← Chapters

အခန်း (၈၁၇-၈၁၈)

Vol. 55 Ch. 817-818

အခန်း (၈၁၇-၈၁၈)

Vol. 55 Ch. 817-818

အပိုင်း (၈၁၇) မကောင်းဆိုးဝါး

မပြောသင့်သူ သွေးနီရောင်အငွေ့အသက်သည် ၎င်း၏ခန္ဓာကိုယ်ကို ယဇ်ပလ္လင်မှ ဖြတ်တောက်ကာ သွေးမြူအဖြစ် ပြောင်းလဲ၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးမှာ အိပ်မက်သရဲ၏ အသားနှင့်အသွေးများ ဖုံးလွှမ်းနေသဖြင့် ပြေးစရာနေရာ မရှိတော့ပေ။

ယင်းသည် အဘိုးအိုအတွက် သားစားကြူးနတ်ဘုရားကဲ့သို့သော အိပ်မက်သရဲမျိုးနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။ ထိုသတ္တဝါသည် အံ့အားသင့်ဖွယ် အသက်စွမ်းအင်နှင့် ထူးကဲသော ပြန်လည်‌ကုသနိုင်စွမ်းရှိပြီး မည်သည့်ဒဏ်ရာမျိုးကိုမဆို ပြန်လည်ကောင်းမွန်လာနိုင်ပေသည်။ ၎င်း၏ခန္ဓာကိုယ်မှာ သွေးပင်လယ်ထဲတွင် နှစ်ပေါင်းများစွာ စိမ်ထားသော အလောင်းထက်ပင် အားမနည်းတော့ချေ။

“ဒါက ဘယ်လိုလုပ် အိပ်မက်သရဲတစ်ကောင် ဖြစ်နိုင်မှာလဲ”

၎င်းသည် ၎င်းကျွမ်းကျင်သော အိပ်မက်နည်းစနစ်များကို အသုံးမပြုဘဲ အသွေးအသားစွမ်းအားသက်သက်ဖြင့်သာ သူ့ကို ဖိနှိပ်ထားခြင်းဖြစ်သည်။ ဤသည်မှာ စော်ကားမှုနှင့် လှောင်ပြောင်မှုတစ်ခုပင်။

ကောင်းမင်သည် အပျက်အစီးများအထက်တွင် ရပ်လျက် တိတ်ဆိတ်စွာ စောင့်ကြည့်လျက်ရှိနေသည်။ သားစားကြူးနတ်ဘုရားသည် ပုပ်သိုးခြင်းသွေးမြို့တော် အရှင်သခင်၏ နှလုံးသားကို ဟန်ဟိုင်းသွေးမြို့တော်၏ နတ်ဘုရားပုံစံကွက်များအဖြစ် သန့်စင်ထားပြီး အမည်မသိယဇ်ပလ္လင်ငါးခုကိုလည်း ဝါးမြိုထားပြီးသားဖြစ်သည်။ ၎င်း၏စွမ်းအားမှာ နားလည်ပေးနိုင်သော်လည်း ကောင်းမင်အတွက်တော့ လုံလောက်ခြင်း မရှိသေးပေ။

ကောင်းမင် မြင်ဖူးသမျှသော ကြောက်မက်ဖွယ် ဖြစ်တည်မှုများထဲတွင် ရူးသွပ်နေသည့် ရက်စက်ကြမ်းကြုတ်သော နတ်ဘုရားမှာ စံနှုန်းတစ်ခုဖြစ်သည်။ ကောင်းမင်သည် ငရဲသန္ဓေသားနှင့် တိုက်ခိုက်ခြင်းကို သူ့စိတ်ထဲတွင် အကြိမ်ကြိမ် ပုံဖော်ကြည့်ဖူးသော်လည်း ရလဒ်မှာ အမြဲတမ်း အတူတူပင်ဖြစ်သည်။၎င်းမှာ နှစ်ဖက်လုံး ပျက်စီးသွားခြင်းပင်။

“ဟန်ဟိုင်းက အားနည်းလွန်းနေသေးတယ်”

သူ့အသံက မပြောသင့်သူ၏ နားထဲသို့ ရောက်ရှိသွားပြီး သွေးမြူများ ပို၍ ထူထပ်လာလေသည်။

“မညှာတာနဲ့၊ သူ့ကို ဝါးမြိုပစ်လိုက်”

အစကတည်းက ကောင်းမင်သည် ဤသရဲသုံးကောင်ကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိသလို သူရောက်ရှိနေမှုကိုလည်း ဖုံးကွယ်ရန်လည်း အစီအစဉ်မရှိပေ။ သူသည် ရှင်းလုထံသို့ ပိုအားကောင်းသော စွမ်းအားများကို ဆွဲဆောင်ချင်နေခြင်း ဖြစ်သည်။

ထိုသို့လုပ်ခြင်းဖြင့် ဟန်ဟိုင်းအပေါ် ကျရောက်နေသော ဖိအားများကို လျော့ပါးစေပြီး ကောင်းယန်အတွက် သွေးမြို့တော်ကို ခိုင်မာအောင် တည်ဆောက်ရန် အချိန်ရစေမည်ဖြစ်သည်။ ထိုမျှသာမက သူကိုယ်တိုင်လည်း မပြောသင့်သူများကို လိုက်လံအမဲလိုက်နိုင်မည်ဖြစ်သည်။ သူ မကိုင်တွယ်နိုင်သော ရန်သူများကို ဆွဲဆောင်မိမည်ကိုမူ ကောင်းမင် နည်းနည်းလေးမှ မစိုးရိမ်ပေ။ သူ့တွင် မသိထိုက်သူအဆင့် ဖြစ်တည်မှုပင် အလွယ်တကူ အသုံးမပြုဝံ့သည့် ဝှက်ဖဲတစ်ချပ် ရှိနေသောကြောင့်ဖြစ်သည်။ ၎င်းကား စိတ်ဖောက်ပြန်မှု စွမ်းအားပင်။

