အပိုင်း(၂၃၈)-လရောင်အောက်မှ လူချောလေး
Vol. 003 Ch. 238
နောက်တစ်နေ့မနက်တွင် သူတို့အဖွဲ့သည် ထုပ်ပိုင်းခြင်းများ ပြီးစီးသွားလေသည်။ သက်ကြီးဝါကြီးပုဂ္ဂိုလ်သည် အဖွဲ့သုံးဖွဲ့ခွဲကာ စတင်ရှာစေသည်။
သူတို့မထွက်ခွာခင် ရှီမာယူယူသည် လရှုရှိုက်အပင်နှင့် တိမ်ပန်းနေဝင်အပင်တို့၏ ပုံစံဆွဲပြပြီး ပျားရည်၏ ထင်ရှားသော လက္ခဏာတို့ကို ပြောပြလေသည်။ ထိုလက္ခဏာရှိသော အပင်များနှင့် ပျားရည်တွေ့ပါက သူမအား ပြန်သတင်းပို့ရန် ပြောထားလေသည်။
သုံးဖွဲ့မှာ သက်ကြီးဝါကြီးပုဂ္ဂိုလ်ဦးဆောင်သော ရှီမာယူယူ၊ ရှီမာယူလန်နှင့် ရှီမာယူလင်းတို့ဖြစ်ကြပြီး ဂျွန်လင်းလည်း ပါဝင်လေသည်။ သူတို့အပါအဝင် သူတို့နောက်တို့ အစောင့်လေးဦးစီ လိုက်ကြလေသည်။
သူတို့ထွက်ခွာပြီး မကြာမီပင် သားရဲတွင်းမှ တစ်စုံတစ်ရာထွက်လာသော အသံပေါ်ထွက်လာသည်။
“လှုပ်ရှားမှုရှိတယ်” သက်ကြီးဝါကြီးပုဂ္ဂိုလ်သည် ရပ်ကာအရှေ့သို့ ကြည့်ပြီးပြောလိုက်သည် “သခင်လေး မင်းဘာသာမင်းဖြေရှင်းနိုင်လား”
ရှီမာယူလင်းသည် မျက်စိမှိတ်ကာ အာရုံခံပြီး ခေါင်းညိတ်ကာ ပြန်ဖြေလေသည် “ကျွန်တော် လုပ်နိုင်ပါတယ်”
ထို့ကြောင့် အားလုံးသည် မိမိနေရာတွင် မလှုပ်မယှက်ရှိနေချိန်တွင် ရှီမာယူလင်းသည် တစ်ယောက်တည်း သွားလေသည်။ သူ အာရုံစူးစိုက်ကာ သူ့ကိုယ်ရောင်ကိုယ်ဝါကို အရှေ့သို့ပစ်လွှတ်လိုက်ရာ လူတစ်ရပ်စာရှိသော မြက်ပင်များအကြားတွင် အဖြူရောင် အလင်းတန်းထိုးထွက်သွားလေသည်။
“ဧရာမ အစိမ်းရောင်မိချောင်း” အစောင့်သည် ထိုဝိညာဉ်သားရဲအားမြင်သောအခါ အံ့သြစွာအော်လိုက် ပြီး ရေရွတ်လိုက်လေသည် “များလိုက်တာ”
ရှီမာယူယူ ကြည့်လိုက်သည်။ ထိုမိချောင်းများသည် အဆင့်သိပ်မမြင့်သောကြောင့် အရေအတွက်များလျှင်လည်း အန္တရာယ်သိပ်မများပေ။
ရှီမာယူလင်းသည် မိချောင်းဆယ်ကောင်ကို တစ်ယောက်တည်း အနိုင်ပိုင်းလေသည်။ သူသည် အလိုက်သင့်စွာပင် မိချောင်းအုပ်စုအလယ်ရွေ့သွားပြီး လှုပ်ရှားမှုမှာလည်း မြန်ဆန်လှသည်။ သူ့လက်ထဲမှ ဓားရှည်သည် ထိုမိချောင်းများကို အပြတ်ဖြုတ်နိုင်လောက်အောင် ထက်လှသည်။
