← Chapters

အပိုင်း(၂၂၆)-အိမ်တော်သို့ ဝင်ခြင်း

Vol. 003 Ch. 226

အပိုင်း(၂၂၆)-အိမ်တော်သို့ ဝင်ခြင်း

Vol. 003 Ch. 226

“အဲဒါ အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ ဥက္ကဌမလား” တစ်စုံတစ်ယောက်သည် စကားပြောလိုက်သော လူအား မှတ်မိသွားကာ အော်လိုက်လေသည် “သူက ဒီမှာဘာလာလုပ်တာလဲ”

“လွန်ခဲ့တဲ့ ၂နှစ်က အဆင့်လေးအဂ္ဂိရတ်ပညာရှင်လူငယ်၂ယောက် ပေါ်လာခဲ့တယ်၊ အဲဒါကြောင့် အဂ္ဂိရတ်ပညာရှင် အသင်းက သူ့ကို စိတ်ဝင်စားလို့ ခေါ်သွားတယ်ထင်တာပဲ” တစ်စုံတစ်ယောက်သည် ခန့်မှန်းလေသည်။

ရှီမာယူယူ လှည့်ကြည့်ရာ လူအုပ်မှထွက်လာသော ပိန်ပါးသော လူအိုတစ်ယောက်သည် သူမ လက်ထဲမှ ရွှေမြွေအသီးအား ကြည့်နေသည်ကို မြင်လိုက်ရသည်။

“ဥက္ကဌမာ” မာလီထွက်လာသည်ကို မြင်သည်နှင့် ရှီမာမျိုးနွယ်ဝင်များသည် လေးလေးစားစား အရိုအသေ  ပေးလိုက်ကြသည်။

မာလီသည် သူတို့အား အရေးမစိုက်ပဲ ရှီမာယူယူရှေ့လာကာ ပြောလိုက်သည် ရွှေမြွေအသီးကို “ငါ ခဏလောက် ကြည့်လို့ရမလား”

ရှီမာယူယူခေါင်းရမ်းကာ ပြောလိုက်သည် “အဘိုး အခုတော့မရသေးဘူး၊ ကျွန်တော် ရှီမာမျိုးနွယ်နဲ့ အပေးအယူလုပ်ရဦးမယ်”

“ဘာနဲ့ လုပ်မှာလဲ” မာလီမေးလိုက်သည်။

“လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော်အဘိုးနဲ့ တစ်ခြားသူတွေကို သုံးနှစ်အတွင်း လုံခြုံအောင်ထား  ပေးရင် ရွှေမြွေအသီးရှာပေးမယ်လို့ ရှီမာလင်းနဲ့ ကတိပေးထားတယ်၊ အခု ကတိအတိုင်း ရွှေမြွေအသီးကို ယူလာပြီး ကျွန်တော့်အဘိုးနဲ့ အစ်ကိုတွေကို တွေ့ပေးဖို့ စောင့်နေတာ” ရှီမာယူယူ ပြောလေသည် “အဘိုး၊ ကြည့်ချင်ရင် ကျွန်တော့်အဘိုးနဲ့ တခြားသူတွေ လုံခြုံတယ်ဆိုတာ သေချာအောင် လုပ်ပြီးမှ ထပ်ပြော ကြမယ်လေ”

“မင်းအဘိုးက ရှီမာလိုင်လား" မာလီမေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“ဒါဆို မင်းဘာလို့မဝင်တာလဲ”

ရှီမာယူယူ ရှီမာမျိုးနွယ်၏ ကြီးမားသော ဂိတ်ပေါက်ကိုကြည့်ကာ ပြောလေသည် “ကျွန်တော့်လို ဝိညာဉ်သခင်ငယ်လေးက….တကယ်လို့ ကျွန်တော်ဝင်ရင် ကျွန်တော့်အဘိုးနဲ့ တခြားသူတွေကို မတွေ့လိုက်ရမှာစိုးတယ်၊ ကျွန်တော်သေသွားနိုင်တယ်”

“ရိုင်းလိုက်တာ” ရှီမာမျိုးနွယ်မှ တစ်စုံတစ်ယောက်ကအော်လိုက်သည် “ငါတို့မျိုးနွယ်က အမြဲတမ်း အမှန်တရား ဘက်ကပဲ မင်းငါတို့ကို အသရေဖျက်လိုက်တာလား”

“ကျွန်တော် အသရေဖျက်နေတာမဟုတ်ဘူး၊ ကျွန်တော် ခင်ဗျားတို့ကို မယုံအောင် ခင်ဗျားတို့ပဲ လုပ်နေတာ” ရှီမာယူယူပြောလေသည် “ခင်ဗျားတို့ ကျွန်တော့်အဘိုးနဲ့ တခြားသူတွေကို တွေ့ခွင့်ပေးမှာလား မပေးဘူးလား၊ မဟုတ်ရင် ကျွန်တော် ဒီရွှေမြွေအသီးကို ဖျက်ဆီးပစ်မှာ”