ကြောက်မက်ဖွယ် ဖြစ်တည်မှုများ ပိုရောက်လာလေ ပိုကောင်းလေပင်။ လူတိုင်းကို အတူတကွ ရူးသွပ်သွားစေပြီး ဤအတွင်းကမ္ဘာ၏ ကစားကွက်ကို အသစ်ပြန်စီလိုက်မည်ဖြစ်သည်။

ယခု ကောင်းမင်၏ တစ်ခုတည်းသော စိုးရိမ်မှုမှာ အိပ်မက်ကိုယ်တိုင်ပင် ဤ စိတ်ဖောက်ပြန်မှု စွမ်းရည်ကို တစ်ခါမှ အသုံးမပြုဖူးခြင်းဖြစ်သည်။ ဤစွမ်းရည်က မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသည်ကို မည်သူမျှ မသိကြပေ။ တစ်ခါအသုံးပြုပြီးလျှင် ပြန်လှည့်လာနိုင်စရာ လမ်းရှိတော့မည် မဟုတ်ပေ။

“သွေးမြို့တော် ၁၃ ခုထဲက ၁၀ ခုလောက်က ဟန်ဟိုင်းအပေါ် မုန်းတီးမှုရှိကြတယ်၊ ဒါပေမဲ့ ရန်သူတွေ အများကြီးရှိတာရဲ့ အားသာချက်က သူတို့က တစ်ယောက်ကိုတစ်ယောက် သံသယရှိနေကြပြီး ဟန်ဟိုင်းကို တစ်ယောက်တည်းဖျက်ဆီးဖို့ မပေးဆပ်ချင်ကြတာပဲ”

ကောင်းမင်၏ နောက်ဘက်တွင် အိပ်မက်သရဲငါးကောင်၊ သားစားကြူးနတ်ဘုရားနှင့် မပြောသင့်သူ သုံးယောက်တို့မှာ အသေအကြေတိုက်ခိုက်နေကြသည်။ သူကိုယ်တိုင်ကမူ ပျက်စီးနေသော အဆောက်အဦးကို မှီရင်း အတွေးနက်နေခဲ့သည်။ ဤမြင်ကွင်းမှာ ရှန်းလော်၏ မျက်လုံးထဲတွင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်နေတော့သည်။ အခြားသူများက သူ့ကို မြင်စေချင်သော ပုံစံမျိုးမှာ ဤသို့ဖြစ်သည်ဟု ရှန်းလော် ခံစားနေရသည်။ အထီးကျန်ခြင်း၊ လျှို့ဝှက်ဆန်းကြယ်ခြင်းနှင့် အင်အားကြီးမားခြင်းတို့က လက်တွေ့လောကနှင့် ချောက်ကြီးတစ်ခု ခြားထားသည့်အလားပင်။

...

သတ်ဖြတ်မှုက ကောင်းမင် မျှော်လင့်ထားသည်ထက် ပိုအချိန်ကြာသွားခဲ့သည်။ လူလုပ် သွေးနေလုံးကြီး ငုပ်လျှိုးသွားသည့်တိုင် မတူညီသော သွေးမြို့တော်များမှ မပြောသင့်သူသုံးယောက်ကို လုံးဝဝါးမြိုခြင်း မပြီးဆုံးသေးပေ။

သွေးမြို့တော်သုံးခုကို တစ်ပြိုင်နက်တည်း ရန်စခြင်းသည် အရူးများ ပေါများလှသော အတွင်းကမ္ဘာတွင်ပင် အလွန်ရှားပါးသောကိစ္စတစ်ခု ဖြစ်သည်။ ကောင်းမင်ကမူ ထိုအရာကို အရေးကြီးသည်ဟု မယူဆသလို အခြားအိပ်မက်သရဲများကလည်း အားမရသေးပုံရသည်။

လူတိုင်းမှာ ပိုများသော မပြောသင့်သူများ ပေါ်လာရန် စောင့်ဆိုင်းနေကြသည်။ နံပါတ် ၂ ပေးထားသော သတင်းအချက်အလက်အရ ယခုအခါ ရှင်းလုသွေးမြို့တော်ကို သွေးမြို့တော်ငါးခုက ခွဲဝေယူထားကြသည်ဖြစ်ရာ ထိုမြို့တော်များက ဤကိစ္စကို အလွယ်တကူ အလွှတ်ပေးမည် မဟုတ်သည်မှာ သေချာသည်။

“သူတို့ အခုချက်ချင်း ရောက်လာမယ်လို့ ငါမထင်ဘူးနော်”

ယန်ရှီကျီးသည် သတ်ဖြတ်ရခြင်းကို မနှစ်သက်ပေ။ အသားသစ်ပင်နှင့် တစ္ဆေဆုတောင်းတို့ မပြောသင့်သူ၏ အလောင်းကို လုယက်နေကြစဉ် သူမက ကောင်းမင်အနားသို့ တစ်ဦးတည်း လျှောက်လာလေ၏။

“ဒီမြင့်မြတ်လှပါတယ်ဆိုတဲ့ သွေးမြို့တော်ပိုင်ရှင်တွေက မင်းဟာ အရင်က ဟန်ဟိုင်းအရှင်သခင်ထက်တောင် ပိုရူးသွပ်လိမ့်မယ်လို့ ထင်ထားမှာ မဟုတ်ဘူး၊ မင်းရဲ့ အခြေခံတောင် မခိုင်မာသေးဘူး ၊ ဟန်ဟိုင်းကနေ ထွက်လာပြီး ရှင်းလုက မပြောသင့်သူတွေကို အမဲလိုက်ဝံ့တယ်ပေါ့”