“မင်းလုပ်နိုင်တယ် သခင်လေး” အစောင့်သည် ရှီမာယူလင်း၏ အားကောင်းသော တိုက်ခိုက်မှုစွမ်းရည်ကို မြင်ပြီးနောက် စိတ်လှုပ်ရှားစွာအော်လိုက်လေသည်။
ရှီမာယူလင်း တိုက်ခိုက်သည်ကို မြင်ဖူးခြင်းမှာ ရှီမာယူယူအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ သူ့တိုက်ခိုက်မှုများသည် စေ့စပ်ကာ တစ်ချက်ချင်းစီသည် အလဟသ ဖြစ်မသွားပေ။ ထိုသည်မှာ မီးတောက်တစ်ချက်တောက်သွားသည်နှင့် တူပြီး တစ်ချက်လျှင် တစ်ကောင်သေလောက်အောင် တိကျလွန်းသည်။
“သူ့ရဲ့ တိုက်ပွဲအားက အဲလောက်ကောင်းတယ်…. သူတိုက်ပွဲမှာ အနိုင်များဖူးတဲ့ပုံပဲ၊ တခြား အလိုလိုက်ခံထားရတဲ့ သခင်လေးတို့ သခင်မလေးတို့နဲ့ မတူဘူး”
ရှီမာယူလင်းသည် ဒဏ်ရာတစ်ချက်မရပဲ ထိုမိချောင်းများကို ရှင်းလင်းလိုက်လေသည်။
“မဆိုးဘူး” သက်ကြီးဝါကြီးပုဂ္ဂိုလ်သည် ဂုဏ်ယူစွာ ခေါင်းညိတ်လိုက်သည် “မင်းရဲ့ လက်ရှိအားနဲ့ဆိုရင် မင်းတို့နဲ့ရွယ်တူ တခြားမျိုးနွယ်က မျိုးနွယ်ဝင်တွေနဲ့တွေ့တောင် ပြဿနာမရှိလောက်ဘူး”
ယူလင်းသည် လျှောက်လာကာ သူ့လက်ထဲတွင် ဓားရှည်ကိုကိုင်ထားပြီး ပြောလိုက်သည် “အဲလောက် သေချာမယ်လို့တော့ မထင်ပါဘူး၊ ကျွန်တော် သန်မာလာရင် တစ်ခြားသူတွေလည်း သန်မာလာမှာပဲ၊ အထူးသဖြင့် အဲဒီ နာလန်ဂျေရောပေါ့၊ သူ့ဆီက အမြဲဉာဏ်မမှီပဲ ကပ်သီးကပ်သပ် ခံစားမှုပဲရတယ်”
“နာလန်ဂျေကတော့ အခွင့်အရေးအများကြီးရတယ်၊ ပြီးတော့ သူ့လက်ရှိစွမ်းရည်ကို အမိဖမ်းဖို့ သူ အပြင်ထွက်လာတာကို လူတိုင်းက စောင့်နေကြတာ၊ မျိုးနွယ်ဝင်တိုင်းက သူ့လက်ရှိအဆင့်ကို သိချင်နေကြတာ” သက်ကြီးဝါကြီးပုဂ္ဂိုလ် ပြောလိုက်သည်။
“ဒီတစ်ခေါက်တွေ့ရင်တော့ သူက အကောင်းဆုံးပြိုင်ဘက်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်” ယူလင်း သုံးသပ်လိုက်သည် “အဲဒါကြောင့်ပဲ ကျွန်တော် တိုးတက်အောင်လုပ်ရင် သူ့ကို အနိုင်ရလိမ့်မယ်”
“ဘာတွေ့ဆုံပွဲလဲ” ရှီမာယူယူ မေးလိုက်သည်။
ဂျွန်လင်း ရှီမာယူယူအား ကြည့်ပြီးမေးလိုက်သည် “မင်းတကယ်ပဲ တွေ့ဆုံပွဲကို မသိဘူးလား”
