← Chapters

အပိုင်း(၂၂၉)-ရှီမာမျိုးနွယ် ဘိုးဘေး

Vol. 003 Ch. 229

အပိုင်း(၂၂၉)-ရှီမာမျိုးနွယ် ဘိုးဘေး

Vol. 003 Ch. 229

အားလုံး ကြက်သေသေသွားကြသည်။ ရှီမာလိုင်၏ မျိုးဆက်တစ်ဦးမှ သက်ညှာရန်တောင်းပန်သော်လည်း သူမသည် ရှီမာယိနှင့် အားလုံးကို အတူပင် လွှတ်မပေးနိုင်ပေ။

“ယူယူ….” ကိစ္စအကြောင်းအရာများကို သေချာ စဉ်းစားလိုသဖြင့် သတိပေးသည့်အနေနှင့် ရှီမာရှင်း အသံထွက်လာသည်။

“ကျွန်တော့်အဘိုးနဲ့ တခြားသူတွေကို ဒီအခြေအနေဖြစ်အောင် ရိုက်ခွင့်ပေးထားတဲ့ ဒီလိုလူကိုချန်ထားရင် ကျွန်တော်တို့ကို သတ်ချင်တဲ့စိတ်က ဂယက်ထသွားလိမ့်မယ်” ရှီမာယူယူပြောလိုက်သည်။ “ပြီးတော့ ကျွန်တော်သည်းမခံနိုင်ဆုံးက ကျွန်တော့်မိသားစုကို ရိုက်နှက်တာပဲ၊ အဲရိုက်တဲ့သူက ဘယ်သူပဲဖြစ်ဖြစ်  သေကိုသေရမယ်”

“မဟုတ်ဘူး၊ ငါမှားသွားခဲ့ပါတယ်၊ နောက်ဆိုရင် မင်းတို့အားလုံးကို မရိုက်ရဲတော့ပါဘူး” ရှီမာယိ သည် ဖြူဖျော့သော မျက်နှာဖြင့် ပြောလေသည်။ သို့သော် ရှီမာယူယူ၏ အကြည့်မှာ ရက်စက်မြဲပင်။

သူသာ ဒီနေ့မသေရင် နောက်ကို သူတို့ကို အမြစ်ဖြုတ်ဖို့ အခွင့်အရေးရှာမှာ အသေအချာပင်။

“ခင်ဗျားပါစပ်က မှားပါပြီလို့ပြောပေမယ့် ခင်ဗျားစိတ်ထဲက လူသတ်ချင်တဲံ စိတ်က ပျောက်သွားတာမဟုတ်ဘူး၊ ဟာစွန် လုပ်လိုက်တော့” ရှီမာယူယူ အမိန့်ပေးလိုက်သည်။

ဟာစွန်သည် သူမအား ကြည့်ပြီးနောက် အားအနည်းငယ်ထုတ်ကာ ရှီမာယိ၏ အသက်ကို နှုတ်ယူ လိုက်လေသည်။

“မင်း”

သူမသည် ရှီမာယိအား အမှန်တကယ်သတ်လိုက်သည်ကို ရှီမာမျိုးနွယ်များမြင်သောအခါ သူတို့သည် တုန်လှုပ်သွားကြပြီး နာကြည်းကြသည်။

ရှီမာဘိုးဘေးသည် သက်ပြင်းချပြီး ပြောလိုက်သည် “မင်းတို့ဒီကိုလာခဲ့၊ ဒီခေါင်းဆောင်လေးနဲ့ မင်းရဲ့ သူငယ်ချင်းတွေရောပဲ”

“ဟာစွန် ရောင်ဝါပြန်သိမ်းလိုက်တော့” ရှီမာယူယူ ပြောလိုက်သည်။

ဟာစွန် ရောင်ဝါပြန်သိမ်းလိုက်သည်နှင့်တပြိုင်နက် လူများသည် အပိတ်ခံရသည်မှ လွတ်မြောက်သွားလေသည်။

