အခန်း (၂၄၄-၂၄၆)
Vol. 17 Ch. 244-246
အခန်း ၂၄၄
ကုထောင်ချွေ့ရှန်း၏ ညီငယ်၏အသက်ကို အာမခံနိုင်ရန် ရှောင်းယီသည် နာနာအား SS အဆင့် ရေသန့် ၂၀၀ မီလီကို ယူဆောင်သွားခိုင်းပြီး မဂတ္တမကိုကုသပြီးတဲ့နောက် တိုက်ခိုင်းလိုက်သည်။
သိထားရမည်မှာ အန်းယွဲ့တို့ပင်လျှင် ထို SS အဆင့်ရေကို သောက်ခွင့်မရှိပေ။
အန်းယွဲ့တို့သည် S အဆင့်နို့ကိုသာ သောက်နေကြရခြင်းဖြစ်လေသည်။
လက်ရှိအခြေအနေအရ မဂတ္တမသတိပြန်ရလာရန် အချိန်လိုနေသေးသောကြောင့် နာ့နာက စောင့်မနေတော့ဘဲ ဆေးထိုးအပ်နဲ့ မဂတ္တမ၏ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ထိုးသွင်းလိုက်လေသည်။
ထိုအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် နာနာသည် ကုထောင်ချွေ့ရှန်းဆီသို့ သွားလိုက်၏။
“နင်တို့ရဲ့ကျန်းမာရေးက အခြေအနေကောင်းတယ်။ ငါ့ကိုပြန်ပို့ပေးတော့။”
“ဟုတ်ကဲ့!”
ကုထောင်ချွေ့ရှန်းက ချက်ချင်းပငိ ဖြေလိုက်သည်။
“မဂတ္တမကို လာရောက်ကုသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ထိုသို့ပြောပြီးနောက် ကုထောင်ချွေ့ရှန်းသည် နာနာကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ပြန်ပို့ပေးလိုက်သည်။
နာနာသည် အလွန်ဉာဏ်ရည်မြင့်မားသည့် ဆေးဘက်ဆိုင်ရာစက်ရုပ်ဖြစ်သော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏အမြင်တွင် ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခံထားရသောကြောင့် သူမကိုလဲလှယ်၍ရနေခြင်းဖြစ်ပေသည်။
ထိုအရာပို ငှားရမ်းထားခြင်းဖြစ်သည့်အတွက် ကုထောင်ချွေ့ရှန်းသည် နာနာကို အချိန်မပြည့်လျှင်ပင် ပြန်ပို့ပေး၍ရပေသည်။
“သူဌေးယီရန်ပင်းက အရမ်းအံ့ဩစရာကောင်းတာပဲ။”
ဟွားလန်သည် စစ်မြေပြင်ကို ရှင်းလင်းပြီးသည့်နောက် နာနာ့အား ပြန်ပို့လိုက်သည်ကိုမြင်ပြီး ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“အဲ့ဒါကြောင့် နောက်ပိုင်းမှာ တခြားအတွေးတွေမဝင်စေနဲ့။ သူဌေးနောက်ကိုပဲလိုက်ရမယ်။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်၏။
“ကျွန်တော်မှာ တခြားအတွေးတွေမရှိပါဘူး။ ဒါ့အပြင် အစ်ကိုကြီးနဲ့လည်း စာချုပ်ချုပ်ထားပြီးနေပြီကို ဘာလို့ထွက်ပြေးနေဦးမှာလဲ။”
ဟွားလန်က ချက်ချင်းပြန်ဖြေလိုက်သည်။
“မဂတ္တမကို တဲထဲပြန်ခေါ်သွားတော့”
ကုထောင်ချွေ့ရှန်းက ပြောလိုက်၏။
သူတို့ရောက်မလာခင်ကတည်းက ကုထောင်ချွေ့ရှန်းသည် သူ၏တဲဘေးတွင် လဲလှယ်ထားသည့် တဲတစ်လုံးကို ထောင်ထားပြီးသားဖြစ်ပေသည်။
ဟွားလန်ထွက်သွားပြီးနောက် ကုထောင်ချွေ့ရှန်းသည် အသက်ရှင်နေသေးသော ဒေသခံဆီသို့ သွားလိုက်လေသည်။
သူသည် ထိုဒေသခံ၏ဝမ်းဗိုက်ကို ခပ်ကြမ်းကြမ်းနှစ်ချက်ကန်လိုက်၏။
“ဖူး!”
ထိုဒေသခံသည် ရေအများကြီးအန်ထုတ်လိုက်ပြီး နောက်ဆုံး၌ သတိရလာခဲ့သည်။ သူသည် ကုထောင်ချွေ့ရှန်းကိုမြင်သောအခါ ချက်ချင်းပင် ကြောက်လန့်တကြားအော်ဟစ်လေတော့သည်။
“ဟမ့်! မင်းငါ့လက်ထဲကို နောက်တစ်ခါပြန်ရောက်လာဦးမယ်လို့ ငါမထင်ထားခဲ့ဘူး။”
ကုထောင်ချွေ့ရှန်းသည်း အံ့ဩနေခဲ့သည်။ ထိုလူသည် သူ၏ကျွန်းသို့ ပထမဆုံးအကြိမ် ရောက်လာခဲ့သောသည်ဖြစ်ပေသည်။
ထိုအချက်မှတစ်ဆင့် ဤတစ်ကြိမ်တိုက်ခိုက်လာသူများမှာ ဟွားမင်မျိုးနွယ်စုမှဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ခဲ့သည်။
ထိုဒေသခံသည် သူ၏လက်နှစ်ဖက်ကို လေထဲသို့မြှောက်ထားပြီး တစ်ခုခုကို ဆက်တိုက်ပြောဆိုနေ၏။
“မင်းရဲ့ သောက်ပါးစပ်ကို ပိတ်ထားစမ်း!”
ကုထောင်ချွေ့ရှန်းက ကြိမ်းမောင်းလိုက်သည်။
“နောက်ပြီးရင် တစ်ယောက်ယောက်က မင်းကိုမေးခွန်းတွေမေးရင် မှန်မှန်ကန်ကန်ဖြေရမယ် ကြားလား!”
သို့သော်လည် ထိုဒေသခံသည် အနှစ်သာရမရှိသောစကားများကို ဆက်တိုက်ပြောနေသောကြောင့် ကုထောင်ချွေ့ရှန်းက နောက်တစ်ခါပစ်ကန်လိုက်၏။ သူသည် ကုထောင်ချွေ့ရှန်း၏ ရက်စက်ကြမ်းတမ်းသောမျက်လုံးတွေကိုကြည့်ပြီး ကြောက်လန့်ကာ ပါးစပ်ပိတ်လိုက်လေတော့သည်။
ထို့နောက် ကုထောင်ချွေ့ရှန်းသည် သူ၏တဲထဲသို့ ပြန်ဝင်သွားပြီး ရှောင်းယီနှင့် ဆက်သွယ်လိုက်သည်။
“သူဌေး နောက်ထပ်အသက်ရှင်ကျန်တဲ့သူတစ်ယောက်ရှာတွေ့ထားနယ်။ သူက အသိမိတ်ဆွေဟောင်းတစ်ယောက်ပဲ။”
ရှောင်းယီသည် ထိုသတင်းကိုရလိုက်သောအခါ ခဏတာ ကြောင်အသွား၏။ သို့သော်လည်း သူသည် ချက်ချင်းပင် ထိုစကား၏အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။
“ဗီဒီယိုဖွင့်လိုက်။ ငါ သူနဲ့စကားပြောမယ်။”
“ဟုတ်ကဲ့!”
