← Chapters

အခန်း (၅၈၆-၅၈၈)

Vol. 40 Ch. 586-588

အခန်း (၅၈၆-၅၈၈)

Vol. 40 Ch. 586-588

အပိုင်း ၅၈၆ - စိတ်ဝိဉာဉ်ခန္ဓာ၏ လျှို့ဝှက်ချက်၊ ဓားဆန္ဒက နှလုံးသားနောက်ကို လိုက်တယ်

"မင်းရဲ့ မဟုတ်တာတွေကို ငါအခုတော့ ယုံထားပေးလိုက်မယ်.."

ရွှီယန်က ခေါင်းကိုရမ်းကာ ချွေဟွားယွီ၏ အတိတ်ကိစ္စများကို ဆက်လက်မေးမြန်းခြင်း မပြုတော့ပေ။

"ငါကြားတာတော့ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ ပါရမီရှင်တွေ အားလုံးက စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင်တွေတဲ့... အဲ့ဒါဆိုရင် သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေထဲမှာ ဘာလို့ စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင် တစ်ယောက်မှ မပါရတာလဲ.."

ဤသည်မှာ ရွှီယန် အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့သည့် မေးခွန်းဖြစ်၏။ ဖြစ်နိုင်သည်မှာ သိုင်းတစ်ထောင်ခန်းမသည် သူတို့၏ အစစ်အမှန် ပါရမီရှင်များကို ဖုံးကွယ်ထားသည်လား။

သို့ပေမယ့် ထိုသို့ဆိုပါက ဂိတ်တံခါးတွင် ပိတ်ဆို့ကာ စိန်ခေါ်သည့်တိုင်အောင် ထွက်ပေါ်လာမှု မရှိခြင်းမှာ ယုတ္တိမဆန်လှပေ။ သို့မဟုတ် သူတို့သည် အနိုင်ရရန် သေချာခြင်း မရှိသောကြောင့် တိုက်ပွဲအား ရှောင်ရှားကြသည်လား။

"စိတ်ဝိဉာဉ်ခန္ဓာ ပိုင်ရှင်တွေက လောကကြီးမှာ ရှားပါးတယ်... စိတ်ဝိဉာဉ်ခန္ဓာတစ်ခုကို ရရှိလာပြီဆိုရင် နောက်ခံက ဘယ်လောက်ပဲ နိမ့်ကျနိမ့်ကျ သူတို့တွေကအဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ အသိအမှတ်ပြုမှုနဲ့ ခေါ်ယူမှုကို ခံကြရတယ်.."

"အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေကို စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင် သတင်းကိုပေးတာနဲ့ ကြီးမားတဲ့ စွမ်းဆောင်မှုတစ်ခုလို့ ယူဆနိုင်တယ်.."

"အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ အစစ်အမှန်ပါရမီရှင်တွေက တကယ်ပဲ စိတ်ဝိဉာဉ်ခန္ဓာကို ပိုင်ဆိုင်ကြတယ်။ အဲ့လို ပါရမီရှင်တွေက ပုံမှန်အားဖြင့် လင်းနယ်မြေမှာ လှည့်လည်သွားလာလေ့ မရှိဘူး။ တကယ်လို့ လှည့်လည်သွားလာရင်တောင်မှ သူတို့ရဲ့နာမည်ကို ဘယ်သူမှသိမှာ မဟုတ်ဘူး.."

ချွေဟွားယွီက ခဏတာစဉ်းစားပြီးနောက် ဖြေကြား၏။

ရွှီယန်၏မျက်ခုံးများက မြင့်တက်သွားသည်။ ထိုအရာအားလုံးတို့မှ လျှို့ဝှက်ချက် တစ်ခုခုကို ခံစားလိုက်ရ၏။

"အခြား ဘာလျှို့ဝှက်ချက်တွေ ရှိသေးလဲ ဆိုတာကိုတော့ ငါမသိဘူး။ ဒါပေမယ့် ငါသိသလောက်ဆိုရင် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ တည်ရှိမှုက စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင်တွေကို ပျိုးထောင်ပေးဖို့ အတွက်ပဲ.."

"အဲ့ဒါတွေနောက်ကွယ်မှာ ဘယ်လို အကြောင်းအရာတွေရှိနေလဲ ဆိုတာကိုတော့ ငါ့ရဲ့အဆင့်နဲ့ လက်လှမ်းမမှီနိုင်ဘူး.."

ချွေဟွားယွီက အကူအညီမဲ့စွာဖြင့် လက်နှစ်ဖက်ကို ဆန့်သည်။

"စိတ်ဝိဉာဉ်ခန္ဓာတွေက အဲ့လောက်အထိ ရှားပါးလို့လား.."

ရွှီယန်က တွေးဆရင်းနှင့် မေး၏။

သူ၏ ဂျူနီယာညီမဖြစ်သူ စုလင်းရှုံသည် စိတ်ဝိဉာဉ်ခန္ဓာကို ပိုင်ဆိုင်ထား၏။ ယွဲ့အာလည်း အတူတူပင် ဖြစ်သည်။ ယွဲ့ချန်မင်တွင်လည်း စိတ်ဝိဉာဉ်ခန္ဓာ ရှိ၏။

သူနှင့် မုန့်ချုံတို့မှာ စိတ်ဝိဉာဉ်ခန္ဓာဖြင့် မွေးဖွားလာခြင်းမဟုတ်ပေမယ့် အဆင့်ချိုးဖျက်တိုင်းတွင် ပြောင်းလဲမှုတို့ ဖြစ်ပွားခဲ့သည်။ စိတ်ဝိဉာဉ်ခန္ဓာများ ပင်လျှင် သူတို့ကို နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။

ထို့အပြင် ပြောစကားများအရ ဝမ်ရှင်းသိုင်းပညာအကယ်ဒမီ၏ သူရဲကောင်း ၃၆ယောက်လုံးသည် စိတ်ဝိဉာဉ်ခန္ဓာအား ပိုင်ဆိုင်ထားကြ၏။

"ဒါပေါ့... ရှားပါးတာပေါ့.."

ချွေဟွားယွီက လေးနက်စွာ ပြောသည်။

"ငါကြားတာတော့ ဝမ်ရှင်းသိုင်းပညာ အကယ်ဒမီရဲ့ သူရဲကောင်း ၃၆ယောက်လုံးက စိတ်ဝိဉာဉ်ခန္ဓာပါရမီရှင်တွေဆို..."

ရွှီယန်က မေးခွန်းထုတ်၏။

ချွေဟွားယွီက ခေါင်းကိုရမ်းကာ ပြောသည်။

"အဲ့ဒါက ယူဆချက် မှားယွင်းနေတာပဲ... သိုင်းလောကမှာပြောကြတဲ့ စိတ်ဝိဉာဉ်ခန္ဓာတွေ ဆိုတာက အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေ အသိအမှတ်ပြုတဲ့ စိတ်ဝိဉာဉ်ခန္ဓာနဲ့ ခြားနားကြတယ်.."

"အိုး... ဘယ်လိုများလဲ.."

ရွှီယန်မှာ အံ့ဩသွားသည်။ ဖြစ်နိုင်သည်မှာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများတွင် စိတ်ဝိဉာဉ်ခန္ဓာအတွက် အခြားသတ်မှတ်ချက်များ ရှိသေးသည်လား။

ချွေဟွားယွီက ရှင်းပြ၏။

"လင်းနယ်မြေမှာ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြတဲ့ စိတ်ဝိဉာဉ်ခန္ဓာတွေဆိုတာ အများအားဖြင့် စိတ်ဝိဉာဉ်အနှစ်သာရ ခန္ဓာတွေပဲ။ စစ်မှန်တဲ့ စိတ်ဝိဉာဉ်ခန္ဓာ မဟုတ်ဘူး...စိတ်ဝိဉာဉ်အနှစ်သာရ ခန္ဓာတွေက စိတ်ဝိဉာဉ်ခန္ဓာနဲ့ တူညီတဲ့ လက္ခဏာရပ်တွေကို ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲ့ဒါက စိတ်ဝိဉာဉ်ဆိုင်ရာ အမှတ်သညာနဲ့ ခန္ဓာကိုယ်တစ်ခု သက်သက်ပဲ။ စစ်မှန်တဲ့ စိတ်ဝိဉာဉ်ခန္ဓာ မဟုတ်ဘူး.."

