အပိုင်း(၂၂၈)-ရှီမာမျိုးနွယ်တွင် ဝရုန်းသုန်းကားဖြစ်ခြင်း
Vol. 003 Ch. 228
သူတို့မတွေ့သော သုံးနှစ်တာကာလတွင် ရှီမာခစ်သည် အမှန်တကယ်ပင် သူတော်စင်ဝိညာဉ် အဖြစ်အဆင့် တက်သွားခဲ့သည်။
“ဂရုစိုက်”
ရှီမာမျိုးနွယ်ဝင်များသည် ရှီမာယူယူ၏ အဝေးတွင် ချုပ်နှောင်ခံရပြီး တားရန် အချိန်မရှိလိုက်ပေ။ ထို့အပြင် မာလီ၏ အားသည် ရှီမာယိနှင့် ယှဉ်မရသဖြင့် သူ၏ လှုပ်ရှားမှုကို မတားလိုက်နိုင်ပေ။
“ညီလေး၅” ရှီမာယူမင်နှင့် တခြားသူများသည် သူတို့တိုက်ခိုက်လာသည်ကို ကြည့်ပြီး သူတို့နှလုံး များသည် ပေါက်ထွက်မတတ်ခုန်လာသည်။
ရှီမာလိုင်သည် ရှီမာယူယူဘေးတွင်ရပ်နေသည်။ တိုက်ခိုက်သည်ကို သူမြင်သောအခါ သူသည် ရှီမာယူယူအား ဖက်ကာ တိုက်ခိုက်မှုကို ကျောဖြင့် ခံလိုက်လေသည်။
အဖြူရောင်အလင်းတန်းသည် အပြင်မှထွက်လာကာ သူတို့ရှေ့တွင်ရပ်တန့်သွားလေသည်။ သူ၏ လက်သည်းနှင့် ကုပ်ချလိုက်သောကြောင့် ကပ်သီလေးလွတ်သွားသည်။
“အဆင့်ငါး အံ့ဖွယ်သားရဲ”
ဟိန်းသံထောင်ချီ၏ အဆင့်ကို မြင်သော်အခါ အားလုံးသည် အံ့သြစွာဖြင့် အော်လိုက်ကြသည်။
ပေါ်လာသော ဟိန်းသံထောင်ချီနှင့် သူတော်စင်ဝိညာဉ်အဆင့် ရောက်တာမကြာသေးသော ရှီမာခစ်တို့သည် ယှဉ်မရလောက်အောင် ဖြစ်သည်။
“မင်းက ဘာလို့ထိန်းမနိုင်သိမ်းမနိုင် လုပ်ရဲတာလဲအောက်မေ့တာ၊ မင်းက မှီခိုစရာရှိနေတာကိုး” ရှီမာလင်းနှင့် ရှီမာယူယူတို့အား ကြည့်သော ရှီမာယိ၏ မျက်လုံးများသည် လူသတ်ချင်စိတ်များ ထင်ပေါ်နေသည်။ “ဒါပေမယ့် ဒီလိုဖြစ်ရင်တောင် မင်းဒီနေ့ အသက်မရှင်စေရဘူး၊ မင်းက ငါ့ရှီမာမျိုးနွယ်ကို သတ်မှတော့ ဒီရှီမာ အိမ်တော်ကနေ ထွက်သွားဖို့ စိတ်မကူးနဲ့တော့”
ရှီမာယူယူသည် ရှီမာလိုင်၏ ရင်ခွင်မှထွက်ကာ အရှေ့တွင်ရပ်ပြီး ရှီမာယိအား အကြောက်တရားကင်းမဲ့စွာ “သူတို့ကို ခင်ဗျားတို့ကိုယ်တိုင် အပြစ်ပေးပါလို့ ကျွန်တော်အစကတည်းက ပြောပါတယ်၊ ဒါပေမယ့် ခင်ဗျားက မလုပ်ချင်တာလေ၊ အဲဒါကြောင့် ကျွန်ာတော်ကိုယ်တိုင်လုပ်ပေးလိုက်တာလေ”
