← Chapters

အပိုင်း(၂၂၇)-ရှီမာယူကျိအား ဒေါသဖြင့် သတ်ခြင်း

Vol. 003 Ch. 227

အပိုင်း(၂၂၇)-ရှီမာယူကျိအား ဒေါသဖြင့် သတ်ခြင်း

Vol. 003 Ch. 227

“အဘိုး အစ်ကိုတို့ ဘယ်လိုလုပ်ဒီလိုဖြစ်သွားတာလဲ၊ ဘယ်သူက ဒီလောက်ထိရိုက်လိုက်တာလဲ” သူမ သူတို့အား ကြည့်လိုက်သောအခါ ရှီမာယူယူ ဒေါသထွက်သွားလေသည်။

ရှီမာလိုင်နှင့် တခြားငါးယောက်သည် ဒဏ်ရာများပြည့်နှက်နေသည်။ သူတို့သည် ဝိညာဉ်ချီအား ပိတ်ခံ ထားရသဖြင့် ပြန်ကောင်းလာနိုင်ရန်လည်း မဖြစ်နိုင်ပေ။ ရှီယူလီသည် လမ်းမလျှောက်နိုင်တော့သည်အထိ အရိုက်ခံထားရကာ သူ့အား အစောင့်နှစ်ယောက်မှ တွဲခေါ်ပေးလာရသည်။

ရှီမာလိုင်နှင့် တခြားသူများသည် ရှီမာယူယူအားမြင်သောအခါ အလွန်အမင်းစိတ်လှုပ်ရှားကာ မျက်လုံးတွင် မျက်ရည်များ ပြည့်နှက်လာသည်။

“ယူယူ ရောက်လာပြီလား” ရှီမာလိုင်သည် ရှီမာယူယူ၏ မျက်နှာအား ထိကာ ပြောလေသည်။

“အဘိုး ကျွန်တော်ရောက်ပါပြီ” ရှီမာလိုင်၏ လက်အားကိုင်ကာ ရှီမာယူယူပြောလိုက်သည် “အဘိုးကို ကယ်ဖို့ လာခဲ့တာ”

သူမ ပြောပြီးနောက် ရှီမာလင်းဘက်လှည့်ကာ ကြည့်ပြီးပြောလိုက်သည် “ဒါက ခင်ဗျားပြောတဲ့ သူတို့ကို လုံခြုံအောင်ထားမယ်ဆိုတဲ့ အဓိပ္ပာယ်လား၊ ကျွန်တော်သာ နှစ်ရက်လောက်နောက်ကျရင် အေးစက်နေတဲ့ အလောင်းတွေပဲတွေ့ရမယ်ထင်တယ်”

ရှီမာလင်းသည် ရှီမာလိုင်နှင့် တခြားသူများ ထိုကဲ့သို့ ဖြစ်နေမည်ဟု ထင်မထားသဖြင့် ရှီမာလင်း၏ ခန္ဒာကိုယ်အားကြည့်ကာ မေးလိုက်သည် “ဒါဘယ်သူလုပ်တာလဲ”

“ယူယိနဲ့ ယူကျိကတော့ တစ်ခါတစ်လေ ပစ်ထားတဲ့ခြံဝင်းကိုတော့ သွားပါတယ်” ရှီမာယူလင်း ပြန်ဖြေသည်။

“အဘိုး ဆေးအရင်စားလိုက်ပါ” ရှီမာယူယူသည် ဆေးထုတ်ကာ သူတို့အား ကျွေးလိုက်သည်။

“အဆင့်ငါး ပြန်သက်သာစေတဲ့ဆေး” သူ့ဘေးတွင် ရပ်နေသော မာလီသည် အနံ့ရှုလိုက်သည်နှင့်ပင် ဘာဆေးဖြစ်သည်ကို ပြောနိုင်သည်။ ရှီမာယူယူအားကြည့်သော သူ့အကြည့်များသည် တောက်ပနေခဲ့သည်။

