အခန်း (၂၅၃-၂၅၅)
Vol. 17 Ch. 253-255
အခန်း ၂၅၃
“ဟုတ်ပါတယ် ငါတို့က မှော်ဆရာရဲ့အမိန့်နဲ့ ဒီကျွန်းကိုတိုက်ခိုက်ဖို့လာခဲ့တာပါ။”
ကျောက်စရစ်ခဲသည် ချက်ချင်းပင် ခေါင်းငုံ့ပြီး ဖြေလိုက်၏။
“ဘာကြောင့်လဲ”
“မှော်ဆရာက မင်းတို့ကျွန်းမှာရှိတဲ့ အနက်ရောင်ကျောက်ပြားတစ်ချပ်ကို ယူလာခိုင်းတယ်။ ဒါဆိုရင် ငါတို့မျိုးနွယ်စုက အရမ်းအားကောင်းလာလိမ့်မယ်လို့ ပြောခဲ့တယ်။”
ရှောင်းယီသည် အနည်းငယ်တုန်လှုပ်သွားပြီးနောက် သူ့ကိုယ်သူတွေးလိုက်မိ၏။
‘ဒီတော့ မင်းတို့က ငါတို့ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အတွက် ရောက်လာခဲ့ကြတာပေါ့။ ဒေသခံတွေက ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေရရင် သုံးလို့ရမှာလား။”
ထိုအကြောင်းကိုတွေးပြီးနောက် ရှောင်းယီက ဆက်မေးလိုက်သည်။
“ဒီအနကိယ်ရောင်ကျောက်ပြားကို ဘယ်လိုယူရမလဲဆိုတာ မှော်ဆရာက မင်းတို့ကိုပြောပြပြီးပြီလား။”
“သူက ကျွန်းပေါ်ကလူတွေကိုသတ်ပြီး အနောက်ကျောက်ပြားကို ထိလိုက်ရုံပဲလို့ ပြောခဲ့တယ်။”
ကျောင်စရစ်ခဲက ပြန်ဖြေ၏။
ထိုမေးခွန်းကိုမေးပြီးသည့်အခါ ရှောငယီသည် ဤကမ္ဘာ၏စည်းမျဉ်းများက ပြင်ပလူများနှင့် ဒေသခံများကို မည်သို့တိုက်ခိုက်စေကြောင်း နားလည်သွားခဲ့သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ စွမ်းအားမှာ အလွန်ကြီးမားလှပေသည်။ ဤကဲ့သို့စွမ်းအားမျိုးကို အသုံးပြုနိုင်သူတိုင်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို ပိုင်ဆိုင်ချင်ကြမည်သာဖြစ်၏။
ဤလှုံ့ဆော်မှုသည် အလွန်ကြီးမားပြီး မျိုးနွယ်စုအတွင်းက မှော်ဆရာအားလုံးသည် ထိုအရာကိုငြင်းပယ်ရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ရှောင်းယီတို့ကဲ့သို့ အပြင်လူများကို တိုက်ခိုက်ရန် မျိုးနွယ်တစ်ခုလုံးကို စုစည်းခဲ့ခြင်းဖြစ်ပေသည်။
“မင်းတို့မျိုးနွယ်စုက ဘယ်မှာလဲ။”
ရှောင်းယီက ဆက်မေးလိုက်သည်။
“ငါတို့က စုစုပေါင်း ၅ ရက်ကြာအောင် ခရီးနှင်ခဲ့ရတယ်။”
ကျောက်စရစ်ခဲက ပြန်ဖြေလိုက်သည်။
ရှောင်းယီက ခဏကြောင်အသွားပြီးနောက် ချက်ချင်းပြောလိုက်၏။
“ဟမ့်! အခုအချိန်မှာတောင် ငါ့ကိုလိမ်ဖို့ကြိုးစားနေသေးတာလား။”
ဤရွက်သင်္ဘောများ၏ အမြန်နှုန်းသည် တစ်နာရီလျှင် ၁၆ ကီလိုမီတာနှုန်းနှင့် မအိပ်မနားဘဲ ၅ ရက်ကြ ခရီးထွက်မည်ဆိုလျှင်ပင် ၁၉၂၀ ကီလိုမီတာသာ ရောက်ရှိနိုင်မည်ဖြစ်သည်။
ဤအကွာအဝေးသည် ရှောင်းယီနှင့် ကုထောင်ချွေ့ရှန်းတို့ကြားရှိ အကွာအဝေးထက်ပင် ပိုနီးနေသေး၏။
ထိုသို့ပြောရမည်ဆိုလျှင် ယီထျန်းဂရုအတွင်းမှာပင် တိုက်ခိုက်ခံရသည့်ကျွန်းများကိုအခြေခံပြီး ရေးဆွဲထားသည့်အဝိုင်းကြီးအတွင်းတွင် ဒေသခံများရှိနေနိုင်သေးပေသည်။
အတွင်းဘက်တွင် ဒေသခံများရှိနေခဲ့လျှင် အစကတည်းက ဤကဲ့သို့အဝိုင်းကြီးမျိုး အဘယ်ကြောင့်ရှိနေရသနည်း။
“အရှင် ချမ်းသာပေးပါ။ ကျုပ် မင်းကို မလိမ်ပါဘူး။ ကျုပ်ကို ယုံပေးပါ။ ကျုပ်တို့ တကယ်ပဲ ၅ ရက်ကြာအောင် ခရီးနှင်ခဲ့ကြတာ သူတို့အားလုံးသိပါတယ်။”
ယွမ်ရှီး (ကျောက်စရစ်ခဲ)က အခြားဒေသခံများကို လက်ညိုးထိုးပြပြီး ပြောလိုက်သည်။
ရှောင်းယီသည် ကျန်းယွင်ထျန်းကို ခေါ်လိုက်ပြီး ဒေသခံတစ်ဦးကို ခေါ်သွားခိုင်းလိုက်၏။ သူသည် ကျန်းယွင်ထျန်း၏ ကြေးစားတစ်ယောက်၏နည်းလမ်းများဖြင့် စစ်ဆေးမေးမြန်းစေမည်ဖြစ်သည်။
ခေါ်သွားခံရသော ဒေသခံသည် သူ၏ရှေ့တွင်ရှိနေသောလူနှစ်ဦးကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်နေခဲ့သည်။
“စလိုက်ကြရအောင်”
ရှောင်းယီက ပြောလိုက်သည်။
ကျန်းယွင်ထျန်းသည် သူ၏ဓားမြှောင်ကိုင်ကာ လျှောက်သွားလိုက်၏။ သူဘာမှမလုပ်ရသေးခင်မှာပင် ထိုဒေသခံသည်က အကြောက်လွန်ကာ သေးဗြန်းဗြန်းပါသွားလေသည်။
သို့သော်လည်း စစ်ဆေးမှုရလဒ်က ရှောင်းယီကို ပိုမိုစိတ်ရှုပ်ထွေးသွားစေခဲ့သည်။