"စိတ်ဝိဉာဉ်အနှစ်သာရ ခန္ဓာတွေက စိတ်ဝိဉာဉ်ခန္ဓာနဲ့ ဆင်တူရုံပဲလို့ ဆိုနိုင်ရင်တောင်မှ အဲ့ဒါကလည်း ထူးကဲတဲ့ပါရမီမျိုးပဲ... သဘာဝရဲ့ စိတ်ဝိဉာဉ်စွမ်းအင်နဲ့ လူတစ်ယောက်ကို ပိုပြီးတော့ နီးကပ်စေတယ်။ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီကို ပိုမိုလွယ်ကူစွာ ခံစားနိုင်ကြတယ်..."

ချွေဟွားယွီ၏ ရှင်းပြချက်မှတစ်ဆင့် ရွှီယန်သည် နားလည်မှု ရလာခဲ့၏။ လင်းနယ်မြေတွင် ပုံမှန်အားဖြင့်ပြောကြသည့် စိတ်ဝိဉာဉ်ခန္ဓာများမှာ စိတ်ဝိဉာဉ်အနှစ်သာရ ခန္ဓာများသာ ဖြစ်ပြီး စစ်မှန်သည့် စိတ်ဝိဉာဉ်ခန္ဓာ မဟုတ်ပေ။

စစ်မှန်သည့် စိတ်ဝိဉာဉ်ခန္ဓာကို အတည်ပြုရန်အတွက် အထူး စိတ်ဝိဉာဉ်ပစ္စည်းများနှင့် အချို့ထူးကဲသည့် နည်းလမ်းများကို လိုအပ်သည်။

ပုံမှန်အားဖြင့် ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ဂိုဏ်းများထက် နိမ့်ကျသည့် အဖွဲ့အစည်းများတွင် ထိုအတည်ပြုမှုနည်းလမ်းများအား ပိုင်ဆိုင်ထားခြင်း မရှိပါ။

ထို့ကြောင့် စိတ်ဝိဉာဉ်အနှစ်သာရ ခန္ဓာအား စိတ်ဝိဉာဉ်ခန္ဓာအဖြစ် မကြာခဏ မှားပြောလေ့ရှိ၏။ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများက ထိုကိစ္စအတွက် ရှင်းလင်းချက်ထုတ်မနေပါ။

စိတ်ဝိဉာဉ်အနှစ်သာရ ခန္ဓာများသည် စိတ်ဝိဉာဉ်ခန္ဓာလောက် ကောင်းမွန်ခြင်း မရှိပေမယ့် သူတို့တွင်လည်း အံ့သြစရာကောင်းသည့် ပါရမီအား ပိုင်ဆိုင်ထားရှိ၏။

"စိတ်ဝိဉာဉ်အနှစ်သာရ ခန္ဓာနဲ့ သိုင်းသမားတစ်ယောက် ကျင့်ကြံမှုအဆင့် မြင့်တက်ပြီဆိုရင် သူတို့ရဲ့ စိတ်ဝိဉာဉ်အနှစ်သာရက ကျင့်ကြံမှုထဲကို တဖြည်းဖြည်းနဲ့ ပေါင်းစပ်သွားတယ်။ အဲ့ဒါဆိုရင် စိတ်ဝိဉာဉ်ခန္ဓာရဲ့ လက္ခဏာရပ်တွေ ဆုံးရှုံးလာလိမ့်မယ်.."

"သိုင်းတစ်ထောင်ခန်းမရဲ့ ဝူယွမ်က စိတ်ဝိဉာဉ်အနှစ်သာရ ခန္ဓာပိုင်ရှင်ပဲ။ သူ့ရဲ့ စိတ်ဝိဉာဉ်အနှစ်သာရက ကျင့်ကြံမှုအဆင့်ထဲကို ပေါင်းစပ်ပြီးနေပြီ။ အဲ့ဒါက သူ့ရဲ့ခွန်အားကို ရတနာခန္ဓာပိုင်ရှင် ပါရမီရှင်တွေထက် အများကြီး ပိုမြင့်မားစေတယ်.."

ချွေဟွားယွီက ဆက်လက်ရှင်းပြသည်။

"ငါသိပြီ.."

ရွှီယန်သည် နောက်ဆုံးတွင် နားလည်သွားခဲ့၏။

"အဲ့ဒါဆိုရင် ဝမ်ရှင်းသိုင်းပညာ အကယ်ဒမီရဲ့ သူရဲကောင်း ၃၆ယောက်က စိတ်ဝိဉာဉ်အနှစ်သာရ ခန္ဓာပိုင်ရှင်တွေပဲ။ စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင် မဟုတ်ဘူးပေါ့.."

"အများစုကတော့ တကယ်ပဲ စိတ်ဝိဉာဉ်အနှစ်သာရ ခန္ဓာပိုင်ရှင်တွေပဲ.. ဒါပေမယ့် စစ်မှန်တဲ့ စိတ်ဝိဉာဉ်ခန္ဓာ ပိုင်ရှင်တွေလည်း ရှိတယ်။ ပြောကြတာက သူတို့ထဲက ထိပ်တန်း၅ယောက်က အစစ်အမှန် စိတ်ဝိဉာဉ်ခန္ဓာကို ပိုင်ဆိုင်ထားကြတယ်တဲ့.."

ချွေဟွားယွီက သက်ပြင်းချစွာ ပြော၏။

"စိတ်ဝိဉာဉ်ခန္ဓာတစ်ခုကို ဘယ်လို ခွဲခြားတာလဲ.."

ရွှီယန်က သိလိုစွာမေးသည်။ သူသည် စိတ်ဝိဉာဉ်ခန္ဓာ၏ လက္ခဏာရပ်များကို အာရုံခံကြည့်နိုင်၏။ သို့ပေမယ့် စိတ်ဝိဉာဉ်အနှစ်သာရ ခန္ဓာများသည်လည်း စိတ်ဝိဉာဉ်ခန္ဓာ၏ လက္ခဏာရပ်များကို ပိုင်ဆိုင်ထားရာ ထိုနှစ်ခုအကြား ခြားနားချက်ကို တွေ့မြင်နိုင်ရန် အတွေ့အကြုံတို့ မရှိ ဖြစ်နေပါသည်။ ထို့ကြောင့် မှန်ကန်သည့် သုံးသပ်ချက်ကို မထုတ်နိုင်ဘဲ ရှိနေ၏။

"အဲ့ဒီ့အတွက်ကတော့ စိတ်ဝိဉာဉ်ပစ္စည်းနဲ့ နည်းလမ်းအချို့ကို လိုအပ်လိမ့်မယ်.."

ချွေဟွားယွီက ခဏတာ စဉ်းစားပြီးနောက် သေးငယ်သည့် အစိမ်းရောင် အပင်ငယ်တစ်ခုကို ထုတ်သည်။

"စိတ်ဝိဉာဉ်ခန္ဓာက ဒီစိတ်ဝိဉာဉ်သစ်ပင်ကို ထိလိုက်တာနဲ့ အထူး နည်းလမ်းတစ်ခုကို အသုံးပြုပြီး ဒါကို အသက်သွင်းလို့ရတယ်။ တကယ်လို့ စိတ်ဝိဉာဉ်ခန္ဓာသာဆိုရင် အရွက်တွေက လင်းလက်လာပြီး စိတ်ဝိဉာဉ်အနှစ်သာရခန္ဓာသာဆိုရင် မှိန်မှိန်လေးပဲ လင်းလာလိမ့်မယ်.."

သူသည် ရွှီယန်တွင် စိတ်ဝိဉာဉ်ခန္ဓာတစ်ခုအား ပိုင်ဆိုင်ထားသလားဟု အလွန် သိရှိလိုနေ၏။ တစ်ဖက်လူ၏ အကြွင်းမဲ့သည့် စွမ်းအားကို ကြည့်ပါက သံသယဝင်စရာမကောင်းလောက်အောင် စိတ်ဝိဉာဉ်ခန္ဓာတစ်ခုအား ပိုင်ဆိုင်ထားလောက်ပါသည်။

ရွှီယန်က ခဏတာစဉ်းစားပြီးနောက် ပြော၏။

"စိတ်ဝိဉာဉ်အနှစ်သာရ ခန္ဓာက ပုံရိပ်ယောင်ဆန်ပြီး အားနည်းတယ်။ စိတ်ဝိဉာဉ်ခန္ဓာတွေကတော့ ပိုတည်မြဲပြီးတော့ အကောင်အထည်ပေါ်တယ်... အဲ့လိုမျိုးလား.."

