← Chapters

အပိုင်း(၂၃၅)-လျှာလည်စေတဲ့ ပင်လယ်စာ

Vol. 003 Ch. 235

အပိုင်း(၂၃၅)-လျှာလည်စေတဲ့ ပင်လယ်စာ

Vol. 003 Ch. 235

“ဓားရှည်နှုတ်သီးငါးပဲ”

“များလိုက်တာ”

“အားအနည်းဆုံးတောင်မှ သူတော်စင်သားရဲပဲ”

“အရှေ့ကအကောင်တွေက အထွတ်အထိပ်သားရဲတွေ”

ငါးအုပ်အားမြင်သော ကုန်းပတ်ပေါ်မှ လူများသည် အလေးအနက်ဆွေးနွေးနေကြသည်။ သို့သော် သူတို့ မအံ့သြပေ။ ထိုကဲ့သို့ အခြေအနေမျိုးကို သူတို့ကြုံတွေ့ရသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။

ရှီမာယူယူသည် ဓားရှည်နှုတ်သီးငါးအုပ်အား တွေ့လိုက်သောအခါ သိချင်သွားသည်။ ရေထဲမှ ဝိညာဉ်သားရဲ များ  မည်မျှ အားကောင်းသည်ကို သူမ သိချင်သည်။

“အရှေ့က ဓားရှည်နှုတ်သီးငါးက တကယ်ချွန်မြနေတာပဲ သူတို့ကို သင်္ဘောနားမကပ်စေနဲ့” ရှီမာယူလင်း အမိန့်ပေးလိုက်သည်။

သူတို့သည် သင်္ဘောဆီသို့ချည်းကပ်လာသော ဓားရှည်နှုတ်သီးငါးများကို တိုက်ခိုက်ရန်စတင်တော့သည်။ ငါးများပါးစပ်မှ ရေများပန်းထွက်လာသည်။ ဝိညာဉ်နယ်ရှင်များသည် ဝိညာဉ်စွမ်းအင်ကို အလျင်အမြန်သုံး ကာ ခုခံရာ ရေများသည် အလယ်တွင်တန်ပြန်ကာ ရေထဲသို့ ပြန်ကျသွားလေသည်။

ရှီမာယူယူသည်လည်း ထိုတိုက်ပွဲတွင် ပါဝင်ကာ သူမ ဝိညာဉ်စွမ်းအင်သည်လည်း ထိုငါးများကို ဦးတည်တိုက်ခိုက်ခဲ့သည်။ သူမဆီသို့ ဝင်လာသည်မှာ တစ်ချက်မျှသာဖြစ်သည်။

ဓားရှည်နှုတ်သီးငါးအများစုမှာ သူတို့၏ ဓားသွားနှုတ်သီးများ ကျိုးပဲ့ကာ သွေးရှင်များသည် ပင်လယ်တွင် ပျံ့နှံ့သွားတော့သည်။

“ဟို သူတော်စင်သားရဲတွေက သင်္ဘောနားကပ်လာပြီ” တစ်စုံတစ်ယောက်မှ အော်လိုက်သည်။

“ဟမ်”

သူတို့ သူတော်စင်သားရဲနှစ်ကောင်နှင့် တိုက်ခိုက်သည်နှင့် ထိုသူတော်စင် သားရဲနှစ်ကောင်သည် အရွယ်အစား ကြီးမားလာကာ  လေတွင် ပျံလာခဲ့သည်။

ရှီမာယူယူသည် တိုက်ပွဲအား ကုန်းပတ်ပေါ်မှ သေချာစောင့်ကြည့်နေခဲ့သည်။ စတင်သည့်အချိန်တွင် ပင်လယ်သားရဲများသည် မြေပြင်မှ သားရဲများထက် ဘယ်လောက် သန်မာကြောင်းကို မပြောနိုင်တော့  ပေ။ သို့သော် ထိုသူတော်စင်ဝိညာဉ်နှစ်ကောင်သည် အဆင့်ငါးဖြစ်နေပြီ။ ထို့ကြောင့်ပင် သူတို့သည် သူတို့နှင့် တိုက်ခိုက်နိုင်ခဲ့သည်။

