← Chapters

အခန်း (၂၄၀-၂၄၁)

Vol. 23 Ch. 240-241

အခန်း (၂၄၀-၂၄၁)

Vol. 23 Ch. 240-241

အခန်း (၂၄၀) အိပ်ယာထဲတွင် အဖော်ပြုပေးမည့် ထူးဆန်းသောအမျိုးသမီး

ဖျင်ရင်ခရိုင်။

အဆင့်လိုက် ရှေ့ဆက်နေသော လူဒါဇင်ပေါင်းများစွာ ပါဝင်သည့် အဖွဲ့သည် ရပ်တန့်သွား၏။ ယခင်က သတ်ရလွယ်ကူခဲ့သော မိစ္ဆာကောင်များသည် အထူး ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ သူတို့ထဲမှ အများအပြားသည် တစ်ကောင်နှင့်တစ်ကောင် ပေါင်းစပ်သွားကြပြီး သူတို့၏ စွမ်းရည်များကို ကြီးမားစွာ မြင့်တက်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် သိုင်းပညာရှင်များ၏ တိုက်ခိုက်မှုများသည် ထူးဆန်းသော မိစ္ဆာကောင်များကို ထိမှန်ချိန်တွင် သူတို့ထဲမှ အများစုမှာ သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့ပြီး တစ်ခုခုက ဤထူးဆန်းသော မိစ္ဆာကောင်များအတွက် ထိခိုက်မှုကို စုပ်ယူပေးနေသကဲ့သို့ပင်။

ဤအပြောင်းအလဲများ၏ တိုက်ရိုက်သက်ရောက်မှုမှာ ကျင့်ကြံမှုအဆင့် အနည်းငယ် နိမ့်ကျသော သိုင်းပညာရှင်အချို့ ထိခိုက်သေဆုံးမှုများ စတင်လာခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ခြင်ဆီသန့်စင်ခြင်း အဆင့်ရှိ သိုင်းပညာရှင်များသည် ဤအပြောင်းအလဲ လှိုင်းလုံးတွင် အကုန်နီးပါး သုတ်သင်ခံလိုက်ရမလို ဖြစ်ခဲ့သည်။

အတွင်းကလီစာသန့်စင်ခြင်း အဆင့်ရှိ သူများပင်လျှင် ဤအချိန်၌ အများစုမှာ ဒဏ်ရာရရှိနေကြ၏။ ထို့ပြင် ဤထူးဆန်းသော ဖြစ်ရပ်များနှင့်အတူ ပါလာသော ကျောချမ်းစရာ စွမ်းအားသည် အခြားနေရာများတွင် ကြုံတွေ့ရသော ထူးဆန်းသည့် ဖြစ်ရပ်များထက် များစွာ ပိုမို အားကောင်းပေသည်။

မီးဖိုတစ်ခုကဲ့သို့ အပူဓာတ်ရှိသော အားကောင်းသည့် သွေးနှင့် ချီစွမ်းအင်များ ရှိသည့် အတွင်းကလီစာသန့်စင်ခြင်း အဆင့်ရှိ သိုင်းပညာရှင်များအတွက်ပင် ဤရေခဲတမျှ အေးစက်သော စွမ်းအင်များကို ခုခံရန် အလွန် ခက်ခဲပေသည်။ အကယ်၍ သူတို့သာ ဆက်လက် ဒဏ်ရာရနေမည်ဆိုပါက အခြေအနေသည် ပို၍ပင် ဆိုးရွားလာပေလိမ့်မည်။

"အဘိုးဖန်း... ဘာတွေ ဖြစ်နေတာလဲ... ကျွန်တော်တို့ ဝင်ပါသင့်ပြီလား..."

ချီစွမ်းအင်သန့်စင်ခြင်း အဆင့်ရှိ ကျင့်ကြံသူ တစ်ဦးက အသံနိမ့်နိမ့်ဖြင့် မေးလိုက်၏။ အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက သူ ခေါ်လာသော အတွင်းကလီစာသန့်စင်ခြင်း အဆင့်ရှိ ကျင့်ကြံသူများ အားလုံး ဤနေရာတွင် သေဆုံးသွားလောက်ပေသည်။

ချီစွမ်းအင်သန့်စင်ခြင်း အဆင့်ရှိ သိုင်းပညာရှင်များ၏ အဆင့်အတန်းသည် အတွင်းကလီစာသန့်စင်ခြင်း အဆင့်ရှိ သူများနှင့် နှိုင်းယှဉ်၍ မရနိုင်သော်လည်း အတွင်းကလီစာသန့်စင်ခြင်း အဆင့်ရှိ သိုင်းပညာရှင်များကို စုဆောင်းရန်မှာ ချီစွမ်းအင်သန့်စင်ခြင်း အဆင့်ရှိ သူများအတွက် လွယ်ကူသော ကိစ္စ မဟုတ်ချေ။

ဤမြို့ငယ်လေးတွင် အတွင်းကလီစာသန့်စင်ခြင်း အဆင့်ရှိ လေလွင့်ကျင့်ကြံသူတိုင်းနီးပါးသည် သရဖူမဲ့ ဘုရင်များ ဖြစ်ကြပြီး ထူးဆန်းသော နယ်မြေများကို စူးစမ်းရန် အပြင်ထွက်လိုသူ အလွန် နည်းပါးပေသည်။

ထို့ကြောင့် အတွင်းကလီစာသန့်စင်ခြင်း အဆင့်ရှိ လက်အောက်ငယ်သား အများအပြားကို ဒွာရသန့်စင်ခြင်း အဆင့်ရှိ ကျွမ်းကျင်သူများ ကိုယ်တိုင်က ဖြည်းဖြည်းချင်း ပြုစုပျိုးထောင်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ကို ဤနေရာတွင် အလွယ်တကူ သေဆုံးသွားသည်ကို မြင်တွေ့ရခြင်းက ဒွာရသန့်စင်ခြင်း အဆင့်ရှိ သူတစ်ယောက်အတွက်ပင် နှလုံးကွဲကြေစရာ ဖြစ်ပေလိမ့်မည်။

"မလောပါနဲ့... ဒါက တစ္ဆေနယ်မြေရဲ့ စမ်းသပ်မှုတစ်ခု ဖြစ်သလို ရှောင်လွှဲလို့မရတဲ့ အပြောင်းအလဲ တစ်ခုလည်း ဖြစ်တယ်..."

ဖန်းကျီချိုးက သူ၏ လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းကာ ပြောလိုက်သည်။

"ထူးဆန်းတဲ့ နယ်မြေတစ်ခုကို အောင်နိုင်ဖို့ဆိုတာ မင်းရဲ့ ခွန်အားက အရာအားလုံးကို ရှင်းလင်းပစ်ဖို့ လိုအပ်တာထက် အများကြီး သာလွန်မနေဘူးဆိုရင် အများအားဖြင့်တော့ ကြုံလာတဲ့အရာတွေကို ဖြေရှင်းသွားရမှာပဲ... အခုချိန်မှာတော့ အဝေးကြီး လိုပါသေးတယ်..."

"ဒါပေမဲ့ ဒီလူတွေ အကုန်လုံး သေသွားရင် ပြဿနာ ဖြစ်လိမ့်မယ်..."

တစ်စုံတစ်ယောက်က တိုးတိုးလေး ပြောလိုက်၏။

"ကြီးမြတ်တဲ့ အရာတွေကို ပြီးမြောက်ဖို့အတွက် စွန့်လွှတ်အနစ်နာခံမှုတွေက အမြဲတမ်း လိုအပ်ပါတယ်... အကယ်၍ ဒီထူးဆန်းတဲ့ နယ်မြေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းရမလဲ ဆိုတာကို အခု မတွက်ထုတ်နိုင်ရင် နောက်ကျရင် ပိုပြီး ဒုက္ခရောက်ဖို့ပဲ ရှိလိမ့်မယ်... ဒီထူးဆန်းတဲ့ နယ်မြေထဲမှာ ကြီးမားတဲ့ ရတနာတွေ တကယ် ရှိနေတယ်... ငါ ပိုပိုပြီးတောင် စိတ်လှုပ်ရှားလာပြီ..."