ချွေဟွားယွီက ရှင်းပြလိုက်သည်နှင့် ရွှီယန်သည် စိတ်ဝိဉာဉ်အနှစ်သာရ ခန္ဓာနှင့် စိတ်ဝိဉာဉ်ခန္ဓာတို့အကြား ခြားနားချက်ကို နားလည်လာခဲ့သည်။

သူ၏ ဂျူနီယာညီမဖြစ်သူ စုလင်းရှုံနှင့် ယွဲ့အာတို့အား နှိုင်းယှဉ်ကြည့်ပြီးနောက် သူ့တွင် စိတ်ဝိဉာဉ်ခန္ဓာ သို့မဟုတ် စိတ်ဝိဉာဉ်အနှစ်သာရ ခန္ဓာတစ်ခုအား ပိုင်ဆိုင်ထားခြင်း ဖြစ်မည်ကို ဆုံးဖြတ်နိုင်ပါပြီ။

"အဲ့လိုလည်း ပြောလို့ရတယ်.."

ချွေဟွားယွီက ခေါင်းငြိမ့်သည်။ သူ၏ စိတ်ထဲတွင် ပဟေဠိ ဖြစ်သွား၏။ ဖြစ်နိုင်သည်မှာ ရွှီယန်သည် စိတ်ဝိဉာဉ်ပစ္စည်းကို အသုံးပြုခြင်းမရှိဘဲ ခြားနားချက်ကို တွေ့မြင်နိုင်သည်လား။

ရွှီယန်က ချွေဟွားယွီ၏ လက်ထဲရှိ သစ်ပင်ငယ်ကို လက်ဖြင့်ဆန့်ကာ ထိလိုက်သည်။ ချွေဟွားယွီက စိတ်အားထက်သန်စွာဖြင့် သူ၏ လျှို့ဝှက်အတတ်ကို အသုံးပြုကာ ရွှီယန်၏ စိတ်ဝိဉာဉ်ခန္ဓာ စွမ်းအားကို စစ်ဆေးကြည့်သည်။ စိတ်ဝိဉာဉ်ခန္ဓာများတွင် ခြားနားသည့် ခွန်အားများရှိပြီး ခြားနားသည့် အဆင့်များ ခွဲခြားထား၏။

"ချွတ် ချွတ်..."

သစ်ပင်သည် အနည်းငယ် လင်းလက်လာပြီးသည်နှင့် ချက်ချင်းပင် အစအနများအဖြစ် ကျိုးကြေကုန်သည်။

ချွေဟွားယွီမှာ မှင်သက်သွား၏။ ရွှီယန်က မျက်တောင်ခတ်ကာ ပြောသည်။

"မင်းရဲ့သစ်ပင်က သိပ့်ပြီးတော့ အသုံးမဝင်သလိုပဲနော်.."

သို့ပေမယ့် သူသည် ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။

'အမှန်တကယ်ပဲ... ငါက စိတ်ဝိဉာဉ်ခန္ဓာတွေရဲ့ အထက်မှာ ရှိတယ်။ ပြန်ပြီးရင် အဲ့ဒီ့အကြောင်းကို ဆရာ့ကို မေးကြည့်ရမယ်..'

ရွှီယန်သည် တိတ်တဆိတ် စိတ်လှုပ်ရှားစွာ ခံစားလိုက်ရ၏။

ချွေဟွားယွီက ခေါင်းကိုကုပ်ကာ သူ၏စိတ်ဝိဉာဉ်စမ်းသပ်ခြင်း သစ်ပင်နှင့် ပတ်သက်ပြီး ပြဿနာတစ်ခုခုရှိနေသည်လားဟု တွေးမိသည်။

"ယွီလင့်စံအိမ်မှာ စိတ်ဝိဉာဉ်ခန္ဓာပိုင်ရှင် ဘယ်နှစ်ယောက်ရှိလဲ..."

ရွှီယန်က သိလိုစွာမေးသည်။

"ငါလည်းမသိဘူး... အဲ့ဒါက အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ပဲ.."

ချွေဟွားယွီက ခေါင်းကိုရမ်း၏။

နှစ်ယောက်သားသည် ခဏတာ ဟိုဟိုဒီဒီ စကားပြောပြီးနောက် ချွေဟွားယွီက သိလိုစွာမေးသည်။

"အကိုရွှီ... သိုင်းတစ်ထောင်ခန်းမကနေ ပုန်းအောင်းဖို့အတွက် ဘယ်ကိုသွားဖို့ မင်းစီစဉ်ထားလဲ.."

အပိုင်း ၅၈၇ - စိတ်ဝိဉာဉ်ခန္ဓာ၏ လျှို့ဝှက်ချက်၊ ဓားဆန္ဒက နှလုံးသားနောက်ကို လိုက်တယ်(၂)

"ပုန်းဖို့မလိုဘူး... ငါက တိုက်ခိုက်ဖို့နဲ့ သိုင်းပညာလေ့လာဖို့အတွက် သင့်တော်တဲ့ နေရာတစ်ခုကိုပဲ ရှာချင်တာ။ လင်းနယ်မြေတစ်ခုလုံးကို ခြေဆန့်ချင်တာ.."

ရွှီယန်က လွတ်လပ်စွာ ပြုံးသည်။ သူသည် သိုင်းတစ်ထောင်ခန်းမ၏ လိုက်လံမှုအပေါ် စိုးရိမ်မှုအများကြီး မရှိပေ။

"မင်းက ယွီလင့်စံအိမ်ရဲ့ အစစ်အမှန် တပည့်တစ်ယောက်ပဲ... အဲ့ဒါကြောင့်မလို့ လင်းနယ်မြေနဲ့ တော်တော်လေးရင်းနှီးမှာပေါ့... တိုက်ပွဲတွေ အလွယ်တကူ ဖြစ်ပွားပြီး ပရမ်းပတာဖြစ်နေတဲ့ နေရာတွေကို မင်းသိလား.."

သူသည် လင်းနယ်မြေ၏ ကောင်းကင်အောက်တွင် လှည့်လည်ပြီး လောကကြီး၏ ထောင့်အသီးသီးကို စူးစမ်းကြည့်ရှု့မည် ဖြစ်သည်။

ပိုမိုရှုပ်ထွေးသော နေရာသည် တိုက်ပွဲတို့ ဖြစ်ပွားရန်အတွက် ပိုမို အခွင့်အရေးများ၏။ ထို့ကြောင့် ရွှီယန်သည် သူ၏ နောက်ထပ်လားရာကို အုပ်ချုပ်မှုတို့ ယိုယွင်းကာ ပရမ်းပတာဖြစ်နေသည့် နေရာတစ်ခုအား ရွေးချယ်လို၏။

ထိုကဲ့သို့သော နေရာ၌ ရန်သူများကို အလွယ်တကူ ဆွဲဆောင်နိုင်ကာ ပဋိပက္ခများ အဆက်မပြတ် ပေါ်လာနေမှာဖြစ်သည်။

"လင်းနယ်မြေက ရှုပ်ထွေးတဲ့ နေရာတွေကို ပြောပါဆိုရင် သချွမ်ကတော့ ထိပ်ဆုံး ဖြစ်လိမ့်မယ်။ အဲ့ဒီနေရာက တောင်တွေ၊ ဓားမြတွေ၊ ထူထပ်တဲ့ တောအုပ်တွေနဲ့ ပြည့်နက်နေတယ်။ စိတ်ဝိဉာဉ်သားရဲတွေကလည်း ကောင်းကင်ဗိမာန် ဒေသနောက် ဒုတိယပဲ ကျတယ်။ တောင်တွေမြစ်တွေက ယှက်နွှယ်နေပြီး သချွမ်မြေက အရမ်းကို ကြမ်းတမ်းတယ်.."

"သချွမ်မြေမှာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ သြဇာအာဏာက အခြားဒေသတွေထက် အများကြီး အားနည်းသွားတယ်... အစက သွေးနတ်ဆိုးလည်း သွေးနတ်ဘုရားဂိုဏ်းကို အဲ့ဒီ့မှာ တည်ထောင်ပြီး စွမ်းအားမြင့်တက်လာခဲ့တာ.."

"ပြောကြတာက ယနေ့အထိ သချွမ်ဒေသမှာ သွေးနတ်ဘုရားဂိုဏ်းရဲ့ အကြွင်းအကျန်တွေ ရှိနေသေးတယ်တဲ့။ သူတို့ကို သုတ်သင်ချင်တယ်ဆိုရင် အရမ်းကို ခက်ခဲတယ်.."

