← Chapters

တိန်းထျန်းဂေဟာ

Vol. 7 Ch. 624

တိန်းထျန်းဂေဟာ

Vol. 7 Ch. 624

ဆန်းလျန်သည် ပြောပြီးသည်နှင့် လျင်မြန်သည့် ခြေလှမ်းများဖြင့် အရှေ့ဆီသို့ လျှောက်သွားလေသည်။

ဆရာဦးလေးသည် သူမကို စိတ်မပျက်ရန် ပြောသွားသည့်တိုင် ဆရာဦးလေးဖြစ်သူ၏ ကျောပြင်ကို ငေးကြည့်ရင်း သူမသည် အထီးကျန်မှုနှင့် ဝမ်းနည်းမှုများကို ခံစားလိုက်ရလေသည်။

ဆန်းလျန်သည် ချန်ကျန့်မေအတွက် သာမက ကူးချိုင်ဝေ့အတွက်ပါ ဝမ်းနည်း ကြေကွဲနေသည်ကို သူမ နားလည်နိုင်ခဲ့ပါသည်။

ဆရာဒေါ်လေးသည် ဆရာဦးလေးကို ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်ကို စတင်သင်ကြားပေးခဲ့သူ ဖြစ်ကြောင်း ဆရာဦးလေး ပြောသည်ကို အကြိမ်ပေါင်းများစွာ ဖန်းယန်ယင်း ကြားခဲ့ရဖူးလေသည်။ ချင်းရွှမ်နတ်တံခါးတွင် အတူတူ ပညာသင်ကြား ခဲ့ကြသည့် ငယ်ဘဝအချိန်များတွင် ဆရာဒေါ်လေးနှင့် ဆရာဦးလေးသည် အလွန်မှ ချစ်ခင်ရင်းနှီး ခဲ့ကြသည်ကို သံသယဝင်စရာ မရှိခဲ့ပေ။

နောက်ပိုင်းတွင်တော့ ဆရာဦးလေးသည် ဆရာဒေါ်လေး ကူးချိုင်ဝေ့ လိုက်မမီနိုင်သည့် အဆင့်ထိ ကျင့်စဉ်လမ်း အဆင့်တက်သွား ခဲ့လေသည်။ ဆရာဒေါ်လေးသည် သူမသင်ပြပေးခဲ့ရသည့် မောင်ငယ်ကို မည်သည့်အခါမှ လိုက်မမီနိုင်တော့ပေ။

ချန်ကျင်းချင်နှင့် ဖန်းယန်ယင်းတို့သည် ဆန်းလျန်နောက်မှ လိုက်ပါ လာကြလေသည်။

ချန်ကျင်းချင်က ဖန်းယန်ယင်းဆီသို့ စိတ်စွမ်းအား ပို့လွှတ်ကာ စကားပြော လိုက်လေသည်။

"ဆရာက ဘာလို့ ဂိုဏ်းတူညီမလေး ရော့ရှီအကြောင်းကို မမေးရတာလဲ"

ဖန်းယန်ယင်းကလည်း စိတ်စွမ်းအားဖြင့်ပင် ပြန်ဖြေလိုက်လေသည်။

"ဆရာဦးလေးရဲ့ အဆင့်နဲ့ ဆိုရင် ချင်းရွှမ်နတ်တံခါးရဲ့ ကိစ္စမှန်သမျှ ဘယ်အရာမှ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး၊ ဂိုဏ်းတူညီမလေးရော့ရှီ အကြောင်းကို စိတ်အာရုံနဲ့ ဆရာဦးလေး သိပြီးလောက်ပြီ၊ ဒါပေမဲ့ ငါတို့ကို မပြောချင်လို့ ဖြစ်ရမယ်"

ချန်ကျင်းချင် အသံတိတ် သွားလေသည်။

ချန်ကျင်းချင်သည် တပည့်တစ်ယောက် အနေဖြင့် ကူးချိုင်ဝေ့ကိုလည်း အသက်ရှင်သန်စေရန် မတတ်နိုင်ခဲ့သလို ညီမလေး ရော့ရှီကိုလည်း တံခါးပိတ် ကျင့်ကြံခြင်းမပြုလုပ်ရန် တားဆီးမရနိုင်ခဲ့ပါချေ။ သူသည် ဆရာဖြစ်သူကို မျက်နှာချင်းပင်မဆိုင်ဝံ့ ဖြစ်နေရလေသည်။

