← Chapters

အပိုင်း(၂၃၇)-သူ၏ စိတ်ဝင်စားမှု နိုးကြွခြင်း

Vol. 003 Ch. 237

အပိုင်း(၂၃၇)-သူ၏ စိတ်ဝင်စားမှု နိုးကြွခြင်း

Vol. 003 Ch. 237

“ရွန်းယွမ်ဆိုင်ရဲ့သခင်လေးဟုတ်လား၊ သူက ဘယ်လိုလုပ် ဒီမှာ တစ်ယောက်တည်းရောက်နေတာလဲ” ရှီမာယူယူသည် ဝံပုလွေများအလိုက်ခံနေရသော လူအား ကြည့်ကာ မေးလိုက်သည်။

“ဒီလူက အမြဲ အပြင်ဘက်မှာ တစ်နေ့လုံး ပြေးလွှားနေတာပဲ၊ ရွှန်းယွမ်ဆိုင်က လူတွေတောင်မှ သူဘယ်မှာရှိလဲကို သိတာမဟုတ်ဘူး၊ သူပျောက်သွားတာမကြာသေးဘူး၊ သူဒီကို ရောက်နေလိမ့်မယ်လို့ ဘယ်သူသိမလဲ” ရှီမာယူလင်း ပြောလိုက်သည်။

ဂျွန်လင်းသည် ရှီမာယူလင်းဆီပြေးလာရင်းနှင့်ပင် အော်လိုက်သည် “အဝူး အဝူး….” ပြီးနောက် သူတို့ရှေ့တွင် ရပ်လိုက်သည်။ သူ သူ့လည်ပင်းကို ကိုင်ကာ ပြောလိုက်သည် “ညီအစ်ကို ယူလင်း၊ ဒီမှာ မင်းကို တွေ့ရတာပဲ၊ တိုက်ဆိုင်လိုက်တာ၊ မင်းတို့အားလုံးကို ဒီကို သင်္ဘောနဲ့လာတာဖြစ်မယ် ဟုတ်လား၊ မင်းတို့သွားရင် ငါ့ကိုပါ ခေါ်သွားပေးပါ၊ ငါဒီကျွန်းပေါ်ရောက်နေတာ နှစ်တစ်ဝက်လောက်ရှိပြီ၊ မပြန်ရင် ငါတော့ ရက်စက်ကြမ်းကြုတ်တဲ့သူအဖြစ်ပြောင်းသွားတော့မယ်”

“ကျွတ်”

အကြောင်းအရင်းမရှိ တက်ကြွနေသော ဂျွန်လင်းအား ရှီမာယူယူကြည့်လိုက် မျက်နှာထားတည်ကာ ကြပ်ကြပ်တည်းတည်းဖြစ်နေသော ရှီမာယူလင်းအား ကြည့်လိုက်နှင့် ရုတ်တရက် ကျယ်လောင်စွာ  အော်ရယ်လိုက်တော့သည်။

ဂျွန်လင်းသည် ရှီမာယူယူအားကြည့်ကာ သူမသည် သူမမြင်ဖူးသော ရှီမာမျိုးနွယ်ဖြစ်သည်ကို သိလိုက်သဖြင့် မေးလိုက်သည် “အာ… ညီအစ်ကို မင်းက ရှီမာမျိုးနွယ်ကလား၊ ငါမင်းကို မမြင်ဖူးဘူး”

“ငါ ရှီမာမျိုးနွယ်ကို ပြန်လာတာပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“သြော် ငါသိပြီ အဲဒါကြောင့် မင်းကို မမြင်ဖူးပါဘူးလို့၊ အဲဒီ အနက်ရောင်မြေခွေးနဲ့  ဘာလုပ်နေတာလဲ၊ သူ မဟုတ်တာတွေသင်ပေးမယ်နော် သတိထား” ဂျွန်လန် ပြောလိုက်သည်။

အာ…

ရှီမာယူလင်း သူ့ကို ဘာလို့မကြိုက်မှန်း အခုတော့ ရှီမာယူယူ သိပြီ။ အနက်ရောင်မြေခွေးအသည်းလို့ ခေါ်တာ ဘယ်သူကကြိုက်မှာလဲ။

“ညီလေး မင်းနာမည်ဘယ်သူလဲ၊ မင်းတို့အားလုံး ဒီကိုဘာလာလုပ်တာလဲ” ဂျွန်လင်းသည် ရှီမာယူယူဘေးလာကာ သူမ ပုခုံးအား သဘာဝကျကျပင် တရင်းတနှီး ဖက်ကာ မေးလိုက်သည်။