ပြောပြီးနောက်တွင် သူမ ရွှေမြွှေအသီးအား လက်ဖြင့် စတင် ဆိတ်တော့သည်။ သူမ အားအနည်းငယ် ထည့်လိုက်သည်နှင့် ပျက်စီးသွားနိုင်သည်။

“ယူယူ မလုပ်နဲ့” ရှီမာယူယန်းနှင့် ရှီမာရှင်းတို့သည် တစ်ပြိုင်နက်  အော်လိုက်ကြသည်။ သူတို့၏ နှလုံးများသည် ခုန်ထွက်မတတ်ပင်။

“ကိုယ့်လူ၊ ကလေး စိတ်လိုက်မာန်ပါမလုပ်လိုက်နဲ့” မာလီသည် သူမ လက်အား လှုပ်ယမ်းလိုက်ရာ သူမ လက်မှာ ချက်ချင်းပင် ပွင့်သွားတော့မလိုပင် ျဖြစ်သည်။ “ဒီပစ္စည်းဘယ်လောက်တောင် တန်ဖိုးရှိလဲဆိုတာ မင်းသိရဲ့လား၊ အဲဒါက စကြာဝဠာတစ်ခုလုံးမှာ တစ်လုံးတည်းသော အသီးဖြစ်နိုင်တယ်၊ အဲဒါကလည်း အခု မင်းလက်ထဲကဟာ၊ အလျင်စလိုမလုပ်နဲ့”

ရှီမာယူယူသည် ရှီမာယူလင်းအား ကြည့်ပြီးပြောလိုက်သည် “အခု ခင်ဗျားက ရာထူးမြင့်နေပြီမလား၊ ကျွန်တော့် အဘိုးနဲ့ တခြားသူတွေကို တွေ့ခွင့်ပေးပါ”

“သူတို့ အခုမထွက်လာနိုင်ဘူး” ရှီမာယူလင်း ပြောလေသည် “မျိုးနွယ်ခေါင်းဆောင်ရဲ့ အမိန့်မပါပဲ သူတို့အိမ်ထဲကနေ ထွက်လို့မရဘူး”

“ဒါဆို ရှီမာလင်းကို ထွက်ပြီး ပြောခိုင်းလိုက်” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော့် အဘိုးနဲ့ တခြားသူတွေနဲ့ကို ကာကွယ်ပေးမယ်လို့ သူ ကတိပေးထားတယ်”

“ဝင်လာခဲ့ မင်းအသက်အန္တရာယ်မရှိစေရဘူး ငါအာမခံတယ်” ရှီမာရှင်း၏ အသံသည် ကျယ်လောင်စွာ ထွက်လာသည်။

ရှီမာယူယူ အနည်းငယ်တွေဝေသွားသည်။

“ဒီလိုဖြစ်လာမှာတော့ ငါ မင်းနဲ့လိုက်ခဲ့မယ်၊ မင်းကို အန္တရာယ် မဖြစ်စေရဘူးဆိုတာ သေချာပါတယ်” မာလီသည် မျက်စိစွေကာ ကြည့်ရင်းပြောလိုက်သည် “ဒါပေမယ့် မင်း နောက်ကျရင် ရွှေမြွေအသီးကို ကြည့်ခွင့်ပေးမယ်လို့ ငါ့ကို ကတိပေးရမယ်”

“ရွှတ် အဂ္ဂိရတ်ပညာရှင်အသင်းရဲ့ ဥက္ကဌအကာအကွယ်နဲ့ဆိုရင် ဘာအန္တရာယ်မှ မဖြစ်နိုင်ပါဘူး”

“သေချာတာပေါ့ ရှီမာမျိုးနွယ်က အဆင့်တစ် အင်အားရှိပေမယ့် မာလီရဲ့ စကားတစ်ခွန်းတိုင်းကို နားထောင်ရမယ်လေ၊ အဲလိုမှမဟုတ်ရင် အဂ္ဂိရတ်ပညာရှင်တွေက သူတို့နဲ့ ညှိနှိုင်းတာတွေကို ငြင်းကြလိမ့်မယ်”

“သူ ဝင်မှာလား မဝင်ဘူးလား ငါသိချင်နေပြီ”

“သူဝင်လိမ့်မယ်ထင်တယ်”

ဟာစွန်၏ ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာသဖြင့် ရှီမာယူယူသည် သူမလုံခြုံရေးအား စိုးရိမ်ခြင်းမရှိပေ။ ရှီမာမျိုးနွယ်မှ တခြားသော အထွတ်အထိပ်သားရဲမပေါ်လာသရွေ့ ထွက်သွားစေချင်သော်လည်း သူမအား တားရမည့်သူ ရှိမည်မဟုတ်ပေ။

