← Chapters

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း ၂၄၇

“သားရဲအရိုင်းကောင်တွေ ကျူးကျော်ဝင်ရောက်လာတာပဲ။”

ရှောင်းယီသည် တိုးညင်းစွာ အော်ဟစ်လိုက်ပြီး ဘေးနားရှိ ရွှမ်းယွမ်ဓားကို ကောက်ယူကာ အပြင်သို့ ပြေးထွက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် အနည်းငယ်လည်း အံ့အားသင့်သွားခဲ့ရသည်။

“အပြင်ဘက်နံရံမှာ လျှပ်စစ်ကွန်ရက်တွေ မရှိဘူးလား။ သားရဲတွေက ဘာလို့ ရုတ်တရက်ကြ ဗီလာထဲကို ရောက်လာတာလဲ။”

သူသည် ခြံထဲသို့ ပြေးဝင်သွားပြီး ဝမ်ချိုင်ရှိရာဘက်သို့ ကြည့်လိုက်၏။ ရွှေရောင်အမွေးနုနုလေးများနှင့် မျောက်ကလေးတစ်ကောင်သည် ဗီလာနံရံပေါ်သို့ တွယ်တက်ကာ အောက်သို့ဆင်းလာနေသည်ကို တွေ့လိုက်ရလေသည်။

ကျန်းယွင်ထျန်းနှင့် အခြားသူများသည်လည်း နောက်မှလိုက်ကာ ထွက်လာကြပြီး ထိုမျောက်ကလေးကို တွေ့ရကြရသဪအခါ အနည်းငယ်အံ့အားသင့်သွားကြသည်။

“ဒီလိုမျိုးမျောက်သေးသေးလေးက ဒီလောက်အမြင့်ကြီးကို ခုန်နိုင်တယ်လား။”

သိထားရမည်မှာ သားရဲတိရစ္ဆာန်များအား တံခါးပေါက်မှ တိုက်ရိုက်ခုန်ဝင်မလာနိုင်စေရန် ရှောင်းယီသည် အတွင်းဘက်နှင့် အပြင်ဘက်တွင် ငါးမီတာစီ ကွာဟချက်ထားရန် လိုအပ်ကြောင်း ပြောထားခဲ့ပေသည်။

ဆိုလိုသည်မှာ ခြံစည်းရိုးနှင့် ငါးမီတာအတွင်းတွင် သစ်ပင်များနှင့် အဆောက်အဦများအပါအဝင် မည်သည့်အရာမျှမရှိဘူးပေ။

ဤသို့ဆိုလျှင့် ဤမျောက်ကလေးသည် နံရံအပြင်ဘက်မှ ဆယ်မီတာကျော်ခုန်ပြီး အတွင်းသို့ ဝင်ရောက်လာနိုင်သည့်သဘောပင်ဖြစ်၏။

ရှောင်းယီသည် ထိာမျောက်ကလေးကို ကြည့်လိုက်သောအခါ စနစ်၏သတိပေးချက်က အဆင်သင့် ထွက်ပေါ်လာလေသည်။

“မျောက်ဘုရင် (Aအဆင့်)- ဉာဏ်ရည်သစ်နိုးထလာပြီး လှုပ်ရှားမှုမြန်ဆန်သော မျောက်မင်း၊ သစ်သီးအနံ့ကို ရှူရှိုက်မိသောကြောင့် လာရောက်ခြင်းဖြစ်သည်။”

“ဒီလိုသေးသေးလေးက တကယ်ပဲ မျောက်မင်းဖြစ်နေတာလား။”

ရှောင်းယီသည် အနည်းငယ်အံ့အားသင့်သွားသော်လည်း ၎င်း၏အဆင့်ကိုကြည့်ကာ ချက်ချင်းပင် စိတ်ထဲ၌ အကြံရသွားခဲ့သည်။

သူ့ကိုသာ ဖမ်းမိရင် စွန်တရှန်းဖြစ်အောင် လေ့ကျင့်ပေးနိုင်လောက်မလား။

“ဒါကို မျောက်ဘုရင်လို့ထင်လား။”

အန်းရန်က သိလိုစွာဖြင့် မေးကြည့်လိုက်သည်။

ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“အမှန်ပဲ။ အဲ့ဒါက Aအဆင့်မျောက်လေ။”

ဘေးနားမှ အန်းယွဲ့သည်လည်း အံ့အားသင့်စွာပြောလိုက်သည်။

“အနောက်ဘက်သို့ခရီးသွားခြင်းထဲက ဆိုးယုတ်သောမျောက်ကြီးလေးကောင်ထဲက တစ်ကောင်လား။”

ကျန်သူများသည်လည်း တစ်ခဏတာ တွေဝေသွားကြသည်။ သူတို့သည် အနောက်ဘက်သို့ခရီးသွားခြင်းအကြောင်းသိထားကြသော်လည်း ဆိုးယုတ်သောမျောက်ကြီးလေးကောင်အကြောင်းကိုမူ မကြားဖူးကြပေ။

အန်းယွဲ့က မတတ်သာဘဲ ရှင်းပြရလေတော့သည်။

“ဒဏ္ဍာရီထဲမှာဆိုရင် အရာအားလုံးက ပြန်လည်မွေးဖွားရတယ်။ ဒါပေမယ့် လမ်းစဉ်ခြောက်သွယ်ထဲမှာမပါဘဲ သီးသန့်တည်ရှိနေတဲ့ စိတ်ဝိဉာည်မျောက်လေးကောင်ရှိခဲ့တယ်။ သူတို့က လင်းမင်းကျောက်မျောက်၊ နားရွက်ခြောက်ခုမျောက်၊ တုန်းမင်မျောက်နဲ့ နီရဲနေတဲ့ရင်အုပ်မျောက်တို့ဖြစ်တယ်။ လင်းမင်ကျောက်မျောက်ဆိုတာက ဘယ်သူလဲဆိုတာ အားလုံး သိမှာပါ။”

အားလုံးက ဇဝေဇဝါဖြစ်နေကြသည်။

အန်းယွဲ့က မျှော်လင့်ချက်မဲ့စွာဖြင့် ပြောလိုက်သည်။

“လင်းမင်းကျောက်မျောက်ဆိုတာ စွန်းးဝူခုန်းပဲ။ နားခြောက်လုံးမျောက်က အစစ်အမှန်နဲ့ အတုအယောင်မျောက်မင်းတွေထဲက အတုအယောင်မျောက်မင်းပဲ။ ဒဏ္ဍာရီအရ လက်ရှည်မျောက်က အားလန်နတ်ဘုရားနဲ့ တိုက်ခိုက်ခဲ့ပြီး အားလန်နတ်ဘုရားကို သတ်ပစ်မိလုနီးပါးဖြစ်ခဲ့တယ်။ သူ့လက်ထဲက လက်နက်က နွီဝါမယ်တော်ကျန်ရစ်ခဲ့တဲ့ စွမ်းအားကြီးလက်နက်ပဲ။ နောက်ဆုံး နီရဲနေတဲ့ရင်အုပ်မျောက်က အနည်းငယ်အားနည်းပေမယ့် သတ်ဖြတ်မှုကို နှစ်သက်ပြီး မကောင်းမှုများစွာလုပ်တတ်တယ်။”

အားလုံးသည် ထိုအကြောင်းကို ကြားလိုက်ရပြီးနောက် ကြောင်အသွားခဲ့ကြသည်။

“ဖေဖေက ဒဏ္ဍာရီပုံပြင်တွေအများကြီးကို သိနေသေးတာပဲ။”

