အပိုင်း(၂၂၃)-ကြောက်စရာကောင်းသော ပေါင်းစပ်မှု
Vol. 003 Ch. 223
“လက်နက်သခင်” တစ်စုံတစ်ယောက်သည် အော်လိုက်သည်။
ဆိုင်ထဲမှ ဧည့်သည်များသည် ထိုနေရာတွင်ဖြစ်နေသော ပွဲအား အစောကတည်းကပင် သတိထားမိ ပြီးဖြစ်သည်။ ဘေဂုန်ထန် သူမဆေးများ စတင်ရောင်းချနေသည်မှစ၍ လူများ စုအုံလာပြီဖြစ်သည်။
အဆင့်လေး အဂ္ဂိရတ်ပညာရှင် နှစ်ယောက်နှင့်တွေ့ရသည်ပင် အံ့သြနေကြသော်လည်း လက်နက်သခင်ပင် ပေါ်လာသည်။
ဒီအုပ်စုက ဒီလောက်ပိုက်ဆံမရှိဘူးလား။ မဖြစ်နိုင်တာ။ သူတို့သည် အားလုံးရှေ့တွင် ဆေးများနှင့် ဝိညာဉ်လက်နက်များကို ရောင်းချသည်။ ဒါဟာ ရှီမာယူကျိနှင့် အဖွဲ့ မျက်နှာကို ရိုက်လိုက်တာပဲမလား။
ကြီးမားသော ခန်းမတွင် တိတ်ဆိတ်နေပြီး ပစ္စည်းအရေအတွက် တွက်နေသည့် နှစ်ယောက်ဆီမှ ထွက်လာသော အသံတိုးတိုးလေးမှ လွဲ၍ အသံထွက်ခြင်းမရှိပေ။
တုလေးသည် ဘေဂုန်ထန်ဘေးမှနေ၍ ဝေကျိရွှီအား ပြောလိုက်သည် “အစ်ကိုကြီးကျိရွှီမှာရော ဆေးဖြစ်ဖြစ် ဝိညာဉ်လက်နက်ဖြစ်ဖြစ် မရှိဘူးလား”
တုလေးပြောသည်ကို အားလုံးကြားသည့်အခါ သူတို့၏ နှလုံးခုန်သံများသည် လည်ချောင်းအထိပင် တက်လာလေသည်။ သူပြောပြီးနောက်တွင်လည်း သူတို့နှလုံးခုန်သံများ ထပ်မြန်လာလေသည်။ နောက်ထပ် အဂ္ဂိရတ်ပညာရှင်နှင့် လက်နက်ပညာရှင်ထွက်ပေါ်လာပါက ဒီအဖွဲ့သည် အမှန်တကယ်ပင် ကြောက်စရာကောင်းနေသည်။
တုလေးသည် အနည်းငယ်တွေဝေသွားပြီးမှ ထပ်ပြောလိုက်သည် “အစ်ကိုကြီးအတွက် အစ်ကိုကြီးရှီမန် ဖမ်းပေးထားတဲ့ သူတော်စင်သားရဲတွေကို ဘာလို့ မထိန်းကျောင်းတာလဲ။ ပြီးမှ အဲဒါတွေကို ရောင်းလို့ရတာပဲ၊ အဲလိုမလုပ်ရင် နောက်မှ အစ်ကိုကြီးလိုချင်တဲ့ပစ္စည်းတွေ ဝယ်လို့မရပဲဖြစ်နေမယ်”
“သားရဲထန်းကျောင်းသူသခင်” တုလေးဆိုလိုသည်ကို အားလုံးသဘောပေါက်ကြကာ ဝေကျိရွှီအား အံ့သြစွာ ကြည့်လိုက်ကြသည်။
ပိုက်ဆံမလုံလောက်ခြင်းကို တူလေး ထပ်ပြီးအကြံပေးလိုက်ရာ ထိုနေရာရှိလူများ ရယ်မောကြလေသည်။ ထိုအဖြစ်အပျက်ကြောင့် ရှီမာယူကျိနှင့် တခြားသူများသည် ရက်အနည်းငယ်လောက် အန်းယန် မြို့တော်မှ မထွက်နိုင်ကြတော့ပေ။
ရှက်စရာကောင်းလိုက်တာ….
