အပိုင်း(၂၃၁)-ထိုနှစ်က ဘာဖြစ်ခဲ့တာလဲ
Vol. 003 Ch. 231
ပထမနေ့တွင်ပင် အဆင့်တိုးခြင်းကို ဖော်ဆောင်သော အလင်းတန်းများ ဆက်တိုက် တောက်ပနေခဲ့သည်။ တစ်နေ့ထဲတွင် အကြိမ်ပေါင်းများစွာဖြစ်ခဲ့သည်။ ထိုကဲ့သို့သော အခြင်းအရာကို ရှီမာမျိုးနွယ်များ မမြင်ဖူးခဲ့ပေ။
ရှီမာလိုင်နှင့် မြေးများသည် သွေးကြောပိတ်ဆို့ခြင်းကြောင့် ဝိညာဉ်ချီများ အသုံးပြု၍ မရသော်လည်း ဝိညာဉ်ချီ စုပ်ယူခြင်းကို လက်လျော့ခြင်းမရှိခဲ့ပေ။ သူတို့ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ချီများ စုပ်ယူခြင်းသည် သိုလှောင်ခြင်းသာ တတ်နိုင်ကာ အဆင့်တိုးခြင်းကို မလုပ်ဆောင်နိုင်ပေ။
ထို့ကြောင့်ပင် သူတို့ သွေးကြောများပွင့်သည့်နေ့တွင် ရှီမာယူမင်နှင့် တခြားသော ညီအစ်ကိုသုံးယောက်တို့သည် အဆင့်အနည်းငယ်တက်ခဲ့ကြသည်။ ရှီမာလိုင်သည်ပင်လျှင် အဆင့်တစ်ဆင့်တက်ကာ အဆင့်သုံး သူတော်စင်ဝိညာဉ်အဖြစ် ရရှိသွားလေသည်။
ထို့နောက်တွင် သူတို့သည် ရှီမာယူယူ၏ ဆန့်ကျင်ရေးဆေးတစ်ရာဆေးအား စားပြီး ခြင်ဆီများကို ရှင်းလင်းသည့်အတွက် အဆင့်နှစ်ဆင့် ထပ်တက်ကြသည်။ ရှီမာယူမင်နှင့် ရှီမာယူရွှီတို့သည် ဝိညာဉ်ဧကရာဇ် အဆင့်ရောက်ရှိသွားကြသည်။
ရှီမာလိုင်သည် အဆင့်လေး သူတော်စင်ဝိညာဉ်ဖြစ်သွားလေသည်။
အပြင်တွင် ဖြစ်ပျက်နေသည်များကို ရှီမာယူယူ သတိမပြုမိပေ။ သူမသည် ကုသနေချိန်တွင် မထင်မှတ်သည့်အရာများ ဖြစ်မလာစေရန် ဟိန်းသံလေးအား အပြင်နှင့် အိမ်ထဲကို ခွဲခြားကာ ချိပ်ပိတ်ခိုင်းထားလိုက်သည်။
ပထမအနေနှင့် ရှီမာဂျွန်အတွက် အပ်များကိုရွေးပြီးနောက် ဝိညာဉ်ကုသရန် အသုံးဝင်မည့် ဆေးဖက်ဝင်ပစ္စည်းများကို ရှီမာလင်းအား ပို့ပေးရန် တောင်းဆိုလိုက်သည်။ သူမ အဆီအနှစ်များကို ရွေးထုတ်ကာ ဆေးဖော်ပြီးနောက် ရှီမာဂျွန်အား ကျွေးလိုက်သည်။
ထို့နောက်တွင် သူမ ရွှေမြွေအသီးအားထုတ်ပြီး အနည်းငယ်လှီးဖြတ်ကာ ဆေးဖော်ပြီးနောက် သူ့အား တိုက်လိုက်သည်။