ဆန်းရော့ရှီ တစ်ယောက်တည်း တံခါးပိတ် ကျင့်ကြံနေခြင်းနှင့် ပတ်သက်ပြီး ဖန်းယန်ယင်းသည် မည်သည့် ထင်မြင်ချက်မှ မပေးခဲ့ပါ။ မဖြစ်နိုင်သည့်အရာကို ဖြစ်အောင် လုပ်ကြသူများသည် ကျင့်ကြံသူများဖြစ်သည်ဟု ဆရာဦးလေး ပြောခဲ့သလိုပင် ညီမလေး ရော့ရှီသည်လည်း သူမ၏ ကိုယ်ပိုင်ရွေးခြယ်မှုဖြင့် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ဟန်တူလေသည်။ အပြင်လူများ အနေဖြင့် မည်သို့ ပါဝင် ပတ်သက်နိုင်ပါမည်နည်း။

ဖန်းယန်ယင်းသည် ချန်ကျင်းချင်ထက်ပိုပြီး ကိစ္စရပ် အတော်များများကို သိမြင်နိုင်ခဲ့လေသည်။

ဂိုဏ်းတူညီမလေး ရော့ရှီသည် နတ်ဘုရားတစ်ပါး အဖြစ် အဆင့်တက်ရောက်ပြီးသည့် နောက်ပိုင်း ထူးဆန်းသည့် အပြုအမူများကို မကြာခဏ ပြုလုပ်လေ့ရှိလေသည်။ ညီမလေးရော့ရှီ တံခါးပိတ် မကျင့်ကြံခင်က အပြင်သို့ တစ်ကြိမ် ထွက်လာခဲ့သေးသည်။ ထိုအချိန် ကတည်းကပင် သူမသည် အနည်းငယ် ထူးဆန်းနေခဲ့လေသည်။

ချန်ကျင်းချင်ကတော့ သူမကျင့်ကြံသည့် အိပ်မက်လိပ်ပြာ ကျင့်စဉ်ကြောင့် ထူးဆန်းနေခြင်း ဖြစ်နိုင်သည်ဟု ယူဆခဲ့လေသည်။ သို့သော် … ဖန်းယန်ယင်းကတော့ ရော့ရှီတွင် ပြဿနာတစ်စုံတစ်ခု ရှိနေသည်ကို ဓားသွားကဲ့သို့ ထက်မြက်သည့် စိတ်ထားဖြင့် သိရှိခဲ့လေသည်။

ထို့ကြောင့် ရော့ရှီ တစ်ယောက်တည်း ကျင့်ကြံမှု မပြုခင်အချိန်တွင် သူမက မေးမြန်းကြည့်ခဲ့လေသည်။ ရော့ရှီကလည်း သူမကို ဖုံးကွယ်ထားခြင်းမရှိပါ။

ရော့ရှီသည် လူပြန်ဝင်စားသည့် ယွမ်ကျွင်းဧကရီ၏ ဉာဏ်စဉ်တစ်ခု ဖြစ်သည်ဆိုသည့် အချက်ကို ဖန်းယန်ယင်းကို ပြောပြခဲ့လေသည်။ ထို့ကြောင့် ထိုက်စု နတ်ဘုရားဂိုဏ်းမှ ထျန်းမုန့်နတ်သမီးသည် သူမ၏ နှလုံးသားထဲတွင် နှလုံးသား စည်းချက်ကျင့်စဉ်ကို စိုက်ပျိုး ပေးခဲ့လေသည်။ ထိုကျင့်စဉ်ကို ဖျက်ဆီးပစ်လိုက်သည့် တိုင်အောင် သူမ၏ တာအိုနှလုံးသားတွင် အပေါက်တစ်ခု ဖြစ်နေခဲ့လေသည်။ အိပ်မက်လိပ်ပြာ ကျင့်စဉ်သည် ပြဿနာများစွာကို ဖြေရှင်းပေးခဲ့သည့်တိုင် ထိုအပေါက်ကိုတော့ ပျောက်ကွယ်သွားအောင် လုပ်နိုင်စွမ်းမရှိခဲ့ပေ။

