အပိုင်း(၂၃၆)-ကျွန်းပေါ်မှာ တစ်စုံတစ်ယောက်ရှိနေတယ်
Vol. 003 Ch. 236
သူတို့သည်လမ်းတစ်လျှောက်တွင် ပင်လယ်သားရဲများကို တွေ့ခဲ့သည်။ သူတို့ ပင်လယ်ဧရိယာသို့ ဝင်လေ ပင်လယ်သားရဲများ အဆင့်မှာ မြင့်လေဖြစ်သည်။ သူတို့ ကျွန်းအသေးတစ်ခုသို့ရောက်သောအခါ တခြား သက်ကြီးရွယ်အိုတစ်ယောက်သည် လှုပ်ရှားတော့သည်။
ထိုခရီးစဉ်တွင် အကျိုးအမြတ်အရဆုံးမှာ ရှီမာယူယူပင်ဖြစ်သည်။ လူအများစုသည် ပင်လယ်သားရဲများ ကို တွေ့လျှင်သတ်ပြီး ပင်လယ်ထဲသို့ အသေကောင်များ ပစ်ချကြသည်။ သု့သော် သူမသည်ပင်လယ်သားရဲများကို ဖမ်းရန် ငှက်လေးအား ခိုင်းစေပြီး နောင်တွင်သုံးရန် ပစ္စည်းအဖြစ် သိမ်းထားသည်။
ရှီမာယူလင်းနှင့် တခြားသူများသည် အရသာရှိသည်များကို စားရဆဲဖြစ်သည်။
“ငါတို့ နေ့တစ်ဝက်လောက်ဆိုရောက်ပြီ” ရှီမာယူလင်းသည် အသားကင်စားရင်း ပြောလေသည်။
ရှီမာယူယူ ဝမ်းသာသွားသည်။ သူမသည် လတစ်ဝက်လောက်ခရီးသွားပြီးဖြစ်၍ နေ့စဉ် အဆုံးမရှိသာ ပင်လယ်ကိုသာ မြင်ရသည်။ သူမသည် အတွေ့အကြုံအသစ်လည်း မရှိပေသောကြောင့် ပြောမပြတတ်အောင် ပျင်းနေသည်။
“ကျွန်တော်တို့သွားနေတာ ဘယ်ကျွန်းလဲ”
“ဝေဒနာမေ့ပျောက်ခြင်းကျွန်း” ရှီမာယူလန် ပြောလိုက်သည် “သူက ငါတို့်အခု ဦးတည်သွားနေတဲ့ အကြီးဆုံးကျွန်းပဲ အဲမှာ တန်ဖိုးကြီးတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေလည်းရှိသလို အရမ်းအန္တရာယ်များပြီး သူတော်စင်သားရဲတွေအများကြီးပဲရှိတယ်”
“အဲမှာ လရှုရှိုက်ပင်နဲ့ တိမ်ပန်းနေဝင်ရယ်ရှိလား” ရှီမာယူယူ မေးလိုက်သည်။ ထိုပစ္စည်းများသည် အရေးကြီးဆုံဖြစ်ကာ မရှိလျှင် သူတို့သည် အချိန်ဖြုန်းရုံသာဖြစ်သည်။
ရှီမာယူလန် ခေါင်းညိတ်သည်။ “လရှုရှိုက်မြက်ပင်ကိုယူလာတဲ့သူတွေက ဝေဒနာမေ့ပျောက်ခြင်းကျွန်းက ယူလာတာလို့ ရွှန်းယွမ်ဆိုင်ကလူတွေပြောတာပဲ”
“အဲလိုဆိုရင် ကောင်းမှာပဲ”
နေ့တစ်ဝက်အကြာတွင် သူတို့သည် လမ်းဆုံးသို့ရောက်ရှိ၍ ဝေဒနာမေ့ပျောက်ခြင်းကျွန်းသို့ လာခဲ့ကြလေသည်။
ရှီမာယူယူသည် ပါးစပ်အဟောင်းသားဖြင့် ကျွန်းအားကြည့်ပြီး တွေဝေစွာပြောလိုက်သည် “ဒါဘယ်လိုလုပ် ကျွန်းဖြစ်မှာပဲ တိုင်းပြည်ငယ်တစ်ခုနီးပါးပဲ ဟုတ်တယ်မလား”
သူဘေးတွင်ရပ်နေသော သက်ကြီးရွယ်အိုပုဂ္ဂိုလ်မှ ပြောလေသည် “ဒီကျွန်းက ပင်လယ်တစ်ခုလုံးနဲ့ ယှဉ်ရင်သာ သေးတာပါ အတွင်းပိုင်းနက်ရင်နက်သလို ပိုကြီးတဲ့ ကျွန်းတွေရှိသေးတယ်”