ရှီမာဂျွန်သည် အမှန်တကယ်ပင် စံတင်ဝိညာဉ်ဖြစ်ခဲ့သည်။ သူမသည် နှစ်ရက်အတွင်းတွင် ပင် ဆေးကို ကျေညက်စေသည်။ လူအများစုမှာ အသိစိတ်ပြန်ဝင်စေရန် ဆယ်ရက်မှ လတစ်ဝက်အထိ အချိန်ယူလေ့ရှိကြသည်။
တတိယမြောက်နေ့တွင် ရှီမာယူယူသည် ဝိညာဉ်အရည်နှစ်စက်ထုတ်ကာ ရှီမာဂျွန်၏ ပါးစပ်အတွင်းသို့ ချပေးလိုက်သည်။ ထို့နောက်တွင် သူ့ခန္ဓာကိုယ်မှ အပ်များကို ဆွဲနှုတ်လိုက်လေသည်။
ရှီမာဂျွန် မျက်စိဖွင့်ကာ ရှီမာယူယူအား တိတ်ဆိတ်စွာကြည့်ပြီးနောက် ပြန်ပိတ်ကာ စွမ်းအားများကို စုပ်ယူ လိုက်သည်။
သူ့အကြည့်သည် ကွဲပြားသဖြင့် အသိစိတ်ပြန်ဝင်လာသည်ကို ရှီမာယူယူမြင်သဖြင့် ထကာ ထွက်သွားလေသည်။
“ယူယူ ပြီးသွားပြီလား” ဝေကျိရွှီနှင့် တခြားသူများသည် အပြင်တွင်ရှိနေကာ သူမ ထွက်လာသည်ကို မြင်သည်နှင့် မေးလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလိုက်သည် “သူပြန်နိုးလာရင် အဆင်ပြေသွားမှာပါ၊ အဘိုးနဲ့ တခြားသူတွေရော”
“သူတို့အဆင့်တက်တာမြန်လို့ အံ့သြနေကြတာ၊ အဆင့်တက်တာ ဒီနေ့ပဲရပ်သွားကြတာ၊ ပြီးတော့ သူတို့ကျင့်ကြံနေကြတယ်” ဖက်တီးကျူပြောလိုက်သည်။
“ကောင်းတာပေါ့”
သူတို့သည် အခုချိန်ကစပြီးလုပ်ရမည့် အလုပ်များကို တိုင်ပင်ရင်း အိမ်ထဲတွင်တစ်ရက်စောင့်ကြသည်။
“ယူယူ၊ မင်းအဘိုးနဲ့ တခြားသူတွေက မျိုးနွယ်ဆီကို ပြန်ချင်တယ်ဆိုရင် မင်းဘာလုပ်မှာလဲ”
“ငါ သူတို့နောက်ကိုလိုက်မယ်၊ သူတို့နေရင် ငါလည်းနေမှာ၊ သူတို့ သွားရင် ငါလည်းသွားမှာ” ရှီမာယူယူပြောလိုက်သည် “ဒီတစ်နှစ်လုံး ငါတို့ကျင့်ကြံဖို့ကို လုံခြုံတဲ့နေရာ မရှိခဲ့ဘူးမလား၊ ဖြစ်နိုင်မယ်ဆိုရင် မင်းတို့လည်း နေသင့်တယ်၊ အခြေအနေကောင်းတဲ့ ပတ်ဝန်းကျင်မှာ ကျင့်ကြံတာ ပိုကောင်းတယ်”
“ငါလည်း မင်းနဲ့နေချင်တယ်” ဖက်တီးကျူပြောလိုက်သည်။
သူသည် ရှီမာယူယူအား သူ၏ တစ်စိတ်တစ်ပိုင်းအဖြစ်သတ်မှတ်ထားသည်မှာ ကြာပြီဖြစ်သည်။ သူမ မရှိသော အခြေအနေအတွက် သူ့မှာ အဆင်သင့်မဖြစ်သေးပါ။
