← Chapters

အခန်း (၆၉၅-၆၉၆)

Vol. 58 Ch. 695-696

အခန်း (၆၉၅-၆၉၆)

Vol. 58 Ch. 695-696

အခန်း ၆၉၅ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး

ဤအနက်ရောင်ဝတ်စုံနှင့် အဘိုးအိုမှာ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ်၏ နောက်ကွယ်ရှိ အကြီးမားဆုံးသော ကျောထောက်နောက်ခံ ဖြစ်ပြီး ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ဟု လူသိများ၏။

ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဟူသော ဘွဲ့နာမကို ရှုံးနိမ့်ဖခြင်းကင်းမဲ့သော ဧကရာဇ် မျိုးနွယ်စု ၏ မျိုးဆက်တိုင်းရှိ ဧကရာဇ် ဆက်ခံသူများအား ပေးအပ်လေ့ရှိပြီး ထိုမျိုးနွယ်စုတွင် ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် မျိုးဆက်ပေါင်းများစွာ ရှိခဲ့ပြီး ဖြစ်သည်။

ရွယ်တူများကြားတွင် ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဟူသော ဘွဲ့နာမကို ရရှိခြင်းက တာအိုဧကရာဇ် တစ်ပါး၏ လမ်းကြောင်းကို သေချာပေါက် ရရှိခြင်းနှင့် အတူတူပင် ဖြစ်ပြီး ၎င်း၏ အကြောင်းရင်းမှာ အမတဧကရာဇ် မျက်လုံး ကြောင့်ပင်။ ထိုဘွဲ့နာမကို ရရှိခြင်းက ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ထံမှ အမတဧကရာဇ် မျက်လုံးကို အမွေဆက်ခံခွင့် ရရှိစေသည်။

ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် မျိုးနွယ်စုပင်လျှင် အမတဧကရာဇ် မျက်လုံး၏ တည်ရှိမူအကြောင်းကို မသိရှိကြချေ။ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် က ထုတ်ဖော်ပြသ၍ မရနိုင်သော တားမြစ် စွမ်းအားတစ်ခုကို ကိုင်စွဲထားကြောင်းကိုသာ မျိုးနွယ်စုဝင်များက သိရှိကြပြီး သူတို့က ဤလျှို့ဝှက်ချက်ကို သူတို့၏ အသက်နှင့် ရင်း၍ပင် ကာကွယ်ပေးကြရမည် ဖြစ်၏။

ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ၏ အမတဧကရာဇ် မျက်လုံး တွင် ကြီးမားသော အကြောင်းအကျိုး အနှောင်အဖွဲ့များ မရှိပေ။ ကောင်းကင်ခိုးယူသော အမတဂိုဏ်း နှင့် ကောင်းကင်ခိုးယူသူ ဧကရာဇ် တို့ကို ကောင်းကင်နန်းတော် က ဖိနှိပ် ချေမှုန်းခဲ့သည်ကို သူ မြင်တွေ့ခဲ့ရသဖြင့် အမတဧကရာဇ် မျက်လုံးကို ထုတ်ဖော်ပြသရန် သူ စိုးရိမ်နေခဲ့ခြင်းသာ ဖြစ်သည်။

သို့သော်လည်း အမတဧကရာဇ် မျက်လုံး၏ စွမ်းအားက အလွန် ကြောက်မက်ဖွယ်ကောင်းလှသဖြင့် သူ စွန့်လွှတ်နိုင်ခြင်းလည်း မရှိခဲ့ချေ။ နှစ်များတစ်လျှောက် စိတ်ပျက်အားငယ်ရသည့် အခိုက်အတန့်များတွင် သူသည် အမတဧကရာဇ် မျက်လုံးကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခဲ့ပြီး မူလဧကရာဇ် နယ်မြေ တွင် ထင်ရှားကျော်ကြားသော ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် မျိုးနွယ်စု ကို ဖန်တီးနိုင်ခဲ့၏။

ယခုအခါ မြောင်ကျန်း တာလော့အမတအဆင့် ဖြင့် သူ၏ ကျင့်ကြံခြင်းက ကောင်းကင်နှင့် မြေကြီးကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိနေပြီး နောက်ကွယ်တွင် ပုန်းအောင်းနေလျက် လူသားကမ္ဘာ၏ အတက်အကျများကို ပြုံး၍သာ စောင့်ကြည့်နေခဲ့သည်။

အကယ်၍ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် နှင့် မျိုးနွယ်စုမှ အခြား ထိပ်တန်း အဖွဲ့ဝင်များသာ အမြစ်ပြတ် ချေမှုန်းမခံခဲ့ရလျှင် သူ လှုပ်ရှားမည် မဟုတ်ချေ။

ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး တွင် ကောင်းကင်နန်းတော်နှင့် ပတ်သက်မှု မရှိသည့်အပြင် ကောင်းကင်နန်းတော်ကို ကြောက်ရွံ့နေကြောင်း ကုအန် သိလိုက်ရသောအခါ သူ၏ စိတ်ကူးကို ရုတ်တရက် ပြောင်းလဲလိုက်၏။

သေချာသည်မှာ အဓိက အကြောင်းရင်းက ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ၌ သက်တမ်း ထရီလီယံ အနည်းငယ်သာ ကျန်ရှိတော့ပြီး သူ့ကို သတ်ဖြတ်လိုက်ပါက သက်တမ်း ဘီလီယံ အနည်းငယ်ကိုသာ လုယူနိုင်မည် ဖြစ်သောကြောင့်ပင်။

သို့သော်လည်း လက်ရှိ ကုအန်အတွက် သက်တမ်း ဘီလီယံ အနည်းငယ်ဆိုသည်မှာ ထိုမျှလောက် အရေးမကြီးလှပေ။

ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး က သူ့အတွက် ပို၍ ကြီးမားသော အကျိုးအမြတ်များကို ဖန်တီးပေးနိုင်ကောင်း ဖန်တီးပေးနိုင်မည် ဖြစ်၏။

ကုအန်က ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ကို သူ၏ တာအိုအသီး စကြဝဠာ အတွင်းသို့ ပစ်ထည့်လိုက်သည်။