ရှီမာယူယူ ခေါင်းရမ်းကာ ပြောလိုက်သည် “ငါ အခုမှ ဒီရောက်တာလေ၊ တွေ့ဆုံပွဲအကြောင်းကို ဘယ်သူမှ ပြောတာ မကြာဖူးဘူး၊ ဘယ်လို တွေ့ဆုံပွဲလဲ”
“အဲဒါက အင်အားကြီးတွေ တစ်ယောက်နဲ့တစ်ယောက် ပြိုင်တဲ့ တွေ့ဆုံပွဲပဲ၊ သူတို့က အင်အားကြီးတွေကို အဆင့်လိုက်ပြိုင်ရမယ်” ယူလန် ရှင်းပြသည် “အဆင့်တစ်စွမ်းအားရှင်ကို နိုင်ရင် သူက အဆင့်နှစ် စွမ်းအားရှင်ဖြစ်လာမယ်၊ ပြီးတော့ အဆင့်နိမ့်တဲ့သူတွေကလည်း အဆင့်မြင့်တဲ့သူတွေကို စိမ်ခေါ်လို့ ရတယ်၊ တကယ်လို့ သူတို့နိုင်ရင် သူတို့အဆင့်ကို တိုးလို့ရတယ်”
“ငါသိပြီ၊ ဒါဆိုရင် ဒီတွေ့ဆုံပွဲက နေရာတစ်ခုအတွက် ပြိုင်တဲ့ တိုက်ပွဲပဲပေါ့” ရှီမာယူယူ ပြောလိုက်သည် “အဲဒီ နာလန်ဂျေ… ကြည့်ရတာ သူ့မှာ တကယ်ပဲ အရည်အချင်းရှိတဲ့ပုံပဲ”
“အဲလို မပြောလည်း ဖြစ်တော့ ဖြစ်တယ်၊ သူက လွန်ခဲ့တဲ့တစ်နှစ်ကတည်းက အဆင့်လေး ဝိညာဉ်နယ်ရှင်ဖြစ်နေပြီ၊ အခု တစ်နှစ်ပြီးသွားတော့ သူ့ရဲ့ စွမ်းအားကြီးမားနှုန်းကလည်း သေချာပေါက်မြန်လာမှာပဲ” ဂျွန်လင်း ပြောလိုက်သည် “ငါတို့ နောက်ထပ် ၂ နှစ်ထပ်စောင့်လိုက်ရင် သူ သူတော်စင်ဝိညာဉ်ဖြစ်လာလောက်တယ်”
“အစ်ကိုကြီးယူလင်းကလည်း စွမ်းအားကြီးတာပဲ” ရှီမာယူလန် ပြောလိုက်သည် “အစ်ကိုကြီးယူလင်းက နာလန်ဂျေကို နိုင်မယ်လို့ ငါယုံတယ်”
“အင်း မင်းရဲ့ ချောတဲ့ အစ်ကိုကြီးကတော့ သေချာပေါက် အားကောင်းပါတယ်” ဂျွန်လင်း ပြောလိုက်သည် “အခု သူက သူ့အဆင့်ကို မဖော်ပြဘူးလေ၊ ပြီးတော့ သူ့ရဲ့ တကယ့်အင်အားကို ထုတ်မပြဘူး၊ သူ အဆင့်ဘယ်လောက် ရောက်နေလဲ ငါတကယ်မပြောနိုင်ဘူး၊ ဘယ်လောက် ထူးဆန်းလိုက်လဲ”
ရှီမာယူယူသည် ဘာမှမပြောပဲ သူ့အား အထူးတဆန်းကြည့်နေလေသည်။
သူမသည် မိချောင်းအသေကောင်များကို ရှင်းလင်းကာ သူတို့သည် အပြင်ဘက်တွင် ဆက်လက်ရှာဖွေကြသည်။ အဖွဲ့သုံးဖွဲ့သည် တစ်နေ့လုံးရှာဖွေကြသော်လည်း လရှုရှိုက်မြက်ပင်ရော တိမ်ပန်းနေဝင်အပင်ရော ရှာမတွေ့ခဲ့ပေ။
သို့သော် လွယ်လွယ်ကူကူ ရှာဖွေမရသည့် ပစ္စည်းဖြစ်ကြောင်းကို သိသဖြင့် စိတ်မပျက်ပေ။