ထိုအဂ္ဂိရတ်ပညာရှင်များသည် အဆင့်လေးဖြစ်သည်ဟု ကောလဟလထွက်ခဲ့သည်။ ဒီလူငယ်လေးက အဆင့်ငါး အဂ္ဂိရတ်ပညာရှင်များ ဖြစ်နေမလား၊ ရွှန်းယွမ်ဆိုင်မှ အပြာကတ်ပေးထားသည်ကို စဉ်းစားကြည့်လျှင် မဖြစ်နိုင်တာတော့ မဟုတ်ပေ။

ရှီမာယူယူသည် ရှီမာလိုင်နှင့် တခြားသူများအား ဆေးပေးကာ ကျွေးလိုက်သည်။ ထို့နောက်တွင် သူတို့သည် ဒဏ်ရာများ သက်သာရန် ဝိညာဉ်ချီ လည်ပတ်နိုင်ခြင်းမရှိသည်ကို သူမ  မြင်သဖြင့် သူတို့လက်ကောက်ဝတ်အား ဆွဲကာ စမ်းပြီးနောက် အံ့သြမှုဖြင့် ခေါင်းမော့လာသည်။

“ဝိညာဉ်ချီ မရှိဘူး၊ အစ်ကိုရဲ့ ဝိညာဉ်ချီဘယ်ရောက်သွားတာလဲ”

“သူတို့ဝိညာဉ်ချီက ခဏလောက် ပျောက်သွားတာပါ လုံးဝ မရှိတော့တာမဟုတ်ပါဘူး” ရှီမာယူယူ  ဒေါသပေါက်ကွဲနေသည်ကို ရှီမာရှင်းသိသဖြင့် ရှင်းပြသည်။

“အဘိုးကရော” ရှီမာယူယူသည် သူမ ပြောသောစကားများကို မယုံသဖြင့် ရှီမာလိုင်အား ကြည့်လိုက်သည်။

“မစိုးရိမ်ပါနဲ့ ပိတ်သွားရုံပါ” ရှီမာလိုင်ပြောလိုက်သည်။

“ရှီမာယူယူ မင်းအဘိုးရဲ့ အသက်ကို ဒီသုံးနှစ်အတွင်း စောင့်ရှောက်ထားမယ်လို့ ကတိပေးထားတယ်မလား၊ မင်း သဘောတူထားတဲ့အတိုင်း ရွှေမြွေအသီးကို ယူလာသင့်တယ်မလား” ရှီမာယူယူပြောသည်ကို အကြီးအကဲ လာသည် စကားလမ်းကြောင်းလွှဲလိုက်သည်။

“ပိတ်ထားတာကို ဖွင့်ပေး” ရှီမာယူယူပြောလိုက်သည်။

ရှီမာလင်းခေါင်းရမ်းကာ ပြောလိုက်သည် “မဖြစ်နိုင်ဘူး”

“ဘာလို့လဲ ခင်ဗျားတို့လိုချင်တာကို ကျွန်တော်ယူလာပြီလေ” ရှီမာယူယူ ရှီမာလင်းအားကြည့်လိုက်သည်။

“အဲနှစ်တုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ စစ်ဆေးနေတုန်းပဲ သူတို့ မိသားစုကို သစ္စာဖောက်လား မဖောက်လားဆိုတာကို မသေချာသေးဘူး” ရှီမာလင်း ပြောလိုက်သည်။

“ခင်ဗျားတို့ စစ်ဆေးဖို့ နှစ်တွေရှိနေတာပဲ အခုမှ လုပ်မယ်ဆိုတာ ဘာသဘောလဲ” ရှီမာယူယူ ပြောလိုက်သည်။

“ခင်ဗျား စစ်ဆေးလို့ မပြီးမချင်းနှစ်တိုင်းမှာ အဘိုးကို လွှတ်မပေးတော့ဘူးလား၊ ခင်ဗျားတို့ စစ်ဆေးတာ နှစ်တစ်ရာကြာရင် နှစ်တစ်ရာမှ လွှတ်ပေးမှာလား”