တာလော့အမတများ အားလုံးက သူတို့၏ ဝိညာဉ် နက်ရှိုင်းရာတွင် စကြဝဠာတစ်ခုကို ဖန်တီးနိုင်ကြ၏။ အချို့သော တာလော့အမတများက ထိုစကြဝဠာ၏ စွမ်းအားကို ဖွံ့ဖြိုးတိုးတက်စေရန် အာရုံစိုက်ကြသည်။ ယခင်က ကုအန်သည် သူ၏ တာအိုအသီး စကြဝဠာ အတွင်း၌ ဆေးအပင်များကို စိုက်ပျိုး ရိတ်သိမ်းရန် ကြိုးစားခဲ့ဖူးသော်လည်း ၎င်းမှတစ်ဆင့် သက်တမ်း မရရှိခဲ့သဖြင့် တာအိုအသီး စကြဝဠာ ကို ဖွံ့ဖြိုးတိုးတက်စေရန် စိတ်မဝင်စားခဲ့ချေ။

သူ့အတွက်မူ တာအိုအသီး စကြဝဠာ က နတ်ဘုရား ကျင့်စဉ်တစ်ခုနှင့် ပိုတူပြီး ရန်သူများကို ချုပ်နှောင်ရန်နှင့် ရတနာများကို သိမ်းဆည်းရန်သာ အသုံးပြုလေ့ရှိသည်။

ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး က မျက်လုံးများကို ဖွင့်၍ ပတ်ဝန်းကျင်ကို အလိုအလျောက် ကြည့်လိုက်ရာ သူက အမှောင်ထုဖုံးလွှမ်းနေသော စကြဝဠာတစ်ခု အတွင်းသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။

ရုတ်တရက် သူက တစ်စုံတစ်ခုကို ခံစားမိသွားပုံရပြီး ခေါင်းကို လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများက မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားပြီး ကျောက်ရုပ်တစ်ရုပ်သဖွယ် အေးခဲသွားလေသည်။.

အမှောင်ထုထဲတွင် ရွှေနီရောင် မျက်လုံးတစ်စုံက သူ့ကို စိုက်ကြည့်နေပြီး ဤမျက်လုံးများရှေ့တွင် ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး မှာ အညံ့ခံချင်စိတ်များ ပေါက်ဖွားလာခဲ့၏။

"မင်းက ဘယ်သူလဲ..."

ရှုံးနိမ့်ဖူးခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး က တုန်ယင်နေသော အသံဖြင့် မေးလိုက်သည်။

သူ၏ အမတဧကရာဇ် မျက်လုံး မှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်ကို သူ ခံစားသိရှိနိုင်၏။ ၎င်းက သူ တစ်ခါမှ မကြုံတွေ့ဖူးသော ခံစားချက်မျိုး ဖြစ်ပြီး သူ၏ ရှေ့ရှိ ဆန်းကြယ်သော မျက်လုံးများအပေါ် သူ၏ ထိတ်လန့်မှုကို ပိုမို ပြင်းထန်လာစေခဲ့သည်။.

"မင်းရဲ့ မျိုးဆက်တွေ သေဆုံးရတာနဲ့ ပတ်သက်ပြီး အကြောင်းအကျိုးကို မင်း သိထားပြီးသား ဖြစ်မှာပါ... မင်းမှာ ဘာမကျေနပ်ချက်များ ရှိသေးလဲ..."

ကုအန်၏ အသံ ထွက်ပေါ်လာပြီး သူ၏ လေသံမှာ အေးစက်နေ၏။

ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် မျိုးနွယ်စု တွင် သူတို့၏ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေလျှင်တောင် နောက်ဆုံးတွင် သူတို့က အလျှော့ပေးရန် ငြင်းဆန်ခဲ့ကြသည်။ ကုအန်သည် သူတို့ကို တိုက်ရိုက် အမြစ်ပြတ် မချေမှုန်းခဲ့ဘဲ ပထမဦးစွာ သတိပေးခဲ့၏။ သူတို့က နားထောင်ရန် ငြင်းဆန်ခဲ့သောအခါ သေဆုံးခြင်းကို ရင်ဆိုင်ခဲ့ကြရခြင်း ဖြစ်သည်။

ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး က သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ပြောလိုက်သည်။ "အစွမ်းထက်တဲ့သူက အားနည်းတဲ့သူကို အနိုင်ယူတာပဲလေ... ဘာများ မကျေနပ်စရာ ရှိလို့လဲ... မင်းရဲ့ စွမ်းအားက ငါ့ထက် သာလွန်တယ်ဆိုတာကို မသိခဲ့လို့ ငါ လာခဲ့တာပဲလေ"

"ငါ မသေခင်မှာ သေချာ သိချင်လို့ မေးပါရစေ... မင်းက ဘယ်သူလဲ... ဒီမျက်လုံးတွေကရော အမတဧကရာဇ် မျက်လုံး တွေလား..."

ကောင်းကင်ခိုးယူသူ ဧကရာဇ် ကျဆုံးသွားကတည်းက အခြားသော အမတဧကရာဇ် မျက်လုံး တစ်စုံကို သူ မမြင်တွေ့ခဲ့ဖူးချေ။ ထို့ကြောင့် ကုအန်၏ သရုပ်မှန်နှင့် ပတ်သက်၍ ခန့်မှန်းချက် များစွာ ဖြစ်ပေါ်လာခဲ့၏။

ကုအန်က ကောင်းကင်ခိုးယူသူ ဧကရာဇ် ဖြစ်နေမည်ကိုပင် သူ သံသယ ဝင်မိသည်။

"မင်း ခန့်မှန်းတာ မှားသွားပြီ... ငါက ကောင်းကင်ခိုးယူသူ ဧကရာဇ် နဲ့ ဘာမှ မပတ်သက်ပါဘူး... ငါ့ရဲ့ မျက်လုံးတွေက အမတဧကရာဇ် မျက်လုံး တွေဆိုတာတော့ အမှန်ပဲ.... အမတဧကရာဇ် မျက်လုံးကို ပိုင်ဆိုင်ထားသူတွေ အချင်းချင်း ဖြစ်ပေမဲ့ ငါတို့ကြားက ကွာခြားချက်က ကြီးမားလွန်းတယ်... အဲဒါက ကျင့်ကြံခြင်းအဆင့်နဲ့ မပတ်သက်ဘူးဆိုတာကို မင်း ခံစားသိရှိနိုင်မှာပါ..."

ကုအန်၏ အသံက ပဲ့တင်ထပ်သွားပြီး ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ကို တိတ်ဆိတ်သွားစေကာ ကြီးမားလှသော ရှုံးနိမ့်မှု ခံစားချက်များဖြင့် ပြည့်နှက်သွားစေ၏။

"မင်း ကောင်းကင်နန်းတော်ကို မုန်းလား..."