“သူတို့ပဲ ကျွန်တော်တို့ကို အစိတ်စိတ်အမွှာမွှာ လုပ်ပိုင်ခွင့်ရှိပြီး ကျွန်တော်တို့က ပြန်မတိုက်ရဘူးလား၊ ဒါဆိုရင် ကျွန်တော်တို့က မွေးမြူရေးတိရစ္ဆာန်တွေနဲ့ ဘာကွာမှာမို့လို့လဲ”

ကောင်းမင်သည် မြို့စွန်ကိုသာ ဆက်လက်စိုက်ကြည့်နေခဲ့သည်။ သူ့လက်တွင် နံပါတ် ၂ ၏ စကားပြောစက်ကို ကိုင်ဆောင်ထားသည်။ ရှင်းလုသွေးမြို့တော်၏ စည်းမျဉ်းများက နံပါတ် ၂ ကို ကာကွယ်ပေးထားသဖြင့် သူသည် တစ်ဖက်လူ၏ အိပ်မက်များကို ရက်လုပ်ရန် သို့မဟုတ် တည်နေရာကို ရှာဖွေရန် မဖြစ်နိုင်ပေ။

“ငါကတော့ ဒါတွေအားလုံးကို စိတ်ပူနေရုံပါပဲ... ဒါတွေဟာ ဘယ်တော့မှ အဆုံးသတ် မရှိသလိုပဲ”

ယန်ရှိကျီးသည် သူမ၏ မျက်မှန်ကို ချွတ်လိုက်ပြီး ညဉ့်ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ ရှင်းလု၏ညသည် အနက်ရောင်မြူများ ဖုံးလွှမ်းနေပြီး ကံကြမ္မာ၏ အမြင့်ဆုံးနေရာကို ဖုံးကွယ်ထားသည်။

“အဆုံးသတ်မှာပါ၊ ဒီတစ်ခါတော့ မတူညီတဲ့ အဆုံးသတ်မျိုး ဖြစ်ပါလိမ့်မယ်”

ကောင်းမင်က ပြုံးလိုက်ပြီး စကားပြောစက်ကို ပြန်သိမ်းကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“အိုမင်းခြင်းနဲ့ ပုံရိပ်ယောင်ကို ဝါးမြိုပြီးတော့ ခင်ဗျားရဲ့ ခွန်အားတွေ ပြောင်းလဲသွားတာကို ခံစားမိလား”

“ဒါက တစ်ယောက်နဲ့တစ်ယောက် မတူဘူး၊ စုံစမ်းစစ်ဆေးဌာန အကြီးအကဲက အိုမင်းခြင်းယဇ်ပလ္လင်ကို သိမ်းပိုက်လိုက်ပြီး အရင်ဟန်ဟိုင်းအရှင်သခင်ဟောင်းရဲ့ ပြန့်ကျဲနေတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကို ပြန်စုစည်းပြီး စွမ်းရည်တွေအများကြီး ရသွားတယ်၊ ကွေ့ယွမ်က ငါတို့ လေးယောက်ရဲ့ အကူအညီနဲ့ ပုံရိပ်ယောင်ယဇ်ပလ္လင်ကို သိမ်းပိုက်လိုက်တယ်၊ ပုံရိပ်ယောင်စည်းမျဉ်းတွေကို လုံးဝတုပပြီးတဲ့နောက်တော့ သူ့ခွန်အားက နှစ်ဆလောက် တိုးလာတယ်၊ အခုဆို သူက မပြောသင့်သူကို သူတစ်ယောက်တည်း အမဲလိုက်နိုင်နေပြီ”

ယန်ရှီကျီးသည် သူမကိုယ်သူမ ထည့်မပြောပေ။ သူမသည် ယှဉ်ပြိုင်ခြင်းမရှိသလို တိုက်ခိုက်ခြင်းလည်း မရှိပေ။သူမသည် ပြင်ပအရာဝတ္ထုများကိုလည်း ဝါးမြိုလေ့မရှိဘဲ သူမ၏ ကိုယ်ပိုင်လမ်းစဉ်ကိုသာ တိတ်တဆိတ် လျှောက်လှမ်းနေသူ ဖြစ်သည်။

“တိုးတက်မှုရှိတာ ကောင်းတယ်၊ သားစားကြူးနတ်ဘုရားက သွေးနီရောင် မပြောသင့်သူရဲ့ မှတ်ဉာဏ်နဲ့ ခန္ဓာကိုယ်ကို ခွဲထုတ်ပြီးတာနဲ့ သူ့ရဲ့ယဇ်ပလ္လင်က ဟန်ဟိုင်းအတွက် နောက်ထပ် အိပ်မက်သရဲတစ်ကောင် ပေါ်ထွက်လာအောင် ကူညီပေးနိုင်လိမ့်မယ်”

ဟန်ဟိုင်း၏ အိပ်မက်သရဲများသည် အစွန်းရောက် ဖရိုဖရဲအခြေအနေများကြားတွင် မွေးဖွားလာကြသူများ ဖြစ်သည်။ သူတို့သည် မည်သူမျှ မထိုးဖောက်နိုင်သော ဟန်ဟိုင်းမြို့သေကြီးထဲတွင် အောင်မြင်မှုရရှိခဲ့ခြင်းမှာ အမှန်တကယ်ပင် အံ့ဖွယ်တစ်ခုဖြစ်သည်။ ကောင်းမင်သည် သူတို့၏ ရွေးချယ်မှုများကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။

“မင်းရဲ့ နောက်ထပ်အစီက ဘာလဲ”

“ကျွန်တော် ရှင်းလုသွေးမြို့တော်ကို သေချာစုံစမ်းစစ်ဆေးကြည့်ဦးမယ်၊ ဒီနေရာမှာ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိနေတယ်လို့ ကျွန်တော်ခံစားနေရတယ်”

ကောင်းမင်က တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ သူထရပ်လိုက်ပြီး စွန့်ပစ်ထားသော အခန်းတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။

“ဘန်း”