အကြောင်းမှာ ထိုဒေသခံကို သတိလစ်သည်အထိ ညှင်းပန်းနှိပ်စက်ပြီးသည့်အခါမှာပင် သူတို့သည် ပင်လယ်ပြင်တွင် ၅ ရက်သာ ခရီးနှင်ခဲ့ကြသည်ဟု ဆိုနေဆဲဖြစ်သည်။
“တကယ်ဖြစ်နေတာက ဘာလဲာ”
ရှောင်းယီက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
“သူတို့အားလုံးက ပင်လယ်ပြင်မှာ ၅ ရက်ပဲသွားခဲ့တယ်လို့ပြောနေတယ်။ ဒါက မဖြစ်နိုင်ဘူး။”
ကျန်းယွင်ထျန်းသည် ဒီကိန်းဂဏန်းကိုကြားတသောအခါ ခဏတာကြောင်အသွားခဲ့သည်။
“မဖြစ်နိုင်ဘူး။ ၅ ရက်တည်းနဲ့ ငါတို့ဆီကို မရောက်လာနိုင်ဘူး။”
“အဲ့ဒါကြောင့် ကျောင်စရစ်ခဲက ငါ့ကိုလိမ်နေတာလို့ပြောတာပေါ့။”
ရှောင်းယီက မျက်မှောင်ကျုံ့ပြီး ပြောလိုက်သည်။
“ကျောင်စရစ်ခဲလား။ မင်း ကျောက်တုံးတွေနဲ့ အလောင်းကစားလုပ်နေတာလား။”
ကျန်းယွင်ထျန်က အနည်းငယ်ခေါင်းရှုပ်သွားခဲ့သည်။
ရှောင်းယီမှ ဒေသခံများကိုစစ်ဆေးသည့်အခါ ကျန်းယွင်ထျန်းသည် ရှောင်းယီပြောသောစကားများကို နားလည်သော်လည်း ဒေသခံများပြန်ပြောသည့် စကားများကိုမူ လုံးဝနားမလည်ပေ။
ရှောင်းယီသည် သူ့ကို ရှင်းပြရန်မှအပါး ရွေးချယ်စရာမရှိတော့ပေ။
“အဒါက ဒီသင်္ဘောနှစ်စင်းပေါ်က အဆင့်အမြင့်ဆုံးဒေသခံပဲ။ သူ့ကိုယ်သူမိတ်ဆက်တုန်းက သူ့နာမည်က ကျောက်စရစ်ခဲလို့ ပြောခဲ့တယ်။”
ကျန်းယွင်ထျန်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
“ဒါဆို သူက မင်းနှိုးလိုက်တဲ့သူလား”
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“အဲ့ဒါကြောင့် သူတို့သွားတဲ့အခါ ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုခု ဖြစ်ခဲ့ရလိမ့်မယ်။ ဒါပေမယ့် ဘာတွေဖြစ်ခဲ့တာလဲ။”
ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။
“အင်း ဒါဆိုရင် သူတို့ကိုပြန်မောင်းခိုင်းလိုက်ပေါ့။ ဒါတို ငါတို့သိရလိမ့်မယ်။”
ကျန်းယွင်ထျန်း၏စကားကို ကြားသောအခါ ရှောင်းယီသည် သူ၏ခေါင်းကို သူပြန်ပုတ်လိုက်၏။
“ဟုတ်သားပဲ။ အများကြီးစဉ်းစားနေစရာမလိုဘူး။ သူတို့ကို ပြန်မောင်းခိုင်းလိုက်ရုံပဲ။ ဒီနေရာက ဒေသခံမှော်ဆရာတွေက ဘယ်သူတွေလဲ၊ ဝိညာဉ်တွေနဲ့ဘယ်လိုဆက်သွယ်လဲဆိုတာ ကြည့်လို့ရတယ်။”
“ဒါပေမယ့် မင်းကိုယ်တိုင်သွားလို့မဖြစ်ဘူး။”
ကျန်းယွင်ထျန်းက ချက်ချင်းပြောလိုက်သည်။
“ငါ့ကိုအပ်လိုက်။”
ရှောင်းယီက ခေါင်းခါလိုက်သည်။
“ငါသွားမှဖြစ်မယ်။ မင်းသွားရင် သူတို့နဲ့ဆက်သွယ်နိုင်မှာလား။”
ကျန်းယွင်ထျန်းက ချက်ချင်းပင် တွေဝေသွားခဲ့သည်။ ဆက်သွယ်ရေးက တကယ့်ပြဿနာကြီးပင်။ ဘာသာစကားအခက်အခဲကြောင့် သူသွားလျှင် အချက်အလက်များ ရရှိနိုင်မည်မဟုတ်ပေ။
“ဒါပေမယ့် မင်းသွားရင် အရမ်းအန္တရာယ်များတယ်။”
ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ငါ သူတို့နဲ့ရင်ဆိုင်လိုက်မယ်။”
ရှောင်းယီက ပြန်ဖြေလိုက်၏။
“မနက်စာစားရင်း တိုင်ပင်ကြတာပေါ့။”
“ဒီဒေသခံတွေကို ဘယ်လိုလုပ်မှာလဲ”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
ရှောင်းယီက ခဏကြာအောင် တွေးတောပြီးနောက် ပြောလိုက်၏။
“၁၀ ယောက်ချန်ထားပြီး စာချုပ်ကဒ်ကို သုံးမယ်။ ကျန်တာတွေကို သူတို့ကျွန်းကိုပြန်ပို့မယ်။”
ရှောင်းယီ၏ကျွန်းတွင် လုပ်သားအင်အားများ လိုအပ်နေသေးပြီး ဤဒေသခံများကို အလုပ်သမားဖြည့်တင်းရန်အတွက် အသုံးပြုနိုင်သည်။
ကျန်းယွင်ထျန်းသည်လည်း သဘာဝအတိုင်း ကန့်ကွက်မည်မဟုတ်ပေ။ သစ္စာရှိသောလက်အောက်ငယ်သားများရှိပါက အမိန့်များကို ပိုမိုလွယ်ကူစွာပေးနိုင်မည်ဖြစ်သည်။
ရှောင်းယီ ဒေသခံများဆီသို့ ပြန်လျှောက်သွားသောအခါ သူတို့ခန္ဓာကိုယ်များ ပိုမို၍ပင် တုန်ယင်လာခဲ့ကြ၏။
စောစောက ခေါ်သွားခြင်းခံခဲ့ရသော သူတို့အဖော်၏ အော်ဟစ်သံများသည် သူတို့၏နားထဲတွင် မြည်ဟီးနေဆဲဖြစ်သည်။ ထိုအဖော်ဘာဖြစ်သွားလဲဆိုသည်ကိုပင် သူတို့မသိချင်ကြတော့ပေ။
ဒေသခံများကြားထဲသို့ လမ်းလျှောက်သွားပြီးနောက် ရှောင်းယီသည် ကျောက်စရစ်ခဲအပါအဝင် သန်မာသည့် ဒေသခံ ၁၀ ဦးကို ရွေးချယ်လိုက်သည်။