ကုထောင်ချွေ့ရှန်းသည် ထိုလူကို တဲထဲသို့ ဆွဲသွင်းပြီး ရှောင်းယီဆီသို့ ဗီဒီယိုခေါ်ဆိုမှုတစ်ခု လုပ်ဆောင်လိုက်လေသည်။
ရှောင်းယီသည် သူနှင့် ချက်ချင်းချိတ်ဆက်လိုက်ပြီး ရင်းနှီးပြီးသား ဒေသခံကိုကြည့်လိုက်သည်။
“ပြောစမ်း၊ မင်းတို့ကောင်တွေ ဘာလို့ဒီလောက်မြန်မြန်ပြန်ရောက်လာတာလဲ။”
“အသက်ချမ်းသာပေးပါ! ကျွန်တော်က ဒီကိုအတင်းခေါ်လာခြင်းခံရတာပါ။ ကျွန်တော့်ရဲ့အဖော်လည်း သေသွားပါပြီ။”
ထိုဒေသခံက ဖြေလိုက်၏။
ထိုစကားများကို ရှောင်းယီနစ်ယောက်တည်းသာ နားလည်နိုင်ပေသည်။ သူ၏ဘေးနားတွင် ရပ်နေသော ကုထောင်ချွေ့ရှန်းသည်မူ အော်ဟစ်သံများကိုသာ ကြားနေရလေသည်။
ရှောင်းယီက သူ၏မျက်ခုံးများကို ပင့်တင်လိုက်သည်။
“ငါမေးတဲ့မေးခွန်းကိုဖြေစမ်း!”
“ဟုတ်ကဲ့!”
ထိုဒေသခံက ပြန်ဖြေ၏။
“ကျွန်တော် အရင်တုန်းက မင်းကိုလိမ့်ခဲ့တာမှန်ပါတယ်။ ကျွန်တော်တို့က ဒီကနေ ၃၀၀ ကီလိုမီတာပဲဝေးတယ်။ အပြန်လမ်းမှာ ကျွန်တော်တို့ရဲ့သင်္ဘောတွေနဲ့တွေ့ခဲ့ရပြီး မျိုးနွယ်စုခေါင်းဆောင်ဆီကို သတင်းပို့လိုက်ရတယ်။ မင်းရဲ့အခြေအနေကိုသိရတဲ့အခါ သူက ဒီကျွန်းကိုသိမ်းပိုက်ဖို့ ချက်ချင်းဆုံးဖြတ်လိုက်တယ်။”
“ငါတို့မှာ ဒီလိုမျိုးအားကောင်းတဲ့လက်နက်တွေရှိတယ်ဆိုတာ မင်းမပြောပြခဲ့ဘူးလား။”
ရှောင်းယီက မေးလိုက်သည်။
“ပြောပြခဲ့ပါတယ်။ ဒါပေမယ့် သူက ဂရုမစိုက်ဘူး။”
ထိုဒေသခံက ရှုံ့မဲ့နေသောမျက်ဖြင့် ဖြေလိုက်၏။
“ပြီးတော့ သူတို့က မင်းတို့ရဲ့လက်နက်တွေကို ဆန်းကျင့်ခုခံဖို့အတွက် သင်္ဘောပေါ်မှာ သစ်သားချပ်တွေထောင်ထားခဲ့တယ်။”
ရှောင်းယီက ခေါင်းညိတ်ပြီး ဆက်မေးလိုက်သည်။
“မင်းတို့ ဟွားမင်မျိုးနွယ်စုမှာ လူဘယ်နှစ်ယောက်ရှိလဲ။”
“စုစုပေါင်း ၅၀၀-၆၀၀ လောက်ရှိပါတယ်။”
“ဒီလိုမျိုး သင်္ဘောကြီးတွေ ဘယ်နှစ်စီးကျန်သေးလဲ။”
“ကျွန်တော်တို့မှာ သင်္ဘောကြီး ၃ စီးပဲရှိပါတယ်။ တစ်စီးက အပူချိန်ကျဆင်းသွားတဲ့အခါတုန်းက ပင်လယ်ထဲမှာအေးခဲသွားတယ်။ ဒီတစ်စီးက မင်းတို့ဖျက်စီးတာကို ခံလိုက်ရတယ်။ နောက်တစ်စီးက ကျွန်တော်တို့ရဲ့ စလစ်ပါကျွန်းမှာရှိပါတယ်။”
ထိုဒေသခံက အကုန်သိပုံရ၏။
“မင်းတို့မျိုးနွယ်စုခေါင်းဆောင်က ဒီသင်္ဘောကြီးပေါ်မှာလား။”
ရှောင်းယီက သံသယအကြည့်ဖြင့် မေးလိုက်သည်။
“ဟုတ်ပါတယ်၊ သူသေသွားလောက်ပြီ။”
“မင်းတို့ခေါင်းဆောင်သေသွားရင် မင်းတို့မျိုးနွယ်စုက ဘယ်သူ့စကားကို နားထောင်မှာလဲ။”
“မှော်ဆရာက အသစ်ခန့်မှာပါ။”
ရှောင်းယီက ခဏတာတွေးဆပြီး ထပ်မေးလိုက်သည်။
“မင်းတို့မျိုးနွယ်စုမှာ မှော်ဆရာက အကြီးဆုံးလို့ ပြောချင်တာလား။”
“ဟုတ်ပါတယ်။ သူက လူတိုင်းရဲ့ သေခြင်း၊ရှင်ခြင်းကို ထိန်းချုပ်နိုင်တယ်။”
ဒေသခံက ဖြေလိုက်၏။
“ဒါဆိုရင် မင်းတို့က ဘာလို့နာခံနေကြတာလဲ။”
“ဘာလို့မနာခံရမှာလဲ။ သူက ကျွန်တော်တို့ကို ပိုကောင်းတဲ့ဘဝမှာနေထိုင်နိုင်ဖို့ ဦးဆောင်ပေးတယ်လေ။”
ဒေသခံက နည်းနည်းရှုပ်ထွေးသွားသည်။
“ဒါဆို သူ့မှာ ဘယ်လိုစွမ်းရည်တွေရှိလဲ။”
“အနာရောဂါကုသခြင်း၊ ဝိညာဉ်နဲ့ဆက်သွယ်ခြင်း၊ ပြည်သူတွေကို ဉာဏ်ပညာပေးခြင်း၊ သူသင်ပေးထားတဲ့အရာတွေ အများကြီးရှိတယ်။”
ထိုဒေသခံ၏ မျက်လုံးထဲတွင် ရိုသေလေစားမှုများ ကိန်းဝပ်နေ၏။
ထိုလူ၏ နတ်ဘုရားကဲ့သို့တင်စားနေသောစကားများကို ကြားသောအခါ ရှောင်းယီ၏ နှလုံးခုန်သံ တစ်ချက်မှားယွင်းသွားခဲ့သည်။ သူကမေးလိုက်၏။
“သူက ငါတို့ကို လာတိုက်ခိုင်းခဲ့တာလား။”
“မင်းဘယ်လိုသိတာလဲ။”
ဒေသခံက ကြောင်အသွားခဲ့သည်။
‘သေချာတာပေါ့ တစ်စုံတစ်ယောက်က ကြိုးကိုင်နေတာပဲ။’
ရှောင်းယီ တိတ်တဆိတ်တွေးတောလိုက်၏။
ဝိညာဉ်နဲ့ဆက်သွယ်ခြင်းဆိုသည်မှာ လူသားများထက် ပိုမိုအဆင့်မြင့်သောလူများနှင့် စကားပြောနိုင်ခြင်းပင်ဖြစ်သည်။ သင်သည် သူတို့၏တောင်းဆိုမှုများကို လိုက်နာနေသ၍ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်၏။