"တောတောင်တွေက များပြားလွန်းလို့ ပုန်းအောင်းဖို့အတွက် အရမ်းသင့်တော်တယ်လေ... ပြီးတော့ ပြောကြတာက ရံဖန်ရံခါ သချွမ်မှာ ရှေးခေတ်အခါက သင်္ချိုင်းတွေ ပေါ်လာတာလည်း ရှိတယ်တဲ့။ ဒါပေမယ့် အဲ့ဒီ့ကိစ္စတွေက အရမ်းကို ကြာညောင်းခဲ့ပါပြီ.."

"ကောလဟာလ တစ်ခုလည်း ရှိတယ်... သွေးနတ်ဆိုးစွမ်းအားမြင့်တက်လာတုန်းက သူ သချွမ်က ရှေးဟောင်းဂူတစ်ခုကနေ သွေးနတ်ဘုရားအတတ်ကို ရခဲ့တာလို့ ပြောတယ်.."

ခဏတာ စဉ်းစားပြီးနောက် ချွေဟွားယွီက ဖြေကြား၏။

ရွှီယန်၏ မျက်လုံးများက လင်းလက်သွားသည်။

"အဲ့ဒါဆိုလည်း သချွမ်ကိုသွားတာပေါ့... မင်း သိုင်းတစ်ထောင်ခန်းမက လူတွေဆီကို သတင်းဖြန့်လိုက်။ ရွှီယန် သချွမ်ကိုသွားပြီလို့... သူတို့ကို နည်းနည်းလောက် စိုးရိမ်အောင် လုပ်ပေးလိုက်မယ်.."

သွေးနတ်ဆိုးသည် သချွမ်၌ စွမ်းအားတို့ မြင့်တက်လာခဲ့၏။ ယခုအချိန်၌ သူသည်လည်း ထိုနေရာသို့ သွားမည်ဖြစ်ရာ သိုင်းတစ်ထောင်ခန်းမအနေနှင့် မစိုးရိမ်ဘဲ နေမည်လား။

ချွေဟွားယွီ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ ရွှီယန်သည် သချွမ်တွင် သိုင်းထောင်ခန်းမမှ သိုင်းသမားများကို ချောင်းမြောင်းတိုက်ခိုက်ရန် စီစဉ်ထား၏။ သူသည် အမှန်တကယ်ကို သိုင်းတစ်ထောင်ခန်းမအား ကြောက်လန့်ခြင်း မရှိပေ။

"ပြဿနာ မရှိဘူး.."

ချွေဟွားယွီက ချက်ချင်းပင် သဘောတူ၏။

"သွားတော့မယ်... ကံမကုန်ရင် ပြန်ဆုံကြမယ်.."

ရွှီယန်သည် နန်းတော်အတွင်းမှ ထွက်ခွာကာ သချွမ်ဆီသို့ သွားရန် ပြင်ဆင်၏။ ထို့နောက် ရုတ်တရက် ခေါင်းကိုလှည့်ကာ ပြောသည်။

"မင်းရဲ့ ချိနဲ့နေတဲ့ပုံစံကို ကြည့်ရတာ ခန္ဓာကိုယ်မှာ တကယ်ပဲ ပြဿနာရှိနေပုံပဲ။ ချန်ချင်းစံအိမ်ကို သွားပြီး ငါ့ရဲ့ ဂျူနီယာညီမကို ရောဂါသွားပြကြည့်လေ.."

ချွေဟွားယွီမှာ အံ့ဩသွားသည်။

"ချန်ချင်းစံအိမ်လား... ငါနားလည်ပြီ.."

ရွှီယန်က ခေါင်းငြိမ့်သည်။ ထို့နောက် နေရာမှပျောက်ကွယ်သွားပြီး သချွမ်ဆီသို့ ဦးတည်ခဲ့၏။

ချွေဟွားယွီက လေပူများကို မှုတ်ထုတ်သည်။ နောက်ဆုံး၌ စိတ်သက်သာရာရ သွား၏။ ရွှီယန်ကို ရင်ဆိုင်နေရသည့် ဖိအားသည် အမှန်တကယ်ကို ကြီးမားလှပါသည်။

သူသည် ပြန့်ကျဲနေသည့် သစ်ကိုင်းကိုကြည့်ကာ အနည်းငယ် ပဟေဠိဖြစ်သွား၏။ သူ၏ စိတ်ဝိဉာဉ်သစ်ပင်တွင် အမှန်တကယ်ကို တစ်ခုခု မှားယွင်းနေသည်လား။

"ယွီလင့်စံအိမ်ကို ပြန်ရမယ်... ငါ အာရုံတစ်ခု ရနေတယ်... ရွှီယန်နဲ့ ရန်သူဖြစ်လာလို့ မရဘူး။ ဘာပဲဖြစ်ဖြစ်.."

ချွေဟွားယွီတွင် ခံစားချက်တစ်ခု ရနေ၏။ ဒီတစ်ကြိမ်တွင် သိုင်းတစ်ထောင်ခန်းမ၏ ကံကောင်းမှုအားလုံးတို့ ဆုံးရှုံးသွားတော့မည့်ဟန် ရသည်။

ရွှီယန်၏ မြင့်တက်သည့် အရှိန်အဟုန်သည် ရပ်တန့်နိုင်ခြင်း မရှိဘဲ အတိတ်တုန်းက သွေးနတ်ဆိုးထက်ပင် များစွာ ကျော်လွန်၏။

ရက်ပေါင်းများစွာ ကြာပြီးနောက် ရွှီယန်၏ သချွမ်သို့ သွားသည့်သတင်းသည် ပျံ့နှံ့လာခဲ့၏။ သိုင်းတစ်ထောင်ခန်းမရှိ စွမ်းအားကြီးပုဂ္ဂိုလ်များသည် အမှန်တကယ်ကို စိုးရိမ်သွားကြသည်။ ရွှီယန်ကို လိုက်လံသတ်ဖြတ်ရန်အတွက် အကြီးအကဲတို့ကို စေလွှတ်၏။

တစ်ချိန်တည်းတွင် လော့ဒေသရှိ ချန်ချင်းစံအိမ်၌...

ဒန်ဆေးအင်မော်တယ်ဟူသည့် အမည်သည် တဖြည်းဖြည်းနှင့် ပျံ့နှံလာခဲ့ပြီး သိုင်းသမားများစွာတို့သည် ဒဏ်ရာများကို လာရောက် ပြသကြ၏။

အများစုတို့မှာ နှစ်ပေါင်းများစွာကြာအောင် ကုသနိုင်ခြင်း မရှိသည့် ရောဂါဟောင်းများ ဖြစ်ကြသည်။ သို့မဟုတ် အခြေခံ ထိခိုက်နေသည့် သိုင်းသမားများပင် မျှော်လင့်ချက်အချို့ဖြင့် ရောက်ရှိလာကြ၏။

ချန်ချင်းစံအိမ်ရှိ လူများမှာ စတင် အလုပ်များလာကြသည်။ သေးငယ်သည့် ဒဏ်ရာနှင့် ရောဂါ မပြင်းထန်သည့် လူနာများကို ဒန်ဆေးလုံးဖြင့် ကုသပေးပါက လုံလောက်သည်။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများနှင့် ၎င်း၏အထက်ရှိ သိုင်းသမားများ ရောက်လာမှသာလျှင် စုလင်းရှုံက ကိုယ်တိုင် ကုသပေး၏။

လိင်ထုံးလည်းပဲ ရက်အနည်းငယ် ကြာတိုင်းတွင် ရောက်ရှိလာခဲ့သည်။ အချိန်တိုင်းတွင် သူသည် အလွန်ကျေနပ်နေပြီး ကြီးမားသည့် အကျိုးအမြတ်တို့ ရရှိခဲ့ပုံ ပေါ်၏။

သို့ပေမယ့် ပုံရိပ်ယောင်တစ်ခု အတွင်း၌ ကျဆင်းခဲ့ခြင်းဖြစ်သည်ကိုတော့ လုံးဝ သတိထားမိခြင်း မရှိပေ။

ဖန်းဟောင်မှာ မိုးပျံသင်္ဘောကို တည်ဆောက်နေဆဲ ရှိ၏။

မိုးပျံသင်္ဘော၏ အသွင်အပြင်ကို ရေးဆွဲပြီးဖြစ်ကာ အစိတ်အပိုင်းအချို့ကို ပြုလုပ်ပြီး နေပါပြီ။ သို့ရာတွင် ပြီးမြောက်ရန်အတွက် ခရီးအရှည်ကြီး လိုအပ်သေး၏။

လီရွှမ်က တစ်ချက်ကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းငြိမ့်သည်။ ဒီမိုးပျံသင်္ဘောက တော်တော်လေး ကောင်းပါသည်။ လင်းနယ်မြေတွင် လှည့်လည်ပါက ဒေသခံများကဲ့သို့ စိတ်ဝိဉာဉ်သားရဲများကို စီးနင်းစရာ မလိုတော့ပေ။

ထို့အပြင် မိုးပျံသင်္ဘောသည် ချန်ချင်းစံအိမ် အဖြစ်လည်း တစ်ခါတည်း ပြောင်းလဲလို့ရ၏။ ဤသည်က စုလင်းရှုံအတွက် နေရာတိုင်းတွင် လူနာများကို ကုသရန် သင့်တော်လှသည်။

"သင်၏တပည့် ရွှီယန်သည် နှလုံးသားဓားအဆင့်၏ အကြီးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိသွားသည်။ သင်သည် ဓားဆန္ဒကို စိတ်ကြိုက် ထိန်းချုပ်နိုင်သည့်စွမ်းအင်အား ရရှိလာသည်.."