သူမသည် ငှက်လေးအားခေါ်ပြီး အမိန့်ပေးလိုက်သည် “ငါ့အတွက် ဓားရှည်နှုတ်သီးငါး နှစ်ကောင်သွားဖမ်းပေး ၊ အော် သူတို့က သူတော်စင်အဆင့်ရှိတဲ့ အကောင်းဆုံးငါးဖြစ်ရမယ်”

“ဟုတ်ကဲ့ပါ သခင်” ငှက်လေးသည် အသိအမှတ်ပြုကာ အတောင်ပံများဖြန့်ပြီး ဓားရှည်       နှုတ်သီးငါး ဖမ်းရန် ပျံသွားလေသည်။

“တောင်ပံလေးခုငှက်ပဲ”

လူအနည်းငယ်သည် ငှက်လေးအားမြင်သည်နှင့် သိကြသည်။

“သူတော်စင် သားရဲ”

“တကယ်ပဲ သူတော်စင်သားရဲပဲ”

“ဒါက သခင်လေးယူယူရဲ့ စာချုပ်သားရဲပဲ”

“သခင်လေးရဲ့ စာချုပ်သားရဲက သူတော်စင်အဆင့် မြေခွေးမဟုတ်ဘူးလား”

“သူ့မှာ သူတော်စင်အဆင့်သားရဲနှစ်ကောင်ရှိတာပဲ”

“သခင်လေး ယူလင်းတောင်မှ သူတော်စင်အဆင့်သားရဲနှစ်ကောင်ပဲရှိတာ၊ ဟုတ်တယ်မလား၊ ဒါဆို သူ့မှာလည်း ရှိနေတာပေါ့”

“ကျီ..ကျိ…”

ငှက်လေးသည် ဓားရှည်နှုတ်သီးငါး အပေါ်တွင်ပျံသန်းကာ တဟုန်ထိုးဆင်းလိုက်သည်။ သူသည် အလွန်မြန်၍ အားလုံး၏ မျက်စိရှေ့တွင် လျှပ်တစ်ပြက်ပင် သူတော်စင်အဆင့် ဓားရှည်နှုတ်သီးငါးကို ဖမ်းမိလာသည်။

“ဘုတ်..”

ငှက်လေး၏ လက်လည်းနှစ်ခုမှာ သတ္တုများကဲ့သို့ပင် မာကြောသည်။ အားအနည်းငယ်သုံး လိုက်ရုံနှင့်ပင် ဓားရှည်နှုတ်သီးငါးအား နှစ်ပိုင်းဖြစ်အောင် ဖြတ်ချလိုက်သည်။

သူသည် ဓားရှည်နှုတ်သီးငါးအား ကုန်းပတ်သို့ပစ်လိုက်ပြီး နောက်တစ်ကောင်ဖမ်းရန် ပြင်လိုက်ချိန်တွင် ငါးများသည် ရေတိမ်ပိုင်းတွင်ရှိနေသည်ကို သတိထားမိလိုက်သည်။

“သခင် တောင်းပန်ပါတယ် ကျွန်တော် တစ်ကောင်ပဲဖမ်းနိုင်တော့မယ်” ငှက်လေး တောင်းပန်စကားဆိုသည်။

ရှီမာယူယူ လက်ဝှေ့ရမ်းပြကာ ပြောလိုက်သည် “ဘာမှမဖြစ်ဘူး၊ ဒီတစ်ကောင်နဲ့ကို စားလို့ရတယ်”

ရှီမာယူလန်သည် လျှောက်လာကာ ဘေးတွင်ရှိသော ဓားရှည်နှုတ်သီးငါးအားတွေ့သည်နှင့် ပြောလိုက်သည် “မင်းတကယ်ပ ဒါကိုစားချင်တာလား”