ထိုအကျိုးကျေးဇူးများသည် အဆင့်မြင့်လူသားများအတွက် သိပ်အရေးမကြီးသော်လည်း လူမှုအဆင့်အတန်းနိမ့်ကျသူများအတွက်မူ အလွန်အဖိုးတန်ပေသည်။
“ဒါပေမယ့် သူတို့ရဲ့လမ်းစဥ်က ဘာလဲ။ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်လိုမျိုးလား။”
ရှောင်းယီက တီးတိုးရေရွတ်လိုက်သည်။
သို့သော်လည်း ထိုအကြောင်းကို ဒေသခံကျွန်းသို့သွားမှသာ သိနိုင်မည်ဖြစ်ပေသည်။
ရှောင်းယီက ခေါင်းခါလိုက်၏။
“ဒီဒေသခံတွေရဲ့ဝင်ရောက်စီးနင်းမှုကို အခြေခံကျကျဖြေရှင်းဖို့အတွက် အကောင်းဆုံးနည်းလမ်းက မှော်ဆရာကိုထိန်းချုပ်ဖို့ပဲ။ တခြားဒေသခံတွေက မှော်ဆရာရဲ့အမိန့်ကို အပြည့်အဝနာခံကြတယ်။”
ကုထောင်ချွေ့ရှန်းသည် ထိုစကားကိုကြားသောအခါ စိတ်ရှုပ်သွားခဲ့သည်။
“ဘာလို့နောက်ထပ် မှော်ဆရာတစ်ယောက်ပေါ်လာပြန်တာလဲ။”
“သူပြောတာက သူတို့မျိုးနွယ်စုတစ်ခုလုံးက မှော်ဆရာတစ်ယောက်တည်းရဲ့ အမိန့်ကိုပဲနာခံကြတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ခုနကမြှုပ်လိုက်တဲ့သင်္ဘောပေါ်မှာ မျိုးနွယ်စုခေါင်းဆောင်ပါတယ်။ ဒါပေမယ့် သူ့ကိုသတ်လိုက်ရင်လည်း အလကားပဲ။”
ကုထောင်ချွေ့ရှန်းက ခေါင်းညိတ်လိုက်၏။ လူမှုအဆင့်အတန်းနိမ့်ပါးသည့် လူမှုအဖွဲ့အစည်းအတွက် ထိုအရာကို နားလည်လက်ခံပေးနိုင်ပေသည်။
ရှောင်းယီ မေးစရာမရှိတော့သည်ကို မြင်သောအခါ ကုထောင်ချွေ့ရှန်းက မေးလိုက်၏။
“သူဌေး၊ ဒီလူကို တစ်ခါတည်းသတ်ပစ်လိုက်ရမလား။”
“ကြိုးတုတ်ပြီးဘေးဖယ်ထားလိုက်။ အနာဂတ်မှာ အသုံးဝင်ကောင်းဝင်လာမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဒီလိုပဲကာကွယ်နေလို့မဖြစ်ဘူး။ ငါ့မှာအစီအစဉ်တစ်ခုရှိတယ်။ အဲ့ဒါက ထိုးစစ်ဆင်ဖို့ပဲ။”
“ထိုးစစ်ဆင်မှာလား”
ကုထောင်ချွေ့ရှန်းက သံသယအကြည့်ဖြင့် မေးလိုက်သည်။
“သူဌေးဆိုလိုချင်တာက ကျွန်တော်တို့ ၃ ယောက်ကို ဟွားမင်ကျွန်းကိုသွားပြီး တိုက်ခိုက်စေချင်တာလား။”
ရှောင်းယီက ခေါင်းခါလိုက်၏။
“ငါပြောတာက အဲ့လိုမျိုးပဲ။ ဒါပေမယ့် မင်းတို့ ၃ ယောက်တော့ မဟုတ်ဘူး။”
“ဒါဆို ဘယ်သူတွေသွားမှာလဲ “
ကုထောင်ချွေ့ရှန်းက နားမလည်နိုင်ဖြစ်သွားခဲ့သည်။
“ဒီကိစ္စက အရေးတကြီးမဟုတ်သေးပါဘူး။ ငါအရင်ဆုံးစဉ်းစားပြီးမှ ပြန်ပြောမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“မင်းတို့လည်း စစ်ပွဲကြီးတစ်ခု ဆင်နွှဲခဲ့ရတာဆိုတော့ ပင်ပန်းနေရောပေါ့။ အရင်ဆုံး အနားယူလိုက်ကြတော့။”
“ဟုတ်ကဲ့ သူဌေး ကျွန်တော်တို့လိုအပ်လာရင် အမိန့်သာပေးလိုက်ပါ။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
အခန်း ၂၄၅
ကုထောင်ချွေ့ရှန်းနှင့်စကားပြောပြီးနောက် ရှောင်းယီသည် ယီထျန်းအုပ်စုထဲသို့ ပထမဆုံးသတိပေးလိုက်သည်။
“လူတိုင်းပဲ ကုထောင်ချွေ့ရှန်းရဲ့ကျွန်းကို ဒေသခံတွေက နောက်တကြိမ်တိုက်ခိုက်ခဲ့တယ်။ ဒီတစ်ခါတော့ အကြီးစားတိုက်ခိုက်မှုပဲ။”
“ဟမ်!... အကြီးစားတိုက်ခိုက်မှုလား။ ကုထောင်ချွေ့ရှန်းဆီမှာ သူဌေးကြီးပေးထားတဲ့လက်နက်တွေ ရှိတယ်မဟုတ်ဘူးလား။”
“ဟုတ်တယ်။ အဲ့ဒီလက်နက်တွေက ဒေသခံတွေကို မခြောက်လှန့်နိုင်ဘူးလား။”
ရှောင်းယီဆက်ပြောလိုက်သည်။
“သူတို့က လေးနဲ့ မြားတွေရဲ့စွမ်းအားအကြောင်းကို သိသွားပြီ။ လေးမြားကိုကာကွယ်ဖို့ သစ်သားပြားတွေတပ်ထားတယ်။ အဲ့ဒါကြောင့် ကျွန်းနားကို ကပ်လာနိုင်ခဲ့တယ်။”
“ဘယ်လိုဖြစ်တာလဲ။ ဒေသခံတွေရဲ့ တုံ့ပြန်မှုအရမ်းမြန်နေပါလား။”
“ဒါဆိုဘယ်လိုလုပ်ကြမလဲ။ ဒေသခံတွေအများကြီး ကျွန်းကိုဝင်တိုက်လာရင် သေဖို့ပဲ ထိုင်စောင့်နေရတော့မှာပေါ့။”