“ဒါဆို ဒီပင်လယ်ဧရိယာက ဘယ်လောက်တောင်ကျယ်တာလဲ” ရှီမာယူယူ သက်ပြင်းချသည်။
“ဘယ်သူမှမသိဘူး” သက်ကြီးရွယ်အိုပုဂ္ဂိုလ်ပြောလေသည် “ဘယ်သူမှ ပင်လယ်တစ်ခုလုံးကို ခရီးမသွားဖူးဘူး၊ အန္တရာယ်များလို့ပဲလား၊ အချိန်မလောက်လို့လားတော့ မသိဘူး”
ရှီမာယူယူ နားလည်လိုက်သည်။ ပင်လယ်သည် ကြီးမားလွန်း၍ အဆုံးထိသွားရန် အချိန်မရှိတာ ဖြစ်လောက်သည်။
“ဒီလောက်ကြီးတဲ့ နေရာမှ လရှုရှိုက်မြက်ပင်နဲ့ တိမ်ပန်းနေဝင်နဲပကို ရှာရတာ ပြောဖို့သာလွယ်တာပဲ” အစောင့်သည် မှတ်ချက်ပေးသည်။
ထိုအကြောင်းကို ရှီမာယူယူသည်လည်း ခုဏလေးတင်စဉ်းစားနေတာဖြစ်သည်။
“စိုးရိမ်ဖို့မလိုပါဘူး၊ အရင်က လရှုရှိုက်ပင်ကို တွေ့ဖူးတဲ့သူကိုတွေ့ပြီး သူ အဲတုန်းက လရှုရှိုုက်ပင်ကို ဘယ်ကနေရတာလဲဆိုတာကိုအကြမ်းဖျင်းလည်း ပြောပြတယ် ပုံလည်းဆွဲပေးလိုက်တယ်” သက်ကြီးရွယ်အိုပုဂ္ဂိုလ်ကပြောလေသည် “ပြီးတော့ ယူလန်ကလည်း လရှုရှိုက်ပင်ထည့်ထားတဲ့ သေတ္တာကို အနံ့ခံခဲ့သေးတယ်၊ ငါနဲ့ တွေ့မယ်ဆိုရင် သူမက သေချာပေါက်နေရာကို ရှာတွေ့နိုင်တယ်”
“အဟွတ် အဟွတ်”
ရှီမာယူယူသည် သက်ကြီးရွယ်အိုပုဂ္ဂိုလ်ပြောသည်များကို ကြားသောအခါ ရုတ်တရက် တစ်စုံတစ်ရာတွေးမိလိုက်သည်။ သူမ ရယ်ချင်သော်လည်း ရယ်ရမည့်အချိန်မဟုတ်သဖြင့် မဲ့ပြုံးရုံသာပြုံးလိုက်သည်။
ရှီမာယူလန်သည် သူမအား လက်ဖြင့်ရိုက်ကာ ဒေါသဖြင့်ကြည့်လေသည်။
“ငါဘာမှမပြောဘူးလေ” ရှီမာယူယူသည် မအောင့်နိုင်တော့ပဲ ကျယ်လောင်စွာရယ်မောလိုက်သည်။
“မင်းရယ်ရဲသေးတယ်” ရယ်မောကျနေသော ရှီမာယူယူအား ရှီမာယူလန် ရုတ်တရက် ရိုက်လိုက်သည်။
သူတို့ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ရှီမာယူလင်း စောင့်ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည် “တစ်ယောက်ယောက်ရှိနေတယ်”
ရှီမာယူယူနှင့် ရှီမာယူလတ်တို့သည် ရပ်သွြးကာ အားလုံးသည် ရှီမာယူလင်းအား ကြည့်ကာ ပြောလိုက်သည် “တစ်ယောက်ယောက်ရှိနေတာလား”
ရှီမာယူလင်းသည် ကျောက်တုံးပေါ်သို့လျှောက်သွားရာ ရှီမာယူယူနှင့် ရှီမာယူလန်တို့သည် သူ့နောက်ကို လိုက်သွားကြလေသည်။ ထိုနေရာတွင် ဖြဲထားသော အဝတ်များလောင်ကျွမ်းထားသော ထင်းမီးများရှိ နေသည်ကို မြင်လိုက်ရသည်။ အဝတ်ပေါ်မှ သွေးသည် နှစ်ရက် သုံးရက် ကြာပြီဖြစ်သည်။
“တကယ် တစ်ယောက်ယောက်ရှိနေတယ် ဘယ်သူပါလိမ့်” ရှီမာယူလန် ပြောလေသည်။
“ကြည့်ရတာ တစ်ယောက်တည်းထင်တယ်၊ ဒီကျွန်းပေါ်မှာ ဘယ်သူကများ တစ်ယောက်တည်း နေရဲတာပါလိမ့်” ရှီမာယူလင်း ပြောလိုက်သည်။
