← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်းး (၃၁) - အမြီးနံ့နေတဲ့ကောင်က ရတနာနတ်ဘုရား မဟုတ်ဘူးလား။

လုပေါင်သည် သတင်းကို ရရှိသောအခါ သူ၏ မိဘများ၏ ပြတ်သားမှုအပေါ် အတော်လေး အထင်ကြီးသွားမိသည်။

အမှန်စင်စစ်တွင် တင်းလင် နှင့် လုပိုင်ဟောက် တို့သည်လည်း သေချာစွာ စဉ်းစားဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ အမှတ် (၁) မြေကွက်၏ ပိုင်ရှင်သည် သူတို့နှင့် အလွန်ရင်းနှီးပြီး မျိုးရိုးအမည်မှာလည်း လု ပင် ဖြစ်သဖြင့် အရာအားလုံးက ရင်းနှီးကျွမ်းဝင်နေသလိုပင်။ ထို့ကြောင့် လုပိုင်ဟောက်သည် သူတို့၏ ဆွေမျိုးသားချင်းများအားလုံးကို လိုက်လံစုံစမ်းခဲ့သေးသည်။

မည်သူမှန်း အတိအကျ မသိရသေးသော်လည်း ၎င်းသည် သူတို့အတွက် လောင်းကြေးထပ်ရန် ထိုက်တန်နေဆဲပင်ဖြစ်နေသည်။

ဘီလီယံရရှိရန်အတွက် ၂၅၀ မီလီယံလောက် စွန့်စားရခြင်းသည် ကြောက်စရာမရှိပေ။

“အိုလု... မင်း အမှတ် (၁) မြေကွက်ပိုင်ရှင်ကို တကယ်မသိဘူးဆိုတာ သေချာရဲ့လား။”

စုန့်ခွန်လင်းမှာ လုပိုင်ဟောက်၏ လုပ်ရပ်ကြောင့် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ဤကဲ့သို့သောအခြေအနေမျိုးတွင် သူသည် မြေကွက်ကို လွှဲပြောင်းရယူချင်နေသည်။

“ငါကိုယ်တိုင်ကရော အမှတ် (၁) မြေကွက်ပိုင်ရှင်လို့ မင်းမထင်မိဘူးလား။”

လုပိုင်ဟောက်ကစာချုပ်ကို နှုတ်ခမ်းထက်တွင်လှောင်ပြုံးကိုချိတ်ဆွဲ၍ ပြန်ပြောလိုက်သည်။

“မင်းမှာ အဲဒီလို အရည်အချင်းမျိုး မရှိပါဘူး။”

ဤသို့ပြောနေစဉ်တွင် စုန့်ခွန်လင်းသည် ဂုဏ်ယူဝင့်ကြွားမှုကို ခံစားနေရဆဲပင်ဖြစ်သည်။ သူတိုနှစ်ဦးသည် ပြိုင်ဘက်တွေ ဖြစ်သော်လည်း သူသည် လုပိုင်ဟောက်ကို အလွန် အထင်သေးထားခြင်း ဖြစ်သည်။

သို့သော်ဤမြေကွက်ကို လုပိုင်ဟောက်က လွှဲပြောင်းယူမည်ဖြစ်သဖြင့် စုန့်ခွန်လင်းလည်း သက်ပြင်းချကာ စိတ်အေးသွားရသည်။

နောက်ထပ် လုပ်ဆောင်ရမည့်အချက်များကို သဘောတူညီပြီးနောက် လုပိုင်ဟောက်သည် သူ၏လူများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

“သူက ဘယ်လိုလုပ် ဝယ်ရဲတာလဲ။”

“ဘာလို့ မဝယ်ရဲရမှာလဲ။သူတို့က အစတုန်းက ဒီလောကကိုဘယ်လိုတက်လာတာလဲ။လောင်းကစားဆန်ဆန် စွန့်စားခဲ့လို့ မဟုတ်ဘူးလား။အဲဒီလူက ငါ့ကိုပဲ ပစ်မှတ်ထားနေတာလို့ သူတို့ကထင်ပြီးလောင်းကြေးထပ်ချင်နေတာ ဖြစ်မှာပေါ့။ ဟွန်း...သောက်ပေါတွေပဲ။ တစ်ဖက်လူက ငါ့ကို ပစ်မှတ်ထားနေမှတော့ ဒီလောက်ကြီးမားတဲ့ အမြတ်အစွန်းကို သူတို့က ဘယ်လိုလုပ် လက်လွှတ်ခံမှာလဲ။”

စုန့်ခွန်လင်းသည် လုပိုင်ဟောက် အရှက်ရမည့်အချိန်ကိုသာစောင့်မျှော်နေခဲ့ခြင်းဖြစ်၏။ နောက်ဆုံးတွင်ဤမျှ အကျိုးအမြတ်များတဲ့ကိစ္စကို အမှတ် (၁) မြေကွက်ပိုင်ရှင်က အမှတ် (၂) မြေကွက်ကို ဈေးပေါပေါနဲ့ ရဖို့အတွက် ဖန်တီးထားတာပဲ ဖြစ်ရမည်။သူတို့လက်ထဲ ရောက်ခါနီး မုန့်ချိုကို တခြားလူက လုယူသွားတာကို သူတို့ ဘယ်လိုကြည့်နေကြမည်မဟုတ်ဟု ထင်နေခဲ့သည်။

Ansk နည်းပညာကုမ္ပဏီမှ နည်းပညာအဖွဲ့အသည်းများသည် ဟီလ်တန်ဟိုတယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အချက်အလက်အချို့ကို စတင်စုဆောင်းနေပြီဖြစ်သည်။