ထိုဒေသခံ ၁၀ ဦး၏ ခန္ဓာကိုယ်များသည် ဖုန်စုပ်စာရွက်ကဲ့သို့ တုန်ယင်နေကြလေသည်။
“ကျန်တဲ့သူတွေက ဒီမှာစောင့်နေ။”
ရှောင်းယီက ပြောလိုက်သည်။
“မင်းတို့ ၁၀ ယောက် ငါနောက်ကလိုက်ခဲ့။”
ထိုဒေသခံများမှာ ငိုချမိလုနီးပါးဖြစ်နေပြီး ရှောင်းယီ၏နောက်သို့လိုက်ရန် မလိုလားကြပေ။
“တစ်ယောက်ယောက်က ဖြည်းဖြည်းလေးသွားနေရင် သွားတဲ့လူကို ငါတိုက်ရိုက်သတ်ပစ်မယ်။”
ရှောင်းယီက အေးစက်စွာ ပြောလိုက်သည်။
ဒေသခံများ၏ ခြေလှမ်းများမှာ ချက်ချင်းပင် ပိုလျင်မြန်လာခဲ့ကြသည်။
ရှောင်းယီသည် သူတို့ကို တံတိုင်းနားသို့ ခေါ်ဆောင်သွားခဲ့သည်။
မြင့်မားသည့်မြို့ရိုးနံရံကြီးကိုမြင်သအခါ သူတို့အားလုံးထိတ်လန့်သွားခဲ့ကြသည်။ သူတို့သည် ဤကဲ့သြိုအဆောက်အဦမျိုးကို မြင်ဖူးခြင်းမရှိခဲ့ကြပေ။
နံရံအတွင်းသို့ဝင်သွားပြီးနောက် ကော်ရစ်တာများ၊ ဂိုဒေါင်များ၊ မြေယာစိုက်ပျိုးရေးနေရာများ၊ ဗီလာများစသည်တို့ကိုလည်း သူတို့မမြင်ဖူးခဲ့ကြပေ။
ဗီလာရှေ့သို့ရောက်သောအခါ ရှောင်းယီက သူတို့ကိုပြောလိုက်၏။
“ဒီမှာစောင့်နေ။ ခဏနေရင် စာချုပ်ချုပ်ရမယ်။ ဘယ်သူမှမခုခံနဲ့။ ခုခံရင်သတ်ပစ်မယ်။”
“ဟုတ်ကဲ့”
ဒေသခံ ၁၀ ဦးက တစ်ပြီးတစ်ယောက် ပြန်ဖြေလိုက်ကြသည်။
ရှောင်းယီ ဗီလာအတွင်းသို့ ဝင်သွားပြီးနောက် ဒေသခံများက အချင်းချင်းတီးတိုးပြောဆိုလိုက်ကြသည်။
“ငါတို့သေတော့မှာလား”
“မသိဘူး။ ဒီလူဘာလုပ်မလို့လဲဆိုတာ ဘယ်သူသိမှာလဲ။”
“မဖြစ်နိုင်ဘူး။ သူသာ ငါတို့ကိုသတ်ချင်ရင် ဒီလောက်ထိ အလုပ်ရှုပ်ခံနေမှာမဟုတ်ဘူး။”
ကျောက်စရစ်ခဲက လေးလေးနက်နက် ပြောလိုက်သည်။
“ဒါဆို ဘာလို့ ငါတို့ကိုဒီမှာခေါ်လာတာလဲ”
ကျောက်စရစ်ခဲက ခေါင်းခါလိုက်၏။
“ငါလည်းမသိဘူး။ အခုချိန်မှာ သူပြောတဲ့အတိုင်း လိုက်လုပ်ရုံပဲ။ မှော်ဆရာသာ ဒီလူအရမ်းစွမ်းအားကြီးတာကိုသိသွားရင် ကျွန်းကို တိုက်ခိုင်းခဲ့တာအတွက် နောင်တရနေမှာကိုတောင် စိုးရိမ်မိတယ်။”
“မှော်ဆရာက ငါတို့ကိုကယ်နိုင်မယ်လို့မျှော်လင့်တယ်။”
သူတို့ဆွေးနွေးနေစဉ်မှာပင် အနီနက်ရောင် သံကြိုးများ သူတို့ဆီသို့ ပျံသန်းလာခဲ့၏။
သူတို့ပင် ဤကဲ့သို့မြင်ကွင်းမျိုးကို မမြင်ဖူးသောကြောင့် ချက်ချင်းပင် ဒူးထောက်ပြီး တစ်စုံတစ်ခု ရွတ်နေလိုက်ကြသည်။
“မခုခံနဲ့”
ရှောင်းယီ၏အသံသည် တတိယထပ်မှ ထွက်လာခဲ့ပြီးနောက် ဒေသခံများသည် အခြားလှုပ်ရှားမှုများ မပြုလုပ်ရဲကြတော့ပေ။
အခန်း ၂၅၄
ရှောင်းယီ၏ ဖိအားအောက်တွင် သူသည် ဒေသခံ ၁၀ ဦးကို သူ၏ စာချုပ်အစေခံများအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့သည်။
ရှောင်းယီသည် ဒေသခံ ၁၀ ဦးထံသို့ ချဉ်းကပ်လာပြီး ပြောလိုက်သည်။
“အနာဂတ်မှာ မင်းတို့လုပ်ရမယ့် တာဝန်တွေကို စီစဉ်ပေးမယ်။ မင်းတို့ ရိုးရိုးသားသားနဲ့ အလုပ်ကြိုးစားရင် ငါ မင်းတို့ကို မသတ်ဘူး။ ဆိုးဆိုးရွားရွာလည်း ဆက်ဆံမှာမဟုတ်ဘူး။”
အန်းရှီနှင့် အခြားသူများမှာ တုန်လှုပ်နေဆဲဖြစ်သော်လည်း “ဟုတ်ကဲ့” ဟု အသံတိုးတိုးဖြင့် ပြန်ပြောလိုက်ကြသည်။
ထိုအချိန်တွင် အန်းရန်၏အသံက ဆက်သွယ်ရေးကိရိယာထဲမှာ ထွက်ပေါ်လာခဲ့သည်။
“မနက်စာ အဆင်သင့်ဖြစ်ပြီ”
ယွမ်ရှီနှင့် အခြားသူများသည် ရှောင်းယီ၏ ကိုယ်ပေါ်ရှိ အနက်ရောင်အတုံးတစ်ခုမှ အသံထွက်လာသည်ကို ကြားလိုက်ရသောအခါ ထပ်မံထိတ်လန့်သွားကြပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။
“မထိတ်လန့်ပါနဲ့။ ဒါက ဝေါ်ကီတော်ကီပဲ။ အဲ့ဒါနဲ့ အဝေးကနေ ချက်ချင်းဆက်သွယ်နိုင်တယ်။ ငါတို့ရဲ့ဘာသာစကားကို သင်ယူပြီးရင် မင်းတို့ကိုလည်း ဒါမျိုးပြင်ဆင်ပေးမယ်”
ရှောင်းယီက ပြောလိုက်သည်။
ဒေသခံများကို စိတ်တည်ငြိမ်စေပြီးနောက် ရှောင်းယီသည် ဝေါ်ကီတော်ကီဖြင့် အန်းရန်ကို ပြန်ပြောလိုက်၏။
“အန်းရန်၊ လူ ၁၀ ဦးစာအတွက် အစားအစာ ထပ်ပြင်ဆင်ပေးပါဦး။”
“အမ်!”
