အပိုင်း(၂၃၀)-ရှီမာဂျွန်
Vol. 003 Ch. 230
“မင်းအဖေ မလုပ်ခဲ့ဘူးဆိုတာ ငါယုံတယ်” ဘိုးဘေးမှ ပြောလေသည် “ဒါပေမယ့် မျိုးနွယ်ကို ဖျောင်းဖျချင်ရင်တော့ အဲလူကို ကုသရလိမ့်မယ်၊ မင်းတို့အားလုံး သွားလို့ရပြီ”
“ဟုတ်ကဲ့ပါ ဘိုးဘေး” ရှီမာလင်းသည် လက်အုပ်ချီကာ သူခေါ်လာသော အုပ်စုကို ခေါ်ကာ ထွက်သွားလေသည်။
သူတို့လျှောက်လာရာ တောင်တစ်ဝက်အရောက်တွင် သားရဲဝိညာဉ်၏ ငိုသံနောက်တွင် လူတစ်ယောက်၏ ငိုသံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
ရှီမာလင်းနှင့် ရှီမာရှင်းတို့သည် ထိုအသံအားကြားလိုက်သည်နှင့် သူတို့မျက်နှာ ပျက်သွားကြသည်။ သူတို့သည် အတူပါလာသော လူများအား တောင်၏ အဝေးသို့ခေါ်သွားကြသည်။
“ဒီမှာ နေဦး မင်းငါနဲ့ ကစားရမယ်”
“မကစားချင်ဘူး၊ ငါ့ကိုလွှတ်ပေးပါ”
“မရဘူး ငါ မင်းနဲ့ကစားချင်တာ၊ ငါ့ကို သားရဲပေးစီး”
“မလုပ်ပါနဲ့”
“ဒီမှာနေ…”
လူတစ်ယောက်နှင့် သားရဲတစ်ကောင်သည် တောင်ပေါ်တွင် တစ်ယောက်နှင့် တစ်ယောက် ပြေးလိုက် နေကြသည်။ ရှီမာယူယူနှင့် တခြားသူများ တောင်ပေါ်သို့လာသောအခါ မြင်လိုက်ရသည်မှာ ပန်းချီကား တစ်ချပ်လိုပင်။
“ဦးလေးငယ် ထပ်ပြီး ဆော့ပြန်ပြီလား” ရှီမာလင်းသည် ပျံလာကာ အရိုင်းသဖွယ် ပြေးနေသော ရှီမာဂျွန်အား ဆွဲလိုက်သည်။
ရှီမာဂျွန်သည် ရှီမာလင်းအားမြင်သောအခါ အထိတ်တလန့်ဖြစ်သွားကာ ပြောလိုက်သည် “ငါ့ကို လွှတ်ပါ ငါသားရဲလေးကို လိုက်ချင်တယ်၊ ငါသူနဲ့ ကစားချင်တယ်”
“ဦးလေးငယ် ဒီနေ့ သားရဲလေးနဲ့ မကစားပါနဲ့ တခြားဟာနဲ့ ကစားနော် ဟုတ်ပြီလား” ရှီမာလင်း ပြောလိုက်သည်။
“ဒီနေ့ကစားဖို့ မင်း ငါ့ကို ဘယ်ခေါ်သွားမှာလဲ” ရှီမာဂျွန်သည် ရှီမာလင်းအား မယုံကြည်သဖြင့် မေးလိုက်သည်။
“အာ….”