အန်းရန်က အံ့ဩတကြီးပြောလိုက်သည်။

“ငါကမင်းကို ပုံပြင်တွေ ပြောပြဖူးတယ်လေ။ မင်းကသာ မမှတ်မိတာ။”

အန်းယွဲ့က သူမကို မျက်လုံးလှန်ကြည့်ပြီး ပြောလိုက်၏။

အားလုံး ရယ်မောလိုက်ကြ၏။ မျောက်ကလေးသည် နံရံပေါ်တွင်ထိုင်ကာ သူတို့အားလုံးကိုကြည့်နေရင်းဖြင့် ဗီလာအတွင်းဘက်ကို စူးစမ်းနေခဲ့သည်။

ရှောင်းယီသည် အထဲဝင်သွားပြီး မက်မွန်သီးတစ်လုံးယူကာ ပြန်ထွက်လာခဲ့သည်။

မျောက်ကလေး၏မျက်လုံးများ လင်းလက်သွားပြီး ချက်ချင်းပင် နံရံပေါ်မှ ခုန်ဆင်းလာလေသည်။

သို့သော်လည်း သူသည် ရှောင်းယီနှင့် သူ၏ဘေးနားတွင်ရှိသော ဝက်ဝံဖြူကြီးကို အနည်းငယ်ကြောက်ရွံ့နေပုံရလေသည်။ သူသည် အကွာအဝေးတစ်ခုထားပြီး ရှောင်းယီရှေ့တွင် ဂနာမငြိမ်ဖြစ်ကာ လှည့်ပတ်နေခဲ့သော်လည်း ရှေ့သို့တက်မလာရဲခဲ့ပေ။

“ဒါကို စားချင်လား”

ရှောင်းယီက မေးလိုက်သည်။

မျောက်ကလေးသည် ထိုလူသားပြောသော စကားများကို နားလည်နိုင်ကြောင်းသိလိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။

“ကျိကျိကျိ! (စားချင်တယ်!)”

မျောက်ကလေးက ပြန်ဖြေ၏။

“ဒါဆိုရင်တော့ ရိုးရိုးလေးပဲ။ ငါ့စကားနားထောင်ပြီး ငါနဲ့စာချုပ်ချုပ်ဆိုမယ်ဆိုရင် နေ့တိုင်း မက်မွန်သီးစားရမယ်။”

ရှောင်းယီက ဖြားယောင်းသွေးဆောင်လိုက်သည်။

“မဖြစ်နိုင်ဘူး။”

မျောက်ကလေးက ချက်ချင်းပင် ငြင်းဆန်လိုက်၏။

“ငါဘုန်းတန်ခိိုးကြီးမားတဲ့မျောက်ဘုရင်ကြီးပဲ။ လူသားတစ်ယောက်နဲ့ ဘယ်လိုလုပ် စာချုပ်ချုပ်ဆိုနိုင်မှာလဲ။”

“အိုး! အံ့ဩစရာပဲ။ တကယ်ပဲ မျောက်ဘုရင်ဖြစ်နေပါလား။”

ရှောင်းယီက လက်မထောင်ပြလိုက်သည်။

မျောက်ကလေးသည် ချက်ချင်းပင် သူ၏ရင်ဘတ်ကိုကော့လိုက်ပြီး ဂုဏ်ယူစွာဖြင့် မော့ကြည့်လိုက်၏။

“ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲ!”

ရှောင်းယီသည် သစ်သီးကိုပွတ်သပ်ပြီး တစ်ကိုက်ကိုက်လိုက်လေသည်။

ချိုမြိန်သည့် မက်မွန်သီး၏မွှေးရနံ့က ချက်ချင်းပျံ့လွင့်သွား၏။

မျောက်ကလေးသည် သူ၏စစ်မှန်သည့်အနေအထားသို့ ရောက်အောင်မလုပ်နိုင်သေးခင်မှာပင် ထိုရနံ့၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရလေသည်။

ထိုရနံ့မှတစ်ဆင့် ဤမက်မွန်သီးသည် သူ့အတွက် တောထဲတွင် ရှာဖွေတွေ့ရှိနေကျ သာမန်သစ်သီးများကဲ့သို့မဟုတ်ကြောင်း သေချာသွားစေခဲ့သည်။

“ငါ အစကတော့ မင်းကို အစားအစာပေးဖို့ အစီအစဉ်ထားခဲ့တာ။ ဒါပေမယ့် အခုတော့ မင်းကမလိုအပ်တော့ပုံပဲ။”

ရှောင်းယီက ပြောလိုက်သည်။

သူ့ဘေးနားရှိ ဝက်ဝံဖြူကြီးက ခေါင်းခါလိုက်ပြီး သူ၏လက်ထဲက အစားအစာကို ဆက်လက်ကိုက်စားလိုက်လေသည်။

ရှောင်းယီသည် အန်းရန်ကို မျက်စပစ်ပြလိုက်၏။ အန်းရန်သည် ချက်ချင်းပင် ဗီလာထဲသို့ဝင်သွားပြီး SSအဆင့် ရေသန့်တစ်ခွက်ယူကာ ပြန်ထွက်လာခဲ့သည်။

“အိုး၊ ငါက မင်းအတွက် ရေကိုပါ ပြင်ဆင်ထားခဲ့တာ။ ဒါပေမယ့် အခုတော့ မင်းက မလိုအပ်တော့ဘူးထင်တယ်။”

ရှောင်းယီသည် ထိုရေခွက်ကိုယူလိုက်ပြီး မျောက်ကလေးဘက်သို့ တမင်တကာ မြှောက်ပြလိုက်၏။ ထိုမှသာ မျောက်ကလေးသည် ဤအဆင့်မြင့်ရေသန့်၏အနံ့ကို ရှူရှိုက်မိမည်ဖြစ်သည်။

ထိုအနံ့ကို ရှူလိုက်မိပြီးသည့်နောက် မျောက်ကလေးသည် ပို၍စိတ်လှုပ်ရှားသွားပြီး ဂနာမငြိမ်ဖြစ်လာကာ ခုန်ပေါက်နေလေသည်။

ရှောင်းယီသည် ရေခွက်ထဲရှိရေများကို တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်၏။

“အနာဂတ်မှာ ငါလည်း ဒီလိုရေမျိုးကို နေ့တိုင်းသောက်လို့ရမှာလား။”

မျောက်ကလေးသူ၏ ခေါင်းကိုကုတ်ကာ နားရွက်များကိုပစ်သပ်ရင်း မေးလိုက်‌လေသည်။

“ဒါပေါ့ ငါနဲ့စာချုပ်ချုပ်ဆိုဖို့ သဘောတူရင် ရစေရမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်၏။

မျောက်ကလေးသည် မြေပေါ်တွင် လမ်းလျှောက်ရင်းဖြင့် စဉ်းစားနေခဲ့သည်။

“ငါသဘောတူတယ်။ ဒါပေမယ့် ငါ့ကို နေ့တိုင်း မက်မွန်သီးတစ်လုံးနဲ့ ရေတစ်ခွက်ပေးရမယ်။”

“သဘောတူတယ်။”

ရှောင်းယီကပြန်ဖြေပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် စာချုပ်ချုပ်ကဒ်ကို ချက်ချင်းပင် အသုံးပြုလိုက်လေသည်။

ထို့နောက် အနီနက်ရောင် သံကြိုးတစ်ခုထွက်ပေါ်လာပြီး မျောက်ကလေး၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားခဲ့သည်။

သူသည် အစပိုင်းတွင် အနည်းငယ်ခုခံ နေသေးသော်လည်း အဆင့်မြင့်ရေနှင့် အစားအစာများ၏ ဆွဲဆောင်မှုကို ခံနိုင်ရည်မရှိခဲ့ပေ။

“စာချုပ်ချုပ်ဆိုခြင်းအောင်မြင်ပါသည်။ မျောက်သည် သင်၏စာချုပ်သားရဲ ဖြစ်သွားပါပြီ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသိပေးချက်ကိုမြင်သောအခါ ရှောင်းယီက ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ယွမ်နွန်ကို မက်မွန်သီးတစ်လုံးထပ်ယူခိုင်းလိုက်သည်။

“ရော့ ဒီမှာ!”