ဖန်းကျီချိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု အလိုအလျောက် ပေါ်လာ၏။ ထူးဆန်းသော နယ်မြေတစ်ခုကို အပြတ်အသတ် ရှင်းလင်းလိုခြင်းက ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်ချေ။

တောတောင်ထဲမှ ရှေးဟောင်းရွာ။

ချန်ဖေး ငြိမ်သက်စွာ ရပ်နေပြီး သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော စွမ်းအင်များကို ခံစားနေ၏။ ဘယ်လောက်တောင် ကောင်းချီးပေးခံထားရတဲ့ မြေလဲ။ အချိန်တိုအတွင်းမှာပင် ချန်ဖေးသည် သူ၏ ဝိညာဉ်နှင့် စွမ်းအင်များ သိသိသာသာ တိုးတက်လာကြောင်း ခံစားလိုက်ရသည်။

"ဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒါက တကယ်ကို သုခဆန်တဲ့နေရာ တစ်ခုပဲ... ဒီနေရာနဲ့ ယှဉ်ရင် ဂိုဏ်းထဲက အစစ်အမှန်အမွေအနှစ် တောင်ထိပ်က တော်တော်လေး နိမ့်ကျမနေဘူးလား…”ချန်ဖေး၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ပေါ်လာပြီးနောက် သူ အံ့အားသင့်သွား၏။

ဂိုဏ်း ဟုတ်လား... ယွမ်ချန်ဓားဂိုဏ်း ဟုတ်လား... ဂိုဏ်းများနှင့် ပတ်သက်သော သူ၏ မှတ်ဉာဏ်များသည် အလွန် မှုန်ဝါးနေပြီဖြစ်ကြောင်း ချန်ဖေး ရုတ်တရက် နားလည်လိုက်သည်။

သူက အနီးအနားမှာ မတော်တဆ လမ်းပျောက်နေတဲ့ သာမန် သိုင်းပညာရှင် တစ်ယောက်လား... ဒါမှမဟုတ် ယွမ်ချန်ဓားဂိုဏ်းရဲ့ အဓိက တပည့်လား... သူ့အတွက် အရမ်း ရင်းနှီးနေတဲ့ နတ်တိမ်ဓားဂိုဏ်း ဆိုတဲ့ နာမည်တစ်ခုလည်း ရှိသေးတယ်လေ…

ပြင်ပ စွမ်းအင်၏ လွှမ်းမိုးမှုအောက်တွင် ချန်ဖေးသည် သူ၏ တွေးတောမှုများ ယခင်ကလောက် မနှေးကွေးတော့ကြောင်း ခံစားလိုက်ရသော်လည်း အရာများကို အမှန်တကယ် မစဉ်းစားနိုင်သေးချေ။ မနားတမ်း စီးဆင်းနေသော စွမ်းအင်များသည် တဖြည်းဖြည်း ရပ်တန့်သွားပြီး ဆက်လက် မြင့်တက်မလာတော့ပေ။

"လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဧည့်သည်..."

ရွာသားများ၏ အော်ဟစ်သံများက ချန်ဖေးကို သူ၏ အတွေးများထဲမှ ဆွဲထုတ်သွား၏။

သူ၏ စိတ်ကူးယဉ်မှု သက်သက်လားဟု ချန်ဖေး တွေးလိုက်မိသော်လည်း ရွာသားများ၏ လေသံက အနည်းငယ် စိတ်လှုပ်ရှားနေပုံ ပေါက်သည်ဟု သူ ခံစားလိုက်ရသည်။ သူတို့က ကျင့်စဉ်အသစ် တစ်ခုကို ကျင့်ကြံခဲ့ရလို့ အရမ်း စိတ်လှုပ်ရှားနေကြတာများလား။

ပြီးတော့ ချန်ဖေးက ရွာသားတစ်ယောက် အမှုန့်ဖြစ်သွားတာကို ယခုလေးတင် မြင်လိုက်ရသလိုပဲ…

အမှုန့် ဟုတ်လား... အမြင်မှားတာ ဖြစ်ရမယ်...

ချန်ဖေး ခေါင်းခါလိုက်ပြီး ရွာသားများကို ကြည့်လိုက်၏။ မြေပြင်ပေါ်တွင် အမှုန့်များ လုံးလုံးလျားလျား မရှိချေ။ ရှင်းနေသည်မှာ သူ ယခုလေးတင် မြင်လိုက်ရသောအရာက ထင်ယောင်ထင်မှားတစ်ခု ဖြစ်လောက်ပေသည်။

"ခင်ဗျားတို့ အရမ်း ယဉ်ကျေးလွန်းနေပြီ... အရမ်း ယဉ်ကျေးလွန်းနေပြီ..."

ချန်ဖေးသည် ရွာသားများကို အရိုအသေပေးသည့်အနေဖြင့် လက်ယှက်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် အောက်သို့ ဆင်းလာခဲ့၏။ အခြားသူများကို ကူညီခြင်းက သူ့ထံသို့ ပျော်ရွှင်မှု ယူဆောင်လာပေးပြီး သဘောကောင်းသော ဤရွာသားများကို ကူညီနိုင်ခြင်းက ချန်ဖေးကို စစ်မှန်သော ကျေနပ်မှု ခံစားချက်တစ်ခု ပေးစွမ်းပေသည်။

ရွာသားများသည် ချန်ဖေး၏ ထွက်ခွာသွားသော ပုံရိပ်ကို စောင့်ကြည့်နေကြပြီး သူတို့၏ မျက်လုံးများက ထိတွေ့ကိုင်တွယ်၍ ရနိုင်သော ပုံစံတစ်ခုအဖြစ် အစိုင်အခဲ ဖြစ်သွားတော့မည့်အလား ကျောချမ်းစရာ အေးစက်မှုများဖြင့် ပြည့်နှက်နေ၏။ သို့သော် ဤအချိန်၌ သူတို့သည် ချန်ဖေး ငြိမ်းချမ်းစွာ ဆင်းသွားသည်ကို အကူအညီမဲ့စွာ ကြည့်နေရုံမှလွဲ၍ ဘာမျှ မလုပ်နိုင်ကြချေ။

"ရွာသူကြီး... ကျွန်တော်တို့ ဒီနေ့ ကျင့်စဉ် တော်တော်များများကို သင်ပေးခဲ့ပြီးပြီ... လူတိုင်းကို အဲ့ဒါတွေ ချေဖျက်ဖို့ အချိန်နည်းနည်း ပေးသင့်တယ် မဟုတ်ဘူးလား..."

လုကျစ်ချွန်းသည် ရွာသူကြီးကို ကြည့်ကာ အသံနက်ကြီးဖြင့် ပြောလိုက်၏။

လုကျစ်ချွန်း အခြေအနေကို နားမလည်သော်လည်း သိုင်းပညာ ကျင့်စဉ်များ သင်ကြားခြင်းကို ဆက်လက် လုပ်ဆောင်၍ မရနိုင်ကြောင်း သူ သိထားပေသည်။ ဆက်လုပ်ပါက အလွန် ဆိုးရွားသော အကျိုးဆက်များဆီသို့ သေချာပေါက် ဦးတည်သွားပေလိမ့်မည်။

"တန်ဆေး လွန်ဘေးပဲ... မြန်မြန်ဆန်ဆန် အများကြီး သင်ယူတာက တကယ်တော့ လူတိုင်းအတွက် မကောင်းဘူး..."

ဟွာတောက်ဟုန်ကလည်း သဘောတူလိုက်သည်။

"ကျွန်တော်လည်း အဲ့ဒီလိုပဲ ထင်တယ်..."