ရှီမာယူယူ သူ့လက်အား ရိုက်ချကာ ပြန်ဖြေလိုက်သည် “ကျွန်တော့် နာမည် ရှီမာယူယူ၊ ခင်ဗျားက ရွှန်ယွမ်းဆိုင်ရဲ့ သခင်လေးမလား၊ ဒီမှာ တစ်ယောက်တည်းဘာလုပ်နေတာလဲ”

ထိုမေးခွန်းမေးလိုက်သောအခါ ဂျွန်လင်း၏ မျက်နှာမှ အပြုံးသည် ချက်ချင်းပျောက်သွားကာ  ပြောလေသည် “ငါ သူတို့နဲ့ လောင်းတာ၊ ဒါပေမယ့် ငါရှုံးသွားတယ်၊ ငါ တစ်ယောက်တည်း ဒီမှာ သုံးလနေနိုင်မလားလို့ လောင်းတာ နောက်ဆုံးတော့ ငါ့လှေကို ပင်လယ်သားရဲတွေ ဖျက်ဆီးလိုက်တယ်၊ ပြီးတော့ င့ါမှာ ပျံနိုင်တဲ့ ဝိညာဉ်သားရဲမရှိဘူးလေ၊ အဲဒါကြောင့် ငါဒီမှာနေပြီး ဒီကနေထွက်လို့ရမယ့် နည်းလမ်းကို ရှာခဲ့တယ်၊ ခရီးသွားတွေကို စောင့်ခဲ့တယ်၊ သုံးလကြာတော့ ငါ လူတချို့နဲ့ တွေ့ခဲ့တယ်”

“မင်း ဒီမှာ နှစ်တစ်ဝက်လောက် တစ်ယောက်တည်းနေခဲ့တာလား” ရှီမာယူယူ ထိုလူအား တအံ့တသြကြည့်လိုက်သည်။

ဒီနေရာက အရမ်းအန္တရာယ်များတာမလား။ သူက ဒီမှာ နှစ်တစ်ဝက်လောက် တစ်ယောက် တည်းနေနိုင်တယ်ဆိုတော့ တကယ်စွမ်းတာဖြစ်နိုင်တယ်။

သူမ စဉ်းစားသည်ကို ရှီမာယူလင်း သိသဖြင့် သူပြောလိုက်သည် “သူ စွမ်းအားရှိလို့မဟုတ်ဘူး၊ ထွက်ပြေးတဲ့ နေရာမှာတော့ သူ့စွမ်းရည်က အဆင့်တစ်ပဲ”

“ထွက်ပြေးတဲ့ စွမ်းရည်က အဆင့်တစ်ဟုတ်လား” ရှီမာယူယူ ဂျွန်လင်းအားကြည့်လိုက်သည်။ အခုလေးတင် သူသည် ပြေးသည့်နေရာတွင် တကယ်မြန်သည်ကို သူမ မြင်ခဲ့ရသည်။

“သူ့မှာ ဘယ်လိုစွမ်းအင်မျိုးရှိနေတာပါလိမ့်၊ ဒါပေမယ့် သူ့ကိုဘယ်လောက်လိုက်လိုက် မမိဖူးဘူး” ရှီမာယူလီ ပြောလိုက်သည်။

“တကယ်လား” ရှီမာယူယူ မေးလိုက်သည်။

ထိုဝေဖန်မှုကို အခွင့်ကောင်းယူကာ ဂျွန်လင်းသည်သူ့ရင်ဘတ်အားပုတ်၍ ဂုဏ်ယူစွာပြောလေသည် “ဒါပေါ့ အဲတုန်းက သူတို့က ငါ့ကို လိုက်ဖို့ စံတင်ဝိညာဉ်တွေရော သူတော်စင်ဝိညာဉ်တွေရော လွှတ်လိုက်တာ၊ ဒါပေမယ့် ငါ လွတ်လာခဲ့တယ်”

“စွမ်းအားကောင်းလိုက်တာ”

“ဒါပေါ့”ဂျွန်လင်းသည် ရှီမာယူယူ၏ ပုခုံးအား ထပ်ကိုင်ကာ ပြောလိုက်သည် "နောက်ကိုမင်း အစ်ကိုကြီးနဲ့ ပေါင်းရင်ဒီလိုအမြန်နှုန်းကို ရလိမ့်မယ်လို့ အာမခံတယ်”

“ရွှန်ယွမ်ဆိုင်က သခင်လေးကို လိုက်ပြီး မင်းကိုစိတ်တိုစရာကောင်းအောင် ဘယ်လိုလူတွေလုပ်တာလဲ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်တော် ခင်ဗျားနဲ့ ရောလိုက်ရင်တော့ ကျွန်တော့် တစ်သက်လုံး နှစ်ရက်အတွင်း ပြေးနေရလိမ့်မယ်”