ရှီမာလင်းသည် ကြက်သေသေသွားသည်။ သူတို့ကစားရမလားဆိုသည်ကို သူမသိပေ။
ထိုလူ ထိုကဲ့သို့ဖြစ်သွားလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူ့လိပ်ပြာမှာ အပြင်းအထန်ထိခိုက်ထားပြီး သူ၏ အသိဉာဏ်မှာ ဆုတ်ယုတ်သွားပြီး ကိုးနှစ်သားအရွယ်ကဲ့သို့ဖြစ်နေသည်။
သူ လက်ဝေ့ပြကာ ပြောလိုက်သည် “ဒီကိုလာခဲ့ ဆော့လို့ကောင်းတဲ့ဟာကို ကျွန်တော်ပြမယ်”
“မင်းဘယ်သူလဲ၊ ငါ့ကို ကစားခိုင်းမှာဘာလဲ” ရှီမာဂျွန်သည် လူစိမ်းများကို မြင်သောအခါ ကြောက်ရွံ့သဖြင့် နောက်တွင် ပုန်းလိုက်သည်။
“ကျွန်တော့်မှာ ကစားလို့ကောင်းတာတွေအများကြီးရှိတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမယ့် ဒီနေ့တော့ ပြောစကားနားထောင်ရမယ်၊ အဲဒါမှ ကစားဖို့ခေါ်သွားမယ်”
“ငါမသွားခင် ကစာလို့ရမယ့်ဟာကို အရင်ပြော” ရှီမာဂျွန်သည် ရှီမာလင်းနောက်တွင်ရပ်ကာ အကြာကြီးစဉ်းစားပြီးမှ ရှီမာယူယူအား ကြည့်လိုက်သည်။
ရှီမာယူယူ အဝါရောင် ရွှေဖရုံသီးထုတ်လိုက်သည်။ သူမ လှည့်ကာ ဓားထုတ်ပြီး လှီးခြစ်လိုက်ပြီး လျင်မြန်စွာ ပြန်လှည့်လိုက်သည်။ သူမ လက်ထဲတွင် အနောက်တိုင်း ကျေးဇူးတော်နေ့ပွဲတွင် သုံးသော ရွှေဖရုံသီးကဲ့သို့ အသွင်ပြောင်းသွားသည်။
“ဝါး ငါကစားချင်တယ်” ရှီမာဂျွန်သည် ထိုပစ္စည်းအား စိတ်ဝင်စားသွားပြီး သူမအား ကြောက်လန့် ခြင်းမရှိတော့ပေ။ သူ ပြေးလာကာ သူမ လက်ထဲမှ ရွှေဖရုံသီးကို လုလိုက်သည်။
“မြန်မြန်သွားတော့” ရှီမာယူယူ တိုးတိတ်စွာပြောလိုက်သည်။ ကြည့်ရသည်မှာ သူသည် အမှန်တကယ်ပင် အားကောင်းသည့်ပုံပင်။
“မင်းဘယ်လိုလုပ်လိုက်တာလဲ” ရှီမာဂျွန်မေးလိုက်သည်။
“မင်းကစားချင်လား” ရှီမာယူယူသည် ဝံပုလွေကြီးတစ်ကောင်မှ ကလေးငယ်တစ်ယောက်အား ပြောသကဲ့သို့ ဖြစ်နေသည်။
“ကစားချင်တယ်” ရှီမာဂျွန် ခေါင်းညိတ်သည်။
“ဒါဆို ဒီနေ့ ပြောစကားနားထောင်ရမယ်”
“ကောင်းပြီလေ” ရှီမာဂျွန် ရိုးရှင်းစွာ ပြန်ဖြေသည်။
“ဒါဆို ကျွန်တော်တို့ အရင်သွားနှင့်မယ်၊ ပြီးတော့ ကစားဖို့ခေါ်သွားမယ်၊ ဟုတ်ပြီလား” ရှီမာယူယူသည် အပြုံးဖြင့် ပြောလေသည်။