“အဲကိစ္စဖြစ်ခဲ့တာ နှစ်တစ်ရာတောင်ကြာခဲ့ပြီ၊ စစ်ဆေးဖို့ မလွယ်ဘူးလေ” ရှီမာယူယူ သဘောထားကို ရှီမာလင်း ဂရုမစိုက်ပဲ ပြောလိုက်သည် “အဲတုန်းက အဘိုး၃မှာ ဒေါသမီးတောက်ရှိခဲ့တယ်၊ လိုင်ရဲ့ အဖေမှာ သင်ဖို့ အခွင့်အရေးမရှိဘူး၊ ဒါပေမယ့် ဝိညာဉ်အရည်အချင်းက သူ့လက်ထဲမှာရှိခဲ့တယ်၊ အဘိုး၃ ကလေပးတာလို့ သူပြောတယ်၊ ဒါပေမယ့် ငါတို့သွားကြည့်တဲ့အခါမှာ အဘိုး၃ရဲ့ အလောင်းကိုပဲတွေ့ခဲ့တယ်”

“မျက်မြင်သက်သေမရှိဘူးလား” ရှီမာယူယူ မေးလိုက်သည်။

“တစ်ယောက်မှ မရှိဘူး” ရှီမာလင်းပြောလိုက်သည် “ငါတို့ ဦးလေးအငယ်ဆုံးလည်း ဒဏ်ရာရခဲ့တယ်၊ သူ့ကို ကယ်ဖို့ ငါတို့တော်တော် ကုန်ခဲ့တယ်၊ ဒါပေမယ့် သူ့ဝိညာဉ်က ထိခိုက်သွားတော့ သူ ပြန်သတိရလာတဲ့အချိန်မှာ ဆွံ့အသွားခဲ့တယ်၊ အဲနှစ်ကဖြစ်ခဲ့တာတွေကို သူပြန်မပြောနိုင်တော့ဘူး”

“ခင်ဗျားရဲ့ ရွှေမြွေအသီးက သူ့ကို ကုပေးဖို့လား” တစ်စုံတစ်ယောက်၏ ဝိညာဉ်ထိခိုက်သွား ခဲ့သည်ဟု ပြောခဲ့သည်ကို ရှီမာယူယူ ပြန်တွေးမိလိုက်သည်။

“ဟုတ်တယ်၊ ရွှေမြွေအသီးနဲ့ဆိုရင် ဦးလေးအငယ်ဆုံးပြန်နိုးလာနိုင်မယ်ဆိုရင် အဲနှစ်ကဖြစ်ခဲ့တာတွေကို  ပြန်ပြောနိုင်မှာပဲ” ရှီမာလင်းပြောလိုက်သည်။

“ဒါဆို သူ့ကို မြန်မြန်ကုပေးပြီး ကျွန်တော့်အဘိုးရဲ့ ရိုးသားမှုကို ပြန်ပေးပါ” ရှီမာယူယူ ပြောလိုက်သည်။

ထိုနှစ်က မျက်မြင်သက်သေရှိခဲ့သည်ဆိုလျှင် ထိုကိစ္စမှာ တစ်ဝက်ဖြေရှင်းပြီးဖြစ်သည်။

ဝိညာဉ်ဒဏ်ရာရခြင်းသည် ဝိညာဉ်စေတီပိုင်ဆိုင်ထားသော သူမကဲ့သို့လူတစ်ယောက်အတွက် ကုမရဖြင်း မရှိပေ။

“နောက်ရက်ပိုင်းမှ ဖြစ်နိုင်လိမ့်မယ်၊ ငါတို့တစ်ခုလိုနေသေးတယ်၊ ပြီးတော့ လေလံပွဲကလည်း ရက်ပိုင်းအတွင်း  ရောက်လာတော့မယ်”

“ဘာလိုနေတာလဲ”

“မြေနဂါးရဲ့ ခြင်ဆီ”

မြေနဂါးခြင်ဆီ အကြောင်းကို သူမသိသည်။ ထိုအရာမှာ နှစ်တစ်ရာတိုင်းတွင် မြေနဂါးတွင် ဖြစ်ပေါ်တတ်သော အဆီဖြစ်သည်။

ထိုအရာသ်ည ဝိညာဉ်အတွက်အသုံးဝင်သော်လည်း ဝိညာဉ်အရည်ကဲ့သို့ သူမအတွက်တော့ အသုံးမဝင်ပေ။