ကောင်းမင် ရုတ်တရက်ဝင်လာသောကြောင့် ရှန်းလော်က ထိတ်လန့်သွားပုံရသည်။ သူကုတင်ပေါ်မှ ဆင်းလိုက်ချိန်တွင် အုတ်ခဲကျိုးတစ်ခုကို တက်နင်းမိလိုက်ပြီး သူ့ခေါင်းက သစ်သားစားပွဲနှင့် အရှိန်ပြင်းပြင်း ဆောင့်မိသွားသည်။

ရှန်းလော်သည် သူ့ခေါင်းကို အုပ်ကိုင်ထားရင်း မတ်မတ်မရပ်နိုင်လောက်အောင်ပင် နာကျင်နေရှာသည်။

“ဒီလူက အရေးကြီးလို့လား”

ယန်ရှီကျီးသည် ကောင်းမင်နောက်မှ လိုက်ပါလာရင်း ကောင်းမင်လက်ထဲမှ တိရစ္ဆာန်သားရေနှင့် ရှန်းလော်ကို တစ်လှည့်စီ ကြည့်လိုက်သည်။

“ဒီလောက်အထိ သတိထားဖို့ လိုလို့လား”

ကောင်းမင်က အနည်းငယ် ခေါင်းညိတ်ပြပြီး ဘေးကင်းသော အကွာအဝေးတစ်ခုမှ ရှန်းလော်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။

“မင်းကို ငါ လွှတ်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ အဲ့ဒီမတိုင်ခင် ငါတစ်ခုလောက် မေးချင်တယ်”

“ငါ ရှန်းလော်က အမှားအမှန်ကို ရှင်းရှင်းလင်းလင်း သိပါတယ်၊ မင်း မေးချင်တာမေးပါ၊ ငါသိသမျှ အကုန်ပြောပြပါ့မယ်”

ရှန်းလော်သည် ခေါင်းကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ကျန်တစ်ဖက်က ရင်ဘတ်ကို ပုတ်ရင်း ပြတ်ပြတ်သားသား ဖြေလိုက်သည်။

“မင်းနဲ့ ကယ်တင်ရှင်ကြားမှာ ဘာပတ်သက်မှုရှိလဲ”

“ငါ မမှတ်မိဘူး”

“ကယ်တင်ရှင် မထွက်သွားခင် မင်းကို ဘာပြောခဲ့လဲ”

“မရှိဘူး”

“ကယ်တင်ရှင် ဘယ်ကိုသွားတယ်ဆိုတာ မင်းသိလား”

“မသိဘူး”

သစ်သားကုလားထိုင်မှာ အိပ်မက်အမှတ်အသားများကြောင့် ကြေမွသွားပြီး သစ်သားစများက အရပ်မျက်နှာအနှံ့ လွင့်ထွက်သွားသည်။ ကောင်းမင်သည် ထိုလူကို သတ်ပစ်ချင်နေသော်လည်း အနက်ရောင်ကံကြမ္မာ၏ ပတ်သက်မှုကိုတော့ စိုးရိမ်မိသည်။

“ကယ်တင်ရှင်နဲ့ပတ်သက်ပြီး မင်းဘာတွေမှတ်မိနေသေးလဲ၊ ငါသိသလောက်တော့ ကယ်တင်ရှင်တွေ အများကြီးရှိတယ်၊ အဲ့ဒီထဲမှာ အသန်မာဆုံးက ရှင်းလုသွေးမြို့တော်ပိုင်ရှင်ပဲ၊ ပြီးတော့ ပုံမှန်ဆိုရင် သွေးမြို့တော်မှာ ပိုင်ရှင်နှစ်ယောက် ရှိရမယ်”

ကောင်းမင်၏ စကားများက ရှန်းလော်ကို လှုံ့ဆော်လိုက်ပုံရသည်။ သူသည် သူ့ခေါင်းကို အုပ်ထားရင်း အတွေးနက်သွားသည်။

“အသန်မာဆုံး... နှစ်ယောက်...”

အနက်ရောင် ကံကြမ္မာကြိုးမျှင်များမှာ ပြင်းထန်စွာ တုန်ယင်သွားပြီး မေ့လျော့နေသော ဖုန်မှုန့်များ ကျဆင်းလာသည်။ ရှန်းလော်ကို မှတ်မိလာစေရန်အတွက် ကောင်းမင်သည် သူ၏ အိပ်မက်စွမ်းရည်ကို တစ်ဖက်လူအပေါ် အသုံးပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

“ငါတစ်ခုခု မှတ်မိလာပြီထင်တယ်”

ရှန်းလော် ခေါင်းမော့လိုက်ရာ သူ့မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသော်လည်း လေသံကမူ အလွန်သေချာနေလေသည်။

“ရယ်သံ”

“ရယ်သံ ဟုတ်လား”

“ဟုတ်တယ်၊ အဲ့ဒါက တကယ်ကို စိတ်ဖောက်ပြန်နေတဲ့ အရူးတစ်ယောက်ရဲ့ ရယ်သံပဲ၊ အဲ့ဒါက မကောင်းဆိုးဝါးပဲ၊ လုံးဝမကောင်းဆိုးဝါးစစ်စစ်ပဲ”

အပိုင်း (၈၁၈) ဝိညာဉ်ပြန်ခေါ်ခြင်း

ကောင်းမင်သည် လမ်းတစ်လျှောက်တွင် မကောင်းဆိုးဝါးများစွာနှင့် ကြုံတွေ့ခဲ့ဖူးသည်။ လက်ရှိ အာဟာရဖြည့်နေကြသည့် အိပ်မက်သရဲငါးကောင်မှာလည်း တစ်ကောင်ထက်တစ်ကောင် ပို၍ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။