“မင်း ပြုံးလိုက်ရင် အရမ်းကောင်းတာပဲ” ရှီမာဂျွန်သည် ရှီမာယူယူအား ကြည့်ပြီး ပြောလိုက်သည် “ငါ မင်းပြုံးတာကြိုက်တယ်”
ရှီမာယူယူ ရှေ့တိုးကာ သူ့လက်အားကိုင်ပြီး ပြောလိုက်သည် “သွားရအောင် မင်းနေတဲ့နေရာကို ကျွန်တော်ခေါ်သွားပေးမယ်၊ အဲကျမှ အတူတူဆော့ရအောင်”
“ကောင်းပြီ”
ရှီမာဂျွန်သည် ရှီမာယူယူလက်အားဆွဲကာ သူမအား သူနေထိုင်သည့် အိမ်သို့ခေါ်သွားလေသည်။
ရှီမာလင်းနှင့် ရှီမာရှင်းတို့သည် မယုံကြည်သော မျက်နှာများဖြင့် သူတို့အားကြည့်နေလေသည်။
“ဦးလေးငယ်က တခြားသူတွေ သူနဲ့ရင်းနှီးတာကို ဘယ်တော့မှမကြိုက်ခဲ့ဘူး၊ သူက ဦးလေးငယ်ရဲ့ အကောင်းမြင်တာကို ခံရလိမ့်မယ်လို့ ငါထင်မထားဘူး” ရှီမာရှင်း သက်ပြင်းချသည်။
“ဦးလေးရဲ့ အသိဉာဏ်က ကလေးလိုပဲ၊ အဲတော့ သူဆော့တာ ကြိုက်တယ်၊ ဒါပေမယ့် ငါတို့က သူနဲ့ အမြဲကစားပေးတယ်လေ၊ သွားရအောင် ငါတို့ သူတို့နောက်လိုက်ပြီး ကြည့်ရအောင်” ရှီမာလင်းပြောပြီးနောက် လိုက်သွားကြလေသည်။
ရှီမာယူယူသည် တောင်အောက်ဆင်းကာ တောင်ခြေရှိအိမ်သို့ ရောက်သွားလေသည်။
“ဒါ ငါနေတဲ့နေရာပဲ” ရှီမာဂျွန်ပြောလိုက်သည် “ငါတို့ ဘယ်တော့ ကစားကြမလဲ”
ရှီမာယူယူသည် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သည်။ အိမ်ထဲတွင် အစေခံတစ်ယောက် တစ်လေ၏ အရိပ်အယောင်ပင်မတွေ့ရပေ။ အသိဉာဏ်နည်းပါးသော တိရစ္ဆာန်အချို့သာ ပြေးလွှားနေသည်ကို တွေ့ရသည်။
“ဦးလေးငယ်က တခြားသူတွေနဲ့ ဆက်ဆံရတာ မကြိုက်ဘူး ပြီးတော့ အားလုံးကို ကြောက်တယ်၊ ငါတို့်လွှတ်လိုက်တဲ့ အစေခံတွေနဲ့ ဝေးရာကို ပြေးသွားတတ်တယ်” ရှီမာယူယူ စဉ်းစားနေသည့် အကြောင်းအရာကို ရှီမာလင်းသိသဖြင့် ပြောလိုက်သည်။
ရှီမာယူယူသည် သူ့အား အရေးမလုပ်သည်ကို ရှီမာဂျွန်မြင်သောအခါ ထပ်မေးလိုက်သည် “ငါတို့ ဘယ်တော့ ကစားကြမလဲ”
“အခု ငါလုပ်ခဲ့တဲ့ဟာကို အရင်သင်ပေးမယ်၊ တစ်ခု ထွင်းပြီးရင်တော့ ငါ မင်းရဲ့ သွေးကြောစမ်းမယ် ဟုတ်ပြီလား” ရှီမာယူယူ မေးလိုက်သည် “အဲလိုမဟုတ်ရင် ငါ မင်းနဲ့ မကစားဘူးနော်”
“ကောင်းပြီ ငါ့ကို မြန်မြန်သင်ပေး” ရှီမာဂျွန် လောလိုက်သည်။
ရှီမာယူယူ သူ့အားခေါ်ကာ အိမ်ရှိအဆောင်သို့သွားပြီး ရွှေဖရုံသီးအကြီးနှစ်လုံးထုတ်လိုက်သည်။ သူမ သူ့အား တစ်လုံးပေးကာ ထွင်းထုနည်းကို သင်ပေးလိုက်သည်။