အန်းရန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ လူအများကြီးအတွက် ချက်ချင်းလက်ငင်း အစားအစာပြင်ဆင်ရန်မှာ အချိန်မလုံလောက်တော့ပေ။
ရှောင်းယီက စဉ်းစားပြီးပြောလိုက်၏။
“အလျင်မလိုဘူး။ ပိုပြီးများများလေးပြင်ဆင်ပေးပါဦး။ လူ ၄၀၊ ၅၀ စာလောက်။”
“ကောင်းပြီ”
အန်းရန်က တုံ့ပြန်လိုက်သည်။
ရှောင်းယီက ဒေသခံများဘက်သို့လှည့်ကာ “ငါနောက်ကို လိုက်ခဲ့” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့”
ယွမ်ရှီနှင့် အခြားသူများသည် ချက်ချင်းပင် လိုက်ပါသွားကြပြီး ရှောင်းယီနှင့်အတူ ဗီလာထဲသို့ ဝင်သွားခဲ့ကြသည်။
ကျန်သည့်သူများသည်လည်း အန်းရန်ထံမှ အကုောင်းကြားချက်ကို ရရှိလိုက်သောကြောင့် အပြေးအလွှားပြန်လာခဲ့ကြသည်။
“ဒီလူတွေကို စာချုပ်ကဒ်ပြား သုံးပြီးပြီလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ဘယ်သူမှ မကျရှုံးခဲ့ဘူးလား”
ကျန်းယွင်ထျန်းက အံ့ဩသွား၏။
“ဒီစာချုပ်ကဒ်ပြားမှာ လျှို့ဝှက်ဂုဏ်သတ္တိတစ်ခုရှိတယ်။ စာချုပ်ချုပ်ဆိုမယ့်သူက အပြည့်အဝ အညံ့ခံလိုက်လျှင် အောင်မြင်နိုင်ခြေက အလားအလာဖြစ်ရပ်မဟုတ်တော့ဘဲ အပြည့်အဝသေချာတဲ့ဖြစ်ရပ်ဖြစ်သွားတယ်”
ရှောင်းယီက ရှင်းပြလိုက်သည်။
“ဒါမျိုးလည်း ဖြစ်နိုင်သေးသလား။”
ကျန်းယွထျန်းက အံ့အားသင့်စွာ ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
ယွမ်နွန်သည် ထိုဒေသခံများကို မြင်သောအခါ ပြုံးကာ ပြောလိုက်သည်။
“သူတို့အားလုံးက ပျိုးပင်ကောင်းလေးတွေပဲ။”
“ဟုတ်တယ်။ သူတို့ကို ဒီမှာပဲ အလုပ်လုပ်ဖို့ ခေါ်ထားခဲ့တာ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“လယ်သမား ဦးလေးလိုချင်တဲ့ လေးယောက်ကို ရွေးလိုက်ပါ။ ဦးလေးဘာပဲလိုလို သူတို့ကို လုပ်ခိုင်းလိုက်ပါ။”
“ကောင်းပြီ”
ယွမ်နွန်းသည်လည်း ယဉ်ကျေးမနေပေ။ သူ၏လယ်ယာတွင် အလုပ်လုပ်စရာမလိုသော်လည်း တောထဲသို့သွားကာ စားသုံးနိုင်သည့် အပင်များကို ရှာဖွေခြင်းကဲ့သို့ အခြားလုပ်ငန်းများ ရှိနေသေးသည်။
ရှောင်းယီ၏ကျွန်းပေါ်တွင် အစားအစာများ အလုံအလောက်ရှိသော်လည်း ရှေ့တန်းရှိ လူသားများကို ထောက်ပံ့ရန် လိုအပ်နေဆဲဖြစ်သည်။
ထို့အပြင် အသက်ရှင်ကျန်ရစ်သူများအနေဖြင့် ပင်လယ်ငါးများကိုသာ အမြဲစားသုံးနေ၍မရပေ။ အခြားအစားအစာများရှိပါက ရှောင်းယီအား အရင်းအမြစ်များ ပိုမိုရရှိရန် ကူညီပေးနိုင်မည်ဖြစ်သည်။
ယွမ်နွန် လူလေးယောက်ကို ကျပန်းရွေးချယ်လိုက်ပြီး ရှောင်းယီက ထိုလေးယောက်ကို ပြောလိုက်သည်။
“မင်းတို့က ငါတို့စကားကို နားမလည်သေးပေမယ့် မင်းတို့ရဲ့တာဝန်က လယ်သမားနောက်ကို လိုက်ဖို့ပဲ။ သူဘာပဲလုပ်လုပ် မင်းတို့က သူ့နောက်ကနေ လိုက်လုပ်ပေးရမယ်။”
“ဟုတ်ကဲ့”
လေးယောက်လုံးက တစ်ချိန်တည်းမှာပင် ဖြေကြားလိုက်ကြသည်။
“ကျန်တဲ့ခြောက်ယောက်ထဲကနေ အစ်ကိုကျန်းက နှစ်ယောက်ရွေးလိုက်ပါ။ အန်းရန်င နှစ်ယောက်ရွေးပြီး အန်တီလီယန်အတွက် နှစ်ယောက်၊ ဦးလေးအန်းယွဲ့ဘက်မှာတော့ တစ်ယောက်မှ မလိုလောက်တော့ပါဘူး။”
ရှောင်းယီက ပြောလိုက်သည်။
ကျန်သည့်သူများက ခေါင်းညိတ်ကာ စာချုပ်ပြီးသား ဒေသခံများကို ရွေးချယ်လိုက်ကြသည်။
“ကောင်းပြီ မနက်စာစားကြရအောင်”
ရှောင်းယီက ပြောလိုက်သည်။
အားလုံးထိုင်လိုက်ကြပြီးသောအခါ ရှောင်းယီက ဆက်လက်ပြောလိုက်သည်။
“ခုနက ဒေသခံတွေကို စစ်ဆေးမေးမြန်းတဲ့အခါ သူတို့ရဲ့ ရွက်လွှင့်ချိန်နဲ့ အကွာအဝေးက ကိုက်ညီမှုမရှိဘူးဆိုတာ တွေ့ခဲ့ရတယ်။ ငါ သူတို့နဲ့အတူ ပြန်လိုက်သွားဖို့ ဆုံးဖြတ်လိုက်ပြီ။”
“မဖြစ်ဘူး”
အန်းရန်နှင့် အခြားသူများက တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။
“အကြောင်းပြချက်က ဘာပဲရှိရှိ ဒီလိုထွက်သွားတာက နင့်အတွက် အရမ်းအန္တရာယ်များတယ်။”
အန်းရန်က မျက်မှောင်ကျုံ့ကာ ပြောလိုက်သည်။
“ဟုတ်တယ် ငါလည်း အန်းရန်ပြောတာကို သဘောတူတယ်။ တကယ်လို့ မင်းတစ်ယောက်တည်း ထွက်သွားဖို့လိုတယ်ဆိုရင် ငါလိုက်ခဲ့ပေးမယ်။”
အန်းယွဲ့က ပြတ်ပြတ်သားသား ပြောလိုက်သည်။