ရွှီယန်သည် နှလုံးသားဓားအဆင့်၌ အကြီးစားကျွမ်းကျင်မှုသို့ ရောက်ရှိခဲ့၏။

"ဓားဆန္ဒကို လိုသလို ထိန်းချုပ်တယ်..."

လီရွှမ်သည် နှလုံးသားထဲ၌ စိတ်လှုပ်ရှားလာခဲ့၏။ ယခုအချိန်မှ စတင်ပြီး သူသည် ဓားဆန္ဒများကို ဆက်လက်လေ့လာစရာ မလိုတော့ပေ။

သူ၏ အတွေးတိုင်းနောက်သို့ ဓားဆန္ဒက လိုက်ပါလာမည် ဖြစ်၏။ ဓားဆန္ဒမှာ သူ့အတွက် အတွေးတစ်ခုထက် မပိုတော့ပေ။

"ငါ့ရဲ့ ခွန်အားက တိုးတက်လာပြန်ပြီ.."

လီရွှမ်သည် နှလုံးသားထဲ၌ သက်ပြင်းချ၏။ ထို့အပြင် သူ၏ သိုင်းပညာ အတွေ့အကြုံတို့လည်း ဆက်တိုက် မြင့်တက်လာခဲ့သည်။ မုန့်ချုံနှင့် ရွှီယန်တို့က သူ့ကို သိုင်းပညာ အတွေ့အကြုံများအား ဆက်တိုက် တန်ပြန်အကျိုးပြုမှု ပေးနေ၏။

အချိန်သည် ကုန်ဆုံးနေပြီး ရွှီယန်နှင့် မုန့်ချုံတို့၏ သတင်းများမှာ ဆက်တိုက် ပျံ့နှံလာခဲ့သည်။ ချန်ချင်းစံအိမ်အတွင်းတွင် လူတိုင်းသည် အံ့ဩနေကြ၏။

ရှီအာကဲ့သို့ လူတစ်ယောက်ပင်လျှင် သွေးဆူကာဖြင့် စိတ်အားထက်သန်နေပါသည်။ သူသည် ပြင်ပသို့ ထွက်ကာ ကိုယ့်ကိုယ်ကိုယ်အတွက် နာမည်တစ်ခုကို ဖန်တီးလိုနေ၏။

သို့ပေမယ့် ဤသည်မှာ စိတ်ကူးမျှသာ ဖြစ်သည်။

တကယ့်တကယ်တွင် လုပ်ဆောင်ရဲခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ခွန်အားမှာ အလွန်အားနည်းလွန်းလှ၏။

"စီနီယာအစ်ကိုကြီးက အရမ်းကို စွမ်းအားကြီးလွန်းတယ်.."

ဖန်းဟောင်မှာ နှလုံးသားထဲမှ လေးစားသွားမိတယ်။

ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမဆီမှ ဒီဗိုင်းကိရိယာတစ်ခုကို မျက်နှာချင်းဆိုင်ကာ လုယူခဲ့၏။ ထို့အပြင် သိုင်းတစ်ထောင်ခန်းမသည် သူ့ကို မည်သည်မှ လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ဤသည်မှာ အလွန် စွမ်းအားကြီးမား လွန်းလှသည်။

ဒီတစ်ကြိမ်တွင် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုသည် နင်းချခြင်း ခံခဲ့ရပြီ ဖြစ်၏။ လေလွင့်သိုင်းသမားများ၏ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများအပေါ် ကြောက်ရွံ့ရိုသေမှုသည် ကြီးစွာ အားနည်းသွားခဲ့သည်။

'လောကကြီးမှာ ထောင်နဲ့ချီတဲ့ ပါရမီရှင်တွေ ရှိကြတယ်... ဒါပေမယ့် ရွှီယန်ကတော့ စံပြတစ်ယောက်ပဲ..'

လီရွှမ်က ပြုံး၏။

'မုန့်ချုံလည်း မဆိုးဘူး... သူလည်း အဆင့်ချိုးဖျက်လောက်တော့မယ်..'

လီရွှမ်သည် အလွန် ကျေနပ်သွား၏။ တပည့်လေးယောက်တို့တွင် အားလုံးတို့သည် ကိုယ်ပိုင် အောင်မြင်မှုများရှိကြပြီး သူ့ကို စိတ်သက်သာရာ ရစေသည်။

"အခုဆိုရင် တစ်လကြာနေပြီ... ရှင်တို့ လိင်ယွင်တောင်စံအိမ်ကလူတွေ ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘဲ လုံးဝကောင်းသွားတာ အတည်ပြုပြီးပြီ။ စောင့်ကြည့်စရိတ်ကို ပေးပြီးတော့ ဆက်နေဦးမှာလား.."

ယွဲ့အာက လိင်ထုံးကိုကြည့်ကာ မေး၏။ သဘောတူထားသည့် တစ်လတာအချိန်မှာ ကုန်ဆုံးသွားပြီ ဖြစ်သည်။

"မလိုတော့ဘူး... ငါသူတို့ကို အခုပဲ ပြန်ခေါ်သွားလိုက်မယ်.."

လိင်ထုံး၏ မျက်နှာသည် အပြုံးတို့ဖြင့် ပြည့်နှက်နေ၏။ သူသည် ဒီတစ်ကြိမ်တွင် ကြီးမားသည့် အကျိုးအမြတ်များကို ရရှိခဲ့ဟန်ရသည်။

"ကောင်းပြီ.."

ယွဲ့အာ၏ မျက်နှာက ပြောင်းလဲသွားခြင်း မရှိပေ။

လိင်ထုံးသည် လူနာများကို ဦးဆောင်ကာ ထွက်ခွာသွား၏။ ချန်ချင်းစံအိမ်၏ အခင်းအကျင်းကို ဖယ်ရှားလိုက်တာ သိုင်းသမားများမှာ အဆုံးမသတ်နိုင်သော လမ်းကြောင်းတစ်ခုကဲ့သို့ ပေါ်ပေါက်လာခဲ့သည်။

ထို့ကြောင့် နေ့စဉ်နေ့တိုင်း အရေအတွက် အကန့်အသတ်ကို ပြုလုပ်ထားရ၏။ အကန့်အသတ် ပြည့်ပါက မည်သူမည်ဝါ ဖြစ်စေကာမူ နောက်တစ်နေ့အထိ စောင့်ရန်လိုအပ်သည်။

ထို့ကြောင့် ချန်ချင်းစံအိမ်၏ အပြင်ဘက်တွင် နေ့စဉ်နေ့တိုင်း တန်းစီနေသည့် လူများရှိနေ၏။ ပြဿနာရှာသည့် ဧည့်သည်အချို့ပင် ပေါ်လာခဲ့သည်။

သို့ပေမယ့် ကျုရှင်ကျန့်၏ ကွပ်ကဲမှုအောက်တွင် ထိုပြဿနာရှာသူများသည် ကြီးမားသည့် တန်ကြေးကို ပေးခဲ့ရ၏။ နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားပင်လျှင် ပြဿနာလုပ်ရဲခြင်း မရှိပေ။ ချိုင်လင်းအာက တစ်ချက်တည်းနှင့် ပြဿနာရှာသူ တစ်ယောက်ကို ရိုက်သတ်ခဲ့ဖူး၏။

"အသန်မာဆုံး ပုဂ္ဂိုလ်ပဲ..."

ဤနည်းအားဖြင့် မည်သူမှ ပြဿနာရှာရဲခြင်း မရှိတော့ပေ။

လိင်ယွင်တောင်စံအိမ်သို့ ပြန်သည့် ခရီးစဉ်တလျှောက်တွင် လိင်ထုံးနှင့် သူ၏လူစုသည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေကာ ခြေလှမ်းများ သွက်လပ်နေ၏။

"ဒန်ဆေးအတတ်ကို မင်းတို့တွေ ရခဲ့ပြီးပြီလား.."