အချိန်တစ်ခုကြာသော် သူတို့နှစ်ယောက်လုံး ထွင်းထုခြင်းပြီးဆုံးသွားလေသည်။ ထွင်းထုထားသည့် မတူညီသော လက်ရာနှစ်ခုအား ရှီမာဂျွန်ကြည့်ကာ ပြောလိုက်သည် “ဘာလို့ မင်းဟာက ငါ့ဟာထက် ပိုလှနေတာလဲ”
“မင်းထပ်ပြီးတော့ ထွင်းကြည့်ပါ၊ ပိုကောင်းလာလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည် “အခု လက်ဆန့်တော့ ငါ မင်းရဲ့ သွေးကြောစမ်းကြည့်မယ်”
ရှီမာဂျွန် လက်ဆန့်ကာ ရှီမာယူယူအား သွေးကြောစမ်းစေသည်။ သူ မကျေမနပ်ဖြင့် နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည် “သူတို့က ငါ့ကို ဖျားနေတာဆိုပြီး သူတွေလွှတ်ပြီး အမြဲစမ်းခိုင်းတယ်၊ ဒါပေမယ့် ငါ ဖျားမှ မဖျားတာ၊ နေမကောင်းတဲ့သူက လင်းလေးလို့ထင်တာပဲ”
“ရွှတ်”
မျက်နှာမည်းသွားသော ရှီမာလင်းမှလွဲပြီး အားလုံး ရယ်မောကြသည်။
ရှီမာယူယူ မရယ်ပဲ ရှီမာဂျွန်၏ ခန္ဓာကိုယ် စစ်ဆေးခြင်းအား အာရုံစိုက်လိုက်သည်။
“ယူယူ ဦးလေးငယ်ဘယ်လိုလဲ” ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်ကို မြင်သောအခါ ရှီမာလိုင်မေးလိုက်သည်။
ရှီမာယူယူ လက်ရုတ်လိုက်သည်နှင့် ရှီမာဂျွန်သည် ချက်ချင်းပင် ရွှေဖရုံသီးနှစ်လုံးအား ပိုက်ပြီး လေ့လာရန် အတွက် ပြေးသွားလေသည်။
“မဆိုးပါဘူး ကျွန်တော့်မှာ နည်းလမ်းရှိတယ်” သူမသည် ရှီမာဂျွန်မျက်နှာမှ ရိုးစင်းသောအပြုံးကို ကြည့်ကာ ပြောလိုက်သည် “ကျွန်တော်သူ့ကို သုံးရက်အတွင်းကုနိုင်တယ်”
“သုံးရက်ဟုတ်လား၊ သေချာလား” ရှီမာရှင်းသည် သူမအား တုန်လှုပ်စွာကြည့်သည်။
“ဘာဖြစ်လို့လဲ” သူတို့တုန်လှုပ်သည့်အကြောင်းအရင်းကို ရှီမာယူယူမသိပေ။
“ငါတို့ရွှေမြွေအသီးနဲ့ မြေနဂါးခြင်ဆီကိုရှာတွေ့ရင်တောင် အနည်းဆုံးတော့ တစ်နှစ်ကြာမယ်လို့ သမားတော်တွေပြောထားတယ်” ရှီမာရှင်းပြောလိုက်သည်။
“ကျွန်တော်သုံးမှာ မတူတဲ့နည်းလမ်းပါ” ရှီမာယူယူ ထိုထက်ပို၍ မထုတ်ဖော်ပဲ ပြောလိုက်သည် “ကျွန်တာ် အခုသူ့ကိုစမ်းကြည့်တော့ သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်ချီတွေရှိနေသေးတာ တွေ့ရတယ်၊ သူ့ စွမ်းအားက အနည်းဆုံးအဆင့်သုံး စံတင်ဝိညာဉ်ပဲ၊ သူဘာလို့ အဲလောက် သန်မာတာလဲ”