ကုအန်၏ မေးခွန်းက ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး အတွက် အလွန် ဝေးကွာသော မှတ်ဉာဏ်များကို နိုးထလာစေခဲ့သည်။

သူ၏ အမတဧကရာဇ် မျက်လုံး က ရုတ်တရက် ထွက်ပေါ်လာပြီး သူက အံကို ကြိတ်လျက် ပြောလိုက်၏။ "ဟုတ်တယ်... ဒီအခြေအနေ ရောက်နေမှတော့ ဖုံးကွယ်ထားစရာ ဘာမှမရှိတော့ပါဘူး... ကောင်းကင်နန်းတော်က ကောင်းကင်နတ်ဘုရားတွေ က ငါ့ရဲ့ ဇနီးနဲ့ ကလေးတွေကို သတ်ပစ်ခဲ့ကြ

တာ... ဒီရန်ငြိုးကို ငါ ထာဝရ မေ့မှာ မဟုတ်ဘူး..."

ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် သည် သူနှင့် မျိုးဆက်ပေါင်းများစွာ ကွာဝေးပြီး သူ့အပေါ် သံယောဇဉ် သိပ်မရှိလှချေ။ မျိုးဆက်ကို ဆက်လက် ထိန်းသိမ်းရန် မိသားစု တာဝန်တစ်ခုနှင့်သာ ပိုတူ၏။

သို့သော်လည်း သူ၏ ဇနီးနှင့် ကလေးများကမူ ကွာခြားသည်။ အချိန်အတော်ကြာ ကုန်လွန်သွားခဲ့လျှင်တောင် သူတို့ကို တွေးမိသောအခါ သူ၏ အမုန်းတရားများကို ထိန်းချုပ်ရန် ခက်ခဲလှပေသည်။

ကောင်းကင်ခိုးယူသူ ဧကရာဇ် ၏ အမတဧကရာဇ် မျက်လုံး ကြောင့် ကောင်းကင်နန်းတော်တွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာခဲ့ပြီး ကောင်းကင်နတ်ဘုရားများ ဆင်းသက်လာခဲ့ကြသည်။

သူတို့အနေဖြင့် ကောင်းကင်ခိုးယူသူဧကရာဇ်ကို ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။ အသာစီးရသွားသော ကောင်းကင်ခိုးယူသူ ဧကရာဇ်မှာ တိုက်ခိုက်လိုစိတ်များ ပြင်းထန်လာကာ ကောင်းကင်ခိုးယူသူ အမတဂိုဏ်းကို ဦးဆောင်ပြီး ကောင်းကင်နန်းတော်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခဲ့ရာ ကောင်းကင်နန်းတော်၏ ဖိနှိပ်ချေမှုန်းခြင်းကို ခံလိုက်ရလေသည်။

ထိုတိုက်ပွဲတွင် မူလဧကရာဇ် နယ်မြေ ပါ ထိခိုက်ခဲ့ရပြီး မရေမတွက်နိုင်သော အပြစ်ကင်းစင်သည့် သက်ရှိများစွာ သေဆုံးခဲ့ရကာ ၎င်းတို့အထဲတွင် ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ၏ ဇနီးနှင့် ကလေးများလည်း ပါဝင်ခဲ့ရသည်။

သူ၏ အမုန်းတရားများမှာ သူ၏ ဇနီးနှင့် ကလေးများသည် တိုက်ပွဲကြောင့် သေဆုံးရသူများ မဟုတ်ဘဲ မြို့တစ်မြို့လုံးရှိ သက်ရှိများ၏ ချီနှင့် သွေးစွမ်းအားများကို ဒဏ်ရာရ ကောင်းကင်နတ်ဘုရား တစ်ပါး၏ ယဇ်ပူဇော်ခြင်းကို ခံလိုက်ရသောကြောင့်ပင် ဖြစ်သည်။

သူသည် မြို့ပြင်သို့ ရောက်ရှိနေသဖြင့် လွတ်မြောက်သွားခဲ့ခြင်းပြီး သူ၏ ဇနီးနှင့် ကလေးများ၏ ဝိညာဉ်များကို ကောင်းကင်နတ်ဘုရားက စားသုံးလိုက်သည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

ကုအန်သည် ဝိညာဉ်ကို ရှာဖွေနေစဉ် ကောင်းကင်နန်းတော်မှ အမတနတ်ဘုရားများကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ထိုစဉ်က အခြေအနေကို သူ ခံစားသိရှိနိုင်ခဲ့ပြီး အမတနတ်ဘုရားများ၏ ပုံရိပ်မှာမူ ဝိုးတဝါးသာ ဖြစ်နေခဲ့သည်။

ယခုအခါ ကောင်းကင်နန်းတော်မှ အမတနတ်ဘုရားများက သူ့ကို အမြဲတမ်း ပစ်မှတ်ထား ကြံစည်နေကြ၏။ ကောင်းကင်စိတ်ဝိညာဉ် နတ်ဘုရား သည် ကုသိုလ်တရားများမှတစ်ဆင့် အမတအဖြစ်သို့ တက်လှမ်းရန် နည်းလမ်းကို အကြံပြုခဲ့လျှင်တောင် သူက ကောင်းကင်နန်းတော်ကို ဆက်လက် သတိထားနေခဲ့သည်။

ရှုံးနိမ့်ဖူးခြင်းကင်းမဲ့သော ဧကရာဇ် မျိုးနွယ်စု မှာ ဆွဲဆောင် စည်းရုံးနိုင်သော အင်အားစု တစ်ခု ဖြစ်သည်။

သူ၏ အကြွင်းမဲ့ ဟင်းလင်းပြင် မျက်လုံး က အမတဧကရာဇ် မျက်လုံး အပေါ် လုံးဝ ဖိနှိပ်ထားနိုင်စွမ်း ရှိသဖြင့် ရှုံးနိမ့်ဖူးခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ၏ သစ္စာဖောက်မည်ကို သူ မကြောက်ရွံ့ပေ။

"ငါ့အပေါ် သစ္စာခံလိုက်ပါ... ဒါဆိုရင် ဒီအကြောင်းအကျိုးကို ဖြေရှင်းပြီးသား ဖြစ်သွားမယ်... ငါတို့ နှစ်ယောက်စလုံးက အမတဧကရာဇ် မျက်လုံး ကို ပိုင်ဆိုင်ထားသူတွေ ဖြစ်တဲ့အတွက် တစ်ဖွဲ့တည်းပဲလေ... အနည်းဆုံးတော့ ငါတို့က ကောင်းကင်နန်းတော်ရဲ့ လက်ခံမှုကို မရဘဲ သူတို့ရဲ့ ဖိနှိပ်တာကိုပဲ ခံရမှာ..."