သူတို့အားလုံးသိကြသည်မှာ ဤကျွန်းကို ရှောင်းယီကသာ ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ အကယ်၍ ရှောင်းယီသာ ထိခိုက်သွားပါက ဤကျွန်း၏အခြေအနေမှာ မည်သို့ဖြစ်သွားမည်နည်း။
“ဒီကမ္ဘာရဲ့ စည်းမျဉ်းတွေအရ ငါတို့က ဒေသခံတွေနဲ့ တိုက်ခိုက်ရမယ်။”
ရှောင်းကယီက ပြောလိုက်သည်။
“သူတို့ပို့လိုက်တဲ့ သင်္ဘောတွေကို ကြည့်ရင် သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအဆင့်က အရမ်ကြီးမြင့်မားနေတာမျိုးမဟုတ်ဘူး။ ဒါပေမယ့် ဒေသခံတွေမှာ မှော်ဆရာလို့ခေါ်တဲ့ အလုပ်အကိုင်တစ်ခုရှိတယ်။ ဒေသခံတွေရဲ့ပြောစကားအရ အဲဒီအလုပ်အကိုင်က အရမ်းအားကောင်းတယ်။ သူတို့ ငါတို့ကိုတိုက်ခိုက်ဖို့လာတဲ့အချိန်မှာတောင် မှော်ဆရာတွေရဲ့ အမိန့်ကို နာခံနေရတာပဲ။ ဒီအလုပ်အကိုင်ကို ဘယ်အရာက အရမ်းအားကောင်းစေတာလဲဆိုတာကို ငါတို့ နားလည်ထားဖို့လိုတယ်။ တကယ်လို့ နောင်တစ်ချိန်မှာ အဲ့ဒီမှော်ဆရာတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ကြိုတင်သိထားဖို့လိုတယ်။ ငါတို့အနေနဲ့ ငြိမ်ငြိမ်လေးထိုင်ပြီး သေမင်းကို စောင့်မနေနိုင်ဘူး။”
ရှောင်းယီ၏စကားကို နားထောင်ပြီးနောက် အားလုံးတိတ်ဆိတ်သွားကြသည်။
ရှောင်းယီက ဆက်လက်ပြောသည်။
“ပိုအရေးကြီးတဲ့ အကြောင်းရင်းက မင်းတို့အားလုံးက ဒီဒေသခံတွေရဲ့ ဘာသာစကားကို နားမလည်ကြဘူး။ အခြားသူတစ်ယောက်သွားရင်လည်း အဓိပ္ပာယ်မရှိဘူး”
“ဒါပေမယ့် ပင်လယ်က ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ မင်းသိသင့်တယ်။”
လီယန်က ပြောလိုက်သည်။
လီယန်သည် ရှေးဦးဒိုင်နိုဆော မျိုးစိတ်ကြီးတစ်ကောင်နှင့် တွေ့ဆုံဖူးပြီး ပင်လယ်ထဲတွင် အနိုင်မခံ အရှုံးမပေးသော သတ္တဝါများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သူမသိသည်။
“နင်သွားမှဖြစ်မှာလား”
အန်းရန်က မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ်၊ ဒေသခံတွေအကြောင်းကို တစ်နေ့ပိုပြီး စောစော နားလည်ထားနိုင်ရင် ငါတို့အတွက် ကြိုတင်ပြင်ဆင်ထားနိုင်လိမ့်မယ်။”
“အစ်ကိုကျန်း ရှင်လိုက်သွားမှာလား။”
ဆုဝမ်က မေးလိုက်သည်။
ရှောင်းယီက ခေါင်းခါလိုက်၏။
“သူက ငါနဲ့လိုက်မှာမဟုတ်ဘူး။ သူက ကျွန်းပေါ်က အိမ်ကို စောင့်ကြပ်ဖို့ နေခဲ့ရမယ်။ ငါကတော့ သားရဲဘုရင်ကိုခေါ်သွားမယ်။”
“သားရဲဘုရင်တစ်ကောင်တည်းခေါ်သွားရင် နည်းနေမယ်ထင်တယ်။ တပိုင်နဲ့ ဝမ်ချိုင်တို့ကိုပါ ခေါ်သွားပါလား။”
အန်းရန်က ပြောလိုက်သည်။
“မဟုတ်ဘူး။ သားရဲတစ်ကောင်တည်းနဲ့တင် သူတို့တစ်မျိုးနွယ်လုံးကို ဖျက်ဆီးနိုင်တယ်။ တပိုင်နဲ့ ဝမ်ချိုင်က ကျွန်းပေါ်မှာ ကာကွယ်ဖို့ ရှိနေရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
ယွမ်နွန်သည်လည်း စဉ်းစားနေခဲ့သည်။
“နာနာကိုခေါ်သွားလိုက်ပါ”
သူက အကြံပြုလိုက်သည်။
“ဟုတ်တယ် နာနာကိုတော့ သေချာခေါ်သွားပါ။ အဲ့ဒါဆို မတော်တဆတစ်ခုခုဖြစ်လာရင် အဆင်ပြေလိမ့်မယ်။”
အန်းရန်က ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ၊ ငါ ဒေသခံတွေကို အလတ်စားအရွယ် ရွက်သင်္ဘောကို လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့အတူ ပြန်ခိုင်းမယ်။ တစ်ခုခုလိုရင် အချိန်နဲ့တပြေးညီ မင်းတို့ကို တောင်းဆိုမယ်။”
“ကောင်းပြီ ငါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာ ၂၄ နာရီ စောင့်ကြည့်နေမယ်။”
ဆုဝမ်က တာဝန်ယူလိုက်သည်။
“ဒီလောက်အထိ ကြီးကျယ်စရာမလိုပါဘူး။”
ရှောင်းယီက ရယ်မောကာ ပြောလိုက်၏။
“ဒါကိုတော့ လုပ်ရမယ်။ ဆုဝမ်နဲ့ငါနဲ့ တစ်လှည့်စီ စောင့်ကြည့်မယ်။”
အန်းရန်ကလည်း ပြောလိုက်သည်။
ရှောင်းယီသည် ကူကယ်ရာမဲ့သလို ခံစားလိုက်ပြီး ပြောလိုက်၏။
“ကောင်းပြီ မင်းတို့ ငါ့အခန်းထဲမှာပဲ အိပ်လိုက်ကြပါ။ ဒါဆို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ အသံမြည်လာရင် ကြားရလိမ့်မယ်။”
“အင်း”
အန်းရန်နှင့် ဆုဝမ်တို့က တစ်ပြိုင်နက်တည်း ဖြေလိုက်ကြသည်။