အန်နာဘဲလ် သည် လုပေါင်၏ တိုက်ရိုက်ထုတ်လွှင့်မှုကိုပြန်လည်ကြည့်ရှူရင်း ဒေတာအချက်အလက်များကိုလည်း မှတ်တမ်းတင်နေသည်။

“မစ္စအန်နာ... ကျွန်တော်တို့ အပြင်ထွက်လာရပြီပဲ။ အလုပ်တွေ အရမ်းမလုပ်ပါနဲ့ဦ။အပျော်အပါးလးလေးအရင်ရှာရအောင်လေ။”

အန်နာ၏ လက်ထောက်က လာရောက်မဲဆွယ်တော့သည်။ တရုတ်နိုင်ငံ၏တိုက်ရိုက်ထုတ်လွှင့်မှုများသည် အထွေအထူး ထူးခြားခြင်းမရှိပေ။

“မင်းတို့ပဲ သွားပျော်ကြပါ။ ငါ ဒေတာတွေကို လေ့လာလိုက်ဦးမယ်။”

အန်နာဘဲလ်သည်လုပေါင်၏ မျောက်ဖြူဂူထုတ်လွှင့်မှုကိုပြန်လည် ကြည့်ရှုနေခြင်းဖြစ်သည်။ သူမသည် ဗီဒီယိုထဲမှ ထူးခြားလှသော မြင်ကွင်းများကို ကြည့်ပြီး အလွန်အံ့ဩနေမိသည်။

“ဒေတာတွေကို လေ့လာနေစရာ မလိုပါဘူး။ မနက်ဖြန်ကျရင် သွားကြည့်လိုက်တာနဲ့ သိရမှာပါ။ တရုတ်လူမျိုးတွေက လှည့်ကွက်လေးတွေနဲ့လူတွေကို ကစားရတာ ဝါသနာပါကြတာပဲ။ ဒါဆိုကျွန်တော်သွားလိုက်ပါအုံးမယ် မစ္စအန်နာ။”

“သွားပါ။”

ဒါတွေက တကယ်ပဲ လှည့်ကွက်လေးတွေလဖြစ်နိုင်သည်လော။လုပေါင်သည်မျောက်ဖြူတစ်ကောင်ကို ရိုက်ထုတ်လိုက်တာကို ကြည့်ပြီး အန်နာဘဲလ် တစ်ယောက် လုပေါင်အစားချွေးပြန်မိသည်။ဤအခြေအနေမျိုးမှာ သူက ဘယ်လိုတောင် လက်တုံ့ပြန်ရဲသနည်း။

သူမသည် မျောက်ဘုရင်ကြီး ကို မြင်လိုက်ရသောအခါ အံ့ဩလွန်းကာ အော်မိသွားသည်။။ ဤလောက်ကြီးတဲ့ မျောက်ဖြူကြီးလော။မျောက်ဖြူကြီးက လူစကားပြောလိုက်တဲ့အခါမှာတော့ သူမ လုံးဝ တုန်လှုပ်သွားခဲ့ရသည်။ ထို့နောက် သူမသည် လုပေါင်၏ ထုတ်လွှင့်မှုများကို တစ်ခုပြီးတစ်ခု ဆက်တိုက်ကြည့်ရှုနေခဲ့ရာ ညနက်သည့်တိုင်အောင်ပင်။ သူမ၏ စိတ်ခံစားချက်များ ငြိမ်သက်သွားရန် အချိန်အတော်ကြာယူခဲ့ရသည်။ တရုတ်လူမျိုးတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ။

လုပေါင်၏ဘက်တွင်မူ လုလင်းဟွာ က သူ့ထံသို့ ဖုန်းတောက်လျှောက် ခေါ်နေသည်။

“Ocean App မှာ အကောင့်တစ်ခု ဖွင့်လိုက်ပါ။ မနက်ဖြန် ဗီဒီယိုတစ်ခုခု တင်လိုက်ရုံပါပဲ။ကျွန်တော်တို့ အဲဒါကိုသုံးပြီး လူကြည့်များအောင် လုပ်ပေးမယ်။ ရတနာနတ်ဘုရား အဆင်ပြေရဲ့လား။”

Ocean app သည် ocean Live stream ပလက်ဖောင်း၏ App တစ်ခုဖြစ်သည်။ သို့သော် Douyin သို့မဟုတ် Kuaizhi ကဲ့သို့ ထိပ်တန်း App များနှင့် နှိုင်းယှဉ်ပါက သူ၏ ocean app သည် လူကြည့် အလွန်နည်းပါးနေခဲ့သည်။

“ကောင်းပြီ ခင်ဗျားပဲ စီစဉ်လိုက်ပါ။”

လုပေါင်က အဆင်ပြေသည်ဟု ယူဆလိုက်သည်။

“ဗီဒီယိုတင်ဖို့ဆိုတော့... ဘာတင်ရမလဲ။”

သူသည် ကုတင်ဘေးက စားပွဲပေါ်တွင် သစ်စေ့များ ခွဲစားနေသော နှင်းလုံးလေးကို ကြည့်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်တွင် နှင်းလုံးလေးကို မော့ကြည့်နေသော ဒါပေါင် ကို ကြည့်လိုက်ကာ စိတ်ကူးတစ်ခု ရသွားခဲ့သည်။

ဖုန်းချပြီးနောက် သူသည် ကုတင်ပေါ်မှ ဆင်းကာ ဒါပေါင်နှင် နှင်လုံးလေးတို့ဆီ သွားပြီး ပြောလိုက်သည်။

“ငါ့ရဲ့အချစ်ကလေးတို့ရေ... ငါ့ကို အကူအညီတစ်ခုလောက် ပေးနိုင်မလား။”

“ဝု...”