ထိုအချိန်တွင် ဝေကျိရွှီနှင့် တခြားသူများသည် သူမဘေးတွင် တိတ်ဆိတ်စွာရပ်နေကြသည်။ သူတို့သည် သူမ အမိန့်အား တစ်ချိန်လုံး စောင့်ဆိုင်းနေကြသည်။

“ကျွန်တော်ဝင်မယ်” ရှီမာယူယူ သက်ပြင်းချသည် “ကျွန်တော့်ကို အဘိုးကူညီပေးပါလို့ အကူအညီ  တောင်းပါတယ်”

“ကောင်းပါပြီ ကောင်းပါပြီ မင်း ငါ့ကို ရွှေမြွေအသီးပြပေးမယ်ဆိုရင်ကို ရပါပြီ” မာလီသည် လက်ပိုက်ကာ  ပြောလေသည်။

“ကျေးဇူးပြုပြီး” ရှီမာယူလင်းသည် ဧည့်ဝတ်ကျေပွန်စွာ ဖိတ်ခေါ်ပြီး ရှီမာယူယူအား ဝင်စေသည်။

ထိုကိစ္စသည် မိန်းအပေါက်ဝတွင် ဖြေရှင်းလို့မရသည်ကို သူမသိသည်။ ထို့အပြင် သူတို့ မသိသေးသည့် ကိစ္စလည်း ဖြစ်လာနိုင်သည်။ သူမ အပြင်ဘက်မှ အထောက်အကူကို လိုချင်မျှသာဖြစ်သည်။

ဟာစွန်သည် ရှီမာယူယူဘေးတွင် လိုက်လာသည်။ သူ ဟူမောင်နှမရှေ့ဖြတ်သွားသောအခါ သူတို့အား တစ်ချက်ကြည့်လိုက်ရာ သူတို့သည် ကြက်သီးများထသွားကြလေသည်။

“ခံစားချက်… တကယ်သန်မာတယ်…” သူတို့ဝင်လာချိန်တွင် ဟူကျိကျောင်သည် အထစ်အထစ်နှင့် ပြောလေသည်။

သူတို့အား ထိုးဖောက်ဝင်လာသော အကြည့်ကြောင့် ယူကျိယန် တုန်တုန်ယင်ယင်ဖြစ်သွားသည်။

“အဲလူက…ဘယ်သူလဲ”

ရှီမာလင်းနှင့် ရှီမာရှင်းတို့ စောင့်နေကြသော ဧည့်ခန်းမကြီးသို့ ရှီမာယူလင်း နောက်မှ ရှီမာယူယူလိုက်လာ ခဲ့သည်။

သူတို့ထိုင်နေသော နေရာအား ကြည့်လိုက်သည်နှင့်ပင် သူတို့သည် လွှမ်းမိုးမှုရှိသည်ကို သူမ သိလိုက်သည်။ သူတို့သည်လည်း ငယ်ရွယ်ခြင်းမရှိပေ။

“ဦးလေးကြီး ရှီမာယူယူရောက်ပါပြီ” ရှီမာယူလင်းသည် အိမ်ထဲမှ လူများကို လေးစားစွာ အရိုအသေပေးလိုက်သည်။

“မင်းက ရှီမာယူယူလား၊ မင်းက ငါတို့်အစ်ကိုကြီးကို ထွက်လာဖို့ အပြင်ကနေ အော်နေတဲ့ တစ်ယောက်လား” သက်ကြီးဝါကြီးလူတစ်ယောက်သည် ရှီမာယူယူအားကြည့်ကာ သူမအား ဖိအားပေးရန် သူ၏ သူတော်စင်ဝိညာဉ် အဆင့်ဖိအားအား အသုံးပြုလိုက်သည်။

ရှီမာယူယူသည် မလှုပ်မယှက်ရှိနေကာ ပေါ့ပါးစွာပြောလိုက်သည် “လူကြီးမင်းရဲ့ ဖိအားက ကျွန်တော်အတွက် အသုံးမဝင်ပါဘူး၊ ချွေတာတာ ကောင်းပါလိမ့်မယ်”

ထို့နောက်တွင် သူမသည် ရှီမာလင်းအားကြည့်ပြီး ပြောလိုက်သည် “ကျွန်တော် အဲပစ္စည်းယူလာပါတယ်၊ ကျွန်တော့်အဘိုးနဲ့ တခြားသူတွေ အသက်ရှိသေးလားဆိုတာ သေချာကြည့်ချင်ပါတယ်”