ရှောင်းယီသည် လူအားလုံးကို သဘောတူစေနိုင်ခဲ့သော်လည်း လူတိုင်းတွင် စိုးရိမ်စိတ်အနည်းငယ်ရှိနေကြဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပင်လယ်ပြင်တွင် အချိန်မရွေး မမျှော်လင့်ဘဲ ဖြစ်ရပ်များ ဖြစ်ပွားနိုင်သောကြောင့်ဖြစ်သည်။
“ရှောင်ယောက်ကို ခေါ်မသွားဘူးဆိုတာ သေချာလား။”
အန်းယွဲ့က မျက်ခုံးကျုံ့ကာ မေးလိုက်သည်။
အပျော်စီးသင်္ဘောသည် ပိုမိုအားကောင်းသော သတ္တဝါများကို ဆွဲဆောင်နိုင်သော်လည်း သင်္ဘော၏ ကာကွယ်ရေးနှင့် အမြန်နှုန်းများမှာ လွတ်မြောက်နိုင်ရန်အတွက် အကောင်းဆုံးလက်နက်များဖြစ်သည်။
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဟုတ်တယ်။ ပြီးခဲ့တဲ့အကြိမ်တုန်းက သင်္ဘောကို ကျွန်တော်ကောင်းကောင်းမစီမံနိုင်ခဲ့ဘူး။ ဒီကမ္ဘာရဲ့စည်းမျဉ်းတွေက ပိုအားကောင်းတဲ့ ပင်လယ်သတ္တဝါတွေကို ဖန်တီးမှာကို စိုးရိမ်နေမိတယ်။ အဲဒါတွေကို ကိုင်တွယ်ဖို့ ခက်ခဲလိမ့်မယ်။”
ပြီးခဲ့သည့်အကြိမ်က ရှေးဦးဒိုင်နိုဆောမျိုးစိတ်ကြီးသည် လီယန်ကို ပင်လယ်အောက်သို့ မြှုပ်နှံလုနီးပါး ဖြစ်စေခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် သူမသည် သူထက်ပိုမိုအားကောင်းသော ပင်လယ်မြွေကြီးတစ်ကောင်နှင့် တွေ့ဆုံခဲ့ရပြီး လွတ်မြောက်သွားခဲ့သည်။
သို့သော် ယခုအချိန်တွင် ရှောင်းယီသည် ဤအရာကို မှန်းဆချက်တစ်ခုသာဖြစ်သော်လည်း လောင်းကစားလုပ်ရန် မဝံ့မရဲဖြစ်နေခဲ့သည်။
အခန်း ၂၅၅
ယွမ်နွန်က ခေါင်းညိတ်လိုက်၏။
“ရှောင်းယီက အလတ်စားအရွယ် ရွက်သင်္ဘောကို အသုံးပြုဖို့ စဉ်းစားနေပုံရတယ်။ ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှု ဒါမှမဟုတ် အခြားအရာတစ်ခုခုနဲ့ ကြုံရင်တောင် ရှောင်းယီက ကိုင်တွယ်နိုင်လိမ့်မယ်။ တကယ်လို့ ရှေးဦးဒိုင်နိုဆောကြီးတွေနဲ့ တွေ့ရင်တောင် သားရဲဘုရင်က လက်ရှိလူသားတွေရဲ့ အားနဲ့ ယှဉ်ပြိုင်လို့မရနိုင်တဲ့ အရာတစ်ခုပဲ။”
သူက ပြောလိုက်သည်။
“အိုး! ငါမြင်သာမြင်ရ မကြင်ရတဲ့ ပစ္စည်းကောင်းတွေကို ရှိနေတာက စိတ်မသက်မသာဖြစ်စရာပဲ။”
ကျန်းယွင်ထျန်းက ခေါင်းခါကာ ပြောလိုက်သည်။
“ပြဿနာမရှိပါဘူး။ အဲဒါကို ခရီးတိုသွားတဲ့ အသက်ရှင်ကျန်ရစ်သူတွေဆီ ငှားရမ်းနေရင် အကျိုးရှိရှိအသုံးချနိုင်ပါသေးတယ်။”
ရှောင်းယီက ပြုံးရယ်ကာ ပြောလိုက်ပြီး ပန်ကိတ်ကို တစ်ကိုက်ကိုက်လိုက်၏။
ယွမ်နွန်က ဆက်လက်ပြောသည်။
“မင်းအပြင်ထွက်ဖို့ အလုပ်ရှိနေတယ်ဆိုတော့ ငါ တောထဲမှာ ရာဘာပင်တွေကို ကိုယ့်ဘာသာရှာလိုက်မယ်။”
“တောထဲက အရမ်းအန္တရာယ်များတယ်။ ဒေသခံလေးယောက်ကို ရှာခိုင်းလိုက်ပါ။”
ရှောင်းယီက စဉ်းစားပြီး ဖြေလိုက်သည်။
“ဒီလိုဆိုရင်တောင် သူတို့သိဖို့လိုသေးတယ်လေ။”
ယွမ်နွန်က ပြုံးရယ်ကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ငါအဆင့်မြင့်အစားအစာတွေ အများကြီးစားထားတာ အလကားမဟုတ်ဘူး။ အခုချိန်မှာ ငါက အရမ်းသန်မာနေပြီ။ အရင်ကမ္ဘာမှာဆိုရင် လူဆယ်ယောက်လောက်နဲ့ ယှဉ်ချနိုင်တယ်။”
“ဒီလိုလုပ်ကြရအောင်...အစ်ကိုကျန်း မင်းက ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို ဆက်ပြီးတာဝန်ယူလိုက်ပါ။ တပိုင်ကို လယ်သမားနဲ့အတူ တောထဲခေါ်သွားလိုက်။ ဒေသခံလေးယောက်ကိုလည်း လိုက်ခိုင်းရမယ်။”
ရှောင်းယီက စဉ်းစားပြီး ပြောလိုက်သည်။
“ပြဿနာမရှိဘူး”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။
တပိုင်ဟာ S-အဆင့် သတ္တဝါဖြစ်ပြီး လက်ရှိတောထဲတွင် လွှမ်းမိုးနိုင်စွမ်းရှိသည်။ သူသာရှိနေရင် ယွမ်နွန်၏ ဘေးကင်းရေးကို စိတ်ချနိုင်ပေသည်။
“ပြီးတော့ ပဏ္ဍိတငယ်လေးလည်း ရှိသေးတယ်။ သူ့ကိုလည်း ကာကွယ်ဖို့ ကူညီခိုင်းလိုက်ပါ။”
အန်းယွဲ့က သတိပေးလိုက်သည်။
“ဟုတ်တယ်၊ သူလာတဲ့အခါ သူ့ကိုပြောလိုက်မယ်။ အလုပ်လုပ်မလုပ်ဘဲ စားပဲစားနေလို့ရဘူး။”
ရှောင်းယီက ပြောလိုက်သည်။
လူတိုင်း နေ့လယ်စာစား၍မပြီးခင်မှာပင် ပဏ္ဍိတငယ်လေးက အပြင်ကနေ ခုန်ဝင်လာခဲ့သည်။
ရှောင်းယီသည် SS-အဆင့် ရေသန့်တစ်ခွက်ကိုယူကာ ထွက်သွားလိုက်၏။
