အပိုင်း(၂၂၅)-တွေ့ဆုံမှုပြုလုပ်ခြင်း
Vol. 003 Ch. 225
ရှီမာယူယူနှင့် တခြားသူများ ထွက်လာသည်ဟု သိသည်နှင့်တစ်ပြိုင်နက် အင်အားကြီးလူတစ်ချို့သည် တဟုန်ထိုးအမြန်ပြေးလာကာ သူတို့နှင့် ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလိုရှိကြသည်။
ရှီမာယူယူ ထိုလူများအားမြင်လိုက်ရပြီး ထိုကဲ့သို့ ဆက်ရှိမည် မရှိမည်ကို စိတ်မဝင်စားပဲ ရှီမာမျိုးနွယ် နှင့် တွေ့ရန်သာ ထွက်လာခဲ့သည်။
“သူတို့ဘယ်သွားနေကြတာလဲ” သူတို့ဦးတည်သည့်ဘက်ကို တစ်စုံတစ်ယောက်မြင်သောအခါ တစ်ခုခုဖြစ်နေပြီ ဟု ခန့်မှန်းကြသည်။
“အဲဘက်က….ရှီမာမျိုးနွယ်ဘက်ကို သွားတဲ့ပုံပဲ” တစ်စုံတစ်ယောက်ပြောလိုက်သည်။
“သူတို့ ရှီမာမျိုးနွယ်ကို ဝင်ဖို့ လုပ်နေတာလားမသိဘူး”
“မဖြစ်နိုင်တာ၊ အစပိုင်းက ရှီမာမျိုးနွယ်ဝင်တွေက သူတို့ကို စော်ကားထားတာမလား၊ သူတို့သရုပ်မှန်ကို သွားပြမလို့မဟုတ်ဘူးလား”
“ဒါဆို သူတို့က ရှီမာမျိုးနွယ်နဲ့ စာရင်းသွားရှင်းမလို့လား”
“ပြောရခက်တယ်”
“……..”
ထိုအချိန်တွင် ရှီမာမျိုးနွယ်ပိုင်ဆိုင်သော ဝေးလံသော အိမ်တစ်အိမ်တွင် ရှီမာကျိနှင့် ရှီမာယူယိတို့သည် အစေခံအနည်းငယ်ခေါ်ဆောင်ကာ ဝင်လာသည်။ အိမ်ထဲရှိလူများကို မြင်သောအခါ သူတို့ပြောလိုက်ကြသည် “မင်းတို့ သစ္စာဖောက်တွေ ဘာကို မျှော်လင့်နေကြသေးတာလဲ၊ အဲဒီဝိညာဉ်သခင် အသေးလေးက ဆိုဖီယာတောင်တန်းကို ဖြတ်ပြီး မင်းတို့ကို လာကယ်မယ်လို့ တကယ်ထင်နေကြတာလား”
ရှီမာလိုင်သည် မျက်စိဖွင့်ကြည့်ပြီးနောက် မျက်စိပြန်မှိတ်ကာ သူတို့အား လျစ်လျူရှုလိုက်သည်။
သူတို့သည် ထောင်သားများကဲ့သို့ မပြုမူပဲ ဂရုမစိုက်သည်ကို ရှီမာယူယိမြင်သော်အခါ ရှေ့တစ်လှမ်းတိုးပြီး ရှီမာယူရွှီအား ခြေထောက်ဖြင့်ကန်ပြီး မြေပေါ်တွင် ဒူးထောက်စေသည်။
“သစ္စာဖောက် ဒီနေ့ပြီးတာနဲ့ အဲဒီအသက်ပြင်းတဲ့ အဖိုးကြီးက အကြောင်းရှာပြီး မင်းတို့ကို ကယ်နိုင်မလား ကြည့်ဦးမယ်”
ရှီမာယူရွှီသည် မြေပေါ်မှထကာ ရှီမာယူယိအားကြည့်ကာ ပြောလိုက်သည် “ဒီနေ့ထိ ငါအသက်ရှိနေရင် မင်းကို ငါသေချာပေါက်သတ်မယ်”
“ဟားဟား ကြည့်ရတာ မင်းတော့ မနက်ဖြန်တောင် နေထွက်တာမြင်လိုက်ရမှာမဟုတ်ဘူး၊ ဒါပေမယ့် မင်းတို့ မိဘတွေနဲ့ တွေ့ရအောင် မြေကြီးထဲပို့ပေးမှာပါ၊ သူတို့ကို ရိုက်ကြ”
“ဟုတ်ကဲ့ပါ သခင်လေး”