“ဂူး...”

ငါးမိနစ်အကြာတွင် စူပါLive Eyeသည်စတင်အလုပ်လုပ်လာသည်။ ကောင်းကင်မျက်လုံး တွင် ဗီဒီယိုများကိုမှတ်တမ်းတင်နိုင်စွမ်း ရှိသည်။ နှင်းလုံးလေးက ဒါပေါင်၏ ခေါင်းပေါ်တွင် ရပ်နေပြီး သတ္တဝါလေးနှစ်ကောင်စလုံးက ဗီဒီယိုကင်မရာကို ခေါင်းလေးစောင်းကာ ကြည့်နေကြသည်။

သူတို့၏ အမူအရာလေးများက အလွန်ပင် ချစ်စရာကောင်းနေသည်။

“အားလုံးပဲ မင်္ဂလာပါ။”

ကြက်တူရွေးကြီးကလူစကားကို လုပေါင်၏ အသံနှင့် အလွန်တူအောင် ပြောလိုက်သော်လည်း သူ၏ ပုံစံမှာ ကြောင်တောင်တောင်နှင့် ချစ်စရာကောင်းနေသည်။

“ဝု ဝု... “

ဒါပေါင်ကလည်း လေးနက်သော အမူအရာဖြင့် ဟောင်လိုက်သည်။

“ကျွန်တော် ရတနာနတ်ဘုရားဟာ ဒီနေ့ပဲ ocean app ပလက်ဖောင်းကို စတင်ဝင်ရောက်လာပါပြီ။ အားပေးကြတဲ့ မိသားစုဝင်အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်... ဂူး... ဂူး... နောက်က ဘာဆက်ပြောရမှာလဲ။”

ကြက်တူရွေးကြီးက လည်ပင်းကို ဆန့်ထုတ်ကာ လုပေါင်ကို ကြည့်လိုက်သည်။ စာကြောင်းက ရှည်လွန်းသဖြင့် သူ၏ ဦးနှောက်လေးမှာ ရှော့ ဖြစ်သွားပုံရသည်။

“မင်းဘာသာ မင်း သင့်တော်အောင် ပြောလိုက်။”

လုပေါင်ကအလျင်အမြန် အချက်ပြလိုက်သည်။

“ဂူး...”

“ဝု ဝု”

“နှင်းလုံးလေးက... လိမ္မာတယ်။ ပါပါးကို ဗီဒီယိုတင်ပြီး လူတွေ Follow လုပ်အောင် ဝိုင်းညာပေးကြစမ်းပါ။ ပါပါး မနက်ဖြန်ကျရင် သစ်စေ့အိတ်ကြီး တစ်အိတ် ဝယ်ပေးမယ်။ အဲဒီ User တွေက လှည့်စားရတာ အရမ်းလွယ်တယ်။”

ကြက်တူရွေးကြီးက ခဏလောက် စဉ်းစားပြီးနောက် ကောင်းကင်မျက်လုံးကို ကြည့်ကာ အော်ပြောလိုက်သည်။

ဒါပေါင်၏ မျက်လုံးလေးများက သူ၏ ခေါင်းပေါ်မှ ကြက်တူရွေးဆီသို့ ဖြည်းဖြည်းချင်း ရောက်သွားသည်။ ထို့နောက် လုပေါင်ကို လူကဲ့သို့ အမူအရာဖြင့် တစ်ချက်ကြည့်ကာ တိတ်တဆိတ် နောက်ဆုတ်သွားပြီး အမြီးလေးနန့်ကာ လူမရိပ်မိအောင် ဟိုကြည့်ဒီကြည့် လုပ်နေသည်။

“အဲဒီ ငတုံးသူဌေးကြီးက ပါပါးကို ပိုက်ဆံပေးရင်... မင်းတို့ ငါနဲ့အတူ ချမ်းချမ်းသာသာနေရတော့မှာ။”

ကြက်တူရွေးကြီးမှာ သူ၏ အခြေအနေမှာ အန္တရာယ်ရှိနေပြီဖြစ်ကြောင်း မသိဘဲ သေးနှုတ်သီးကို ဖြဲကာ လုပေါင်၏ အသံကို ပီပြင်စွာ ဆက်လက်တုပနေလေသည်။

“ဝု ဝု”

ကင်မရာရှေ့တွင် ဒါပေါင်က ရုတ်တရက် လှည့်ပြေးတော့သည်။ ကြက်တူရွေးကြီးမှာ ကော်ဇောပေါ်သို့ ခေါင်းစိုက်ကျသွားပြီး အတောင်ပံကို ခါကာ ပြန်ထလာသည်။ ထို့နောက် ဒါပေါင်နောက်သို့ ဆဲဆိုကာ မြေပြင်ပေါ် ပြေးလွှားလိုက်တော့သည်။

“ဂူး... ဂူး... မင်းအမေဂျီးတော်... ဂူးပဲ။”

“ဝု ဝု”(မြန်မြန်ပြေး... မဟုတ်ရင် အထုခံရလိမ့်မယ်)။

ပြန်ရိုက်ရမလားလုပေါင်မှာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားရသည်။ ဒီကြက်တူရွေးကြီးမှာ စကားသင်တဲ့အခါ အားနည်းချက်တစ်ခု ရှိသည်။စာကြောင်းရှည်လျှင် မေ့တတ်သော်လည်း စာကြောင်းတိုလေးများကိုမူ အလွန်မှတ်မိပြီး ပီပြင်အောင် ပြောတတ်သည်။