“ပဏ္ဍိငယ်လေး ခဏနေဦး။ လယ်သမားက တောထဲမှာ တစ်ခုခုရှာဖို့ သွားရမယ်။ လယ်သမားကို ဘေးကင်းအောင် စောင့်ကြည့်ပေးထား။”
ပဏ္ဍိတငယ်လေးသည် သူ၏ရင်ဘတ်ကို ပုတ်လိုက်ပြီး အော်ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ငါက တောထဲမှာ ဆရာကြီးပဲ၊ ဘယ်သူမှ လယ်သမားကို ထိခိုက်အောင် မလုပ်နိုင်စေရဘူး။”
ရှောင်းယီ၏ မျက်ခုံးများ ပင့်တက်သွားခဲ့သည်။
“သေချာလား။ လယ်သမားရဲ့ ဆံပင်တစ်မွေးလောက်ပဲ ထိခိုက်သွားရင်တောင် ငါမင်းကို ခွင့်မလွှတ်ဘူးနော်။”
“စိတ်မပူပါနဲ့”
ပဏ္ဍိတငယ်လေးက ပြောရင်းဖြင့် သူ၏လက်ကို ဆန့်ထုတ်လိုက်သည်။ သူသည် ရှောင်းယီလက်ထဲက SS-အဆင့် ရေသန့်ကို တောင်းနေခြင်းဖြစ်သည်။
ရှောင်းယီက သူ့လက်ထဲက ရေသန့်ကို လွှဲပေးလိုက်၏။
“အိမ်ကို သေချာစောင့်ကြည့်ထား။ ငါအပြင်သွားစရာရှိတယ်။ တစ်ယောက်ယောက်က ငါတို့ကျွန်းကို တိုက်ခိုက်ရင် မင်းက ပြန်တိုက်ဖို့ ကူညီရမယ်။”
“ပြဿနာမရှိဘူး”
ပဏ္ဍိတငယ်လေးက သူ၏ခေါင်းကုတ်ကာ “ဒီနေ့အတွက် မက်မွန်သီးက ဘယ်မှာလဲ” ဟု မေးလိုက်သည်။
“မင်းက တကယ်ကို မမေ့ဘူးပဲ။ ခဏစောင့် လယ်သမားကို တစ်လုံးယူခိုင်းလိုက်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ သူလည်း တောထဲသွားမှာပဲ”
“ကောင်းပြီ ငါတောထဲမှာ သူ့ကိုစောင့်နေမယ်”
ပဏ္ဍိတငယ်လေးက ပြောပြီးနောက် တိုက်ရိုက်ခုန်ထွက်သွားခဲ့သည်။
ရှောင်းယီက ယွမ်နွန်ဘက်သို့လှည့်ကာ ပြောလိုက်၏။
“ခဏနေရင် ပဏ္ဍိတငယ်လေးအတွက် မက်မွန်သီးတစ်လုံးယူသွားဖို့ မမေ့နဲ့ဦး။ သူက တောထဲမှာ ဦးလေးကို ကာကွယ်ပေးမယ်လို့ ပြောထားတယ်။”
ယွမ်နွန်က ထိုစကားကိုကြားသောအခါ အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်ပြီး “ကောင်းပြီ” ဟု ပြန်ဖြေလိုက်သည်။
သူတို့စကားပြောနေစဉ်မှာပင် အန်းရန်နှင့် ဆုဝမ်တို့သည် ဒေသခံများအတွက် ထမင်းပြင်ဆင်ပြီးသွားပြီဖြစ်သည်။ ရိုးရိုးငါးကင် နဲ့ ထမင်းဖြစ်၏။
အန်းရန်တို့က ထမင်းအိုးကို သူတို့ရှေ့တွင်ထားလိုက်သောအခါ ကျောင်စရစ်ခဲနှင့် အခြားသူများသည် သူတို့၏နှာခေါင်းကို အပြင်းအထန် လှုပ်ရှားလိုက်ကြသည်။
သူတို့သည် ဘယ်တုန်းကမှ ထိုကဲ့သို့မွှေးကြိုင်သော အစားအစာများ၏ ရနံ့ကို မရှူဖူးခဲ့ကြပေ။
ရှောင်းယီက သူတို့ကိုကြည့်လိုက်သည်။
“မင်းတို့အလုပ်ကြိုးစားရင် နောင်တစ်ချိန်မှာ ဒီလိုမျိုးအစားအစာတွေကို နေ့တိုင်းစားရမယ်။”
“ဟုတ်ကဲ့”
ယွမ်ရှီက ရုတ်တရက် သဘောပေါက်သွားသည်။ သူ့ရှေ့က လူသည် ရိုင်းစိုင်းကြမ်းကြုတ်သည့်သားရဲတစ်ကောင်မဟုတ်ဘဲ သူနောက်ကိုလိုက်ခြင်းသည် ကောင်းမွန်သည့်ရွေးချယ်မှုဖြစ်မည်ဟုပင် ခံစားလိုက်ရသည်။
ကမ်းစပ်တွင် ခေါင်းငုံ့ထားဆဲဖြစ်သော ဒေသခံများအတွက်လည်း ရှောင်းယီက အစားအစာများ ပြင်ဆင်ပေးထားခဲ့သည်။ ပြန်လမ်းတွင် သင်္ဘောမောင်းရန်အတွင် သူတို့ကို လိုအပ်မည်ဖြစ်သည်။
ဒေသခံများသည် တစ်ထါမှမစားခဲ့ဖူးသော အရသာရှိသည့်အစားအစာများကို စားလိုက်ရပြီးနောက် ကျောင်စရစ်ခဲတို့သည် သူတို့ထက် ကံကောင်းသွားကြောင်း ရုတ်တရက် သိလိုက်ရလေသည်။
ရှောင်းယီသည် သူတို့ကို ပြန်လမ်း၌ သင်္ဘောမောင်းရမည်ဖြစ်ပြီး ကျောက်စရစ်ခဲတို့အတွက်မူ ကျွန်းပေါ်တွင်နေခဲ့ရမည်ဟု ပြောထားပြီးသားဖြစ်သည်။
တစ်ချို့သတိထားမိသော ဒေသခံများသည် ရှောင်းယီကို ဒူးထောက်ပြီး ကျွန်းပေါ်တွင်နေခွင့်ပြုရန် ပန်ကြားနေကြသည်။
ရှောင်းယီက ဒူးထောက်နေသော ဒေသခံများကို စိတ်ဝင်စားစွာကြည့်လိုက်၏။
“မင်းတို့ ဘာလို့ နေခဲ့ချင်တာလဲ”
“မင်းနောက်ကိုလိုက်ရင် အရသာရှိတဲ့အစားအစာတွေ ရလိမ့်မယ်။”
ဒေသခံတစ်ယောက်က ဖြေလိုက်သည်။
ရှောင်းယီက ရယ်မောလိုက်၏။
“ထပါ၊ ငါ့အမိန့်ကို နာခံရင် ငါ့ကျွန်းပေါ်မှာ နေခွင့်ရလိမ့်မယ်။”
ဒေသခံများ၏ မျက်လုံးများ လင်းလက်သွားကြကာ “ဟုတ်ကဲ့” ဟု ဖြေကြားလိုက်ကြသည်။
ရှောင်းယီအနေနှင့် အခြားဘာမှ ပြင်ဆင်စရာမလိုအပ်ပေ။ လိုအပ်တာရှိလျှင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှင့် လဲလှယ်၍ရပေသည်။ သူသည် ရွှမ်းယွမ်ဓားကိုသာ ယူဆောင်ပြီး သင်္ဘောပေါ်သို့ တက်လိုက်သည်။
