အပိုင်း(၂၃၄)-ပင်လယ်ဧရိယာသို့ ဦးတည်ခြင်း
Vol. 003 Ch. 234
ထို့ကြောင့်ပင် စံတင်ဝိညာဉ်၊ သူတော်စင်ဝိညာဉ်ဆယ်ယောက်၊ ဝိညာဉ်နယ်ရှင်ငါးယောက်နှင့် ကျန်နှစ်ယောက်ဖြစ်သော ရှီမာယူယူနှင့် ရှီမာယူလန်ပါဝင်သော စီနီယာအကျဆုံး သက်ကြီးဝါကြီး ပုဂ္ဂိုလ်ဦးဆောင်သော အဖွဲ့သည် ပင်လယ်ဘက်သို့ဦးတည်ကြလေသည်။
သူတို့ထွက်ခွာမည့်နေ့မှာ ရှီမာယူလန် တံခါးပိတ်လေ့ကျင့်ရာမှ ထွက်လာမည့် နောက်သုံးရက်အကြာအဖြစ် သတ်မှတ်ထားသည်။
ရှီမာယူလန်သည် ပြီးခဲ့သည့်တစ်ခေါက်က ရွှေမြွေအသီးတည်ရှိသည်ကို ခံစားနိုင်သည်ဖြစ်၍ သူတို့နှင့် အတူခေါ်ဆောင်သွားလျှင် သူမ၏ အရည်အချင်းသည် သေချာပေါက်အကူအညီဖြစ်မည်ကို ရှီမာယူယူ နားလည်သည်။
“အဲဒါကြောင့် သူမကို တစ်ချိန်လုံးမတွေ့တာကိုး၊ ဘေဂုန်နဲ့ တခြားသူတွေ သူမနဲ့တွေ့ပြီးတော့ တံခါးပိတ်ကျင့်ကြံတာ စတာနဲ့တူတယ်” ရှီမာယူယူ တွေးမိလိုက်သည်။
ထို့နောက်တွင် ရှီမာယူယူ တခြားအိမ်သို့သွားကာ သူမ အချိန်တစ်ခုထွက်သွားမည်ဖြစ်ကြောင်းကို ဝေကျိရွှီနှင့် တခြားသများကို ပြောကြားလေသည်။ တစ်ခုခုကိစ္စရှိလျှင် ရှီမာယူယန်ကိုသွားရှာရန်နှင့် သူတို့အား ကူညီရန် သူရောက်လာမည်ဖြစ်ကြောင်းကို သူမ တစ်ခါတည်းပြောခဲ့လိုက်သည်။
သုံးရက်အကြာတွင် ရှီမာယူယန်သည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီး ရှီမာမျိုးနွယ်တစ်ခုလုံးသည် အဆင်သင့်ဖြစ်ကာ စောင့်ဆိုင်းနေသည်။
ထွက်ခွာရန် အဆင်သင့်ဖြစ်နေသော အဖွဲ့တွင် ထပ်တိုးလူတစ်ယောက်ပါနေသည်ကို ရှီမာယူယူ သိလိုက်သည်။
“သူကလည်း ဘာလို့လိုက်မှာလဲ” ဝင်လာသော ရှီမာယူလင်းအား မြင်သောအခါ သူမသည် အသံသေးသေးဖြင့် မေးလိုက်သည်။
မထင်မှတ်စွာပင် ရှီမာယူလင်းသည် လျှောက်လာကာ သူမ ပြောသည်ကိုကြားပြီးနောက်တွ င်ရပ်ပြီးနောက် ပြောလေသည် “အစည်းအဝေး ကစတော့မှာဆို တော့ လေ့ကျင့်ရာက လာတာလေ”
သူပြောပြီးနောက်တွင် ရှေ့သို့ဆက်လျှောက်သွားကာ စီနီယာအကျဆုံး သက်ကြီးပုဂ္ဂိုလ်ဘေးသွားကာ တစ်စုံတစ်ခုပြောလေသည်။
“ဒီလူကတော့ သူ့ကိုယ်ရောင်ကိုယ်ဝါကို ဖုံးကွယ်တာ တကယ်တော်တယ်” တစ်ဖက်လူမှ နီးကပ်လာမှ သူမ သတိပြုမိခဲ့သည်ကို စဉ်းစားမိလျှင် သူမ ဒေါသထွက်ခဲ့သည်။
ရှီမာယူလန် လျှောက်လာပြီး ပြောလေသည် “အစ်ကိုကြီးယူလင်းက ငယ်ငယ်ကတည်းက ကိုယ်ဝါဖျောက်နည်းကို သင်ခဲ့တယ်၊ ဒါကြောင့်ပဲ သူ့နံရိုးတွေအထိ မြင်နိုင်တယ်”
ရှီမာယူယူ လှည့်ကာ ရှီမာယူလန်အား ခေါင်းညိတ်ပြလိုက်သည်။