လိင်ထုံးက နက်ရှိုင်းသည့်အသံဖြင့် မေးသည်။

"ရခဲ့ပါတယ်.."

သိုင်းသမားတစ်ယောက်က ခေါင်းငြိမ့်၏။

"ကောင်းတယ်... ငါတို့ လိင်ယွင်တောင်စံအိမ်မှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ ရှိတယ်။ ငါတို့သာ ဒီပညာကို လေ့လာပြီးရင် ချန်ချင်းစံအိမ်က ပျောက်ကွယ်သွားလိမ့်မယ်.."

လိင်ထုံး၏ မျက်နှာပေါ်၌ အေးစက်သည့် အလင်းတစ်ခု လက်သွား၏။

"ဒန်ဆေးလုံး အချို့ကိုရော ခိုးခဲ့လား..."

"ခိုးခဲ့ပါတယ်.."

နောက်ထပ် သိုင်းသမားတစ်ယောက်က ခေါင်းငြိမ့်သည်။

"ငါ့ကို ဒန်ဆေးပညာ လျှို့ဝှက်စာအုပ် ပြကြည့်ဦး.."

လိင်ထုံးက မနေနိုင်ဘဲ တောင်း၏။

ဒန်ဆေးလုံး လျှို့ဝှက်စာအုပ်ကို ရရှိခဲ့သည်ဟု ကိုယ့်ကိုယ်ကိုယ် ယူဆထားသည့် သိုင်းသမားက သိုလှောင်အိတ်အတွင်းမှ စာအုပ်ငယ်တစ်အုပ်ကို ထုတ်ကာပေးသည်။

"အကြီးအကဲ... ဒီမှာပါ.."

လိင်ထုံးက ယူကာ ဖွင့်ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်းပင် တောင့်တင်းသွားခဲ့၏။

"မင်းစာအုပ်များ မှားပြီး ထုတ်လိုက်တာလား.."

သူက သံသယဖြင့် မေး၏။

"မဟုတ်ပါဘူး အကြီးအကဲ... ဒီစာအုပ်ပါပဲ.."

လိင်ထုံးက အသက်ကိုနက်ရှိုင်းစွာရှူပြီး စာအုပ်နှင့်ပေါက်ကာ ဒေါသတကြီး ပြောသည်။

"ဒါက ဘာမို့လို့လဲ..."

သိုင်းသမားမှာ မှင်သက်သွား၏။ သူသည် စာအုပ်ကို ဖွင့်ကြည့်လိုက်ပြီးနောက် ကောက်ကွေးသောလက်ရေးနှင့် ပဲပင်ပေါက်သဖွယ် သင်္ကေတများသာ ရှိနေကြောင်းကို တွေ့လိုက်ရသည်။ ဤသည်မှာ တကယ့်ကို အရှုပ်အထွေးပုံ ဖြစ်၏။

သူ၏မျက်နှာက ပြောင်းလဲသွားပြီး စာအုပ်ကို အလျှင်အမြန် လှန်‌လောကြည့်သည်။ စာမျက်နှာတိုင်းသည် တူညီလုနီးပါး ရှိနေ၏။

"ဘယ်လိုဖြစ်နိုင်မှာလဲ... ငါသေသေချာချာ ကူးယူထားတာကို။ တစ်ခုမှတောင် အလွဲမခံခဲ့ဘူး.."

သူသည် သိုလှောင်အိတ်ကိုထုတ်ကာ အတွင်းရှိအရာအားလုံးတို့ကို သွန်ထုတ်၏။ ဒန်ဆေးလျှို့ဝှက်ကျမ်းနှင့် ပတ်သက်ပြီး ကူးယူထားသည်မှာ ဒီစာအုပ်သေချာပါသည်။

လိင်ထုံးသည် မကောင်းသည့် ခံစားချက်တို့ ရလာခဲ့၏။ သူသည် ဒန်ဆေးလုံးကို ခိုးယူခဲ့သည်ဟူသည့် သိုင်းသမားကိုကြည့်ကာ နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။

"မင်းရဲ့ ဆေးလုံးကရော ဘယ်မှာလဲ.."

ထိုသိုင်းသမားသည် စိုးရိမ်စွာ ခံစားလိုက်ရ၏။ သူသည် ခိုးယူလာသည့် ဆေးလုံးကို လက်ဝါးအတွင်းသို့ သွန်ထည့်ကာ အနီးကပ်ကြည့်သည်။ သူ၏ မျက်နှာက ချက်ချင်းပင် အစိမ်းရောင် ပြောင်းသွား၏။ ကြည့်ရသည်မှာ ရွံ့လုံးအနည်းငယ်နှင့် တူနေပါသည်။

လိင်ထုံး၏မျက်နှာက ညှို့မှိုင်းသွား၏။ သူသည် မျောက်တစ်ကောင်ကဲ့သို့ ကစားခြင်း ခံခဲ့ရသည်ဟု သိလိုက်သည်။ ဖြစ်နိုင်သည်မှာ ယခုအချိန်၌ ချန်ချင်းစံအိမ်မှ လူများသည် သူတို့ကို ဟားတိုက်နေလောက်၏။

ထိုကိစ္စသည် ပိုမိုနက်ရှိုင်းစွာ စဉ်းစားလေလေ ပိုမိုကြောက်စရာကောင်းလေ ဖြစ်လာခဲ့သည်။ သူကဲ့သို့ စွမ်းအားကြီးမားလှသည့် ပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် ကြောင်တောင်စွာဖြင့် ပုံရိပ်ယောင်အတွင်းသို့ ကျဆင်းခဲ့ရ၏။ ထိုထက် ကြောက်စရာကောင်းတာ မည်သည်ရှိသေးလို့နည်း။

"ငါ ဘာထူးဆန်းတာကိုမှ သတိမထားမိခဲ့ဘူး..."

ထိုအချိန်၌ လိင်ယွင်တောင်စံအိမ်ရှိ ဒဏ်ရာရရှိသူများထဲမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က လေးနက်စွာပြောသည်။

"အကြီးအကဲ... သူတို့တွေ ကျွန်တော်တို့ကို ဒီနည်းလမ်းနဲ့ စော်ကားခဲ့တယ်။ ဒါက ကျွန်တော်တို့ လိင်ယွင်တောင်စံအိမ်ကို အနိုင်ကျင့်တာပဲ... တိုက်ခိုက်ကြရအောင်... သူတို့တွေအကုန်လုံးကို ဖမ်းဆီးရမယ်.."

သိုင်းသမားတစ်ယောက်က ဒေါသတကြီး ပြောသည်။

အပိုင်း ၅၈၈ - ရုပ်ပိုင်းဆိုင်ရာ သိုင်းပညာ၏ ဒီဗိုင်းဆန်းကြယ်စွမ်းအား၊ အတွေးတစ်ချက်ဖြင့် ပြန်လည်မွေးဖွားခြင်း

လိင်ထုံး၏မျက်နှာက ညှို့မှိုင်းနေ၏။ သို့ပေမယ့် သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုတို့ဖြင့် ပြည့်နက်နေပါသည်။

မည်ကဲ့သို့သော ခွန်အားမျိုးသည် လူတိုင်းကို လုံးဝလှည့်ဖြားနိုင်သနည်း... သူကိုယ်တိုင်ပင် သတိမထားမိအောင် ဖြစ်စေခဲ့သနည်း ဟူသည်အား အံ့သြနေမိ၏။

"ဘယ်လိုစွမ်းအားမျိုးက ဒီလိုမျိုး စွမ်းဆောင်နိုင်မှာလဲ..."

ထို့အပြင် တစ်ဖက်လူသည် အလွန်တည့်တိုးဆန်စွာ ပြုမူခဲ့ရာ ဆိုလိုသည်မှာ နောက်ပိုင်းတွင် ရှာဖွေတွေ့ရှိပြီးနောက် တုံ့ပြန်လာမည့် သူတို့၏ အန္တရာယ်များကို ကြောက်ရွံ့ခြင်းမရှိဟု ဖြစ်၏။ လိင်ယွင်တောင်စံအိမ်၏ လက်တုံ့ပြန်မှုကို ဂရုမစိုက်သည့်ဟန် ရသည်။ ယုံကြည်ချက် အပြည့်ဖြင့် ရှိနေ၏။

"မျိုးဆက်စုံ မဟာမိတ်အဖွဲ့များလား..."