“သေသေချာချာလေး ပြောပြပါဦး၊ မင်းပြောတဲ့ အဲ့ဒီမကောင်းဆိုးဝါးက ငါ့ဘေးနားက အိပ်မက်သရဲတွေထက်တောင် ပိုပြီးထူးဆန်းနေတာလား”

ကောင်းမင်သည် အဖြေကိုသိရှိနိုင်ရန်အတွက် ကံကြမ္မာ၏အမှောင်ထုကို ထိတွေ့ရမည့်အန္တရာယ်ကိုပင် ရင်ဆိုင်ရန် ဆန္ဒရှိနေခဲ့သည်။

ရှန်းလော်က မဆိုင်းမတွ ခေါင်းညိတ်ပြလိုက်သည်။ ထိုရယ်သံမှာ သူ့ဦးခေါင်းထဲသို့ ရောက်ရှိနေပြီဖြစ်သကဲ့သို့ သူ့နားနှစ်ဖက်ကို အလိုအလျောက် အုပ်ထားမိသည်။

“သူက လူသားတွေရဲ့ နယ်ပယ်ကို ကျော်လွန်သွားပြီ၊ နာမည်မရှိတဲ့ ဖြစ်တည်မှုတစ်ခုပဲ၊ ရှိသမျှ စကားလုံးတွေနဲ့တောင် ပြည့်စုံအောင် ဖော်ပြလို့မရဘူး၊ သူ့နာမည်ကို ငါ မမှတ်မိတော့ဘူး၊ အဲ့ဒီကြောက်စရာကောင်းတဲ့ ခံစားချက်ကိုပဲ မှတ်မိတော့တယ်၊ သူက ပုံစံဟောင်းတွေအားလုံးကို ဖျက်ဆီးပစ်ခဲ့တာ၊ ဖောက်ပြန်မှုတွေနဲ့ ပုံမှန်မဟုတ်မှုတွေကြားမှာ ကြီးပြင်းလာပြီး သေခြင်း ရှင်ခြင်းနဲ့ စည်းမျဉ်းတွေကို လှောင်ပြောင်ခဲ့တာ”

ကောင်းမင်၏ လက်ချောင်းဆယ်ချောင်းတွင် ရစ်ပတ်ထားသော ကံကြမ္မာကြိုးမျှင်များသည် ခွဲစိပ်ဓားများကဲ့သို့ ရှန်းလော်၏ မှောင်မိုက်သောဘဝထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။ ၎င်းတို့က အပေါ်ယံလွှာအား တစ်လွှာချင်း ခွဲစိပ်၍ ကံကြမ္မာက ဖုံးကွယ်ထားသော သတင်းအချက်အလက်များကို ပြန်လည်မှတ်မိစေရန် ကူညီပေးလိုက်သည်။

“ရူးသွပ်မှု၊ ဒေါသ၊ အဓိပ္ပာယ်မဲ့မှု...”

ရှန်းလော်၏ နားနှစ်ဖက်မှ သွေးများ စီးကျလာပြီး သူ၏မျက်လုံးအိမ်များက ပြူးကျယ်လာတော့သည်။ ထက်မြက်သော ဓားတစ်လက်က သူ့နှလုံးသားကို ထိုးဖောက်လိုက်သကဲ့သို့ သူ၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး မလှုပ်ရှားနိုင်တော့ပေ။

“ငါမှတ်မိပြီ၊ ငါမှတ်မိပြီ၊ အဲ့ဒီနေ့က ရှင်းလုသွေးမြို့တော် တစ်ခုလုံး အသံတစ်ခု ကြားလိုက်ရတယ်၊ ‘ဝိညာဉ်ပြန်ခေါ်ခြင်း’တဲ့၊ ဟုတ်တယ်၊ အဲ့ဒါ ‘ဝိညာဉ်ပြန်ခေါ်ခြင်း’ ပဲ”

ရှန်းလော်၏ စကားများသည် ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး နားလည်ရန် ခက်ခဲနေသည်။ ကောင်းမင် ဆက်မတူးဖော်ဝံ့တော့ပေ။ သူသည် အနက်ရောင်ကံကြမ္မာ၏ အနှစ်သာရကို ထိတွေ့မိနေပြီဖြစ်ရာ ရှန်းလော်ကို ဆက်လက်လှုံ့ဆော်ပါက သူကိုယ်တိုင်ပင် ကြီးမားသော ကမ္မအကျိုးဆက်များကို ခံစားရနိုင်သောကြောင့် ဖြစ်သည်။

“ရယ်သံ၊ ဝိညာဉ်ပြန်ခေါ်ခြင်းတဲ့လား”

ကောင်းမင် အခန်းထဲမှ ထွက်လာခဲ့သည်။ သူ့အရေပြားအောက်ရှိ ပွင့်ဖတ်လေးများမှာ သွေးမြို့တော်ပုံစံကွက်များကြားတွင် လှုပ်ခတ်နေပြီး သူ့ကို တစ်စုံတစ်ရာ အရိပ်အယောင်ပေးနေပုံရသည်။

“ဒုတိယအဆင့် ခွင့်ပြုချက်ရ ကစားသမား နံပါတ် ၀၀၀၀၀ သတိပြုရန်၊ ‘ဝိညာဉ်ပြန်ခေါ်ခြင်း’ သည် စီမံခန့်ခွဲသူ နံပါတ် (၀) သာ ပိုင်ဆိုင်သည့် အထူးပါရမီတစ်ခု ဖြစ်ပါသည်၊ လက်ရှိတွင် စမ်းသပ်နေဆဲ... အသက်သွင်းရန် အခြေအနေမပြည့်စုံပါ... ပျောက်ဆုံးနေသည် ပျောက်ဆုံးနေသည် ပျောက်ဆုံးနေသည်”

