အပိုင်း(၂၃၂)-ဖြေရှင်းပြီးခြင်း
Vol. 003 Ch. 232
ထိုရွှေမြွေအသီးမှာ ပြီးခဲ့သည့်တစ်ခေါက်က သူမ ပူလွောင်တောင်တန်းမှ ခူးလာသည့်အသီးမဟုတ်ပဲ ဝိညာဉ်စေတီထဲရှိနေစဉ် သီးခဲ့သော ရွှေမြွေအသီးဖြစ်သည်။
ဟာစွန်သည် အသီးအားယူပြီးပြောလေသည် “ဟုတ်တယ်၊ ငါဒီရက်ပိုင်းအတွင်း ပြန်လာမယ်”
သူပြောပြီးနောက် ရှီမာမျိုးနွယ်မှ ထွက်ကာကောင်းကင်သို့ ပျံသွားလေသည်။
ရှီမာယူရန်သည် ဟာစွန်ထွက်သွားသည်ကို ကြည့်ပြီးပြောလိုက်သည် “သူ ရေရှိတဲ့ဘက်သွားတဲ့ပုံပဲ ဟုတ်လား”
“ညီလေး ၅ သူဘာလုပ်မယ်ဆိုတာ မင်းသိလား” ရှီမာယူလီ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ကျွန်တော်လည်း မသိဘူး သူက ကျွန်တော့်စာချုပ်သားရဲမဟုတ်တော့ သူဘာလုပ်မယ်ဆိုတာ ကျွန်တော့်ကို မပြောဘူး” ရှီမာယူယူ သူမလက်အား ဝှေ့ရမ်းလိုက်သည်။
“ဒီနှစ်တွေမှာ ငါတို့ ညီလေး၅ကို စောင့်ရှောက်ပေးတာ ကျေးဇူးတင်ပါတယ်” ရှီမာယူမင်သည် လက်အုပ်ချီကာ သူတို့အား နှုတ်ဆက်လိုက်သည် “အဘိုးပြန်လာတာနဲ့ မင်းတို့နဲ့ တစ်ဝိုင်းလောက် သောက်ကြမယ်”
ရှီမာလိုင် နေ့လည်မတိုင်ခင်တွင် ရောက်လာသည်။ သူ သူတို့အားပြောလိုက်သည် “ငါတို့ မွေးရပ်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်၊ နောက်ကို ငါတို့်ဒီမှာပဲ နေကြမယ်”
သူတို့မျှော်လင့်ထားသည့်အတိုင်းဖြစ်လာသဖြင့် ထိုဆုံးဖြတ်ချက်အား ရှီမာယူယူနှင့် တခြားသူများ မအံ့သြတော့ပေ။
အားလုံးသည် မိသားစုနှင့် မကျေမနပ်ဖြစ်သေးသော်လည်း သူတို့ဒီနေရာတွင် နေရခြင်းမှာ အဆင်ပြေသော အကြံပင်ဖြစ်သည်။ အထူးသဖြင့် သူသည် ရှီမာယူမင်နှင့် တခြားသူများအတွက် စဉ်းစားချင်သည်။ ဒီလိုမိသားစုနဲ့ဆိုရင် နောက်ကို ဘယ်လိုထပ်သွားနိုင်မှာလဲ။
ရှီမာယူယူ နေရန်စီစဉ်ထားသောကြောင့် ဝေကျိရွှီနှင့် တခြားသူများသည်လည်း အိမ်ဝယ်ရန် စီစဉ်ရတော့သည်။ သူတို့အိမ်ရှာစဉ်အတွင်းတွင် တည်းခိုဆောင်တွင်နေကြသည်။
အစပိုင်းတွင် ရှီမာယူယူသည် သူတို့အား ရှီမာမျိုးနွယ်တွင် အချိန်တစ်ခုထိနေစေချင်သည်။ သို့သော် သူမ ကိုယ်တိုင်သည်လည်း မျိုးနွယ်နှင့် မရင်းနှီးသည်ကို တွေးမိသည့်အခါ သူမ စိတ်ပြောင်းလိုက်သည်။
နောက်ကျမှပင် ရှီမာယူရှင်းနှင့် ရှီမာယူယန်တို့သည် ရှီမာယူယူအား တွေ့ရန်လာကြသည်။ သူတို့သည် အတူသောက်ရန် အခွင့်အရေးယူကာ အရှက်မရှိပင် အတူထိုင်ကြသည်။