ရှောင်းယီသည် မက်မွန်သီးကို မျောက်ကလေးဆီသို့ ပစ်ပေးလိုက်၏။

“သူတို့တွေမှာ နာမည်တွေရှိတယ်။ မင်းကိုလည်း နာမည်တစ်ခုပေးကြရအောင်! မင်းရဲ့ရွှေရောင်အမွေးတွေကိုကြည့်ပြီး ရွှေရောက်ရီထရေးဗာလို့ ဘာလို့မခေါ်ရမှာလဲ။”

ရှောင်းယီ၏စကားကိုကြားသောအခါ အန်းရန်သည် ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။ ရွှေရောင်ရီထရေးဗာဆိုသည်မှာ ခွေးတစ်မျိုးဖြစ်ပေသည်။

အန်းရန်၏တုံ့ပြန်မှုကိုမြင်သောအခါ မျောက်ကလေးသည် ဤနာမည်မှာ ဆိုးရွားကြောင်းသိရှိသွားပြီး ချက်ချင်းပင် ကန့်ကွက်လိုက်၏။

“မဖြစ်ဘူး၊ မဖြစ်ဘူး!”

ရှောင်းယီက ခဏတာ စဉ်းစားလိုက်သည်။

“မင်းက မဟာပဏ္ဍိတလိုပဲ အထူးတယ်။ ဒါပေမယ့် မင်းက အရမ်းငယ်သေးတယ်။ ဒါကြောင့် ပဏ္ဍိတငယ်လို့ခေါ်ကြရအောင် “

ရှောင်းယီက ပြောလိုက်သည်။

မျောက်ကလေးသည် ပတ်ဝန်းကျင်ရှိ လူများ၏တုံ့ပြန်မှုကိုကြည့်လိုက်ပြီး သူတို့ရယ်မနေသည်ကို တွေ့လိုက်ရကာမှ ခေါင်းညိတ်ကာ “ကောင်းပြီ!” ဟုဆိုကာ သဘောတူလိုက်လေသည်။

“နောက်တစ်ခါ နံရံအပြင်ဘက်ကနေ မဖြတ်ကျော်နဲ့။ အရမ်းအန္တရာယ်များတယ်။ တံခါးကနေပဲ ဝင်လာခဲ့။”

ရှောင်းယီက ပြုံးကာပြောလိုက်၏။

“ကဲ ထမင်းဆက်စားကြရအောင်။”

ပဏ္ဍိတငယ်လေးသည် မက်မွန်သီးကို လျင်မြန်စွာ ကိုက်စားပြီး ဗီလာမှ ပြန်ထွက်သွားခဲ့လေသည်။

“ပဏ္ဍိတငယ်လေးအတွက် တောထဲမှာ အန္တရာယ်ရှိလောက်မလား။”

အန်းရန်က ပြောလိုက်သည်။

“စိတ်ပူစရာမလိုပါဘူး။ အဲဒါက သူ့အိမ်ကွင်းပဲ။ ပြီးတော့ သူက မျောက်ဘုရင်လည်းဖြစ်သေးတယ်။ သာမန်မျောက်မဟုတ်ဘူး။ အဲ့ဒါကြောင့် စိတ်မပူနဲ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

နေ့လယ်စာစားပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်သောအခါ အခြားကျွန်းများတွင် ဒေသခံများ၏ ထပ်မံတိုက်ခိုက်မှုကို ခံနေရကြရကြောင်း တွေ့လိုက်ရလေသည်။

“သေစမ်း! ဒီဒေသခံတွေ ပြန်ရောက်လာကြပြန်ပြီ။”

“သူတို့က လှေရှေ့မှာ ဒိုင်းတစ်ခုတပ်ထားတယ်။ အဲ့ဒါက တကယ်ကို အလုပ်လုပ်ဖို့ခက်ခဲစေတာပဲ။”

“ဒီမှာ လေးနဲ့မြားလိုအပ်နေတယ်။ တစ်ယောက်ယောက် ကူညီပေးနိုင်မလား။”

“ဒီမှာ သင်္ဘောကြီးနှစ်စီးပေါ်လာတယ်။ ငါတော့ ဒီနေရာကိုလွှဲပေးရတော့မယ်ထင်တယ်။”

“လှေနှစ်စီးလား။ မင်းလက်နက်ချလိုက်တာကောင်းမယ်။ တစ်စီးတည်းနဲ့တောင် မင်းအတွက်လုံလောက်နေပြီ။ နှစ်စီးဆိုရင်တော့ အရှုံးပေးလိုက်တော့။”

“ဟုတ်တယ်။ အကြီးစားဒူးလေးမျိုးရှိရင် ကောင်းမှာပဲ။ ဒါဆိုရင် သူတို့လှေပေါ်က ဒိုင်းကို ဖြတ်ပစ်နိုင်လိမ့်မယ်။ အဲ့လိုဆို သူတို့ချဉ်းကပ်နိုင်မှာမဟုတ်ဘူး။”

ထိုစကားကိုမြင်သောအခါ ရှောင်းယီသည် သူဆီတွင် အကြီးစားဒူးလေးကြီးတစ်လက်ရှိကြောင်း ရုတ်တရက်သတိရသွားခဲ့လေသည်။

အခန်း ၂၄၈

ရှောင်းယီသည် အကြီးစားဒူးလေးကြီးတစ်လက်၏ ထုတ်လုပ်မှုပုံစံကို အစောပိုင်းကတည်းက ရေးဆွဲထားခဲ့ပြီး ထုတ်ပြီးသောအခါ ၎င်းကို သူ၏အိမ်ရှေ့တွင် ထိန်းသိမ်းထားခဲ့သည်။

အဖွဲ့ထဲတွင် တစ်စုံတစ်ဦးက ဤအကြောင်းကို မဖော်ပြခဲ့ပါက သူသည် လုံးဝမေ့သွားမည်ဖြစ်သည်။

“ဘယ်သူက သူ့ဘက်မှာ ဒေသခံလှေကြီးနှစ်စီးရှိတယ်လို့ ပြောခဲ့တာလဲ။”

ရှောင်းယီက မေးလိုက်သည်။

“ကျွန်တော်ပါ။”

သေမင်းနတ်ဘုရားအမည်ရှိသော အသက်ရှင်ကျန်သူတစ်ဦးက ပြန်ဖြေလာ၏။

“ခဏနေရင် ငါမင်းကို လက်နက်တစ်ခုငှားပေးမယ်။ မင်း ဒေသခံတွေကို တိုက်ထုတ်နိုင်ဖို့ မျှော်လင့်တယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဒီဟာအတွက် ၃×၃ နေရာလွတ်လိုတယ်။”