တပတ်ရစ်စနစ်၏ အသံက အချိန်ကိုက် ထွက်ပေါ်လာသည်။ ၎င်းသည် ကောင်းမင် သွေးနီရောင် မပြောသင့်သူ ဖြစ်တည်မှုကို အမဲလိုက်နေစဉ်ကတည်းက အကြိမ်ပေါင်း ရာနှင့်ချီ၍ သတိပေးသံများ ဆက်တိုက်မြည်နေခဲ့ခြင်း ဖြစ်သည်။

“ပြန်လည်ရှင်သန်ခြင်းက စီမံခန့်ခွဲသူ နံပါတ် (၀) ရဲ့ အထူးပါရမီလား”

ကောင်းမင်သည် ဤအရန်စနစ်ကို လျစ်လျူရှုထားခဲ့မိကြောင်း သတိပြုမိသွားသည်။

“နောက်ဆုံးတော့ အသုံးဝင်တဲ့ စကားတစ်ခွန်း ပြောလိုက်တာပဲ”

အချက်အလက်ဇယားကို ဖွင့်ကြည့်လိုက်ရာ ကောင်းမင်၏ အသက်မွေးဝမ်းကျောင်းနှင့် ပါရမီများကို အဆုံးမရှိ ဖန်တီးနေဆဲဖြစ်ပြီး ခွဲခြမ်းစိတ်ဖြာမှုမှာလည်း မပြီးဆုံးသေးပေ။

“ငါ့ကျတော့ ဘာလို့ အဲ့ဒီပါရမီ မရှိတာလဲ၊ ငါ့ရဲ့ ခွင့်ပြုချက်အဆင့်က မလုံလောက်လို့လား၊ ဒါမှမဟုတ် ငါ့မှာ အရေးကြီးတဲ့ပစ္စည်းတစ်ခုခု လိုအပ်နေလို့လား”

“ဒီတစ်ခါ ငါဝင်ခဲ့တဲ့ ဂိမ်းဦးထုပ်က ကယ်တင်ရှင်သုံးခဲ့တဲ့ ဦးထုပ်ပဲ၊ အဲ့ဒါက ငါ့ကို အတွင်းကမ္ဘာထဲ တိုက်ရိုက်ပို့ပေးခဲ့တာ၊ သာမန်ဂိမ်းစက်တစ်ခုက ဒါမျိုး လုံးဝမလုပ်နိုင်ဘူး၊ ဖြစ်နိုင်တာက... ဦးထုပ်ထဲမှာ လက်တွေ့ကမ္ဘာကို ထိုးဖောက်နိုင်တဲ့စွမ်းရည်ရှိတဲ့ သရဲတစ်ကောင် နေထိုင်နေတာလား”

စနစ်အပေါ် ကောင်းမင်၏ သဘောထားမှာ ကယ်တင်ရှင်နှင့် လုံးဝကွဲပြားသည်။ စနစ်ဆိုသည်မှာ စည်းမျဉ်းများ၏ ကန့်သတ်ချက်ကြောင့် လက်တွေ့ကမ္ဘာနှင့် အတွင်းကမ္ဘာကို တိုက်ရိုက်မနှောင့်ယှက်နိုင်ဘဲ ကစားသမားပေါ်တွင် “တွယ်ကပ်” နေသည့် အထူးသရဲတစ်ကောင်သာ ဖြစ်သည်ဟု သူယုံကြည်သည်။

“ပါရမီ စစ်ဆေးနေပါသည်၊ ပျောက်ဆုံးနေသည်၊ စစ်ဆေး၍မရပါ၊ ပြန်လည်ရှင်သန်ခြင်း သတင်းအချက်အလက် မရှိပါ”

စနစ်သည် အားတက်သရော ရှာဖွေနေသော်လည်း ကောင်းမင်၏ အကြည့်က တဖြည်းဖြည်း ပြောင်းလဲလာသည်ကို မသိရှိပေ။

“မလောပါနဲ့၊ ဖြည်းဖြည်းချင်း စုံစမ်းပေါ့၊ ငါ့မှာ အချိန်တွေ အများကြီးရှိပါတယ်”

ကောင်းမင်သည် သူ့လက်ချောင်းကို သိမ်သိမ်မွေ့မွေ့ ဝှေ့ယမ်းလိုက်သည်။ ယန်ရှီကျီးက ချက်ချင်းနားလည်သွားသည်။ သူမ သက်ပြင်းတစ်ချက်ချရင်း ကျန်အိပ်မက်သရဲလေးကောင်ကို အသိပေးရန် လှည့်ထွက်သွားခဲ့သည်။

သူ့ခြေဖဝါးအောက်ရှိ မြေပြင်က တဖြည်းဖြည်း အသားနှင့်အသွေးများအဖြစ် ပြောင်းလဲသွား၏။ အိပ်မက်သရဲငါးကောင်က အိပ်မက်ယဇ်ပလ္လင်ငါးခုကို သယ်ဆောင်လာပြီး ကောင်းမင်ကို အလယ်ဗဟိုတွင် ထား၍ ဝန်းရံလိုက်ကြသည်။

ထိုသို့လုပ်ဆောင်ပြီးနောက် သူတို့ ထွက်မသွားကြသေးပေ။၊ သူတို့ခန္ဓာကိုယ်ပေါ်ရှိ အိပ်မက်အမှတ်အသားများသည် ကောင်းမင်၏ ခန္ဓာကိုယ်ပေါ်သို့ တိတ်တဆိတ် တွားသွားတက်လာကြသည်။

ပြင်ဆင်မှုများ ပြီးဆုံးသွားသောအခါ ကောင်းမင်သည် သူ့ရှေ့ လေဟာနယ်၌ ပေါ်ထွက်နေသော စနစ်မျက်နှာပြင်ကြည့်ရင်း ပြုံးလိုက်ကာ လက်လှမ်းလိုက်သည်။

ကံကြမ္မာကြိုးမျှင်များ ရစ်ပတ်ထားသော သူ့လက်ချောင်းများသည် မတူညီသော နေရာအဘက်ဘက်မှ ချဉ်းကပ်သွားကြသည်။ အိပ်မက်အမှတ်အသားများမှာလည်း အတွင်းကမ္ဘာနှင့် အသိစိတ်ပင်လယ်ထဲသို့ ပြန့်နှံ့သွားကြသည်။ မူလက ကောင်းမင်တစ်ယောက်တည်းသာ မြင်နိုင်သော ထိုမျက်နှာပြင်မှာ တဖြည်းဖြည်းနှင့် ပိုမိုရှင်းလင်းလာတော့သည်။

“ဖြည်းဖြည်းချင်း စုံစမ်းပါ၊ ဖြည်းဖြည်းချင်း စုံစမ်း...”