“ဦးလေးငယ်က အဆင့်ငါး စံတင်ဝိညာဉ်ပါ” ရှီမာလင်းပြောလိုက်သည် “သူမ ယှဉ်မရတဲ့ ပါရမီရှင်ဖြစ်ခဲ့တာ၊ ဖြစ်နိုင်တာကတော့ သူက ရိုးရှင်းတဲ့သူဖြစ်တော့ ဝိညာဉ်တိုက်ပွဲတွေပါ ဝင်ပါခဲလို့ ဖြစ်လိမ့်မယ်”
“ဟားဟား အခုဘယ်လိုပိုကောင်းအောင် လုပ်ရမလဲဆိုတာ ငါသိပြီ၊ ယူယူ ငါ့ကို တခြားကြီးတဲ့ ရွှေဖရုံသီးပေး” ရှီမာဂျွန်သည် ရှီမာယူယူအား အားရပါးရပြုံးကာ လက်ဖြန့်ပြီး ရွှေဖရုံသီးတောင်းလေသည်။
ရှီမာယူယူ ရွှေဖရုံသီးအကြီးတစ်လုံးထုတ်ကာ သူ့အားပေးပြီး ရှီမာလင်းအား ဆက်ပြောလေသည် “ကျွန်တော်တို့ ဒီမှာ နောက်ထပ်ရက်နည်းနည်းလောက် ထပ်နေချင်တယ်၊ ဘယ်သူမှ လာပြီး မနှောင့်ယှက်ပါစေနဲ့၊ ကျွန်တော့်အဘိုးနဲ့ တခြားသူတွေလည်း ဒီမှာပဲရှိနေမယ်”
“ကောင်းပြီ” ဒီတစ်ကြိမ်တွင် ရှီမာလင်းပြတ်သားသည်။ သူတို့ ရှီမာဂျွန်အား ကုသ၍ရမည်ဆိုလျှင် သူတို့ဘာမဆို လက်ခံနိုင်သည်။
ထို့အပြင် ဒီတစ်ကြိမ်တွင် သူတို့ထွက်ပြေးရန် အသုံးမချမည်ကို ယုံကြည်သည်။
အားလုံး အိမ်ထဲသို့ဝင်သွားချိန်တွင် ရှီမာယူယူနှင့် ရှီမာဂျွန်တို့သည် အပြန်အလှန်စကားပြောနေကြသည်။
သူမ ရှီမာဂျွန်အား မကုသခင်တွင် ဆန့်ကျင်ရေးဆေးတစ်ရာ တစ်သုတ်စာကို ဖော်ရန်သွားလိုက်သည်။ အခုတော့ သူမသည် ကိုယ်ဘာသာဖော်ရန် အားအတော်အတန်ရှိနေပြီဖြစ်သည်။ သို့သော် မိုရှားဖော်နိုင်သော ဆယ်လုံး၊ ဆယ့်တစ်လုံးနှင့် ယှဉ်လျှင် သူမ ရှစ်လုံးသာ ဖော်နိုင်သေးသည်။
ထို့နောက်တွင် ရှီမာလိုင်၊ ရှီမာယူမင်နှင့် တခြားအစ်ကိုသုံးယောက်တို့အား နှစ်လုံးစီပေးလိုက်သည်။ သူတို့ အံ့သြနေစဉ်တွင်ပင် သူတို့အိမ်သို့ တွန်းပို့ပြီး ဝေကျိရွှီနှင့် တခြားသူများသည် စောင့်ကြည့်ရန် ရောက်လာကြသည်။ ထို့နောက်တွင် သူမ ရှီမာဂျွန်အား ကုသရန် သူမ စတင်ကြတော့သည်။
သုံးရက်အတွင်းတွင် ရှီမာမျိုးနွယ်များသည် အိမ်ထဲတွင် တံခါးပိတ်ထားကြသည်။ သူမအား မနှောင့်ယှက်ရန် ပြောထားသောလည်း သူတို့အားလုံးသည်သူမအား အဝေးမှစောင့်ကြည့်နေခဲ့ကြသည်။ အိမ်ထဲတွင် ဖြစ်ခဲ့သည်များကို သူတို့အားလုံး ကြက်သေသေခဲ့ရသည်။