ထိုနေ့က သူမသည် ထျန်းမုန့်နတ်သမီးနှင့် တိုက်ခိုက်ရန် ထွက်လာခဲ့ခြင်း ဖြစ်လေသည်။

တိုက်ပွဲတွင် ထျန်းမုန့်နတ်သမီးသည် ထင်မှတ်မထားသည့် တန်ပြန်တိုက်ခိုက်မှု တစ်ခုကို ပြုလုပ်ခဲ့လေသည်။ ထျန်းမုန့်နတ်သမီးသည် သေခြင်းတံခါးဝကို ဖွင့်လှစ်ပြီး ထိုက်စုယွမ်ကျွင်း၏ ဉာဏ်စဉ် အသိတရားတစ်ခုကို ဆင့်ခေါ်ခဲ့လေသည်။

အိပ်မက်လိပ်ပြာ ကျင့်စဉ်သည် အံ့သြစရာ ကောင်းလွန်းသည့် ထိပ်တန်းအဆင့် ကျင့်စဉ်တစ်ခုဖြစ်ပြီး ထိုကျင့်စဉ်ထက် ပိုမိုအဆင့်မြင့်သည့် “နှလုံးသားနှင့် ဝိညာဉ်ကျင့်စဉ်” လောကတွင် မရှိနိုင်ပေ။ မဟုတ်ပါက ရော့ရှီသည် အစောကြီး ကတည်းကပင် ထိုက်စုယွမ်ကျွင်း၏ ကိုယ်ပွားဖြစ်လာမည် ဖြစ်လေသည်။

အမှန်တော့ ရော့ရှီနှင့် ထိုက်စုယွမ်ကျွင်းသည် တစ်ယောက်တည်း ဖြစ်လေသည်။

သို့သော် … သူမသည် ထိုက်စုယွမ်ကျွင်းနှင့် ပေါင်းစည်းမိခြင်း မရှိသေးပေ။ ထို့ကြောင့် တစ်သားတည်း မဖြစ်သေးပဲ ခန္ဓာကိုယ်(၂)ခု ကွဲနေသကဲ့သို့ ဖြစ်နေရလေသည်။ ထို့ကြောင့် ရော့ရှီသာ ထိုက်စုယွမ်ကျွင်း ဖြစ်လိုသည့် ဆန္ဒမရှိသရွေ့ ကာလပတ်လုံး သူမသည် ထိုက်စုယွမ်ကျွင်းနှင့် ပေါင်းစည်းမိမည် မဟုတ်ပေ။

ထို့ကြောင့် သူမသည် ကိုယ်တိုင်ကိုယ်ပိုင် ဖြစ်ရန်အတွက် တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံပြီး အဖြေရှာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။

သူမ၏ မူလဝိညာဉ်ခန္ဓာကို မရှိမှုအဖြစ်သို့ ပြောင်းလဲလိုက်လျှင် သူမ၏ ရုပ်ခန္ဓာတည်ရှိမှုသည် အိပ်မက်တစ်ခုပမာ ဖြစ်လေသည်။ ထိုအိပ်မက်ကမ္ဘာတွင် သူမသည် ထျန်းမုန့်နတ်သမီး ဆင့်ခေါ်ထားသည့် ထိုက်စုယွမ်ကျွင်း၏ ဉာဏ်စဉ် အသိတရားဖြင့် တိုက်ခိုက် နေခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် အိပ်မက်ကမ္ဘာသည် ဖြစ်နိုင်ချေများစွာ ရှိလေသည်။ ထို့ကြောင့် အိပ်မက်ကမ္ဘာသည် ထိုက်စုယွမ်ကျွင်းကို တိုက်ခိုက်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်လေသည်။ ကံကောင်းထောက်မစွာဖြင့် အိပ်မက်ကမ္ဘာတွင် သူမသာ အနိုင်ရခဲ့လျှင် ပြန်လည် နိုးထလာနိုင်မည် ဖြစ်လေသည်။ မဟုတ်ပါက သူမသည် အိပ်မက်ကမ္ဘာတွင် ထာဝရ ပိတ်မိနေမည် ဖြစ်လေသည်။