သေမင်းနတ်ဘုရားသည် တစ်စက္ကန့်မျှပင် မတွန့်ဆုတ်ဘဲ ချက်ချင်းပြန်ဖြေလိုက်သည်။

“ရတယ် ကျွန်တော့်ကျွန်းမှာ နေရာလွတ်အများကြီးရှိတယ်။”

ရှောင်းယီသည် သူ၏စကားဆုံးသည်နှင့် ချက်ချင်းပင် အကြီးစားဒူးလေးကြီးကို လဲလှယ်ပေးလိုက်၏။

“[အကြီးစားဒူးလေးကြီး] ၁ - လဲလှယ်မှု မရှိပါ။”

သေမင်းနတ်ဘုရားသည် ထိုလက်နက်ကိုမြင်သောအခါ ချက်ချင်းပင် သဘောတူလိုက်ပြီး ဒူးလေးကြီးကို ကျွန်း၏အနောက်ဘက်တွင် ထားလိုက်သည်။

ထိုဦးတည်ချက်သည် ဒေသခံလှေကြီးနှစ်စီး လာရာလမ်းဖြစ်သည်။

“လေးမြားတွေအတွက်တော့ သစ်သားတွေပဲသုံးလိုက်ပါ။”

ရှောင်းယီက သေမင်းနတ်ဘုရားဆီသို့ သီးသန့်စာပို့လိုက်သည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်!”

သေမင်းနတ်ဘုရားက ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် ရှောင်းယီကျွန်း၏အနောက်ဘက်ရှိ စတုရန်းမီတာသုံးဆယ်ခန့်ကျယ်သော ကျွန်းတစ်ခုပေါ်တွင် လူငယ်တစ်ဦးသည် အနောက်ဘက်ပင်လယ်ပြင်ကို မဲမှောင်‌နေသောမျက်နှာထားဖြင့် ကြည့်နေခဲ့သည်။

လှေကြီးနှစ်စီးသည် အလယ်အလတ်ရွက်လှေအရွယ်အစားခန့်ရှိပြီး သူ့ဘက်သို့ ဦးတည်လာနေသည်။

ထိုလူငယ်မှာ သေမင်းနတ်ဘုရား ဖြစ်ပေသည်။

“ဟမ့်! မင်းတို့လှေက ဘယ်လောက်မာတယ်ဆိုတာ ငါကြည့်မယ်။”

သေမင်းနတ်ဘုရား အေးစက်စွာပြောလိုက်ပြီး တစ်မီတာရှည်သော လေးမြားတစ်ချောင်းကို ဒူးလေးကြီး၏မြားအိမ်ထဲသို့ ထည့်လိုက်၏။

ပစ်ကွင်းကို အနည်းငယ်ချိန်ညှိပြီးနောက် သေမင်းနတ်ဘုရားသည် ဒူးလေးကြီးကို ပြတ်ပြတ်သားသားပင် ပစ်လွှတ်လိုက်လေသည်။

ဝှစ်ရှ်!

တစ်မီတာကျော်ရှည်သော လေးမြားသည် လျင်မြန်စွာ ပျံထွက်သွားခဲ့သည်။

လှေပေါ်ရှိ ဒေသခံများသည် အစကတည်းက ပြင်ဆင်ထားခဲ့သော သစ်သားပြားများကို ချက်ချင်းပင် မတင်လိုက်ကြသည်။

ခရက်!

ရှေ့တွင်တပ်ဆင်ထားသော သစ်သားပြားသည် ဒူးလေးကြီးမှ ပျံသန်းထွက်လာသောမြားကို လုံးဝမတားဆီးနိုင်ခဲ့ပေ။

ဖောက်!

မြားသည် သစ်သားပြားကို ထိုးဖောက်သွားပြီး အနောက်ရှိ လူတစ်ယောက်ကို ထိုးဖောက်ကာ နောက်ဆုံးတွင် နောက်ဘက်ကပ္ပတိန်အခန်းသို့ ဝင်ရောက်သွားခဲ့သည်။

ရင်ဘတ်ကို ဖောက်ထွင်းခံလိုက်ရသော အဖော်ကိုကြည့်ကာ အခြားဒေသခံများသည် ထိတ်လန့်ကာ တစ်ယောက်ပြီးတစ်ယောက် ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။

သေမင်းနတ်ဘုရားသည် သူ့မြား၏ရလဒ်ကိုကြည့်လိုက်သောအခါ မြားသည် သစ်သားပြား၏ကာကွယ်မှုကိုဖြတ်ကျော်နိုင်သည်သာမက သစ်သားပြားနောက်ရှိ ဒေသခံများကိုပါ ဒဏ်ရာရစေနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။

“ကောင်းပြီ။ အခု ငါတို့ရဲ့ အဆင့်မြင့်လက်နက်တွေရဲ့ အရသာကို မြည်းစမ်းကြည့်လိုက်စမ်း!”

သေမင်းနတ်ဘုရားက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ထို့နောက် သူသည် ဒူးလေးကြီး၏ယန္တရားကို အားဖြင့်ဆွဲပြီး နောက်ထပ်မြားရှည်တစ်ချောင်းကို ထည့်ကာ အခြားလှေတစ်စီးဆီသို့ ပစ်လွှတ်လိုက်လေသည်။

ဝှစ်ရှ်!

ဤအချိန်တွင် လှေဦးပိုင်းတွင်တပ်ဆင်ထားသော သစ်သားပြားများသည် ထပ်မံကျိုးပဲ့သွားသော်လည်း ဒေသခံများက ကြိုတင်ပြင်ဆင်ထားသောကြောင့် အသေအပျောက်တော့ မရှိခဲ့ပေ။

သို့သော် ဤမြားသည် ထိုဒေသခံများကို ထိတ်လန့်စေခဲ့ပေသည်။

သေမင်းနတ်ဘုရားသည် ရပ်တန့်ရန် ရည်ရွယ်ချက်မရှိပေ။

သူသည် ဒူးလေးကိုထပ်မံတပ်ဆင်ပြီး လှေကြီး၏ကိုယ်ထည်သို့ ပစ်လွှတ်လိုက်သည်။

ဝှစ်ရှ်!

ခရက်!

မြားသည် လှေ၏ကိုယ်ထည်တွင် အပေါက်ကြီးတစ်ခု ထိုးဖောက်လိုက်ပြီး ပင်လယ်ရေများ လှေထဲသို့ အပြင်းအထန်စီးဝင်လာခဲ့သည်။

လှေသည် ချက်ချင်းပင် သူတို့၏ဦးတည်ချက်ကို ပြောင်းလဲကာ ဆုတ်ခွာရန် ပြင်ဆင်လိုက်သည်။ သို့သော် သေမနင်းနတ်ဘုရားသည် သူတို့ကို အလွယ်တကူ ထွက်ခွာခွင့်မပြုခဲ့ပေ။

ဒူးလေးကိုထပ်မံတပ်ဆင်ကာ ပျက်စီးနေသောသင်္ဘောကိုယ်ထည်ကို ဆက်လက်ပစ်ခတ်လိုက်သည်။

ခရက်!

မြားသည် ကိုယ်ထည်တွင် အပေါက်ကြီးတစ်ခုကို ထပ်မံထိုးဖောက်လိုက်၏။

အခြားလှေတစ်စီးသည် ထိုလှေ၏အခြေအနေကိုမြင်သောအခါ ချက်ချင်းပင် နောက်လှည့်ကာ ထွက်ပြေးတော့‌လေသည်။

သေမင်းနတ်ဘုရားသည် ထွက်ပြေးနေသောလှေကြီးကို လုံးဝဂရုမစိုက်ဘဲ အပေါက်နှစ်ခုဖောက်ထားသော သူရှေ့မှလှေကိုသာ ဆက်လက်ပစ်ခတ်လိုက်သည်။

ဝှစ်ရှ်! ဝှစ်ရှ်!