တစ်ပတ်ရစ်စနစ်သည် သခင်အသစ်၏ ပါရမီနှင့် အသက်မွေးဝမ်းကျောင်းကို ဖန်တီးရန် အပြင်းအထန် ကြိုးစားနေသော်လည်း ၎င်း၏ သခင်အသစ်မှာမူ အခြားရည်ရွယ်ချက်များ ရှိနေလေသည်။

လက်ချောင်းထိပ်များက မျက်နှာပြင်ကို ဖြည်းညှင်းစွာ ထိတွေ့လိုက်သည်။ ထိုအချိန်တွင် ကောင်းမင်သည် ဟန်ဟိုင်းသွေးမြို့တော်၏ စည်းမျဉ်းစွမ်းအားအားလုံးကို ချက်ချင်း ထုတ်လွှတ်လိုက်တော့သည်။ အကြောင်းမသိသူတစ်ဦးသာဆိုလျှင် အခြားသွေးမြို့တော်အရှင်သခင်များက တိုက်ခိုက်နေသည်ဟု ထင်မှတ်သွားပေလိမ့်မည်။

သွေးမြို့တော်စည်းမျဉ်းများက စနစ်အတွင်းသို့ စီးဝင်သွား၏။ ဟန်ဟိုင်း၏ မှတ်ဉာဏ်များသည် ရှေးအကျဆုံးနှင့် အလွှမ်းမိုးနိုင်ဆုံးသော ဗိုင်းရပ်စ်တစ်ခုကဲ့သို့ မျက်နှာပြင်အတွင်းသို့ အတင်းအကျပ် ထိုးဖောက်ဝင်ရောက်သွား ၎င်းမျက်နှာပြင်ပေါ်ရှိ ပုံစံကွက်များအတိုင်း ရူးသွပ်စွာ ပျံ့နှံ့သွားတော့သည်။

ထိုအခိုက်အတန့်တွင် ကောင်းမင်သည် သွေးမြို့တော်စွမ်းအား၏ အကူအညီဖြင့် ဤတစ်ပတ်ရစ်စနစ်၏ အစစ်အမှန်ပုံသဏ္ဌာန်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရတော့သည်။ ၎င်းမှာ သူ့ဦးခေါင်းတွင် တွယ်ကပ်နေသော အဖြူရောင်ဂျယ်လီငါးကြီးတစ်ကောင်ကဲ့သို့ သေးငယ်သော ပြွန်ပေါင်းမြောက်မြားစွာဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သာမန်သရဲများနှင့် မကောင်းဆိုးဝါးများသည် ၎င်းကို လုံးဝမမြင်နိုင်ကြပေ။ သွေးမြို့တော်အရှင်သခင်သာလျှင် ၎င်း၏ဟန်ဆောင်မှုကို ထိုးဖောက်မြင်နိုင်သည်။ အကြောင်းမှာ ၎င်း၏အတွင်းထဲတွင် ရှင်းလုသွေးမြို့တော်၏ အသိစိတ်အစိတ်အပိုင်းတစ်ခု ပုန်းအောင်းနေသောကြောင့် ဖြစ်သည်။

ကောင်းမင်၏ လှုံ့ဆော်မှုကြောင့် ထိုပြွန်လေးများသည် ထွက်ပြေးရန်နှင့် လူစုခွဲရန် ကြိုးစားလိုက်ကြသည်။ သို့သော်လည်း ၎င်းတို့သည် ဟန်ဟိုင်းသွေးမြို့တော်၏ စည်းမျဉ်းများဖြင့် ချုပ်နှောင်ခံလိုက်ရပြီး ၎င်းတို့ပတ်ပတ်လည်တွင် အဆုံးမရှိသော အိပ်မက်ကမ္ဘာကြီးကို ခင်းကျင်းထားပြီးသား ဖြစ်သည်။

“ဖန်တီးမှု မအောင်မြင်ပါ၊ ဖန်တီးမှု မအောင်မြင်ပါ၊ သတိပေးချက်၊ သတိပေးချက်”

ပထမဆုံးအကြိမ်အဖြစ် ကောင်းမင်သည် တစ်ဖက်သားထံမှ ထိတ်လန့်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ ဤစနစ်သည် စနစ်ကို ပြန်လည်တိုက်ခိုက်သည့် ဤကဲ့သို့ “ထူးဆန်းသော” သခင်မျိုးနှင့် ပထမဆုံးအကြိမ် ဆုံတွေ့ဖူးခြင်း ဖြစ်ပေလိမ့်မည်။

“ငါက ရှင်းလုကို လာကယ်တာပါ၊ မင်းကို ဒုက္ခပေးမှာကို စိတ်ပူစရာမလိုပါဘူး”

ကောင်းမင်သည် မျက်နှာပြင်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ဟန်ဟိုင်းသွေးမြို့တော်စွမ်းအားကို ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်စေကာ တစ်ပတ်ရစ်စနစ်၏မှတ်ဉာဏ်များကို ပြန်ပြောင်းရှာဖွေလိုက်သည်။