သူမသည် လွန်ခဲ့သည့်သုံးနှစ်ကအတိုင်း လှပဆဲပင်။ သူမသည် သိပ်မပြောင်းလဲပါ၊ သူမ၏ ကြီးထွားမှုနှုန်းသည် သူများနှင့် ယှဉ်လျှင် နှေးသည်။
“လွန်ခဲ့တဲ့သုံးနှစ်က ကျွန်တော့်ကို ဆေးပေးခဲ့တဲ့အတွက်ကျေးဇူးပါ” ရှီမာယူယူ ပြောလိုက်သည်။
“အဲတုန်းက မင်းမှာ ဒဏ်ရာတွေများနေတာတောင် အလျော့မပေးလို့ ငါအံ့သြရသေးတယ်” ရှီမာယူလန်၏ အပြုံးသည် ကြည်လင်၍ လွန်ခဲ့သော သုံးနှစ်ကကဲ့သို့ အထက်ဆီးဆန်သော အမူအရာများ မရှိတော့ပေ။
“ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော် ခင်ဗျားကို ကျေးဇူးတင်တုန်းပါပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ပွင့်လင်းလိုက်တာ၊ အဲတုန်းက မင်းကြောင့် စိတ်လှုပ်ရှားခဲ့ပေမယ့် မင်းဒီလို အောင်မြင်လိမ့်မယ်လို့ ထင်မထားဘူး၊ ဒါကြောင့်ပဲ ကတိမတည်တော့ဘူးလို့ ထင်လို့ ငါတံခါးပိတ် လေ့ကျင့်သွားလိုက်တာ” ရှီမာယူလန်ပြောလိုက်သည် “ငါထွက်လာတော့ မိသားစုမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့အားလုံး ပြန်ရောက်လာတာ ဝမ်းသာပါတယ်”
သူတို့နှစ်ယောက်သည် လွန်ခဲ့သည့်သုံးနှစ်က ကြီးမားသော သဘောထားကွဲလွဲခြင်းမရှိခဲ့ပေ။ ထို့ကြောင့်ပင် သူတို့အရင်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ လျစ်လျူရှုရန်ဖြစ်နိုင်သည်။ အခုတော့ သူတို့သည်မိသားစုများဖြစ်နေကြပြီ။
“ညီလေး ၅ ယူယန် အဲလူပြောတာတော့ ပင်လယ်ဧရိယာမှာက အန္တရာယ်တွေပြည့်နေတာပဲလို့ ကြားတယ်၊ မင်း ဂရုစိုက်သင့်တယ်၊ တစ်ခုခုဖြစ်ရင် စိတ်မစောနဲ့ နားလည်လား”
ရှီမာယူလီနှင့် တခြားသူများသည် သူမအား လိုက်ပို့ရန် ထွက်လာသော်လည်း သူမသည် စိတ်လှုပ်ရှားစွာ စိတ်လောတတ်သဖြင့် သတိပေးရင်း သတိပေးနေရသည်။
ရှီမာယူယူ အားလုံးကို ခေါင်းညိတ်ပြပြီး သူမ ရှေ့မထွက်ကြောင်းကို ကတိပေးရသည်။ သက်ကြီးဝါကြီး ပုဂ္ဂိုလ် ပြောမှပင် သူတို့ဖယ်သွားကြပြီး သူမနှင့် ရှီမာယူလန်တို့သည် ဝိညာဉ်သားရဲပေါ်အတူတက်ပြီး ပျံသွားကြလေသည်။
အန်ယန်းမြို့တော်သည် အလယ်ပိုင်းကျူတိုင်းပြည်၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိသည်။ ပင်လယ်ကမ်းရိုးတန်းမှာ သိပ်မဝေးလှသဖြင့် ပျံသန်းသွားသော သားရဲများမှာ ရက်အနည်းငယ်ပျံသန်းရုံနှင့် ပင် ရောက်ရှိသွားလေသည်။
အန်းမြို့တော်သည် အန်းယန်မြို့တော်နှင့် စကားလုံးအနည်းငယ်ကွာသော်လည်း လက်တွေ့ကွာခြားချက်မှာ နေ့နှင့် ညလိုပင်။
ထိုအန်းမြို့တော်မှာ အန်းယန်မြို့တော်၏ တစ်ဝက်လောက်ပင်ရှိ၍ လူအနည်းငယ်သာရှိသည်။ လူအများစုမှာ တံငါအလုပ်ကို လုပ်ကိုင်ကြသည်။