“မင်းနေမယ်ဆိုရင် ငါတို့လည်း ဒီနားမှာ အိမ်တစ်အိမ်ဝယ်လိုက်မှာပေါ့၊ မင်းသွားချင်ရင် ငါတို့လည်း မင်းနဲ့ လိုက်မှာပဲ” ဝေကျိရွှီ ပြောလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်ကာပြောလိုက်သည် “အခြေအနေကို စောင့်ကြည့်ကြတာပေါ့”
နေ့တစ်နေ့သည် မျက်စိတစ်မှိတ်အတွင်းကုန်ဆုံးသွားကာ နောက်တစ်နေ့ မိုးသောက်ချိန်တွင် ရှီမာဂျွန်သည် အိမ်ထဲမှ ထွက်လာသည်။
သူ့မျက်နှာအမူအရာမှာ ကလေးဆန်ခြင်းမရှိတော့ပဲ သူ့အကြည့်မှာလည်း တခြားသူများကဲ့သို့ ပုံမှန်ပင်။ သူသည် ပကတိအတိုင်းပင်။
ရှီမာလင်းနှင့် တခြားသူများသည် သူ့အားစောင့်ဆိုင်းနေကာ သူ့ရှေ့လျှောက်လာပြီး ပြောလိုက်သည် “ဦးလေးငယ်ကို နှုတ်ဆက်ပါတယ်”
ရှီမာဂျွန်၏ မျက်နှာသည် လေးနက်ကာ သူ့အကြည့်သည် နေရာရှိလူများအပေါ်တွင်ရှိနေကာ မေးလိုက်သည် “ဟိုကောင် ရှီမာချောင်ရော”
“ဦးလေးငယ် ဦးလေး၅က ဆုံးသွားတာ နှစ်တွေကြာနေပါပြီ” ရှီမာလင်းပြောလိုက်သည်။
“ဆုံးသွားပြီဟုတ်လား” ရှီမာဂျွန်သည် လိမ်နေမလားဟု ရှီမာလင်းအား စိုက်ကြည့်ပြီး ထပ်မေးလိုက်သည် “သူ့ သားသမီးတွေရော”
“ရှီမာခိုင်နဲ့ ရှီမာယီက ဆုံးသွားပါပြီ၊ ရှီမာခစ်ကတော့ သူ့အိမ်ထဲမှာပါ၊ သူ့ကို ခေါ်ဖို့ လူလွှတ်လိုက်ပါပြီ” ရှီမာလင်း ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် အစောင့်တစ်ယောက်ဝင်လာသည်။ ရှီမာခစ်နှင့် ရှီမာယူယိနှင့် တခြားသူများသည် ရှီမာအိမ်ထဲတွင် ရှိမနေပါ။
“မင်းသေချာလား” ရှီမာလင်း မေးလိုက်သည်။
“သေချာပါတယ်၊ သူတို့ထွက်သွားပြီးတော့ ပြန်လာတာ မတွေ့ပါဘူးလို့ အစောင့်ကပြောပါတယ်၊ သူတို့ ပစ္စည်းတွေလည်း ယူသွားတယ်လို့ ပြောပါတယ်” အစောင့် ပြန်ဖြေလိုက်သည်။
“ဟမ် ငါ နိုးလာရင် သူတို့ပုန်းစရာမရှိတော့ဘူးဆိုတာ သိသွားကြလို့နေမှာ” ရှီမာဂျွန်သည် အေးစက်စွာ ရေရွတ်လိုက်သည်။
“ဦးလေးငယ် အဲနှစ်က ဦးလေးကို ထိခိုက်မိအောင် လုပ်တဲ့သူကိုပြောတာလား”