ညရောက်သောအခါ ရှီမာယူယူသည် တစ်ယောက်တည်း တောင်ထိပ်သို့လာကာ သူမ၏ လိပ်ပြာ စွမ်းအင်ကို လေ့ကျင့်နေသည်။ စခန်းအများစုမှာ တောင်ခြေတွင် အနားယူနေကြသည်။ ရုတ်တရက် သူမ မျက်စိဖွင့်ကာ မေးလိုက်သည် “အစ်ကိုကြီးယူလင်း ဘာလို့ သစ်ပင်အနောက်မှာ ပုန်းနေတာလဲ”
ရှီမာယူလင်း သစ်ပင်အနောက်မှ ထွက်လာကာ ပြောလိုက်သည် “မင်းတစ်ယောက်တည်း ထွက်လာတာမြင်ပြီး မင်းအန္တရာယ်တွေ့နေမှာစိုးလို့”
“ဘိုးဘိုးကြီးနဲ့ တခြားသူတွေက အောက်မှာရှိတယ် ဒီမှာ ဘယ်လိုလုပ်အန္တရာယ်ရှိမှာလဲ” ရှီမာယူယူ လှည့်ကာ မေးလိုက်သည်။
ရှီမာယူလင်းသည် လျှောက်လာကာ မိုးပေါ်တွင် တောက်ပနေသော လအားကြည့်ပြီး ပြောလိုက်သည် “မင်းရဲ့ ထိုးထွင်းဉာဏ်က တကယ်ထက်တာပဲ ငါဒီမှာရှိတာ မင်းသိနေတယ်”
“အဲတော့” ရှီမာယူယူ ပြောလိုက်သည် “မင်း ကိုယ်ရောင်ကိုယ်ဝါကို ဖုံးကွယ်နိုင်တဲ့ မင်းစွမ်းရည်က သန်မာတယ်၊ မင်း ငါနဲ့ မတွေ့ဘူးဆိုရင် အများစုက မင်းကိုမြင်မှာမဟုတ်ဘူး”
“မင်းက မင်းကိုယ်မင်း ချီးကျူးတာလား ငါ့ကို ချီးကျူးတာလား” ရှီမာယူလင်းသည် ပြောရင်း ပြုံးကာ သူမဘေးလာပြီး ထိုင်လိုက်လေသည်။
“ငါတို့နှစ်ယောက်လုံးကိုလေ” ရှီမာယူယူ သူ၏ မဲ့ပြုံးကိုကြည့်ကာ သူမ ဘာသာရေရွတ်လိုက်သည် “ဒီလူက တကယ်ပဲ ဆွဲဆောင်မှုရှိတာပဲ၊ အဲဒါကြောင့်ပဲ ဂျွန်လင်းက သူ့ကို မိန်းကလေးလို့ထင်ပြီး နှောင့်ယှက်တာပဲ”
သူမသည် လရောင်အောက်တွင် လူချောလေးနှင့် ရှိနေသော်လည်း ဝိုင်မရှိသည်ကို နှမြောသဖြင့် သူမသည် ဝိုင်နှစ်ပုလင်းထုတ်ကာ တစ်ပုလင်းအား ရှီမာယူလင်းအား ပေးလိုက်လေသည်။ သူတို့ ပုလင်းအား တိုက်လိုက်ပြီး တစ်ကျိုက်စီသောက်လိုက်ကြသည်။
“ငါမင်းအကြောင့် အမြဲသိချင်နေတာကို မင်းသိလား” ရှီမာယူလင်းသည် ဝိုင်ပုလင်းအားယူကာ ရှီမာယူယူအား ကြည့်ရင်းပြောလေသည်။
“ငါ့အကြောင်း သိချင်တယ်ဟုတ်လား” ရှီမာယူယူ ရှုပ်ထွေးသွားသည်။
