← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅) - ပင်လယ်အောက်ခြေမှ ရတနာသိုက်။

ရွှေတုံးများ မြပြာကျောက်ရိုင်းများ ငွေတုံးများနှင့် မပျက်စီးသေးသော ရှေးဟောင်းစာအုပ်များကြောင့်အန်နာဘဲလ် တစ်ယောက် လက်ခုပ်မတီးဘဲ မနေနိုင်တော့ပေ။ ဤကဲ့သို့သော တိုက်ရိုက်ထုတ်လွှင့်မှုမျိုးသည် သူတို့၏ စိတ်ကူးထက်ပင် ကျော်လွန်နေပြီဖြစ်သည်။ လုပေါင်၏ ထုတ်လွှင့်မှုကို တစ်ခါမှ မမြင်ဖူးခဲ့သော အောဒရစ်ချ် နှင့် သူ၏အဖွဲ့မှာမူ အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေကြပြီဖြစ်၏။

တရုတ်လူမျိုးများ၏ တိုက်ရိုက်ထုတ်လွှင့်မှုများသည် အမှန်တကယ် ကြောက်စရာကောင်းနေ၍ စိတ်လှုပ်ရှားဖို့ ကောင်းလွန်နေခဲ့သည်။

ဒီလောက်ကြီးမားသည့်ပင်လယ်နက်ပိုင်း မြွေဟောက်ကြီးမျိုးသည် တစ်ခါမှ မကြားဖူးသောအရာပင်ဖြစ်သည်။သို့သော် ယခုအချိန်တွင် အဲဒီအကောင်ကြီးသည် သူ့၏ဘေးမှာတင် လှည့်လည်သွားလာနေသည်။

“ဆာဗာ က နည်းနည်း လေးလာပြီ အွန်လိုင်းအသုံးပြုသူ အရေအတွက်က ၄ သန်း ရောက်သွားပြီ။”

လုလင်းဟွာကရုတ်တရက် ပြောလိုက်သဖြင့် လူတိုင်း သတိပြန်ဝင်လာကြသည်။ .

“ဘုရားရေ.. ဒီအတိုင်းသာ ဆက်သွားရင် ဆာဗာက ပျက်ကျသွားတော့မှာလား။မဟုတ်ဘူး အတိအကျ ပြောရရင် ဒီနှုန်းအတိုင်းဆိုရင်တော့ ကျိန်းသေပေါက် ပျက်ကျတော့မှာပဲ။”

“ဒါတွေအားလုံးက အကောင့်အစစ်တွေချည်းပဲ။”

Ansike ကုမ္ပဏီမှ နည်းပညာရှင် တစ်ဦးကလည်း အော်ဟစ်လိုက်ပြန်သည်။သူတို့ အရင်က ထားခဲ့သော မာနထောင်လွှားသည့် အမူအရာများ ပျောက်ကွယ်သွားပြီး သရဲမြင်လိုက်ရသည့်အလား တုန်လှုပ်ချောက်ချားနေသော မျက်နှာများက အစားထိုးဝင်ရောက်လာသည်။

ယင်းနှင့် ဆန့်ကျင်ဘက်အနေဖြင့် Ocean live stream၏ ဝန်ထမ်းများမှာမူ ပြုံးစိစိဖြင့် တစ်ယောက်နှင့်တစ်ယောက် တိုးတိုးတိတ်တိတ် ပြောနေကြသည်။”

“ကြည့်စမ်း... သူတို့တွေကြောင်တောင်တောင်ဖြစ်ကုန်ပြီ။”

“ရှူး... စကားမပြောနဲ့။ တိတ်တိတ်လးပဲ ကြည့်နေစမ်းပါ။”

“အဟမ်း... ဗီဒီယိုပဲ ကြည့် ဗီဒီယိုပဲ ကြည့်။”

အန်နာဘဲလ်သည်လည်း ထိုလှောင်ပြောင်သံအချို့ကို ကြားလိုက်ရသော်လည်း သူမ ဂရုမစိုက်နိုင်တော့ပေ။ သူမသည် ချက်ချင်းပင် သူမ၏အဖွဲ့ကို အလုပ်စခိုင်းတော့သည်။သို့သော်လည်း ဆာဗာ ပေါက်ကွဲမည့်အချိန်ကို ခေတ္တမျှသာ ဆွဲဆန့်ထားနိုင်မည်ကို သူမ သိနေသည်။

အသုံးပြုသူတွေသည် ရေစီးကြောင်းလို အဆက်မပြတ် တိုးဝင်လာနေတုန်းဖြစ်၏။

“Live အခန်းတစ်ခုတည်းအပေါ်ကို သက်ရောက်နေတဲ့ ဝန်အားက အရမ်းများနေတယ်။ အရင်ဆုံး ထုတ်လွှင့်မှု မပြတ်တောက်အောင် လုပ်ထားပါ။ သူ live လွှင့်ပြီးတာနဲ့ကျွန်မတို့ ဆာဗာ တွေကို အဆင့်မြှင့်ပေးပါ့မယ်။ အခု ကျွန်မတို့ပဲ တာဝန်ယူလိုက်ပါ့မယ်။”