“အဲတစ်ယောက်က ရှီမာချောင်ပဲ” ရှီမာဂျွန်သည် အံကြိတ်ကာ ပြောလေသည် “အဲတုန်းက ငါ ငါ့အဖေကို သွားကြည့်တာ သူအဆိပ်မိတာကိုတွေ့ခဲ့တယ်၊ သူက ငါ့အဖေကို သတ်တဲ့အပြင် ငါဒဏ်ရာရအောင်အထိ တိုက်ခိုက်ခဲ့တယ်၊ လူတွေသာ အချိန်ကိုက်ရောက်မလာရင် ငါ အရိုက်ခံရလို့ သေနေလောက်ပြီထင်တယ်”
“တကယ်ပဲ တခြားသူတွေလုပ်ခဲ့တာပဲ ဦးလေး ၄နဲ့ တခြားသူတွေလုပ်တာမဟုတ်ဘူးပဲ” ရှီမာလင်း ပြောလိုက်သည်။
“မင်းကို အဲဒါဘယ်သူပြောတာလဲ” ရှီမာဂျွန်သည် ရှီမာလင်းအား ကြည့်လိုက်သည်။
ရှီမာလင်းသည် အခြေအနေတစ်ခုလုံးကို ရှင်းပြရာ ရှီမာဂျွန်သည် နာကျင်သည့်ပုံစံဖြင့် မျက်စိမှိတ်ထားပြီး ပြောလေသည် “ရှီမာချောင်နဲ့ တခြားသူတွေက မှားပြီးစွပ်စွဲလိမ့်မယ်လို့ ထင်မထားဘူး၊ ရှီမာလိုင်နဲ့ တခြားသူတွေနဲ့ ဘာမှမဆိုင်ဘူး၊ ဒေါသမီးတောက် စာအုပ်က ငါ့အဖေက သူတို့အဖေကို ပေးလိုက်တာပဲ”
“အဲဒါကြောင့် ရှီမာခစ်နဲ့ တခြားသူတွေက အစ်ကိုကြီးလိုင်နဲ့ တခြားသူတွေကို ချက်ချင်းကြီး အပြစ်ပေးချင်နေကြတာကိုး၊ အဲဒီအခြေအနေပေါ်သွားမှာကို သူတို့ကြောက်နေကြလို့လေ” ရှီမာရှင်းပြော လိုက်သည် “အခု ဦးလေးယ် ပြန်ကောင်းလာပြီဆိုတော့ သူတို့အပြစ်ပေးခံရတာကို ရှောင်ပြီလေ”
“ရှီမာခစ်နဲ့ တခြားသူတွေကို ချက်ချင်းဖမ်းဖို့ ငါအမိန့်ပေးတယ်လို့ ပြောလိုက်” ရှီမာလင်း အမိန့်ပေးလိုက်သည်။
“ဒါဆိုရင် ကျွန်တော့်အဘိုးနဲ့ တခြားသူတွေက သစ္စာဖောက်တွေမဟုတ်တော့ဘူးပေါ့နော်” ရှီမာယူယူ၏ အသံသည် အုပ်စု၏အနောက်ဖက်မှ ထွက်လာသည်။ အခုမှပင် အားလုံးသည် လွန်ခဲ့သည့် နှစ်တစ်ရာကျော်မှ ကိစ္စကို ပြန်တွေးကြတော့သည်။
ရှီမာရှင်းသည် ရှီမာလိုင်အားပြုံးပြီး ကြည့်ကာ ပြောလိုက်သည် “အဲလိုတော့မဟုတ်သေးဘူး၊ အမှန်တရားက လုံးဝပေါ်သွားတာမဟုတ်သေးဘူး၊ မင်းရဲ့ အဖေဘက်က အဘိုးအဘွားတွေက ရုတ်တရက် ဒေါသမီးတောက် စာအုပ်ကိုရသွားတယ်လေ၊ ပြီးတော့ သူတို့လုပ်ခဲ့တာလို့ အားလုံးက ထင်နေကြတာ”