သို့သော် သူသည် အထွတ်အထိပ်သားရဲဖြစ်သည်ကို အားလုံးသိကြသဖြင့် အသက်ပင် ပြင်းပြင်းမရှုရဲကြပေ။

“ယူလင်း လူခေါ်ပြီး ဒီနေရာကိုရှင်းခိုင်းလိုက်” ရှီမာလင်းသည် ရှီမာယူလင်းအားအမိန့်ပေးပြီးနောက် ရှီမာလိုင်ဘက်လှည့်ကာ ပြောလိုက်သည် “သွားကြမယ်”

ရှီမာဘိုးဘေး၏ အသံအားကြားလိုက်သည်နှင့် ရှီမာလိုင်၏ အသံများ တုန်ယင်သွားသည်ကို ရှီမာယူယူ မြင်လိုက်သောကြောင့် သူသည် အမှန်တကယ်ပင် သူနှင့် တွေ့ချင်ခဲ့ကြောင်းကို သူမ သိလိုက်သည်။ သူမ ဘေးတွင်လိုက်သွားကာ မေးလိုက်သည် “အဘိုး၊ အခုစကားပြောသွားတာ ဘယ်သူလဲ”

“သူက အဘိုးရဲ့ နံပါတ်၂ အဘိုးပဲ၊ အဘိုးရဲ့ အဘိုးရဲ့ အစ်ကို… သူမ အမြဲတမ်းအဘိုးအပေါ်ကောင်းခဲ့တယ်၊ အဘိုးငယ်ငယ်တုန်းက  သူက အဘိုးကို အများကြီးဂရုစိုက်ခဲ့တာကို မှတ်မိသေးတယ်” ရှီမာလိုင် ပြန်တမ်းတလိုက်သည် “အဲတုန်းက အဘိုးတို့ အုပ်စုက အဖမ်းခံရပြီး ထွက်ပြေးဖို့ ကြိုးစားတုန်း ချုံခိုတိုက်ခိုက်ခံရတယ်၊ အဘိုး ၂က အဘိုးတို့ကို ကယ်ပြီး လွှတ်ပေးလိုက်တာ”

“ဒါဆိုရင် အဲအဘိုးက ကျွန်တော်တို့ရဲ့ ကယ်တင်ရှင်ပေါ့” ရှီမာယူယူပြောလိုက်သည်။

“အဘိုး၂ ကအပြင်ထွက်ခဲတယ်၊ ပြီးတော့ အဘိုးနဲ့လည်း ဆက်ဆံရေးကောင်းခဲ့တယ်၊ ပြီးတော့ အဘိုးရဲ့ အဘိုး ဆုံးသွားတဲ့အခါမှာ အဘိုး၂က အဘိုးတို့ကို စောင့်ရှောက်ပေးခဲ့တယ်၊ သူသာမကယ်ခဲ့ရင် အဘိုးတို့ အုပ်စုက ပြန်အဖမ်းခံရလောက်ပြီ၊ အဘိုးရဲ့ အဖေနဲ့ တစ်ဝမ်းကွဲတွေကို စောင့်ရုံအပြင်မရှိခဲ့ဘူး” ရှီမာလိုင် ဝမ်းနည်းစွာပြောလေသည်။

“ယူယူ မင်းဘယ်လိုထွက်လာတာလဲ”

“ဟိန်းသံလေး ကူညီပေးတာ” ရှီမာယူယူ ပြန်ဖြေသည်။

သူတို့လမ်းလျှောက်လာစဉ်တွင် ရှီမာလိုင်နှင့် တခြားသူများသည် သူမအား မေးခွန်းများမေးနေခဲ့သည်။ သူတို့ထွက်သွားပြီး ဖြစ်ခဲ့သည့် အရာများကို သူမရှင်းပြရာ နာလန်မျိုးနွယ်နှင့် တခြားအင်အားကြီးများသည် ရှီမာမျိုးနွယ်ကို ဖျက်ဆီးချင်သည်ဟု ကြားသောအခါ မြေးအဘိုးအုပ်စုသည် ဒေါသထွက်ကြသည်။