ထိုကိစ္စတွင် သူမကို မည်သူမှ မကူညီနိုင်ပေ။ သူမကိုယ်သူမသာ ကူညီနိုင်မည် ဖြစ်လေသည်။

ဖန်းယန်ယင်း တွေးသည်မှာ မှန်ကန်လေသည်။

ဆန်းလျန်သည် သူ၏ နတ်ဘုရားစိတ်အာရုံများ အားလုံးကို ချင်းရွှမ်တောင် တစ်ခုလုံးသို့ ဖြန့်ကြက်လိုက်လေသည်။ ထိုအခါ ရော့ရှီသည် တံခါးပိတ် ကျင့်ကြံနေသည်ကို သတိပြု လိုက်မိလေသည်။ ထို့ပြင် ရော့ရှီ၏ အခြေအနေကိုလည်း သူရှင်းလင်းစွာ သဘောပေါက် လိုက်ရသည်။

ဆန်းလျန်ကိုယ်တိုင် သည်လည်း အိပ်မက်လိပ်ပြာ ကျင့်စဉ်ကို နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့သူဖြစ်လေရာ  ရော့ရှီ တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်ချက် ချလိုက်ရသည့် အကြောင်းရင်းကိုပါ ချက်ချင်း သိရှိလိုက်လေသည်။ သို့သော် … ရော့ရှီနှင့် ဆန်းလျန်သည် ဆွေမျိုးတော်စပ်သူများ ဖြစ်လေသည်။ ထို့ကြောင့် ချင်းရွှမ်နှင့် မသက်ဆိုင်သည့် မိသားစုကိစ္စများကို ဆန်းလျန်သည် ချန်ကျင်းချင်နှင့် ဖန်းယန်ယင်းတို့ကို မေးမြန်းခြင်းမပြုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။

စိတ်ခံစားချက်များ နောက်သို့သာ လိုက်နေလျှင် အဘယ်မှာ ဆန်းလျန် ပီသပါတော့မည်နည်း။

ရော့ရှီ၏ကိစ္စကို နောက်မှ ဖြေရှင်းပေးတော့မည်ဟု ဆန်းလျန် ဆုံးဖြတ်ချက် ချလိုက်လေသည်။

ယခုတော့ … သူသည် ချင်းရွှမ်နတ်တံခါးမှ တပည့်များနှင့် ဆရာသခင်များကို "ဆန်းလျန်ပြန်လာပြီ" ဆိုသည့် သတင်းကောင်းကို အရင်ကြေညာရမည် မဟုတ်ပါလား။

***

လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက နတ်ဘုရားများနှင့် ကျင့်ကြံသူဂိုဏ်းများ အကြားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့လေသည်။ ထို့ကြောင့် ဝိညာဉ်စွမ်းအား ပစ္စည်းများလည်း တန်ဖိုးကျဆင်း ခဲ့ရလေသည်။ ထို့နောက်တွင်တော့ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် ဝိညာဉ်စွမ်းအား ပစ္စည်းများကို ကုန်သွယ်မှုတွင် အသုံးပြုလာ ခဲ့ကြလေသည်။

ရွှမ်ထုန်နတ်မိစ္ဆာ ဘုရင်သည် ဝိညာဉ်စွမ်းအား ပစ္စည်းများကို ကုန်သွယ်မှုတွင် ကျွမ်းကျင်သူဖြစ်ရကား နတ်ဘုရား ဈေးပွဲတော်ကို အသွင်ပြောင်းပြီး လင်ယန်နန်းတော်ကို တည်ဆောက်ခဲ့လေသည်။ ထိုနေရာတွင် နေ့နေ့ညည ကျင့်ကြံသူများဖြင့် စည်ကား သိုက်မြိုက်လျက် ရှိလေသည်။

လင်ယန်နန်းတော်သည် ဂုဏ်သတင်းကြီးမားသည့် အတွက် ကျင့်ကြံသူများနှင့် နတ်မိစ္ဆာများအားလုံး လွတ်လပ်စွာ အရောင်းအဝယ် ပြုလုပ်နိုင်လေသည်။

ထို့ကြောင့် လွန်ခဲ့သည့် နှစ်များအတွင်းတွင် နတ်ဘုရားအဖြစ် အဆင့်တက်ရောက်နိုင်သူများ မများလှသော်လည်း လင်ယန်နန်းဆောင်တွင် ဝိညာဉ်ပစ္စည်းများ ရောင်းဝယ် ဖောက်ကားသည့် ကျင့်ကြံသူများကတော့ အလွန်မှ များပြားခဲ့လေသည်။