“ဒါပေမယ့် ခရီးရှည်အတွက် သင်္ဘောနေရာကန့်သတ်ချက်ကြောင့် ဒီနေရာမှာ တိုင်းရင်းသားတွေက လူတွေအများကြီး သယ်လာနိုင်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ငါတို့သာ ငါတို့နဲ့တူသွားမယ့် လူအနည်းငယ်ကိုရှာနိုင်ရင် စိတ်ပူစရာမလိုဘူး။”
“အဆုံးမှာတော့ ငါတို့ပေါင်းစည်းဖို့ပဲလိုနေတုန်းပဲ။”
“အိုး... တကယ်ပဲ တခြားနည်းလမ်းကောင်းတွေ မရှိတော့ဘူး။ ငါနဲ့ပေါင်းစည်းချင်တဲ့သူရှိလား။ ရိရင်စာချုပ်ကတ်ယူလာခဲ့ပါ။”
“ငါစဉ်းစားမိတာက လူတိုင်းပဲ မင်းတို့ရဲ့ကိုယ်ပိုင်ကျွန်းတည်နေရာကိုမျှဝေနိုင်မလား။ အထူးသဖြင့် ဒေသခံတွေတိုက်ခိုက်ခဲ့တဲ့ကျွန်းတွေပဲ။ ဒါဆိုရင် ဒေသခံတိုက်ခိုက်မှုတွေက ဘယ်ကလာတယ်၊ ဘယ်ဘက်က အပြင်းထန်ဆုံးလဲဆိုတာ သိလိမ့်နိုင်မယ်။ ငါတို့လည်း အားလုံးပူးပေါင်းပြီး ကာကွယ်ရေးအတွက် တည်ဆောက်နိုင်လိမ့်မယ်။ ဒါဆိုရင် တိုက်ခိုက်ခံရတဲ့ကျွန်းတွေကို ကူညီနိုင်ရုံသာမကဘဲ ငါတို့အတွင်းဘက်ကကျွန်းတွေကိုလည်း ကာကွယ်နိုင်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အချိန်ပိုရလိမ့်မယ်။”
“အဲ့ဒီအတွေးကောင်းတယ်။ ငါသဘောတူတယ်။”
“မင်းသဘောတူရုံနဲ့မရဘူး။ တိုက်ခိုက်ခံရတဲ့ကျွန်းတွေကရော သဘောတူမှာလား။”
ရှောင်းယီက တစ်ခဏတာတွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။
“ငါသဘောတူတယ်။ အချက်အလက်တစ်ခုရှာတွေ့ရင် ရှေ့တန်းကကျွန်းတွေကို ရေနဲ့အစားအစာတွေ အလကားပေးဖို့ဆန္ဒရှိတယ်။”
“သူဌေးကြီးက အရမ်းကြီးမြတ်တာပဲ။ ဒါကမှ သူဌေးကြီးရဲ့ပုံစံပဲ။”
“ရေနဲ့အစာအလကားပေးမှာလား။ ဒီလိုမျိုးသာ အခြေအနေကောင်းမယ်ဆိုဆိုရင် ဒေသခံတွေကိုတောင် ငါ့ကိုကျွန်းကို လာတိုက်စေချင်မိတယ်။”
“မေ့လိုက်တော့။ ငါက အခုထိ ဝဝလင်လင်စားနိုင်တုန်းပဲ။ အဲ့ဒါကြောင့် ဒေသခံတွေ ငါ့ကိုမလာကြပါနဲ့။”
“သူဌေးကြီးက ဘာကိုဆိုလိုတယ်ဆိုတာ လူတိုင်းနားလည်ကြစမ်းပါ။ သူက အချက်အလက်တစ်ခုခုရှိမှပဲ ရေနဲ့အစားအစာကို ထောက်ပံ့ပေးမှာ။ သူဌေးကြီးဆီက အရာအားလုံးကို တောင်းယူနေလို့မရဘူး။”
“ဟုတ်တယ်။ သူဌေးကြီးက ရက်ရောတယ်ဆိုပေမယ့် သူဌေးကြီးရဲ့ ဖွံ့ဖြိုးတိုးတင်မှုကို အနှောင့်အယှက်ဖြစ်စေလို့မရဘူး။”
ရှောင်းယီ ထိုစကားပြောပြီးနောက် လူများစွာက သူတို့၏ တည်နေရာများကို မျှဝေရန် ဆန္ဒရှိလာကြသည်။
ထိုအရာများမှာ ဒေသခံများနှင့် တွေ့ကြုံဖူးသည့် ကျွန်းများဖြစ်ပေသည်။
ဒေသခံများနှင့် မတွေ့ကြုံဖူးသေးသည့် အခြားအသက်ရင်ကျန်ရစ်သူများသည် သူတို့၏ တည်နေရာကို ဖော်ပြရန် ဆန္ဒမရှိကြသေးပေ။
ဒေသခံများတိုက်ခိုက်ခဲ့သည့် အသက်ရင်ကျန်ရစ်သူများ၏ တည်နေရာများကိုကြည့်လိုက်သောအခါ ရှောင်းယီ၏ကျွန်းကိုဗဟိုပြုပြီး ကျွန်းများကို ပတ်ပတ်လည်လည်တွင် ညီမျှစွာ ဖြန့်ကျက်ထားပုံရပေသည်။
“သူတို့တွေကို ငါ့ပတ်လည်မှာ ဖြန့်ထားတာလား။”
ရှောင်းယီက ရေရွတ်လိုက်သည်။
ထိုအကြောင်းကို တွေးတောပြီးနောက် ရှောင်းယီသည် ဂရုထဲသို့ နောက်ထပ်ယစာတစ်စောင်ပို့ကာ မေးမြန်းလိုက်သည်။
“မြေပုံကြည့်လိုက်။ ခင်ဗျားတို့အားလုံးက ဒေသခံကျွန်းတွေနဲ့ ဖွဲ့ည်းထားတဲ့စက်ဝိုင်းအတွင်းထဲမှာ ရှိနေကြတာမဟုတ်ဘူးလား။”
“ဟုတ်ပုံရတယ်။ ငါက အတွင်းဘက်နားမှာပဲ။ အတွင်းထဲနဲ့ တော်တော်လေးနီးစပ်တယ်။”
“ငါကက အစွန်းမှာရောက်နေပုံရတယ်။ ဒါဆို ဒေသခံတွေနဲ့ တွေ့နိုင်ချေပိုများတယ်မဟုတ်လား။”
“ကောင်းလိုက်တာ ငါဗဟိုနေရာမှာပဲ။”
ရှောင်းယီသည် ဒေသခံများနှင့် တွေ့ကြုံဖူးသည့် ကျွန်းသားများကို ရေနွေးနှင့် ပင်လယ်ငါးများ ပို့ပေးလိုက်၏။ ထို့နောက် သူ၏သီးသန့်ချန်နယ်တွင် မာတင်ကိုရှာပြီး ဆုဝမ်ကိုဘာသာပြန်ခိုင်းကာ မေးခွန်းတစ်ခုမေးလိုက်သည်။
“မင်းရဲ့တည်နေရာကို ပြောပြနိုင်မလား။”
ရှောင်းယီက မေးလိုက်သည်။
“ပြဿနာမရှိဘူး!”