အန်နာဘဲလ်သည် ယခုအခါ အလွန်လေးနက်သွားပြီး သူမနှင့်အတူ ပါလာသော နည်းပညာရှင်များအားလုံးသည်လည်း အလုပ်ထဲသို့ စိတ်ရောကိုယ်ပါ နှစ်မြှုပ်လိုက်ကြသည်။

“ကောင်းပါပြီ။”

လုလင်းဟွာသည် သူတို့ကို ချက်ချင်း လွှဲပြောင်းပေးလိုက်သည်။ သူသည်လည်း ဆာဗာ မပေါက်ကွဲသွားရန် မျှော်လင့်နေသည်။လုပေါင်၏ စွမ်းဆောင်ရည်က တကယ်ကို ခမ်းနားလွန်းနေသည် မဟုတ်ပါလား။

တစ်ချိန်လုံး စကားတစ်လုံးမှ မပြောသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု၏ အကြောင်းအရာက လူတိုင်းကို တုန်လှုပ်စေခဲ့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွင် အနည်းငယ် လိုင်းထစ်ခြင်း များ ပေါ်လာသဖြင့် အသုံးပြုသူအချို့က ညည်းညူလာကြသည်။ ထုတ်လွှင့်မှုတစ်ခု ရုပ်ရှင်တစ်ခု ကြည့်နေစဉ်တွင် အနှောင့်အယှက် အဖြစ်ဆုံးအရာမှာ လိုင်းထစ်ခြင်းပင် ဖြစ်သည်။ သို့သော် လောလောဆယ်တွင် အနည်းငယ်မျှသာ ဖြစ်သဖြင့် အဆင်ပြေနေပါသေးသည်။

သို့သော်လည်း အခန်းထဲသို့ ဝင်လာသူ အရေအတွက်မှာ ဆက်လက် မြင့်တက်နေဦးမည်ဖြစ်ရာ ပို၍သာ ထစ်လာပေလိမ့်မည်။

“ပင်မအခန်းကို ပိတ် လိုက်ပြီး ခွဲထွက်အခန်းတွေကို ဖွင့်လိုက်ပါ။ အသစ်ဝင်လာတဲ့သူတွေကို ခွဲထွက်အခန်းတွေထဲ လွှဲပေးလိုက်။”

အောဒရစ်ချ်သည်လည်းအလုပ်ထဲ ဝင်ပါလာသည်။ သူတို့ အလုပ်လုပ်ချိန်တွင် အလွန်ပင် အာရုံစိုက်ထားကြသည်။

လုလင်းဟွာသည် နည်းပညာဌာနမှူးကို ချက်ချင်း အချက်ပြကာ ၎င်းကို လေ့လာခိုင်းလိုက်သည်။ဤကဲ့သို့သော နည်းလမ်းမျိုးကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

“လက်ဆောင်ပေးတဲ့ Effect တွေအားလုံးကို ပိတ်လိုက်ပြီး Clean Mode ပြောင်းလိုက်ပါ။ Fan Level ၁၀ အောက်က User တွေကို စာရိုက်ခွင့် ပိတ် လိုက်ပါ။ Level ၁၀ နှင့် အထက် User တွေကတော့ တစ်မိနစ်မှာ စာတစ်စောင်ပဲ ပို့လို့ရမယ်။”

အန်နာဘဲလ်တို့ဘက်မှလည်း ဆာဗာ ၏ ဖိအားကို လျှော့ချရန် ဂရုတစိုက် လုပ်ဆောင်နေကြသည်။

“အခမဲ့လက်ဆောင်တွေကို Display မပြတော့နဲ့။”

“Member ဝင်တွေ ဝင်လာတဲ့ Effect တွေနဲ့ ကြေညာချက်တွေ အားလုံးကို ရပ်လိုက်။”

အန်နာဘဲလ်နှင့် အောဒရစ်ချ်တို့ တာဝန်ယူလိုက်ပြီးနောက် ထစ်ငေါ့နေသော ဆာဗာ မှာ ပြန်လည် တည်ငြိမ်လာသည်။ ထို့အပြင် ခွဲထွက်အခန်းများ ဖွင့်လှစ်လိုက်သဖြင့် အသုံးပြုသူသစ်များသည် အခြားအခန်းများထဲသို့ စီးဝင်သွားကြသည်။

လုပေါင်၏ ပင်မအခန်းတွင်မူ လူဦးရေကို ကန့်သတ်လိုက်ပြီဖြစ်ရာ လူများ ထွက်သွား၍ ရသော်လည်း အသစ်ဝင်၍ မရတော့ပေ။