“ကောင်းကင်မျက်လုံး... ပြန်ပြပေး။”

စူပါ live eyeကဗီဒီယိုအတိုကို ချက်ချင်း ပြန်ပြသည်။ပြန်ကြည့်ပြီးနောက် လုပေါင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ဗီဒီယိုက တကယ်ကို ကောင်းနေပုံရသည်။အထူးသဖြင့် သူတို့၏ လူကဲ့သို့ အမူအရာများနှင့်ကြောင်တောင်တောင်ပုံစံများမှာချစ်စရာကောင်းသည်။

“သူဌေးကို စော်ကားသလို ဖြစ်နေတာကလွဲရင်ပေါ့... ထားလိုက်ပါတော့ တင်လိုက်တော့မယ်။”

လုပေါင်သည် ဗီဒီယိုကို အနည်းငယ် တည်းဖြတ်ပြီးနောက် သူ၏ ဘဝတွင် ပထမဆုံးသော ဗီဒီယိုအတိုကို တိုက်ရိုက် တင်လိုက်သည်။

ငါးမိနစ်အကြာတွင် ဗီဒီယိုမှာ စစ်ဆေးမှု အောင်မြင်သွားပြီး လူကြည့်များရန် ထောက်ပံ့မှုုံများကိုလည်း ရရှိသွားသည်။ Follower အရေအတွက်မှာ အရှိန်အဟုန်ဖြင့် တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ဗီဒီယိုကို ocean Live stream ပလက်ဖောင်းနှင့် လုပေါင်ကို Follow လုပ်ထားသော User များ၏ ချန်နယ်များတွင်လည်း ပြသပေးခဲ့သည်။

လုပေါင်သည် ယခုအချိန်တွင် အလွန်ရေပန်းစားနေသူဖြစ်သည်။ သူနှင့်ပတ်သက်သော သတင်းဆိုလျှင် User များက နှိပ်ကြည့်ကြမြဲ။ နှင်းလုံးလေးနှင့် ဒါပေါင်ကို လူများက ချက်ချင်းပင် ချစ်ခင်သွားကြပြီး Follower အရေအတွက်မှာလည်း တရိပ်ရိပ် တက်လာသည်။

၁ သောင်း... ၁ သောင်းခွဲ... ၂ သောင်း... ၃ သောင်း... ညနက်ပိုင်းတွင် နာရီဝက်မပြည့်မီမှာပင် Follower ၉ သောင်း တိတိ ရရှိသွားသည်။

“ဒါတောင် လူကြည့်သိပ်မများသေးဘူးပဲ။”

လုပေါင်က Comment များကို ကြည့်လိုက်သည်။ Comment ပေါင်း ၃ သောင်းကျော် ရှိနေသည်

“ဝိုး... မြန်မြန် Like ပေးပြီး Comment ရေးကြစို့။ ရတနာနတ်ဘုရားကို လူသိအောင် ဝိုင်းလုပ်ပေးကြမယ်။ သူက သူဌေးရဲ့ ပလက်ဖောင်းပေါ်မှာ သူဌေးကို ပြန်ဆဲရဲတယ်ဟ။ သူ့သူဌေးမြင်သွားအောင် အပေါ်ရောက်အောင် တွန်းတင်ကြစို့။”

“ဟာဟားဟား... နှင်းလုံးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။”

“ဟေ့လူတို့ တွေ့ကြလား။နောက်ခံက စင်ပေါ်မှာ ရွှေတုံးတွေနဲ့ အပြာရောင် နီလာခဲကြီး တစ်လုံး ရှိနေတယ်ဟ။”

“အမလေး... ဒါ ဘယ်လို မိသားစုမျိုးလဲ။ဘာလို့ ဒီလောက်တောင် ချမ်းသာနေရတာလဲ။”

“ရတနာနတ်ဘုရားက ဘာလို့ မျက်နှာမပြတာလဲ။”

“အမြီးနန့်နေတဲ့ကောင်က ရတနာနတ်ဘုရား မဟုတ်ဘူးလား။”

“ဘာရယ်...”

မကြာမီပင် Follower ၁ သိန်း ပြည့်သွားသည်။ သို့သော် ကြည့်ရှူသူများက တွန်းအားပေးနေသော်လည်း ဤမျှသာ တက်ခြင်းမှာ ညနက်ပိုင်းဖြစ်သဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်သူ နည်းပါးနေသောကြောင့် ဖြစ်နိုင်သည်။ ထို့အပြင် ocean Live stream ၏ လူသုံးစွဲမှုမှာလည်း အလွန်နည်းပါးနေသေးသည်။

“ထားလိုက်ပါတော့... ငါကိုယ်တိုင် တစ်ပုဒ်လောက် ရိုက်လိုက်မယ်။”

လုပေါင်သည် အပြင်ဘက်မှ လင်းထိန်နေသော လရောင်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ ကိုယ်ဟန်မှာ ဝေဝါးသွားပြီး အခန်းထဲမှ တိုက်ရိုက် ပျောက်ကွယ်သွားတော့သည်။”