သူမသည် ထိုကိစ္စများကို သေချာဖြေရှင်းခဲ့သဖြင့် စိတ်ပူရန်မလိုကြောင်းကို ရှီမာယူယူ ပြောခဲ့သည်။ သို့သော် သူမ သားရဲထိန်းကျောင်းသူ သခင်ဖြစ်ခဲ့သည်ကိုတော့ ထိန်ချိန်ထားခဲ့သည်။

“သမီးအတွက် ခက်ခဲခဲ့မှာပဲ…” ရှီမာလိုင်သည် ပြောရင်းနှင့် ရှီမာယူယူ၏ခေါင်းကို ပုတ်လိုက်သည်။

ရှီမာယူယူ ခေါင်းရမ်းကာ အပြုံးဖြင့် ပြောလိုက်သည် “အဲဒါ ကျွန်တော်တို့အိမ်ပဲ၊ ကျွန်တော် ကာကွယ်ရမယ့်ဟာကို လုပ်တာပဲလေ၊ အရင်တုန်းက အဘိုးနဲ့ အစ်ကိုတွေက အမြဲတမ်းကျွန်တော့်ကို ကာကွယ်ပေးခဲ့တယ်၊ ကျွန်တော်လုပ်နိုင်တာက အိမ်ကို ကာကွယ်ပြီး အမြဲရှိနေအောင် လုပ်ပေးတာပဲ”

ရှီမာယူယူ၏ မျက်နှာမှ အပြုံးမြင်ရခြင်းနှင့် သူမ မိသားစုအကြောင်းပြောနေသည်ကို ကြားရခြင်းများသည် အားလုံး စိတ်ထဲတွင် အိမ်မက်သကဲ့သို့ပင် ခံစားကြရသည်။ ခုဏက တိကျပြတ်သားတဲ့ လူသတ်သမားက သူမ အမှန်တကယ်လား၊ ဒါမှမဟုတ် သူမဟာ ကျိုးနွံ့တတ်တဲ့ လူတစ်ယောက်လား။

သူတို့စကားပြောရင်းနှင့် တောင်ဆီသို့ ပြန်လာလိုက်သည်။ ထိုကြီးမားသော တောင်တန်းတွင် ဝိညာဉ်သူတော်စင်အဆင့်နှင့်အထက်သာ နေနိုင်မည်ဟု ထင်ခဲ့ကြသည်။ ထိုသတင်းများအထဲတွင် အဆင့်တစ်အင်အားကြီးများ အမှန်တကယ်လိုအပ်သည်မှာ ရှင်းနေသည်။

ရှီမာလင်းသည် ခရီးတစ်လျှောက် ရှီမာယူယူ ဖြတ်သန်းခဲ့သည့် သုံးနှစ်တာကိုသာ နားထောင်ရင်း တိတ်ဆိတ်စွာ လိုက်ပါလာသည်။ သူ့စိတ်ထဲတွင်…သူမ ဒီလောက်လျင်မြန်စွာ အဆင့်တိုးလာခြင်းကို တွေးမိနေသည်။ သူမ အသက်အန္တရာယ်တွေ့ကြုံရခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

သူသည် တောင်ထိပ်ထိခေါ်ဆောင်လာရာ နွယ်ပင်များအကြားတွင် ဂူတစ်ဂူပေါ်ထွက်လာသည်။ သူ ဦးဆောင်ပြီး ခေါင်းငုံ့ကာ အထဲသို့ဝင်လိုက်သည်။

နောက်မှလိုက်လာသော လူများလည်း လိုက်ဝင်ကြသည်။ သူတို့ ကျဉ်းမြောင်းသော လမ်းဖြတ်ပြီးသောအခါ ကျောက်တုံးအိမ်တစ်အိမ်သို့ ဝင်လိုက်ရာ အထဲတွင် ကျောက်ဖျာတွင် ထိုင်နေသော အဘိုးအိုတစ်ယောက်အားတွေ့လေသည်။