ဝေကျိရွှီ ရယ်မောကာ ပြောလိုက်သည် “မလိုပါဘူး၊ ငါဝယ်ချင်တာမရှိဘူး”
သူ့အဖြေသည် သူသည် သားရဲထိန်းကျောင်းသူဖြစ်သည်ကို ဝန်ခံပြီးသားဖြစ်သွားသည်။
တုလေးစကားလုံးများကို ကြားသောအခါ ရှီမာယူယူ ကြိတ်ရယ်မိသည်။ ဒီကောင်လေးက ဒီလိုအကွက်ကိုရွေ့တတ်လိမ့်မယ်လို့ ထင်မထားဘူး။
သူ့မှာ ဒီလိုမကောင်းတဲ့ဘက် ရှိတာကို သူတို့ဘာလို့ သတိမထားမိတာလဲ။
အားလုံးသည် အသက်ရှုသွင်းလိုက်ကြသည်။ သူတို့တွင် အဂ္ဂိရတ်ပညာရှင်နှစ်ယောက်၊ လက်နက် ပညာရှင်တစ်ယောက်နှင့် သားရဲထိန်းကျောင်းသူ တစ်ယောက်ရှိသည်။ ဒီလိုအဖွဲ့သည် ဘယ်ရောက်ရောက် အလိုရှိသည့် ပထမတန်းအဆင့် ဧည့်သည်ပင်ဖြစ်သည်။
ထို့အပြင် ဒီလူတွေသည် အလွန်ငယ်သေးသည်။ သူတို့သည် အသက်နှစ်ဆယ်အရွယ်ရှိသည့် ပုံပေါ်သည်။ သူတို့က တကယ်ပဲ တောသားရောဟုတ်ရဲ့လား။ အဆင့်တစ်စွမ်းအားရှင်သည် ထိုကဲ့သို့ အရည်အချင်းကို ထုတ်ဖော်ရန် မလိုအပ်ပေ။
ရှီမာယူယန်နှင့် ရှီမာယူရှင်းသည် အံ့သြသွားလေသည်။ သူတို့သည် နှုတ်ဆိတ်နေခဲ့သော်လည်း သူတို့သည် အရည်အချင်းရှိမည်ဟု ထင်မထားခဲ့ပေ။
ဟူကျိယန်သည်လည်း သူတို့အား ခဏခဏကြည့်နေမိသည်။ သို့သော် သူမအကြည့်သည် နောက်ဆုံးတွင် ရှီမာယူယူဆီသို့ကျရောက်ကာ သူမတွင် မည်သည့်အရည်အချင်းရှိမည်ကို သိချင်နေသည်။
သို့သော် ဖက်တီးကျူပြီးသည့်နောက်တွင် ရှီမာယူယူသည် ဆေးဖြစ်ဖြစ် ဝိညာဉ်လက်နက်ဖြစ်ဖြစ် မထုတ်သည်ကို သူ စိတ်ပျက်မိသည်။ သူမသည် သူတို့အား ပြောပဲပြောလေသည် “သူတို့ရေနေတုန်း မင်းတို့လိုချင်တဲ့ ပစ္စည်းတွေကို သွားရွေးထားလိုက်၊ ငါတို့ ပိုက်ဆံရှင်းလိုက်မယ်၊ တုလေး မင်းအခု ကျောက်တုန်းတစ်တုံး မြင်မိလား၊ သွားယူချည်၊ ငါ မင်းအတွက်ကစားဖို့ ဝယ်ပေးမယ်”
“ဟုတ်” ရှီမာယူယူ သူ့အားကြည့်သော အကြည့်ကို တုလေးနားလည်လိုက်သည်။ တစ်ခဏအတွင်းတွင် သူသည် အပြင်သို့ပြေးသွားကာ ကျောက်တုံးယူလာပြီး ကောင်တာတွင်ထားကာ နောက်ထပ်ပြေးထွက်သွားလေသည်။