အန်းယန်မြို့တော် ဆိပ်ကမ်းတွင် ရှီမာမျိုးနွယ်၏ သင်္ဘော ပြင်ဆင်ထားသည်။ ထိုသင်္ဘောမှာ မီတာ ၁၀၀ ရှည်လျား၍ ဆယ်မီတာ အမြင့်ရှိသည်။ ရှီမာမျိုးနွယ်၏ အကြီးဆုံး သင်္ဘောလည်းဖြစ်သည်။
သူတို့အဖွဲ့တက်ပြီးသည်နှင့် သင်္ဘောသည် စတင်ထွက်ခွာကာ ပင်လယ်အနက်ပိုင်းသို့ ဦးတည်လေသည်။
ရှီမာယူယူ သင်္ဘောစီးရသည်မှာ ပထမဆုံးအကြိမ်တော့မဟုတ်ပေ။ အရင်ဘဝတွင် လုပ်ကြံသူအဖြစ် ရှာထားသော ပိုက်ဆံများဖြင့် တခြား သရုပ်နှင့် အသွင်ယူထားစဉ်က သင်္ဘောတစ်စင်း လျှို့ဝှက်ပိုင်ဆိုင်ဖူးသည်။
“ဒီက ငါးတွေက တကယ်ကြီးတာပဲ” တစ်မီတာ ရှည်သော ငါးတစ်ကောင်တွေ့လိုက်သည်နှင့် ရှီမာယူယူသည် လက်ရန်းတွင်မှီကာ သက်ပြင်းချလိုက်သည်။
“ဒီကောင်တွေက သေးတယ်လို့ပြောလို့ရတယ်” ရှီမာယူလန်သည် သူမ သင်္ဘောကုန်းပတ်တွင် ရပ်ကာ ပင်လယ်ထဲမှ ငါးအားကြည့်ပြီးပြောလေသည် “ဒီက ငါးတွေက ပုံမှန်ပဲ၊ပင်လယ်အနက်ပိုင်းမှာရှိတဲ့ အကောင်တွေက ပိုကြီးတယ်၊ တောင်လောက်ရှိတဲ့ ငါးတွေ့ရင်သာ အံ့သြမသွားနဲ့”
သူမ ပြောလိုက်သောအခါ ရှီမာယူယူ၏ မျက်လုံးများ အရောင်တောက်သွားသည် “တောင်လောက်ကြီးတယ် ဟုတ်လား၊ သူတို့အသား အရည်အသွေးကရောဘယ်လိုလဲ အရသာရှိလား”
ရှီမာယူလန် တိတ်ဆိတ်သွားသည့်အချိန်များတွင် သူမနဖူးတွင် အနက်ရောင် အကြောင်း သုံးကြောင်း ပေါ်လာသည် “ကြီးတဲ့ပင်လယ် သတ္တဝါတွေက ပုံမှန်အားဖြင့် တကယ်သန်မာကြတယ်၊ လူအများစုက မစားကြဘူး”
ရှီမာယူယူ သူမ မေးစေ့အားကိုင်ကာ စမ်းကြည့်ရန် အခွင့်အရေးရှာရမည်ဟု သူမဘာသာ တွေးနေမိသည်။
“ပင်ဘယ်ဝိညာဉ်သားရဲတွေက သူတို့ခန္ဓာကိုယ်တွေကို သန့်ရှင်းဖို့ ဝိညာဉ်ချီကို သုံးကြတယ်၊ သူတို့ အသားအရည်အသွေးကတော့ ပြောဖို့တောင်မလိုတော့ဘူး” ရှီမာယူလင်း လျှောက်လာကာ ပေါ့ပါးစွာ ပြောလေသည်။
ရှီမာယူလင်း ရောက်လာကာ သူတို့နှင့် စကားပြောသည်ကို ရှီမာယူယူနှင့်ရှီမာယူလန်တို့ အနည်းငယ် အံ့သြသွားလေသည်။ သူက ဒီလိုမျိုးတွေကို မနှစ်မျို့တတ်တဲ့ လူမဟုတ်လား၊ အခု သူဘာလုပ်တာပါလိမ့်။
“အခု သွေးမိုးရွာတော့မှာလား” ရှီမာယူယူကြည့်ကာ ပြောလေသည် “မဟုတ်ရင် ထူးဆန်းတာပဲ”
ရှီမာယူလင်းသည် ရှီမာယူယူအား ကြည့်လိုက်သည်။ ဒီလူက တကယ်ကို အရိုက်ခံသင့်တယ်။
ရှီမာယူယူ ငါးအပေါ်ကို စိတ်ဝင်စားမှုပြကတည်းကပင် သူ ကုန်းပတ်ပေါ်တွင် ရှိနေတာဖြစ်သည်။ အစပိုင်းက သူတို့ စကားဝိုင်းကို ဝင်ပါရန် အစီအစဉ်မရှိပေ။ သို့သော် ရှီမာယူယူ မျက်လုံးများ တောက်ပလာသည်ကို မြင်သောအခါ မသိမသာလျှောက်လာကာ သူမ ပြောသည်ကို မှတ်ချက်ပေး မိသည်။