မာတင်က ချက်ချင်းပြန်ဖြေ၏။
မာတင်သည် ချက်ချင်းပင် သူ့၏တည်နေရာကို မျှဝေလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်ပြီး မြေပုံပေါ်တွင် မာတင်၏တည်နေရာကို ရှာဖွေလိုက်သည်။ သူ၏တည်နေရာသည် စောစောကသတ်မှတ်ထားသော စက်ဝိုင်း၏ အပြင်ဘက် ခပ်ဝေးဝေးတွင် ရှိနေပေသည်။
“အရင်ကမ္ဘာကမတူတဲ့နိုင်ငံတွေ၊ တိုက်ကြီးတွေက မတူတဲ့စက်ဝိုင်းတွေမှာ ပျံ့နှံ့နေတာလား။”
ရှောင်းယီက တွေးတောလိုက်သည်။
သို့သော်လည်း ယခုအချိန်တွင် ထိုအချက်ကိုအတည်ပြုရန် နမူနာများ အလုံအလောက်မရှိသေးပေ။
သို့သော် ယခုအချိန်၌ ဤကိစ္စတွက်နှင့် အချိန်မဖြုန်းနိုင်ပေ။ ထိုအရာသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လူတိုင်းသည် ဒေသခံများနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး သူတို့ခြေကုပ်ရယူနိုင်သည်အထိ စောင့်ဆိုင်းရပေမည်။
အချိန်သည် လျင်မြန်စွာကုန်ဆုံးသွားခဲ့ပြီး နေ့လယ်ခင်းသို့ ရောက်ရှိလာခဲ့သည်။ ရှောင်းယီသည် ဆန်၊ ငရုတ်သီးနှင့်ဝက်သားကြော်၊ ခရမ်းချဉ်သီးနှင့် ကြက်ဥကြော် (B အဆင့်)၊ S အဆင့်နို့ 200 မီလီသုံးခွက်ကို ကုထောင်ချွေ့ရှန်းတို့သုံးယောက်ဆီသို့ ပို့ပေးလိုက်သည်။
ခရမ်းချဉ်သီးနှင့်ကြက်ဥကြော်ထဲရှိ ကြက်ဥသည် Aအဆင့်ဖြစ်ပြီး ခရမ်းချဉ်သီးသည် သာမန်အဆင့်သာဖြစ်သောကြောင့် စုစုပေါင်းအဆင့်ကို လျော့ကျသွားစေခဲ့သည်။
ရှောင်းယီပို့လိုက်သော အစားအစာများကိုကြည့်ပြီး ကုထောင်ချွေ့ရှန်းသည် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်ကျလုမတတ်ပင် ဖြစ်သွားခဲ့သည်။
“ကျေးဇူးတင်ပါတယ်သူဌေး။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
“မလိုပါဘူး။ အနာဂတ်မှာ ဒေသခံတွေကို ဆန့်ကျင်တိုက်ခိုက်ဖို့ မင်းတို့လိုအပ်တယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“စိတ်မပူပါနဲ့သူဌေးကြီး ကျွန်တော်ဒီမှာသံမှိုစွဲသလို မားမားမတ်မတ်ရပ်တည်နေပါ့မယ်။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
“ဟုတ်ပြီ ကျွန်းက အခုဘယ်လောက်ကြီးပြီလဲ။”
ရှောင်းယီ မေးလိုက်သည်။
“သူတို့နှစ်ယောက်ယူလာတဲ့အုတ်မြစ်ကျောက်တွေအပါအဝင် အခုဆိုရင် စုစုပေါင်း ၄၂ စတုရန်းမီတာရှိပါပြီ”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
ရှောင်းယီသည် တစ်ခဏတာတွေးတောလိုက်ပြီးနောက် ယခင်က လီယန်သုံးခဲ့ဖူးသည့် ကျောက်တုံးအိမ်ကို ပို့ပေးလိုက်၏။
“[ကျောက်တုံးအိမ်] ၁ လဲလှယ်မှုမရှိပါ။”
“မင်းကို ကျောက်တုံးအိမ်တစ်လုံးပေးလိုက်မယ်။ ဘယ်လိုခွဲဝေမလဲဆိုတာတော့ မင်းတို့ကိုယ်တိုင်ဆုံးဖြတ်လိုက်။”
ရှောင်းယီက ပြောလိုက်သည်။
ကုထောင်ချွေ့ရှန်း တုန်လှုပ်သွား၏။
ငါတို့က သူဌေးကြီးနဲ့အတူ အိမ်တစ်လုံး မျှဝေနိုင်ခဲ့တာလား။
သူသိသမျှအကောင်းဆုံးအိမ်သည် ကျောက်တုံးအိမ်ဖြစ်ပြီး အဖွဲ့အစည်းတစ်ခု၏ဥက္ကဋ္ဌဖြစ်သော တိလင်ထျန်းရှားသည်လည်း ကျောက်တုံးအိမ်တွင် နေထိုင်နေခြင်းဖြစ်သည်။
ထို့ပြင် သူနေသည့်ကျောက်တုံးအိမ်သည်လည်း သူဌေးကြီးက ရောင်းချခဲ့ခြင်းဖြစ်ပေသည်။
“သူဌေးကြီး ဒါ..ဒါ..ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်။”
ကုထောင်ချွေ့ရှန်းသည် အသံများပင် တုန်ရီနေ၏။
“ယူထားလိုက်။ ဒီမှာထားရင်လည်း အလကားပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကဲ မင်းတို့စားကြတော့”
ထိုသို့ပြောပြီးနောက် ရှောင်းယီသည် စကားဝိုင်းကို ရပ်တန့်လိုက်လေသည်။
တုန်ယင်နေသောလက်များဖြင့် ကုထောင်ချွေ့ရှန်းသည် လဲလှယ်မှုကို သဘောတူလိုက်၏။
“ကျောက်တုံးအိမ်တစ်လုံး ရရှိပါသည်။ မညသည့်နေရာတွင် ထားရှိပါမည်နည်း။”
ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်က သတိပေးသံ ထွက်ပေါ်လာလေသည်။
ကုထောင်ချွေ့ရှန်းသည် ချက်ချင်းပင် ဟွားလန်ကို ခေါ်လိုက်၏။
“ပတ်ဝန်းကျင်ကို သန့်ရှင်းရေးအမြန်လုပ်ထား။ 4×5 ဧရိယာလိုအပ်တယ်။”
ဟွားလန်သည် ကုထောင်ချွေ့ရှန်း၏စကားကို ကြားသောအခါ သံသယများဖြင့် ပြည့်နှက်သွားခဲ့သည်။
“အစ်ကိုကြီး ဒီလိုဆိုရင် အရင်ကပြန်ဖြည့်ပေးထားတဲ့သစ်ပင်တွေ၊ ကျောက်တွေအားလုံးကို ရှင်းပစ်ရမှာလား။ ဒါက ကျွန်းရဲ့ဆင့်ကဲဖြစ်စဉ်ကို ထိခိုက်စေမှာမဟုတ်ဘူးလား။”
“ငါတို့ကျွန်းဧရိယာက မလုံလောက်သေးဘူး။ အဲ့ဒီတင့်ကဲကြီးထွားမှုကို မေ့ထားပြီး အရင်ရှင်းပစ်လိုက်။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။
“အထူးပစ္စည်းတွေ တူးဖော်မိမလားဆိုတာကိုလည်း ဂရုစိုက်ထားဦး။”
“ဟုတ်ကဲ့!”