လှေကြီးသည် ဒူးလေးကြီး၏ပစ်ကွင်းမှ ထွက်ခွာသွားသည်အထိ သေမင်းနတ်ဘုရားသည် မြား ၁၂ ချောင်း ပစ်ခတ်နိုင်ခဲ့သည်။

မြားတိုင်းသည်လည်း လှေ၏ကိုယ်ထည်ကို ပျက်စီးစေခဲ့သည်။

ထိုပျက်စီးမှုများကြောင့် လှေသည် တဖြည်းဖြည်းချင်း နှေးကွေးလာပြီး တဖြည်းဖြည်းချင်း နစ်မြုပ်လာခဲ့သည်။

မကြာမီ လုံးဝနစ်မြုပ်တော့မည်ဟုပင် ထင်ရသည်။

လှေပေါ်ရှိ ဒေသခံများသည် တစ်ယောက်ပြီးတစ်ယောက် ပင်လယ်ထဲသို့ခုန်ချပြီး အခြားလှေကြီးဆီသို့ ကူးခတ်သွားကြသည်။

သေမင်းနတ်ဘုရားသည် သူတို့လှေပေါ်မှခုန်ချသည်ကိုမြင်သောအခါ အပြင်းအထန်ရယ်မောလိုက်ပြီး တစ်ချိန်တည်းတွင် နောင်တရစွာ ရေရွတ်လိုက်၏။

“အရမ်းဝေးလွန်းသွားတာ စိတ်မကောင်းစရာပဲ။ မဟုတ်ရင် ငါ သူတို့တစ်ယောက်ချင်းစီကို နာမည်တစ်ခုချင်းစီပေးနိုင်မယ်လိမ့်မယ်။”

အကွာအဝေးသာ မဝေးလွန်းပါက ရေထဲကျသွားသော ဒေသခံများသည် သက်ရှိပစ်မှတ်များဖြစ်လာမည်ဖြစ်ပြီး သေမင်းနတ်ဘုရားသည် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် နာမည်ပေးနိုင်မည်ဖြစ်သည်။

ဤအကြောင်းကို တွေးပြီးနောက် သေမင်းနတ်ဘုရားသည် သူ၏ခေါင်းကိုခါယမ်းကာ ဘေးနားရှိဒူးလေးကြီးကိုကြည့်လိုက်၏။

“ဒီယီရန်ပင်းက တကယ်ကို မရိုးရှင်းဘူး။ ဒီလိုစွမ်းအားကြီးတဲ့လက်နက်မျိုးကိုတောင် ရနိုင်တယ်။”

ဒေသခံများကို တိုက်ထုတ်ပြီးနောက် သေမင်းနတ်ဘုရားသည် ဒူးလေးကြီးကို ချက်ချင်းပြန်အပ်လိုက်သည်။

“ကျေးဇူးတင်ပါတယ်!”

သေမင်းနတ်ဘုရားသည် ရှောင်းယီထံသို့ စာပို့လိုက်သည်။

“ရပါတယ်!”

ရှောင်းယီက ပြန်ဖြေပြီး ဒူးလေးကြီးကို ဂရုထဲတွင် ထားလိုက်သည်။

“အားလုံးပဲ မင်္ဂလာပါ။ ဒီလက်နက်ကို ငါမေ့လုနီးပါးဖြစ်သွားခဲ့တယ်။ အခု အဲ့ဒါကို ဂရုထဲမှာထားလိုက်ပြီ။ ဒေသခံတွေတိုးလာရင် ကိုယ့်ဘာသာ ယူသုံးလို့ရတယ်။”

ရှောင်းယီက ဂရုထဲတွင် ပြောလိုက်သည်။

“အိုးမိုင်! ယီရန်ပင်းက ဘာလို့အရမ်းအံ့ဩစရာကောင်းနေရတာလဲ။ ဒီလိုလက်နက်မျိုးကိုတောင် ထုတ်လုပ်နိုင်တယ်။”

“ဟုတ်တယ်။ ဒါပေမယ့် ဒီလက်နက်က ဘယ်လောက်ထိအစွမ်းထက်လဲမသိဘူး။”

သေမင်းနတ်ဘုရားက ချက်ချင်းပင် ဂရုထဲတွင် ပြောလိုက်သည်။

“အဲ့ဒါက အရမ်းအစွမ်းထက်တယ်။ ခုနက ငါ့ဘက်ကို ဒေသခံလှေကြီးနှစ်စီးလာတာ။ အဲဘဒီလက်နက်နဲ့ တစ်စီးကို ရေမြုပ်အောင်လုပ်လိုက်နိုင်တယ်။ သူတို့ ထွက်ပြေးသွားကြပြီ။”

“လှေတစ်စီးကို ရေမြုပ်အောင်လုပ်လိုက်တာလား။ မြားတစ်ချောင်းတည်းနဲ့လား။”

“မင်းဘာတွေတွေးနေတာလဲ။ မြားတစ်ချောင်းတည်းနဲ့ လှေကိုနစ်အောင်လုပ်နိုင်တယ်ဟုတ်လား။ မင်းက ဒုံးကျည်တွေအကြောင်း ပြောနေတယ်များ ထင်နေတာလား။”

“အမှန်ပဲ။ အတွေးအခေါ်ခေါင်းပါးတဲ့လူတွေ ဘာလို့ရှိနေသေးလဲ။”

“ငါ မြား ၁၂ ချောင်းသုံးခဲ့ရတယ်!”

သေမင်းနတ်ဘုရားက ပြန်ဖြေလိုက်သည်။

“ဒါကိုသုံးဖို့ ခွန်အားအများကြီးလိုအက်တယ်။ အခုလာတဲ့ ဒေသခံလှေတွေကိုတော့ မြားတစ်ချောင်းတည်းနဲ့ အပေါက်ကြီးတစ်ခုဖောက်နိုင်ခဲ့တယ်။”

“တစ်ယောက်ကတော့ စမ်းကြည့်ပြီးသွားပြီ။ ပြဿနာမရှိတော့ဘူး။ စောစောက ဒေသခံလှေတွေ တိုးလာတဲ့သူတွေ အမြန်ငှားပြီး ခုခံဖို့လိုတယ်။”

“ဟုတ်တယ် ယီရန်ပင်းက လက်နက်တွေထောက်ပံ့ပေးနေထားတယ်။ မင်းတို့ ခုခံဖို့လိုတယ်။”

ဤအသက်ရှင်ကျန်သူများသည် အစွန်းအဖျားတွင်ရှိနေသောသူများအတွက် အားပေးခြင်းမှာ အဓိကအားဖြင့် အစွန်းအဖျားရှိသူများသာ ဒေသခံများလက်၌ သေဆုံးသွားပါက သူတို့ကိုယ်တိုင်‌ ဒေသခံများနှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့်ဖြစ်သည်။

ရှောင်းယီမှ ထောက်ပံ့ပေးထားသော ဒူးလေးကြီးဖြင့် ကျွန်းများစွာသည် ဒေသခံများ၏တိုက်ခိုက်မှုကို အောင်မြင်စွာခုခံနိုင်ခဲ့သည်။

ဂရုထဲတွင် သတင်းကောင်းများ မကြာခဏတွေ့ရသည်ကိုမြင်သောအခါ ရှောင်းယီသည် ဤအရာက ဒေသခံများကို ခဏတာထိတ်လန့်စေခဲ့ကြောင်း သိလိုက်ရလေသည်။