“လိုင် နောက်ဆိုရင် မင်းတို့အားလုံး ငါတို့မျိုးနွယ်ကိုပြန်လာလို့ရတယ်” ရှီမာလင်းပြောလိုက်သည် “အရင်တုန်းက မျိုးနွယ်က မင်းတို့အပေါ်မှားခဲ့တယ်၊ အခု မင်းတို့မျိုးဆက်မှာ မင်းတို့ပဲကျန်တော့တယ်၊ မျိုးနွယ်က မင်းတို့်အားလုံးကို နစ်နာကြေးပေးမှာပါ”
“မင်းတို့အားလုံးဒီမှာ ဖြေရှင်းလိုက်ကြဦး ငါ မျိုးနွယ်က သက်ကြီးရွယ်အိုတွေနဲ့ သွားတွေ့လိုက်ဦးတယ်” ရှီမာဂျွန် အနောက်ကို ကြည့်လိုက်သည်။
ဘိုးဘေးမှလွဲ၍ သက်ကြီးဝါကြီးများ ကျန်နေဆဲပင်။
“ဝူး ဝူး ဝူး” ငှက်တစ်ကောင်သည် တောင်းထဲမှ ပြေးထွက်လာကာ အိမ်ထဲတွင် ရပ်သွားလေသည်။ လူများကို တွေ့သောအခါ ကြောက်လန့်တကြားပြေးထွက်သွားလေသည်။
တိရစ္ဆာန်များဖြင့်ပြည့်နေသော အိမ်အား ရှီမာဂျွန်မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည် “အကောင်တွေရှင်းဖို့ လူရှာလိုက်ဦး၊ လိုင် ငါ့နောက်လိုက်ပြီး သူတို့ကို သွားတွေ့ရအောင်၊ မျိုးဆက်သစ်တွေကတော့ ငါ့အိမ်မှာပဲ နေခဲ့ကြပေါ့၊ အားလုံး ကိုယ်လုပ်စရာရှိတာလုပ်ကြ”
သူပြောပြီးသည်နှင့် ရှီမာလိုင်အား အတူခေါ်သွားလေသည်။ မိသားစုဘိုးဘေးများ ထွက်သွားသည်နှင့် ရှီမာယူယူနှင့် တခြားသူများသာ ကျန်ခဲ့လေသည်။
“အစ်ကိုကြီး အစ်ကိုလတ်၊ အစ်ကိုလေး၊ အစ်ကိုငယ်” ရှီမာယူယူသည် ရှီမာယူမင်းနှင့် တခြားသူများ ရှေ့သို့ လာခဲ့လိုက်သည်။ ရှီမာဂျွန် ထွက်မလာသဖြင့် သူတို့ညီအစ်ကိုမှာ စကားမပြောရသည်မှာ ကြာပြီဖြစ်သည်။
“ယူယူ ဒီတစ်ခါတော့ မင်းကိုအကြွေးတင်သွားပြီ” ရှီမာယူလီသည် သူမ ခေါင်းအားပုတ်လိုက်သည်။
“အစ်ကိုကြီး အဆင်ပြေနေရင်ကို တော်ပါပြီ” ရှီမာယူယူသည်လည်း ပျော်ရွှင်ရသည်။
အစပိုင်းက သူမတွေ့ခဲ့သော သူတို့ခန္ဓာကိုယ်မှ ဒဏ်ရာများကို စိုးရိမ်ခဲ့သော်လည်း သူတို့ ကြွက်သားများနှင့် ခြင်ဆီများရှင်းလင်း ကုသပြီးနောက်တွင် သူတို့အားများ တိုးလာခဲ့သည်။
ထိုအချိန်အတွင်းတွင် ဟာစွန်သည် ပျံလာကာ သူမအားကြည့်လိုက်သည်။
ရှီမာယူယူ ရွှေမြွေအသီးထုတ်ကာ ပြောလိုက်သည် “ငါမမေးသင့်ပေမယ့်… မင်းဒါကိုလိုချင်တာက အရင်တစ်ခေါက်ရခဲ့တဲ့ ဒဏ်ရာကြောင့်လား”