ဝေကျိရွှီနှင့် တခြားသူများ အန်ယန်းမြို့တွင် နေထိုင်ရန်စီစဉ်ထားသည်ဟု ကြားသည်နှင့် ရှီမာယူယန်သည် ရင်ဘတ်ကို လက်ဖြင့်ပုတ်ကာ သူတို့နေထိုင်ရင် သင့်တော်သည့်အိမ်ကို ရှာပေးမည်ဟု အာမခံလေသည်။
နောက်တစ်နေ့တွင် သူ လူလွှတ်ကာ သူတို့အတွက် အိမ်တွေ့ပြီဟု ပြောခိုင်းလေသည်။ မနေ့က စတင်ကျင်းပသည့် လေလံပွဲသတင်းကိုလည်း သယ်လာသည်။ လူအများသည် မြေနဂါးခြင်ဆီကို အစပိုင်း နှစ်သိန်းမှ သိန်းငါးဆယ်အထိ ဈေးမြင့်ကာ လုဝယ်ကြသည်ဟု ပြောသည်။
“ငါတို့မလိုတော့တာ ကံကောင်းတယ်၊ မဟုတ်ရင် ငါတို့်ပိုက်ဆံတွေ အများကြီး ကုန်ဦးမယ်” ရှီမာယူယူ နောက်ဆုံးတွင်အဆုံးသတ်သည်။
“မင်းအိမ်ရှာတွေ့ပြီဟုတ်လား” ဝေကျိရွှီ မေးလိုက်သည်။
“တွေ့ပြီ ငါ့သူငယ်ချင်းအိမ်ပဲ ငါလိုချင်ရင် ယူလို့ပြောတယ်” ရှီမာယူယန်ပြောလေသည်။
“အဆင်ပြေပါ့မလား” ဝေကျိရွှီ မေးလိုက်သည်။
“ကိစ္စမရှိပါဘူး၊ သူ့မှာ အိမ်တွေအများကြီးရှိတာ တစ်အိမ် နှစ်အိမ်လောက်တော့ ဂရုမစိုက်ဘူး၊ မင်းတို့အချိန်ရှိရင် အဲဒီကို သွားကြည့်ဖို့ ခေါ်သွားမယ်လေ၊ မင်းတို့် မကြိုက်ရင် တခြားရှာကြပေါ့”
“ကောင်းပြီ အစ်ကိုတွေနဲ့ တခြားသူတွေက မျိုးနွယ်နဲ့ပတ်သတ်တာတွေနဲ့ အလုပ်ရှုပ်နေကြတာ၊ ဒါပေမယ့် ငါက အားနေတော့ သွားကြည့်ကြတာပေါ့”
ပထမဆုံးအနေနှင့် သူတို့ရွှန်းယွမ်ဆိုင်သို့သွားကာ တုလေးအားခေါ်ပြီးနောက် အိမ်ကြည့်ရန် သွားကြလေသည်။
ရှီမာယူယန်တွေ့ထားသော အိမ်မှာ ရှီမာမျိုးနွယ်အိမ်နှင့် သိပ်မဝေးပဲ ရှီမာမျိုးနွယ်၏ တောင်တန်းနှင့် နီးသည်။ မကြီးသော်လည်း လူထောင်ချီနေလျှင်လည်း ပြဿနာမရှိပေ။
အိမ်သည် မြို့လယ်နှင့်ဝေးသောကြောင့် တိတ်ဆိတ်ပြီး အေးချမ်းကာ ကျင့်ကြံရန် အဆင်ပြေလှသည်။
“မဆိုးဘူး” ရှီမာယူယူ ပတ်ကြည့်ကာ ပတ်ဝန်းကျင်အား ကျေနပ်သွားသည် “မင်းတို့အားလုံး ဘယ်လိုထင်လဲ”
“မဆိုးပါဘူး” ဝေကျိရွှီ ပြောလိုက်သည်။
“ငါကြိုက်တယ်” ဖက်တီးကျူ ပြောလိုက်သည်။
အားလုံး ကြိုက်သည်ကို မြင်လိုက်သောအခါ ရှီမာယူယန် ပျော်ရွှင်စွာ ပြောလိုက်သည် “မင်းတို့ ကြိုက်ရင် ဒီနေရာကို ယူလိုက်တော့မယ်”
“ကောင်းပြီလေ ဒီနေရာပဲ သုံးလိုက်ကြတာပေါ့” ထိုနေရာသည် သင့်တော်သည်ဟု ဘေဂုန်ထန်ခံငစားမိသည်။