ဘေးတွင် ရပ်နေသော ချန်ဖေးက ပြုံးလျက် ပြောလိုက်၏။

ချန်ဖေးသည် လောလောဆယ်တွင် အရာများစွာကို နားလည်ရန် ရုန်းကန်နေရသည်။ မှတ်ဉာဏ် အမျိုးမျိုးက သူ၏ စိတ်ထဲတွင် လင်းလက်လာပြီးနောက် ပြန်လည် ပျောက်ကွယ်သွား၏။ ဤခံစားချက်က ချန်ဖေးကို အနည်းငယ် အနေရခက်စေသည်။

စိတ်အေးအေးထားပြီး အရာများကို သေချာ စဉ်းစားရန် နေရာတစ်ခု ရှာဖို့ လိုအပ်ကြောင်း ချန်ဖေး ခံစားလိုက်ရသည်။ သူ မေ့နေသော အရေးကြီးသည့် အရာတစ်ခုခု သေချာပေါက် ရှိနေရမည်။

"သေချာတာပေါ့... အကယ်၍ ရွာသားတွေက စွမ်းရည်တချို့ သင်ယူချင်တယ်ဆိုရင် တကယ်တော့ ကျွန်တော့်ဆီမှာ အခြေခံ ကျင့်စဉ် တော်တော်များများ ရှိသေးတယ်... နောက်ထပ် ဆယ်စုံ ရှစ်စုံလောက် သင်ပေးဖို့က ပြဿနာ မရှိပါဘူး..."

ချန်ဖေးသည် ကျင့်စဉ်ကို သင်ပေးပြီးနောက် မည်မျှ သက်သောင့်သက်သာ ရှိခဲ့ကြောင်းကို တွေးလိုက်မိပြီး နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်လုပ်နိုင်သည်ဟု ခံစားလိုက်ရ၏။ အခြားသူများကို ကူညီခြင်းက ပျော်ရွှင်မှုတစ်ခုပဲလေ... အခြားသူများကို ကူညီခြင်းက ကိုယ့်ကိုယ်ကိုယ် ကူညီခြင်းပဲ... ကောင်းပါတယ်…

"ဧည့်သည်တို့ သုံးယောက်ကို ထပ်ပြီး အနှောင့်အယှက် မပေးရက်ပါဘူး... ဒီနေ့ သင်ကြားမှုကို ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့..."

လုကျစ်ချွန်းနှင့် ဟွာတောက်ဟုန် ပြောသည်ကို ကြားချိန်တွင် ရွာသူကြီးက သိပ်မတုံ့ပြန်ခဲ့သော်လည်း ချန်ဖေး ဆက်ပြောသည်ကို ကြားချိန်တွင် သူ၏ ပါးပြင်များ အနည်းငယ် တုန်ရီသွားလေ၏။

"စောသေးတာဆိုတော့ ကျွန်တော်တို့ ခင်ဗျားတို့ကို ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး... နှုတ်ဆက်ပါတယ် အားလုံးပဲ..."

လုကျစ်ချွန်းက ပြုံးလိုက်ပြီး ရွာထဲမှ စတင် ထွက်ခွာသွား၏။ ဟွာတောက်ဟုန် စကားမပြောသော်လည်း သူ၏ အဓိပ္ပာယ်က ရှင်းလင်းနေသည်။ ဤနေရာတွင် သူ ဆက်မနေချင်တော့ချေ။

"ဟူး... ဧည့်သည်တို့က အဝေးကြီးက လာရတာကို... အချိန်လည်း အရမ်း လင့်နေပြီ... ဧည့်သည်တွေကို ဘယ်လိုလုပ် အပြင်ထွက်ခိုင်းရက်မှာလဲ... ညဘက် ခရီးသွားတာက အရမ်း အန္တရာယ်များတယ်... နောက်တစ်ရက်လောက် ဆက်နေပြီးမှ သွားကြပါ..."

ရွာသူကြီးက လက်လှမ်းကာ လုကျစ်ချွန်းနှင့် ဟွာတောက်ဟုန်တို့၏ လမ်းကို ပိတ်ဆို့လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးများ အပြည့်ဖြင့် ပြောလိုက်၏။

"ကောင်းကင်က လင်းနေသေးတာကို..."

လုကျစ်ချွန်းက ကောင်းကင်ကို လက်ညှိုးထိုးပြလိုက်သော်လည်း စကားတစ်ဝက်တွင် ရပ်တန့်သွား၏။

နေဝင်သွားပြီး ညရောက်နေပြီဆိုတာကို သူ သတိမပြုမိခဲ့ချေ။

လုကျစ်ချွန်း မျက်မှောင်ကြုတ်သွားသည်။ အချိန် စောသေးကြောင်း သူ ရှင်းလင်းစွာ မှတ်မိနေသော်လည်း ယခုအခါ ညရောက်နေပြီဖြစ်ပြီး တောက်ပသော လမင်းကြီးက ကောင်းကင်တွင် မြင့်မားစွာ တည်ရှိနေ၏။ လုကျစ်ချွန်း ခေါင်းကို မခါဘဲ မနေနိုင်တော့ချေ။ သူ၏ နှလုံးသားထဲရှိ ထူးဆန်းသော ခံစားချက်က တစ်ခုခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး သူ၏ စိတ်ထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသကဲ့သို့ပင်။

ဟွာတောက်ဟုန်သည် ကောင်းကင်ကို ကြည့်လိုက်ပြီး တစ်ခုခု မှားယွင်းနေကြောင်း မသိစိတ်က အာရုံခံမိသော်လည်း ထိုခံစားချက်ကို သူ အမြန် ဖယ်ရှားလိုက်၏။ ကောင်းကင်က သူ ဖြစ်သင့်သည့်အတိုင်း ဖြစ်နေသကဲ့သို့ပင်။

ချန်ဖေးသည် ပြောင်းလဲနေသော ကောင်းကင်ကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်၏။ ယခင်က ထူးဆန်းသော ခံစားချက်က ပိုမို ထင်ရှားလာသော်လည်း မည်သည့်အရာက ထူးဆန်းနေသနည်း ဆိုသည်ကို ချန်ဖေး မတွက်ထုတ်နိုင်ချေ။

လောကကြီးက ဒီလိုပဲ ဖြစ်တယ်လို့၊ မီရွာမှာလည်း ဒီလိုပဲ ဖြစ်ပြီး အပြင်ဘက်မှာလည်း အတူတူပဲ ဖြစ်တယ်လို့ အသံတစ်ခုက သူ့ကို အမြဲ ပြောနေသကဲ့သို့ ဖြစ်နေပေသည်။ အံ့သြစရာ ဘာမှ မရှိပေ။

"အချိန်လည်း လင့်နေပြီ... ရွာက ဧည့်ခန်း တချို့ ပြင်ဆင်ထားပါတယ်... ဧည့်သည်တို့ သုံးယောက် အဆင်မပြေ ဖြစ်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်..."

ရွာသူကြီးက ရှေ့သို့ လက်ဟန်ပြလိုက်ပြီး ချန်ဖေးနှင့် အခြား နှစ်ယောက်ကို ရွာထဲရှိ သက်ကယ်မိုး တဲအိမ်များဆီသို့ ခေါ်ဆောင်သွားလေ၏။

သူတို့ သုံးယောက်သည် ကပ်လျက်ရှိသော သက်ကယ်မိုး တဲအိမ် သုံးလုံးတွင် နေထိုင်ကြသည်။ ချန်ဖေးသည် ရွာသူကြီးကို အရိုအသေပေးသည့်အနေဖြင့် လက်ယှက်ကာ တဲအိမ်၏ တံခါးကို ပိတ်လိုက်၏။

ချန်ဖေးသည် အိပ်ရာပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး သူ၏ ညာလက်က မေးစေ့ကို ထောက်ထားသည်။

ယနေ့ ဖြစ်ပျက်ခဲ့သော အရာများစွာက သူ့ကို စိုးရိမ်ပူပန်စေခဲ့၏။အထူးသဖြင့် သိုင်းပညာ ကျင့်စဉ်ကို သင်ပေးပြီးနောက် သူ၏ စိတ် ပိုမို ရှင်းလင်းလာကြောင်း ချန်ဖေး တွေ့ရှိခဲ့ပြီး ပတ်ဝန်းကျင်ရှိ ထူးဆန်းမှုများကို သူ၏ အာရုံခံနိုင်စွမ်းက ပို၍ပင် ထင်ရှားလာခဲ့သည်။

ချန်ဖေး မည်မျှပင် စဉ်းစားစေကာမူ အချိတ်အဆက်များကို ဆက်စပ်၍ မရနိုင်ချေ။ မှတ်ဉာဏ်အားလုံးက အပိုင်းပိုင်းလိုက် ပေါ်လာပြီးနောက် ပြန်လည် မြုပ်သွားလေ၏။

တစ်ခါတစ်ရံတွင် ချန်ဖေးသည် သူ၏ စိတ်ထဲရှိ အတွေးတစ်ခုကို ဆုပ်ကိုင်ထားပြီး ပိုမို နက်ရှိုင်းစွာ ဆက်လက် တွေးတောချင်သော်လည်း အခြား အတွေးများက ချက်ချင်း ဝင်ရောက်လာပြီး သူ့ကို အာရုံလွှဲသွားစေသည်။ ထို့နောက် သူ မူလက ဆက်လက် တွေးတောချင်ခဲ့သောအရာကို ရုတ်တရက် မေ့သွားတတ်၏။

တစ်ခုခုကို မေ့သွားတယ်ဆိုတာ ငါ သေချာ မှတ်မိနေပေမဲ့ အဲ့ဒါက ဘာလဲဆိုတာကို ငါ တွက်ထုတ်လို့ မရဘူး...

