← Chapters

အခန်း (၆၀၆)

Vol. 50 Ch. 606

အခန်း (၆၀၆)

Vol. 50 Ch. 606

ရလဒ်အနေဖြင့် ချွေ့ကျူသည် တံမြက်လှည်းဖို့ အိမ်တော်အပြင်သို့ နှင်ထုတ်မခံခဲ့ရပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမသည် အိမ်တော်အစေခံဦးစီးမှူးရာထူးသို့ တိုးသွားခဲ့သည်။ ဤသည်မှာ စူးယွင်းကျင်းမှ အစေခံများကို ကိုင်တွယ်သည့်နည်းလမ်းဖြစ်သည်။

စေတနာနှင့် အကြင်နာတရားရှိခြင်းပင်။

ချွေ့ကျူသည် စူးယွင်ကျင်း၏အခန်းသို့ အမြန်ပြေးသွားခဲ့လိုက်သည် ထိုစဉ် စူးယွင်ကျင်းသည် ကျောင်းသားများ၏ စာတမ်းများကို စစ်ဆေးပြီး မင်နီစုတ်တံဖြင့် အမှားများကို ဝိုင်းကာ ကောင်းကောင်းရေးထားသည့် စာတမ်းများကို ချီးမွမ်းမှတ်ချက်ရေးပေးနေသည်။

ယင်ဟုန်မိန်သည် ဘေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။

သူမ၏မျက်လုံးများသည်တော့ ရှေ့ရှိ စာတမ်းများပေါ်မှ အကြည့်မလွှဲပေ။ အကြောင်းမှာ ထိုစာတမ်းများသည် သူမရေးသားထားသည့်စာတမ်းများဖြစ်သောကြောင့် ဖြစ်သည်။

မေးခွန်း၁၀ခုပါ အဖြေစာတမ်းသည် မေးခွန်းအားလုံးအတွက် အဖြေမှန်ကန်သည်။ စူးယွင်ကျင်းသည် သူမ၏စာတမ်းထက်တွင် စာတစ်ပုဒ်ရေးသားပေးသည်။

“သွေးပါများတဲ့အခါ ရတနာဓားတစ်လက် ဖြစ်ပေါ်လာတယ်။ ဇီးပန်းပွင်းတွေရဲ့ မွှေးရနံ့ဟာ အေးစက်ခြင်းရဲ့ ခါးသက်မှုကနေ ဖြစ်တည်လာတယ်”

ထိုစကားလုံးများကိုမြင်သောအခါ ယင်ဟုန်မိန်သည် စိတ်ခံစားချက်များ အနည်းငယ် လှိုက်တက်လာခဲ့သည်။ သူမ၏ အလုပ်ကြိုးစားမှုဖြင့် ဤသို့အဆင့်အထိ တက်ရောက်လာခြင်းငှာ တကယ် မလွယ်ကူပေ။ အထူးသဖြင့် သူမ၏အသက်သည် ၁၄နှစ်ဖြစ်သောကြောင့် ကျောင်းသားများထဲတွင် အသက်အကြီးဆုံးဖြစ်၏။

ယခုအချိန်တွင် မကြိုးစားပါက သူမတွင် နောက်ထပ် အခွင့်အရေးရှိနိုင်တော့မည် မဟုတ်ပေ။

ယင်ဟုန်မိန် အတွေးထဲနစ်မြောနေစဉ် ညင်သာသည့် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ စူးယွင်ကျင်းသည် စာစစ်နေရာမှ ယင်ဟုန်မိန်ကို ခေါင်းမော့ကြည့်လိုက်သည်။

“ဟုန်မိန် တံခါးဖွင့်လိုက်”

ယင်ဟုန်မိန်မှ တံခါးသွားဖွင့်လိုက်ရာ ချွေ့ကျူကို တွေ့လိုက်ရသည်။

“အစ်မဟုန်မိန်”

ချွေ့ကျူသည် ဟုန်မိန်ထက် အသက်ကြီးသည်။ သို့သော် ဟုန်မိန်သည် အိမ်တော်အစေခံခေါင်းဆောင်ဖြစ်သောကြောင့် ချွေ့ကျူသည် သူမအား လေးစားမှုဖြင့် အစ်မဟုန်မိန်ဟု ခေါ်ဝေါ်သည်။

“အင်း ဘာကိစ္စလဲ”

“ကျွန်မ သခင်မကို လာရှာတာပါ”

