အပိုင်း(၂၃၃)-အဓိကပါဝင်ပစ္စည်းများကို ရှာရတာမလွယ်ဘူး
Vol. 003 Ch. 233
ရှီမာမျိုးနွယ်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများမှာ ပျံ့နှံ့သွားလေသည်။ ရှီမာဂျွန်သည် ဒဏ်ရာပြန်သက်သာလာပြီး ထိုနှစ်က အဖြစ်အပျက်များကို ပြန်ပြောကာ အပြစ်သားဟု သတ်မှတ်ခံရသော ရှီမာလိုင်မိသားစုသည် အပြစ်များရှင်းလင်းသွားပြီး ရှီမာမျိုးနွယ်သို့ ပြန်ရောက်လာသည်။
ထိုနေ့က ရှီမာယူယူသည် ရှီမာမျိုးနွယ်၏ တံခါးမကြီးမှ အော်ဟစ်ပြီး ရှီမာအိမ်တော်ရှိ ရှီမာခစ်နှင့် ရှီမာတို့အား သတ်ခဲ့သေးသည်။ သူမ သရုပ်မှန်နှင့် ထည့်ပေါင်းလိုက်သောအခါ အားလုံးသည် သူမအကြောင်းသိချင်ကြပြီး ဒုံချိန်းတိုင်းပြည်မှ သူမထွက်လာပုံများကို သိချင်ကြသည်။
ထိုအချိန်တွင် သူမနှင့် ရှီမာလင်းသည် လျှို့ဝှက် လမ်းကြောင်းတွင် လျှောက်နေကြသည်။ သူမ လမ်းလျှောက်ရင်းနှင့် ထိုနေရာသည် ရှီမာအိမ်တော်၏ မည်သည့်အစိတ်အပိုင်းဖြစ်ကြောင်းကို သူမ မသိတော့ပေ။
သူတို့နှစ်ယောက် နာရီဝက်အနည်းဆုံးလျှောက်ပြီးချိန်တွင် လျှို့ဝှက်လမ်းကိုဖြတ်ကျော်ပြီး ဂူတစ်ဂူသို့ဝင် ရောက်လေသည်။
“ရောက်ပြီ” ရှီမာလင်း ထိုအရှေ့တွင်ရပ်လေသည်။
ရှီမာယူယူ သူ့နောက်လိုက်ကာ ဂူထဲသို့ဝင်လေသည်။ လူတစ်ယောက်သည် ကျောက်ဖျာပေါ်တွင်လဲနေကာ သူ့ခန္ဓာကိုယ်သည် အလင်းရောက်ထွက်နေသည်။ သူ့ကြည့်ရသည်မှာ တစ်စုံတစ်ခုကို ကာကွယ်နေသလိုပင်။
“အဲဒါဘယ်သူလဲ” ရှီမာလင်း ဘာလို့ သူမကိုခေါ်လာလဲဆိုသည်ကို နားမလည်တော့ပေ။
“သူက ရှီမာမျိုးနွယ်ရဲ့ ခေါင်းဆောင်တစ်ယောက်ပဲ” ရှီမာလင်း ပြောလိုက်သည် “သူက ငါတို့မျိုးဆက်ရဲ့ ဘိုးဘေးထဲက စီနီယာအကျဆုံးတစ်ယောက်ပဲ”
“မိသားစုဘိုးဘေးဟုတ်လား” ရှီမာယူယူ ထိုလူအား အံ့သြစွာကြည့်မိသည်။ သူသည် သာမာန်လူ တစ်ယာက်ကဲ့သို့ မထင်ရပေ။
“လွန်ခဲ့တဲ့သုံးနှစ်က ငါတို့ဒုံချန်းတိုင်းပြည်သွားတုန်းက ငါက မျိုးနွယ်ခေါင်းဆောင်မဟုတ်သေးဘူး၊ အဲတုန်းက မျိုးနွယ်ခေါင်းဆောင်က သူပဲ” ရှီမာလင်း ပြောလေသည် “အဲတုန်းက ငါတို့မင်းအဘိုးနဲ့ ရှီမာခိုင်းကို ပြန်ခေါ်ခဲ့တာ၊ လမ်းတစ်ဝက်မှာပဲ ရှီမာခိုင်က နတ်ဆိုးတိရစ္ဆာန်ကြောင့် သတိမေ့နေခဲ့တယ်၊ သူတို့စာချုပ်ကြောင့်လား ဘာလားတော့မသိဘူး သူ ဆိုဖီယာတောင်တန်းကထွက်တာနဲ့ သေသွားတယ်”
“အဲဒါကြောင့် အဲလူကို မတွေ့မိတာကိုး” ရှီမာယူယူ ပြောလေသည်။