ဤခံစားချက်က အရမ်း ဆိုးရွားပြီး ဖြေရှင်းနည်းလည်း မရှိဘူး...

သူသည် မေ့တတ်သူ တစ်ယောက် မဖြစ်ကြောင်း ချန်ဖေး ခပ်ရေးရေး မှတ်မိနေသော်လည်း ယခုအခါ သူက ထိုအတိုင်း အတိအကျ ဖြစ်နေပေသည်။ လွန်ခဲ့သော စက္ကန့်အနည်းငယ်က သူ ဘာတွေးနေခဲ့သနည်း ဆိုသည်ကို သူ မမှတ်မိနိုင်တော့ချေ။ သူ၏ စိတ်က ဂျုံယာဂုကဲ့သို့ ဖြစ်နေ၏။

"ဟူး..."

ချန်ဖေးသည် သက်ပြင်းမချဘဲ မနေနိုင်တော့ဘဲ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ ရွာသားများနှင့် ရွာသူကြီးတို့က အလွန် ဧည့်ဝတ်ကျေပွန်နေဆဲပင်။ သို့ရာတွင် မသိစိတ်ထဲ၌ အပြင်ဘက်တွင် သူ လုပ်စရာ ကိစ္စများ ရှိနေသေးသည်ဟု ချန်ဖေး ခံစားနေရသည်။

"မနက်ဖြန်ကျရင် ရွာသူကြီးနဲ့ စကားပြောပြီး ထွက်သွားတော့မယ်..."

ချန်ဖေးက သူ၏ စိတ်ထဲတွင် တွေးလိုက်၏။

ဒေါက်... ဒေါက်... ဒေါက်...

တံခါးခေါက်သံက ချန်ဖေး၏ အတွေးများကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ အနည်းငယ် တွေဝေစွာဖြင့် ချန်ဖေးက မတ်တပ်ရပ်ကာ တံခါးကို ဖွင့်လိုက်၏။ ရွာသူကြီး ဖြစ်မည်ဟု သူ မျှော်လင့်ထားခဲ့သော်လည်း အံ့သြစရာကောင်းစွာဖြင့် အမျိုးသမီး တစ်ဦး အပြင်ဘက်တွင် ရပ်နေပေသည်။

သူမ၏ မျက်ခုံးများက မီးခိုးငွေ့များကဲ့သို့ မျက်မှောင်ကြုတ်နေသလိုလို၊ မကြုတ်ထားသလိုလို ဖြစ်နေပြီး သူမ၏ မျက်လုံးများထဲတွင် ဝမ်းသာမှုနှင့် ဝမ်းနည်းမှုတို့ ရောယှက်နေကာ စိတ်ခံစားမှု အပြည့် ရှိနေပုံ ပေါက်သည်။ သူမသည် ရိုးရှင်းသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားသော်လည်း သူ၏ရှေ့ရှိ အမျိုးသမီးအပေါ်တွင် ကောင်းမွန်သော ပိုးသားနှင့် ဖဲသားများ၏ တောက်ပမှုကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေပြီး သူမကို ပထမဆုံး မြင်တွေ့ရုံဖြင့် မေ့မရနိုင်အောင် ဖြစ်စေသည်။

"သခင်မလေး... ညနက်နေပြီကို ဘာကိစ္စ ရှိလို့လဲ..."

ချန်ဖေးက အနည်းငယ် တွေဝေစွာဖြင့် အမျိုးသမီး၏ မျက်နှာမှ အကြည့်ကို လွှဲကာ မေးလိုက်၏။

"အထဲဝင်ပြီး စကားပြောလို့ ရမလား..."

အမျိုးသမီးက မည်သူ့ နှလုံးသားကိုမဆို အရည်ပျော်သွားစေနိုင်သည့် နူးညံ့သော အပြုံးလေးဖြင့် မေးလိုက်သည်။

ချန်ဖေး အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ညသန်းခေါင်ယံ အချိန်တွင် အမျိုးသား နှင့် အမျိုးသမီး နှစ်ဦးတည်း ရှိနေခြင်းက တစ်ခုခု လွယ်ကူစွာ ဖြစ်သွားနိုင်ပေသည်။

"တောင်းပန်ပါတယ်... ကျွန်တော်..."

ချန်ဖေး စကားမဆုံးမီ ရုတ်တရက် လမ်းလွဲသွားသလို ခံစားလိုက်ရ၏။ သူ သတိပြန်ဝင်လာချိန်တွင် အမျိုးသမီးသည် သက်ကယ်မိုး တဲအိမ်ထဲသို့ ဝင်ရောက်နေပြီဖြစ်ပြီး သူမနောက်က တံခါးကို တင်းကျပ်စွာ ပိတ်ထားလိုက်လေပြီ။

"ကျွန်မ မီရွာမှာ နေလာတာ နှစ်ပေါင်းများစွာ ကြာပါပြီ... ပြီးတော့ ကျွန်မမှာ အမြဲတမ်း ဆန္ဒတစ်ခု ရှိခဲ့တယ်... အဲ့ဒါကတော့ ကျွန်မရဲ့ အခုပုံစံကို တစ်ယောက်ယောက်က ပန်းချီဆွဲပေးနိုင်ဖို့ပါပဲ... အလှအပဆိုတာ အချိန်နဲ့အမျှ မှေးမှိန်သွားတတ်တယ်လေ... ပြီးတော့ ကျွန်မရဲ့ လက်ရှိ အသွင်အပြင်ကို ထိန်းသိမ်းထားနိုင်မယ့် အရာတစ်ခုခု ရှိဖို့ မျှော်လင့်မိပါတယ်..."

အမျိုးသမီး၏ မျက်လုံးများထဲတွင် မျက်ရည်များ ချက်ချင်း ပြည့်နှက်လာပြီး သူမ၏ ပါးပြင်များတွင် သနားစရာကောင်းသော အမူအရာတစ်ခု ပြည့်နှက်နေရာ တစ်ယောက်ယောက်က သူမကို ရင်ခွင်ထဲ ထည့်ထားပြီး ယုယချင်စိတ် ပေါက်လာစေသည်။

"ပန်းချီဆွဲမယ်..."

ချန်ဖေးသည် အမျိုးသမီးကို အိမ်ထဲသို့ ဖိတ်ခေါ်ခဲ့သူမှာ သူ ကိုယ်တိုင် ဖြစ်နေသည့်အလား သူ၏ စောစောက ငြင်းဆန်ရန် ရည်ရွယ်ချက်ကို ချက်ချင်း မေ့သွားလေ၏။ ထို့ပြင် ပန်းချီဆွဲခြင်း အကြောင်း ပြောရလျှင် ချန်ဖေး ပန်းချီမဆွဲဖြစ်သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။

"သခင်လေး... အဆင်ပြေရဲ့လား..."

အမျိုးသမီးက ရှေ့သို့ အနည်းငယ် ကိုင်းလိုက်ရာ သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို ဖော်ပြနေ၏။ သူမ ဝတ်ဆင်ထားသော အဝတ်ကြမ်းကပင် သူမ၏ ကောက်ကြောင်းများကို မဖုံးကွယ်နိုင်ခဲ့ချေ။

ထိုအချိန်၌ လုကျစ်ချွန်းနှင့် ဟွာတောက်ဟုန်တို့၏ အခန်း တစ်ခန်းစီတွင် အခြားလူ တစ်ယောက် ပေါ်လာလေ၏။

အခန်း (၂၄၁) လက်ရေးပန်းချီ

"ညနက်နေပြီကို... စစ်တုရင် ကစားမလို့လား..."