“ဒါဆို မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ငါတို့အခု မိသားစုဖြစ်နေပြီ၊ ဘာတွေအားနာနေတာလဲ” ရှီမာယူယန်သည် သူမ ပုခုံးပေါ်လက်တင်ကာ ပြောလိုက်သည် “ငါတို့ လင်ချွန်းမြို့တော်မှာတွေ့တုန်းက ငါတို့ိမိသားစုဖြစ်လိမ့်မယ်လို့ ထင်တောင်မထားဘူး”
အိမ်ကိစ္စရှင်းလင်းပြီးသောအခါ ဝေကျိရွှီနှင့် တခြားသူများ နေရန် ဖြေရှင်းပြီးဖြစ်လေသည်။ ထိုသုံး နှစ်အတွင်းတွင် သူတို့သည် ကိစ္စပေါင်းများစွာကို ကြုံတွေ့ခဲ့ရသည်။ အချိန်ခဏလောက်တော့ သူတို့သည် တိုက်ပွဲအတွက် အရည်အချင်းများတိုးတက်ရန် မစဉ်းစားပဲ ကျင့်ကြံရန်သာ အားထုတ်ကြမည်။
အချိန်တစ်ခုရောက်သည်နှင့် သူတို့၏ ကျင့်ကြံမှုမှာလည်း လျင်မြန်စွာတိုးတက်လာမည်ဟု ယုံကြည်ကြသည်။
“မင်းကို ဂိုဏ်းထဲ သိမ်းသွင်းချင်တဲ့သူတွေ မကြာခင်ရောက်လာကြမှာ၊ မင်း ဆန္ဒရှိရင်တော့ အင်အားကြီးကို မင်းဘာသာရှာပေါ့” ရှီမာယူယန်ပြောလိုက်သည်။
“ငါတို့ အင်အားကြီးထဲ ဝင်ဖို့စိတ်မဝင်စားဘူး၊ ငါတို့်မလုပ်ချင်ဘူးဆိုရင် ဘာလုပ်သင့်လဲ” ဖက်တီးကျူ ပြောလိုက်သည်။
“ငါ ငါ့အဘိုးကို သွားရှာပြီး နည်းနည်းလောက်ဆွေးနွေးကြည့်မယ်၊ မင်းတို့်အားလုံး ငါတို့် ရှီမာမျိုးနွယ် ဂိုဏ်းထဲဝင်လို့ရတယ်၊ ပြီးတော့ ငါတို့က မင်းတို့ကို ဘာမှမပေးဘူးဆိုရင် မင်းတို့လည်း ငါတို့ကို ဘာမှလုပ်ပေးစရာမလိုဘူး” ရှီမာယူယန်ပြောလိုက်သည်။
“အဲအကြံမဆိုးဘူး” ဖက်တီးကျူပြောလိုက်သည် “ညီအစ်ကို ယူယန်ကို ကျေးဇူးတင်ပါတယ်”
“ဒါဆိုလည်း ကောင်းပြီ ယူယူနဲ့ ငါအရင်သွားနှင့်မယ်၊ ငါတို့်အချိန်ရရင် မင်းတို့ကို လာရှာမယ်”
ထို့နောက် ရှီမာယူယူနှင့် ရှီမာယူယန်တို့သည် အားလုံးကို ထားကာ ထွက်သွားလေသည်။
မကြာခင်တွင် ရှီမာယူယန်လွှတ်လိုက်သည်ဟု ပြောသော အစေခံမိန်းကလေးများရောက်လာကာ သူတို့အတွက် အစစအရာရာတာဝန်ယူဖြေရှင်းပေးလေသည်။
ဘေဂုန်ထန်နှင့် တခြားသူများသည် အစပိုင်းတွင် ငြင်းသေးသည်။ သို့သော် တုလေး နေ့တိုင်းစားသောက်ရန်နှင့် တစ်အိမ်လုံး သန့်ရှင်းရေးလုပ်ရန်အတွက် နေခိုင်းရတော့သည်။
ရှီမာယူယန်နှင့် တခြားသူများသည် ရှီမာမျိုးနွယ်သို့ပြန်ကာ ရှီမာလင်းအား သွားတွေ့ကြသည်။ သူ ဝေကျိရွှီနှင့် တခြားသူများအကြောင်းကို ပြန်ပြောပြလေသည်။
ရှီမာယူယန်၏ တောင်းဆိုမှုကို ရှီမာလင်း အလျင်အမြန်ပင် သဘောတူလိုက်ကာ ဝေကျိရွှီနှင့် တခြားသူများသည် ရှီမာမျိုးနွယ်ဂိုဏ်းကို ဝင်လိုက်ပြီဖြစ်ကြောင်းကို သတင်းလွှင့်ခိုင်းလိုက်တော့သည်။