အခန်း (၃၂) - တစ်ချက်ခေါ်ရုံဖြင့် လူသောင်းချီတုံ့ပြန်ခြင်း။

လရောင်သည် ချင်းကျန်း မြို့ပေါ်သို့ ဖြာကျနေသည်။ လုပေါင်သည် မြို့၏ နာမည်ကြီးရပ်ကွက်တစ်ခု၏ပန်းခြံသို့ ရောက်ရှိနေပြီး သူ၏ ကျောပြင်ကိုသာ ပြသထားကာ မျက်နှာကိုမူ လုံးဝ ပြခြင်းမရှိပေ။ သူသည် ဖျတ်လတ်သော မျောက်တစ်ကောင်ကဲ့သို့ သစ်ပင်များအကြား လျင်မြန်စွာ ကူးလွှတ်ခုန်ပျံနေသည်။ ညကောင်းကင်အောက်တွင် သူသည် သိုင်းဆရာတစ်ဦးနှင့်ပင် တူနေတော့၏။

မျောက်သိုင်းပညာ ၏ အကြီးမားဆုံး အားသာချက်မှာ အံ့အားသင့်ဖွယ် ကောင်းလှသော အရှိန်အဟုန်ပင် ဖြစ်သည်။

စူပါ Live Eye သည် သူ၏ အရိပ်ပမာ နောက်မှ ထပ်ကြပ်မကွာ လိုက်လံရိုက်ကူးနေသည်။ ပန်းခြံအဆုံးသို့ ရောက်သောအခါ လုပေါင်သည် လပြည့်ဝန်းကြီးဆီသို့ ဦးတည်ကာ ရုတ်တရက် ခုန်တက်လိုက်ရာ သူ၏ ပုံရိပ်မှာ လမင်းဆီသို့ ပျံသန်းသွားသယောင်ဖြစ်နေတော့၏။

လုပေါင်သည် ဗီဒီယိုကို ကျေနပ်စွာ ကြည့်ရှုပြီးနောက် ချက်ချင်းပင် Upload တင်လိုက်သည်။ပြီးစီးသွားပြီဖြစ်သည်။

နောက်တစ်နေ့ မနက်တွင် လုပေါင် နိုးနိုးချင်း ပထမဆုံး လုပ်ဆောင်သည့်အရာမှာ Follower မည်မျှ တိုးလာသနည်းဆိုသည်ကို စစ်ဆေးခြင်း ဖြစ်သည်။ သူသည် ညဉ့်နက်မှ ဗီဒီယိုတင်ပြီး ပြန်အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။

၁.၀၇ မီလီယံကျော်ရှိနေပြီဖြစ်သည်။ဒီကိန်းဂဏန်းက ထင်သလောက် မများဘဲ သာမန်ပဲဟု ထင်ရသည်။

အင်တာနက် နာမည်ကျော် အကြီးစားKOLများတွင် Follower သန်းပေါင်းများစွာ အလွယ်တကူ ရှိတတ်သည်ကို လုပေါင် သိသည်။ သို့သော် ocean App တွင်လူသုံးနည်းလွန်းလှသည်။ ဒီလောက် ရရှိခြင်းမှာ ၈၀ ရာခိုင်နှုန်းခန့်မှာ ocean Live Stream ဘက်ကနေ လာခြင်း ဖြစ်ပေလိမ့်မည်။

Ocean App သည် မူလက အစွန့်ပစ်ခံထားရပြီး ဆုံးရှုံးလုနီးပါး အခြေအနေတွင်သာ ရှိနေခဲ့သည်ကို သူ မသိခဲ့ပေ။

ယခုမူ သူ၏ ကျေးဇူးကြောင့် သန်းခေါင်ယံမှ ယခုအချိန်အထိ အသုံးပြုသူသစ် ၈ သိန်းကျော် တိုးလာခဲ့ပြီး အရေအတွက်မှာ ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။ ဤအကျိုးသက်ရောက်မှုမှာ လူအများ အံ့သြရလောက်အောင် ပြင်းထန်လှသည်။

ဒါဟာ အသုံးပြုသူ ကြည့်ရှုမှုအနည်းဆုံးအချိန်မှာတောင် ဖြစ်ပေါ်လာခြင်းဖြစ်၏။

တစ်ချိန်တည်းမှာပင် သူ၏ ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် အကြံပြုချက် အမျိုးမျိုး ရောက်ရှိလာသည်။App အသိပေးချက်များ App ဖွင့်လိုက်လျှင် ပေါ်လာသည့် ကြော်ငြာများ Banner များ Ocean live stream ကို ဖွင့်လိုက်သည်နှင့် သူ၏ လာမည့် ထုတ်လွှင့်မှုအကြောင်း သတင်းစကားမျိုးစုံကို မြင်တွေ့နိုင်သည်။

“လျှို့ဝှက်ဆန်းကြယ်သော ပင်လယ်ရတနာသိုက် ပေါ်ထွက်လာပြီ။”

“ပင်လယ်နက်အောက်ခြေမှ ရတနာသိုက်။”

“လက်ငင်းငွေသား သိန်းပေါင်းများစွာ သင့်ကို စောင့်ကြိုနေသည်။”

လုပေါင်သည် ထုတ်လွှင့်မည့်အချိန်ကို မနက် ၁၀ နာရီဟု သတ်မှတ်ထားသည်။ ယခု မနက် ၈ နာရီသာ ရှိသေးသော်လည်း တိုက်ရိုက်ထုတ်လွှင့်မည့် အခန်းထဲတွင် လူပေါင်း ၁ သိန်းကျော်က စကားပြောရင်း စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ ဤလူများအားလုံးမှာ လုပေါင်၏ အမာခံ ပရိသတ်များ ဖြစ်လာကြသည်။

တစ်ချိန်တည်းမှာပင် ocean Live stream ကုမ္ပဏီတွင် ဝန်ထမ်းအားလုံး အလုပ်ရှုပ်နေကြသည်။ ယနေ့သည် နေ့ကြီးရက်ကြီး တစ်နေ့ ဖြစ်သည်။