“အဘိုး၂ကို နှုတ်ဆက်ပါတယ်” ရှီမာလိုင်၊ ရှီမာလင်းနှင့် တခြားသူများသည် ထိုပုဂ္ဂိုလ်အား အရိုအသေပေးကြသည်။

ရှီမာယူယူနှင့် တခြားသူများလည်း အရိုအသေပေးကြသည်။ ဟာစွန်တစ်ယောက်သာ မတ်တတ်ရပ်ကာ ကျန်နေလေသည်။

“လိုင်လေး” ထိုဘိုးအေသည် ရှီမာလိုင်အားကြည့်ပြီး သူ၏ အိုမင်း၍ တည်ငြိမ်သော မျက်လုံးများသည် တောက်ပလာကာ ပြုံးရောင်သန်းသွားလေသည်။

သူ၏ တွန့်နေသော အရေးအကြောင်းများသည် သာမာန်စံတင်အဆင့် ဝိညာဉ်များနှင့် ကွာခြားသည်။ သူ ငယ်ရွယ်စွာနေထိုင်ခြင်းကို မရွေးချယ်ခဲ့ပေ။

“အဘိုး၂ ကျွန်တော်ပြန်လာပါပြီ” ရှီမာလိုင်သည် ဒူးထောက်ကာ သူ၏ ချစ်လှစွာသော အဘိုးကို နှုတ်ဆက်လေသည်။

ရှီမာယူမင်နှင့် တခြားသူများသည်လည်း ထိုအရာကိုမြင်သည်နှင့် ဒူးထောက်ကြသည်။

ရှီမာယူယူတစ်ယောက်သာ မလှုပ်မယှက်ရပ်နေခဲ့သည်။

“မင်းတို့အားလုံးက ဒီဘက်က ကျန်တဲ့သူတွေလား” အဘိုးအိုပြောလေသည်။ သူ လက်မြောက်လိုက်ပြီး အလင်းတန်းအချို့သည် သူတို့အား ပစ်လေသည်။

“အဘိုး” ရှီမာယူယူ အော်လိုက်သည်။

“မစိုးရိမ်ပါနဲ့ ဒါက သူတို့ကို ပိတ်ဆို့ထားတာတွေကို ဖြေပေးမှာပါ” အဘိုးအို ပြောလေသည်။

ရှီမာလင်းလည်း ရှင်းပြသည် “ရှီမာမျိုးနွယ်ရဲ့ ပိတ်ဆို့ထားတာကို ငါတို့ပဲဖြေပေးလို့ရတယ်၊ အဲဒါကြောင့်ပဲ မင်းသူတို့ကို ခေါ်သွားရင်လည်း သူတို့ကျင့်ကြံတာကို ပြန်ကောင်းအောင် လုပ်လို့မရဘူး”

“မင်း သူတို့အတွက် ဆေးအရင်ဖော်သင့်တယ်” အဘိုးအိုပြောသည်။ ထို့နောက်သူ ရှီမာလင်း ဘက်လှည့်ကာ ပြောလိုက်သည် “အခြေအနေလေးပြောပြပါဦး၊ ဟူး.. ငါအိုနေပြီ ဒီကိုဝင်လာတာ နှစ်ပေါင်းကြာနေပြီ”

ရှီမာလင်းသည် လွန်ခဲ့သည့်သုံးနှစ်က သူ ဒုံချန်းတိုင်းပြည်ကို သွားခဲ့သည့်အကြောင်းရှင်းပြချိန်တွင် ရှီမာလိုင်နှင့် တခြားသူများသည် ဝိညာဉ်ချီများ ပြန်လည် စီးဆင်းလာသည်ကို ခံစားမိလိုက်သည်။ ထို့နောက်တွင် ဆေးသောက်ထားခြင်းကြောင့် သူတို့၏ ဝိညာဉ်ချီများ ပြန်လည် လည်ပတ်လာသည်။