ဟွားလန်သည် ပြန်ဖြေလိုက်ပြီးနောက် ပုဆိန်နှင့် ပြုတ်တူကိုယူဆောင်ကာ သစ်ပင်နှင့် ကျောက်များကို စတင်ရှင်းပစ်တော့လေသည်။
ထိုစဉ် မဂတ္တမသည်လည်း သတိရလာခဲ့ပြီး ကုထောင်ချွေ့ရှန်းက အစားအစာများနှင့်အတူ သူ၏တဲထဲသို့ ဝင်ရောက်လာခဲ့သည်။
“ဟားဟား !!ငါ့ကောင်ကြီး...မင်း ဟင်းနံ့တွေကြောင့် သတိပြန်ရလာတာပဲဖြစ်ရမယ်။”
ကုထောင်ချွေ့ရှန်းက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
“ငါမသေဘူးသေးလား။ ဒါမှမဟုတ် မင်းလည်းသေသွားတာလား။”
မဂတ္တမသည် သွေးဆုံးရှုံးမှုများကြောင့် အနည်းငယ်ရှုပ်ထွေးနေပုံရသည်။
“အရူးကောင် မင်းက ငါသေမယ်လို့ တကယ်ထင်နေတာလား။ ငါသာသေသွားရင် မင်းအခုလိုတောင် ပြန်ကောင်းလာမှာမဟုတ်ဘူး။”
ကုထောင်ချွေ့ရှန်းက ရယ်မောလျက်ဖြင့် ဆူပူလိုက်၏။
“ငါတကယ်မသေသေးဘူးလား။”
မဂတ္တမသည် ဖြည်းဖြည်းချင်း ပြန်လည်နိုးကြားလာပြီး သူ၏ပေါင်ကို ထိတ်လန့်စွာဖြင့် ထိကြည့်လိုက်သည်။
ကျောက်လှံနဲ့ ထိုးဖောက်ခံထားရတဲ့ ဒဏ်ရာတွေ ဘယ်ရောက်သွားတာလဲ။ ဒါက မှန်တစ်ချပ်လို ချောမွေ့နေတယ်။
“ငလူးလေး... မင်း ကိုယ့်ကိုယ်ကိုထိတာရကြိုက်ရင် မင်းနားမှာဘယ်သူမှမရှိတဲ့အချိန်ထိစောင့်ကွ။”
ကုထောင်ချွေ့ရှန်းက ရယ်ကာမောကာဖြင့် ပြောလိုက်သည်။
“အကျိုးသက်ရောက်မှုကို သတိထားဦး”
“ဘာတွေဖြစ်နေတာလဲ။”
မဂတ္တမသည် ကုထောင်ချွေ့ရှန်းအား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်မိလေသည်။
အခန်း ၂၄၆
ကုထောင်ချွေ့ရှန်းက ပြုံးလိုက်ပြီး ရှောင်းယီ ငှားပေးခဲ့သော ဆေးစက်အကြောင်းကို သူ့အား ပြောပြလိုက်သည်။
“ဒီလိုအစွမ်းထက်တဲ့စက်မျိုးရှိတာရောဟုတ်လို့လား။”
မဂတ္တမက မျက်လုံးအဝိုင်းကြီးများဖြင့် မေးလိုက်သည်။
“ဟွားလန်နဲ့ ငါကိုယ်တိုင်မြင်ခဲ့တာပဲ မှားနိုင်မှာလား။”
ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။
“ဟွာလန်?”
မဂတ္တမ ခဏတာ ကြောင်အသွားခဲ့သည်။ ထို့နောက် ပြောလိုက်၏။
“လှော်တက်မပါဘဲ လှေလှော်မယ်ဆိုတဲ့မဟုတ်လား။”
“ဟုတ်တယ်!”
ကုထောင်ချွေ့ရှန်းက ခေါင်းညိတ်လိုက်သည်။
“လှေလှော်တဲ့နေရာမှာ တကယ်ပဲ လှော်တက်မလိုဘူး။ လှိုင်းတွေနဲ့ပဲ လှော်ရတာ။ အဲ့ဒါကို ဟွားလန်လို့ အတိုကောက်ခေါ်တယ်။”
မဂတ္တမကလည်း ပြုံးရင်းပြောလိုက်သည်။
“တစ်ယောက်ယောက်က ငါ့အကြောင်းဆိုးဆိုးဝါးဝါးပြောနေတာကို အဝေးကနေတောင် ကြားနေရတယ်။”
ထိုအချိန်တွင် ဟွားလန်၏ အသံသည် အပြင်မှထွက်ပေါ်လာပြီး အထဲသို့ဝင်ရောက်လာခဲ့သည်။
ကုထောင်ချွေ့ရှန်းက သူ့ကိုမြင်သောအခါ ပြုံးလိုက်၏။
“မင်းလာတာ အချိန်ကောင်းပဲ ထမင်းစားကြရအောင်။”
မဂတ္တမက ဟွားလန်ကိုမြင်လျှင် အပြုံးတစ်ခုဖြင့် မိတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ငါ့နာမည်မဂတ္တမလို့ ခေါ်တယ်။”
“အင်း ငါသိပြီးပါပြီ။ မင်းက ဒေသခံတွေထဲက နှစ်ယောက်ကို သတ်ပစ်ခဲ့တယ်လို့ ကြားတယ်။ အရမ်းမိုက်တာပဲ။”
ဟွားလန်က လက်မထောင်ပြလိုက်သည်။
မဂ္ဂတမသည် သူ၏လက်များကို ဘယ်ညာခါယမ်းလိုက်၏။
“အစ်ကိုကြီးရဲ့ လက်နက်တွေကမှ ပိုပြီးအစွမ်းထက်တာပါ။”
သူတို့သုံးယောက်သည် တဲထဲတွင် စုဝေးပြီး ရှောင်းယီ လဲလှယ်ပေးထားသော အစားအစာများကို ဖွင့်ကြည့်ရန် ကြိုးစားနေကြသည်။
“ဒီအနံ့က အရမ်းမွှေးတာပဲ။”
မဂတ္တမနှင့် ဟွားလန်တို့သည် သူတို့၏နှာခေါင်းများဖြင့် ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်ကြသည်။
“မင်းတို့ရဲ့ အဆင့်အတန်းမရှိတဲ့ပုံစံတွေကိုကြည့်စမ်း။ တစ်ယောက်တစ်ခုရမှာပဲ အဲ့လောက်ဖြစ်မနေကြနဲ့။”
ကုထောင်ချွေ့ရှန်းက အပြုံးဖြင့် ဆူပူလိုက်၏။
တကယ်တမ်းတွင် သူကိုယ်တိုင်လည်း ဆီနှင့်ဆားပါသော ဤအဆင့်မြင့်အစားအစာများကို မြင်လိုက်ရချိန်တွင် သူတို့၏အမူအရာများထက် ပိုမိုကောင်းမွန်မနေခဲ့သည်ကို တမင်မေ့ထားခဲ့လိုက်သည်။
“အစ်ကိုကြီး ဒီဟင်းထဲမှာ ဆီပါနေသလိုပဲ။”
မဂ္ဂတမက ဟင်းတစ်လုပ်ကိုမျိုချရင်း ပြောလိုက်သည်။