မနက် ၉ နာရီအချိန်ကျရောက်ပြီဖြစ်သည်။

“သူဌေး... စာချုပ် လက်မှတ်ထိုးပြီးပါပြီ။ တကယ်လို့ ဆာဗာ Load တက်ပြီး ပျက်ကျသွားရင် သူတို့က ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုတွေအတွက် တာဝန်အပြည့်အဝ ယူမှာဖြစ်သလို ဆာဗာတွေကိုလည်း အခမဲ့ အဆင့်မြှင့တင်ပေးပါလိမ့်မယ်။”

လုလင်းဟွာ၏ အတွင်းရေးမှူးက စာချုပ်ကို ယူဆောင်လာသည်

“ကောင်းပြီ။”

လုလင်ဟွာကလက်ထဲမှ စာချုပ်ကို ကြည့်ကာ ပြုံးလိုက်သည်။ဤအရာသူတို့ဘာသာ ရွေးချယ်ခဲ့ခြင်းပင်။

“လူကြည့်များတာ မှန်ပေမယ့် အခုထိ ဆာဗာ က အေးဆေးပဲ မဟုတ်လား။”

ဂရေးက လက်ရှိ ဒေတာတွေကို ကြည့်ပြီး အထင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။

အောဒရစ်ချ်က လှောင်ပြုံးပြုံးကာ

“ဒီတရုတ်လူမျိုး သူဌေးက လူကြည့်နှုန်း ၁၀ ဆလောက် ရုတ်တရက် တက်လာမယ်လို့ တကယ်ကြီး ထင်နေတာလား။အမှန်တရားက မျက်စိရှေ့မှာ ရှိနေတာတောင် သူတို့က လက်မခံနိုင်ကြသေးဘူး။”

“ပိုက်ဆံ မသုံးချင်လို့ ဒီလို ရယ်စရာကောင်းတဲ့ အကြောင်းပြချက်တွေ ပေးနေတာပဲ။”

“ဟား ဟား”

Ansike ကုမ္ပဏီမှ နည်းပညာရှင်များနှင့် ကျွမ်းကျင်သူများ အားလုံး လှောင်ရယ်နေကြသည်။ အန်နာဘဲလ် တစ်ယောက်သာ လုပေါင်၏ တိုက်ရိုက်ထုတ်လွှင့်မည့် အခန်းမှ ဒေတာများကို ငေးကြည့်နေမိသည်။ သူမသည် တစ်ညတည်းနှင့် လုပေါင်၏ ပရိသတ် ဖြစ်သွားခဲ့ပြီ။ ဤအံ့ဖွယ် တရုတ်အမျိုးသားသည် သူမကို လုံးဝ အံ့အားသင့်စေခဲ့သည်။

ဝံပုလွေအုပ်ကြားထဲ အိပ်စက်ခြင်း ကျားဂူထဲသွားပြီး ကျားတွေကို ပွက်သပ်ပေးခြင်း မျောက်ဖြူဂူကို သွားပြီး မျောက်ဘုရင်ကြီးနှင့်ယှဥ်ပြိုင်ခြင်း ပင်လယ်အောက်ခြေကို ဆင်းပြီး ကမ္ဘာ့စံချိန်က်ိုရိုက်ချိုးနိုင်ခြင်းသည် နတ်ဘုရားကဲ့သို့စွမ်းဆောင်ရည်ရှိ၏။

“ကြည့်စမ်း... အဲဒီ အန်နာဘဲလ်က ကုမ္ပဏီရဲ့ အဆင့်မြင့် အမှုဆောင်တစ်ဦးပဲ။ လှရုံတင်မကဘူး။ချမ်းလည်း ချမ်းသာတယ်။ သူက အပျိုလို့လည်း ကြားတယ်။”

“ကြည့်မနေနဲ့တော့။ သူက ငါတို့ကို စိတ်ဝင်စားမှာ မဟုတ်ဘူး။ သူတို့ရဲ့ လှောင်ပြုံးတွေကို ကြည့်ရုံနဲ့ သိသာတယ်။ ဒီနည်းပညာသမားတွေက ငါတို့လိုလူတွေကို မြင်ရင် သူတို့ကိုယ်သူတို့ အသာစီးရနေသလို ခံစားနေကြတာ။”

“တိုက်ရိုက်ထုတ်လွှင့်မှု စလိုက်လို့ သူတို့ သေမတတ် လန့်သွားတာကို စောင့်ကြည့်လိုက်စမ်းပါ။”

“ဟီးဟီး... ကျွန်တော်လည်း စောင့်မျှော်နေပါတယ်။”

Ansike ကုမ္ပဏီက တရုတ်လူမျိုးတွေရဲ့ လောဘကို လှောင်ပြောင်နေချိန်မှာ ocean Live stream ၏ဝန်ထမ်းတွေကလည်း ဒီလူတွေ အရှက်ရမယ့်အချိန်ကို စောင့်ကြည့်နေကြပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုဖြင့် တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

အချိန်တွေ ကုန်ဆုံးသွားသည်။ ထုတ်လွှင့်ရန် ၁၀ မိနစ်သာ လိုတော့သည်။

လုပေါင်သည် နေရာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယခုအကြိမ်တွင် သူသည် ကျောပိုးအိတ်တစ်လုံးကိုလည်း ယူဆောင်လာခဲ့သည်။ ကျောပိုးအိတ်၏ အရည်အသွေးမှာ အလွန်ကောင်းမွန်သည်။ သူသည် အောက်ခြေမှ ပစ္စည်းအတော်များများကို သယ်ဆောင်လာရန် စီစဉ်ထားသည်။