ရှီမာယူယူသည် ဂျွန်လင်းအား အစပိုင်းတွင် စိတ်ဝင်စားကာ သူမသည် ဂျွန်လင်း၏ လှည့်စားမှုကို ခံရမည်ကို ရှီမာယူလင်း စိုးရိမ်ခဲ့သည်။ သို့သော် သူ ပြောသည်ကို ကြားပြီးနောက် သူ စိတ်သက်သာရာရသွားသည်။

အစောင့်များ ထိုပင်လယ်သားရဲများကို ရှင်းလင်းပြီးသည်ကိ ုကြည့်ပြီး သူပြောလိုက်သည် “ပြန်ရအောင် ဘိုးဘိုးကြီးက ငါတို့ကို စောင့်နေတယ်”

“ကောင်းပြီ”

“ဘိုးဘိုးကြီးလည်း လာတာလား၊ ဟားဟား တကယ်လုံခြုံသွားတာပဲ၊ ငါလည်း လိုက်ချင်တယ်” ဂျွန်လင်းသည် သူ့ သဘောအတိုင်း လိုက်လာခဲ့သည်။

သူတို့ပြန်သွားသောအခါ သက်ကြီးဝါကြီးပုဂ္ဂိုလ်သည် ဂျွန်လင်း သူတို့နှင့် ပြန်လာသည်ကို မြင်သောအခါ အနည်းငယ် အံ့သြသွားသည်။ သူကြုံတွေ့ခဲ့ရသော အခက်အခဲများကို နားထောင်ပြီးနောက် ပြောလိုက်သည် “ဒါဆို မင်းငါတို့နဲ့ အရင်လိုက်ခဲ့လိုက်၊ ငါတို့ပြန်သွားရင် မင်းကို ငါတို့နဲ့ အတူခေါ်သွားမယ်”

“ဘိုးဘိုးကြီးကို ကျေးဇူးအများကြီးတင်ပါတယ်” ဂျွန်လင်းသည် အားပါးတရ အရိုအသေပေးလိုက်သည်။

ရှီမာယူယူသည် ရှီမာယူလန်ဘေးလာကာ ပြောလိုက်သည် “ယူလင်းက သခင်လေးကို တကယ်မကြိုက်တဲ့ပုံပဲ ဘာလို့လဲ မင်းသိလား”

ရှီမာယူလန်သည် နှုတ်ခမ်းကွေးကာ ရှီမာယူယူ၏ နားရွက်နားကို လေသံဖြင့် ပြောလိုက်သည် “သူတို့ ပထမဆုံးတွေ့တော့ အစ်ကိုကြီးယူလင်းကို ဂျွန်လင်းက မူးပြီး မိန်းကလေးမှတ်ပြီး လိုက်ခဲ့သေးတာ”

“ဖူး...”

ရှီမာယူယူသည် သစ်သီးဝိုင်အား သောက်နေရာမှ ယူလန်ပြောသည်ကို ကြားပြီးနောက် အားလုံး  ပြန်ထွက်ကုန်လေသည်။

“ဒါဆို ဂျွန်လင်းက ယူလင်းကို နှောင့်ယှက်ခဲ့တယ်လို့ ပြောတာလား” သူမသည် ရှီမာယူလန်အား မျက်လုံးပြူးဖြင့် ကြည့်လိုက်သည်။

“ဟုတ်တယ်” ရှီမာယူလန်သည် ခေါင်းညိတ်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည် “မင်းမသိလို့ အဲတုန်းက အစ်ကိုကြီး ယူလင်းမျက်နှာ မည်းသွားပြီး သူ့ကို ရိုက်တော့တာပဲ၊ နောက်တော့ သူ့ကို မြင်တာနဲ့ အဲလို သုန်မှုန်နေတော့တာပဲ”

ရှီမာယူယူ သူမ မေးစေ့အားကိုင်ကာ ဖြစ်ခဲ့သမျှကို ပုံဖော်ကြည့်နေသည်။

သိက္ခာရှိပြီး အထက်တန်းကျသော အမျိုးသားတစ်ယောက်က သူ့ကို မိန်းကလေးအထင်ခံရပြီး  နှောင့်ယှက်ခြင်းခံရသည်တဲ့။ သူမ မမြင်လိုက်ရတာ နှမြောဖို့ကောင်းလိုက်တာ။

“သြော် ဟုတ်သားပဲ ရွှန်ယွမ်ဆိုင်က ဘယ်လို လွှမ်းမိုးမှုတွေရှိလဲဆိုတာ မင်းသိလား” ရှီမာယူယူ မေးလိုက်သည် “ကြည့်ရတာ အဆင့်တစ်စွမ်းအားထက် ပိုကောင်းမယ်ထင်တယ်”