“သူတို့ရဲ့ သေတာ မသေတာကို မင်းမှာ ဘာမှ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး” တစ်စုံတစ်ယောက်သ သည် အော်လိုက်သည်။
ရှီမာယူယူ အေးစက်စွာပင် “အဘိုးနဲ့ တခြားသူတွေရဲ့ ခန္ဓာကိုယ်က ဒဏ်ရာတွေက ဒီနေ့မှ ဖြစ်တာမဟုတ်ဘူးမလား၊ ကျွန်တော့်မိသားစုကို ရန်ရှာမှတော့ သူတို့သေလမ်းပဲရှိတယ်”
“အစ်ကို၂ သူနဲ့ စကားအများကြီးမပြောနဲ့တော့ သူက ယူကျိကို သတ်ထားမှာတော့ အစ်ကိုက ကျွန်တော့်အစား သူ့ကို လက်စားချေပေး” ရှီမာယူယူအားကြည့်သော ရှီမာခစ်၏ မျက်လုံးများသည် နီရဲနေသည်။
“မင်းစိတ်ချပါ ဘယ်အပြင်လူကမှ ငါတို့် ၄ခုမြောက်မျိုးဆက်ကို သတ်လို့မရဘူး” ရှီမာယိ ပြောလိုက်သည် “မင်းမှာ ဝိညာဉ်သားရဲတစ်ကောင်ပဲရှိတာပဲ ဒါပေမယ့် ငါတို့်မှာ ဒီမှာက စံတင်ဝိညာဉ်တစ်ယောက်မက ရှိတယ်”
သူ၏ စကားဆုံးသည်နှင့် ရှီမာယူယူအား အော်ဟစ်ပြောဆိုထားသော သူများသည် သူတို့၏ စံတင်ဝိညာဉ် ဖိအားများကို ထုတ်ပြတော့သည်။
ထိုအရာအား မြင်သောအခါ ရှီမာယူမင်နှင့် တခြားသူများသည် ရှီမာယူယူအတွက်စိုးရိမ်ကာ သူမအား မြန်မြန်ပင် ထွက်ခွာသွားစေလိုသည်။
“ယူယူ ဟိန်းသံထောင်ချီကို စီးပြီး ထွက်သွားတော့”
“ဟုတ်တယ်၊ သူတို့ရဲ့ ဝိညာဉ်သားရဲတွေက သူတော်စင်အဆင့် ဖြစ်ဖြစ် စံတင်ဝိညာဉ်အဆင့်တွေဖြစ်လောက်တယ်၊ မင်းထွက်သွားပြီးမှ ပြောတော့”
“ခင်ဗျားတို့မှာ စံတင်ဝိညာဉ်တွေရှိတော့ရော ဘာဖြစ်လဲ” ရှီမာယူယူသည် အနည်းငယ်မျှ စိုးရိမ်စိတ်မှရှိပဲ ပြောလိုက်သည် “ဒါတွေကို အကုန်ဖြေရှင်းနိုင်တဲ့ သူငယ်ချင်းတစ်ယောက် ကျွန်တော့်မှာရှိတယ်”
“အရှက်မရှိလိုက်တာ” ရှီမာယိ ဝေဖန်အပြစ်တင်လိုက်သည်။
“ကျွန်တော်မမှန်တာများ ပြောလိုက်လို့လား” ရှီမာယူယူ သူတို့အားကြည့်ပြီးပြောလိုက်သည် “အစက ကျွန်တော် ကျွန်တော့်လူတွေကို ခေါ်ပြီး အချိန်မဖြုန်းတော့ဘူး နေမလို့ပဲ ဒါပေမယ့် ကျွန်တော့်အဘိုး နဲ့ တခြားသူတွေကို ဆက်ဆံတဲ့ပုံကို စမ်းသပ်ရုံပါပဲ ဒါပေမယ့် ခင်ဗျားတို့က စိတ်ပျက်စရာပဲ”
သူမ ထိုကဲ့သို့ပြောသောအခါ ရှီမာလင်းနှင့် ရှီမာရှင်းတို့ပင်လျှင် မျက်နှာပျက်ကြသည်။