“အန်နာ... ဒါက ရေရှည်မှာ မဖြစ်နိုင်ဘူး။ အွန်လိုင်းမှာ ရှိနေတဲ့သူ ၇ သန်း ကျော်သွားတာနဲ့ ဆာဗာ က တောင့်မခံနိုင်တော့ဘဲ ပေါက်ကွဲသွားဦးမှာပဲ။”

ဂရေးက အသက်တစ်ချက်ရှူပြီး သတိပေးလိုက်သည်။

“သူ့ရဲ့ ထုတ်လွှင့်မှု မပြတ်တောက်အောင် အရင်လုပ်ထားပါ။ အခု တက်နေတဲ့နှုန်းအရဆိုရင်တော့ နောက်ထပ် မိနစ် ၂၀ လောက် ထိန်းထားနိုင်သေးတယ်။”

အန်နာဘဲလ်သည် လုပေါင် အသက်ရှုရန် အပေါ်သို့ ပြန်မတက်လာတော့ဘူးလားဟု တွေးမိသည်။

“သူ အောက်မှာ နေတာ တော်တော်ကြာနေပြီ၊ ဒီလူက ငါးမန်းဝင်စားတာများလား။”

“တကယ်ကို အထင်ကြီးဖို့ ကောင်းတဲ့နည်းပညာပဲ။”

လုလင်းဟွာသည်တည်ငြိမ်သွားသော ဆာဗာ ကို ကြည့်ပြီး ချီးကျူးလိုက်မသည်။

“ခွဲထွက်အခန်းတွေ ဖွင့်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ တကယ် မစဉ်းစားမိခဲ့ဘူး။ ဘယ်သူ့အခန်းမှ လူ ၅ သိန်း မကျော်ဖူးဘူးလေ။အခုက ၅ သန်းတောင် ဖြစ်နေတာကိုး။”

ကြီးကြပ်ရေးမှူးကလည်း သူတို့၏ တုံ့ပြန်မှုကို အသိအမှတ်ပြုသည်။ ခွဲထွက်အခန်းများ လက်ဆောင် Effect များ ပိတ်ခြင်း Clean Mode Level အလိုက် စကားပြောကန့်သတ်ခြင်း ဝင်လာသည့် Effect များနှင့် ကြေညာချက်များ ပိတ်ခြင်း ဤအရာများက ဆာဗာ ၏ ဝန်ကို အမှန်တကယ် လျှော့ချပေးခဲ့သည်။

အထူးသဖြင့် Chat box သည် ချက်ချင်းပင် ပုံမှန်ဖတ်၍ ရသည့် အခြေအနေသို့ ရောက်သွားပြီး ကွန်ပျူတာ Code များ ပြေးနေသကဲ့သို့ မဖြစ်တော့ပေ။

သူတို့အတွက် အဆင်ပြေသွားသော်လည်း ပရိသတ်များမှာမူ မပျော်ကြပေ။

သူတို့ စကားပြော၍ မရတော့သည်ကို တွေ့လိုက်ရပြီး စကားပြောနိုင်သူများမှာလည်း Level ၁၀ နှင့် အထက်များသာ ဖြစ်သည်။ ဤသည်မှာ စကားပြောဆိုမှုအပေါ် ကန့်သတ်ချက်ဖြစ်ကြောင်း လူတိုင်း နားလည်ကြသည်။

ပင်မအခန်းက အဆင်ပြေသော်လည်း ခွဲထွက်အခန်းထဲမှ ပိုက်ဆံပိုသုံးထားသူများမှာမူ မကျေနပ်ကြပေ။

“ဒါက ဘာသဘောလဲ။ငါတို့က ပိုက်ဆံသုံးထားတာတောင် ပင်မအခန်းမှာ မကြည့်ရဘူးလား။ဘာလို့ အတုအခန်း ထဲ ထည့်ထားတာလဲ။”

“ဘာလို့ လူ ၅ သိန်းပဲ ရှိတာလဲ။လူအများကြီးရှိတဲ့ အခန်းထဲ ငါ ဘာလို့ ဝင်လို့မရတာလဲ။”

“တောက်... ပိုက်ဆံကုန်ခံပြီး အတုကြည့်နေရတာလား ပြီးတော့ တစ်မိနစ်မှာ စာတစ်စောင်ပဲ ပို့ရမယ်ဆိုတာကရော ဘာကြီးလဲ။”

“Ocean live stream ကတကယ်ပဲ ဒီလောက် မာနကြီးနေတာလား။”

“ရှေ့နေကိုစာပို့ပြီး သတိပေးလိုက်မယ်။”

“ဒါကလည်း ကောင်းပါတယ် ချက်ချင်း ငြိမ်သွားတာပဲ။ အခုမှပဲ အေးအေးဆေးဆေး ကြည့်ရတော့မယ်။”