ရှီမာလင်းသည် လက်ရှိ ရှီမာယူယူအားကြည့်ကာ အနည်းငယ်အံ့သြနေလေသည်။

ထိုဝိညာဉ်သခင်ငယ်လေးသည် ထိုအဆင့်ထိရောက်လာမည်ဟု သူ ထင်မထားခဲ့ပေ။ ရှီမာယူလင်းကဲ့သို့ ဂုဏ်ယူစရာကောင်းသော ထိပ်တန်း ပါရမီရှင်သည်ပင်လျှင် ထိုမျှလောက် တိုးတက်မှုမမြန်ပေ။

“သူတို့ကို ဒီကိုခေါ်လာခဲ့” ရှီမာလင်း အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ မျိုးနွယ်ခေါင်းဆောင်”

သူတို့စောင့်နေစဉ်အတွင်းတွင် ရှီမာယူယူဘေးတွင် လျှောက်လာသော မာလီအား ရှီမာလင်းကြည့်ကာ  ပြောလိုက်သည် “မာလင်း ကိုယ့်အဂ္ဂိရတ်ပညာရှင်အသင်းမှာပဲ ဆေးဖိုကို စောင့်ကြည့်မနေပဲ ဒီကို ဘာလာ လုပ်တာလဲ”

“ပွဲကြီးပွဲကောင်းကြည့်ဖို့လာတာလေ” မာလီသည် မငြင်းဆန်ပဲ တည့်တိုးပြောလိုက်သည် “ပါရမီရှင်တွေ ပေါ်လာတယ်ကြားလို့ ဘယ်လိုလူတွေလဲလို့သိချင်လို့ လာကြည့်တာ၊ အခွင့်သင့်လိမ့်မယ်လို့ ထင်မထားဘူး၊ ငါ သူ့ကိုကာကွယ်ပေးရင် သူ ငါ့ကို ရွှေမြွေအသီးပြပေးမယ်လို့ ကတိပေးထားတယ်”

“ဒီလိုဆိုရင် ဒီမှာထိုင်ပြီး စောင့်ပေးပါ” ရှီမာလင်းပြောလေသည်။

“မလိုပါဘူး” မာလင်းသည် လက်ဝှေ့ရမ်းလိုက်သည်။ သူသည် ရွှေမြွေအသီးမှထွက်သော အငွေ့အားရလိုရငြား ရှီမာယူယူဘေးတွင်ရပ်နေသည်။

“ဒီလူတွေက ဟိုရက်ကကြားထားတဲ့ နာမည်ကြီး ပါရမီရှင်တွေဖြစ်မယ်” ရှီမာမျိုးနွယ်မှ အကြီးအကဲ တစ်ယောက်မှ ပြောလိုက်သည်။

ဝေကျိရွှီနှင့် တခြားသူများ မပြောရသေးခင်တွင် မာလီဝင်ပြောလိုက်သည် “မင်းဘာလုပ်ချင်လို့လဲ၊ သူတို့ကို ငါအရင်တွေ့တာ၊ သူတို့ကို ငါ့ဆီကနေ မလုနဲ့”

“မာလီ၊ သူတို့က မင်းနဲ့ ဘာမှမပတ်သတ်ဘူး၊ သူတို့က မင်းတို့အဂ္ဂိရတ်ပညာရှင်အသင်းကို ဝင်ထားလို့လား၊ သူတို့ကတော့ မုန်တိုင်းဝင်မွှေနေတာ” ထို လူကြီးသည် ဒေါသထွက်လွယ်ကာ မာလီနှင့် ရန်ဖြစ်နေလေသည်။

“ဒီနေ့ ငါ မင်းနဲ့ စကားမများချင်ဘူး” မာလီသည် ဒီနေ့တွင် ရွှေမြွေအသီးကိုသာ အာရုံရှိနေသည်။ သူသည် အိုမင်းနေသော သူ၏ ပြိုင်ဘက်နှင့် ပြဿနာမဖြစ်လိုပေ။

ရှီမာလိုင်နှင့် တခြားသူများသည် ပင်မအိမ်တော်နှင့် ဝေးသော အိမ်တွင်ရှိနေသည်။ ရှီမာယူယူသည် စိတ်မရှည်နိုင်တော့ချိန်တွင် လှုပ်ရှားမှုအသံများကို ကြားလိုက်သည်။

“မြန်မြန်ဝင်”

အစောင့်များ၏ အသံများထွက်ပေါ်လာပြီး သူမ စိုးရိမ်စိတ်များဖြစ်သွားသည်။ သို့သော် ရှီမာလိုင်နှင့် တခြားသူများအား မြင်လိုက်ရသောအခါ ဒေါသများ တောက်လောင်သော အကြည့်များပြောင်းသွားကာ သူမ တစ်ကိုယ်လုံးသည် ကြောက်စရာကောင်းသော ရောင်ဝါများထွက်လာလေသည်။

All Chapters