အပိုင်း(၂၂၄)-သုံးနှစ် နောက်ဆုံးအချိန်
Vol. 003 Ch. 224
ရှီမာယူယူနှင့် တခြားသူများ ရွန်းယွမ်ဆိုင်မှထွက်လာပြီးနောက် သူတို့လည်း တစ်ယောက်ကိုတစ်ယောက်ကြည့် ၍ရယ်လိုက်ကြသည်။
"ငါတို့တစ်ယောက်မျက်နှာကိုမှ မရိုက်ဖူးကြဘူးနော် ခံစားလို့ကောင်းလိုက်တာ" ဟု ဖက်တီးကျူက ရယ်ရင်း ပြောလိုက်သည်။
တုလေးသည် ရှီမာယူယူဝယ်ပေးထားသော ကျောက်တုံးလေးကို အလွန်ကြိုက်နှစ်သက်၍ ဖက်ထားလေသည်။ သူသည် မျက်လုံးကို မှေး၍ ကြည့်လျက် "အဲ့လူတွေက ဘာလို့ အဲ့လောက်မုန်းနေကြတာလဲ။ သူတို့စကားပြော လိုက်ရင် ဘုနဲ့ဘောက်ချည်းပဲ။ သူတို့ကိုက အရိုက်ခံချင်နေကြတာပဲ" ဟု ပြောလိုက်သည်။
ဝေကျိရွှီလည်း တုလေး၏ ခေါင်းကိုအသာအယာ ခေါက်လျက် "အဲ့လို မကောင်းတဲ့ စကားတွေမပြောနဲ့" ဟုပြောလိုက်သည်။
"ဘာမကောင်းတာလဲ အဲ့တာဉာဏ်ကောင်းတာဗျ" ဟု တုလေးက ပြန်ပြောလိုက်သည်။
တုလေးသည် မကောင်းသည်ဆိုသော အဓိပ္ပာယ်ကိုသေချာနားမလည်သော်လည်း ကောင်းသောအရာတစ်ခုခု မဟုတ်မှန်းတော့သိသည်။
"ရှီမာမျိုးနွယ်တွေက မင်းကိုအဲ့လိုဆက်ဆံတယ်ပေါ့ တကယ်လို့မင်းသာ ဆယ်ရက်အတွင်း ပြောင်းလဲသွား တယ်ဆိုတာသာသိရင် သူတို့ဘယ်လိုနေမလဲ မသိဘူး" ဟု ဝူရန်ဖေက မေးစေ့ကိုပွတ်လျက်ပြောလိုက်သည်။
"အဲ့တာ စိတ်လှုပ်ရှားဖို့ ကောင်းမှာသေချာတယ်" ဟု ဖက်တီးကျူကပြောလိုက်သည်။
"မင်းတို့တစ်ယောက်ချင်းဆီက မင်းတို့ရဲ့ သရုပ်မှန်ပေါ်သွားကြပြီဆိုတော့ အင်အားကြီးတွေရဲ့ စိတ်ဝင်စားမှုကို စွဲဆောင်သလို ဖြစ်နေပြီ။ မင်းတို့ ဘယ်ဂိုဏ်းကို ဝင်ဖို့ စိတ်ကူးရှိကြလဲ" ဟု ရှီမာယူယူက မေးလိုက်သည်။
"မသွားဘူး ငါတို့ကမင်းနောက်ကို သေတဲ့ အထိလိုက်မှာ အဲ့တာကမှ တခြားအင်အားကြီး တွေဆီသွား တာထက်စာရင် အနာဂတ်ရှိဦးမယ်" ဟုဖက်တီးကျူကပြောလိုက်သည်။
"ဟုတ်တယ် ငါတို့ရည်ရွယ်ချက် ကဒီမှာမဟုတ်ဘူးကမ္ဘာဦးအစ မြေမှာ။ ငါတို့ဒီမှာ တသက်လုံး နေမှာမဟုတ်ဘူး" ဟု ဝေကျိရွှီက ပြောလိုက်သည်။