“ဘယ်သူသိမလဲ ငါတို့ သူ့ကို တွေ့နိုင်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဘယ်သူသိမလဲ” ရှီမာယူလန် ပြောလိုက်သည် “အချိန်ကျရင်တော့ ကိုယ့်ဘာသာနေနိုင်တဲ့လူက ဘယ်လိုလဲဆိုတာ သိကိုသိနိုင်ရမယ်”
“သွားရအောင် ဘိုးဘိုးကြီးက အစီအစဉ်လုပ်ထားတယ်”
ရှီမာယူယူနှင့် တခြားသူများသည် ပြန်လာကာ ဖြစ်ပျက်ခဲ့သည်များကို သက်ကြီးဝါကြီးပုဂ္ဂိုလ်အား ပြောပြလေသည်။ ခဏတာ တွေဝေပြီးနောက် သူပြောလေသည် “တစ်ယောက်ယောက်တော့ ကျွန်းပေါ်မှာ သောင်တင်နေတာဖြစ်မယ်၊ သူနဲ့တွေ့ရင် သူ ငါတို့နဲ့လိုက်ချင်လားဆိုတာ မေးရမယ်”
“နားလည်ပါပြီ”
“အခု စောသေးတယ်ဆိုတော့ အထဲဝင်ပြီး လမ်းလျှောက်ကြည့်ကြမယ်” သက်ကြီးဝါကြီးပုဂ္ဂိုလ် ပြောလေသည်။
သူတို့သည် သင်္ဘောအားစောင့်ရှောက်ရန် အစောင့်ဆယ်ယောက်ထားခဲ့ပြီးနောက် အားလုံးသည် ကျွန်းပေါ်သို့ လာခဲ့လိုက်ကြသည်။
အစပိုင်းတွင် ငြိမ်းချမ်းနေသေးသည်။ ကျွန်းအဖျားပိုင်းတွင်ရှိနေသေး၍ ကုန်းနေရေနေ ပင်လယ်သားရဲများကို မတွေ့ရသေးသောကြောင့်လည်း ဖြစ်နိုင်သည်။
“ဒီနေ့ညတော့ ဒီမှာ စခန်းချကြမယ်” သက်ကြီးရွယ်အို ပုဂ္ဂိုလ်ကပြောလိုက်သည်။
အစောင့်များသည်စခန်းချရန် ပြင်ဆင်တော့သည်။ ရှီမာယူလင်းနှင့် ရှီမာယူလန်တို့သည်လည်း ဂုဏ်ကြီးသောသခင်လေး၊ သခင်မလေးဆိုခြင်း မရှိတော့ပဲ ကိုယ်ပိုင် တဲများကို ပြင်ဆင်တော့သည်။
ညဆိုသော လိုက်ကာသည် လျင်မြန်စွာရောက်ရှိလာပြီး သူတို့အုပ်စုသည် မီးပုံဘေးတွင် ထိုင်ကာ ပြီးခဲ့သည်များကို ပြန်လည်ပြောဆိုနေကြသည်။
“အဝူး…”
အပြင်ဘက်မှ ဝံပုလွေတစ်ကောင်၏ အော်သံကြောင့် အားလုံးသည် တုန်လှုပ်စွာ မတ်တတ်ရပ်လိုက်ကြသည်။
“ဒီမှာ ဝံပုလွေတွေတကယ်ရှိတာလား”
“ဝံပုလွေမဟုတ်ဘူး၊ တစ်ယောက်ယောက်အသံပဲ” ရှီမာယူယူ ပြောလိုက်သည်။
“တကယ်ပဲ တစ်ယောက်ယောက်အသံပဲ” အစောင့်သည် နောက်တစ်ခေါက်နားထောင်ရာ ထိုအသံသည် ထူးခြားသော ဆွဲငင်သံမဟုတ်ပဲ တစ်ယောက်ယောက်က ခေါ်လိုက်သည့်အသံနှင့်တူသည်။
“သွားကြည့်ရမှာလား မကြည့်ရဘူးလား” တစ်စုံတစ်ယောက်ကမေးလိုက်သည်။
“သခင်လေး ယူလင်း လူနည်းနည်းခေါ်သွားပြီး စစ်ကြည့်လိုက်ပါဦး” သက်ကြီးဝါကြီး ပုဂ္ဂိုလ် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ” ရှီမာယူလင်းသည် ခေါင်းညိတ်ပြီး လူတချို့ခေါ်ကာ ထွက်သွားလေသည်။