၅ သိန်း... ၆ သိန်း... ၇ သိန်း... ၈ သိန်း... ယခုအခါ အန်နာဘဲလ်တို့အဖွဲ့မှာ ဤအခန်း၏ အသုံးပြုသူတိုးပွားလာမှုကို စိုက်ကြည့်နေကြသည်။ ၎င်းသည် ၂ သန်း ကျော်သွားပါက သူတို့တွင်လည်း နည်းလမ်းမရှိတော့ပေ။

သို့သော် လုပေါင်၏ ထုတ်လွှင့်မှုမှာ အလွန်ပင် ရေပန်းစားနေသည်။လူကြီးရော ကလေးပါ ကြည့်ချင်ကြသည်။အထူးသဖြင့် သူ့နောက်မှ လိုက်နေသည့် ပင်လယ်မြွေဟောက်ကြီးကြောင့်ပင်ဖြစ်သည်။

လုပေါင်သည် ocean ကုမ္ပဏီ၏ လုပ်ဆောင်ချက်များကို မသိပေ။ သူသည် ပတ်ဝန်းကျင်ကို ရှာဖွေကြည့်ပြီးနောက် ပိုမိုကောင်းမွန်သည့် ပစ္စည်းများကို ထပ်မတွေ့တော့သဖြင့် သူ ရှာဖွေထားသည်များနှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။

ပင်လယ်မြွေဟောက်ကြီးက သူ့နောက်မှ ထပ်ကျပ်မခွါ လိုက်ပါလာသည်။

ယခုအခါ သင်္ဘောပျက်ကြီးကို ကမ္ဘာက သိစေရမည့်အချိန်ကို ရောက်ပြီဖြစ်၏။လုပေါင်သည် အရှိန်လျှော့ကာ မြပြာကျောက်ရိုင်းတုံးများကို တစ်ခုချင်း ကျော်ဖြတ်သွားပြီး ပင်လယ်ရေအောက်ရှိ ရတနာသိုက်ကြီးမှာ မည်သို့ရှိသည်ကို ပရိသတ်များအား ပြသလိုက်သည်။

ပင်လယ်ကြီး၏ ကျယ်ပြောမှုနှင့် လျှို့ဝှက်ချက်များကို လူတိုင်းက ပိုမိုနားလည်လာကြပြီး အံ့သြသံများမှာလည်း အဆက်မပြတ် ထွက်ပေါ်နေသည်။

ထောင့်ချိုးတစ်ခုသို့ ရောက်သောအခါ လုပေါင် ကွေ့လိုက်သည်။ စူပါ Live eye ၏ မြင်ကွင်းတွင်ကောင်းကင်ထက်ကြယ်များကဲ့သို့တဖျတ်ဖျက်တောက်ပနေသော မြပြာကျောက်မြေပြင်ကြီးကို မြင်လိုက်ရချိန်တွင် လူတိုင်း ခြေကုန်လက်ပန်းကျ သွားကြသည်။

သူတို့ကို ပို၍ပင် တုန်လှုပ်စေသည့်အရာမှာ ထိုနားရှိရှေးဟောင်း သင်္ဘောပျက်ကြီးပင် ဖြစ်သည်။

“ဘုရား...ဘုရား”

“ရှေးဟောင်း သင်္ဘောပျက်ကြီးပဲ။”

“ချင်မင်းဆက်က သင်္ဘောပျက်နဲ့ တူတယ်။”

“အို... ဘုရားရေ။”

လူတိုင်းထိုအရာမှ မရုန်းထွက်နိုင်သေးမီမှာပင် သူတို့အားလုံး live အခန်းထဲမှ ကန်ထုတ်ခံလိုက်ရသည်။သူတို့ Ocean live stream ထဲသို့ အမြန်ပြန်ဝင်ရန် ကြိုးစားချိန်တွင် စာမျက်နှာတစ်ခုလုံး ပျက်ကျသွားသည်ကို တွေ့လိုက်ရသည်။

Ocean ကုမ္ပဏီတွင် လုလင်းဟွာသည် လက်နှစ်ဖက်ဖြင့်ဆံပင်ကိုထိုးဖွရင် အလွန်နှမြောတသဖြစ်နေသည်။

“အရေးကြီးဆုံးအချိန်ကျမှ တကယ်ကြီး ပျက်ကျသွားရတာလားကွာ။”

“၆.၈၈ မီလီယံ။”

နည်းပညာရှင်တစ်ဦးက ကိန်းဂဏန်းတစ်ခုကို တင်ပြလိုက်သည်။

အန်နာဘဲလ်နှင့် သူမ၏အဖွဲ့မှာလည်း အလွန်အရှက်ရသွားကြပြီး သူတို့၏ မျက်နှာများမှာ အထုခံထားရသကဲ့သို့ ဖောင်းကားနေသည်ဟု ခံစားနေရသည်။ မနေ့က ရောက်ခါစတွင် သူတို့ပြောခဲ့သော မာနကြီးလှသည့် စကားများကို ပြန်သတိရမိသော်လည်း ယခုမူ ဆာဗာသည် ပျက်ကျသွားခဲ့ပြီ မဟုတ်ပါလား။