လိင်ထုံးက အသက်ကိုနက်ရှိုင်းစွာရှူပြီး ပြောသည်။

"မင်းတို့တွေပြန်နှင့်ကြ... ငါ ချန်ချင်းစံအိမ်ကို သွားပြီးတော့ စုံစမ်းကြည့်လိုက်မယ်.."

"ဂရုစိုက်ပါ အကြီးအကဲ.."

အခြားလူများလည်း ချန်ချင်းစံအိမ်မှာ ထင်ထားသည်ထက် ပိုမိုစွမ်းအားကြီးမားကြောင်းကို နားလည်လိုက်ကြသည်။

လူတိုင်း ထွက်ခွာသွားပြီးသည့်တိုင် လိင်ထုံးသည် ရပ်နေဆဲရှိ၏။ ချန်ချင်းစံအိမ်သို့ ဝင်ရောက်သည့် အကြိမ်တိုင်းတွင် ကြုံတွေ့ခဲ့သည်များကို ပြန်လည်စဉ်းစားကြည့်သည်။ သို့ပေမယ့် မည်သည့်နေရာတွင် ပြဿနာရှိလဲဟူသည်ကို နားမလည်နိုင်ဘဲ ရှိနေ၏။

'မဟုတ်သေးဘူး...'

ရုတ်တရက် သူ၏မျက်နှာက ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် မှားယွင်းမှုကို နားလည်လိုက်၏။

ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်းတွင် ဒဏ်ရာရရှိထားသည့် သိုင်းသမားများသည် ချန်ချင်းစံအိမ်၏ အပြင်ခပ်လှမ်းလှမ်းတွင် များစွာ ရောက်ရှိနေကြ၏။ သို့ပေမယ့် စံအိမ်၏ အနီးတွင်တော့ အရာအားလုံးမှာ ပုံမှန်အတိုင်းသာ ရှိနေပြီး မည်သည့်သိုင်းသမားမှ ဒဏ်ရာများကို လာရောက်ကုသခြင်း မရှိပေ။

ဤသည်မှာ သိသာစွာပင် ပုံမှန်မဆန်လှပါ။ အဝေးတွင် ရစ်ဝဲနေသည့် ဒဏ်ရာရရှိထားသည့် လူများစွာတို့ ရှိနေပြီး စံအိမ်၏အနီးတွင်တော့ မည်သည့်လူနာမှ ရှိမနေပေ။

သိသာစွာပင် သူသည် သက်ဆိုင်ရာ အတိုင်းအတာတစ်ခုအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် စိတ်ညို့ခြင်းခံရကာ အရာအားလုံးမှာ ပုံရိပ်ယောင်များ ဖြစ်လာခဲ့ဟန် ရသည်။ လူသားများပင် အပါအဝင် ဖြစ်၏။

သူသည် ပိုမိုစဉ်းစားလေလေ ပိုမိုကြောက်ရွံ့လေ ဖြစ်လာခဲ့သည်။ ဤသည်မှာ မည်ကဲ့သို့သော ပညာရပ်ဖြစ်သနည်း။ သူကဲ့သို့ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ယောက်ကိုပင် လှည့်ဖြားခဲ့ကာ စွမ်းအားကြီးမားသည့် ဒီဗိုင်းဝိဉာဉ်နှင့်ပင် သတိထားမိခြင်း မရှိခဲ့ပေ။

'ငါ အဲ့ဒီ့သိုင်းသမားတွေကို ချန်ချင်းစံအိမ်အကြောင်း စပ်စုချင်ကြလို့ အပြင်မှာ လှည့်လည်နေတာလို့ပဲ ထင်ထားခဲ့တာ။ ဒါပေမယ့်...'

လိင်ထုံးက ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။ ချန်ချင်းစံအိမ်နှင့် ဝေးကွာနေရာ ထိုနေရာရှိ လူနာများသည် အလွန်လျော့ရဲစွာ နေကြပြီး တန်းစီခြင်းပင် မပြုကြတော့ပေ။ ထို့ကြောင့် သူ့အနေနှင့် ထိုလူများမှာ ဒဏ်ရာ လာရောက်ကုသခြင်း ဖြစ်သည်ကို နားမလည်နိုင်ခဲ့ခြင်း ဖြစ်သည်။

'ဘယ်လောက်ကောင်းတဲ့ လှည့်ကွက်လဲ...'

လိင်ထုံးသည် ရွေ့လျားသွားပြီး ချန်ချင်းစံအိမ်သို့ ဦးတည်ခဲ့၏။

ချန်ချင်းစံအိမ်၏ အပြင်ဘက်တွင် လူနာများသည် တန်းစီနေပြီး ဝင်ရောက်ရန် စောင့်စားနေကြသည်။ ထိုအထဲတွင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အများအပြားတို့ ပါဝင်ပြီး သူသည် သက်ဆိုင်ရာ စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုမှ အသိ အကြီးအကဲ တစ်ယောက်ကိုပင် တွေ့လိုက်ရသည်။

ထိုအကြီးအကဲသည် တစ်ချိန်က ဒဏ်ရာအပြင်းအထန်ရရှိထားပြီး အခြေခံပင် ပျက်စီးသွားခဲ့၏။ ကျင့်ကြံမှုတွင် မည်သည့်တိုးတက်မှုမှ မရှိတော့ဘဲ သူ၏သက်တမ်းမှာ ကျဆင်းသွားခဲ့သည်။

ယခုအချိန်၌ သူပင်လျှင် ကုသရန်အတွက် တန်းစီစောင့်စားနေ၏။ ထိပ်တန်း စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ အကြီးအကဲတစ်ယောက် ဖြစ်လင့်ကစား သူသည် လေလွင့်သိုင်းသမားများနှင့် အတူတူရပ်ကာ တန်းစီနေရသည်။

သူ၏ရှေ့တွင် ပိုမိုကာပင် နာမကျန်းဖြစ်နေသည့် ဒဏ်ရာဟောင်းများနှင့် ကောင်းကင်လူသားကြီးတစ်ယောက် ရှိနေ၏။

ထိုပုံကိုတွေ့ရပြီးနောက် လိင်ထုံး၏နှလုံးသားက လေးလံသွားသည်။ ချန်ချင်းစံအိမ်တွင် တစ်ခုခုဖြစ်ပွားခဲ့တာ ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက စိတ်ဝိဉာဉ်ဂိုဏ်းများရှိ အကြီးအကဲများပင် ဘယ်လိုလုပ်ပြီး နာနာခံခံနှင့် တန်းစီမည်လဲ။

သူသည် အသက်ကို နက်ရှိုင်းစွာရှူပြီး ချန်ချင်းစံအိမ်အတွင်းသို့ ဝင်ရောက်သွားသည်။

"အနောက်ဘက်မှာ တန်းသွားစီစမ်း.."

လူအုပ်အတွင်းရှိ သိုင်းသမားများထဲမှ တစ်ယောက်က သူ့ကို အလိုမကျစွာဖြင့် စူးရဲစွာကြည့်သည်။

"မင်းက ဘာကြည့်တာလဲ... စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုရဲ့ သိုင်းသမားလို့ ပြောမလို့လား။ ရက်အနည်းငယ်ကပဲ စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ သိုင်းသမားတစ်ယောက် စည်းမျဉ်းကိုချိုးဖျက်လို့ အသတ်ခံခဲ့ရတယ်။ မင်းလည်း စည်းမျဉ်းကို မလိုက်ပဲ တန်းမစီဘူးဆိုရင် ကုသခံရမယ်မထင်နဲ့.."

ထိုသိုင်းသမားက လုံးဝ ကြောက်ရွံ့ခြင်းမရှိပေ။

"ဟန့်.."

လိင်ထုံးက အေးစက်စွာ နှာခေါင်းရှုံ့သည်။ အရှိန်အဝါတစ်ခု မြင့်တက်လာ၏။

ရန်တွေ့နေသည့် သိုင်းသမား၏ပုံစံက ကြီးစွာပြောင်းလဲသွားပြီး သူသည်မြေပြင်ပေါ်၌ တုန်ခါစွာ လဲကျသွားသည်။ အခြား ဒဏ်ရာကုသရန် တန်းစီနေကြသည့် သိုင်းသမားများလည်း ကြောက်ရွံ့မှုဖြင့် တုန်ယင်နေကြ၏။ ဖြစ်နိုင်သည်မှာ ဒီလူသည် အသန်မာဆုံး ပုဂ္ဂိုလ်တစ်ယောက်လေလား။

"လိင်ယွင်တောင်စံအိမ်ရဲ့ အကြီးအကဲပဲ..."