"ဒါပေမဲ့ ဆယ်ရက်အတွင်းသေခြင်းတရားကို ငါ့က လိုက်မီမယ်လို့ထင်လား။ မင်းတို့ပြန်မစဉ်းစားချင်ဘူးလား" ဟု ရှီမာယူယူကမေးလိုက်သည်။
"မလိုပါဘူးတကယ်လို့ ငါတို့သေခြင်းတရားကို လိုက်မယ်ဆိုရင်တောင် ငါတို့လေ့ကျင့်ထားတဲ့ အတိုင်းပဲ လုပ်ကြမယ်" ဟု ဖက်တီးကျူကပြောလိုက်သည်။
"ကောင်းပြီလေ ငါတို့ရည်မှန်းချက်အတိုင်း လုပ်ကြတာပေ့ါ။မင်းတို့က ဘယ်ဂိုဏ်းက ကမ်းလှမ်းတာကိုမှ လက်မခံဘူးဆိုရင်တော့ နောက်ရက်အနည်းငယ်လောက် ခြေရာဖျောက်နေလိုက်" ဟု ရှီမာယူယူက ပြောလိုက်သည်။
"ငါတို့ပြန်ရောက်ကြရင် တံခါးပိတ်ကျင့်ကြံကြမယ်"
တည်းခိုခန်းကို ပြန်လာပြီးနောက် ပိုင်ရှင်ကို သူတို့သည် တံခါးပိတ်ကျင့်ကြံကြမည်ဖြစ်၍ သူတို့ကိုလာရှာသူ မရှိမခြင်း လာမခေါ်ရန် မှာထားလိုက်သည်။
တည်းခိုခန်းပိုင်ရှင်သည် ဘာတွေဖြစ်နေသည်ကိုသေချာနားမလည်သော်လည်းစွမ်းအားကြီးလူတစ်စုမှ ရှီမာယူယူတို့ကို လာရောက်ကြ၍ တွေ့ရန်ကြိုးစားမှုများရှိနေကြ၍ အလွယ်တကူပင်သဘောပေါက်လိုက် သည်။
"တောင်းပန်ပါတယ် ဧည့်သည်အချိုု့က ဆယ်ရက် သီးခြားနေမယ်လို့ ပြောတယ် အဲ့အချိန်အတွင်းမှာ ဘယ်သူနဲ့မှ မတွေ့ဘူးလို့ပြောပါတယ်" ဟု ဆိုင်ရှင်ကပြောလိုက်သည်။
"ဘယ်သူနဲ့မှ မတွေ့ဘူးဟုတ်လား" ဟု ရှီမာယူယန်ကမေးလိုက်သည်။
"ဟုတ်ပါတယ် သူတို့ကဆယ်ရက်အတွင်း လိုအပ်လာရင် သူတို့ကို လာရှာလို့ရတယ်လို့ပြောပါတယ်" ဟု ဆိုင်ရှင်က ဆက်လက်ပြီးရှင်းပြသည်။
"ဟား…ဟား ရှီမာယူယန်။ အစက သူတို့ကမင်းသူငယ်ချင်းတွေလို့ကြားတယ် ဒါပေမဲ့ မင်းတို့မျိုးနွယ်တွေက ရတနာတွေကို အသိအမှတ်မပြုခဲ့ဘဲ သူတို့ကို စော်ကားခဲ့တယ်လေ။ အခုတော့ မင်းတို့ဂိုဏ်းက သူတို့ကို ခေါ်ဖို့ နောက်ကျသွားပြီ။"
ရှီမာယူယန်လည်း ထိုလူများကို ဘာမှပြန်မပြောဘဲ ဒီအတိုင်းပဲ ကြည့်လိုက်သည်။ သို့သော်လည်း သူ၏ မျက်နှာမှာ ပျက်နေသည်။
သူနှင့် အတူလာသော ဟူကျိယန်သည် အပေါ်ထပ်ရှိအခန်းများကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်။