ဤအရာကို ဖန်တီးခဲ့သူသည် အမှန်တကယ်ပင် အရူးတစ်ယောက် ဖြစ်ပေမည်။ ထိုဖန်တီးသူသည် သွေးပင်လယ်အနက်ရှိုင်းဆုံးနေရာမှ သက်ရှိသူများ၏ ဝိညာဉ်ကို အတွင်းကမ္ဘာနှင့် ဆက်သွယ်ပေးနိုင်သည့် ပြွန်များဖြင့် ပြည့်နှက်နေသော မကောင်းဆိုးဝါးတစ်ကောင်ကို ဆွဲထုတ်လာခဲ့ခြင်း ဖြစ်သည်။

၎င်းကို ၎င်း၏ကိုယ်ပိုင်အသိစိတ် ပျောက်ဆုံးသွားအောင် လုပ်ဆောင်ပြီးနောက် ရှင်းလုသွေးမြို့တော်၏ အသိစိတ်အစိတ်အပိုင်းတစ်ခုကို ၎င်းထဲသို့ လှည့်စားထည့်သွင်းခဲ့ပြီး နောက်ဆုံးတွင် ထိုမကောင်းဆိုးဝါး၏ ဦးနှောက်ကို တူးထုတ်ကာ အနက်ရောင် အမည်မသိအရာဝတ္ထုတစ်ခုကို ဝှက်ထားခဲ့ခြင်း ဖြစ်သည်။

သူ့အသိစိတ်က ဆက်လက်နစ်မြုပ်နေစဉ် ကောင်းမင်သည် စနစ်၏ဗဟိုချက်အထိ တူးဖော်မိသောအခါ သူ ကြောင်အသွားရသည်။ ပြွန်ပေါင်းမြောက်မြားစွာဖြင့် ရက်လုပ်ထားသော ထိုဂျယ်လီငါးသဏ္ဌာန်တည်ဆောက်ပုံတွင် အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဖန်တီးသူ ဝှက်ထားခဲ့သော အနက်ရောင်အရာဝတ္ထုမှာ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

“ရှင်းလုသွေးမြို့တော်ရဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်က အဲ့ဒီအနက်ရောင်အရာဝတ္ထုလား”

ဟန်ဟိုင်းသွေးမြို့တော်၏ စည်းမျဉ်းများသည် တစ်ပတ်ရစ်စနစ်အတွင်းသို့ လုံးဝ စိမ့်ဝင်သွားခဲ့ပြီ ဖြစ်သည်။ ကောင်းမင်သည် ရှင်းလုသွေးမြို့တော်အသိစိတ်၏ အစိတ်အပိုင်းလေးကို ပြန်မသွားနိုင်အောင် ပိတ်လှောင်လိုက်သည်။

“စိတ်မလှုပ်ရှားပါနဲ့၊ မကြောက်ပါနဲ့၊ မကြာခင် အားလုံးပြီးသွားမှာပါ”

ကောင်းမင်သည် စနစ်ကို ဤကဲ့သို့စကားများ ပြောဖူးသည့် ပထမဆုံးလူ ဖြစ်ပေလိမ့်မည်။ သူသည် တတ်နိုင်သမျှ နူးညံ့စွာလုပ်ဆောင်ရင်း ဂျယ်လီငါးလက်တံများနှင့်တူသော လမ်းကြောင်းကွန်ရက်ထဲမှ ကိုဩဒိနိတ်တစ်ခုကို ရှာတွေ့သွားသည်။

“ကယ်တင်ရှင်ရဲ့ အငွေ့အသက်တွေနဲ့ ခြေရာလက်ရာတွေက ဒီမှာ စုစည်းနေတာပဲ”

လက်ချောင်းဆယ်ချောင်းက ထိုမကောင်းဆိုးဝါး၏ ဦးခေါင်းကို ဆုပ်ကိုင်ထား၏။ အပြင်လူများအမြင်တွင်မူ ကောင်းမင်သည် စနစ်၏ ဂိမ်းမျက်နှာပြင်ကို ဆုပ်ကိုင်ထားသည်ဟု ထင်ရပေမည်။

သွေးမြို့တော်စည်းမျဉ်းများက ထိုလမ်းကြောင်းထဲသို့ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားသည်။ ကောင်းမင်သည် သူ၏အိပ်မက်စွမ်းအားအားလုံးကို ၎င်းအပေါ်သို့ ပုံအော ထုတ်လွှတ်လိုက်တော့သည်။

ဂိမ်းမျက်နှာပြင်ပေါ်တွင် သွေးကြောများ ချက်ချင်း ထွက်ပေါ်လာလေသည်။ ကောင်းမင်က ၎င်းကို အတင်းအကျပ် ဆွဲဖြဲပစ်လိုက်သည့်တိုင် အက်ကြောင်းများ ပြန့်နှံ့သွားခဲ့သည်။

ကောင်းမင်သည် ငရဲတံခါးတစ်ချပ်ကို ဆွဲဖွင့်လိုက်သကဲ့သို့ သူ့ဝိညာဉ်အတွင်းသို့ သွေးနီရောင် လှိုင်းလုံးကြီးတစ်ခု စီးဝင်လာခဲ့သည်။

“ဒီစနစ်ရဲ့ လက်တံတွေက လက်တွေ့ကမ္ဘာနဲ့ သွေးပင်လယ်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်တယ်၊ ဒါပေမဲ့ တစ်ခါအသက်သွင်းတိုင်းမှာ ကြီးမားတဲ့တန်ကြေးတစ်ခု ပေးရတယ်”

သွေးပင်လယ်ထဲတွင် မျောပါနေသည့် ထူးဆန်းကြောက်မက်ဖွယ်ကောင်းသော အရာများကို ကြည့်ရင်း ကောင်းမင်စိတ်ထဲတွင် ရှန်းလော်ပြောခဲ့သော စကားလုံးနှစ်လုံးက ပဲ့တင်ထပ်လာတော့သည်။

“ဝိညာဉ်ပြန်ခေါ်ခြင်း”

All Chapters