“အခုတော့ ကျွန်တော့်အဘိုးနဲ့ တခြားသူတွေကို ကျွန်တော်နဲ့အတူခေါ်သွားမယ်၊ ဘယ်သူတားမလဲ ကြည့်ကြတာပေါ့” ရှီမာယူယူသည် ဖက်တီးကျူနှင့် ကျန်သောသူများအားကြည့်လိုက်ရာ ရှီမာယူရန်နှင့် တခြားသူများကို တွဲကာ အပြင်ဘက်သို့ ဦးတည်သွားလေသည်
“ကိုယ့်လူတွေ သူတို့ကို ဖမ်းကြ” ရှီမာယိအော်လိုက်သည်။
ရှီမာယူယူနှင့် ကျန်သောသူများသည် ရှီမာလိုင်နှင့် တခြားသူလေးယောက်ကို တွဲပြီး အိမ်မှထွက်သည်နှင့် ဝိညာဉ်နယ်ရှင်နှင့် သူတော်စင်ဝိညာဉ်များသည် ကောင်းကင်မှ ဆင်းသက်လာကာ အိမ်အားဝန်းရံလိုက်ကြသည်။
ရှီမာယိနှင့် တခြားသူများသည် ကြီးမားသော ခန်းမမှ ပျံသန်းထွက်လာကြသည်။
ရှီမာခစ်သည် ရှီမာလိုင်အား မုန်းတီးစွာကြည့်ကာ ချက်ချင်းပင် သူ့အားသတ်လိုသည့်ပုံဖြင့် ပြေးသွားလေသည်။
ရုတ်တရက်ပြောင်းလဲမှုကြောင့် နောက်ဆုံးတွင် မာလီအသိစိတ်ဝင်လာပြီး ပြေးထွက်လိုက်သည်။ သူ တိုက်ပွဲလမ်းကြောင်းအားကြည့်ပြီး ရှီမာယိအားအော်လိုက်သည် “ရှီမာယိ ဒီကလေး ရှီမာအိမ်တော်က လုံလုံခြုံခြုံထွက်နိုင်တဲ့အထိ ငါလုပ်ပေးမယ်လို့ ငါသေချာပြောထားပြီးသားနော်၊ မင်း ငါနဲ့ ဒီမှာ ပြဿနာဖြစ်ချင်တာလား”
ရှီမာယူယူ မာလီအားကြည့်လိုက်သည်။ ထိုအဘိုးကြီးသည် သူမအား အမှန်တကယ် ကာကွယ်ပေးလိမ့်မည်ဟု ရှီမာယူယူထင်မထားပေ။
“သူတို့က ငါ့လူကို သတ်တာပဲဖြစ်ဖြစ်၊ သစ္စာဖောက်တွေကို သတ်တာပဲဖြစ်ဖြစ် မလုပ်ရင် သူ့ကို လွှတ်ပေးမလို့ပဲ၊ ဒါပေမယ့် သူက ယူကျိကို သတ်ပြီး အဲလူတွေကို ခေါ်သွားချင်သေးတယ်၊ ဒီနေ့ သူ့အသက်ကို ယူရုံအပြင်မရှိဘူး”
ရှီမာယူယူ ရှီမာယိအားကြည့်ကာ သူပြောသည်ကို ကြားသည်နှင့် အေးစက်စွာပြန်ပြောလေသည် “ဟာစွန် ငါသူ့အသက်ကို လိုချင်တယ်”
ထိုစကားလုံးများသည် ပေါ့ပေါ့ပါးပါးပြောလိုက်သည်ဖြစ်သော်လည်း အားလုံးတုန်လှုပ်သွားကြသည်။
“ဟား ဟား ဟား” ရှီမာယိသည် အော်ရယ်လေသည် “မင်းလိုလူက ငါ့အသက်ကို လိုချင်တယ်ဟုတ်လား၊ ဒါက ငါကြားဖူးသမျှထဲမှာ အရယ်ရဆုံးဟာသပဲ”
ရှီမာယူယူ သူ့အားလျစ်လျူရှုကာ ရှီမာခစ်အားလက်ညှိုးထိုးပြီး ပြောလိုက်သည် “သူ့ကို ရောပဲ”