ထိုလူများသည် ပြန်လာပြီးသည့်နောက်တွင် ချက်ချင်းပင် တံခါးပိတ်ကျင့်ကြံသွားမည်ဟု ထင်မထားပေ။ သူတို့သည် သူတို့အား ပြန်လာရှာမည်ကို သေချာနေခဲ့သည်။
သူတို့ရဲ့ လှုပ်ရှားမှုက ဘာအဓိပ္ပာယ်လဲ။ သူတို့နဲ့ ကိုက်ညီတဲ့ ဂိုဏ်းကိုရွေးဖို့ စီစဉ်နေတာလား။
ဘာမှန်းမသိသော လူတစ်ချို့သည် သူတို့အား ရှာရန်လာသော စွမ်းအားရှင်များကို မြင်ခဲ့သော်လည်း သူုတို့သည် ပုန်းကွယ်နေခဲ့သည်။ တစ်ခုခုဖြစ်လို့များလား။
“ငါမှန်းရသလောက်မင်းမသိဘူးထင်တယ်၊ ငါအပြင်ကနေကြားလာတာ ဒီက လူငါးယောက်ထဲမှာ နှစ်ယောက်က အဂ္ဂိရတ်ပညာရှင်၊ တစ်ယောက်က လက်နက်ပညာရှင်၊ တစ်ယောက်က သားရဲထိန်းကျောင်းသူ သခင်နဲ့ နောက်တစ်ယောက်က သရုပ်မှန်ကို မသိရပေမယ့် ရွှန်းယွမ်ဆိုင်ရဲ့ အပြာကတ်ကို ကိုင်ထားတာ၊ အဆင့်တစ်စွမ်းအားရှင်မှာတောင် မရှိတဲ့ အပြာကတ်လေ”
“ဘာ”
တည်းခိုခန်းမှလူများသည် ထိုသတင်းအားကြားသောအခါ သူတို့သည် အံ့သြသွားလေသည်။ သူတို့ရဲ့ သရုပ်မှန်ကဘာလဲ။ သူတို့မှာ မထင်မှတ်လောက်တဲ့ လွှမ်းမိုးမှုရှိနေတာလား။
“ပြီးတော့ အဲလူတွေက အသက်နှစ်ဆယ်မကျော်သေးဘူး အဲလောက်တောင်အောင်မြင်နေတယ်လို့ ကြားတယ်၊ ရှေ့လျှောက် သူတို့ကတော့ သေချာပေါက် အကြီးကြီးဖြစ်မှာပဲ”
“ဒီလိုလူတွေကို တစ်ချို့က တောသားလို့စနောက်ကြတာ၊ သူတို့ပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံမရှိဘူးလို့လဲ ပြောသေးတယ်၊ ပြီးတော့ သူတို့က ဆေးထောင်ချီနဲ့ ဝိညာဉ်လက်နက်တစ်ရာကျော်ရောင်းလိုက်တယ်လေ”
“ဒါက သူတို့မျက်နှာကို ကောင်းကောင်းရိုက်လိုက်တာပဲ၊ အဂ္ဂိရတ်ပညာရှင်၊ လက်နက်ပညာရှင်၊ သားရဲထိန်း ကျောင်းသူသခင် မှာပိုက်ဆံမရှိဘူးဟုတ်လား၊ ဟာသပဲ”
“ဟာသပေမယ့် မရယ်ရဘူး၊ ဘာလို့လဲဆိုတော့ သူတို့မျက်နှာကို ဖြတ်ရိုက်လိုက်တဲ့သူတွေက ရှီမာမျိုးနွယ်နဲ့ ဟူမျိုးနွယ်ပဲ၊ ဒီအကြောင်းကို ဘယ်သူမှ မသိစေနဲ့ မင်းမျက်နှာအရိုက်ခံရမယ်”
“အာ…”