“မြန်မြန်... ကြေညာချက်တစ်ခု တင်လိုက်။”

ယခုအချိန်သည် သူတို့ကို ပြဿနာရှာရမည့်အချိန် မဟုတ်သေးကြောင်း လုလင်းဟွာ သိသည်။အနည်းဆုံးတော့ အခုမဟုတ်သေးပေ။အကယ်၍ သူ့ကို Upgrade မလုပ်ပေးဘူးဆိုရင် သူ့ရဲ့ ပလက်ဖောင်းက နောက်ပိုင်းတွင် နေ့တိုင်း ပေါက်ကွဲနေတော့မှာ မဟုတ်ပါလား။

ပင်လယ်ရေအောက် အနက်ပိုင်းတွင်မူ လုပေါင်သည် ပြတ်တောက်သွားသော ထုတ်လွှင့်မှု မျက်နှာပြင်ကို ကြောင်ကြည့်နေပြီးနောက် သင်္ဘောပျက်ကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။

“တောက်... အရေးကြီးတဲ့ အချိန်ကျမှ ဘာဖြစ်သွားတာလဲကွ။”

အခန်း (၃၆) - ပင်လယ်မြွေဟောက်ကြီးကို နှုတ်ဆက်ခြင်းနှင့် နန်းတွင်းဟင်းချက်နည်းမှတ်တမ်း။

ယနေ့တွင် ocean Live stream သည် လူမှုကွန်ရက်၏ ရေပန်းစားရှာဖွေမှု ဇယားတွင် အဆဲခံနေရသည်။ ဤမျှကောင်းမွန်သော ထုတ်လွှင့်မှုမျိုးကိုမှ ကိုယ်ပိုင် ဆာဗာ ပျက်ကျမှုကြောင့် အဆုံးမသတ်နိုင်ခဲ့သဖြင့် အသုံးပြုသူများမှာ ရယ်ရခက်စိတ်တိုခက် ဖြစ်နေကြရသည်။

ကြွယ်ဝလှသော မြစိမ်းကျောက်သတ္တုတွင်းကြောက်မက်ဖွယ် ပင်လယ်နက်ပိုင်း မြွေဟောက်ကြီး ငွေတုံးများ တဖျတ်ဖျတ်တောက်နေသော ရွှေတုံးများနှင့် ရှေးဟောင်းသင်္ဘောပျက်ကြီးပင်ဖြစ်သည်။

ရှေးဟောင်းသင်္ဘောပျက်ကြီးကို စတင်ဖော်ထုတ်ပြသခါနီးအချိန်မှာပင် ocean Live stream၏ ဆာဗာများ ပျက်ကျသွားခဲ့သည်။ လုပေါင်သည် ကျောက်ဆောင်တစ်ခုပေါ်တွင် စိတ်ဓာတ်ကျစွာ ထိုင်နေပြီး သူ၏ဘေးရှိတွင်မူ ဧရာမ သတ္တဝါကြီးတစ်ကောင်မှာ ဟိုဟိုဒီဒီ ကူးခတ်နေသည်။၎င်းမှာ အခြားမဟုတ် ပင်လယ်မြွေဟောက်ကြီးပင် ဖြစ်သည်။

“ငါ ပြန်တော့မယ်။”

ဤနေရာတွင် အင်တာနက်လိုင်းမှာ အလွန်အားနည်းနေသည်။ လုပေါင်သည် ထုတ်လွှင့်မှုကို ပြန်စရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်သဖြင့် ဆာဗာ ပျက်ကျသွားပြီဖြစ်ကြောင်း သူ နားလည်လိုက်သည်။

“ဟစ်စ်...”

မြွေဟောက်ကြီး၏ ခေါင်းကြီးမှာ ရေပေါ်သို့ ပြူထွက်လာသည်။

“ပင်လယ်အောက်ခြေကိုပဲ ပြန်သွားတော့။စိတ်ထင်တိုင်း အပြင်ကို ထွက်မလာနဲ့ဦး။ လူတွေက အရမ်းကြောက်ဖို့ကောင်းတယ်။”

လုပေါင်က၎င်း၏ခေါင်းကို ပုတ်ပေးလိုက်သည်။ သူသည် လူတွေကို ရန်မမူဖို့ မှာကြားခြင်းထက် မြွေကြီးကိုသာ နောင်တွင် သတိထားနေထိုင်ရန် မှာကြားလိုက်ခြင်းဖြစ်သည်။