ကုအန်၏ အသံ ထွက်ပေါ်လာပြီး ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး က အံ့အားသင့်သွားခြင်း မရှိချေ။ တစ်ဘက်လူ၏ မျက်လုံးများကို မြင်လိုက်ကတည်းက ဤသူသည် ကောင်းကင်နန်းတော်မှ ကောင်းကင်နတ်ဘုရား တစ်ပါး မဟုတ်ကြောင်း သူ သိခဲ့၏။

အကယ်၍ သူက ငြင်းဆန်လိုက်ပါက သူ သေဆုံးရုံသာမက ဧကရာဇ် မျိုးနွယ်စု တစ်ခုလုံးလည်း အမြစ်ပြတ် ချေမှုန်းခံရနိုင်ပေသည်။ သူက နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရပြီး ယခုမှ သူ၏ အားထုတ်မှုများကို အလဟဿ မဖြစ်စေချင်ပေ။

သူ၏ မျက်လုံးများတွင် ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် မျိုးနွယ်စု ဆိုသည်မှာ သူ၏ လက်နက်တစ်ခုမျှသာ ဖြစ်ပြီး ကောင်းကင်နန်းတော်ကို ကလဲ့စားချေရန် သူ၏ လက်နက်သာ ဖြစ်၏။ သို့သော်လည်း လက်နက်သည် လုံလောက်အောင် မစွမ်းထက်သေးသဖြင့် အချိန်ကောင်းကို သူ စောင့်ဆိုင်းရန် လိုအပ်ခဲ့သည်။

ကုအန်က သူ၏ အမုန်းတရားများနှင့် ဧကရာဇ် မျိုးနွယ်စု အတွက် သူ၏ အစီအစဉ်များကို သိရှိထားသဖြင့် သူ့ကို အညံ့ခံခိုင်းခြင်း ဖြစ်သည်။

"မင်းရဲ့ အမတဧကရာဇ် မျက်လုံး ကို ပိုပြီး အစွမ်းထက်လာအောင် ငါ လုပ်ပေးနိုင်တယ်..."

ကုအန်၏ စကားများကို ကြားသောအခါ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ၏ သူငယ်အိမ်များ ကျုံ့သွားပြီး ချက်ချင်းပင် ဒူးထောက်၍ တည်ကြည်လေးနက်စွာ ပြောလိုက်၏။ "အရှင်ကို အရိုအသေ ပေးပါတယ်..."

...

ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ကို အညံ့ခံခိုင်းခြင်းက ဘေးထွက် အကြောင်းအရာ တစ်ခုမျှသာ ဖြစ်၏။ သူ့ကို တာဝန်အချို့ ပေးအပ်ပြီးနောက် ကုအန်က သူ့ကို လွှတ်ပေးလိုက်ပြီး သူ၏ ငြိမ်းချမ်းသော ဘဝကို ဆက်လက် ဖြတ်သန်းနေခဲ့သည်။

ယွမ်စုန်ကျီ ပြန်လာကတည်းက ကျောက်ရူရှန်သည် တာအိုဧကရာဇ် အဆင့်သို့ ရောက်ရှိရန် စတင် တွေးတောနေခဲ့၏။

ဤအစီအစဉ်က တာအိုခုံရုံး အတွင်း၌ ပြန့်နှံ့နေသည်မှာ ကြာပြီ ဖြစ်ပြီး လွန်ခဲ့သော နှစ်များအတွင်း ကျောက်ရူရှန်က ထျန်းဟုန် ဧကရာဇ် ကို အနိုင်မယူနိုင်ခဲ့ချေ။ တာအိုဧကရာဇ် တစ်ပါး ဖြစ်လာမှသာ ထျန်းဟုန် ဧကရာဇ် ကို အပြည့်အဝ ကျော်လွန်နိုင်မည်ဟု သူ ခံစားခဲ့ရသည်။

သို့သော်လည်း ယွမ်စုန်ကျီက သူ့ကို မဟာတာအို၏ လမ်းစဉ် ပေါ်သို့ ခေါ်ဆောင်သွားရန် သဘောမတူခဲ့သဖြင့် ကျောက်ရူရှန်းကို အတော်လေး မကျေမနပ် ဖြစ်သွားစေခဲ့၏။

သူ အဆင်သင့် မဖြစ်သေးဘူးဆိုသည့် ယွမ်စုန်ကျီ၏ စကားများက သူ့အတွက် ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟု သူ ခံစားရသည်။ ရှောင်လန်ကဲ့သို့ သာမန် အမျိုးသမီး တစ်ယောက်က သွားနိုင်ပြီး သူက ဘာလို့ သွားလို့ မရရမည်နည်း။

တစ်ခါတစ်ရံ ကုအန်က ရှောင်လန်အနား သွားရောက် အဖော်ပြုသောအခါ ကျောက်ရူရှန်၏ လှုပ်ရှားမှုများကို သူ သတိပြုမိ၏။ ဤလူက တာအိုခုံရုံး၏ အထက်လူကြီးများကို တိတ်တဆိတ် စည်းရုံးနေပြီး ပုန်ကန်လိုစိတ်များပင် ရှိနေသည်။

ရှောင်လန်ကို မထိခိုက်သရွေ့ ဤကိစ္စတွင် ဝင်ရောက် စွက်ဖက်ရန် ကုအန်က ရည်ရွယ်မထားချေ။

(ကမ္ဘာဦး)မူလခေတ် ၏ နေဝင်ချိန်သို့ နီးကပ်လာသည်နှင့်အမျှ အချိန်များက ယခင်ကထက် များစွာ ပိုမို လျင်မြန်စွာ ကုန်လွန်သွားလေတော့သည်။

အခန်း ၆၉၆ ကမ္ဘာကြီး၏ အပြောင်းအလဲများ

ကောင်းကင်နှင့် မြေကြီးကို ပြန်လည် ပုံဖော်ပြီးနောက် နှစ်တစ်သိန်းကြာသောအခါ လူသားများနှင့် မိစ္ဆာများသည် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ အနှံ့ ပြန့်ကျဲနေပြီ ဖြစ်ပြီး မဟာကမ္ဘာကို လွှမ်းခြုံထားသော ကောင်းကင်တာအို ကံကြမ္မာ ကလည်း စတင် ပြောင်းလဲလာခဲ့သည်။

ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများကို နားလည်သဘောပေါက်သော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ အားလုံးသည် ကမ္ဘာကြီး၏ ကံကြမ္မာသည် လုံးဝ အသစ်ဖြစ်သော အဆင့်တစ်ခုသို့ ဝင်ရောက်လာတော့မည် ဖြစ်ကြောင်း ခံစားသိရှိနိုင်ကြသည်။

အချိန်များ လျင်မြန်စွာ ကုန်လွန်သွား၏။

ကုအန်က ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ကို အညံ့ခံခိုင်းခဲ့သည်မှာ နှစ်တစ်သိန်း ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

နှစ်တစ်သိန်း ဆိုသည်မှာ ကမ္ဘာကြီးကို ပြောင်းလဲပစ်ရန် လုံလောက်သော အချိန်ကာလ တစ်ခု ဖြစ်သော်လည်း တံခါးပိတ် ကျင့်ကြံနေကြသော အစွမ်းထက် ပုဂ္ဂိုလ်ကြီးများသာလျှင် ဤအပြောင်းအလဲများ၏ သက်ရောက်မှုကို မခံကြရချေ။

ယခုအခါ လူသားကမ္ဘာတွင် ရှုခင်းအသစ် တစ်ခု ဖြစ်ပေါ်လာပြီး ထိုက်ချန် ဟု အမည်ရသော အင်ပါယာ မင်းဆက်တစ်ခု ထွက်ပေါ်လာခဲ့၏။ လူသားကမ္ဘာမှ ထိပ်တန်း ဂိုဏ်းကြီးများစွာ၏ ထောက်ပံ့မှုဖြင့် နှစ်တစ်သိန်း အတွင်းမှာပင် ထိုက်ချန်း က ပြင်းပြင်းထန်ထန် နယ်မြေချဲ့ထွင်ခဲ့ပြီး ကမ္ဘာကြီး တစ်ခုလုံးကို အပြည့်အဝ စည်းလုံးနိုင်ခြင်း မရှိသေးသော်လည်း ၎င်း၏ အရှိန်အဟုန်က ကမ္ဘာလောက အုပ်စိုးသူ တစ်ဦး၏ အရှိန်အဝါကို လူတိုင်းအား ပြသနိုင်ခဲ့သည်။

ထိုက်ချန် နှင့် တာအိုခုံရုံး ကြားရှိ ဆက်ဆံရေးမှာ အနည်းငယ် တင်းမာနေ၏။ သူတို့ကြားတွင် မကျေနပ်ချက်များစွာ ရှိနေပြီး မည်သူက မှန်သည် မှားသည် ဆိုသည်ကို ခွဲခြားသိမြင်ရန် ခက်ခဲလှပေသည်။

ဤနှစ်၏ နွေဦးရာသီ အစောပိုင်းတွင် ကုအန်က ထျန်းဟုန် ဧကရာဇ် နှင့်အတူ ချမ့်ခွန်းဂိုဏ်း အတွင်း၌ လှည့်လည်သွားလာရင်း မကြာသေးမီက ပြုလုပ်ခဲ့သော အတွင်းဂိုဏ်း ပြိုင်ပွဲကို ကြည့်ရှုနေခဲ့သည်။ တိုက်ပွဲများ ပြီးဆုံးသွားသောအခါ သူတို့က အရက်သောက်ရန် တည်းခိုခန်း တစ်ခုသို့ သွားရောက်ခဲ့ကြ၏။

[အမည် - ကုအန်]

[သက်တမ်း : ၂၈၃,၉၇၉ / ၁၈,၉၄၇,၈၉၃,၈၀၉,၅၆၁]

[ခန္ဓာကိုယ် : မူလဘူတ တာအိုဖန်ဆင်းခြင်း ခန္ဓာကိုယ်]

[ကျင့်ကြံခြင်းအဆင့် : တာအိုအထွတ်အထိပ် တာလော့အမတအဆင့်၏ ပြီးပြည့်စုံသောအဆင့်]

...

တိုက်ခိုက် သတ်ဖြတ်မှုများ သိပ်မရှိဘဲ သက်တမ်း တိုးပွားလာမှုက အလွန် မမြန်ဆန်လှသော်လည်း ကံကောင်းစွာဖြင့် တည်ငြိမ်နေ၏။ ဤတိုးတက်မှု အရှိန်အဟုန်ကို ကုအန် အတော်လေး ကျေနပ်မိသည်။

နောက်ထပ် နှစ်တစ်သန်း အထိ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တွင် မည်သည့် ကပ်ဘေးမျှ ရှိလာမည် မဟုတ်သဖြင့် သူ၏ နေ့ရက်များက အလွန် ငြိမ်းချမ်းနေပေသည်။

သူသည် တာအိုအထွတ်အထိပ် တာလော့အမတအဆင့်၏ ပြီးပြည့်စုံသောအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ အနာဂတ် ကြိုတင်ခန့်မှန်းချက်များတွင် စကြဝဠာ အပြင်ဘက်မှ အကြောင်းတရားများကိုပါ ထည့်သွင်း စဉ်းစားနိုင်ပြီ ဖြစ်၏။

ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ အပေါ် မဟာကမ္ဘာသုံးထောင်၏ သက်ရောက်မှုများပါ သူ၏ ကြိုတင်ခန့်မှန်းချက်တွင် ပါဝင်လာပြီး ယခင်ကထက် များစွာ သာလွန်သော ကြိုတင်ခန့်မှန်းနိုင်စွမ်း တစ်ခု ဖြစ်လာသည်။

သို့သော်လည်း သူ ထည့်သွင်း တွက်ချက်၍ မရနိုင်သေးသော အမည်မသိ အကြောင်းအကျိုးများ ရှိနေဆဲပင်။

ထျန်ဟောင်က ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ မှ ထွက်ခွာသွားပြီ ဖြစ်ရာ ပိုမို ကြီးမားသော အကြောင်းအကျိုးများက ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ သို့ ထပ်မံ ဆင်းသက်လာရန်မှာ ခက်ခဲလှပေသည်။

ကုအန်အတွက် အရက်ငှဲ့ပေးရင်း ထျန်းဟုန် ဧကရာဇ် က စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ “ဆရာ... မကြာသေးခင်က ချမ့်ခွန်းဂိုဏ်းမှာ ဆန်းကြယ်တဲ့ ပါရမီရှင်တွေ အများကြီး ထွက်ပေါ်လာတယ်... ဒါက ဆရာ့လက်ချက်များလား...”