ဒူးလေးကြီး၏ ကြီးမားသော ဖျက်စီးနိုင်စွမ်းကို လေးနှင့် မြားများကဲ့သို့ သစ်သားပြားတစ်ချပ်တည်းဖြင့် မကာကွယ်နိုင်ပေ။

ကုထောင်ချွေ့ရှန်းသည်လည်း ဂရုထဲရှိ ဒူးလေးကြီးကိုမြင်လိုက်ရပေသည်။

“သူဌေးမှာ ပစ္စည်းကောင်းတွေ ဘယ်လောက်တောင်ရှိနေတာလဲ။ အများကြီးရှိနေလို့ပဲဖြစ်ရမယ်။ ဒီလိုအရေးကြီးတဲ့လက်နက်ကိုတောင် မေ့နေခဲ့တာဆိုတော့။”

“အစ်ကိုကြီး ကျွန်တော်ရှင်းပြီးသွားပြီ။”

တဲအပြင်ဘက်မှ ဟွားလန်၏ အသံကို ကြားလိုက်ရ၏။

ကုထောင်ချွေ့ရှန်းသည် အပြင်သို့ ထွက်ကြည့်လိုက်သည်။ ဆောင်းရာသီအတွင်း ကျွန်းပေါ်တွင် ပြန်လည်ဖြည့်သွင်းပေးထားသော သစ်ပင်နှင့် ကျောက်တုံးများအားလုံးကို ရှင်းလင်းပြီးပြီဖြစ်ပြီး ဘေးတွင် သစ်သား၊ ကျောက်တုံးနှင့် အခြားအရင်းအမြစ်များကို စုပုံထား၏။

သူတို့သုံးယောက်လုံး၏ တဲများအားလုံးကို နေရာရွှေ့ပြီးနောက် ကုထောင်ချွေ့ရှန်းသည် ရှောင်းယီပေးထားသော ကျောက်တုံးအိမ်ကို ထုတ်ယူလိုက်သည်။

သူ၏မျက်စိရှေ့မှောက်တွင် စတုရန်းမီတာ ၂၀ ကျယ်သော ကျောက်တုံးအိမ်ကိုကြည့်ပြီး မဂ္ဂတမက တစ်ကိုယ်တည်း ရေရွတ်မိလိုက်လေသည်။

“ငါအိမ်တစ်လုံးကိုမမြင်ရတာ ဘယ်လောက်တောင်ကြာသွားပြီလဲ။”

ဟွားလန်ကလည်း သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

“ဘဝတစ်ခုလုံး ကုန်ဆုံးသွားသလိုခံစားရတယ်”

“အဲ့မှာဘာရပ်လုပ်နေကြတာဘာလဲ။ မြန်မြန်ပစ္စည်းတွေယူပြီး အိမ်ထဲဝင်အနားယူကြတော့။”

ကုထောင်ချွေ့ရှန်းက သူတို့ တုတ်တုတ်မလှုပ်ဘဲရပ်နေသည်ကိုမြင်သောအခါ အလျင်အမြန်တိုက်တွန်းလိုက်‌ေါသည်။

ထိုစကားကိုကြားသောအခါ မဂ္ဂတမနှင့် ဟွားလန်တို့သည် ကြောင်အသွားကြ၏။

“ကျွန်တော်တို့လည်း အတူနေရမှာလား။”

အခန်း ၂၄၉

“ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ!”

ကုထောင်ချွေ့ရှန်းက ပြောလိုက်သည်။

“မြန်မြန်ပြင်ဆင်လိုက်တော့။ ငါတို့မှာလုပ်စရာတွေရှိသေးတယ်။ တဲတွေကို ပစ္စည်းတွေသိမ်းဖို့သုံးရမယ်။”

မဂ္ဂတမနှင့် ဟွားလန်တို့သည် ချက်ချင်းပင် ခေါင်းညိတ်လိုက်ကြပြီး သူတို့၏အိပ်ရာပရိဘောဂများကို အထဲသို့ သယ်သွားလိုက်ကြသည်။

သူတို့တွင် အိပ်ရာမရှိသေးသောကြောင့် မြေပြင်ပေါ်တွင် အရွက်ခြောက်များကို ထူထူခင်းပြီး အပေါ်မှ စောင်တစ်ထည် ထပ်ခင်းလိုက်သည်။

နွေဦးရာသီဖြစ်သော်လည်း ညဘက်တွင် အနည်းငယ်အေးနေဆဲဖြစ်သည်။

ရှောင်းယီသည် ဤအခန်းထဲတွင် မူလတည်းက ထားရှိထားသော မီးဖိုကိုလည်း လဲလှယ်ပေးထားခဲ့သည်။

မဂ္ဂတမသည် ထိုမီးဖိုကိုမြင်သောအခါ “ဒါကဘာလဲ” ဟု မေးလိုက်၏။

“ကြည့်ရတာ မီးဖိုဖြစ်လောက်မယ်။”

ဟွားလန်က ပြောလိုက်သည်။

ကုထောင်ချွေ့ရှနသည် သူ၏အိပ်ရာကို ပြင်ဆင်ရင်း ပြော၏။

“ဟုတ်တယ် အဲ့ဒါက မီးဖို။ ကျောက်တုံးအိမ်တစ်ခုလုံးရဲ့ အပူချိန်ကို ၂၆ ဒီဂရီအထိ ထိန်းထားပေးနိုင်တဲ့ B-အဆင့် မီးဖိုပဲ။”

“အရမ်းအစွမ်းထက်တာပဲ။ သူဌေးက သူ့ဘာသာမသုံးဘဲ ငါတို့ကိုပဲပေးလိုက်တာလား။”

မဂ္ဂတမက အံ့ဩတကြီး ပြောလိုက်သည်။

“သူဌေးက သူ့ဆီမှာပိုနေလို့ ငါတို့ကိုပေးတာပေါ့။”

ကုထောင်ချွေ့ရှန်းက ပြန်ဖြေလိုက်သည်။

“မြန်မြန်လုပ်ကြ ပြီးရင် ပစ္စည်းသေတ္တာတွေဖမ်းဖို့ အပြင်ထွက်ကြရမယ်။”

“ဟုတ်ကဲ့!”

ဟွားလန်သည် သူ့စောင်ကို အလျင်အမြန်ခင်းပြီးနောက် အပြင်သို့ ပြေးထွက်သွားခဲ့သည်။

ဒေါက်! ဒေါက်! ဒေါက်!

ရှောင်းယီသည် သူ၏အခန်းတံခါးကို ခေါက်နေသည့်အသံအား ကြားလိုက်ရသည်။

“ဝင်ခဲ့ပါ!”