သိပ္ပံပညာရှင်များသာ ဤကဲ့သို့ ဒိုင်နိုဆောခေတ်ကတည်းက ကျန်ရစ်ခဲ့သည့် သတ္တဝါမျိုးကို တွေ့ရှိပါကစမ်းသပ်ရန် အသည်းအသန် ကြိုးစားကြပေလိမ့်မည်။

နေရောင်အောက်တွင် မြွေဟောက်ကြီးမှာ အလွန်လှပနေပြီး ခန္ဓာကိုယ်မှာလည်း အရောင်တလက်လက် တောက်နေသည်။ ၎င်းသည် ထွက်ခွာသွားသော လုပေါင်ကို လွမ်းဆွတ်တသစွာ ကြည့်နေပြီးမှ ရေအောက်သို့ ပြန်လည် ငုပ်လျှိုးသွားတော့သည်။

လုပေါင်သည် ရွှေ ငွေ မြပြာကျောက်များနှင့် အဖိုးတန်နန်းတွင်း ဟင်းချက်နည်း မှတ်တမ်း တို့ကို သယ်ဆောင်ကာ အိမ်သို့ တိတ်တဆိတ် ပြန်လာခဲ့သည်။

“ဂူး...”

နှင်းလုံးလေးက အနားသို့ရောက်ရှိလာပြီး လုပေါင် သယ်လာသည့် ရတနာများကို ခေါင်းလေးစောင်းကာ စပ်စုကြည့်နေသည်။

“ဒါက ရှေးခေတ် နန်းတွင်းစားဖိုမှူးတစ်ယောက်ရဲ့ ဟင်းချက်နည်းတွေ ဖြစ်ရမယ်။”

လုပေါင်သည်သားရည်စကို ပြန်ဖွင့်ကာ စာအုပ်ကို ဂရုတစိုက် ထုတ်ယူလိုက်သည်။

နှစ်ပေါင်း နှစ်ရာကျော်ကြာ မှောင်မည်းနေသောနေရာတွင် ရှိနေခဲ့သော်လည်း အလင်းရောင်နှင့် ပြန်တွေ့ချိန်တွင် ပြဲနေခြင်းအရောင်ပြောင်းလဲခြင်း လက္ခဏာများ မတွေ့ရပေ။

“ဒါက လူရေခွံများလား။”

သားရေ၏ ထူးခြားသော အထိအတွေ့ကို လုပေါင် ခံစားလိုက်ရသည်။ သူ ဖြည်းဖြည်းချင်း လှန်ကြည့်လိုက်ရာ လက်ရေးစာလုံးများနှင့် သရုပ်ဖော်ပုံများ ပေါ်လာသည်။တရုတ်စာလုံးများပင်ဖြစ်သည်။

“ဆေးဖက်ဝင် အပင်တစ်ရာ ဘဲပေါင်း။”

ပါဝင်ပစ္စည်းများ - အန်ဂျယ်လီကာ ကိုဒိုနော့ပ်စစ် အာစတြာဂါလပ်စ်။

ပြင်ဆင်ပုံ - အရွယ်ရောက်ပြီးသော ဘဲတစ်ကောင်ကို ရွေးချယ်၍ အစာအိမ်အား သန့်စင်ပြီးနောက် ဆေးဖက်ဝင်အပင်များကို သုံးရက်ကြာ ကျွေးမွေးရမည်...။

ရလဒ် - အရောင်အဆင်းလှပခြင်းထူးခြားသော အရသာရှိပြီး အဆီမများခြင်း အာဟာရနှင့် ဆေးဖက်ဝင်တန်ဖိုး မြင့်မားခြင်း...။

“ကြွယ်ဝချမ်းသာသော ဝက်ခြေထောက်နီ။”

“ဝန်ရှန်း မွှေးရနံ့ ပဲဆန်ပြုတ်။”

“ရွှေရောင် ဆေးဖက်ဝင် အပင်တစ်ရာ ကြက်ပေါင်း။”

“နန်းတွင်း ပျားရည် ဆီးသီး ကျန်းမာရေးစွပ်ပြုတ်။”

လုပေါင် မျက်စိလည်သွားသည်။ သရုပ်ဖော်ပုံများနှင့် စာသားများမှာ အလွန်ပင် ရှင်းလင်းလှသည်။ ဤမှတ်တမ်းတွင် ဟင်းပွဲပေါင်း အတိအကျ ၁၀၀ ပါဝင်ပြီး အစပိုင်းတွင် တစ်ပွဲချင်းစီ ဟင်းလျာများဖြစ်ကာ နောက်ဆုံး ၁၀ ပွဲကျော်မှာမူ ခမ်းနားသော နန်းတွင်းစားဟင်းပွဲကြီးများ ဖြစ်သည်။

ပြင်ဆင်ပုံများမှာ အလွန်ပင် စေ့စပ်သေချာပြီး အချိန် လူအင်အားနှင့် ကုန်ကြမ်းများစွာ လိုအပ်သည်။ရှေးခေတ် နန်းတွင်းသူ နန်းတွင်းသားများမှာ တကယ်ကို စားတတ်သောက်တတ်ခဲ့ကြသည်။