ထိုအခါ ယင်ဟုန်မိန်သည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။

“ဝင်ခဲ့ပါ”

“သခင်မ”

ချွေ့ကျူသည် စူးယွင်ကျင်းကို အရိုအသေပြုလိုက်သည်။ စူးယွင်ကျင်းသည် ချွေ့ကျူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောသည်။

“ဪ ချွေ့ကျူ အရှေ့ခြံဝင်းက အလုပ်တွေ ပြီးသွားပြီလား”

ချွေ့ကျူမှ ပြန်ပြောသည်။

“အားလုံးလုပ်ပြီးပါပြီ။ ကျွန်မမှာ သခင်မကို တင်ပြစရာ ရှိပါတယ်။ ကြည့်ရတာ ကျွန်မတို့အတွင်းခြံဝင်းထဲကို တစ်ယောက်ယောက်က သူလျှိုထည့်ထားတယ် ထင်ပါတယ်”

“အို..”

စူးယွင်ကျင်းသည် ထိတ်လန့်သွားလျက် ယင်ဟုန်မိန်ကို လှည့်ပြောလိုက်သည်။

“တံခါးပိတ်လိုက်”

“ပြောတော့”

ချွေ့ကျူမှ စပြောသည်။

“ဒီလိုပါ။ ခုနက ခြံဝင်းထဲမှာ တံမြက်လှည်းတဲ့အလုပ်သမား ကျုဇစ်က…”

ချွေ့ကျူသည် အဖြစ်အပျက်ကို အစမှအဆုံးအထိ ပြန်ပြောပြခဲ့သည်။ စူးယွင်ကျင်းသည် ခပ်ဖျော့ဖျော့ခေါင်းညိတ်၏။

“အင်း တကယ်မသင်္ကာစရာပဲ။ ဟုန်မိန် စစ်ရှီးကို သွားခေါ်လိုက်ပါ”

“ဟုတ်ကဲ့”

ယင်ဟုန်မိန်သည် ချက်ချင်း စစ်ရှီးကို အမြန်သွားခေါ်သည်။ စစ်ရှီးသည်လည်း အလုပ်တာဝန်အများအပြားကို လုပ်ဆောင်နိုင်စွမ်းရှိလေရာ ချန်ကျဲ့ကို အနှောင့်အယှက်ပေးရန်အထိ မလိုအပ်သေးပေ။

မကြာမီ စစ်ရှီးရောက်လာသည်။

“သခင်မ”

စစ်ရှီးမှ စူးယွင်ကျင်းကို အရိုအသေပြုသည်။ စူးယွင်ကျင်းသည် မတ်တပ်ရပ်နေ၏။

“စစ်ရှီး မင်းအလုပ်များနေတာကို သိပေမဲ့ အခုလိုခေါ်လိုက်ရတာက အရေးကြီးကိစ္စတစ်ခုရှိလို့ပါ။ ချွေ့ကျူ”

ထိုအခါ ချွေ့ကျူသည် အဖြစ်အပျက်ကို အစအဆုံး ပြန်ပြောပြသည်။ ချွေ့ကျူပြောပြသည်ကို နားထောင်ပြီးနောက် စစ်ရှီး၏မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့ကာ ချက်ချင်း ပြန်မတုံ့ပြန်ပေ။

စူးယွင်ကျင်းမှ ပြောသည်။

“စစ်ရှီး မင်းနားလည်လိုက်လား”

“ဒီသတင်းက အကူအညီဖြစ်ရဲ့လား။ သခင်ကြီးအတွက် အန္တရာယ်မရှိလောက်ပါဘူးနော် ဟုတ်တယ်မလား”

စစ်ရှီးမှ ပြန်ပြောသည်။

“သခင်မ မစိုးရိမ်ပါနဲ့။ ကျုဇစ်က သူလျှိုဆိုတာကို ခန်းမအရှင်သခင် သတိထားမိပါတယ်။ သေချာလည်း စုံစမ်းစစ်ဆေးထားပြီးပါပြီ။ သူ့ကို နန်ပါးထျန်းရဲ့လက်အောက်က ထန်ဇီယွဲ့စေလွှတ်ထားတာပါ”

“အာ သိရဲ့သားနဲ့ ဒီတိုင်းထားတာလား”