“ဒါပေါ့ သူဌေးကြီး ကျားတွေ၊ ဝက်ဝံတွေကိုတောင် ဖမ်းနိုင်တာ ဝက်တွေကို ဘာလို့မဖမ်းနိုင်ရမှာလဲ။ ဝက်သားရှိမှတော့ ဝက်ဆီထွက်တာပေါ့။”
ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။
ဟွားလန်က ခေါင်းခါလိုက်၏။
“အစ်ကိုကြီး ဒါက ဝက်ဆီမဟုတ်ဘူး။”
ကုထောင်ချွေ့ရှန်းက အံ့အားသင့်သွားခဲ့သည်။
“ဝက်ဆီမဟုတ်ရင် ဘာလဲ။”
“ဟင်းသီးဟင်းရွက်ဆီဖြစ်မယ်။ ဝက်ဆီအနံ့က ဒီလိုမျိုးမဟုတ်ဘူး။”
ဟွားလန်က ပြန်ဖြေလိုက်သည်။
“မင်းမှာ ဒီလိုစွမ်းရည်မျိုးတွေလည်း ရှိသေးတာပဲလား “
ကုထောင်ချွေ့ရှန်းက အစားအစာများကို ခွဲဝေပေးရင်း ပြောလိုက်သည်။
ဟွားလန်က အစားတစ်တစ်လုတ်ကို ပါးစပ်ထဲထည့်လိုက်ပြီး ကျေနပ်စွာ ဝါးလိုက်၏။
“ဆီနှစ်မျိုးကြားက ကွာခြားချက်က အရမ်းသိသာတယ်၊ ဒါက ကျွန်တော်တို့ မကြာခဏစားနေကျ ပဲပိစပ်ဆီပဲဖြစ်ရမယ်။”
သူက ပြောလိုက်သည်။
“သူဌေးကို ပဲပုပ်ဆီသုံးလားလို့ ပြန်သွားပြီး မေးကြည့်လိုက်မယ်။”
သူတို့သုံးယောက်သား နေ့လယ်စာစားပြီးနောက် သူတို့၏ခန္ဓာကိုယ်အတွင်းသို့ အပူလှိုင်းများ စီးဝင်လာသည်ကို ခံစားလိုက်ကြရသည်။
“အစ်ကိုကြီး သူဌေးက ငါတို့ကို ပေးထားတဲ့ဟာတွေက အဆင့်မြင့်အစားအစာတွေလား။”
ဟွားလန်က ထိတ်လန့်တကြား မေးလိုက်သည်။
အကြောင်းမှာ သူတို့နှစ်ယောက်သည် ကျွန်းပေါ်ရှိ အထိမ်းအမှတ်ကျောက်တိုင်ပေါ်က ငွေကြေးလဲလှယ်မှုအချက်အလက်များကို မမြင်ခဲ့ရသလို ရှောင်းယီကဲ့သို့ စနစ်၏သတိပေးချက်များလည်း မရှိခဲ့သောကြောင့် ဤအစားအစာများသည် အဆင့်မြင့်အစားအစာများဖြစ်ကြောင်း မသိခဲ့ကြပေ။
ကုထောင်ချွေ့ရှန်းက ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်။ ခရမ်းချဉ်သီးနဲ့ ကြက်ဥကြော်က B အဆင့်ပဲ။ သူဌေးက ငါတို့အပေါ်မှာ အရမ်းကြင်နာတယ်။ သူ့ကို စိတ်ပျက်စရာဖြစ်အောင် မလုပ်ကြနဲ့။”
“B အဆင့်!”
မဂတ္တမနှင့် ဟွားလန်တို့သည် ကုထေောင်ချွေ့ရှန်းအား ထိတ်လန့်တကြား ကြည့်လိုက်မိကြသည်။
ကုထောက်ချွေ့ရှန်းက ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ် B အဆင့်ပဲ။ ငါတို့သုံးယောက်ကို S အဆင့်နို့ ၂၀၀ မီလီစီပေးထားသေးတယ်။”
“S...S အဆင့်?”
ထိုအချိန်တွင် သူတို့နှစ်ဦး၏ စိတ်များသည် လုံးဗလာဖြစ်သွားခဲ့လေသည်။
B အဆင့်အစားအစာသည်ပင် သူတို့အတွက် လက်လှမ်းမမှီနိုင်အောင် ဖြစ်နေခဲ့သော်လည်း ရှောင်းယီက S အဆင့်အစားအစာများကိုပင် ပေးခဲ့သည်။
“အင်း အဲ့ဒါကြောင့် ငါတို့အားလုံး ဒေသခံတွေကို မဝင်လာနိုင်အောင် အားထုတ်ကြရမယ်။”
ထိုသို့ပြောပြီးနောက် ယကုထောင်ချွေ့ရှန်းသည် သူတို့အား နို့တစ်ခွက်စီ ပေးလိုက်၏။
သူတို့နှစ်ယောက်သည် တုန်ယင်နေသောလက်များဖြင့် နို့ကိုယူလိုက်ကြသည်။ သူတို့သည် အရာအားလုံးမှာ အနည်းငယ် မယုံကြည်နိုင်စရာကောင်းနေသည်ဟုပင် ခံစားလိုက်ကြရလေသည်။
“ငါ့လက်တွေ အရမ်းတုန်နေတယ်။ သေနတ်တအားပစ်လိုက်လို့များလား။”
ကုထောင်ချွေ့ရှန်းက ပြုံးလိုက်မိ၏။
“ဖိတ်ကျသွားရင် အရှက်စရာကောင်းတယ်နော်။”
သူတို့နှစ်ယောက်သည် သူတို့၏လက်များကို အလျင်အမြန်တည်ငြိမ်စေလိုင်ပြီး နွားနို့ကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်ကြလေသည်။
“ငါ့ဘဝမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်က အစ်ကိုကြီးနဲ့ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာပဲ။”
မဂ္ဂတမသည် သူ၏ခန္ဓာကိုယ်အတွင်းမှ အပူရှိန်ကို ခံစားရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်ဟ။
“ငါရောပဲ။ လွန်ခဲ့တဲ့တစ်လက ကြိုးစားခဲ့တာတွေက ငါ့ရဲ့ဂုဏ်သိက္ခာကို ကယ်တင်ဖို့ပဲ။ မဟုတ်ရင် အစ်ကိုကြီးနဲ့ သူဌေးကို တွေ့ခဲ့ကမှာမဟုတ်ဘူး။”
ဟွားလန်ကလည်း အလေးအနက် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ မဂ္ဂတမ မင်းအရင်အနားယူလိုက်ဦး။ ဟွားလန် ငါတို့ နေရာဆက်ရှင်းကြမယ်။ သူဌေးက အိမ်တစ်လုံးပါပေးထားတယ်။ အဲ့ဒါကို အပြင်ထုတ်ဖို့လိုသေးတယ်။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်၏။
“ဘာ! သူဌေးက အိမ်ပါပြန်ပေးထားတယ်!”