“ဒါပေါ့” ရှီမာယူယူ စိတ်အားထက်သန်စွာ ခေါင်းညိတ်ကာ ပြောလိုက်သည် “ပင်လယ်သားရဲတွေက သားရည်ကျစရာပဲလို့ ယူလင်းပြောတယ်မလား၊ ပြီးတော့ သူတို့အသားက ဝိညာဉ်ချီတွေ ပြည့်နေတာလေ၊ တကယ်လို့ ငါတို့စားရင် သေချာပေါက် အားပြည့်မှာပဲ”

“ဒါဆိုမင်းမှာ ချက်ဖို့ ဘယ်လိုအစီအစဉ်ရှိလဲ” ရှီမာယူလန် မေးလိုက်သည်။

ရှီမာယူယူ အိုးနှင့် ဒယ်ပြားထုတ်ကာ ပြောလိုက်သည် “တချို့ကို ပေါင်းမယ်၊ နည်းနည်းကို စွပ်ပြုတ်ချက်မယ် ၊ တချို့ကို ကင်မယ်ပြီးရင် တစ်ချို့ကို ဟင်းသီးဟင်းရွက်တွေနဲ့ ရောပြီး ဟင်းချိုလုပ်လို့ရတယ်၊ အကုန်  ဖြစ်နိုင်ပါတယ်”

သူမအသေးစိတ်ပြောပုံကို အားလုံးကြားသောအခါ သူမသည် အစားတလိုင်းဖြစ်သည်ကို  အားလုံးသိလိုက်ရသည်။ သူမ ချက်ပြုတ်ကိရိယာများ အားတွေ့လိုက်သောအခါ  သူတို့အတွေးများ ပိုသေချာသွားတော့သည်။

ရှီမာယူလန်သည်လည်း ရှီမာယူယူအား အံ့သြသွားကာ ဟိုဟာ ဒီဟာ ထိကိုင်ရင်း မေးတော့သည် “ဒါတွေ တကယ်မင်းယူလာတာလား”

“ဒါပေါ့” ရှီမာယူယူသည် ငါးအား ကျေနပ်စွာ သိုလှောင်ပြီး ပြောလိုက်သည် “ခင်ဗျားတို့ ကျွန်တော့်အဘိုးနဲ့ တခြားသူတွေကို ခေါ်သွားပြီး သုံးလကြတော့ ကျွန်တော် ဆိုဖီယာတောင်တန်းကို သွားခဲ့တယ်၊ အဲမှာ ၂နှစ်နေခဲ့တော့ အကုန်တတ်လာတာပဲ”

“ဒါပေမယ့် ဝိညာဉ်သခင်တွေက စားစရာမလိုဘူးလေ” ရှီမာယူလန် ပြန်ဖြေသည်။

“ကျွန်တော်က ကျင့်သားရနေပြီ တစ်ခုခုမစားရရင်ကို တစ်ခုခုလိုနေသလိုပဲ” ရှီမာယူယူ ပခုံးတွန့်သည်။

ရှီမာယူလင်းသည်ဟင်းချက်ကိရိယာများအားတွေ့သောအခါ ထိုပစ္စည်းများသည် သာမာန်      ရောင်းကုန်ပစ္စည်းမဟုတ်သည်ကို သတိထားမိကာ မေးလိုက်သည် “ဒါတွေ အကုန်လုံး ဝိညာဉ်ပစ္စည်းတွေလား”

“ဟုတ်တယ်၊ ဖက်တီးလုပ်ထားတာလေ” ရှီမာယူယူ ပြောလိုက်သည် “အဲကောင်က ဝိညာဉ်ကိရိယာတွေလုပ်တာ သင်ပြီး လေ့ကျင့်ချင်နေတာ အဲဒါကြောင့် ဒါတွေလုပ်ခိုင်းလိုက်တာ၊ ဒါပေမယ့် ဒါတွေကို အထင်မသေးနဲ့ ဒီဝိညာဉ်ကိရိယာတွေနဲ့ ချက်တာတွေက သာမာန်အိုးတွေနဲ့ ချက်တာထက်ပို အရသာရှိတယ်”