“အဲဒီ ပင်လင်သတ္တဝါတွေက အားကောင်းကြတယ်၊ ငါတို့တောင်မှ သူတို့ကို တွေ့ကရာ ပြဿနာမရှာရဲဘူး” သူ သတိပေးလိုက်သည် “မင်း သူတို့ကို စိတ်ဝင်စားရင်တောင် မစဉ်းစား မဆင်ခြင်ပဲ မလုပ်သင့်ဘူး”
“အင်း အင်း အကောင်းဆုံး သတိထားပါတယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
ပင်လယ်ဧရိယာသို့ သူမ လာရောက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်၍ မဆင်မခြင် မလုပ်သင့်သည်မှာ အသေချာပင်ဖြစ်သည်။ ဒီလိုနေရာမျိုးမှာ စံတင်ဝိညာဉ် ဖြစ်ရင်တောင် သတိထားရမည့် အန္တရာယ်ပြည်နှက် နေသည့် နေရာဖြစ်သည်။
“ယူလင်း၊ သူ့နာမည်ကြားတိုင်း ယူလင်းန်ကို သွားသတိရတယ်” ရှီမာယူယူသည် တိုးညင်းစွာပြောလေသည်။ သို့သော် သူမ ဘေးတွင်ရှိသော နှစ်ယောက်ကြားလောက်အောင်ထိတော့ မတိုးပေ။
ရှီမာယူလင်း ဆွံ့အသွား၍ မျက်နှာပျက်သွားခြင်းကို ထိန်းနေသည်ကို တွေ့သည်နှင့် ရှီမာယူလန်လည်း ကျိတ်ရယ်မိသည်။
သူ မတည်မငြိမ်ဖြစ်သွားသည်ကို မြင်သည်နှင့် ရှီမာယူယူ ကျေနပ်သွားကာ “ဟုတ်သားပဲ ငါ ဆေးဖက်ဝင် အပင်ကို အတည်ပြုဖို့လာတာ၊ ယူလင်းက သူ့စွမ်းအားတွေကို မျှပေးဖို့လာတာ၊ ယူလန် မင်းက ဘာလို့လိုက်လာတာလဲ၊ ဒီနေရာက အန္တရာယ်များတယ်လို့ ပြောထားတာမလား”
“ယူလန်ရဲ့ အရည်အချင်းက အဖိုးတန်ပစ္စည်းတွေအပေါ် အာရုံခံစားလွယ်လို့လေ” ရှီမာယူလင်း ပြောလိုက်သည်။
“သူမက အဖိုးတန်ပစ္စည်းတွေကို ခံစားလို့ရတဲ့ အရည်အချင်းရှိတာလား” ရှီမာယူလန်အား ချီးကျူးရင်း ရှီမာယူယူ၏ မျက်လုံးများသည် ပြူးကျယ်ကာ ကြည့်လိုက်သည်။
“ငါတို့မျိုးဆက်အဘိုးမှာ ဝိညာဉ်သားရဲသွေးသားရှိတယ်လို့ ပြောတာပဲ၊ ဒါပေမယ့် ဘယ်သူမှာမှ မပြလို့ ဘယ်သူမှ သတိမထားမိဘူး”
“ဝိညာဉ်သားရဲရဲ့ သွေးသားက ယူလန်ရဲ့ ခန္ဓာကိုယ်မှာ နိုးထလာတာလား” ရှီမာယူယူ မေးလိုက်သည်။
ရှီမာယူလန် ခေါင်းညိတ်သည်။
ရှီမာယူယူ အန္တရယ်အငွေ့အသက်ခံစားမိလာ၍ တစ်စုံတစ်ခုပြောရန် စဉ်းစားပြီး ပင်လယ်ဘက် မျက်နှာမူလိုက်သည်။
“ပင်လယ် သတ္တဝါ လာနေပြီ” သက်ကြီးဝါကြီး ပုဂ္ဂိုလ်၏ အသံသည် အထပ်အမြင့်ဆုံးအခန်းမှ ထွက်ပေါ်လာသည်။ ထို ဝိညာဉ်နယ်ရှင်များသည် လျင်မြန်စွာပင် ကုန်းပတ်ပေါ်သို့ ရောက်လာကြသည်။
ရှီမာယူယူ ပင်လယ်ဘက်ကြည့်လိုက်ရာ လှိုင်းလုံးများ ငြိမ်သွားသော်လည်း အန္တရယ်ရှိသော ရောင်ဝါသည် ပင်လယ်အောက်မှ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။ “ရွှီ….” စူးရှသော အော်သံနှင့်အတူ ဆယ်ကောင်သော ငါးများ ရေပြင်သို့ ပေါ်ထွက်လာသည်။