မဂ္ဂတမာတို့နှစ်ယောက်သည် ထပ်မံ၍ ကျောက်ရုပ်ဖြစ်သွားခဲ့ကြသည်။
“ဒီလောက်ထိ လန့်မနေကြနဲ့။ သူဌေးရဲ့ညီငယ်လေးတွေအနေနဲ့ ကမ္ဘာကြီးကို မမြင်ဖူးဘူးဆိုရင် သူဌေးကို အရှက်ရစေလိမ့်မယ်။”
ကုထောင်ချွေ့ရှန်းက ပြောလိုက်၏။
မဂ္ဂတမနှင့် ဟွာလန်းတို့သည် သူတို့စခေါင်းများကို ညိမ့်လိုက်ကြသော်လည်း မျက်နှာပေါ်ရှိ ထိတ်လန့်နေသောအမူအယာများမှာမူ ပျောက်ကွယ်မသွားသေးပေ။
“အစ်ကိုကြီးကို တစ်ခုလောက်မေးလို့ရမလား။ သူဌေးကြီးက ကျွန်တော်တို့ကို သစ်အိမ်တစ်လုံးပေးခဲ့တာလား။”
ဟွားလန်က မေးလိုက်သည်။
“မဟုတ်ဘူး အဲ့ဒါက ကျောက်တုံးအိမ်ပဲ။”
ကုထောင်ချွေ့ရှန်းက ဖြေလိုက်ပြီး ထရပ်ကာ ပြောလိုင်၏။
“ကဲ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ရပ်လိုက်တော့။ နေရာကို မြန်မြန်ရှင်းကြမယ်။ ရှင်းပြီးရင် အစစ်အမှန်ပုံစံကို မြင်ရလိမ့်မယ်။”
ဟွားလန်က ခဏကြာအောင် ဆွံအနေပြီးနောက် သက်ပြင်းချကာ ပြောလိုက်၏။
“ကျွန်တော်ပြောနိုင်တာကတော့ သူဌေးက တကယ်ကို အံ့ဖွယ်ပဲ!။”
ထိုသို့ပြောပြီးနောက် နေရာများကို ရှင်းလင်းရန် ထွက်သွားခဲ့လေသည်။
မဂ္ဂတမသည်လည်း အပြင်သို့ လိုက်ထွက်လာခဲ့သည်။ သူသည် မကြာသေးမီက ဒဏ်ရာရခဲ့သော်လည်း နာနာ၏ကုသမှုကို ခံယူပြီးနောက် အားနည်းမှုမှလွဲ၍ ဘာမှမခံစားရတော့ပေ။
ဤအဆင့်မြင့်အစားအစာများကို စားသောက်ပြီးနောက် ထိုအားနည်းသည့်ခံစားချက်သည်လည်း လျော့ပါးသွားခဲ့၏။ ထို့ကြောင့် သူသည် အပြင်ထွက်ကာ ကူညီရန် တစ်ခုခုလုပ်လိုခဲ့သည်။
အဆုံးတွင် ဤကဲ့သို့ရွှေပေါင်လုံးကြီးကို လက်မလွှတ်နိုင်ပေ။
စွန့်ပစ်ခံရခြင်းမှ ရှောင်ရှားရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ မိမိ၏တန်ဖိုးကို ပြသခြင်းပင်ဖြစ်သည်။
“မင်းဘာလို့အပြင်ထွက်လာတာလဲ။”
ဟွားလန်သည် မဂ္ဂတကိုမြင်သောအခါ သူ့အနားသို့ အလျင်အမြန်ချဉ်းကပ်ကာ သူ့ကိုကူညီရန်လုပ်ဆောင်ရင်း မေးလိုက်သည်။
မဂ္ဂတမသည် သူ၏လက်များကို ဘယ်ညာခါယမ်းရင်း ပြန်ဖြေလိုက်၏။
“ငါအဆင်ပြေတယ်။ သူဌေးရဲ့ဆေးပညာဘက်ဆိုင်ရာစက်ပစ္စည်းက အရမ်းအစွမ်းထက်တယ်။ ငါလုံးဝပျောက်သွားပြီလို့တောင် ခံစားနေရတယ်။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ မလုပ်သရွေ့ ပြဿနာမရှိဘူး။ ငါဘာလုပ်ပေးနိုင်မလဲဆိုတာ လာကြည့်တာ။”
မဂ္ဂတမာ၏ အခြေအနေသည် အမှန်တကယ်ကောင်းမွန်နေသည်ကို မြင်သောအခါ ဟွားလန်က ခေါင်းညိတ်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် မင်းကိုယ်မင်း ပိုဂရုစိုက်ပါ။ သူဌေးမှာ ဒီလိုစွမ်းအားကြီးတဲ့စက်ပစ္စည်းမျိုးရှိပေမယ့် သူကအမြဲတမ်းငှားပေးမှာမဟုတ်ဘူး။”
“အေးပါ ငါနားလည်ပါတယ်။ ငါဒီနေရာမှာ ဟိတ်ဟန်ထုတ်နေတာမဟုတ်ပါဘူး။”
မဂ္ဂတမက ပြုံးရင်းပြန်ဖြေလိုက်၏။
ထို့နောက် ဟွားလန်သည် ခေါင်းညိတ်လိုက်ပြီး ကျောက်ပုဆိန်ကို ကောက်ယူကာ သစ်ပင်များကို ဆက်လက်ခုတ်လှဲလိုက်လေသည်။
မဂ္ဂတမသည်လည်း သေးငယ်သောအကိုင်းအခက်များကို ရှင်းလင်းရန် ကူညီနေခဲ့သည်။
နေ့လယ်စာစားနေစဉ် ရှောင်းယီသည် ဒေသခံများ၏ တိုက်ခိုက်မှုအခြေအနေအကြောင်း အားလုံးကို ပြောပြလိုက်သည်။
“ငါတို့က ဒီအဝိုင်းကြီးရဲ့အလယ်မှာ ရှိနေတယ်။ အနည်းဆုံး အချိန်တိုလေးအတွင်းမှာတော့ ဒေသခံတွေရောက်လာမှာကို စိုးရိမ်စရာမလိုသေးဘူး။”
ရှောင်းယီက အခြေအနေကို မိတ်ဆက်ပေးပြီးနောက် ပြောလိုက်သည်။
“ရှောင်းယီရဲ့ကျွန်းပေါ်မှာ စုရုံးမိတာက တကယ်မှန်ပုံပဲ။”
လီယန်က ပြောလိုက်သည်။
“ရှောင်းယီပြောတဲ့အတိုင်းဆိုရင် ငါ့ကျွန်းကလည်း အပြင်ဘက်မှာရှိနေမှာပဲ။”
“အင်း ကောင်းပါတယ်။ ငါတို့ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်အလုံအလောက်ရှိသွားတာပေါ့။”
ယွမ်နွန်ကဆို၏။
“ဒါပေမယ့် အစွန်းမှာရှိတဲ့ အသက်ရှင်ကျန်ရစ်သူတွေကိုလည်း ကူညီဖို့လိုတယ်။ သူတို့အချိန်ကြာကြာခုခံနိုင်လေ ငါတို့အတွက် ပိုကောင်းလေပဲ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
အန်းယွဲ့က သူ၏အဆိုကို သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ် သူတို့ကို အမြန်ဆုံးဖြေရှင်းလိုက်ရင် ငါတို့လည်း ဒီဒေသခံတွေနဲ့ စောစောတွေ့ရလိမ့်မယ်။”
“အင်း သေခြင်းတရားနဲ့ အေးစက်မှုရဲ့အဓိပ္ပါယ်ကို ကျွန်တော်နားလည်ပါတယ်။ အဲ့ဒါကြောင့် အဖွဲ့ထဲမှာ ဒေသခံတွေနဲ့ ရင်ဆိုင်နေရတဲ့ကျွန်းတွေကို ထောက်ပံ့ပေးမယ်လို့ ပြောထားပြီးပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
အားလုံး ခေါင်းညိတ်လိုက်ကြ၏။
“ဝုတ်! ဝုတ်! ဝုတ်!”
ထိုအချိန်တွင် အိမ်နောက်ဖေး၌ အရိုးကိုက်နေသော ဝမ်ချိုင်သည် ရုတ်တရက် ဗီလာ၏နံရံဘက်သို့ ထိုးဟောင်လိုက်လေသည်။