သူမ ပြောသည်များကို အားလုံးကြားလိုက်သောအခါ ဆွံ့အသွားတော့သည်။ သူမသည်သာ ဝိညာဉ်ကိရိယာကိုဟင်းချက်ရာတွင်သုံးသော တစ်ဦးတည်းသောသူ ဖြစ်လိမ့်မည်။ ထို့အပြင် ဖက်တီးသည်သာ ဟင်းချက်ရာတွင်သုံးသော ဝိညာဉ်လက်နက်ကို ပြုလုပ်သည့် လက်နက်ကျွမ်းကျင်သူ ဖြစ်လိမ့်မည်။ သူ အစားအသောက် ဒီလောက်ကြိုုက်တာ ဘယ်သူ့သွားမေးမလဲ။

ဝိညာဉ်စေတီအတွင်းတွင် ဟိန်းသံလေးသည် အပြင်တွင် ရှီမာယူယူ ဟင်းချက်နေသည်ကို သိသဖြင့် အပြင်ထွက်ခွင့်ပေးရန် အပြင်းအထန်တောင်းဆိုလေသည်။

ရှီမာယူယူ အားလုံးအတွက် ဟင်းမချက်သည်မှာ အတော်ကြာပြီဖြစ်သည်။

ရှီမာယူလန်သည် ဟိန်းသံလေးအားမြင်သည်နှင့် ဒုံချန်းတိုင်းပြည်မှာ ရှိစဉ်က အချိန်ကို တွေးမိပြီး ကြောက်ကာ  ခြေခြောက်ချောင်းနတ်ဆိုးကြွက်အားမျိုးဖြုတ်မည့်အတိုင်းပင် အော်လိုက်သည်။ သို့သော် စည်းကမ်းမရှိ သော ရိသဲ့သဲ့လုပ်တတ်သူဟု သတိထားမိပြီးနောက် အကြောက်တရားများ လျော့သွားတော့သည်။

“ယူယူ မြန်မြန် ငါဆာလို့သေတော့မယ်” သူသည် ရှီမာယူယူပခုံးပေါ်တွင် မှီကာ ယူယူလက်ထဲမှ ဓားရှည်နှုတ်သီးငါးကို မျက်တောင်မခတ်ပဲ ကြည့်နေတော့သည်။

“ကျွတ်”

ရှီမာယူလန်သည် ဟိန်းသံလေးအား သဘောကျသလို ကြည့်လိုက်သည်။ သူ့အဆင့်နှင့်ဆိုလျှင် သူသည် ဗိုက်ဆာခြင်းကို မခံစားရသော်လည်း သူက ဆာလို့ သေတော့မယ်ဟု ပြောနေသည်လေ၊ ရယ်စရာ  ကောင်းလိုက်တာ။

ရှီမာယူလင်းသည် ဟိန်းသံလေးအားကြည့်လိုက်ရာ သူ၏မူလ ခန္ဓာကိုယ်ကို မမြင်ရပေ။ သူသည် သန်မာသည်ကိုသာ ခံစားမိသော်လည်း သူ့တွင် တိုက်ခိုက်မှုစွမ်းအား မရှိသည်ကို သိရသည်။

“ယူယူ ဒါက ဘယ်လိုစာချုပ်သားရဲလဲ” သူမသိလျှင် အကြောင်းအရင်းကို မေးကိုမေးရမည်။ ဒါသည် သူ၏ စည်းမျဉ်းပင်ဖြစ်သည်။

“ဟိန်းသံလေးကို ပြောတာလား” ရှီမာယူယူသည် သားရည်များ ထွက်ကျမတတ်ဖြစ်နေသော ဟိန်းသံလေး  အားကြည့်ပြီး ပြောလိုက်သည် “သူက အလုပ်မလုပ်ပဲ စားဖို့ပဲသိတဲ့ သားရဲငပျင်းလေ”