ထို့ပြင် လင်ယန်နန်းတော်သည် အမှောင်မိစ္ဆာသခင် ပြုလုပ်ထားခဲ့သည့် ရေကန်မှ ဆက်သွယ်ရေး နည်းစနစ်ကို သုတေသနပြုပြီး ထပ်မံတိုးချဲ့ကာ အသုံးပြုခဲ့လေသည်။ ထို့ကြောင့် လင်ယန်နန်းဆောင်၏ ဆက်သွယ်ရေး စနစ်သည် ယခင်အချိန်ကထက် ပိုမိုမြန်ဆန်ပြီး ထိရောက်မှုလည်း ရှိလာခဲ့လေသည်။

ယနေ့ခေတ် ကျင့်ကြံသူ လောကသည် ယခင်အချိန်အခါနှင့် နှိုင်းယှဉ်လျှင် များစွာ အဆင့်မြင့်ပြီး သာယာဝပြောလာခဲ့ပြီ ဖြစ်လေသည်။

အတိတ်တစ်ချိန်က … လော်ဝါဒဂိုဏ်းကြီး၏ ဌာနချုပ်ဖြစ်သည့် ကျီမော့တောင်ထိပ်သည် လော်ဝါဒဂိုဏ်းကြီး ပျက်စီး သွားပြီးသည့်နောက် လင်ယန်နန်းတော်၏ အကြီးမားဆုံး ကုန်သွယ်မှု နေရာကြီး ဖြစ်လာခဲ့လေသည်။ ကျင့်ကြံသူများသည် ထိုနေရာတွင် သေမျိုးလောကမှ လူသားများအလား တဝုန်းဝုန်း တရုန်းရုန်းဖြင့်သွားလာ လှုပ်ရှားလျက် ရှိကြလေသည်။

သို့သော် … ကျင့်ကြံသူများ အတွက် လိုချင် တပ်မက်စရာများနှင့် ပြည့်နှက်နေသည့် လင်ယန်နန်းတော်တွင် သွားချင်တိုင်း မသွားနိုင်သည့် ဂုဏ်သရေရှိ နေရာများလည်း များစွာ ရှိနေပါသေးသည်။ ထိုနေရာများထဲတွင် တိန်းထျန်းဂေဟာ သည်လည်း အပါအဝင် ဖြစ်လေသည်။

ထိုနေရာသည် အလွန်သာယာသည့် နေရာတစ်ခု ဖြစ်လေသည်။

ဂေဟာအပေါ်ဆုံးထပ်မှ ကြည့်မည်ဆိုလျှင် မြူခိုးများနှင့် နှင်းမှုန်များမှလွဲပြီး မည်သည့်အရာကိုမှ တွေ့မြင်ရပြီး နတ်ဘုံနတ်နန်းအလား ခံစားရမည် ဖြစ်လေသည်။

အဆင့်မြင့် အိမ်တော်များမှ မိသားစုဝင်များ၊ တန်ခိုးစွမ်းအား မြင့်မားသည့် ကျင့်ကြံသူများနှင့် နောက်ခံဇာစ်မြစ် ကောင်းကောင်းရှိသည့် သူများသာ တိန်းထျန်းဂေဟာသို့ ဝင်ခွင့်ရကြလေသည်။ ထို့ပြင် ထိုနေရာတွင် ပြောဆို ဆွေးနွေးကြသည့် ကိစ္စရပ်များမှာလည်း ကျင့်ကြံသူ လောကမှတွင် ဖြစ်ပျက်နေသည့် အရေးကြီး ကိစ္စကြီးများသာလျှင် ဖြစ်လေသည်။

ယနေ့တွင်တော့ …

တိန်းထျန်းဂေဟာတွင် ကျင့်ကြံသူ တစ်ယောက်က ဟောပြောမှုများ ပြုလုပ်နေပြီး အခြားသော ကျင့်ကြံသူများက နားထောင် နေကြလေသည်။

ထိုကျင့်ကြံသူသည် တစ်ချိန်တုန်းက ကျော်ကြားခဲ့သည့် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် ဆန်းကျန်းရန် နတ်ဘုရား အကြောင်းကို ဟောပြောနေခြင်း ဖြစ်လေသည်။ ဆန်းကျန်းရန်သည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက ပျောက်ကွယ်သွားခဲ့ပြီး ယခု ချင်းရွှမ်နတ်တံခါးသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