“အဲဒီကျောက်တုံးက သန့်စင်ပြီးသားရွှေပဲ၊ ငါအခုတင်ကြည့်လာတာ၊ သူ့ဈေးက ရွှေပြား တစ်သောင်းရှိတယ်” တစ်စုံတစ်ယောက် ရှင်းပြလေသည်။
ခဏအကြာတွင် တုလေးသည် ဆေးဖက်ဝင်ပစ္စည်းနှစ်ခုယူလာကာ ပြောလိုက်သည် “အစ်ကိုကြီး အခုတော့ အစ်ကိုကြီးလိုချင်တာတွေကို ကျွန်တော်ကူယူပေးမယ်”
ပြောပြီးနောက်တွင် သူထပ်ထွက်သွားသည်။
ဆေးဖက်ဝင်ပစ္စည်းနှစ်ခုမှာ ရှားပါးသော ပစ္စည်းများဖြစ်သည်။ တစ်ခုမှာ တစ်သောင်းတန်၍ နောက်တစ်ခုမှာ နှစ်သောင်းဈေးရှိသည်။
“ဒီဆိုင်တစ်ဆိုင်လုံးစာရှိတော့မယ်”
ထို့နောက်တွင် တုလေးသည် ထပ်ပြေးထွက်ကာ အခုချိန်တွင် အားလုံးလိုချင်သော ပစ္စည်းတစ်ချို့ကို ကိုင်လာသည်။
သူသည် နောက်ဆုံး ပစ္စည်းအား ထားပြီးကာ ဆိုင်အကူအားပြောလိုက်သည် “အစ်ကိုကြီး ဒါအကုန်ပါပဲ ကျွန်တော်တို့လိုချင်တာ ဒါအကုန်ပဲ”
ထိုပစ္စည်းများမြင်သောအခါ အားလုံးသည် ပင့်သက်ရှိုက်လိုက်ကြသည်။ ထိုပစ္စည်းများတန်ဖိုးအား ပေါင်းတွက်ကြည့်လျှင် တစ်သိန်းကျော်သည်။
ဆိုင်ရှင်သည် ရေတွက်ရာမှ ရပ်တန့်ကာ ပြောလိုက်သည် “ဒီပစ္စည်းတွေအကုန်လုံးက ၁၀၈၀၀ ရှိပါတယ်၊ ၈၀၀ လျော့ပေးမယ်ဆိုတော့ ဒီ တစ်သိန်းဆိုရပါတယ်၊ ဘောင်ချာဖြတ်ပေးရမလား”
“မလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါက မချမ်းသာပေမယ့် ငါဒီလောက်တော့ တတ်နိုင်ပါတယ်”
“ကောင်းပါပြီ” ဆိုင်အကူသည် ခေါင်းညိတ်ကာ သူ့လူများခေါ်ပြီး အားလုံးအား သေတ္တာထဲထည့်စေသည်။
ရှီမာယူယူ လျှောက်လာကာ ဖန်ကတ်နှင့် အပြာကတ်အား ထုတ်ပြီး ဆိုင်ရှင်အား ပေးလိုက်လေသည်။
ရှီမာယူယူလက်ထဲမှ အပြာကတ်အားကြည့်ပြီး ဆိုင်အကူသည် ကြက်သေသေသွားလေသည်။ သူ့အကြည့်သည် ရှီမာယူယူအား လေးစားသောအကြည့်ဖြစ်ပြီး ဖန်ကတ်နှင့် အပြာကတ်အား လက်နှစ်ဖက်ဖြင့် လက်ခံလိုက်ပြီး ယဉ်ကျေးစွာ အရိုအသေပေးပြီး ပြောလေသည် “သခင်လေးမှာ အဖိုးတန် အပြာကတ်ရှိနေတော့ ကျွန်တော်တို့ ၁၅ရာခိုင်နှုန်းထပ်လျော့ပေးပြီး ကျသင့်ငွေ ၈၅ရာခိုင်နှုန်းပဲပေးပါ၊ ကျွန်တော်တို့ ကျသင့်ငွေသွားရှင်းပေးပါမယ်၊ ဒီမှာ ခဏစောင့်ပေးပါ”