လုကျစ်ချွန်း မျက်မှောင်ကြုတ်သွားပြီး ထိုအဘိုးအိုကို သူ အဘယ်ကြောင့် အိမ်ထဲသို့ ဝင်ခွင့်ပြုလိုက်သနည်းဟု တွေးတောနေမိ၏။

"ဒီမီရွာမှာ တခြားသူတွေနဲ့ စစ်တုရင် ပွဲပေါင်း မရေမတွက်နိုင်အောင် ကစားခဲ့ပြီးပြီ... ကျွန်တော်လည်း အရမ်း ငြီးငွေ့နေပြီ... အခု မိတ်ဆွေနဲ့ တွေ့တော့ တကယ်ကို စစ်တုရင် ကစားချင်စိတ် ပေါက်လာလို့ပါ... ဒါကြောင့် ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို ခွင့်ပြုပေးမယ်လို့ မျှော်လင့်ပါတယ်..."

ကျယ်ပြန့်သော အပြုံးတစ်ခုဖြင့် အဘိုးအိုသည် စစ်တုရင်ခုံကို ပြင်ဆင်ထားပြီးဖြစ်ကာ လုကျစ်ချွန်း ထိုင်မည့်အချိန်ကို စောင့်ဆိုင်းနေ၏။

"ဒီနေ့ ကျွန်တော် နည်းနည်း ပင်ပန်းနေတယ်... ခင်ဗျားနဲ့ စစ်တုရင် ကစားဖို့ အားအင် ရှိမယ် မထင်ဘူး..."

လုကျစ်ချွန်းသည် အဘိုးအိုကို ကြည့်လိုက်ပြီးနောက် စစ်တုရင်ခုံကို တစ်ချက် ကြည့်လိုက်ရာ သူ၏ နှလုံးသားထဲသို့ မှုန်ဝါးသော ခံစားချက်တစ်ခု တိုးဝင်လာ၏။ ဤခံစားချက်က မည်သည့်နေရာမှ လာသည်ကို သူ မသိသော်လည်း လုကျစ်ချွန်းသည် သူ၏ နှလုံးသား အလိုအတိုင်း လိုက်ရန် ဆုံးဖြတ်လိုက်သည်။

"မပင်ပန်းပါဘူး... လုံးဝ မပင်ပန်းပါဘူး..."

အဘိုးအိုက တိုးတိုးလေး ရယ်မောလိုက်ပြီး စစ်တုရင် ရုပ်တစ်ခုကို ကောက်ယူကာ သူ့ရှေ့ရှိ စစ်တုရင်ခုံပေါ်တွင် တင်လိုက်၏။

လုကျစ်ချွန်းသည် စစ်တုရင်ခုံကို စိုက်ကြည့်နေစဉ် သူ၏ အမြင်အာရုံက ခဏမျှ မှုန်ဝါးသွားပြီး မသိစိတ်က မျက်လုံးများကို မှိတ်လိုက်မိသည်။ သူ ပြန်ဖွင့်လိုက်ချိန်တွင် လုကျစ်ချွန်းသည် အဘိုးအို၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေကြောင်း တွေ့ရှိလိုက်ရပြီး သူ၏ ညာလက်က စစ်တုရင်ခုံမှ ယခုလေးတင် ကြွတက်သွားကာ ရုပ်တစ်ခုကို ချထားပြီးဖြစ်ကြောင်း တွေ့လိုက်ရ၏။

ကျင့်ကြံခြင်းအပြင် လုကျစ်ချွန်း၏ တစ်ခုတည်းသော အဓိက ဝါသနာမှာ စစ်တုရင် ကစားခြင်း ဖြစ်သည်။ ယခုအခါ သူ လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်ပြီဖြစ်ရာ အခြားသော စိတ်ခံစားမှုများ အားလုံးကို ဘေးဖယ်ထားလိုက်ပြီး ကစားပွဲအပေါ်တွင်သာ အာရုံစိုက်လိုက်လေ၏။

ရွှေ့ကွက်တိုင်းနှင့်အတူ သူ၏ စွမ်းအင်နှင့် စိတ်ဓာတ်များ အားနည်းသွားသည်ကို လုကျစ်ချွန်း သတိမပြုမိခဲ့ချေ။ အနည်းငယ်စီ လျော့ကျသွားမှုတိုင်းက သတိမပြုမိနိုင်လောက်အောင် ဖြစ်သော်လည်း အချိန်နှင့်အမျှ စုပုံလာပေသည်။

အရာများစွာသည် ထိုကဲ့သို့သော အသေးစား ပျက်စီးမှုများကို ခံနိုင်ရည် မရှိကြချေ။

ချီစွမ်းအင်သန့်စင်ခြင်း အဆင့်တွင် နက်ရှိုင်းသော ကျင့်ကြံမှုအဆင့်ရှိသူ တစ်ဦးပင်လျှင် အချိန်ကြာလာသည်နှင့်အမျှ ထိုကဲ့သို့သော ပျက်စီးမှုများကြောင့် ဖျက်ဆီးခံရနိုင်ပေသည်။

လုကျစ်ချွန်းသည် စစ်တုရင်ခုံတွင် လုံးလုံးလျားလျား နစ်မြောနေပြီး သူ၏ ကျင့်ကြံမှု ဆုံးရှုံးသွားသည်ကို သတိမပြုမိခဲ့ချေ။

အဘိုးအို၏ စစ်တုရင် စွမ်းရည်သည် အလွန် မြင့်မားပုံရပြီး လုကျစ်ချွန်းသည် ရွှေ့ကွက်တစ်ခုစီ၏ နေရာချထားမှုကြောင့် လုံးလုံးလျားလျား မှော်ပညာ မိသွားသကဲ့သို့ ဖြစ်နေ၏။

ဆယ့်ငါးမိနစ် မပြည့်မီမှာပင် လုကျစ်ချွန်းသည် အပြင်ဘက်တွင် သူ လေ့ကျင့်ခဲ့သော ကျင့်ကြံမှုနည်းလမ်း တစ်ခုနှင့် ညီမျှသောအရာကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

ဤစစ်တုရင်ခုံ၏ အရှိန်အဟုန်ကို ကြည့်ရသည်မှာ ယခုမှသာ စတင်ခြင်း ဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် ဟွာတောက်ဟုန်၏ အိမ်ထဲတွင် လူ နှစ်ဦးသည် အဘယ်အချိန်ကတည်းက အတူတကွ စတင် သောက်စားနေခဲ့ကြမှန်း မသိချေ။

"ရင်းနှီးတဲ့ မိတ်ဆွေ တစ်ယောက်နဲ့ သောက်ရရင် ခွက် တစ်ထောင်တောင် မလောက်ပါဘူး..."