ကုအန်က ပြန်ဖြေလိုက်သည်။ “ရီချင်းရှန်က ငါ့ကို အမြဲတမ်း တောင်းဆိုနေတော့ ပါရမီရှင် တစ်သုတ်ကို ငါ ထောက်ခံပေးလိုက်ရတာပေါ့...”

ဤပါရမီရှင် တစ်သုတ်က ရိုးရှင်းသူများ မဟုတ်ပေ။ သူတို့က ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် မျိုးနွယ်စု မှ လာခြင်းဖြစ်ပြီး မူလဧကရာဇ် နယ်မြေ တွင်ပင် ထိပ်တန်း ပါရမီရှင်များဟု သတ်မှတ်ခံရသူများ ဖြစ်၏။ ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ သို့ ရောက်လာသောအခါ မည်သူကမျှ ကျောက်ရူရှန်ထက် မနိမ့်ကျကြချေ။

ကုအန်သည် ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ကို လူနှစ်ဆယ် စေလွှတ်ရန် ဦးစွာ စီစဉ်ပေးခဲ့၏။ ဤလူနှစ်ဆယ်က ချမ်ခွန်းဂိုဏ်းတွင် ခြေကုပ်ယူထားပြီး ဖြစ်သည်။ သူတို့က မျိုးနွယ်စု အတွင်း၌ အရေးမပါသူများ ဖြစ်ခဲ့ကြသော်လည်း ဤနေရာတွင်မူ ယှဉ်ပြိုင်ဘက်ကင်း ပါရမီရှင်များ၏ ဆက်ဆံခံရမှုကို နောက်ဆုံးတွင် ခံစားလိုက်ရသဖြင့် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ သို့ လာရသည်ကို အလွန် ပျော်ရွှင်နေကြသည်။

အရေးအကြီးဆုံးအချက်မှာ ဤသည်က ဘိုးဘေး၏ အစီအစဉ် ဖြစ်ခြင်းပင်။ ဘိုးဘေး၏ အလုပ်ကို လုပ်ဆောင်ပေးရသဖြင့် သူတို့မှာ ဂုဏ်ယူနေကြသည်။

ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ၏ ဆုံးမစကားများအောက်တွင် ဤပါရမီရှင်များက အလွန် လိမ္မာရေးခြား ရှိကြပြီး ပြဿနာများ မဖန်တီးသည့်အပြင် ချမ့်ခွန်းဂိုဏ်းအတွက်ပါ တက်ကြွစွာ အကျိုးပြုနေကြ၏။

“ဝူရှီမှာ တခြား တပည့်တွေရော ရှိသေးလား ဆရာ...” ထျန်းဟုန် ဧကရာဇ် က ထပ်မံ စူးစမ်းလိုက်သည်။ ရှုံးနိမ့်ခြင်းကင်းမဲ့သော ဧကရာဇ် ဘိုးဘေး ထံမှ ပါရမီရှင် နှစ်ဆယ်က ချမ့်ခွန်းဂိုဏ်း၏ ပြိုင်ပွဲများတွင် ကြီးမားသော အထင်ကြီးမှုများကို ဖန်တီးနိုင်ခဲ့၏။ သူတို့၏ ပါရမီက သူ့ထက် မနိမ့်ကျကြောင်း သူ ခံစားလိုက်ရသဖြင့် အလွန် အံ့အားသင့်သွားခဲ့ရသည်။

ကုအန်က ခေါင်းခါလျက် ပြောလိုက်၏။ “အဲဒါက ငါနဲ့ အကြောင်းအကျိုး နည်းနည်း ပါရုံပါပဲ...”

ကုအန်က အသေးစိတ် မရှင်းပြချင်သည်ကို မြင်သောအခါ ထျန်းဟုန် ဧကရာဇ် က ဆက်မမေးတော့ဘဲ သက်တမ်းတာအိုနယ်မြေ အတွင်းရှိ နှစ်တစ်ထောင် ပြိုင်ပွဲဘက်သို့ အကြောင်းအရာ ပြောင်းလိုက်သည်။

နှစ်တစ်ထောင်ပြည့်တိုင်း သက်တမ်းတာအိုနယ်မြေ အတွင်း၌ တစ်ယောက်ချင်း ယှဉ်ပြိုင် တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိ၏။

ပြီးခဲ့သော တိုက်ပွဲတွင် ထျန်းဟုန် ဧကရာဇ် က သွေးကျဉ်းထောင် သူတော်စင် နှင့် ယှဉ်ပြိုင်ခဲ့ရသည်။ မမျှော်လင့်ဘဲ သူက သွေးကျဉ်းထောင် သူတော်စင် ကို ရှုံးနိမ့်သွားခဲ့၏။

ဤအချက်က သူ့ကို များစွာ စိတ်ပျက်သွားစေခဲ့သည်။ မိမိကိုယ်ကိုယ် ဝူရှီ၏ ဒုတိယ တပည့်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ထိုပေါ့တန်တန် နေတတ်ပုံရသော နွားမိစ္ဆာကြီးကို သူ အနိုင်မယူနိုင်ခဲ့ချေ။

သို့သော်လည်း သွေးကျဉ်းထောင် သူတော်စင် က သူ ဆရာဖြစ်သူ၏ တစ်ကောင်တည်းသော စီးတော်ယာဉ် ဖြစ်ကြောင်း တွေးမိသောအခါ စိတ်သက်သာရာ ရသွား၏။

ယခုအခါ သွေးကျဉ်းထောင် သူတော်စင် က မည်သို့သော နတ်ဘုရား ကျင့်စဉ်များကို ကျင့်ကြံနေသဖြင့် ဤမျှ လွှမ်းမိုးနိုင်စွမ်း ရှိနေသနည်း ဆိုသည်ကိုသာ သူ သိချင်နေတော့သည်။

ကုအန်က ပြန်ဖြေလိုက်၏။ “အစွန်းရောက် တာအို တိုက်ခိုက်ရေး ကျင့်စဉ် ပါ... အဲဒါက ငါ ဝင်စားနေတုန်းက ဖန်တီးခဲ့တဲ့ တာအို ကျင့်စဉ် တစ်ခုလေ... နတ်ဘုရား ကျင့်စဉ်တွေနဲ့ ကွဲပြားတဲ့ ကျင့်စဉ် တစ်ခုဖြစ်ပြီး ကျင့်ကြံဖို့ကလဲ အရမ်း ခက်ခဲတယ်... သူတောင်မှ တာအိုထဲကို ကပ်သီးလေးပဲ ခြေချနိုင်သေးတာ...”