“မျက်နှာကို အနည်းငယ် ပြုပြင်မယ်... စူပါ live eye ရေအောက် ထုတ်လွှင့်မှုကို စတင်လိုက်တော့။”

လုပေါင် တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီဖြစ်၏။ကျောက်ဆောင်တစ်ခုပေါ်တွင် ရပ်ရင်း လုပေါင်သည် ထုတ်လွှင့်မှုကို ကြည့်လိုက်သည်။ အခန်းထဲတွင် လူပေါင်း ၄ သိန်း စောင့်နေကြပြီ ဖြစ်သည်။ လုပေါင် ပေါ်လာသည်နှင့် တစ်ခန်းလုံး ဆူညံသွားတော့သည်။

“သူ လာပြီ...။”

“အား... ရေအောက်ရတနာကို ကြည့်ချင်လှပြီ။”

“ရတနာနတ်ဘုရားက ထာဝရ နတ်ဘုရားပါပဲဗျို့။”

“စောသေးတာပဲ ငါ မြန်မြန်လာတာမှီလို့ တော်သေးတာပေါ့။”

“ငွေသိန်းပေါင်းများစွာရေ... ငါ လာပြီဟေ့။ဟာ... ဘယ်သူက ဒီလောက်တောင် ကြမ်းနေတာလဲ ထုတ်လွှင့်တာနဲ့ ချက်ချင်းပင်လယ်ရတနာသိုက်တွေလက်ဆောင်ပေးနေကြပြီပဲ။”

ရတနာသိုက် လက်ဆောင်များ တစ်ခုပြီးတစ်ခု တက်လာသည်။ ရွှေရောင်တောက်နေသော ရတနာမြေပုံကြီးများသည် ထုတ်လွှင့်မှုမျက်နှာပြင်ပေါ်တွင် တဖျပ်ဖျပ် ပေါ်လာသည်။ အခန်းထဲရှိ လူအရေအတွက်မှာလည်း ၁ သန်းကျော်အထိ တဟုန်ထိုး တက်သွားသည်။

“ဒီထုတ်လွှင့်မှုအတွက် ကျွန်တော် မနေ့ညက တစ်ညလုံး လိုက်ရှာပြီး ရေအောက်ရတနာသိုက်တစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ၎င်းရဲ့ တန်ဖိုးကတော့ သန်းပေါင်းများစွာ ရှိနိုင်ပါတယ်။ခဏနေရင် အတူတူ ဖော်ထုတ်ကြရအောင်ပါ။”

“ဒါဟာ ရေအောက်ထုတ်လွှင့်မှု ဖြစ်တဲ့အတွက် ကျွန်တော် တစ်ချိန်လုံး စကားပြောနိုင်မှာ မဟုတ်ပါဘူး။ အားလုံးပဲ ပျော်ပျော်ရွှင်ရွှင် ကြည့်ရှုနိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။ တစ်ခုခု တောင်းဆိုချင်တာ ရှိရင် Chat မှာ ရေးခဲ့ပါ။ကျွန်တော် မြင်နိုင်ပါတယ်။ ကဲ... အချိန်စဖို့ ၅ မိနစ်ပဲ လိုပါတော့တယ်။ခဏလောက် စောင့်ကြရအောင်။”

လုပေါင် အချိန်ကို စစ်ဆေးလိုက်သည်။ သူက ၁၀ နာရီဟု ပြောထားသဖြင့် ၁၀ နာရီအတိတွင် စရမည်။ စောစီးစွာ စတင်လိုက်ပါက လူအများ လွတ်သွားနိုင်သောကြောင့် ဖြစ်သည်။

ထိုအချိန်တွင် ocean ကုမ္ပဏီ၌ အန်နာဘဲလ်နှင့် အခြားသူများမှာ ဤအချိန်အတွင်း တက်လာသော ဒေတာများကို ကြည့်ပြီး တုန်လှုပ်သွားကြသည်။ ၉ နာရီ မိနစ် ၂၀ ဝန်းကျင်မှ စတင်ကာ လူကြည့်နှုန်းမှာ တရိပ်ရိပ် တက်လာခဲ့သည်။ ယခုအခါ အခြား Streamer အားလုံးနီးပါးမှာ လူကြည့်မရှိတော့ဘဲ ယခုမှ စတင်လိုက်သော ဤအခန်း တစ်ခုတည်းတွင်သာ လူများ စုပြုံရောက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် သူတို့ ဆွံအသွားကြသည်။

ဒီအခန်းတစ်ခုတည်းမှာတင် လူပေါင်း ၁ သန်းကျော် စုနေတာပဲ။

“ဒီဒေတာတွေက တကယ်လား အတုတွေလား။”

ဂရေးသည်မယုံနိုင်ဖြစ်နေ၏။ထိုဒေတာမျိုးက တကယ် ဖြစ်နိုင်ပါ့မည်လော။

“တကယ့်အစစ်တွေပါ။”

အန်နာဘဲလ်သည် ထုတ်လွှင့်မှုကို စူးစူးစိုက်စိုက် ကြည့်ရင်း ပြောလိုက်သည် ။

“လူဝင်နှုန်း ပြောင်းလဲပုံကို ကြည့်လိုက်ဦး။ ပျမ်းမျှအားဖြင့် တစ်မိနစ်ကို လူပေါင်း သောင်းနဲ့ချီပြီး ဝင်လာနေတာ။Ovean ရဲ့ ဆာဗာ ပြတ်တောက်ရတဲ့ အကြောင်းရင်းက ဒီ Streamer ကြောင့်ပဲ။”