ရှောင်းယီက ပြောလိုက်၏။

တံခါးဖွင့်လိုက်သောအခါ လုပင်းအာက အပြင်ဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။

“ဘာဖြစ်လို့လဲ။ တစ်ခုခုဖြစ်နေတာလား။”

ရှောင်းယီက မေးလိုက်သည်။

“အန်တီလီယန်က ရှင့်ကို သစ်သားစက်ရုံဆီ ခေါ်ခိုင်းလိုက်တယ်။ ပထမဆုံး ပိတ်ချောအင်္ကျီတွေကို လုက်ပြီးသွားပြီ။”

လုပင်းအာက မဝံ့မရဲ ပြောလိုက်၏။

ထိုစကားကိုကြားသောအခါ ရှောင်းယီ၏မျက်လုံးများ လင်းလက်သွားလေသည်။

“သတင်းကောင်းပဲ။ အမြန်သွားကြရအောင်။”

ထိုသို့ဆိုကာ ရှောင်းယီသည် သစ်သားစက်ရုံသို့ လာပင်းအာနှင့်အတူ အလျင်အမြန်သွားလိုက်သည်။

လီယန်သည် သူမ၏အင်္ကျီပေါ်က ချည်မျှင်များကို ညှပ်ဖြတ်နေ၏။

ရှောင်းယီရောက်လာသည်ကိုမြင်သောအခါ လီယန်က အင်္ကျီကိုမြှောက်ပြလိုက်ပြီး “စမ်းကြည့်ပါဦး!” ဟုပြောလိုက်သည်။

ရှောင်းယီ ခေါင်းညိတ်ကာ တစ်လကြာအောင် ဝတ်ထားခဲ့ရသောကြောင့် ဖြူဖပ်ဖြူရော်ဖြစ်နေသော သူ၏အင်္ကျီကို ချွတ်ပစ်လိုက်ပြီး လီယန်၏လက်ထဲမှ အင်္ကျီကိုယူကာ ဝတ်ဆင်လိုက်သည်။

ဒီလက်ရှည်အင်္ကျီက ဝတ်ရတာ အရမ်းသက်သောင့်သက်သာရှိပြီး အေးနေတာပဲ။

“အရမ်းကောင်းတယ်!”

ရှောင်းယီက ကျေနပ်စွာပြောလိုက်၏။

“ကျန်တဲ့ပိတ်ချောနဲ့ အင်္ကျီငါးစုံပဲလုပ်လို့ရတော့မယ်။ ကျန်တာတော့ စောင့်ရဦးမယ်။”

လီယန်က အနည်းငယ်နောင်တရနေဟန်ဖြင့် ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ နောက်ထပ် ဝတ်စုံအယနည်းနည်း ထပ်လုပ်လို့ရပါသေးတယ်။ ဒီဝါဂွမ်းပိတ်စတွေနဲ့ဆိုရင် သိပ်မကြာလောက်တော့ပါဘူး။”

ရှောင်းယီက ဘေးနားရှိ ဝါဂွမ်းပိတ်စကို ညွှန်ပြီးပြောလိုက်သည်။

“ဝါဂွမ်းက လီနင်လောက် လေဝင်လေထွက်မကောင်းဘူး”

လီယန်က ပြန်ဖြေလိုက်သည်။

ရှောင်းယီက ပြုံးလိုက်၏။

“အခုချိန်မှာ အရမ်းအာရုံစိုက်စရာမလိုသေးပါဘူး။ ဒါတွေနဲ့ပဲ အမြန်လုပ်ပြီး လူတိုင်းအဝတ်လဲနိုင်အောင် လုပ်ပေးလိုက်ပါ။”

လီယန်က ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ ငါတို့ကို နောက်တစ်ရက်လောက်ပဲ အချိန်ပေးပါ။ လူတိုင်းအတွက် ဝတ်စုံနှစ်စုံစီ ပြင်ဆင်ပေးမယ်။”

“အရမ်းမလောပါနဲ့။ အခုအချိန်တွေ အများကြီး ရှိပါသေးတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“အလုပ်နဲ့အနားယူမှုကို ဟန်ချက်ညီအောင်နေပါ။”

“ကောင်းပါပြီ!”

လီယန်က တုံ့ပြန်လိုက်သည်။

ထို့နောက် ရှောင်းယီသည် လှည့်ထွက်လာလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်သည်။ ယီထျန်းဂရုထဲတွင် ဝမ်းမြောက်စရာသတင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ အကြောင်းမှာ ဒေသခံလှေနှင့်ကြုံသူတိုင်းလိုလို လှေများကို ထိတ်လန့်သွားစေခဲ့သည်ဟု အစီရင်ခံနေကြသောကြောင့်ဖြစ်သည်။

ရှောင်းယီပေးထားသော ဒူးလေးကြီးကြောင့်ပင်ဖြစ်သည်။

“သူဌေးရဲ့ဒူးလေးကြီးက တကယ့်ကိုအစွမ်းထက်တယ်။ ငါက မြားတစ်ချောင်းပဲပစ်လိုက်တာ။ ပစ်မှတ်နဲ့လွဲပြီး လှေရဲ့ညာဘက်ကိုထိသွားတယ်။ သူတို့တွေ ချက်ချင်းပဲ ထွက်ပြေးသွားကြတယ်လေ။”

“ဒီလောက်အစွမ်းထက်နေမှတော့ ကြုံရသူတိုင်းထွက်ပြေးမှာပဲ။ ဒီမှာတွေ့ရတဲ့ ဒေသခံတွေက လှေငယ်လေးနဲ့ပဲလာကြတာ။ ငါက မြားတစ်ချောင်းနဲ့ လှေပေါ်ကလူနှစ်ယောက်ကို ဖောက်ထွင်းပစ်လိုက်တယ်။ သူတို့အော်ဟစ်ပြီး လှော်ခတ်ထွက်ပြေးသွားတာပဲ။ အသက်တော့ မရှင်နိုင်လောက်ဘူးထင်တယ်။”

“အပေါ်ကလူရဲ့ မြားပစ်စကေးက အံ့ဩစရာပဲ၊ တည့်တည့်ထိအောင် ပစ်နိုင်တယ်။”

“ငါပစ်မှတ်ထားတာက သူတို့လှေကိုပါလို့ ငါပြောမှာရလား။”

“မင်းလည်း မှားပစ်မိတာလား။”

“မင်းမှားပစ်မိတာဆိုရင်တောင် အရေးမကြီးဘူး။ ငါဆိုရင် တိုက်ရိုက်ရေထဲကိုပစ်လိုက်တာ။ ဒါပေမယ့် သူတို့ကိုတော့ ထိတ်လန့်သွားစေတုန်းပဲ။”

“ငါနားထောင်ရတာ ပိုပိုပြီးဆိုးလာတယ်။ အပေါ်ကလူတွေက ရေချိုးကန်ထဲမှာ ရေကူးနေကြတာလား။ ရေထဲမှာတောင် ပစ်နိုင်သေးတာလား။”

“မင်းပြောမှပိုဆိုးသွားပြီ။”

“ဘယ်လိုလူတွေက ဒီမှာလာပြီး ရေအုပ်စုထဲ လာလေ့လာနေတာလဲ။ တကယ့်လူတွေပဲ မင်းတို့ ကျွန်းတည်ဆောက်ဖို့ သွားကြပါတော့ဟ။”

သူတို့စကားပြောနေစဉ်မှာ ညနေခင်းအချိန်သို့ ရောက်ရှိလာနေပြီဖြစ်သည်။ ရှောင်းယီသည် ကုထောင်ချွေ့ရှန်းဆီသို့ ညနေစာပို့ပေးပြီးနောက် မြေပုံ၏ အစွန်းတွင်ရှိသော အစက်များကို ကြည့်ရင်းစဉ်းစားခန်းဖွင့်နေခဲ့သည်။

နေ့စဉ် ပင်လယ်ငါးများရနေသော်လည်း အပြင်ဘက်ကျွန်းများတွင် ဒေသခံများ၏ တိုက်ခိုက်မှုများစွာရှိနေ၏။