လူအုပ်အတွင်းရှိ စိတ်ဝိဉာဉ်ဂိုဏ်းမှ သိုင်းသမားအချို့၏ ပုံစံများက ပြောင်းလဲသွားသည်။ လိင်ထုံး၏ ဝတ်စုံကိုကြည့်ကာ သူတို့သည် လိင်ယွင်တောင်စံအိမ်မှ အကြီးအကဲတစ်ယောက် ဖြစ်သည်ကို မှတ်မိလိုက်ကြ၏။

လိင်ထုံးသည် ချန်ချင်းစံအိမ်အတွင်းသို့ ဝင်ရောက်သွားသည်။ ထိုအခါမှသာ ချန်ချင်းစံအိမ်မှာ သူအမြဲတမ်း မြင်နေရသည့် ပုံစံနှင့် ခြားနားနေကြောင်းကို နားလည်လိုက်သည်။

အံကိုကြိတ်ပြီး နက်ရှိုင်းသည့်အသံဖြင့်ပြော၏။

"ချန်ချင်းစံအိမ်... ဘယ်လောက် ပြောင်မြောက်တဲ့ နည်းလမ်းလဲ.."

သူသည် အလွန် ဒေါသထွက်နေ၏။ လိင်ယွင်တောင်စံအိမ်၏ ဂုဏ်သရေရှိ အကြီးအကဲတစ်ယောက်ဖြစ်ပြီး အသန်မာဆုံး ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်သည့် သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမ တစ်စွန်းတစ်စကိုပင် သန့်စင်ထားခဲ့၏။ ယခုကဲ့သို့ အရူးလုပ်ခံရတာ သည်းခံနိုင်စရာ မရှိပေ။

"အကြီးအကဲလိင်... ဘာလိုလို့လဲ မသိဘူး.."

ယွဲ့အာက အံ့ဩစွာမေးသည်။

သူမ မသိသည်မှာ လိင်ထုံးသည် အလွန်ဒေါသထွက်နေပြီး နေရာမှာတင် ပေါက်ကွဲလုမတတ် ဖြစ်နေခြင်းဖြစ်သည်။ အခြားလူများကလည်း လိင်ထုံးကို ခေါင်းလှည့်ကြည့်ပြီးနောက် သူတို့၏ အလုပ်များကိုသာ ဆက်လက် ပြန်လုပ်နေကြသည်။ လုံးဝ ဂရုစိုက်ခြင်း မရှိပေ။

"ပြန်ပြီးတဲ့အခါကျရင် ဒီဆေးလုံးကို တစ်ရက်တစ်လုံး သုံးရက်ကြာအောင် သောက်ရမယ်... အဲ့ဒါဆိုရင် ပျောက်ကင်းသွားလိမ့်မယ်.."

မုန့်ရှူရှူက ဒဏ်ရာရရှိထားသည့် လူငယ်တစ်ယောက်ကို ဒန်ဆေးလုံးများအား ပေးနေ၏။

"နောက်တစ်ယောက်.."

သူသည် အလျှင်လိုခြင်းမရှိဘဲ ရောဂါစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်သည်။

ယွဲ့အာမှာလည်း လိင်ထုံးကို မေးခွန်းတစ်ခွန်း မေးပြီးနောက် ရောဂါစစ်ဆေးခြင်း ဒီဗိုင်းကိရိယာကို ဆက်လက်အသုံးပြုကာ လူနာများကို ရောဂါစစ်ဆေးပေးသည်။

မုန့်ရှူရှူနှင့် ရှီအာက ရောဂါလက္ခဏာအတိုင်း ဒန်ဆေးလုံးများကို ခွဲဝေပေး၏။ ကျိုးယင်မှာ ကုသစရိတ်ကို လက်ခံသည်။

စုလင်းရှုံသည် မိုးပျံသင်္ဘောအား ပြုလုပ်ရာတွင် နစ်မြုပ်ထားပြီး ဆေးခန်း၌ မျက်နှာလာပြခြင်းပင် မရှိဘဲ သင်္ဘော၏ ကိုယ်ထည်ကို ပြီးမြောက်စေရန် ကူညီနေပါသည်။

ယွဲ့ချန်မင်မှာ ထောင့်တစ်နေရာတွင် ရှိနေပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမတို့ကို စုစည်းရာ၌ အာရုံစိုက်နေ၏။

လီရွှမ်သည် ကုလားထိုင်ပေါ်တွင် ထိုင်ရင်းက သက်တောင့်သက်သာနှင့် ထိုက်ချန်းစာအုပ်ကို ဖတ်နေသည်။ ချိုင်လင်းအာက စပ်ပေးသည့် စိတ်ဝိဉာဉ်လက်ဖက်ရည်ကို သောက်နေ၏။

သူ၏ ဒေါသထွက်မှုကို မည်သူမှ အာရုံထားခြင်း မရှိပေ။ လိင်ထုံးသည် လက်သီးတို့ကို တင်းကြပ်စွာဆုပ်ရင်းမှ ဒေါသဖြင့် တုန်ခါနေ၏။ သူ၏ခါးတွင် ချိတ်ဆွဲနေသည့် ဒီဗိုင်းကိရိယာသည် မိုးကြိုးရောင်အလင်းတို့ ဖျော့တော့စွာ ထွက်ပေါ်လာခဲ့သည်။

ကြည့်ရသည်မှာ အချိန်မရွေး ပြင်းထန်စွာ တိုက်ခိုက်တော့မည့်ဟန် ရ၏။ သို့ပေမယ့် ထိုသို့ဆိုလျှင်တောင် သူသည် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ပင်လယ်စိတ်ဝိဉာဉ် မျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ လူငယ်တစ်ယောက်ကို လက်ဖက်ရည် စပ်ပေးနေခြင်းအား တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

ထိုလူငယ်သည် သက်တောင့်သက်သာနှင့် အနှောင့်အယှက်ကင်းမဲ့စွာ ရှိနေ၏။ အငွေ့အသက်ကို မြင်နိုင်ခြင်းမရှိဘဲ သာမန်လူတစ်ယောက်ကဲ့သို့ ရှိသည်။

သို့ပေမယ့် ထိုကဲ့သို့သော တည်ငြိမ်မှုက လိင်ထုံးကို ပိုမိုစိုးရိမ်စေ၏။ ဆိုလိုသည်မှာ တစ်ဖက်လူသည် အလွန်ယုံကြည်ချက်ရှိပါသည်။

"ဟန့်.."

သူသည် အေးစက်စွာ နှာခေါင်းရှုံ့ပြီးနောက် မာကျောသည့်အသံဖြင့် ပြောသည်။

"ချန်ချင်းစံအိမ်... မင်းတို့တွေ သတိထားနေကြ.."

ထို့နောက် နောက်သို့လှည့်ကာ ထွက်ခွာခဲ့၏။

"ထားလိုက်... သူက လူပြက်တစ်ယောက် သက်သက်ပဲ.."

"ကြည့်ရတာ အရမ်းတွေ ဒေါသထွက်နေသလိုပဲ... ကိုယ့်ကိုယ်ကိုယ် စွမ်းအားမဲ့တယ်ဆိုတာကို လက်မခံနိုင်ဘူးဖြစ်နေတာ ဖြစ်မယ်.."

"သူဒေါသထွက်ပြီး သေသွားမှာတော့ မဟုတ်ပါဘူးနော်.."

"မဟုတ်လောက်ဘူး... သူက အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ယောက်ပဲ။ အဲ့လောက်အထိ အားမနည်းလောက်ဘူး.."

အနောက်ဘက်မှ မုန့်ရှူရှူနှင့် ရှီအာတို့၏ စကားပြောသံများက သူ၏နားထဲသို့ ရောက်ရှိလာခဲ့၏။ လိင်ထုံး၏ မျက်လုံးများက သွေးနီရောင် ပြောင်းလဲသွားသည်။

ဒီဘာမဟုတ်သည့် ခွန်အားနိမ့်ပါးသူများသည် သူ့ကိုဘယ်လိုလုပ်ပြီး လှောင်ပြောင်ရဲသနည်း။ ဤသည်က လွန်ကျူးသွားပါပြီ။

သူ၏ လက်တစ်ဖက်က ခါးရှိ ဒီဗိုင်းကိရိယာအပေါ်သို့ ကျရောက်သွားသည်။ နောက်သို့လှည့်ကာ တိုက်ခိုက်ပြီး ထိုသိမ်ဖျင်းသည့် ပုရွက်ဆိတ်နှစ်ကောင်ကို သုတ်သင်လိုက်ရန် အဆင်သင့်ဖြစ်နေ၏။

All Chapters