ရှီမာလင်းသည် သူမအား ကြည့်ပြီး ဆက်ပြောလေသည် “ငါတို့အိမ်ပြန်ရောက်တဲ့အချိန်မှာ မျိုးနွယ်ခေါင်းဆောင်က တစ်ခုခုဖြစ်နေတာကို ငါတို့သိပ်ပြီး ဂရုမစိုက်မိဘူး၊ ဒါပေမယ့် သူ ချည်နှောင်ခံရပြီး တစ်ယောက်က သူ့ကိုသယ်လာရတယ်၊ မျိုးနွယ်က အကုန်ကြိုးစားကြည့်တယ်၊ ဒါပေမယ့် သူ့ကို မကုနိုင်ဘူး၊ သူ့အသက်တဖြည်းဖြည်း ကုန်တော့မှာကိုမတားနိုင်ဘူး၊ နောက်ဆုံးတော့ သူ့အသက်ကယ်ဖို့ ငါတို့မိသားစု လျှို့ဝှက်နည်းကို သုံးထားရုံပဲ တတ်နိုင်တယ်”
“သူ့ကို ကျွန်တော့်ကို ကယ်စေချင်တာလား” ရှီမာယူယူ မေးလိုက်သည်။
ရှီမာလင်း ခေါင်းညိတ်ကာ ပြောလိုက်သည် “မျိုးနွယ်သမားတော်တွေကတော့ နည်းလမ်းမရှိဘူးလို့ ပြောကြတယ်၊ ဒါပေမယ့် မင်းက ဦးလေးငယ်ကိုတောင်ကုနိုင်တယ်ဆိုတော့ မင်းမှာနည်းလမ်းတော့ရှိမယ်လို့ ငါယုံတယ်”
“ကျွန်တော် သူ့ကို အရင်စမ်းကြည့်မယ်” ရှီမာယူယူ မရုတ်မလွန်ပြောလေသည်။
“ကောင်းပြီ”
ရှီမာယူယူသည် လျှောက်သွားကာ မျိုးနွယ်ခေါင်းဆောင်ကြီးကို လေးနက်သော မျက်နှာထားဖြင့် သေချာစွာ စမ်းသပ်လေသည်။
သူ့အရိုးနှင့်ဆက်ထားသော သွေးကြောတစ်ခုချင်းစီသည် ပျက်ဆီးနေသည်။ အူသိမ်အူမကြီး ငါးခုနှင့် ကလီစာ ၆ခု၏ တစ်ဝက်လောက်မှာ ဒဏ်ရာအပြင်းအထန်ရထားသည်။ သူသည် သေသလောက်ပင် ဖြစ်နေပြီ။
သူ့ဒဏ်ရာများသည် အရင်က ဘေယွန်ချွမ်းထက်ပင် အဆများစွာ ဆိုးသည်။ သိုပသော် အပြင်းထန်ဆုံး ဒဏ်ရာမှာ ခန္ဓာကိုယ်မှ မဟုတ်ပေ။
“သူဘယ်လိုနေလဲ” ရှီမာလင်းသည် ဘေးမှမေးလိုက်သည်။
ရှီမာယူယူ သက်ပြင်းချကာ ပြောလိုက်သည် “သူ့ဒဏ်ရာတွေက ဘယ်သူမဆို မခံနိုင်ဘူး သေလောက်တယ်”
“သူ့ကိုကယ်ဖို့ နည်းလမ်းမရှိတော့ဘူးလား” ရှီမာလင်းသည် အနည်းငယ် မျှော်လင့်ချက်ထားနေသေးသည်။
“နည်းလမ်းမရှိတာတော့ မဟုတ်ဘူး” ရှီမာယူယူ ပြောလေသည် “အောင်မြင်မှုရာခိုင်နှုန်းနည်းတာပဲ ရှိတယ်”
“ဒါဆို သူ့မှာ အခွင့်အရေးရှိပါ့မလား” ရှီမာလင်း စိုးရိမ်သွားသည်။
ရှီမာယူယူ ခေါင်းရမ်းကာ ပြောလိုက်သည် “သူ့ခန္ဓာကိုယ်က အကြောသေနေပြီ၊ ပြန်ကောင်းဖို့တော့ မလွယ်ဘူး၊ ဒါပေမယ့် အခက်ဆုံးအပိုင်းက ဒါမဟုတ်ဘူး”
“ဒါဆို ဘာလဲ”
“သူ့လိပ်ပြာက ပျောက်ကွယ်တော့မယ်၊ သူ့အသက်ကို ထိန်းထားဖို့ဆိုရင် လိပ်ပြာက သတိမေ့တာကနေ နိုးလာမှဖြစ်မယ်” ရှီမာယူယူ ပြောလိုက်သည် “လိပ်ပြာက နိုးမလာဘူးဆိုရင် သူ့ဒဏ်ရာတွေကို ကုလည်း အလကားပဲ”
“မင်းဘယ်လောက် သေချာလဲ” ရှီမာလင်းသည် သူ့ဒဏ်ရာအခြေအနေအားသိသဖြင့် ကုသရန် အခွင့်အရေးနည်းသည် ကိုလည်း နားလည်သည်။ ထိုသို့မှမဟုတ်လျှင် သူတို့လျှို့ဝှက်နည်းကို သုံးမည်မဟုတ်ပေ။