ရေနွေးကြမ်းသောက်ရရန်မှာ ပြဿနာမရှိပေ။ ပင်လယ်ငါးများမှာလည်း ယခုအချိန်ထိ ကောင်းနေဆဲဖြစ်သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဒေသခံများ၏ တိုက်ခိုက်ခံရသော ကျွန်းများမှာ ပိုမိုများပြားလာနိုင်သည်။ မိမိ၏ကျွန်းကို ထပ်မံချဲ့ထွင်ပြီး ပင်လယ်ငါးရှာဖွေမှုကို နှစ်ဆတိုးမြှင့်မှသာ ပင်လယ်ငါးများ လုံလောက်နိုင်မည်ဖြစ်သည်။

နှစ်ဆအခြေအနေ၏ ခုန်တက်မှုကို မကြာသေးမီကမှ ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။

၎င်း၏ဖြစ်နိုင်ခြေအရ နောက်တစ်ကြိမ်ဖြစ်ပေါ်ရန် အချိန်အနည်းငယ်လိုအပ်မည်ဖြစ်သည်။

ထို့အပြင် ကျွန်း၏ဧရိယာကို နှစ်ဆတိုးလိုပါက နှစ်ဆအခြေအနေတွင် အဆင့်မြင့်အစားအစာများဖြင့် အုတ်မြစ်ကျောက်များ လဲလှယ်ရမည်ဖြစ်သည်။

လက်ရှိတွင် အဆင့်မြင့်အစားအစာ သိုလှောင်မှုများစွာမရှိသေးသဖြင့် ကျွန်း၏ဧရိယာကို အမြန်ချဲ့ထွင်ရန်မှာ မဖြစ်နိုင်ပေ။

“အခြားအစားအစာအရင်းအမြစ်များကို ရှာဖွေဖို့ လိုနေသေးတယ်။”

ရှောင်းယီ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

“ရှောင်းယီ ပစ္စည်းသေတ္တာတွေကို ဂိုဒေါင်ထဲထည့်ထားပြီးပြီ။ အချိန်ရရင် သွားကြည့်လိုက်ဦး။”

အန်းယွဲ့၏အသံက ဝေါ်ကီတော်ကီမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။

“ဟုတ်ကဲ့!”

ရှောင်းယီကတုံ့ပြန်ပြီး ထရပ်ကာ ထွက်သွားလိုက်သည်။

ဂိုဒေါင်သို့ရောက်သောအခါ ပစ္စည်းသေတ္တာအလုံး ၅၀ ကို တွေ့လိုက်ရသည်။

အားလုံးဖွင့်မယ်။

“ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၃၊ ကြေး ၅,...”

“ရရှိသောပစ္စည်းများ - ပေါင်မုန့်သီးစေ့ ၂၊ ဖန် ၂,...”

“ပစ္စည်းများရရှိပါသည်- အုတ်မြစ်ကျောက် ၂၊ လောက်လေးခွထုတ်လုပ်မှုပုံစံ ၁,...”

ပစ္စည်းသေတ္တာအလုံး ၅၀ မှ အုတ်မြစ်ကျောက် ၆၃ ခု၊ ပေါင်မုန့်သီးစေ့ ၂ စေ့၊ လောက်လေးခွထုတ်လုပ်မှုပုံစံတစ်ခုနှင့် အခြေခံအရင်းအမြစ်များကို ရရှိခဲ့သည်။

“အခုလေးတင် အခြားအစားအစာအရင်းအမြစ်ရှာဖို့ပြောနေတာ အခု ပေါင်မုန့်သီးစေ့တွေရလာတယ်။ တကယ်အံ့ဩစရာပဲ!”

ရှေားင်ယီက ပြုံးရင်းပြောလိုက်သည်။

ထို့နောက် လောက်‌လေးခံထုတ်လုပ်မှုပုံစံကို ကြည့်လိုက်လေသည်။

“[လောက်လေးခွထုတ်လုပ်မှုပုံစံ]- သစ်သား ၁၀၊ သံ ၃၊ တိရစ္ဆာန်အရွတ် ၅၊ ပိုးချည် ၂။”

အရင်က သားရဲဘုရင်ဖမ်းထားခဲ့သော တိရစ္ဆာန်များမှ အရွတ်များကို ရယူထားနိုင်ခဲ့ပြီး အခြားအရင်းအမြစ်များမှာလည်း ရှိပြီးသားဖြစ်သည်။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားပြီး လောက်လေးခွတစ်ခုကို တည်ဆောက်ကာ ကမ်းခြေပေါ်တွင် နေရာချလိုက်၏။

အုတ်မြစ်ကျောက်အားလုံးကိုမူ သူ၏ကျွန်းကို ချဲ့ထွင်ရန်အတွက် အသုံးပြုလိုက်လေသည်။

ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် အပြင်မှပြန်လာပြီး ဗီလာအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

“ဟေ ဒါအဝတ်အစားအသစ်တွေလား။”

ကျန်းယွင်ထျန်းသည် ရှောင်းယီဝတ်ဆင်ထားသော လီနင်အင်္ကျီကိုမြင်သောအခါ အံ့အားသင့်စွာမေးလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ပြလိုက်၏။

“အင်း အန်တီလီယန်က နောက်ဆုံးမှာ အောင်မြင်သွားခဲ့ပြီ။ စိတ်မပူပါနဲ့ မကြာခင်မှာ လူတိုင်းပဲ အဝတ်အစားလဲနိုင်ပါလိမ့်မယ်။”

“အန်တီလီယန်က တကယ်အံ့ဩစရာကောင်းတာပဲ။ သူမက အဝတ်အစားလုပ်တာ အရမ်းမြန်တယ်။”

ကျန်းယွင်ထျန်းက ချီးကျူးလိုက်သည်။

သူတို့စကားပြောနေစဉ် လီယန်နှင့် လုပင်းအာတို့သည် အဝတ်အစားအချို့ကို ကိုင်ဆောင်ကာ အပြင်မှဝင်ရောက်လာခဲ့ကြသည်။

“အခုလေးတင် အန်တီ့အကြောင်းပြောနေတာ။”

ရှောင်းယီက ပြောလိုက်သည်။

လီယန်က ပြုံးလိုက်၏။

“လူတိုင်း အဝတ်လဲဖို့စောင့်နေကြတယ်ဆိုတာ သိပါတယ်။ အဲ့ဒါကြောင့် အဝတ်အစားနည်းနည်းလောက် အမြန်လုပ်လာခဲ့တယ်။ လူတိုင်း အရင်ဆုံး အဝတ်အစားလဲနိုင်အောင် လုပ်လိုက်တာ။”

ထိုစကားကိုကြားသောအခါ ကျန်းယွင်ထျန်း မျက်လုံးများ တောက်ပသွားခဲ့သည်။ သူက အလျင်အမြန်ပြောလိုက်၏။

“အရမ်းကောင်းတယ်၊ ကျွန်တော့ဟာဘယ်မှာလဲ။ ကျွန်တော်အရင်စမ်းကြည့်ချင်တယ်။”

လီယန်သည် သူမလက်ထဲရှိ အဝတ်များထဲမှ ကျန်းယွင်ထျန်း၏ အရွယ်အစားကိုရှာပြီး သူ့ထံသို့ ပေးလိုက်သည်။

လီယန်သည် ယခင်ကတည်းက လုပင်းအာအား လူတိုင်း၏ကိုယ်တိုင်းများကို တိုင်းထားစေခဲ့ပြီး ထိုအတိုင်းအတာများနှင့်ကိုက်ညီသော အဝတ်အစားများကို ပြုလုပ်ထားခဲ့ခြင်းဖြစ်ပေသည်။

All Chapters