ရှီမာယူယူနှင့် တခြားသူများသည် တံခါးပိတ်ကျင့်ကြံနေခြင်းမဟုတ်ပဲ အပေါ်ထပ်မှနေ၍ အောက်မှ စကားသံများကို နားထောင်နေလေသည်။
“ဒီလောက် လူအများကြီးလာတယ်” ဖက်တီးကျူသည် နှုတ်ခမ်းတွန့်လိုက်သည်။
“ပိုင်ရှင် ဖြေရှင်းလိမ့်မယ်” ဝေကျိရွှီ ပြောလိုက်သည်။
သူတို့ အခုထွက်သွားပါက လူတစ်စုစီ၏ စစ်မေးခြင်းကိုခံရသည်မှာ ပြန်ဖြေခြင်းမှာ ပျင်းစရာကောင်းလှသည်။
“ငါတို့က ဘယ်ချမ်းသာတဲ့ဆီကလာလဲဆိုတာ အားလုံးက သိချင်နေကြတယ်၊ နောက်ဆယ်ရက်ကြာရင် ငါတို့က ဒုံချန်းတိုင်းပြည်ကဆိုတာ သူတို့သိသွားရင် သူတို့မျက်နှာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာ သိချင်နေပြီ”
“သူတို့ပါးစပ်တွေက လက်သီးဆုပ်ဝင်လောက်အောင် ကျယ်မှာပဲ” တုလေးသည် ပြုံးကာပြောလိုက်သည်။
“ဒါက မင်းအဘိုးနဲ့ တခြားသူတွေကို ကယ်ရာမှာ သက်ရောက်မှုှတစ်ခုခုဖြစ်မလား သိချင်မိတယ်” ဘေဂုန်ထန်အနည်းငယ် စိုးရိမ်သွားသည်။
ရှီမာယူယူစဉ်းစားကာ ပြောလိုက်သည် “ကောင်းတဲ့ သက်ရောက်မှုပဲလေ၊ မင်းတို့အားလုံး ငါနဲ့လိုက်ခဲ့၊ အဂ္ဂိရတ်ပညာရှင်၊ လက်နက်ပညာရှင်နဲ့ သားရဲထိန်းကျောင်းသူသခင်တွေနဲ့ဆိုရင် သူတို့မင်းတို့ကို အနှောင့်အယှက်မပေးရဲပါဘူး”
“အင်း ဒါဆိုလည်း နောက်ဆယ်ရက်ကြာမှ ထွက်ကြတာပေါ့၊ အခုတော့ တံခါးပိတ်ကျင့်ကြံကြမယ်” ဝူရန်ဖေသည် မတ်တတ်ရပ်ကာ အရင်ဆုံးဝင်သွားလေသည်။
အားလုံး ရှီမာယူယူ၏ အခန်းမှထွက်သွားချိန်တွင် သူမသည် ခြေချိတ်ကာ သူမ စိတ်များတည်ငြိမ်စေရန် ဆယ်ရက်ကျင့်ကြံတော့သည်။
ထိုဆယ်ရက်များတွင် ရှီမာယူယူနှင့် တခြားသူများသည် အောက်ထပ်သို့ ခြေမချကြပေ။ များစွာသော စွမ်းအားကြီး လူများသည် အောက်ထပ်တွင် သူတို့အားလာစောင့်သော်လည်း သူတို့အား အရိပ်အယောင်ပင် မမြင်ရပေ။
သုံးနှစ် အချိန်စေ့မည့်ညတွင် ဟာစွန်ပြန်လာသည်။ ထို့အပြင် သူဒဏ်ရာရလာသည်။
ရှီမာယူယူသည် ဟာစွန်အားကြည့်ကာ ပြောလိုက်သည် “မင်းဒဏ်ရာရလာတယ်”
“ကိစ္စမရှိဘူး” ဟာစွန်ပြောလေသည်။