“တစ်ဝက်တောင်မရှိဘူး” ရှီမာယူယူ ပြန်ဖြေသည် “ပြီးတော့ အကုန်အကျလည်းများမယ်၊ ဈေးကြီးတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေလိုမယ်”
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရှီမာမျိုးနွယ်ကို ဘယ်သူလုပ်တာလဲဆိုတာ ဖော်ထုတ်ရမယ်၊ ဘယ်သူကမှ ငါတို့် မျိုးနွယ်ခေါင်းဆောင်ကို ထိခိုက်အောင် လုပ်လို့မရဘူး” ရှီမာလင်းသည် လေးနက်စွာပြန်ဖြေသည် “ငါတို့ ဆေးဖက်ဝင်ပစ္စည်းတွေရှာကို ဖြေရှင်းမယ်၊ ဒါဆိုရင် မင်း သူ့ကို ကုဖို့ လုံလောက်မလား”
“လုံလောက်ပါတယ်” ရှီမာယူယူ ပြန်ဖြေသည်။
သူတို့ ဂူထဲမှထွက်သောအခါ သူနှင့် ရှီမာယူယူတို့သည် လာရာလမ်းကြောင်းအတိုင်း ပြန်ကြသည်။ အိမ်သို့ ပြန်ရောက်သောအခါ သူမသည် ဆေးဖက်ဝင်ပစ္စည်းစာရင်းကို ချရေးသည်။ ထိုများစွာသော တိုးကပ်စွာရေးထားသော အမည်များသည် တစ်ရာ၊ တစ်ထောင်ပင် ကျော်လောက်သည်။
“အဓိက ဆေးဖက်ဝင်ပစ္စည်းက လွဲပြီး တခြားဟာတွေကို ဖြစ်နိုင်သလောက် များများစုပေးပါ” ရှီမာယူယူ ညွန်ကြားလိုက်သည်။
နှစ်ရက်ကြာသော် သူမအား ခေါ်ရန် ရှီမာလင်း လူလွှတ်လိုက်လေသည်။ သူနှင့် အတူ မျိုးနွယ်လူကြီးပိုင်းများ သူမအား စောင့်နေကြသည်။
ရှီမာယူယူ သူတို့အား အရိုအသေပေးပြီးနောက်တွင် သူတို့မျက်နှာမကောင်းသည်ကို မြင်လိုက်ရ သဖြင့် မေးလိုက်သည် “ဘာဖြစ်လို့လဲ”
“မင်းငါတို့ကို ပေးတဲ့ အဓိကဆေးဖက်ဝင်ပစ္စည်းထဲက သုံခုက မရှိဘူး” ရှီမာလင်း ပြောလိုက်သည်။
“မရဘူးလား” ရှီမာယူယူ အနည်းငယ် ရှုပ်ထွေးသွားသည်။ ထိုပစ္စည်းများသည် သူမ စာအုပ်ထဲတွင် မြင်ဖူးသည်။ အဲဒါတွေ မရှိဘူးဆိုရင် ဘယ်လိုလုပ် စာအုပ်ထဲမှာ ရှိနေရတာလဲ။
“ငါတို့ လရှုရှိုက်မြက်ပင်၊ တိမ်ပန်းနေဝင်ရယ် အညိုရောင်ပျားရည်က လွဲပြီး အကုန်ရှာလို့ရတယ်” ဘေးတွင် ထိုင်နေသော သက်ကြီးဝါကြီးတစ်ယောက်မှ ပြောလိုက်သည်။
ထိုအဖွဲ့မှာ ရှီမာမျိုးနွယ်မှ သက်ကြီးပိုင်းအဖွဲ့ဖြစ်သည်ကို ရှီမာယူယူ သိပြီးဖြစ်သည်။ သူတို့ အများစုမှာ ရှီမာလင်းကဲ့သို့ မျိုးနွယ်ဆက်၏ စီနီယာများဖြစ်ကြသည်။
“အဲသုံးခုက ရှားတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမယ့် လုံးဝမရှိတာတော့ မဟုတ်ဘူးမလား၊ ရွှမ်းယွမ်ဆိုင်တွေနဲ့ အဂ္ဂိရတ်ပညာရှင်အသင်းတွေကို သွားပြီးပြီလား”
“သွားပြီးပြီ” သက်ကြီးပိုင်း နောက်တစ်ယောက်မှ ပြောလိုက်သည် “ဒါပေမယ့် အဲဒီက အဂ္ဂိရတ်ပညာရှင် တွေကလည်း သူတို့လည်း အဲဒီဆေးဖက်ဝင် သုံးခုကို မမြင်တာကြာပြီတဲ့ သူတို့မှာလည်း လက်ထဲမှာ ပစ္စည်းမရှိဘူး”