အစေခံများသည် ရှီမာယူလီနှင့် တခြားသူများကို စတင် ရိုက်ကြ ကန်ကြလေသည်။ ထို့အပြင် သူတိုပ၏ အားများ ချုပ်ထိန်းထားရသဖြင့် သူတို့ ပြိုင်မတိုက်နိုင်ကြပေ။ သူတို့တစ်ယောက်ချင်းစီသည် အရိုက်ခံရ၍ နှာခေါင်းများနှင့် မျက်နှာများသည် ဖူးရောင်သွားကြလေသည်။
တစ်ခြား ရှီမာအိမ်တစ်အိမ်တွင် ရှီမာလင်းနှင့် ရှီမာရှင်းတို့သည် တခြားသူများနှင့် ထိုင်နေကြသည်။
တစ်စုံတစ်ယောက်မေးလိုက်သည် “အစ်ကိုကြီး၊ ဘာလို့အဲဒီ ဝိညာဉ်သခင်အသေးလေးနဲ့ သုံးနှစ် ကတိလုပ်လိုက်တာလဲ ကျွန်တော်နားမလည်ဘူး၊ သုံးနှစ်အချိန်ကုန်တာပဲ အဖတ်တင်တယ်”
“ဟုတ်တယ်၊ ဆိုဖီယာတောင်တန်းက ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ မသိတာလည်းမဟုတ်ဘူး၊ ပါရမီပါတဲ့ လူတောင် အဲဒီကိုဖြတ်ဖို့ စွမ်းအားပိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“ဝိညာဉ်သူတော်စင်မဟုတ်ရင် အဲဒီအတားအဆီးကို ဖွင့်လို့ရမှာမဟုတ်ဘူး၊ ကြည့်ရတာ ဒီနေ့ ချိန်းထားတာကို သူမလာနိုင်ဘူးထင်ပါတယ်”
ရှီမာယူယူ လုပ်နိုင်မည်ဟု ဘယ်သူမှမထင်ကြသဖြင့် သူတို့ ခေါင်းရမ်းလိုက်ကြသည်။ ရှီမာလိုင်နှင့် တခြားသူများအား သုံးနှစ်တာကာလာအလား အလဟသတ် ရှီမာလင်းမှ အသက်ရှင်ခွင့်ပေးထားသည်ဟု အားလုံးကထင်ကြသည်။
“သူလာလိမ့်မယ်လို့ ငါယုံတယ်” ရှီမာရှင်းသည် လွန်ခဲ့သော သုံးနှစ်က ခေါင်းမာခဲ့သော ပုံရိပ်တစ်ခုအား မြင်ယောင်ရင်း ပြောလိုက်သည် “အဲကလေး… သူလာလိမ့်မယ်”
“သူမလာရင် ကျွန်တော်တို့ ရှီမာလိုင်နဲ့ တခြားသူတွေကို သေချာပေါက် အပြစ်ပေးမှာနော်” ရှီမာခစ် ပြောလိုက်သည်။
သူသည် ထိုမျှလောက်အင်အားမကြီးသော်လည်း အသက်အားဖြင့် ရာထူးအားဖြင့် ကြီးသောကြောင့် ထိုနေရာတွင် ထိုင်ရခြင်းဖြစ်သည်။
ရှီမာလင်းသည် သူ့နေရာအား စိုက်ကြည့်ပြီးနောက် ရှီမာယူယူ လာမည် မလာမည်ကို မပြောတော့ပေ။
သူ လက်ဖက်ရည်ပန်းကန်လုံးအား မ,ကာ တစ်ကျိုက်သောက်လိုက်သည်။ သူသည် လက်ဖက်ရည် ပန်းကန်ထဲမှလက်ဖက်ရွက်ကိုကြည့်ကာ သူ လာမည်ဟု ယုံကြည်ထားသော သူ့စိတ်ကို သိချင်နေမိသည်။
ရုတ်တရက်ပင် သူ အပြင်ဘက်ကိုကြည့်လိုက်ပြီးနောက် သူ့မျက်လုံးတွင် ပြုံးရိပ်ပါးပါးလေး ထင်ဟပ်လာသည်။
“ရှီမာမျိုးနွယ် သုံးနှစ်သဘောတူညီမှု ငါ၊ ရှီမာယူယူ ကတိတည်ဖို့ရောက်လာပြီ”
ကျယ်လောင်သော ကြေညာချက်သည် ရှီမာမျိုးနွယ် တစ်ဝက်ကို ပျံ့နှံ့သွားလေသည်။ ချောင်ကျသော အိမ်များကပင် ကြားနိုင်သည်။