တရုတ်လူမျိုးတို့၏ ဟင်းချက်အမွေအနှစ်အတော်များများမှာ လက်ဆင့်ကမ်းနိုင်ခြင်း မရှိခဲ့သည်မှာ ဤကဲ့သို့သော တောင်းဆိုချက် မြင့်မားလွန်းသည့် ဟင်းပွဲများကြောင့် ဖြစ်ပေလိမ့်မည်။

“ဒါတွေက တကယ့် နန်းတွင်းစားဖိုမှူးရဲ့ လျှို့ဝှက်ချက်တွေပဲ။”

“နှင်းလုံးလေးရေ... ငါတို့တော့ ဟိုတယ်တစ်ခု ဖွင့်လို့ရပြီဟေ့။”

လုပေါင် အံ့သြတကြီး ရေရွတ်မိသည်။ အကယ်၍ ဤဟင်းပွဲများက တကယ်သာ အရသာရှိမည်ဆိုပါက သူ၏ ဝိုင်ချက်စက်ရုံ ရှိရာ ရွှေရောင်ကမ်းခြေကို အပန်းဖြေစခန်းတစ်ခုအဖြစ် ပြောင်းလဲနိုင်မည် မဟုတ်လား။

“ဒါတွေအားလုံးက ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ ဟင်းချက်နည်းတွေပဲ။”

“ဂူး... ဟိုတယ်ဖွင့်မယ်။”

နှင်းလုံးလေးကတော့ ဘာကိုဆိုလိုမှန်း မသိသော်လည်း လုပေါင်ပြောသမျှကိုသာ လိုက်အော်နေတော့သည်။

“အရင်ဆုံး အရသာရှိမရှိ စမ်းကြည့်ရမယ်။”

လုပေါင် စာအုပ်ကို လှန်ကြည့်လိုက်ရာ လွယ်ကူသော ဟင်းပွဲအချို့ကို တွေ့ရသည်။ သူသည် ပြင်ဆင်ရ အတော်လေး ရိုးရှင်းသောရွှေရောင် ဆေးဖက်ဝင် အပင်တစ်ရာ ကြက်ပေါင်းကို ရွေးချယ်လိုက်သည်။

သို့သော် ပြင်ဆင်စရာ ပစ္စည်းအချို့တော့ လိုသေးသည်။

“နယ်ဘက်ကို ပြန်ပြီး လုပ်ကြည့်ရမယ်။”

ဤဟင်းပွဲအတွက် ရွှံ့ဝါဖြင့် ပြုလုပ်သော မီးဖိုတစ်ခု လိုအပ်သည့်အပြင် ကြက်သားအရည်အသွေးကိုလည်း အထူးဂရုစိုက်ရသည်။ ထင်းမီးဖြင့် ဖုတ်ရမည် ဖြစ်သဖြင့် မြို့ပေါ်ရှိ ဗီလာတွင် လုပ်ရန် မဖြစ်နိုင်ပေ။

လုပေါင်သည် ကျေးလက်ရှိ သူ၏ အိမ်ဟောင်းသို့ ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာတွင် ကြက် ဘဲနှင့် ဟင်းသီးဟင်းရွက်များစွာ ရှိသဖြင့် သူ စိတ်ကြိုက် စမ်းသပ်နိုင်ပေလိမ့်မည်။

သူသည် လုလင်းဟွာကို ဖုန်းဆက်လိုက်သည်။ မနက်ဖြန် ညနေမှသာ ဆာဗာ ပြန်ကောင်းမည်ဖြစ်သဖြင့် လုပေါင်သည် သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို နောက်ရက် သို့ ရွှေ့ဆိုင်းလိုက်သည်။

“ဒါပေါင်... ဒါပေါင်။”

လုပေါင် ပြတင်းပေါက်မှ ခေါင်းပြူကာ အောက်ထပ်တွင် ဘောလုံးကစားနေသော တဒါပေါင်ကို လှမ်းခေါ်လိုက်သည်။

ဤ Border Collie ခွေး၏ ခွန်အားမှာ အလွန်ပင် ပြည့်လျှံနေသည်။ ကံကောင်းထောက်မစွာဖြင့် ဗီလာ၏ ခြံဝင်းမှာ ကျယ်ဝန်းသဖြင့်သာ ခွေးက အိမ်ကို ဖျက်ဆီးမပစ်ခြင်း ဖြစ်သည်။

“ဝု ဝု”

တာပေါင်က လုပေါင်ကို ခေါင်းလေးစောင်းကြည့်ကာ အမြီးကို အဆက်မပြတ် ခါယမ်းပြနေသည်။

“သွားရအောင်... အိမ်ဟောင်းကို ပြန်ပြီး သိုးကျောင်းရအောင်။”