ဟွာတောက်ဟုန်သည် အရက်ချစ်သူ တစ်ဦးဖြစ်ပြီး အဘိုးအို ယူဆောင်လာသော အရက်သည် မွှေးပျံ့ရုံသာမကဘဲ မေ့မရနိုင်သော အရသာလည်း ရှိသဖြင့် လူများကို တစ်ခွက်ပြီးတစ်ခွက် သောက်ချင်လာစေသည်။

ဟွာတောက်ဟုန် အရက်သောက်ချိန်တွင် များသောအားဖြင့် အမြည်းစားလေ့မရှိသကဲ့သို့ သောက်နေစဉ် စကားပြောလေ့လည်း မရှိချေ။ သူသည် အရက်သောက်ခြင်း လုပ်ငန်းစဉ် ကိုသာ နှစ်သက်ပေသည်။

အကယ်၍ သူနှင့်အတူ အရက်သောက်လိုသူများ အနီးအနားတွင် ရှိနေပါက တိတ်ဆိတ်စွာ သောက်ရလျှင်ပင် ဟွာတောက်ဟုန်အတွက် ကြည်နူးစရာ အတွေ့အကြုံတစ်ခု ဖြစ်သည်။

ဤအချိန်၌ သူတို့ နှစ်ဦးသည် စကား လုံးဝ မပြောဘဲ မူးယစ်နေသည့်အလား တစ်ခွက်ပြီးတစ်ခွက် ဆက်တိုက် သောက်နေကြ၏။

အဘိုးအို၏ သောက်ပုံသောက်နည်းကို ကြည့်ရင်း ဟွာတောက်ဟုန်သည် အလွန် ဆွဲဆောင်မှုရှိကြောင်း တွေ့ရှိရပြီး ပြုံးမနေဘဲ မနေနိုင်တော့ချေ။ သူသည် သူ၏ လက်ထဲရှိ မွှေးပျံ့သော အရက်ကို မြှောက်ကာ တကျိုက်တည်း မော့သောက်လိုက်သည်။

သူ တစ်ခွက် ကုန်သွားတိုင်း သူ၏ အငွေ့အသက်က တစ်မှတ် လျော့ကျသွားသည်ကို ဟွာတောက်ဟုန် သတိမပြုမိခဲ့ချေ။ ထိုအခါမှသာ အဘိုးအိုက သူ့ကိုယ်သူ နောက်တစ်ခွက် ငဲ့ကာ သောက်လိုက်သည်။

အဘိုးအို၏ လက်ထဲရှိ အရက်ခွက်များသည် အမှန်တကယ်တော့ ဟွာတောက်ဟုန်၏ ကျင့်ကြံမှုအဆင့် ဖြစ်သည်။ ဟွာတောက်ဟုန် ကိုယ်တိုင်က သူ၏ ကျင့်ကြံမှုအဆင့် အစိတ်အပိုင်းများကို ဖြတ်တောက်ကာ အဘိုးအိုအား အရက်အဖြစ် ဆက်သနေခြင်း ဖြစ်သည်။

သို့ရာတွင် ဟွာတောက်ဟုန်သည် ယခုအချိန်၌ ဤအချက်ကို သတိမထားမိဘဲ အရက်သောက်ခြင်း၏ သာယာမှုတွင် နစ်မြောနေကာ ရုန်းမထွက်နိုင် ဖြစ်နေ၏။

ဆယ့်ငါးမိနစ်... ဆယ့်ငါးမိနစ်... နာရီဝက်... တစ်နာရီ...

ဟွာတောက်ဟုန်၏ နှလုံးသားထဲသို့ အေးစက်မှုတစ်ခု ရုတ်တရက် ဖြတ်ပြေးသွားပြီး သူ ရုတ်တရက် ရပ်တန့်သွားကာ သောက်တော့မည့် အရက်က သူ၏ လည်ချောင်းတွင် ရပ်တန့်သွား၏။

ယခင်က မှုန်ဝါးနေသော သူ၏ မျက်လုံးများသည် ဤရုတ်တရက် တုန်လှုပ်မှုကြောင့် အနည်းငယ် ရှင်းလင်းသွားသည်။

ဟွာတောက်ဟုန်သည် အားနည်းနေကြောင်း ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သာမက သူ၏ ဝိညာဉ်နှင့် စွမ်းအင် တစ်ခုလုံးပါ နိမ့်ကျနေပြီး နေ့ရောညပါ မအိပ်ရသေးသကဲ့သို့ပင်။

ငါ ဘာဖြစ်နေတာလဲ...

ဟွာတောက်ဟုန်သည် သူ၏ လက်ထဲရှိ အရက်ခွက်ကို စိုက်ကြည့်နေ၏။ ထိုအချိန်၌ သူ၏ မျက်လုံးထဲတွင် အရက်နှင့် မတူတော့ဘဲ သူ၏ အူများကို လောင်ကျွမ်းစေမည့် အဆိပ်နှင့် ပိုတူနေပေသည်။ အခြေအနေကို ဟွာတောက်ဟုန် နားမလည်သော်လည်း ဤအရက်ကို သူ ဆက်သောက်၍ မရတော့ကြောင်း မသိစိတ်က သိနေပေသည်။

အကယ်၍ ငါ ထပ်သောက်မယ်ဆိုရင် ငါ မဖြစ်ချင်တဲ့ အရာတစ်ခုခု ဖြစ်လာလိမ့်မယ်…

"မိတ်ဆွေ နည်းနည်းလေးပဲ သောက်ရသေးတာကို... ဘာလို့ ရပ်လိုက်တာလဲ..."

အဘိုးအိုက ဆက်သောက်ရန် ဖျောင်းဖျလျက် တိုက်တွန်းလိုက်၏။

"ကျွန်တော် ထပ်မသောက်တော့ဘူး... ခင်ဗျား ပြန်လို့ရပါပြီ... ကျွန်တော် နားဖို့ လိုတယ်..."

ဟွာတောက်ဟုန် မတ်တပ်ရပ်လိုက်ပြီး သူ့ကို ထွက်သွားရန် တိုက်ရိုက် အမိန့်ပေးလိုက်သည်။

"အကယ်၍ မိတ်ဆွေက ဒီအရက်ရဲ့ အရသာကို မကြိုက်ဘူးဆိုရင် ကျွန်တော့်မှာ တခြားဟာတွေ ရှိသေးတယ်... ဒါလေး မြည်းကြည့်ပါလား..."

သူ၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခုဖြင့် အဘိုးအိုသည် ဟွာတောက်ဟုန်ကို လက်ယပ်ခေါ်လိုက်၏။ မိန်းမောနေသော ဟွာတောက်ဟုန်သည် သူ၏ ကုလားထိုင်တွင် ပြန်ထိုင်လိုက်ရာ သူ၏ အရက် အများစုကို သောက်ပြီးသွားပြီ ဖြစ်သည်။

"ဖူး..."

အရင်ကဆိုလျှင် ဟွာတောက်ဟုန်သည် အရက် အများစုကို မော့သောက်ပြီးနောက် ဆက်သောက်နေပေလိမ့်မည်။ သို့သော် စောစောက တုန်လှုပ်မှုက ကျန်ရှိနေဆဲဖြစ်ပြီး သူသည် အရက်ကို တစ်ကျိုက်တည်းနှင့် ပြန်အန်ထုတ်လိုက်၏။

"ထွက်သွားစမ်း..."

ဟွာတောက်ဟုန်က သူ၏ လက်ထဲရှိ အရက်ခွက်ကို မြေပြင်ပေါ်သို့ ရိုက်ခွဲလိုက်ရာ အပိုင်းပိုင်း ကွဲကြေသွားလေသည်။ ဟွာတောက်ဟုန်၏ အသိစိတ်က အနည်းငယ် ရှင်းလင်းသွားပြီး ရှုပ်ထွေးနေသော ခံစားချက်က ယခင်ကလောက် မသိသာတော့ချေ။

သူ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခုဖြင့် အဘိုးအိုက ဟွာတောက်ဟုန်ကို ခေါင်းညိတ်ပြပြီး အရက်များနှင့်အတူ ဟွာတောက်ဟုန်၏ အိမ်ထဲမှ ထွက်သွားလေ၏။

ဟွာတောက်ဟုန်သည် ခုတင်ဘေးတွင် ရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ သူ၏ နှလုံးသားထဲတွင် မငြိမ်မသက်မှုများနှင့် အကြောက်တရားများ ရစ်ဝဲနေ၏။ ဤနေရာမှ ထွက်ခွာလိုသော ပြင်းထန်သည့် ဆန္ဒတစ်ခု သူ့အထဲတွင် ဖြစ်ပေါ်လာသည်။ သို့သော် မကြာမီတွင် ဤဆန္ဒက တဖြည်းဖြည်း လျော့ကျလာလေ၏။

ထူးဆန်းသော စွမ်းအားတစ်ခုက ဟွာတောက်ဟုန်၏ အတွေးများကို ဖိနှိပ်ထားပြီး တစ်ချိန်တည်းမှာပင် အိပ်ချင်စိတ်က သူ့အပေါ် လွှမ်းမိုးလာသည်။ မသိစိတ်ကပင် ဟွာတောက်ဟုန်သည် ခုတင်ပေါ်တွင် ထိုင်လိုက်ပြီး အိပ်ချင်စိတ်ကို ခုခံကာ သူ့ကိုယ်သူ အမှန်တကယ် အိပ်ပျော်မသွားစေရန် ကြိုးစားနေ၏။

လုကျစ်ချွန်း၏ အခန်းထဲတွင်မူ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော စစ်တုရင် ရုပ်များ ပြည့်နှက်နေပြီ ဖြစ်သည်။ လုကျစ်ချွန်းသည် သူ၏ရှေ့ရှိ အဘိုးအိုကို ကြည့်နေစဉ် သူ၏ အမူအရာက မှုန်ကုပ်နေ၏။ သူ၏ နှလုံးသား အောက်ခြေမှ လူသတ်လိုစိတ် တစ်ခု ထွက်ပေါ်လာသော်လည်း ချက်ချင်းပင် ရှင်းပြမရနိုင်အောင် ပျောက်ကွယ်သွားလေသည်။

"စစ်တုရင်ခုံက ကျိုးသွားပြီ... ဒီကစားပွဲကို ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့..."