“မင်းလိပ်ပြာ ထိခိုက်ထားတယ်၊ ပြန်ကောင်းတဲ့နှုန်းနှေးလိမ့်မယ်” ရှီမာယူယူသည် ဝိညာဉ်အရည်ပုလင်း ထုတ်ကာ ပြောလိုက်သည် “မင်းလို စွမ်းအားမျိုးနဲ့ဆို နှစ်စက်လောက်ချရင် ရတယ်”
ထိုအရာအား ဟာစွန်မသိသော်လည်း ရိုးရှင်းသည့်အရာ မဟုတ်သည်ကိုတော့ သိသည်။ သူသည် မော်မကြွားသော်လည်း ပုလင်းယူကာ ကျေးဇူးတင်စကား ပြောလိုက်သည်။
“မလိုပါဘူး၊ မနက်ဖြန်ဖြစ်မယ့်အရာကို ငါလုံခြုံစေချင်တဲ့သဘောပါ” ရှီမာယူယူ ပြောလိုက်သည်။
ဟာစွန်သည် ဝိညာဉ်အရည်အား သူ့အခန်းသို့ယူသွားကာ နှစ်စက်ချလိုက်လေသည်။ ထို့နောက်တွင် သူ၏ ထိခိုက်ထားသော လိပ်ပြာသည် ပြန်ကောင်းလာသည်။
သူဘာလုပ်၍ ဒဏ်ရာရလာခြင်းကို ရှီမာယူယူမမေးပေ။ သူကဲ့သို့သော လူတစ်ယောက် ပြန်လာသောအခါ သူမ ထိပင်မထိခဲ့ပေ။
ထိုညတွင် သူမသည် မကျင့်ကြံတော့ပဲပြတင်းပေါက်တွင် ရပ်ကာညအားကြည့်နေခဲ့သည်။ သူမသည် ရှီမာမျိုးနွယ်၏ အိမ်တော်ကို ကြည့်နေခဲ့သည်။
နောက်နေ့မနက်တွင် ဝေကျိရွှီနှင့် တခြားသူများသည်ထွက်လာကြသည်။ ရှီမာယူယူထွက်လာပြီးသည့် နောက်တွင် သူတို့သည် ရှီမာမျိုးနွယ်ဆီ တိုက်ရိုက်မသွားကြပဲ အရင်ဆုံး တုလေးအား ရွှန်းယွမ်ဆိုင်သို့ ပို့လိုက်သည်။
“ဖြစ်နိုင်မယ်ဆိုရင် အခု သူ့ကိုလုံခြုံအောင်ထားပေးပါ၊ မနက်ဖြန်ကျရင် ကျေးဇူးပြန်ဆပ်ပါမယ်” ရှီမာယူယူ ဆိုင်အကူအား ပြောလိုက်သည်။
ရှီမာယူယူ အန္တရာယ်များသော အလုပ်လုပ်တော့မည်ကို ရွှန်းယွမ်ဆိုင်သည် ခန့်မှန်းမိသော်လည်း လက်ခံပေးလိုက်သည်။ သူမ၏ အပြာကတ်အား ဘယ်လောက်အာမခံထားလဲဆိုသည်ကို သူတို့မသိသော်လည်း ရွှန်းယွမ်ဆိုင်သည် သူမအား ထိုကဲ့သို့ အကြွေးဆပ်ရသည်ကိုပင် ဝမ်းသာနေကြည်။
တစ်စုံတစ်ယောက်သည် အမှန်ကို ပြောခဲ့သည်။ သူတို့အတွက်တော့ အပြာကတ်သည် စွမ်းအားများထက်ပင် အရေးကြီးသည်။
ရှီမာယူယူနှင့် တခြားသည်များသည် ရွှန်းယွမ်ဆိုင်မှထွက်ခွာကာ ရှီမာမျိုးနွယ်ဆီသို့ ဦးတည်ကြလေသည်။
ရှီမာမျိုးနွယ်၊ ငါ၊ ရှီမာယူယူက ကတိတည်ဖို့လာနေတယ်။