ဟောပြောနေသူမှာ ချင်းရွှမ်နတ်တံခါးနှင့် နီးစပ်သူတစ်ယောက် ဖြစ်ပြီး အဆင့်မြင့် အိမ်တော်တစ်ခုမှ မိသားစုဝင် တစ်ယောက်လည်း ဖြစ်လေသည်။ ထိုကျင့်ကြံသူသည် ဆန်းကျန်းရန်နတ်ဘုရား ပြန်လည် ရောက်ရှိလာသည်ကို ကိုယ်တိုင် မျက်မြင်တွေ့ကြုံရခြင်း မရှိသည့်တိုင် မျက်မြင်တွေ့ခဲ့ရသည့် အလား စိတ်အား ထက်သန်စွာဖြင့် ပြောပြနေလေသည်။

“ကျုပ်က ဘယ်တုန်းကမှ မမှန်တဲ့စကားတွေကို မပြောတတ်ဘူးဆိုတာ ခင်ဗျားတို့လည်း သိတာပဲ၊ ချန်ကျန်းရန်နတ်ဘုရား ချန်ကျင်းချင်က သူရဲကောင်း တစ်ယောက်ဆိုတာ လူတိုင်းသိတာပဲ၊ ကျင့်ကြံသူလောကမှာ ချန်ကျန်းရန်နတ်ဘုရား ဆိုတာ ထိုက်စန်းတောင်လို ခိုင်မာပြီး ပေသိုကြယ်စင်လို တောက်ပနေတဲ့ နတ်ဘုရားတစ်ပါး လို့တောင် ပြောနိုင်ပါတယ်၊ ဒါပေမဲ့ အဲဒီနေ့ကတော့ ချန်ကျန်းရန် နတ်ဘုရားဟာ သူ့ဆရာဖြစ်တဲ့ ဆန်းကျန်းရန် နတ်ဘုရားရဲ့ဘေးမှာ ကုတ်ကုတ်ကလေး ငြိမ်နေတာပဲ၊ အိမ်မှာဆိုရင် ကျုပ်အဖေအနားကို ကျုပ်ရောက်နေသလို ပေါ့ဗျာ၊ ကိုယ့်ဆရာဆိုတော့ လေးလေးစားစား ရှိရတာပါ၊ ဒါပေမဲ့ ကျုပ်ပြောချင်တာက ချန်ကျန်းရန် နတ်ဘုရား အဲဒီလို ကုတ်ကုတ်ကလေး ဖြစ်နေရတာက သူ့ရဲ့ဆရာကို ရိုသေလေးစားရုံသာ မကဘူး၊ ဆန်းကျန်းရန် နတ်ဘုရားရဲ့ ကျင့်ကြံခြင်းအဆင့်က ချန်ကျန်းရန်နတ်ဘုရားနဲ့ ယှဉ်လိုက်ရင် မိုးနဲ့မြေလို ကွာခြားနေတယ်လေ၊ အဲဒီတော့ ချန်ကျန်းရန် နတ်ဘုရားဟာ ဆန်းကျန်းရန် နတ်ဘုရားကို ဘယ်လိုလုပ် မလေးစားပဲ နေရဲမှာတဲ့လဲဗျာ"

"ဒီတစ်ခါ ကျုပ်အဒေါ်ရဲ့ယောက်ျား ပြောတာက ဆန်းကျန်းရန် နတ်ဘုရားက ချန်ကျန်းရန် နတ်ဘုရားကို ချင်းရွှမ်က ကျင့်ကြံသူတွေ အားလုံးကို တောင်ပေါ်မှာ တွေ့ဆုံဖို့ လူစုခိုင်းတယ်ဆိုပဲ၊ ကြည့်ရတာ ဆန်းကျန်းရန် နတ်ဘုရားက တစ်ခုခု ပြောစရာရှိပုံရတယ်၊ ပြီးတော့ ဆန်းကျန်းရန် နတ်ဘုရားဆိုတာ လောကတစ်ခွင်မှာ ကိုယ်ကျင့်တရား အကောင်းဆုံး နတ်ဘုရားတစ်ပါးပဲ မဟုတ်လား၊ နှောင်းပိုင်း မျိုးဆက်ဖြစ်ဖြစ်၊ လက်ရှိမျိုးဆက်ပဲ ဖြစ်ဖြစ်၊ လွန်ခဲ့တဲ့ မျိုးဆက်ပဲဖြစ်ဖြစ် ကျင့်စဉ်လမ်းနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ၊ အရှုပ်အထွေးတွေကို ဆန်းကျန်းရန် နတ်ဘုရားကို သွားမေးမယ်ဆိုရင် သူက ရိုးသားဖြောင့်မတ်စွာနဲ့ သေသေချာချာ သင်ပြပေးလေ့ ရှိတယ်၊ သူက လုံးဝ အတ္တမကြီးဘူး၊ တစ်ကိုယ်ကောင်းလည်း မဆန်ဘူး၊ ဒီတစ်ခေါက် ဆန်းကျန်းရန်နတ်ဘုရား ပြန်လာတာ ကံကောင်းရင် ကျင့်စဉ်လမ်းနဲ့ ပတ်သက်တဲ့ အခက်အခဲ အရှုပ်အထွေးတွေကို မေးခွင့်ရချင်မိတယ်၊ သူ့ဆီက ကြားရတဲ့ သင်ပြပေး မှုတစ်ခုက ပြဒါးဆေးထက်တောင် တန်ဖိုးရှိသေးတယ်”