သူမသည် သူ့အားအကြွင်းမဲ့ မယုံရသေးသဖြင့် ဟိန်းသံလေး၏ သရုပ်မှန်ကို အမှန်အတိုင်း မပြောနိုင်ပေ။ ရှီမာယူလန်သည်လည်း ထိုအချိန်ကမြင်ခဲ့သော်လည်း သူသည် ဘာအကောင်လဲဆိုသည်ကို မပြောနိုင်ပေ။

သူမသည် တချို့ကို ငါးစွပ်ပြုတ်၊ တစ်ချို့ကို ပေါင်းပြီး ကျန်သည်များကို လျင်မြန်စွာ ကြော်လိုက်သည်။ သူမသည် အနည်းငယ်ကို ကင်လိုက်သေးကာ လျင်မြန်စွာပင် စားပွဲမှ မွှေးရနံ့များ ထွက်လာသည်။

သူမသည် ရှီမာယူလန်နှင့် တခြားတစ်ယောက်ကို သူမနှင့်အတူစားရန်ခေါ်လိုက်သော်လည်း တစ်ခြား အစောင့်များနှင့် အမှုထမ်းများကို မေ့နေခဲ့သည်။ သူမအတွက်တော့ လူဆယ်ယောက်ကျော်စာ ချက်ပြုတ်ရန် စွမ်းအား မရှိပေ။ ထို့အပြင် သင်္ဘောပေါ်မှ လူများအသည် ခရီးစဉ်ပြီးပါက သူတို့အိမ်သို့ ပြန်ကြမည်ဖြစ်သည်။

“အရသာကောင်းလိုက်တာ” သူမသည် ငါးစွပ်ပြုတ် ပါးစပ်အပြည့်သောက်လိုက်ကာ ပင်လယ် သားရဲများ၏ အရာသာသည် လတ်ဆတ်သည်ကို သတိထားမိပြီး မျက်စိမှိတ်ကာ အရသာခံနေလိုက်သည်။

ရှီမာယူလင်းသည်လည်း ပါးစပ်အပြည့်စားသောက်ကာ သူ့အပြုအမူသည် အလွန်ပင် ကြော့ရှင်းလှသည်။ သူသည် အလွန်အမင်းအတွေ့အကြုံများကာ ရှီမာယူယူကဲ့သို့ အစားကို အငမ်းမရမျိုချသည်နှင့် အလွန်ကွာခြားလှသည်။

အရသာရှိလိုက်တာ…

သူသည် အစားအသောက်ကို မလိုအပ်သောအလည်း ပါးစပ်အတွင်းတွင် အရသာရှိသော အစားအသောက်ကို အရသာခံနိုင်တုန်းဖြစ်သည်။

“စားတာတောင် သီးသန့်ဖြစ်နေလိုက်တာ၊ မင်း ဒေါသထွက်ရင်ဘယ်လိုဖြစ်မလဲ ကြည့်ချင်လိုက်တာ” သူ ပြုမူနေသည်ကို ကြည့်ပြီး ရှီမာယူယူသည် အသံတိုးတိုးနှင့် ရေရွတ်လိုက်သည်။

ရှီမာယူလန်သည် ထိုမျှလောက်အရသာရှိသည်ကို မစားဖူးသဖြင့် ရှီမာယူယူနှင့် ဟိန်းသံလေးတို့နှင့်အတူ စားပွဲပေါ်ရှိအစားအသောက်များကို အပြောင်ရှင်းလိုက်လေသည်။

သို့သော် နောက်ဆုံးတွင် ရှီမာယူလင်းသည် သန့်ပြန့်စွာစားသောက်သော်လည်း စားသောက်နှုန်းမှာ မနှေးသည်ကို ရှီမာယူယူ သိလိုက်သည်။ နောက်ဆုံးတွင် သူတို့သည် ငါးအမြီးပင်မချန် စားသောက်လိုက်ကြသည်။

All Chapters