ရှီမာယူမင်နှင့် တခြားသူများသည် ကြာရှည်စွာအရိုက်ခံရခြင်းကြောင့် ရပ်ရန်အားမရှိစွာပင် မြေပေါ်တွင် သတိ မရှိစွာလဲနေကြသည်။ ရှီမာယူကျိသည် သူရိုက်ပြီးသောအခါတွင်လည်း အစေခံများကို ရိုက်စေခဲ့သည်။
ရှီမာယူယူ အသံကြားသည်နှင့် သူတို့အော်လိုက်ကြသည်။
“ဒါတကယ်ပဲ ယူယူအသံပဲ…” ရှီမာယူမင်သည် စိတ်လှုပ်ရှားစွာပြောလေသည်။
“ညီးလေး ၅ တကယ်ရောက်လာပြီ…..” ရှီမာယူရွှီသည် မိန်းဂိတ်ပေါက်ဘက်အား ကြည့်ပြီး ပြောလေသည် “ဆိုဖီယာတောင်တန်းက ဒီလောက်အန္တရာယ်များတာ… သူဘယ်လိုလုပ် ဖြတ်လာတာပါလိမ့်”
“အတားအဆီးက သူတော်စင်ဝိညာဉ် အထက်မှဖွင့်လို့ရတာ၊ သူက အဲအဆင့်ရောက်သွားပြီလား”
“ငါတို့ သူနဲ့တွေ့လို့ရမလား”
ရှီမာလိုင်သည် တစ်ချိန်လုံး တိတ်ဆိတ်နေပြီး မိန်းပေါက်ဝဘက်သို့ ကြည့်ရုံမျှကြည့်သည်။
ရှီမာယူယူသည် ရှီမာမျိုးနွယ်၏ မိန်းပေါက်ဝရှေ့တွင် ရပ်နေသည်။ သူမ အော်သံတစ်ချက်နှင့်ပင် ထိုလူများကို တုန်လှုပ်စေသည်။
“ရှီမာယူယူ ဟုတ်လား၊ ဒီနာမည်က ဘာလို့ ရင်းနှီးနေသလိုခံစားရတာပါလိမ့်”
“ငါလည်း အတူတူပဲ၊ အရင်ကကြားဖူးသလိုပဲ၊ ဒါပေမယ့် ရှီမာမျိုးနွယ်မှာ ဒီလိုလူမျိုးရှိလို့လား”
“သုံးနှစ် သဘောတူညီချက်…. ငါသိပြီ၊ လွန်ခဲ့တဲ့သုံးနှစ်က ရှီမာမျိုးနွယ်က ပြည်နှင်ဒဏ်နယ်ကနေ သစ္စာဖောက် အုပ်စုကို ခေါ်လာတာ၊ ဒါပေမယ့် သူတို့ကို ချက်ချင်းအပြစ်မပေးဘူးလေ၊ သူတို့ကို အိမ်ထဲမှာပဲ ပိတ်ထားပြီး မျိုးဆက်သစ် တစ်ယောက်နဲ့ သုံးနှစ်ကတိပေးထားခဲ့တယ်လို့ ကြားတာပဲ၊ အဲလူက အခုလာနေတဲ့ ရှီမာယူယူထင်တယ်”
“ဘာ”
အားလုံးသည် အံ့သြသွားကြသည်။
“ဒါဆိုရင် သူက ပြည်နှင်ဒဏ်နယ်က လာတာပေါ့”
“ဘုရားသခင်၊ ပြည်နှင်ဒဏ်နယ်က ဆိုဖီယာတောင်တန်းရှိတဲ့နေရာကပဲ၊ အဲလူတွေ ဘယ်လိုထွက်လာတာပါလိမ့်”
“သူ သူတို့နဲ့ ကတိပေးထားတာ ဘာလဲ သိချင်တယ်”
“ဆက်ကြည့်ရင် သိရမှာပါ၊ အစက ငါထင်က သူတို့က ရှီမာမျိုးနွယ်ကို မှီခိုမလို့လို့ ထင်တာ၊ သူတို့ သဘောတူညီချက်ကြောင့် လာတယ်လို့ မထင်ထားဘူး”
ရှီမာမျိုးနွယ်မှ ထွက်လာသော လူတစ်စုသည် ရှီမာယူယူနှင့် တခြားသူများအား မြင်သောအခါ အနည်းငယ် အံ့သြသွားလေသည်။
ထို့နောက်တွင် ရှီမာယူလင်းသည် ဟူမောင်နှမတို့နှင့်အတူ ထွက်လာလေသည်။
“မင်းက ရှီမာယူယူလား” ရှီမာယူရှင်းသည် ရှီမာယူယူအား မယုံကြည်စွာကြည့်လိုက်သည်။ သူ့သူငယ်ချင်းသည် သူ့မိသားစုနှင့် ကတိထားခဲ့သော လူဖြစ်နေသည်။