ဟောပြောနေသည့် ကျင့်ကြံသူသည် အပြောကောင်းသူ တစ်ယောက် ဖြစ်လေသည်။

ထိုကျင့်ကြံသူ၏ မျိုးနွယ်မှာ “ကျား” ဖြစ်ပြီး သူသည် မြင့်မြတ်သည့်မျိုးနွယ်မှ ဆင်းသက်လာသူ တစ်ယောက် ဖြစ်လေသည်။

ကျားအိမ်တော်သည် ကျင့်ကြံခြင်းလောကသို့ မဝင်ရောက်မီ ကတည်းကပင် ဂုဏ်သတင်း ထင်ရှားသည့် အိမ်တော်တစ်ခု ဖြစ်လေသည်။

နောက်ပိုင်းတွင်တော့ ကျားအိမ်တော်မှ လူငယ်လေး ကျားယိလီကို ဘိုးဘေးတစ်ဦး ဖြစ်သည့် တာအိုဆရာယွိက ချင်းရွှမ်နတ်တံခါးသို့ ခေါ်ဆောင် သွားခဲ့လေသည်။ ထိုအချိန်မှစပြီး ကျားအိမ်တော်သည် ချင်းရွှမ်နတ်တံခါးမှ စန်းရှောင်ကျင့်စဉ်၏ အမွေဆက်ခံသူများ ဖြစ်လာခဲ့လေသည်။ လော်ဝါဒဂိုဏ်းကြီးကို တိုက်ခိုက်သည့်အချိန်တွင် ကျားအိမ်တော်၏ သတ္တိရှိမှုကြောင့် သူတို့၏ ဂုဏ်သတင်းသည် မြင့်မားသည်ထက် မြင့်မားလာခဲ့လေသည်။ ကျားအိမ်တော်သည် အရှေ့ချင်းရွှမ်ဒေသတွင် လူသိများပြီး မိုးကြိုးတန်ခိုး စွမ်းအားကျင့်စဉ် ပညာတွင် ထိပ်တန်းအဆင့် ဖြစ်လေသည်။

အရှေ့ချင်းရွှမ်ဒေသသည် ထျန်းဟွာနယ်ကို တိုက်ခိုက်ရန်အတွက် လော်ဝါဒဂိုဏ်းကြီး တပ်ဆွဲခဲ့ရာနယ်မြေလည်း ဖြစ်လေသည်။

ကျားအိမ်တော်မှ လူများသည် သူတို့၏ဘိုးဘေးများကို အလွန်အမင်း ချီးကျူးဂုဏ်ဖော်ကြပြီး  မိုးကြိုးတန်ခိုးစွမ်းအား သည်ပြိုင်ဘက်ကင်းသည် ဟုလည်း အမြဲတမ်း ပြောကြလေသည်။ လော်ဝါဒမှ အစွမ်းထက်သူများပင်လျှင် ကျားအိမ်တော်မှ လူများကို ယှဉ်ပြိုင်နိုင်ကြခြင်းမရှိကြပေ။

ချင်းရွှမ်နတ်တံခါးသို့ ရောက်ရှိသွားခဲ့သည့် ကျားအိမ်တော်မှ ဘိုးဘေးဖြစ်သည့် ကျားယိလီသည် ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် (၈)ဆင့်ဖြင့် တက်ရောက် နိုင်ခဲ့သော်လည်း ဖော့ဝမ့်အဆင့်သို့ ရောက်ရှိသည်အထိ ကျင့်ကြံနိုင်ခဲ့ခြင်း မရှိပေ။