အစွန်းရောက် တာအို တိုက်ခိုက်ရေး ကျင့်စဉ် သည် ကျိ က ဖန်တီးထားသော တာအို ကျင့်စဉ် တစ်ခု ဖြစ်ပြီး တပည့်များ အားလုံးထဲတွင် သွေးကျဉ်းထောင် သူတော်စင် ၏ တိုက်ခိုက်လိုစိတ်ကသာ အစွန်းရောက် တာအို တိုက်ခိုက်ရေး ကျင့်စဉ် ကို ကျင့်ကြံရန် အရည်အချင်း ပြည့်မီ၏။

ထိုစကားကို ကြားသောအခါ ထျန်းဟုန် ဧကရာဇ် မှာ နက်နက်ရှိုင်းရှိုင်း တွေးတော ဆင်ခြင်မိသွားသည်။

သူ၏ ဆရာတွင် အမွေအနှစ် များစွာ ရှိပြီး တပည့် တစ်ယောက်ချင်းစီသည် မတူကွဲပြားသည့် လမ်းကြောင်းများကို ကျင့်ကြံနေကြကြောင်း သူ တွေ့ရှိလိုက်ရသဖြင့် အစွန်းရောက် တာအို တိုက်ခိုက်ရေး ကျင့်စဉ် ကို သူ့အား သင်ကြားပေးရန် ဆရာဖြစ်သူကို သူ မတောင်းဆိုရဲချေ။

ဆရာဖြစ်သူက သူ့အား သင်ကြားပေးထားသော တာအို ကျင့်စဉ်မှာ မအားနည်းကြောင်း သူ ယုံကြည်ထားသည်။ ၎င်း၏ အစစ်အမှန် စွမ်းအားကို ထုတ်လွှတ်နိုင်ရန် ကြီးမားသော အောင်မြင်မှု တစ်ခုသို့ သူ မရောက်ရှိသေးခြင်းသာ ဖြစ်ရပေမည်။

“ဒီပြိုင်ပွဲ ပြီးသွားရင် တောင်အောက်ဆင်​းပြီး ထိုက်ချန် ကို သွားလိုက်ပါ.. ပြီးတော့ လူတစ်ယောက်ကို ရှာပြီး သူ့ကို အမတ ကျင့်ကြံရေး နည်းလမ်းတွေ သင်ပေးလိုက်.. ပြီးတော့ သူ့ကို ထိုက်ရီ ဆိုတဲ့ နာမည်အသစ် တစ်ခုပါ ပေးခဲ့”

ကုအန်က ပြတင်းပေါက် အပြင်ဘက်ရှိ လမ်းမကို ကြည့်ရင်း ခပ်ဖွဖွ ပြောလိုက်သည်။

သူ စကားပြောနေစဉ် ထျန်းဟုန် ဧကရာဇ် ထံသို့ ကျောက်စိမ်းပြား တစ်ခု ကမ်းပေးလိုက်၏။ ထိုကျောက်စိမ်းပြားက ထျန်းဟုန် ဧကရာဇ် အား ထိုလူကို ရှာတွေ့ရန် လမ်းပြပေးလိမ့်မည် ဖြစ်၏။

ထျန်းဟုန် ဧကရာဇ် က ကျောက်စိမ်းပြားကို ယူလိုက်ပြီး မေးလိုက်သည်။ “သူ့ကို ဘယ်အဆင့်လောက်အထိ သင်ပေးရမလဲ... ပြီးတော့ သူ့ကို ခေါ်လာဖို့ လိုသေးလား...”

ကုအန်က ပြန်ဖြေလိုက်သည်။

“အဲဒါက မင်းအပေါ်မှာပဲ မူတည်တယ်... အနည်းဆုံးတော့ သူ့ကိုယ်သူ ကာကွယ်နိုင်တဲ့ စွမ်းအား ရှိပါစေ... သူ့ကို ခေါ်လာဖို့ မလိုဘူး... တပည့်အဖြစ်လည်း လက်မခံနဲ့... ဝူရှီ နာမည်ကိုလည်း ထုတ်မပြောနဲ့...”

ဤညွှန်ကြားချက်က ထျန်းဟုန် ဧကရာဇ် အား ထိုလူအပေါ် ပို၍ စိတ်ဝင်စားသွားစေခဲ့၏။

ချမ့်ခွန်းဂိုဏ်း၏ အတွင်းဂိုဏ်းပြိုင်ပွဲက လအနည်းငယ်ကြာ ကြာမြင့်မည် ဖြစ်သည်။ အကြောင်းမှာ ဂိုဏ်း၏ တည်ဆောက်ပုံက ကျယ်ဝန်းလှပြီး ပါရမီရှင် တပည့်များစွာ ပါဝင် ယှဉ်ပြိုင်ကြသောကြောင့် ဖြစ်သည်။ နောက်ဆုံး အနိုင်ရရှိသူ သုံးဆယ်က ကမ္ဘာပေါ်ရှိ အမြင့်မားဆုံး ပါရမီကို ကိုယ်စားပြုသော မှော်တိုက်ပွဲ ညီလာခံ တွင် ယှဉ်ပြိုင်ရန် တာအိုခုံရုံး သို့ အတူတကွ သွားရောက်ကြရမည် ဖြစ်သည်။

နှစ်တစ်ထောင် ပါရမီရှင် မှော်တိုက်ပွဲ ညီလာခံ ကို ကောင်းကင်နှင့် မြေကြီးကြားရှိ အထွတ်အထိပ် အခမ်းအနား တစ်ခုအဖြစ် သတ်မှတ်ထားကြပြီး ပါရမီရှင်များ၏ ယှဉ်ပြိုင်မှုက သူတို့၏ နောက်ကွယ်ရှိ ဂိုဏ်းများအတွက် စိတ်ကူး၍ မရနိုင်လောက်အောင် ကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးမည် ဖြစ်၏။ လူတစ်ဦး တာအို အောင်မြင်ပါက ၎င်းတို့နှင့် ပတ်သက်သမျှ အရာအားလုံး မြင့်တက်လာသည်ဆိုသည့် အခြေအနေမျိုး အမှန်တကယ်ပင် ဖြစ်သည်။