အခန်းထဲရှိ လူအရေအတွက်မှာ ၁.၂ မီလီယံမှ ၁.၃၃ မီလီယံ ထို့နောက် ၁.၅ မီလီယံ စသည်ဖြင့်ဆက်မပြတ် တက်နေဆဲ ဖြစ်သည်။ ၁၀ နာရီ မထိုးမီလေးတွင် လူအရေအတွက်မှာ ၂.၇ မီလီယံသို့ ရောက်ရှိသွားသည်။ ဤသည်မှာ ဒေတာများမှာအစစ်အမှန်များပင်ဖြစ်၏။

၎င်းသည် robotsတွေ မဟုတ်ပေ။တကယ်ကြည့်နေတဲ့ လူဦးရေ အစစ်အမှန်တွေသာဖြစ်၏။

“ပရိတ်သက်တို့ရေ... ၁၀ နာရီ ထိုးတော့မယ်။ အောက်မှာ ကျွန်တော့်ရဲ့ Ocean app အကောင့် Link ပေးထားပါတယ်။ မနေ့ညကမှ ဖွင့်ထားတာပါ။ အားလုံးပဲ Follow လုပ်ထားပေးကြပါဦး နောက်ပိုင်း ဗီဒီယိုလေးတွေ မကြာခဏ တင်ပေးသွားပါ့မယ်။”

အချိန် ၁ မိနစ်သာ လိုတော့သည်ကို မြင်သောအခါ လုပေါင်သည် သူ၏ Ocean app ကို ချက်ချင်း ကြော်ငြာလိုက်သည်။

လူကြည့်များခြင်းသည် အဓိကပင်ဖြစ်၏။ သူသည် သူ၏ အကောင့်ကို စနစ်တကျ တိုးတတ်စေရန် လိုအပ်သည်။ အနည်းဆုံးတော့ ပရိသတ်များနှင့် ဆက်သွယ်နိုင်မည့် နေရာတစ်ခု ရှိနေရမည်။

အိုးရှန်း ကုမ္ပဏီတွင် လုလင်းဟွာသည် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။ သူသည် ဤကိစ္စကို မေ့နေခဲ့ခြင်း ဖြစ်သည်။ လုပေါင်က ဤအရေးကြီးသော အချိန်တွင် ကြည့်ရှူသူများကိုအာရုံ လွှဲပြောင်းပေးရန် သတိရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

တစ်ချက်ခေါ်ရုံဖြင့် သောင်းချီတုံ့ပြန်ခြင်းဖြစ်၏။

သို့သော် ဘေးထွက်ဆိုးကျိုးများ ပေါ်လာတော့သည်။Ocean App သည် ဤမျှများပြားလှသော လူအုပ်ကြီးကို မခံနိုင်တော့ပေ။ တစ်မိနစ်အတွင်း လူပေါင်း သိန်းချီ ဝင်ရောက်လာခြင်းမှာ မည်သည်ကိုဆိုလိုသနည်း။App မှာ ချက်ချင်းပင် ပျက်ကျ သွားတော့သည်။

“ဟို... သူဌေး ကျွန်တော်တို့ရဲ့ Ocean app က ဒီလောက်များတဲ့ လူတွေကို မခံနိုင်လို့ ပျက်ကျသွားပါပြီ။”

App တာဝန်ခံမှာ ငိုချတော့မလို မျက်နှာဖြင့် ပြေးလာသည်။ တစ်မိနစ်အတွင်း လူပေါင်း သိန်းချီ ဝင်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။သိန်းနှင့်ချီသော လူများက တစ်ပြိုင်တည်း Download လုပ်ပြီး ဝင်လာခြင်းမှာ မည်မျှ ကြီးမားသော ပမာဏနည်း။

သူတို့ အအောင်မြင်ဆုံး အချိန်မှာတောင် ဤမျှကြည့်ရှုနှုန်းကိုမရခဲ့ဖူးပေ။လုလင်းဟွာက အန်နာဘဲလ်ကို လှမ်းကြည့်လိုက်သည်။

“ကျွန်မတို့ဆီကရောလား။”

အန်နာဘဲလ်ကပီပြင်သော တရုတ်စကားဖြင့် မေးလိုက်သည်။

“ဟုတ်ကဲ့။”

“ဒါဆို ကျွန်မတို့အဖွဲ့ကိုပဲ လွှဲပေးလိုက်ပါ။”

မျက်မြင်ကိုယ်တွေ့ ကြုံရမှ ယုံကြည်တတ်ကြစမြဲ။ အန်နာဘဲလ်သည်လည်း ပြတ်သားသူ ဖြစ်သည်။

“တောက်... ဘာတွေ ဖြစ်ကုန်တာလဲ။ထုတ်လွှင့်မှု အခန်းတစ်ခုတည်းမှာတင် လူ ၃ သန်း ရှိနေတာလား။”

အောဒရစ်ချ်ကလုပေါင်၏ အခန်းကို မယုံနိုင်သော မျက်နှာဖြင့် ကြည့်နေမိသည်။

“ဒါကဘာကြီးလဲ။မင်းတို့တွေ ဘာတွေ ကိုကြည့်နေကြတာလဲ။လူတစ်ယောက် ငြိမ်ငြိမ်လေး ရပ်နေတာကိုပဲ ကြည့်နေကြတာလား။တရုတ်လူမျိုးတွေရဲ့ အကြိုက်က ဘာလဲဟ။”

All Chapters