ပြောပြီးနောက်တွင် ဖန်ကတ်နှင့် အပြာကတ်အား ယူကာ ဝင်သွားလေသည်။
ထိုပေးချေမှုကို ခန်းမရှိလူများ အံသြသွားကြလေသည်။ တစ်ခဏအကြာတွင် တစ်စုံတစ်ယောက်က ပြောလိုက်သည် “ရွှန်းယွမ်ဆိုင်တွေမှာ ကတ်သုံးမျိုးရှိတယ်လို့ ငါကြားဖူးတယ်၊ အစိမ်းကတ်က ၅ရာခိုင်နှုန်းလျော့ပြီး အနီကတ်က ၁၀ရာခိုင်နှုန်းလျော့တယ်၊ အပြာကတ်က ၁၅ရာခိုင်နှုန်းလျော့တာတဲ့၊ ပြီးတော့ အပြာကတ်က ထုတ်ပေးတာရှားတယ်၊ အဲကတ်ကို ရှိတဲ့သူက လက်ချိုးရေလို့ရတယ်လို့ ကြားဖူးတယ်”
သူတို့ထင်မြင်ချက်များ ၁၈၀ ဒီဂရီပြောင်းသွားခြင်းအပေါ် ရှီမာယူယူ ဘာမှမပြောပေ။
အပြာကတ်သည် ရွှန်းယွမ်ဆိုင်အတွက် အရေးကြီးသည်။ အဆင့်တစ် မျိုးနွယ်တွင်ပင် အနီရောင်ကတ်ရှိသည်။ ထူးခြားသော ကျွမ်းကျင်သူများသာ အပြာကတ်များ ပိုင်ဆိုင်ကြသည်။
ထို့အပြင် သူမတွင် အပြာကတ်ရှိနေခြင်းသည် ရွှန်းယွမ်ဆိုင်အတွက်တော့ သူမသည် အဆင့်တစ် စွမ်းအားရှင်ဖြစ်သည်ကို သက်သေပြနေသည်။
စူကျိကျောင်၏ မျက်နှာသည် အနီရောင်ငရုပ်သီးကဲ့သို့ပင် နီရဲလာသည်။ သူမသည် အပြာကတ်နှင့် အနီကတ်၏ ကွာခြားမှုကို သိထားပြီးသားဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော အနီကတ်သည် သူမ မှော်ဝင်လက်စွပ်အတွင်း ရှိနေခြင်းကြောင့်ပင်။
သူမသည် ထိုတောသားများလောက်ပင် ပိုက်ဆံမရှိသည်ကို တွေးကြည့်လိုက်သောအခါ ထိုအပြုအမူသည် သူမ မျက်နှာအား ဖြတ်ရိုက်လိုက်သလိုပင်။
ဟူကျိယန်သည် ရှီမာယူယူအား ကြည့်ကာ အပြာရောင်ကတ်ရှိသော ရှီမာယူယူ၏ သရုပ်မှန်အား သိချင် နေသည်။
အပြာရောင်ကတ်ရှိသောသူသည် ရွှန်းယွမ်ဆိုင်အတွက်သာတင်သာမက အင်အားကြီးသော အရေးကြီး ဧည့်သည်ပင်ဖြစ်သည်။