“ဒါပေါ့”  ရှီမာယူလန်သည် ရှီမာယူယူပြောသည်များကို မငြင်းဆန်ပဲ သူမ သိသလောက်ကို ပြောပြလိုက်သည် “ငါကြားတာတော့ ရွှန်းယွမ်ဆိုင်တွေရဲ့ နောက်ခံအင်အားက ယိလင်းတိုင်းပြည်က မဟုတ်ဘူးတဲ့၊ တော်ဝင်မိသားစုတွေတောင် သူတို့ကို ကမ်းလှမ်းရတယ်၊ ငါတို့ မျိုးနွယ်လို အင်အားအတွက်တော့ နည်းနည်းတော့ သိတာပေါ့”

“အင်း အဲတော့” ရှီမာယူယူ ခေါင်းညိတ်သည်။

“မင်းမှာ ရွှန်းယွမ်ဆိုင်က အပြာကတ်ရှိတယ်မလား၊ အဲဒါ ဘယ်လိုအဖွဲ့အစည်းလဲဆိုတာကို နားမလည်သေးဘူးလား” ရှီမာယူလန် မေးလိုက်သည်။

ရှီမာယူယူ ပြုံးကာ ပြောလိုက်သည် “အဲတုန်းက ဒုံချိန်းတိုင်းပြည်က ထွက်လာတုန်းပဲရှိသေးတယ်၊ အဲမှာ ဘယ်လို စွမ်းအားတွေရှိလဲငါမသိဘူး၊ ဒီတိုင်းတခြား ဆိုင်ခွဲလို့ထင်တာ၊ နောက်တော့ အဆင့်တစ် စွမ်းအားရှင်တွေတောင် အနီကတ်ပဲကိုင်တာလို့ ငါကြားခဲ့တယ်၊ နောက်မှ သူတို့က ကွဲပြားတယ်ဆိုတာ သိခဲ့ရတယ်”

“မင်းဘယ်လိုလုပ် အပြာကတ်ရခဲ့တာလဲ” ရှီမာယူလန် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“သူတို့လေလံပွဲမှာ ဆေးနည်းနည်းတင်လိုက်တာ၊ ငါလည်း သူတို့နည်းလမ်းအတိုင်းဆေးရောင်း ရတယ် နောက်တော့ သူတို့ငါ့ကိုပေးလိုက်တာပဲ” ရှီမာယူယူပြောလိုက် သည်။

“ဒီအတိုင်းလား” ရှီမာယူလန်သည် မယုံကြည်စွာ သူမအားကြည့်လိုက်သည်။ သူက ရွှန်းယွမ်ဆိုင်က အပြာကတ်ကို ဒီအတိုင်းရခဲ့တာလား။

“အဲဆေးနည်းလမ်းက သာမာန်တော့မဟုတ်လောက်ဘူး” ဂျွန်လင်းသည် ရှီမာယူလန်၏ တအံ့တသြအော်သံကိုကြားပြီး လာကာ ပြောလေသည် “လူအများစုကတော့ ဆေးနည်းရောင်းယုံနဲ့ ငါတို့ ကတ်ကို မရကြဘူး”

“ကိစ္စမရှိပါဘူး” ဘာဆေးလဲဆိုသည်ကိုတော့ ရှီမာယူယူ မပြောသော်လည်း ဂျွန်လင်းအား မဖုံးကွယ်နိုင်သည်ဟု သူမ ခံစားမိသည်။ သူမေးရင်းနှင့် ပေါ်သွားနိုင်သည်။

“ဒီနေ့တော့ ကောင်းကောင်းနားလိုက်ဦး၊ မနက်ဖြန်ကို လရှုရှိုက်ပင်ရှာဖို့ ကျွန်းကိုဝင်ရလိမ့်မယ်” သက်ကြီးဝါကြီး ပုဂ္ဂိုလ်သည် ပြောပြီးသည်နှင့် တဲသို့ပြန်သွားလေသည်။

“ငါနားဖို့ သွားတော့မယ်၊ ဂွတ်နိုက်ပါ” ရှီမာယူယူလည်း ထွက်သွားရန် ထလိုက်သည်။

ရှီမာယူလင်းသည်လည်း နှုတ်ဆက်ကာ သူ့တဲသို့ ပြန်သွားလေသည်။

ဂျွန်လင်းသည် မေးစေ့ကိုင်ကာ သူ့မျက်လုံးများသည် အရောင်တောက်လာသည်။

“ဆေးနည်းရောင်းတာနဲ့ အပြာကတ်ရလာတယ်၊ သူဘာရောင်းလိုက်တာလဲ ငါတကယ်သိချင်သွားပြီ၊ ဒါပေမယ့် ငါပြန်တာနဲ့ သိနိုင်တယ်၊ ဒီလူကတော့ တကယ် သာမာန်တော့မဟုတ်ဘူး…”

All Chapters