ထိုသတင်းပျံ့သွားသည်နှင့် သူတို့အား သိမ်းသွင်းချင်သော အင်အားကြီးများ နောက်ဆုတ်သွားလေသည်။ ရှီမာမျိုးနွယ် အခွင့်ရေးကောင်းရသွားလေသည်။
သို့သော် ရှီမာယူယူနှင့် သူတို့၏ ဆက်ဆံရေးကို စဉ်းစားလိုက်လျှင် သူတို့ သက်ပြင်းချရုံသာတတ်နိုင်ပြီး ဒီတစ်ကြိမ်တွင် ရှီမာမျိုးနွယ်သည် အမြတ်ထွက်သွားလေသည်။
“မျိုးနွယ်ခေါင်းဆောင်ကို ကျေးဇူးအများကြီးတင်ပါတယ်” ရှီမာယူယူ အရိုအသေပေးလိုက်သည်။
“ငါတို့ကို ကျေးဇူးတင်ဖို့မလိုပါဘူး၊ ဒီကနေပြီးတော့ ငါတို့်လည်း အမြတ်ထွက်တာပဲ” ရှီမာလင်း ပြောလိုက်သည် “ဒီလိုဆိုရင် အင်အားကြီးတွေက မင်းတို့ကို ထပ်ပြီး မသိမ်းသွင်းတော့ဘူးလေ”
အင်အားကြီးများသည် မရိုးရှင်းသည်ကို စဉ်းစားလိုက်သည့်အခါ သူမ နားလည်။
“ယူယူ မင်းအဘိုး တောင်းဆိုထားတော့ မင်းနာမည်ကို မျိုးဆက်မှတ်တမ်းမှာ ရေးမထားဘူး၊ ဒါပေမယ့် မင်းဟာ ငါတို့်မျိုးနွယ်ဝင်ပါပဲ” ရှီမာယူလင်းပြောလိုက်သည်။
“အဘိုးက ပြောပြီးသားပါ၊ အဘိုးနဲ့ တခြားသူတွေကို ကောင်းကောင်းဆက်ဆံပေးပါ” ရှီမာယူယူ ပြောလိုက်သည်။
သူမသည် မျိုးဆက်မှတ်တမ်းတွင် ရေးခြင်း ရှိ၊မရှိကို ရှီမာယူယူ ဘာထင်မြင်ချက်မှ မရှိပေ။ ရှီမာလိုင်နှင့် တခြားသူများနှင့် အတူနေရရင် ဖြစ်သည်။
“အရင်က မလုပ်ခဲ့ရတဲ့အတွက် မျိုးနွယ်က သူတို့ကို ကောင်းကောင်းပြန်ပေးဆပ်မှာပါ” ရှီမာလင်း ပြော လိုက်သည်။
“မျိုးနွယ်ခေါင်းဆောင်ကို အများကြီးကျေးဇူးတင်ပါတယ်” သူတို့သည် ရှေ့လျှောက်အတူ နေထိုင်သွား ကြမည်ဖြစ်၍ အရင်က ကိစ္စများကို ပြန်လည်တွက်ကပ်မလိုတော့ပေ။ ထို့အပြင် ရှီမာလိုင်နှင့် တခြားသူများအား ရက်စက်စွာ ရိုက်နှက်ခဲ့သော သူများသည်လည်း သေသွားပြီးဖြစ်သည်။
ရှီမာယူယူ၏ စိတ်ထားကောင်းသည်ကို ရှီမာလင်း မြင်နိုင်သဖြင့် ကျေနပ်စွာခေါင်းညိတ်ပြီး ပြောလိုက်သည် “မင်းရဲ့ ဆေးပညာအရည်အချင်းက ကောင်းလွန်းလို့ ဦးလေးငယ်ကို ကုနိုင်တာဖြစ်မယ်၊ မင်းကို အကူအညီတောင်းစရာရှိတယ်”
“ဘာကိုလဲ”
ရှီမာလင်းသည် ရှီမာယူယန်အား စိုက်ကြည့်ပြီး ပြောလေသည် “ယန်လေး အောက်အရင်ဆင်းနှင့်”
ရှီမာယူယန်သည် အောက်ဆင်းသွားသည်နှင့် ရှီမာလင်းသည် အမှောင်ဘက်လာကာ တွန်းဖွင့်လိုက်လေသည်။ လျှို့ဝှက်လမ်းကြောင်းသည် ရှီမာယူယူရှေ့တွင် ပေါ်လာလေသည်။