“အဲလူကြီးမင်းကို ကျွန်တော်ကြည့်ပါရစေ ကျွန်တော်သူ့ကို ကုလို့ရမလား မသိဘူးလေ” သူမ တောင်းဆိုလိုက်သည်။

“ဟင်း၊ မင်းရဲ့ သရုပ်မှန်ကဘာလဲ၊ ငါတို့် ဦးလေးငယ်က မင်းတွေ့ချင်တယ်ဆိုတိုင်း တွေ့လို့ရတဲ့ လူလား” ထိုနှစ်က ဖြစ်ခဲ့သော ကိစ္စကို ရှီမာခစ်သိထားသဖြင့် ထိုလူအိုကြီးအား သူတို့အား ကုသခွင့်မပေးချင်ပေ။

ထိုလူသာ ဆွံ့အနေခြင်းမရှိခဲ့ပါက သူတို့သည် သူ့အား သတ်ပြီးဖြစ်နေပြီ။

“ကလေး မင်းက သမားတော်လား အဂ္ဂိရတ်ပညာရှင်လား” ရှီမာခစ်မေးလိုက်သည်။

“နှစ်ခုလုံး”

“ဒါဆို အဲဒီ ပြန်ကောင်းစေတဲ့ဆေးက မင်းဘာသာမင်း ဖော်ထားတာလား” မာလီ မျက်လုံးလှန်ကြည့်သည်။

“အင်း” ရှီမာယူယူ ဝန်ခံသည်။

“ဘုရားရေ၊ ငါလျှောက်မှန်းကြည့်တာ တကယ်ပဲ မင်းဖော်ထားတာလား၊ မင်းကငယ်သေးတာကို အဆင့်၅ အဂ္ဂိရတ်ပညာရှင်ဖြစ်နေပြီ၊ ဟီးဟီး မင်း ငါ့ရဲ့အဂ္ဂိရတ်ပညာရှင်အသင်းမှာ မဝင်ချင်ဘူးလား”

“အဲအကြောင်းကို ကျွန်တော်တို့ နောက်မှပြောကြတာပေါ့” ရှီမာယူယူပြောလေသည်။

“ကောင်းပါပြီ ကောင်းပါပြီ၊ ဒီကိစ္စတွေဖြေရှင်းပြီးရင် ငါတို့ထပ်ပြောကြတာပေါ့” မာလီသည် ခေါင်းညိတ် လိုက်သည်။

ဒီအဆင့်ငါး အဂ္ဂိရတ်ပညာရှင်လေးကတော့ မလွယ်ဘူး၊ မလွယ်ဘူး။

နေရာတွင်ရှိနေကြသော လူများသည် ရှီမာယူယူအား မတူညီသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သူမသည် အဆင့်ငါးအဂ္ဂိရတ်ပညာရှင်ဖြစ်လိမ့်မည်ဟု ထင်မထားကြပေ။

“အော် ဟုတ်သားပဲ မင်းမှာ ရွှန်းယွမ်ဆိုင်က အပြာရောင်ကတ်ရှိတယ်လို့ ငါကြားတယ်၊ ဟုတ်လား” ရှီမာလင်းပြောလိုက်သည် “ငါတို့ပြတဲ့ဆရာဝန်တွေကတော့ အဲဒါကို မြေနဂါးခြင်ဆီကပဲ ကုနိုင်လိမ့်မယ်လို့ ပြောကြတယ်”

သူမတွင် ဝိညာဉ်အရည်ကဲ့သို့ ကောင်းကင်ဆန့်ကျင်သော ပစ္စည်းရှိနေသည်ကို ရှီမာယူယူ မထုတ်ဖော်ချင်သဖြင့် သူမ နောက်ဆုတ်ရန်တွေးကာ ပြောလိုက်သည် “ကျွန်တော်စောင့်နိုင်ပါတယ်၊ ဒါပေမယ့် ခင်ဗျား ကျွန်တော့် အဘိုးနဲ့ တခြားသူတွေကို လွှတ်ပေးရမယ်၊ အနည်းဆုံးတော့ သူတို့ကို ချုပ်နှောင်ထားတာကို ဖြေပေးရမယ်၊ သူတို့ကို ထိခိုက်အောင် လုပ်တဲ့သူကိုလည်း အပြစ်ပေးရမယ်”