လုကျစ်ချွန်းက အသံနက်ကြီးဖြင့် ပြောလိုက်သည်။

"မလောပါနဲ့... မလောပါနဲ့... နောက်တစ်ခါကျရင် မိတ်ဆွေကို ထပ်လာရှာပါ့မယ်..."

အရသာရှိသော အသားတစ်တုံးကို ကြည့်နေသည့်အလား လုကျစ်ချွန်းကို ကြည့်ကာ အဘိုးအိုက ကျောချမ်းစရာ အပြုံးတစ်ခု ပြုံးလိုက်၏။ သူ၏ မျက်လုံးများထဲရှိ လောဘက လျှံကျလုမတတ် ဖြစ်နေပြီး လူတစ်ယောက်ကို ကျောချမ်းသွားစေပေသည်။

လုကျစ်ချွန်းက တိတ်ဆိတ်စွာ နေပြီး အဘိုးအို ထွက်သွားသည်ကို ကြည့်နေစဉ် သူ၏ မျက်လုံးများထဲတွင် တွေးတောမှုများ ပြည့်နှက်နေ၏။

ဒီနေရာမှာ တစ်ခုခုတော့ သေချာပေါက် မှားယွင်းနေပြီ... သူ ဒီအတိုင်း ဆက်နေလို့ မရတော့ဘူး။

လုကျစ်ချွန်းသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်စဉ် ရုတ်တရက် အိပ်ချင်စိတ် လှိုင်းလုံးတစ်ခုက သူ့ကို ရိုက်ခတ်သွား၏။ ဤအိပ်ချင်စိတ်က အလွန် ပြင်းထန်လွန်းသဖြင့် လုကျစ်ချွန်းပင်လျှင် မခုခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ အလိုအလျောက် လဲကျသွားလေသည်။

အိပ်ချင်စိတ်ကို တွန်းလှန်ရတာတောင် အရမ်း ခက်ခဲနေပြီဆိုတော့ ထွက်သွားဖို့ဆိုတာက ဇိမ်ခံပစ္စည်း တစ်ခု ဖြစ်သွားပြီ။

ချန်ဖေး၏ သက်ကယ်မိုး တဲအိမ်ရှေ့တွင်မူ ချန်ဖေးသည် အမျိုးသမီးကို အပြင်သို့ ဖိတ်ခေါ်ပြီးပြီ ဖြစ်သည်။ အမျိုးသမီးသည် ကလေးများ၏ ရေးခြစ်ထားမှုနှင့် တူသော ပန်းချီဆွဲထားသည့် စက္ကူတစ်ရွက်ကို ကိုင်ထား၏။

ဘာဆွဲထားမှန်း သိရန် မဖြစ်နိုင်ချေ။ ရေးခြစ်ထားသည်ဟု ခေါ်ခြင်းကပင် အထင်သေးရာ ရောက်ပေလိမ့်မည်။

"သခင်လေး... ကျွန်မ ပန်းချီကား တစ်ချပ်လောက်ပဲ တောင်းတာကို... ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ..."

အမျိုးသမီး၏ ပခုံးများက တစ်စိတ်တစ်ပိုင်း ပေါ်လွင်နေပြီး သူမ၏ အနည်းငယ် မြင့်သော နေရာမှနေ၍ သူမ မကြည့်သင့်သော အရာများစွာကိုပင် မြင်တွေ့နိုင်ပေသည်။

သို့သော် ချန်ဖေးက မလှုပ်မယှက် နေနေပြီး စိတ်လှုပ်ရှားသွားသည့် အရိပ်အယောင် လုံးလုံးလျားလျား မပြသခဲ့ချေ။

နေ့လယ်က သူ ရှင်းပြမရနိုင်အောင် ရရှိခဲ့သော စွမ်းအင်ကြောင့် ချန်ဖေး၏ စိတ်က အတော်လေး ရှင်းလင်းနေခြင်း ဖြစ်လောက်ပေသည်။

သူ၏ အစာအိမ်ထဲရှိ အစားအစာများနှင့် သူ သောက်ခဲ့သော အရက်များသည် နဂါးနှိမ်နင်းခြင်း ရုပ်ပြကျင့်စဉ်၏ အလိုအလျောက် လည်ပတ်မှုနှင့်အတူ ချန်ဖေး ခံစားနေရသော မိန်းမောနေသည့် ခံစားချက်ကို ကြီးမားစွာ လျော့ကျသွားစေခဲ့သည်။

ထို့ကြောင့် အမျိုးသမီး ပေါ်လာပြီး ပန်းချီကား တစ်ချပ် တောင်းဆိုချိန်တွင် ချန်ဖေးသည် တစ်ခုခု မှားယွင်းနေကြောင်း မသိစိတ်က အာရုံခံမိလိုက်၏။ ရွာသားများ မည်မျှပင် စိတ်အားထက်သန်နေစေကာမူ သူတို့ ဤသို့ မလုပ်ကြချေ။

ညသန်းခေါင်ယံ အချိန်တွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတည်း ရှိနေပြီး သူမက သူ့ကို ပန်းချီကား တစ်ချပ် ဆွဲပေးရန် တောင်းဆိုနေသည်။

ချန်ဖေး ပန်းချီဆွဲနိုင်သော်လည်း ဤအခြေအနေမျိုးတွင် အမျိုးသမီး တစ်ဦးအတွက် ပန်းချီဆွဲပေးရန် သူ မည်သို့ ဝံ့ရဲမည်နည်း။

အကယ်၍ သူ ပန်းချီဆွဲလိုက်ပါက ဘာဖြစ်လာမည်ကို ချန်ဖေး မသိသော်လည်း သူ ပန်းချီမဆွဲရဲခဲ့ချေ။ဤအာရုံလွဲနေသော အချိန်ကာလအတွင်း အကြိမ်အနည်းငယ်မျှ ချန်ဖေးသည် စုတ်တံကို ကောက်ကိုင်ကာ စက္ကူပေါ်တွင် စတင် ဆွဲလုနီးပါး ဖြစ်ခဲ့ပြီး သူ၏ အနုပညာ စိတ်ကူးစိတ်သန်းများက မြင့်တက်လာခဲ့သည်။

သို့ရာတွင် ချန်ဖေးသည် မိမိကိုယ်ကို အတင်းအဓမ္မ ထိန်းချုပ်လိုက်ပြီး ယင်းအစား နားလည်၍မရသော အရာတစ်ခုခုကို ရေးခြစ်ဆွဲလိုက်လေ၏။

မည်သို့ပင်ဖြစ်စေ ချန်ဖေးသည် အမျိုးသမီး၏ တိကျသော အသွင်အပြင်ကို ဆွဲရန် ငြင်းဆန်ခဲ့သည်။

အမျိုးသမီးက သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို မနားတမ်း ပြသနေခြင်းနှင့် သူမ၏ သွေးဆောင်သော စကားများက ချန်ဖေးထံမှ မည်သည့် တုံ့ပြန်မှုကိုမျှ မရရှိခဲ့ချေ။

ဤမြင်ကွင်းက တကယ်ကို ထူးဆန်းလွန်းလှသည်။ အမျိုးသမီး တစ်ဦးက ရုတ်တရက် သင့်ဆီ ပြေးလာပြီး ကြင်နာမှု ပြသနေသည်။ ဤအထဲတွင် ပူးပေါင်းကြံစည်မှု တစ်ခုခု သေချာပေါက် ပါဝင်နေရမည်ဟု ချန်ဖေး၏ ပထမဆုံး တုံ့ပြန်မှုက ဆိုနေပေသည်။

"ဒီလောက် စွမ်းရည်မျိုးပဲရှိတာ စိတ်ပျက်စရာပဲ သခင်မလေး..."