ထိုစဉ် သားရဲဘုရင်သည်လည်း ခုန်တက်လာပြီး သင်္ဘောရင်ပြင်ပေါ်သို့ တိတိကျကျ ဆင်းသက်ကာ ခြေလှမ်းနှစ်လှမ်းလျှောက်ပြီးနောက် လှဲချလိုက်သည်။
ဒေသခံများသည် ထိုကျားကြီးနားသို့ လုံးဝမကပ်ရဲကြပေ။
“အရှင်”
ထိုစဥ် ကျောင်စရစ်ခံက ပြေးလာပြီး အော်ခေါ်လိုက်သည်။
ရှောင်းယီသည် သင်္ဘော၏ကုန်းပတ်ပေါ်တွင် ရပ်ပြီး ကျောက်စရစ်ခဲကို ကြည့်လိုက်၏။
“ဘာဖြစ်လို့လဲ။”
“အရှင်ကို အရင်က ပြောဖို့မေ့သွားတယ်။ ကျွန်တော်တို့ အရင်ဆုံးသင်္ဘောကနေ ဦးတည်ချက်ကျောက်တစ်ခု ယူလာဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် အပြန်လမ်းမှာ လမ်းမှားသွားလိမ့်မယ်။”
ကျောက်စရစ်ခဲက ဖြေလိုက်သည်။
ရှောင်းယီက တခဏတာ အံ့အားသင့်သွားပြီး “ဦးတည်ချက်ကျောက်တုံးလား” ဟု မေးလိုက်သည်။
“ဟုတ်ကဲ့”
ယွမ်ရှီက ဖြေလိုက်သည်။
“သွားယူပြီး ငါ့ဆီပေးခဲ့”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
လောက်လေးနှင့် ဒူးလေးကြီးတို့၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော သင်္ဘောများကို ရှောင်းယီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုပြီး ဆိပ်ကမ်းမှာ ပြန်ထားပေးထားခဲ့သည်။
ကျောက်စရစ်ခဲသည် သူတို့၏ အရင်သင်္ဘောဆီသို့ ပြေးသွားပြီး ကျောက်ခွက်တစ်ခုကို ယူလာခဲ့သည်။
ကျောက်ခွက်ထဲတွင် ရေအနည်းငယ်ရှိပြီး ရေပေါ်တွင် အနက်ရောင် သတ္တုချောင်းတစ်ချောင်း ရှိနေ၏။
“လမ်းညွှန်သံလိုက်: ဦးတည်ချက်ကို ဖော်ပြနိုင်သည်။ သို့သော် အထူးတန်ခိုးတစ်ခုနှင့် ရစ်ပတ်ထားသည်။ ၎င်း၏ညွှန်ကြားချက်ဖြင့် ပိုမိုမြန်ဆန်စွာ ခရီးနှင်နိုင်သည်။”
စနစ်က ချက်ချင်း အသိပေးလိုက်သည်။
ရှောင်းယီ အလွန်အံ့အားသင့်သွားခဲ့သည်။ သူ့ကို အံ့အားသင့်စေသည်မှာ သံလိုက်အိမ်မြှောင်မဟုတ်ဘဲ ဤအရာတွင် အထူးတန်ခိုးတစ်ခုနှင့် ရစ်ပတ်ထားသည်ဟူသော အသိပေးချက်ပင်ဖြစ်သည်။
“အဲ့ဒါကြောင့်မို့လို့ သူတို့က ငါးရက်အတွင်း ဒီကိုရောက်လာနိုင်တာဖြစ်ရမယ်။”
ရှောင်းယီက သူ့ဘာသာသူ တွေးလိုက်မိသည်။
“အရှင် ဒီသံချောင်းရဲ့ ဦးတည်ချက် လိုက်ရုံနဲ့ ကျွန်တော်တို့ရဲ့ လူမျိုးနွယ်စုဆီ ပြန်ရောက်နိုင်မှာပါ။”
ကျောက်စရစ်ခဲက ရိုသေစွာ ပြောလိုက်၏။
“အင်း သင်္ဘောပေါ်က လူတွေထဲက လူထုကို စည်းရုံးသိမ်းသွင်းနိုင်တဲ့သူတစ်ယောက်ရှာပေးပါ။ ငါ သူနဲ့ပဲ ဆက်သွယ်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့ ‘ဘူး’ ဒီကိုလာခဲ့။”
ယွမ်ရှီက ခေါ်လိုက်သည်။
ထိုအခါ ကြံ့ခိုင်သော လူတစ်ယောက် အပြေးရောက်လာခဲ့သည်။
မျိုးနွယ်စုအတွင်းတွင် လူအများကို စည်းရုံးသိမ်းသွင်းနိုင်ဖို့ဆိုလျှင် ကျန်းမာရေးကိုသာ ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ အခြားအရာများကို ဂရုစိုက်စရာမလိုပေ။
“အရှင် ကျွန်တော်တို့ချန်ထားခဲ့တဲ့သူတွေကလွဲရင် ဘူးက အကြမ်းဆုံးဖြစ်တဲ့အတွက် သူက ဒီလူတွေရဲ့ ခေါင်းဆောင်ဖြစ်လာနိုင်တယ်။”
ယွမ်ရှီက ပြောလိုက်သည်။
ရှောင်းယီက ခေါင်းညိတ်လိုက်၏။
“အင်း ကောင်းပြီ ဒါဆို လမ်းညွှန်ကျောက်ရဲ့ ညွှန်ကြားချက်အတိုင်း ထွက်ခွာကြရမယ်။”
ဘူးက ခေါင်းညိတ်ပြီး လူအများကို ရွက်သင်္ဘာများ ပြန်လာ်မောင်းနှင်ရန် အမိန့်ပေးလိုက်သည်။
ရှောင်းယီက သင်္ဘောခန်းမထဲတွင် ထိုင်ပြီး မျက်လုံးမှိတ်ကာ အနားယူနေလိုက်သည်။
အခုလို စနစ်၏အသိပေးချက်က သူ့ကို ယနေ့ လက်မှတ်ထိုးဝင်ရန် မေ့နေကြောင်း သတိပေးလိုက်သည်။
“စနစ်၊ လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်: စာချုပ်ကဒ်ပြား (SSS အဆင့်)”
ဤဆုလာဘ်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် စကားမပြောတတ်အောင်ပင် ဖြစ်သွားခဲ့သည်။ အရင်တုန်းက ပြဿနာတစ်ခုခုကြုံတိုင်း လက်မှတ်ထိုးဝင်ခြင်းစနစ်က အဖြေရှာရန် ဆုလာဘ်များ ပေးခဲ့သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ဆုလာဘ်သည် အနံ့အရသာကင်းမဲ့သကဲ့သို့ ဖြစ်နေခဲ့လေသည်။