“ဒါက…”

“ရိုင်းလိုက်တာ၊ မင်းကများ ငါတို့ဆီက တောင်းဆိုချင်သေးတယ်၊ သူ့အသက်ကို ချမ်းသာပေးထားတာတောင် မဆိုးလှဘူး၊ မင်းက တောင်းဆိုမှုတွေမများလွန်းဘူးလား” သူတို့အား ဖိနှိပ်ရန် ကြိုးစားသော ရှီမာယီ သည် အော်လိုက်သည်။

“ဒါဆိုရင် ခင်ဗျားက သဘောတူဘူးဆိုတဲ့သဘောလား” ရှီမာယူယူပြောလိုက်သည်။

“ရှီမာယူကျိနဲ့ တခြားသူတွေက မျိုးဆက် ၄ဆက်မြောက်တွေပါ” ရှီမာရှင်း ပြောလာသည်။

“သူတို့က ဆက်ခံသူတွေ ဟုတ်တာ မဟုတ်တာကို ကျွန်တော်ဂရုမစိုက်ဘူး၊ သူတို့က ကျွန်တော့်အဘိုးနဲ့ တခြားသူတွေကို ထိခိုက်အောင်လုပ်ရဲတော့ သူတို့လည်း တန်ရာတန်ကြေးပြန်ပေးရမယ်” ရှီမာယူယူသည် ရှီမာလိုင်နှင့် တခြားသူများဘေးတွင် ရပ်လိုက်သည်။ သူတို့ ခန္ဓာကိုယ်မှ လတ်လတ်ဆတ်ဆတ် ဒဏ်ရာများကို မြင်လိုက်သောအခါ သူတို့သည် ထိုသုံးနှစ်အတွင်းတွင် ကြောက်စရာကောင်းလောက်အောင် အရိုက်ခံပြီးနေခဲ့ရသည်ကို သူမ သိလိုက်သည်။

“ညီလေး ၅ ဒီနေ့ ငါတို့်ကို သတ်မယ်လို့ အဲဒီရှီမာယူကျိပြောတယ်” ရှီမာယူလီသည် ဆေးစားပြီးနောက် အားပြန်ပြည့်လာကာ သူ့ဘာသာ ပြန်ရပ်နိုင်လာသည်။

ရှီမာယူယူ ရှီမာလင်းအားကြည့်ပြီးပြောလိုက်သည် “ကျွန်တော်ထပ်မေးပါမယ်၊ ကျွန်တော့်အဘိုးနဲ့ တခြားသူတွေကို ဒဏ်ရာရအောင်လုပ်တဲ့သူကို အပြစ်ပေးမှာပါလား”

“ဒါကမဖြစ်နိုင်ဘူး” ရှီမာခစ်အော်လိုက်သည်။

“ဒါဆို ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ ဟိန်းသံထောင်ချီ သူ့ကို သတ်လိုက်” ရှီမာယူယူ အေးစက်စွာ အမိန့်  ပေးလိုက်သည်။

အဖြူရောင် ပုံရိပ်သည် အားလုံးရှေ့တွင်ပေါ်လာသည်နှင့် ကျယ်လောင်သော အော်သံထွက်လာသည်။ ထို့နောက်တွင် ပဲ့တင်သံအဖြစ်ကျန်ခဲ့လေသည်။

“ယူကျိ အသတ်ခံလိုက်ရပြီ” တစ်စုံတစ်ယောက်သည် အပြင်မှ အော်လိုက်သည်။

“မင်း ငါ့မြေးကို သတ်လိုက်တာပဲ၊ ငါမင်းကို သတ်မယ်” သူမ သတ်မည်ဟု ပြောသော်လည်း ပြောသည့်အတိုင်း လုပ်မည်ဟု ရှီမာခစ် ထင်မထားသဖြင့် စားပွဲအားရိုက်ကာ သူ၏ သူတော်စင်အဆင့် ဝိညာဉ်အား သူမဆီသို့ ထုတ်လွှတ်လိုက်လေသည်။

All Chapters