လုပေါင်ကလက်ဝေ့ယမ်းပြလိုက်သည်။ ဤခွေး အနှစ်သက်ဆုံးအရာမှာ ကျေးလက်တွင် နေထိုင်ခြင်းဖြစ်၏။

ဒါပေါင်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး ပျောက်ကွယ်သွားတော့သည်။

ခဏအကြာတွင် လုပေါင်၏ အခန်းတံခါးကို ဒါပေါင်က ၎င်း၏ အစာခွက်ကို ပါးစပ်ဖြင့် ကိုက်ကာ ဝုန်းခနဲ တွန်းဖွင့်ဝင်လာသည်။

“ဝုတ် ဝုတ်”

“ဂူး...”

နှင်းလုံးလေးသည် လုပေါင်နှင့် စိတ်လှုပ်ရှားနေသော ဒါပေါင်ကို ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်နေသည်။

လုပေါင်ထံမှ အိမ်ဟောင်းသို့ ပြန်မည်ဟူသော ဖုန်းကို လက်ခံရရှိပြီးနောက် လုပိုင်ဟောက်က သူနှင့်အတူ မျက်နှာဝိုင်းလေး ကိုပါ ခေါ်သွားရန် ပြောလိုက်သည်။ သူတို့သည် မြေကွက်အမှတ် (၂) ကို ဝယ်ယူရန် လုပ်ထုံးလုပ်နည်းများစွာ ရှိသဖြင့် အိမ်သို့ နောက်ကျမှ ပြန်ရောက်မည်ဖြစ်သည်။

ချင်းကျန်းမြို့တွင် လူအများအပြားမှာ လုပိုင်ဟောက်ကို စောင့်ကြည့်နေကြသည်။ အချို့က ချီးကျူးကြပြီး အချို့ကမူ လှောင်ပြောင်နေကြသည်။ စုန့်ခွန်လင်း ၏ ဇနီးမှာမူ သူမ၏ ပိုင်ဆိုင်မှုများ ဆုံးရှုံးရတော့မည်ကို မကျေမနပ် ဖြစ်နေသည်။

“ပိုက်ဆံ ဆုံးရှုံးတာက သေတာထက် ပိုကောင်းတယ်။”

စုန့်ခွန်လင်းက ပြောလိုက်သည်။ သူသည် ယခုအကျပ်အတည်းကို ကျော်လွှားရန် မြေကွက်ကို ရောင်းချရမည်ကို သိသည်။

လုပေါင်သည် တင်းလင်ကို သွားရောက်တွေ့ဆုံရပြန်သည်။ နောက်ပိုင်းတွင် စီမံခန့်ခွဲမှုအများစုကို သူမအား လွှဲထားရမည် ဖြစ်သည်။

“သူဌေး... ဒီဝိုင်ချက်စက်ရုံက မြေငှားခ သက်သာလို့သာ အမြတ်ထွက်နေတာပါ။ ဒီအတိုင်းပဲ ဆက်သွားရင်တော့ နှစ်တိုင်း အရှုံးပေါ်ပါလိမ့်မယ်။”

တင်းလင်ကစိုးရိမ်တကြီး ပြောရှာသည်။

လုပေါင်က ပင်လယ်ပြင်ကို ကြည့်ရင်း ပြုံးလိုက်သည်။

“ငါ အစီအစဉ် ရှိပြီးသားပါ။ စိတ်မပူပါနဲ့အချိန်တန်ရင် ငါဘာလုပ်မလဲဆိုတာသာစောင့်ကြည့်နေ။”

ရေအောက်ရတနာများ ရှားပါး ပင်လယ်သတ္တဝါများ သတ္တုသိုက်များနှင့် ပင်လယ်မြွေဟောက်ကြီးကဲ့သို့သော သတ္တဝါများ ရှိသည့် ဧရာမ ပင်လယ်ပြတိုက်ကြီးတစ်ခု တည်ဆောက်မည်ဆိုပါက ကမ္ဘာကျော်သွားမည် မဟုတ်ပါလား။

ထို့နောက် ကြယ်လေးပွင့်အဆင့် အပန်းဖြေစခန်းတစ်ခု ဖွင့်ကာ ပင်လယ်ပြတိုက်သို့ အခမဲ့ ဝင်ရောက်ခွင့်ပေးမည်ဆိုလျှင်အမြတ်မထွက်ဘဲ နေပါမည်လော။

ထို့အပြင် နန်းတွင်းဟင်းချက်နည်း မှတ်တမ်းလည်း ရှိနေသေးသည်။ထိုအရာသာ တကယ် အရသာရှိမည်ဆိုလျှင် သူဌေးကြီးတွေတောင် ဒီမှာစားဖို့ တန်းစီစောင့်ရပေလိမ့်မည်။

All Chapters