ရှီမာယူယူသည် ရှီမာယူရှင်းအားကြည့်သော်လည်း မငြင်းပေ။ သူမ ဆက်အော်လေသည် “ရှီမာလင်း၊ ကုျွန်တော် ရောက်လာပြီ ခင်ဗျားဘယ်မှာလဲ”
“ရိုင်းလိုက်တာ၊ ဦးလေးကြီးရဲ့ နာမည်က မင်းခေါ်ချင်တိုင်းခေါ်လို့ရတဲ့ နာမည်လား” တစ်စုံတစ်ယောက်သည် သူမအား ဝေဖန်ပြောလေသည်။
ရှီမာယူယူ ရယ်မောကာ ပြောလေသည် “နာမည်က ခေါ်ဖို့မဟုတ်ရင် စားဖို့လား၊ ဒီလိုဆိုရင် စားပြလေ ငါကြည့်မယ်”
“ဟား ဟား”
ကြည့်နေသော လူများသည် သူမပြောစကားများကို ကြားသောအခါ စတင်ရယ်မောကြသည်။
“ကိစ္စမရှိဘူး၊ မင်းရောက်လာမှတော့ ဝင်ခဲ့လိုက်” ရှီမာလင်း၏ အသံသည် အထဲမှ ထွက်လာသည်။
“ခင်ဗျားထွက်လာတာ ကောင်းလိမ့်မယ်၊ ကျွန်တော်ဝင်လာရင် အေးအေးဆေးဆေးဖြစ်မယ်ထင်လား”
အားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
“ဒီနှစ်နှစ်အတွင်းမှာ ရှီမာလင်းက စံတင်ဝိညာဉ်ဖြစ်သွားပြီး ဒါပေမယ့် အဲမျိုးဆက်လူငယ်ကို လှုပ်လို့မရဘူး”
“ရှီမာမျိုးနွယ်ထဲကို ဝင်တာက ခြင်္သေ့ဂူထဲ သိုးဝင်သလိုပဲ၊ အထဲဝင်သွားရင် အပြင်ပြန်ထွက်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ အပြင်မှာရှင်းတာကောင်းလိမ့်မယ်၊ အဲဒါ ပိုလုံခြုံတယ်”
“ရှီမာယူယူက စကားကို ဒီလိုပဲပြောရဲတဲ့ မျိုးဆက်လူငယ်ပဲ” ရှီမာမျိုးနွယ်မှ တစ်စုံတစ်ယောက်သည် မကျေမနပ်ဖြင့် ပြောလေသည်။
“ငါ မင်းနဲ့ ကတိထားခဲ့တာမဟုတ်ဘူး၊ မင်းဘာတွေ လေလာကျယ်နေတာလဲ” ရှီမာယူယူ ပြောလေသည်။
“မင်းသေချင်နေတာလား” အအော်ခံရပြီးနောက် ထိုလူသည် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
“နေဦး” ရှီမာလင်းသည် ထိုလူအား အမိန့်ပေးပြီးနောက် ရှီမာယူယူဘက်လှည့်ကာ ပြောလိုက်သည် “မင်းဘာလိုချင်တာလဲ”
“ကျွန်တော်ဒီကိုလာတာ ကတိတည်ဖို့ ပြဿနာရှာဖို့လာတာမဟုတ်ဘူး” ရှီမာယူယူ ပြောလေသည် “ကျွန်တော် ပစ္စည်းယူလာတယ်၊ ကျွန်တော့်မိသားစုကို တွေ့ချင်တယ်”
ပစ္စည်း၊ ဘာပစ္စည်းလဲ။
လူနည်းစု တစ်စုမှလွဲ၍ ရှီမာယူယူသည် ပထမအဆင့်အားနှင့် အလဲအလှယ်လုပ်မည့် ကိစ္စကို မည်သူမှ မသိပေ။
ရှီမာယူယူသည် ရွှေမြွေအသီးထုတ်လိုက်ရာ လေထဲတွင် ချက်ချင်းပင် ရောင်ဝါများပြည့်ဝသွားသည်။
“ရွှေမြွေအသီး” အသံတစ်သံသည် ထွက်လာကာ ထိုနေရာရှိ လူများသည် ထိုအသီး၏ အရင်းအမြစ်အား သိသွားကြလေသည်။