ချန်ဖေးက အရိုအသေပေးသည့်အနေဖြင့် လက်ယှက်ကာ ပြောလိုက်၏။

အမျိုးသမီး၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လူမဆန်သော အေးစက်မှုသာ ကျန်ရစ်ခဲ့သည်။

သူမ ချန်ဖေးကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ လက်ထဲရှိ စက္ကူသည် အပိုင်းပိုင်း ကွဲကြေသွားပြီး အမျိုးသမီးက လှည့်ကာ ထွက်သွားလေ၏။

ချန်ဖေး အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး တံခါးကို ပိတ်လိုက်ကာ ဤနေရာမှ ထွက်ခွာလိုသော သူ၏ ဆန္ဒသည် ရုတ်တရက် အမြင့်ဆုံးသို့ ရောက်ရှိသွား၏။

ချန်ဖေး မည်သည့် လုပ်ရပ်မျှ မပြုလုပ်နိုင်မီ အိပ်ချင်စိတ် လှိုင်းလုံးတစ်ခုက ရုတ်တရက် ရိုက်ခတ်လာသဖြင့် အထောက်အကူ ရရန်နံရံကို မသိစိတ်က မှီလိုက်မိသည်။ အိပ်ချင်စိတ်က အလွန် ပြင်းထန်လွန်းသဖြင့် ချန်ဖေး၏ အတွေးများကို လွှမ်းမိုးသွားကာ အခြား မည်သည့်အရာကိုမျှ စဉ်းစားရန် မဖြစ်နိုင်တော့ချေ။

အချိန် မည်မျှ ကြာသွားမှန်း မသိပြီးနောက် အိပ်ချင်စိတ်သည် ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး ချန်ဖေး၏ ဦးနှောက်က ပြန်လည် စတင် အလုပ်လုပ်လာ၏။

"ငါ ခုနက ဘာလုပ်ဖို့ စဉ်းစားနေတာလဲ..."

ချန်ဖေးသည် ပတ်ဝန်းကျင်ကို ဗလာကျင်းစွာ ကြည့်လိုက်သည်။ ခုနက အလွန် အရေးကြီးသော အရာတစ်ခုခု ရှိနေရမည် ဖြစ်သော်လည်း ထိုအကြောင်းကို ထပ်မေ့သွားပြန်ပြီဖြစ်ကြောင်း ချန်ဖေး နားလည်လိုက်၏။

"ထပ်ပြီးတော့လား..."

ချန်ဖေး မျက်မှောင်ကြုတ်သွားသည်။ အရာများကို မေ့လျော့နေသော ခံစားချက်က အလွန် ဆိုးရွားပြီး ဤအခြေအနေက ဆက်လက် ဖြစ်ပေါ်နေပုံ ရကြောင်း ချန်ဖေး နားလည်လိုက်၏။

မိုးလင်းချိန်တွင် ရွာသူကြီးက တံခါးတိုင်းကို ခေါက်ကာ ချန်ဖေးနှင့် သူ၏ အဖော်နှစ်ယောက်ကို မနေ့က သူတို့ ရှိခဲ့သော ကွက်လပ်ဆီသို့ ဖိတ်ခေါ်လိုက်သည်။ ယခင်ကကဲ့သို့ပင် ရွာသားများ အားလုံးသည် ဘေးတွင် ရပ်နေကြပြီး ချန်ဖေးနှင့် သူ၏ မိတ်ဆွေများကို စကားတစ်ခွန်းမျှ မဟဘဲ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြ၏။

ချန်ဖေးသည် လုကျစ်ချွန်းနှင့် အခြား တစ်ယောက်ကို ကြည့်လိုက်ရာ သူတို့၏ အပြုအမူက အနည်းငယ် ထူးဆန်းနေပုံ ရကြောင်း သတိပြုမိလိုက်သော်လည်း ဘာမှားနေသနည်း ဆိုသည်ကိုမူ အတိအကျ မသိနိုင်ချေ။

"ဒီနေရာကို ရောက်လာတဲ့ လူတိုင်းကို မီရွာက ရိုးသားမှုနဲ့ ကြိုဆိုပါတယ်... မနေ့က ဧည့်သည်တို့ သုံးယောက်က ဧည့်သည်တို့ရဲ့ ကျင့်စဉ်တွေကို ကျွန်တော်တို့ကို သင်ပေးခဲ့တယ်... အဲ့ဒါက ကျွန်တော်တို့ကို အများကြီး အကျိုးရှိစေခဲ့ပြီး ဧည့်သည်တို့ရဲ့ ရိုးသားမှုကို ပြသခဲ့ပါတယ်... အပြန်အလှန်အနေနဲ့ မီရွာက ကျွန်တော်တို့ရဲ့ အဖိုးတန် ကျင့်စဉ်တချို့ကို ဧည့်သည်တို့ကို ပေးချင်ပါတယ်... အဲ့ဒါတွေက ဧည့်သည်တို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်..."

ရွာသူကြီး စကားပြောအပြီးတွင် ရွာသားအချို့ ထွက်လာကြ၏။

"လေစုဆောင်းခြင်း ကျင့်စဉ်... သေးငယ်တဲ့ စွမ်းရည်လေး တစ်ခုပါ... ကျေးဇူးပြုပြီး မရယ်ပါနဲ့..."

အဘွားအို တစ်ဦးက ရှေ့သို့ တစ်လှမ်း တိုးလာပြီး ချန်ဖေးနှင့် အခြား နှစ်ယောက်ကို ကျောချမ်းစရာ အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်ကာ လက်တစ်ချောင်းဖြင့် ရှေ့သို့ လက်ညှိုးထိုးပြလိုက်ရာ မီတာအနည်းငယ် အတွင်းရှိ နေရာက ရုတ်တရက် လှိုင်းထသွား၏။

အဘွားအို၏ အောက်တွင် လေပြင်းတစ်ချက်က လေဟာနယ်ထဲမှ ပေါ်လာပြီး သူမ ဖြည်းညင်းစွာ လေပေါ်ပေါ်လာလေသည်။

လုကျစ်ချွန်းနှင့် သူ၏ အဖော်၏ မျက်လုံးများ ချက်ချင်း လင်းလက်သွား၏။ အလွန် အစွမ်းထက်ပြီး ထူးခြားသော ကျင့်စဉ်တစ်ခု ဖြစ်ကြောင်း သူတို့ သိနိုင်ပေသည်။

"လေစုဆောင်းခြင်း... ဒီကျင့်စဉ်က..."

အဘွားအိုသည် လေစုဆောင်းခြင်း ကျင့်စဉ်၏ အနှစ်သာရကို တစ်ခုချင်းစီ ရှင်းပြလိုက်ရာ ပြီးဆုံးရန် နာရီဝက်တိတိ ကြာမြင့်ခဲ့သည်။

လုကျစ်ချွန်း၊ဟွာ‌တောက်ဟုန်နှင့် ချန်ဖေးတို့ မသိလိုက်ဘဲ သူတို့ ဟောပြောချက်ကို နားထောင်နေစဉ် သူတို့၏ ခေါင်းထိပ်များမှ စွမ်းအင်များ မနားတမ်း ပျောက်ကွယ်နေခဲ့သည်။

ချန်ဖေးသည် အာရုံစိုက်၍ နားထောင်နေစဉ် သူ၏ မျက်စိရှေ့တွင် စာသားတစ်ကြောင်း လင်းလက်သွားသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။

မျက်လုံးအောက်ခြေတွင် စာတစ်ကြောင်းက အဘယ်ကြောင့် ပေါ်လာရသနည်း။

All Chapters