စူးယွင်ကျင်းမှ နားမလည်နိုင်စွာ မေးသည်။ စစ်ရှီးမှ ရှင်းပြသည်။

“သခင်မ တကယ်တော့ သရုပ်မှန်ဖော်ထုတ်ပြီးသား သူလျှိုက ဘေးအကင်းဆုံးပါပဲ။ သူ့ကို ထားထားတာက တစ်ခါတလေမှာ အသုံးဝင်ပါတယ်။ ဒီကောင်လေးက သူ့လုပ်နိုင်စွမ်းကို သက်သေပြချင်ဇောကြီးပြီးတော့ မိန်းကလေးချွေ့ကျူဆီမှာ သရုပ်မှန်ပေါ်သွားခဲ့တာကတော့ တကယ့်ကို မထင်မှတ်ထားတာပါပဲ”

ထိုအခါ စူးယွင်ကျင်းမှ ခပ်ဖျော့ဖျော့ ခေါင်းညိတ်သည်။

“လူကြီးမင်းစစ်ရှီး မြှောက်ပင့်လွန်းနေပါပြီ။ ကျွန်မကြောင့် ခန်းမအရှင်သခင်နဲ့ လူကြီးမင်းစစ်ရှီးရဲ့ အစီအစဉ်တွေကို အနှောင့်အယှက်ဖြစ်မသွားဖို့ပဲ မျှော်လင့်ပါတယ်”

စစ်ရှီးမှ ပြောသည်။

“မနှောင့်ယှက်မိပါဘူး။ ဒါပေမဲ့ မိန်းကလေးချွေ့ကျူက ကျွန်တော့်ကို ဒီလိုသတိပေးလာခဲ့တယ်ဆိုတော့ မိန်းကလေးချွေ့ကျူ ကျွန်တော့်ကို တစ်ခုလောက် ကူညီပေးနိုင်မလား”

ချွေ့ကျူမှ ပြန်ဖြေသည်။

“ကျွန်မက သခင်မရဲ့အမိန့်ကိုပဲ နာခံပါတယ်။ သခင်မ သဘောတူရင် ကျွန်မလည်း သဘောတူပါတယ်”

စစ်ရှီးသည် စူးယွင်ကျင်းကို လှည့်ကြည့်လိုက်ရာ စူးယွင်ကျင်းမှ ပြောသည်။

“အင်း ဘာများလဲ ပြောကြည့်ပါဦး”

“မိန်းကလေးချွေ့ကျူကို ကျုဇစ်ကို စကားပါးပေးစေချင်ပါတယ်”

ချွေ့ကျူမှ စစ်ရှီးကို မေးသည်။

“သတင်းအတုလား”

စစ်ရှီးမှ ပြန်ပြောသည်။

“မဟုတ်ပါဘူး။ သတင်းအစစ်ပါ”

“အာ သတင်းအစစ်လား”

ချွေ့ကျူအံ့ဩသွား၏— ဘယ်လိုဖြစ်ပြီး သတင်းအစစ်ကို ပေးချင်ရတာလဲ။ အဲဒါဆို ငါက သူလျှိုဖြစ်သွားမယ် မဟုတ်ဘူးလား။

သူမ စစ်ရှီးကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

စစ်ရှီးမှ ရယ်မော၏။

“ဘာလို့ဆို တစ်ခါတလေကျ သတင်းအစစ်ပေးလိုက်တာက သတင်းအတုပေးလိုက်တာထက် ပိုအသုံးဝင်ဝယ်လေ ဟားဟား…”

စစ်ရှီးသည် စိတ်လက်ပေါ့ပါးစွာ ရယ်မောနေ၏။ ခန်းမအရှင်သခင်ပေးအပ်လိုက်သည့် တာဝန်တစ်ခုတော့ ပြီးမြောက်နိုင်လေပြီ။

…

ထိုစဉ် စာကြည့်ခန်းထဲ၌

ချွေ့ကျူထွက်သွားသည်ကို ကြည့်ရင်း ဟန်ဟယ့်မှ မှတ်ချက်ပြုသည်။

“ရှင့်အစေခံက အတော်လေး ကြံရည်ဖန်ရည်ရှိတဲ့ပုံပဲ။ သူ ရှင့်အိပ်ရာပေါ်တက်ဖို့တော့ မကြိုးစားခဲ့ပါဘူးနော်။ ကျွန်မ ရှင့်ဇနီးအတွက် အတော်လေး စိတ်ပူမိတယ်။ ရှင့်ဇနီးက ဒီနှစ်လိုဖွယ်ကောင်းတဲ့ ပြည့်တန်ဆာလိုမိန်းကလေးတွေကို ခံနိုင်ရည်ရှိရဲ့လား”