သူမသည် သူ့အားသတ်ချင်သည်မှာ လွန်ခဲ့သည့် သုံးနှစ်ကတည်းကဖြစ်သည်။ ထိုသုံးနှစ်အတွင်းတွင် သူသည် အဘိုးအားမသတ်နိုင်သော်လည်း သူ့မြေးမှာ လူများကို ရက်စက်စွာ ရိုက်နှက်ခဲ့မည်ဟု သူမ ထင်မထားပေ။
“မရှိတော့ဘူးလား” ဟာစွန်မေးလိုက်သည်။
ရှီမာယူယူ လှည့်ကာ ရှီမာယူမင်နှင့် တခြားသူများကို လေ့လာပြီး ပြောလိုက်သည် “အစ်ကိုတို့ ဘယ်သူ့ကို သတ်ချင်သေးလဲ”
ရှီမာယူရန်သည် ရှီမာယူမင်အားကြည့်ပြီးနောက် သူမ မျက်လုံးထဲမှ ဖုံးကွယ်မရသော ဒေါသအား မြင်လိုက်သောအခါ အပြုံးဖြင့် ပြန်ဖြေလိုက်သည် “အဲ၂ယောက်ပါပဲ၊ ကျန်တဲ့သူတွေကို ငါတို့ဘာသာ လက်စားချေပါမယ်”
“ဟုတ်ပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
သူမသည်လည်း သူမကိုယ်တိုင် လက်စားချေရသည်ကို နှစ်သက်သည်။ ထို့ကြောင့် ရှီမာယူရန်ခံစားရသည်ကို သူမနားလည်သည်။
“ဟာစွန် ငါ အဘိုးနဲ့ တခြားသူတွေ ပြန်ကောင်းလာဖို့ ခေါ်သွားမယ်၊ သူတို့ကို မင်းသတ်ပြီးရင် ငါမင်းကို ရွှေမြွေအသီးပေးမယ်”
ဟာစွန်၏ မျက်ခုံးများပင့်တက်သွားသည်။ သူ ရွှေမြွေအသီးလိုချင်နေတာ သူမ ဘယ်လို သိလဲ။
“မင်းမှာ ရွှေမြွေအသီးရှိသေးတာလား” သူမ ပြောသည်ကိုကြားပြီးနောက်တွင် မာလီ၏ မျက်လုံးများ တောက်ပလာကာ ပြေလိုက်သည် “ငါလည်း သူတို့ကို သတ်ဖို့ ကူညီပေးမယ်လေ၊ ငါ့ကိုလည်း ရွှေမြွေအသီးပေးလေ”
“…..”
မာလီ၏ စကားများကြောင့် ရှီမာမျိုးနွယ်ဝင်များ ဆွံ့အသွားကြသည်။ သူတကယ်ပဲ ရှီမာမျိုးနွယ်ကို အပြတ်ဖြတ်မလို့လား။
“မာလီ အဂ္ဂိရတ်ပညာရှင်အသင်းက မင်းတစ်ယောက်တည်းဆိုတာထက်ပိုတယ်၊ မင်း ရှီမာမျိုးနွယ်ကို ရန်သူအဖြစ် တကယ်လုပ်မယ် မလုပ်ဖူးဆိုတာ သေချာစဉ်းစားပြီးပြီလား” ရှီမာခစ် အော်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဟာစွန်လှုပ်ရှားတော့သည်။ သူ မတ်တတ်ရပ်ပြီး လက်ဆန့်ထုတ်ကာ ရှီမာခစ်အား ပေါ့ပေါ့ပါးပါးညွန်ပြလိုက်ရာ ချုပ်နှောင်ခြင်းကို ရှီမာခစ်ခံစားလိုက်ရသည်။
“ပြိုကွဲစေ” ဟာစွန်၏ အသံသည် ပေါ့ပါးသော်လည်း သူ့အသံသည် ယစ်မူးစေသည်။ ထို့အပြင် သူ့စကားလုံးများသည် ကျောချမ်းစေသည်။
