရှင်သခင်ကို ပြောနေတာလား”

All Chapters