ဟာစွန်သည် ဝင်လာသည့်အချိန်ကတည်းကပင် စကားမပြောပဲရှိနေကာ လက်ရှိတွင်လည်း တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ထိုသည်မှာ အဘိုးအိုမှာ သူ့ကို အာရုံစိုက်မိလောက်အောင် အထက်စီးဆန်သောကြောင့်မဟုတ်ပဲ သူဝင်လာကတည်းက အာရုံအစိုက်မခံချင်သောကြောင့် အဘိုးအိုလည်း သူ့ကို သတိမပြုမိပေ။

ရှီမာလင်းသည် အကြောင်းစုံကိုပြောပြီးနောက်တွင် အဘိုးအိုပြောလေသည် “သူတို့အပြစ်လုပ်ရင်တောင် အမျိုးဖြုတ်လို့မရဘူးလေ၊ ပြီးတော့ ငါတို့က မိသားစုတွေပဲ”

“မဟုတ်ဘူး ကျွန်တော့်မှာ အဘိုးနဲ့ အစ်ကိုတွေပဲ မိသားစုဆိုတာရှိတာ၊ တခြားသူတွေက မိသားစုတွေ မဟုတ်ဘူး၊ အဘိုးက အသိအမှတ်ပြုရင်တောင် အဘိုးကတော့ ထည့်တွက်လို့မရဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမယ့် ခင်ဗျားတို့အားလုံးက ကျွန်တော့်အဘိုးနဲ့ တခြားသူတွေကို သစ္စာဖောက်အနေနဲ့ အပြစ်ပေးချင်တာမလား၊ အဲလိုဆိုရင် ကျွန်တော်ကတော့ မိသားစုမဖြစ်နိုင်ဘူးလို့ထင်တယ်”

“အဲနှစ်ကဖြစ်ခဲ့တဲ့ဟာကို ရှင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ အဲနှစ်ကဖြစ်ခဲ့တာကို သိချင်ရင် အဲအငယ်ဆုံးကို အရင်ကုသရမယ်” အဘိုးအိုပြောလေသည်။

“ကျွန်တော်ကြိုးစားကြည့်မယ်လို့ပြောသားပဲ သူတို့က မဖြစ်နိုင်ဘူးလို့ ပြောနေတာ” ရှီမာယူယူ ပြောလိုက်သည် “သူတို့က သူ့ကို အပြစ်ပေးတာကို အလိုမရှိကတည်းက သံသယဝင်ခဲ့တာ အဲလိုဆိုရင် ကျွန်တော့်အဘိုးနဲ့ တခြားသူတွေက တရားမျှတမှုကို ဘယ်တော့မှရမှာမဟုတ်ဘူး”

“မင်းမှားနေပြီ” အဘိုးအိုပြောလိုက်သည် “ဒီနှစ်အတွင်းမှာ ငါတို့်က ရွှေမြွေအသီးနဲ့ မြေနဂါးခြင်ဆီကို ရှာနေခဲ့တာ၊ မင်းကို ဒီအတောအတွင်း ခက်ခဲအောင်လုပ်ချင်လို့မဟုတ်ဘူး"

“ပြီးတော့ ငါတို့အငယ်ဆုံးဦးလေးကို ဘယ်သူမှ ထိခိုက်အောင်လုပ်လို့မရဘူး” ရှီမာလင်းပြောလိုက်သည်။

“ဘာလို့လဲ”

“အငယ်ဆုံးဦးလေးက စကားမပြောနိုင်ပေမယ့် သူ့ရဲ့ ကျင့်စဉ်ကမြင့်တယ်၊ အခု စကားမပြောနိုင်တာပဲရှိတာ၊ တစ်ယောက်ယောက်က သူ့ကို ထိခိုက်အောင်လုပ်ရင် ပြန်ကာကွယ်နိုင်တယ်” ရှီမာလင်း ပြန်ဖြေသည်။

“ကောင်းပြီလေ” ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည် “အဲလိုဆိုရင် ကျွန်တော်သွားပြီးရှာကြည့်မယ်၊ ကျွန်တော် သူ့ကို ကုနိုင်မယ်ဆိုတာ ဘယ်သူသိမလဲ”

All Chapters