ရှီမာယူယူသည် ထိုအုပ်စုထဲပါဝင်ကာ ရှီမာယူလင်းအား မကျေမနပ်ကြည့်ကာ ပြောလေသည် “ငါက အားနည်းတယ်လေ ဘာလို့ငါ့ကို ခေါ်လာတာလဲ”
ရှီမာယူလင်းသည် နောက်လှည့်ကာ သူမအားကြည့်ပြီး ပြောလေသည် “ငါမင်းကို ကာကွယ်ပေးမယ်”
ရှီမာယူယူ ကြက်သေသေသွားသည်။ ဒီလူက သူမကို ကာကွယ်မယ်လို့ တကယ်ပြောလိုက်တာလား။
အဘိုး၊ သူမ အစ်ကိုများ၊ ဝေကျိရွှီနှင့် တခြားသူများမှ လွဲ၍ သူမအား ကာကွယ်ပေးမည်ဟု မည်သူမှ မပြောဖူးပေ။
ရှီမာယူယူ တိတ်ဆိတ်စွာ ကြက်သေသေသွားသည်ကို ကြည့်ပြီး ရှီမာယူလင်းသည် ခေါင်းပြန်လှည့်သွားကာ ပြုံးလိုက်သည်။
ဒီလူကို ဖိအားသုံး၍ မရသည်ကို သူသိလိုက်သည်။ သူ့ကို ဖိအားပေးရင် ပေးသလိုသိလာသည်။ သူ့ကို အေးအေးချမ်းချမ်း ခေါ်သွားချင်လျှင် ဒီနည်းလမ်းကို သုံးရုံအပြင်မရှိပေ။
သို့သော် သူ၏ တုန့်ပြန်မှုသည် သူ့နည်းလမ်း အကျိုးသက်ရောက်သည်ကို ပြနေသည်။
သူတို့သည် တောင်ထိပ်တွင်ရပ်ကာ တစ်ဖက်တောင်တွင် တစ်စုံတစ်ယောက်သည် ကုန်းနေရေနေ ပင်လယ်သတ္တဝါများ အလိုက်ခံနေရသည်ကို မြင်လိုက်ရသည်။ အလိုက်ခံရသော သူသည် စတင်ပြေးလေသည်။
“အဲဒီဝိညာဉ်သားရဲတွေကနေလွတ်အောင် အဲလူ ဘာလို့ မပျံတာလဲ” ရှီမာယူယူ နားမလည်ပေ။
“ဒီတောင်မှာ ပျံလို့မရတဲ့ ကန့်သတ်နယ်မြေတွေရှိတယ်” ရှီမာယူလင်း ပြန်ဖြေသည်။ ထိုပုံရိပ်နီးကပ်လာသည်ကို ကြည့်ရင်း သူ အံ့သြစွာ အော်လိုက်သည် “အဲဒါသူပဲ”
ရှီမာယူယူသည် ဒဏ်ရာများစွာ ရထားသော ပုံရိပ်အားကြည့်ကာ မေးလိုက်သည် “မင်း သူ့ကို သိလို့လား”
ရှီမာယူလင်းသည် ခေါင်းညိတ်သော်လည်း ဒီလူနှင့်ပတ်သတ်၍ ကောင်းမွန်သည့် သဘောထားမရှိသည့်ပုံပင်။
တစ်ဖက်လူသည် တောင်ပေါ်တွင် လူများရှိနေသည်ကို မြင်သောအခါ ဦးတည်ချက်ပြောင်းကာ သူတို့ဆီသို့ တည့်တည့်ပြေးလာလေသည်။ သူသည် ရှီမာယူလင်းအား ရှင်းလင်းစွာမြင်သောအခါ ကျယ်လောင်စွာ အော်ရယ်ပြီး “ကောင်းကင်က ငါ့ကို ကူညီနေပြီ၊ ညီအစ်ကို ယူလင်း ငါ့ကိုကယ်ပါဦး”
ဒီလိုအခြေအနေမျိုးတွင် ရယ်နိုင်သော လူအား ရှီမာယူယူကြည့်ကာ ဒီလူသည် လွတ်လပ်ကာ အားမကိုးရဟု တွေးမိလိုက်သည်။
ရှီမာယူလင်းသည် သူ့အား မနှစ်သက်သော်လည်း အစောင့်အား ပြောလိုက်သည် “အဲဝိညာဉ်သားရဲတွေကို သွားတိုက်ချည်”
အစောင့်သည် ထိုဝိညာဉ်သားရဲများဖြင့် တိုက်ပွဲဝင်ကာ လိုက်နေသော အကောင်များကို သတ်လေသည်။
“သူကဘယ်သူလဲ” ရှီမာယူယူ ထပ်မေးလိုက်သည်။
“ရွန်းယွမ်ဆိုင်အသေးလေးရဲ့ ပိုင်ရှင် ဂျွန်လင်း” ရှီမာယူလင်း ပြန်ဖြေလေသည်။