ချမ့်ခွန်းဂိုဏ်း၏ ပြိုင်ပွဲ ပြီးဆုံးသွားပြီးနောက် ထျန်းဟုန် ဧကရာဇ် ထွက်ခွာသွားခဲ့၏။

ကုအန်ကမူ ပင်လယ်အောက်ရှိ ပုန်းကွယ်ဝိညာဥ်နန်းတော် သို့ သွားရောက်ခဲ့သည်။

ချန်ချွမ် ၏ မိဘများ ဖြစ်ကြသော ရွှီလင် နှင့် ချန်လော့ တို့မှာ ထွက်ခွာသွားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး သူတို့က ချန်ချွမ် နှင့် ပူးပေါင်းကာ ဓားဂိုဏ်း ကို တည်ထောင်ခဲ့ကြ၏။ နောက်ထပ် ကျိန်စာများ မရှိတော့သဖြင့် ကုအန်ကလည်း သဘာဝကျကျပင် သူတို့ကို အာရုံစိုက်မှု လျော့နည်းသွားခဲ့သည်။

ချန်ချွမ် သည် ရှောင်ချွမ်း ဝင်စားခြင်း ဖြစ်သော်လည်း ကုအန်က သူ၏ မိဘများကို လုံလောက်သော စောင့်ရှောက်မှုများ ပေးခဲ့ပြီး ဖြစ်ရာ အချိန်တိုင်း ဆက်လက် စောင့်ကြည့်နေရန် မလိုအပ်တော့ချေ။

ပုန်းကွယ်ဝိညာဥ်နန်းတော် မှာ လူသူကင်းမဲ့နေပြီး နန်းတော်ရှေ့တွင် ဆေးပင်ဥယျာဉ် များကို စိုက်ပျိုးထား၏။ အခင်းအကျင်းမှာ ရိုးရှင်းသော်လည်း အရောင်အသွေးများ ပေါင်းစပ်ထားမှုက ထူးဆန်းသော အလှတရား တစ်ခုကို ပေးစွမ်းနေသည်။

နက်နဲပင်လယ် နဂါးငါးကြင်း က မျက်လုံးများကို ဖွင့်လိုက်ပြီး ဆေးအပင်များကို ရိတ်သိမ်းနေသော ကုအန်ကို မြင်သောအခါ ချက်ချင်းပင် မတ်တတ်ရပ်လိုက်၏။

ယခုအခါ သူသည် အံ့ဖွယ်ဓမ္မအမတ ကျင့်ကြံခြင်းအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူ့၏ စိတ်နေစိတ်ထားက ယခင်ကထက် ပိုမို ရင့်ကျက်လာခဲ့သော်လည်း ရိုးရှင်းသော အဖြူရောင် ဝတ်ရုံနှင့် မြေပြင်အထိ ရှည်လျားသော ဆံပင်ရှည်များနှင့်အတူ ၎င်းက မိန်းမဆန်သော ကျက်သရေကို ထုတ်လွှတ်နေဆဲပင်။

၎င်းက အပေါ်ယံအားဖြင့် မိန်းမဆန်သော ကျက်သရေရှိသည့် ပုံပန်းသဏ္ဌာန် ရှိနေဆဲ ဖြစ်သော်လည်း လိင်ကွဲပြားမှုကို နားလည်နေပြီ ဖြစ်၏။ ပုန်းကွယ်ဝိညာဥ်နန်းတော် တွင် နှစ်ပေါင်း နှစ်သိန်းကျော် ကျင့်ကြံပြီးနောက် ၎င်း၏ ရင်ထဲတွင် ပိုမို ကြီးမားသော ရည်မှန်းချက်များလည်း ဖြစ်ပေါ်လာခဲ့သည်။

“ဆရာ... ကျွန်မ အပျင်းပြေဖို့ တပည့်တချို့လောက် ဘယ်တော့ လက်ခံခွင့် ပေးမှာလဲ...”

နက်နဲပင်လယ် နဂါးငါးကြင်း က ကုအန်၏ ဘေးသို့ ရောက်လာပြီး သတိထား၍ မေးလိုက်၏။

ချန်လော့ နှင့် သူ၏ ဇနီး ထွက်သွားကတည်းက ၎င်းမှာ အထီးကျန်နေပြီး တစ်ခါတစ်ရံ စကားပြောစရာ လူပင် မရှိခဲ့ချေ။

ကုအန်က သူ့၏ သက်ပြင်းချသံကို လျစ်လျူရှုလိုက်ပြီး ၎င်း ဘာတွေးနေသည်ကို ကောင်းစွာ သိထားသဖြင့် ပြောလိုက်၏။ “မင်း လွတ်ငြိမ်းရာအမတအဆင့် ကို ရောက်သွားရင် တပည့် ကိုးယောက် ကိုယ်တိုင် ရွေးချယ် ခေါ်လာဖို့ နှစ်တစ်ထောင်လောက် ခရီးသွားဖို့ ငါ ခွင့်ပြုပေးမယ်...”

လွတ်ငြိမ်းရာအမတ လား။

နက်နဲပင်လယ် နဂါးငါးကြင်း ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ နောက်ထပ် နှစ်တစ်သန်းလောက် ကြာဦးမည်ဟု ဆိုလိုခြင်းလော။

သို့သော်လည်း ၎င်း၏ ကြီးမားလှသော ရည်မှန်းချက်များကို တွေးမိသောအခါ လွတ်ငြိမ်းရာအဆင့် ကျင့်ကြံမှုသို့ ရောက်ရှိခြင်းပင်လျှင် လုံလောက်မှု မရှိသေးဘဲ လွတ်ငြိမ်းရာအမတအဆင့် တွင် တပည့် ကိုးယောက်ကို ပြုစုပျိုးထောင်ပေးနိုင်ခြင်းက ၎င်း၏ အနာဂတ် ကြီးမားသော လုပ်ငန်းစဉ်အတွက် များစွာ အထောက်အကူ ပြုလိမ့်မည်ဟု ခံစားလိုက်ရ၏။

“ကျေးဇူးတင်ပါတယ်... ဆရာ...”

နက်နဲ ပင်လယ် နဂါးငါးကြင်း က ချက်ချင်းပင် ဦးညွှတ်၍ ကုအန်ကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။

All Chapters