“ငါ မင်းအကြောင်းကို လွန်ခဲ့တဲ့ သုံးနှစ်ကသိခဲ့တယ်” ရှီမာယူလင်း ပြောလိုက်သည် “ယူလန် ပြန်လာပြီး အဲနေ့က ဖြစ်ခဲ့တဲ့အကြောင်းကို ငါ့ကို အကုန်ပြောပြတယ်၊ ပြီးတော့ မင်းကြောင့် စိတ်လှုပ်ရှားခဲ့တယ်တဲ့၊ မင်းမိသားစုကို ကာကွယ်တဲ့ စိတ်အားထက်သန်မှုက သူမကို အချိန်အတော်ကြာ ခံစားစေခဲ့တယ်၊ အဲနေ့က မင်းအဘိုးနဲ့ တခြားသူတွေနဲ့အတူ လိုက်ခဲ့ဖို့ကို မင်း ငါ့အဖိုးနဲ့ စိတ်စွမ်းရည်ပြိုင်ခဲ့တယ်လို့ သူမ ပြောတယ်၊ အဲတုန်းက ငါသာ မင်းမိသားစုဖြစ်ခဲ့ရင် ပျော်မှာပဲဆိုတဲ့ ခံစားချက်မျိုးဖြစ်မိတယ်”
ရှီမာယူယူ ပြန်မပြောမိပေ။ သူ ပြောသည်ကို တိတ်ဆိတ်စွာ နားထောင်မိသည်။
“တကယ်တော့ အဲအချိန်ကတည်းက ရွှေမြွေအသီးက မင်းလက်ထဲမှာ ရှိနေပြီးသားမလား” ရှီမာယူလင်းသည် သူမအား မေးလိုက်သော်လည်း သူ့အသံအနေအထားမှာ သေချာနေသလိုပင်။
“ဘာလို့အဲလိုထင်တာလဲ” ရှီမာယူယူ မျက်ခုံးများ ပင့်လိုက်သည်။
“အဲတုန်းက မင်း ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တာလေ၊ မင်း သုံးနှစ်အတွင်း ရွှေမြွေအသီးကို ရမယ်ဆိုပြီး၊ မင်းမှာသာမရှိရင် ဘယ်လိုလုပ် ယုံကြည်မှုအပြည့်နဲ့ ပြောနိုင်မှာလဲ” ရှီမာယူလင်း ဖြေရှင်းသည်။
ရှီမာယူယူ ပြုံးမိသော်လည်း မငြင်းဆန်ပေ။ ထိုအချိန်တွင် ထိုလူသည် ဉာဏ်ပြေးသည်ဟု သူမ တွေးမိလိုက်သည်။
“မင်းက မင်းအဘိုးနဲ့ တခြားသူတွေကို ကာကွယ်ချင်နေတဲ့အချိန်မှာ ငါလည်း ရှီမာမျိုးနွယ်ကို ကာကွယ်ချင်ခဲ့တယ်” အချိန်ခဏကြာပြီးမှ ရှီမာယူလင်း ဆက်ပြောသည် “ငါတို့သာ အဲအချိန်မှာ ကျဆုံးခဲ့ရင် အဆင့်တစ်ကနေ အဆင့်နှစ်ကို ကျသွားတာလောက် မရိုးရှင်းဘူး၊ တခြားအင်အားကြီးတွေ လက်ထဲမှာ အမြစ်ဖြုတ်ခံရလောက်တယ်”
“မင်းတို့အင်အားကြီးအားလုံးရဲ့ အလုပ်လုပ်ပုံကို ငါနားမလည်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါ အဲဒါတွေအပေါ်ကို စိတ်လည်းမဝင်စားဘူး၊ မင်းငါ့ကို ပြောရင်တောင် နားလည်မှာမဟုတ်ဘူး”
ရှီမာယူလင်း အပြုံးများ ပျောက်ကွယ်သွားကာ ပြောလိုက်သည် “မင်းအဲဒါတွေကို စိတ်မဝင်စားတာ ငါသိပါတယ်”
“ဒါဆိုရင် မင်းဘာလို့ ငါ့ကို အဲဒါတွေ ပြောပြနေရတာလဲ” ရှီမာယူယူ နားမလည်တော့ပေ။
ရှီမာယူလင်း သူမအားကြည့်ပြီး လေးနက်စွာပြောလိုက်သည် “ငါ့ကို ကူညီနိုင်မလား မေးချင်လို့ပါ”