လျင်မြန်စွာပင် ဆိုင်အကူသည် ဖန်ကတ်နှင့် အပြာရောင်ကတ်အား ယူကာ ထွက်လာပြီး ရှီမာယူယူအား လက်နှစ်ဖက်ဖြင့် ပေးကာပြောလိုက်သည် “အကုန်ဖြေရှင်းပြီးပါပြီ”
ရှီမာယူယူ ကတ်ယူပြီးနောက်တွင် ဆိုင်အကူသည် နောက်ထပ်အခြားသုံးကတ်အား ထုတ်ကာ ပြောလိုက်သည် “ဒါက ဧည့်သည် သုံးယောက်ရောင်းတဲ့ ဆေးနဲ့ ဝိညာဉ်လက်နက်တွေအတွက် ငွေပါ”
ရှီမာယူယူ ယူပြီးနောက် သူတို့သုံးယောက်အား လက်လွှဲပေးလိုက်သည်။ ထို့နောက်တွင် သူမသည် ရှီမာယူယန် အားခေါင်းညိတ်ပြကာ တခြားသူများသည် လှည့်ထွက်သွားကြလေသည်။
“အဖိုးတန်ဧည့်သည်တို့ ခဏလောက်နေပါဦး” ဆိုင်အကူ ခေါ်လိုက်သည်။
“တခြားရှိလို့လား” ရှီမာယူယူ မေးလိုက်သည်။
ဆိုင်အကူသည် ဖိတ်စာထုတ်ကာ ပြောလိုက်သည် “ဒီနှစ်ဝက်အတွင်း ရွှန်းယွမ်ဆိုင်က လေလံပွဲကျင်းပမှာပါ အဖိုးတန်ဧည့်သည်တို့ကို ပါဝင်ဖို့ဖိတ်ပါတယ်”
“နှစ်တစ်ဝက်….” ရှီမာယူယူ ဖိတ်စာယူကာ ပြောလိုက်သည် “အဲအချိန်ကို ကျွန်တော်ဒီမှာရှိနေရင် လာပြီး ပါဝင်ပါမယ်”
သူမ ပြောပြီးနောက်တွင် သူမတို့အဖွဲ့သည် ထွက်သွားကြလေသည်။
“အသုံးအဖြုန်းကြီးတယ်ဆိုတာ ဖော်ပြလို့တောင်မရဘူး” သူတို့ထွက်သွားသည်ကို မြင်လိုက်သောအခါ အားလုံးသည် ရေရွတ်လိုက်ကြသည်။
“တစ်ခါတည်း တစ်သိန်းလောက်သုံးလိုက်တာ…အင်းအားကြီးအုပ်စုကလွဲရင် သူတို့လိုလူတွေကပဲ ဒီလို အရည်အချင်းရှိတာပဲ”
“ကြည့်ရတာ အဲလူက အဲဒီ အဂ္ဂိရတ်ပညာရှင်နဲ့ လက်နက်ပညာရှင်တို့ရဲ့ ခေါင်းဆောင်ဖြစ်မယ်ထင်တယ်၊ သူက အရည်အချင်းရှိမယ်နဲ့တူတယ်”
“ဒါပေါ့ အဲဒါကြောင့် သူက အဲအပြာရောင်ကတ်ကို ထုတ်တာပေါ့”
“သူက အဲကတ်ကို ထင်ကရာထုတ်လိုက်တာပဲလေ”
ထိုအတွေးများသည် ဆိုင်အကူဆီသို့ လှည့်ကြည့်သည်နှင့် အဆုံးသတ်ကြလေသည်။
ဆိုင်အကူ ခေါင်းရမ်းကာ ပြောလိုက်သည် “အပြာကတ်ထုတ်လိုက်တော့ အဲလူရဲ့ရောင်ဝါကို ပြသနေပါတယ်၊ ဒါက မှန်ကန်ကြောင်းသက်သေပြနေပါတယ်၊ အဲကတ်က တကယ်ပဲ သူ့ကတ်ပါ”
“တကယ်… ကြောက်စရာကောင်းလိုက်တာ”