ချန်ကျဲ့သည် နားထောင်ရင်း လက်ဖက်ရည်တစ်ခွက် လောင်းထည့်နေသည်။ ထို့နောက် ပြောသည်။

“မင်းက ကျုပ်ဇနီးကို ကူညီချင်လို့လား”

“ရှင်ဘာပြောချင်တာလဲ။ ကျွန်မညီမ‌ကို ကြင်ယာတော်အဖြစ် ယူမလို့လား”

ဟန်ဟယ့်သည် ချန်ကျဲ့ကို ကျီစယ်၏။

“ချန်ကျိုစစ် ရှင်က အရမ်းအသက်ကြီးနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှင့်မှာ ဒီလိုမျိုး အိုင်တွေ့တိုင်း ခြေဆေးချင်တဲ့အကျင့် ရှိနေမယ်လို့ ထင်မထားမိဘူးပဲ။ ကျွန်မညီမက အရိုင်းဆန်တယ်နော်။ ရှင် သူ့ကို ကိုင်တွယ်နိုင်လို့လား”

ထိုအခါ ချန်ကျဲ့သည် ဟန်ဟယ့်ကို ကြည့်လိုက်ပြီး ပြောသည်။

“ညီမဖြစ်သူ တစ်ယောက်တည်းနဲ့ မလုံလောက်ဘူး။ အမြွာညီအစ်မနှစ်ယောက်စလုံးကို ယူရမှ ပျော်ဖို့ကောင်းမှာပေါ့”

“ရှင် တကယ်ဉာဏ်များတာပဲ။ ကျွန်မ ရှင့်ကိုသတိပေးလိုက်မယ်။ ရှင် ကျွန်မကို ပြဿနာရှာလို့ရပေမဲ့ ကျွန်မ ညီမကိုတော့ စဉ်းတောင်မစဉ်းစားနဲ့”

ဟန်ဟယ့်သည် ချန်ကျဲ့ကို စိုက်ကြည့်နေ၏။

“အစ်မကောင်းတစ်ယောက်ပဲ။ ရင်ထဲထိရပါတယ်”

ဟန်ဟယ့်မှ ပြောသည်။

“ကျွန်မ နောက်နေတာ မဟုတ်ဘူး။ ကျွန်မညီမနဲ့ ဝေးဝေးနေ၊ နားလည်လား”

ချန်ကျဲ့ လက်ဝှေ့ရမ်းလိုက်သည်။

“စိ‌တ်အေးအေးထားပါဗျာ။ ကျုပ်က မိန်းကလေးမြင်ရင် စိတ်လွတ်သွားတတ်တဲ့မိစ္ဆာ မဟုတ်ပါဘူး။ အဲဒီလောက်ပြောရင် ရပါပြီ။ လောလောဆယ် ဒီအကြောင်း မပြောနဲ့ဦး။ စစ်လက်နက်ပစ္စည်းတွေ လက်ထဲရောက်ပြီလား”

ထိုအခါ ဟန်ဟယ့်မှ ပြန်ပြောသည်။

“အင်း အားလျန် မြို့ထဲပြန်ရောက်ပြီ။ လက်နက်တွေကို အကုန်လုံး ဆယ်ယူပြီး သယ်ယူပို့ဆောင်ဖို့ တင်ပြီးပြီ”

ချန်ကျဲ့မှ ပြောသည်။

“ကောင်းတယ်။ နည်းနည်းသတိထားပေးရုံနဲ့ ဒီတစ်ကြိမ်စစ်လက်နက်ပစ္စည်းတွေက မြောက်ပိုင်းဒေသကို လုံလုံခြုံခြုံ ရောက်နိုင်လိမ့်မယ်”

ချန်ကျဲ့သည် ဘာမှဆက်မပြောဘဲ ခပ်ဖျော့ဖျော့ပြုံးနေခဲ့သည်။

ဤတစ်ကြိမ်မှာ အလွန်ကြီးမားသည့် ကြံစည်မှုကြီးပါပင်။ ဤကြံစည်မှုကြီးတွင် ချန်ကျဲ့သည် နန်ပါးထျန်းကို လှည့်စားနိုင်ခဲ့သည့်အပြင် လူတို့၏အမြင်ကို ဖြတ်သန်း၍ စစ်လက်နက်ပစ္စည်းများကို မြို့ပြင်သယ်ထုတ်နိုင်ခဲ့ပေသည်။

All Chapters