ထို့ကြောင့် ချင်းရွှမ်နတ်တံခါးမှ ဘိုးဘေးဖြစ်သူ ကျားယိလီ ကွယ်လွန် သွားပြီးသည့်နောက် ကျားအိမ်တော်၏ဂုဏ် သတင်းမှာလည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့ ပြန်လေသည်။ မည်သို့ပင်ဖြစ်စေ ကျားအိမ်တော်သည် ချင်းရွှမ်နတ်တံခါး၏ အနွယ်တော် ဖြစ်နေသေးသည်။

ထို့ပြင် သူ၏ဘိုးဘေးဖြစ်သူ ကျားယိလီသည် ကျားအိမ်တော်မှ ဦးလေးတစ်ယောက်ကို ချင်းရွှမ်နတ်တံခါးသို့ တပည့်အဖြစ် ခေါ်ဆောင် သွားခဲ့ပြန်လေသည်။ ထိုဦးလေးဖြစ်သူသည် ထူးခြားသည့် အရည်အချင်းများဖြင့် ပြည့်ဝပြီး လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဟိုင်သန်းအဆင့်ကို ပုံပြောင်းအဆင့် (၇)ဆင့်ဖြင့် တက်ရောက် နိုင်ခဲ့လေသည်။

ထို့ကြောင့် ကျားအိမ်တော်၏ ဂုဏ်သတင်းသည် ပြန်လည် ထွန်းတောက် လာခဲ့ပြန်လေသည်။

"အစ်ကိုကျား၊ အစ်ကိုပြောတဲ့ အတိုင်းသာဆိုရင် ဆန်းကျန်းရန်နတ်ဘုရားက တန်ခိုး အရမ်းကြီးတယ်ဆိုတာ အမှန်ပါပဲ၊ ဒါပေမဲ့ သူသင်ပြပေးတာ ကတော့ ရွှမ်ထျန်းနတ်ဘုရား ဂိုဏ်းက ရှန်စန်းကျန်းရန်လုကျိုးယွမ်ကို မီနိုင်မယ်မထင်ပါဘူး၊ ပြီးတော့ ဆန်းကျန်းရန် နတ်ဘုရားမှာ ချန်ကျန်းရန် နတ်ဘုရားလို အရမ်းတော်တဲ့ တပည့်ကောင်း တစ်ယောက် ရှိတယ်ဆိုတာကလည်း ချန်ကျန်းရန် နတ်ဘုရားက မွေးရာပါ တာအိုခန္ဓာပိုင်ရှင်ဆိုတာ ကိုလည်း မမေ့နဲ့ဦးလေ၊ ကျုပ်တို့လို သာမန်ကျင့်ကြံသူတွေနဲ့ ယှဉ်ရင် သူက တာအိုကျင့်စဉ်လမ်းကို လျှောက်လှမ်းဖို့ ပိုပြီးလွယ်ကူတာပေါ့၊ ပြီးတော့ ရှန်စန်းကျန်းရန်လုကျိုးယွမ်ရဲ့ တပည့်(၉)ယောက်ဆိုရင် အကုန်လုံး နတ်ဘုရားတွေ ဖြစ်ကုန်ကြပြီ၊ ဝမ်ကျန်းရန်ဝမ်ရှီတောက်နဲ့ စုန့်ချင်းယီတို့ ဆိုရင်လည်း ဆန်းကျန်းရန် နတ်ဘုရားကို မမီပေမဲ့ တန်ခိုးစွမ်းအား ဘယ်လောက် မြင့်မားကြသလဲ၊ ကျုပ်သိသလောက်တော့ တာအိုကျင့်စဉ်တွေ သင်ပြပေးတဲ့နေရာမှာ ရှန်စန်းကျန်းရန်လုကျိုးယွမ်ကို ဘယ်သူမမှ မမီနိုင်ပါဘူးကွာ …”

ကျားအိမ်တော်မှ ကျင့်ကြံသူ ဟောပြောသည်ကို နားထောင်နေသည့် ကျင့်ကြံသူစကားဝိုင်းတွင် လူတစ်ယောက်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။

***

All Chapters