“သူတို့ဆီမှာ မရှိရင် သွားရှာရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ပထမနှစ်မျိုးက တစ်ခုဘေးမှာ တစ်ခုပေါက်ကြတယ်၊ အဲ၂ခုရရင် ပျားရည်ရရင် အဆင်ပြေပြီ၊ အဲဒါပြီးမှ ပျားရည်ရှာရမယ်”
“ငါတို့လည်း အဲလိုစဉ်းစားသေးတယ်” ရှီမာလင်း ပြောလိုက်သည် “ဒါကြောင့်ပဲ ပင်လယ်ဘက်ကို သွား ရှာတော့မလို့၊ မင်းကိုခေါ်တာ သွားရှာမယ့်သူတွေအတွက် ဆေးဖက်ဝင်ပစ္စည်းတွေရဲ့ ပုံကို ဆွဲပေးရမယ်”
“ပျားရည်ကတော့ ပုံဖော်ရတာလွယ်သလို မြင်လိုက်ရင်လည်း သိတယ်၊ ဒါပေမယ့် ဆေးဖက်ဝင်ပစ္စည်း ၂ခုကတော့ တခြား ဆေးဖက်ဝင်တွေနဲ့ တူလို့ သိဖို့ခက်တယ်၊ သွားမယ်ဆိုရင် ကျွန်တော် တစ်ယောက်တည်းလိုက်ခဲ့တယ်၊ အဲအချိန်ကျရင် ကျွန်တော် ပြလို့ရတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“အဲနေရာက အရမ်းအန္တရာယ်များတယ် မင်းရဲ့ သူငယ်ချင်း အထွတ်အထိပ်သားရဲလည်း မရှိဘူး၊ မင်း အိမ်မှာနေခဲ့တာ ကောင်းမယ်” ရှီမာလင်း သဘောမတူပေ။ “အဲဆေးဖက်ဝင်ပစ္စည်းကိုပဲ ဆွဲပေးပါ”
“ကျွန်တော် မလိုဘူးဆိုရင် အစောကတည်းက ဝင်မပါဘူး၊ ဒါပေမယ့် အဲနှစ်ခုကို ရောလိုက်ရင် သူ့ကို ကုမရတဲ့အပြင် သတ်လိုက်သလိုဖြစ်သွားမယ်” ရှီမာယူယူ ပြောလေသည်။
“အဲလိုဆိုရင်လည်း သူ့ကိုလွှတ်လိုက်ကြရအောင်လေ” အသက်အကြီးဆုံး လူကြီးက ပြောလေသည် “အဲအချိန်ကျရင် ငါလည်း ကိုယ်တိုင်သွားမယ်၊ ငါတို့ လူတွေထပ်ခေါ်သွားပြီး သူမ လုံခြုံဖို့ တာဝန်ယူပါတယ်”
သူတို့၏ လေးနက်သွားသော မျက်နှာထားအား ကြည့်ပြီး ရှီမာယူယူ မေးလိုက်သည် “အဲဒီပင်လယ်က ရိုးရိုးပင်လယ်ပဲမလား၊ ဘာတွေကြောက်နေကြတာလဲ”
အားလုံး ခေါင်းညိတ်ပြီး ပြောလိုက်သည် “ပင်လယ်ပိုင်းမှာနေတဲ့ သတ္တဝါတွေက ကုန်းပိုင်းက သတ္တဝါတွေထက် ပိုသန်မာတယ်၊ မင်းဂရုမစိုက်ရင် သူတို့အစာဖြစ်သွားမယ်”
“အဲလောက် ကြောက်ဖို့ကောင်းလား” ရှီမာယူယူ သိချင်သွားသည်။
“သဘာဝအတိုင်းပဲလေ” သက်ကြီးပိုင်းတစ်ယောက်မှ ပြောလိုက်သည် “ဖြစ်လာမယ့် အန္တရာယ်ကတော့ ဆိုဖီယာတောင်တန်းမှာထက် များဖို့ပဲရှိတယ်၊ ဒါကြောင့်ပဲ ပင်လယ်ပိုင်းမှာပေါက်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေက ဒီတိုင်းပြည်မှာ ရှားပါးတာ”
“လူကြီးမင်းတို့က အဲလိုပြောမှတော့ ကျွန်တော် တကယ်သွားပြီး ကြည့်ချင်နေပြီ…” ရှီမာယူယူသည် မေးစေ့အားကိုင်ကာ ပြောလိုက်သည်။