သူပြောပြီးနောက်တွင် ရှီမာခစ်ဘာမှ မပြောလိုက်ရသေးခင်တွင် သွေးမှုန်များအဖြစ်ပြောင်းသွားကာ ဘာမှမကျန်ခဲ့ပေ။
“ဒါ…”
အားလုံးသည် ဟာစွန်အားကြောက်ရွံ့သွားကြပြီး ခြေလှမ်းများနောက်ဆုတ်ကြသည်။ သူက သူတော်စင် ဝိညာဉ်ကို ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးပြီး ဒီအတိုင်းပဲသတ်လိုက်တယ်…. ကြောက်စရာကောင်းလိုကတာ၊
“ခင်ဗျားက ဝိညာဉ်နယ်ရှင်ကနေ သူတော်စင်ဝိညာဉ်အဖြစ်အဆင့်တက်သွားလည်း ရလဒ်ကတော့ အတူတူပဲ” ရှီမာယူယူပြောလိုက်သည်။
ရှီမာယိသည် ဟာစွန်အားကြည့်ကာ ကြောက်စိတ်သည် ရင်ထဲမှ မြင့်တက်လာကာ မေးလိုက်သည် “မင်းဘယ်သူလဲ”
သူသည် အထွတ်အထိပ်သားရဲဖိအားကို ထုတ်လွှတ်လိုက်ရာ လူအားလုံးနှင့် သားရဲများသည် လဲကျသွားလေသည်။
“အထွတ်..အထွတ်အထိပ်သားရဲ”
“တကယ်ပဲ…”
ရှီမာယူယူနှင့် တခြားသူများမှ လွဲ၍ နေရာရှိအားလုံးသည် အထွတ်အထိပ်သားရဲ၏ ဖိအားအောက်တွင် ချုပ်နှောင်ခံရလေသည်။ အားလုံးသည် မွန်းကြပ်ခြင်းကို ခံစားလိုက်ရသည်။
ဟာစွန် လက်ဆန့်ပြီး ရှီမာယိအား ဆွဲယူလိုက်ခြင်းကြောင့် လက်ထဲတွင် ပျံပါလာသည်။
“မသတ်..မသတ်ပါနဲ့” ရှီမာယိသည် ကြောက်ရွံ့နေခဲ့သည်။ သူသည် စံတင်ဝိညာဉ်အဆင့် ရောက်ရှိပြီးဖြစ်သော်လည်း အထွတ်အထိပ်သားရဲနှင့် ယှဉ်မရပေ။
“ကျေးဇူးပြုပြီး သက်ညှာပေးပါ” လူအိုကြီး တစ်ယောက်၏ အသံထွက်လာသည်။
“ဒီ ရောင်ဝါက…အဘိုး ၇ပဲ” ရှီမာလိုင်ခေါင်းမော့လာကာ တောင်အနောက်ဖက်ကို ကြည့်လိုက်သည်။ သူ့အသံသည် ခံစားချက်များ ပါဝင်နေသည်။
“လိုင်လေး၊ မင်းပြန်လာပြီလား” ထိုအသံပြောလေသည်။
“အဘိုး ၇ အသက်ရှိသေးတယ်နော်…” စိတ်လှုပ်ရှားလွန်းသဖြင့် ရှီမာလိုင် စတင်တုန်ရီလာသည်။
“အသက်တစ်ဝက်ရှိသေးတယ်” ရှီမာဘိုးဘေးပြောလိုက်သည် “အထွတ်အထိပ်သားရဲရဲ့ ရောင်ဝါကြောင့် နိုးမလာရင် ငါအခုထိ ပိတ်မိနေဦးမှာပဲ၊ အစ်ကိုကြီး သက်ညှာပေးပါ”
အားလုံးသည် ရှီမာယူယူအားကြည့်လိုက်ကြသည်။ ဟာစွန်သည်ပင်လျှင် သူမအားကြည့်လိုက်ကြသည်။
“သတ်လိုက်” ရှီမာယူယူ တုန့်ဆိုင်းခြင်းမရှိပဲ အေးစက်စွာ အမိန့်ပေးလိုက်သည်။