← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း ၈၃ - လေ့လာသင်ယူခြင်းကသာ လူတွေကို စိတ်ကျေနပ်မှု ရစေနိုင်တယ်

"ဂလု... ခေါ... ဂလု..."

အိုးယန်သည် ခေါင်းကို အနောက်သို့ လန်ချကာ ပါးစပ်ဟလျက် အိပ်ပျော်နေသောကြောင့် သူ၏ ပါးစပ်ထဲရှိ သွားရည်များသည် အလုံးလိုက် စုဝေးနေလေ၏။

သူ၏ ဟောက်သံများနှင့် သွားရည်မျိုချသံများ ရောနှောကာ စည်းချက်ကျသော ရစ်သမ်တစ်ခု ဖြစ်ပေါ်နေပေသည်။

ပြစ်ဒဏ်တောင်ထိပ် မှ တပည့်တစ်ဦးက အားယူကာ အိုးယန်ကို လှုပ်နှိုးလိုက်သော်လည်း အိုးယန်မှာ ဝက်သေတစ်ကောင်ကဲ့သို့ အိပ်မောကျနေပြီး မည်မျှပင် လှုပ်နှိုးစေကာမူ နိုးလာမည် မဟုတ်ချေ။

"သူ တော်တော် အိပ်မောကျနေတာပဲ... သွားရည်တွေတောင် ကျနေပြီ..."

သူ၏ ဟောက်သံများမှာ ပို၍ပို၍ ကျယ်လောင်လာပြီး တုန်းရွှီကျစ် ၏ တာအိုဟောပြောပွဲ အသံကိုပင် ဖုံးလွှမ်းသွားလေ၏။

ပိုမိုများပြားသော လူများသည် အိုးယန်၏ ဟောက်သံကို ကြားလိုက်ရပြီး အိပ်မောကျနေသော အိုးယန်ကို လှည့်ကြည့်လိုက်ကြပေသည်။

ဂိုဏ်းချုပ် ကိုယ်တိုင် တာအိုဟောပြောပွဲ ပြုလုပ်နေသည့် ဤမျှ အရေးကြီးသော အခမ်းအနားတွင် တစ်စုံတစ်ယောက်က ဤမျှ အိပ်မောကျနေရဲသည်လော။

မည်သည့်တောင်ထိပ်မှ အမှိုက်ကောင်ကများ လူလုံးထွက်ပြကာ အရှက်ကွဲခံနေရသနည်း။

လွန်ခဲ့သော ဆယ်နှစ်အတွင်း ဂိုဏ်းသို့ ဝင်ရောက်လာခဲ့သော တပည့်များသည် ဂိုဏ်းချုပ် ၏ တာအိုဟောပြောပွဲ ကို နာယူနေခြင်းအား အိုးယန်က နှောင့်ယှက်နေသဖြင့် ဒေါသထွက်ကာ တရားမျှတမှုအတွက် ဒေါသတကြီး ဖြစ်နေကြလေ၏။

လွန်ခဲ့သော ဆယ်နှစ်ကျော်က ဝင်ရောက်လာခဲ့သော စီနီယာအစ်ကိုများသာလျှင် အိပ်မောကျနေသော အိုးယန်ကို အတိတ်ကို လွမ်းဆွတ်နေသည့်အလား ကြည့်နေကြပေသည်။

အိုးယန်ကို တစ်ချက်ကြည့်ပြီးနောက် လွန်ခဲ့သော ဆယ်နှစ်က အတွေ့အကြုံရှိသည့် စီနီယာအစ်ကိုများ အားလုံးသည် တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသည့်အလား မြင့်မားသော စင်မြင့်ပေါ်ရှိ တုန်းရွှီကျစ် ကို စိုက်ကြည့်နေကြလေ၏။

ရင်ပြင်သည် လူနှစ်အုပ်စုအဖြစ် ကွဲပြားသွားပေသည်။ တစ်အုပ်စုက အိုးယန်ကို ဒေါသတကြီး စိုက်ကြည့်နေပြီး ကျန်တစ်အုပ်စုကမူ ဂိုဏ်းချုပ် တုန်းရွှီကျစ် ကို မျှော်လင့်ချက်အပြည့်ပါသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။

မြင့်မားသော စင်မြင့်ပေါ်တွင် တုန်းရွှီကျစ် ၏ မျက်နှာမှာ တွန့်လိမ်သွားပြီး စိတ်ရှုပ်ထွေးမှု့များ အပြည့်ရှိနေသည့် မျက်နှာဖြင့် အိပ်မောကျနေသော အိုးယန်ကို ကြည့်လိုက်လေသည်။

သူ စကားဆယ်ခွန်းတောင် ပြည့်အောင် မပြောရသေးဘူး မဟုတ်ပါလော။ ဤကောင်လေးက မည်သို့ ဤမျှမြန်မြန် အိပ်ပျော်သွားရသနည်း။

ရင်ပြင်အပြင်ဘက်တွင် တိတ်တဆိတ် ပုန်းအောင်းနေသော နောက်ယောင်ခံလိုက်လာသည့် လူသုံးယောက်ကိုလည်း တုန်းရွှီကျစ် ခံစားမိလိုက်ရာ သူ၏ နှလုံးသားမှာ တစ်ချက် ခုန်သွားလေ၏။

ဤကောင်လေးများက ယနေ့ သူ့ကို လာနှောင့်ယှက်ရန် ရောက်နေခြင်း ဖြစ်နေနိုင်သည်။

မဖြစ်နိုင်ချေ... သူက ဂိုဏ်းချုပ် ပင် ဂိုဏ်းချုပ် ၏ ဂုဏ်သိက္ခာကို ကလေးတစ်စုက ဖျက်ဆီးပစ်၍ မရနိုင်ချေ။

တုန်းရွှီကျစ် ၏ အမူအရာမှာ လေးနက်သွားပြီး သူ၏ ပါးစပ်မှ တာအို အသံများ ဆက်လက် ထွက်ပေါ်လာကာ ပို၍ပင် နက်နဲလာခဲ့ပေသည်။

မူလက စိတ်ဝင်တစား နားထောင်နေခဲ့ကြသော တပည့်များသည် ရုတ်တရက် အနည်းငယ် ဝေခွဲမရ ဖြစ်သွားကြလေ၏။ ဂိုဏ်းချုပ် ပြောနေသော တာအိုသည် အဘယ်ကြောင့် ရုတ်တရက် နားလည်ရန် ဤမျှ ခက်ခဲသွားရသနည်း။

မူကြိုတွင် ဖျင်းယင်း သင်ယူနေစဉ် ရုတ်တရက် အဆင့်မြင့် သင်္ချာကို အတင်းအကျပ် သင်ယူခိုင်းလိုက်သကဲ့သို့ ဖြစ်နေပြီး လုံးဝ အဓိပ္ပာယ်မရှိလှချေ။

တုန်းရွှီကျစ် ၏ တာအို အသံများနှင့် အိုးယန်၏ ဟောက်သံများ ရောယှက်သွားကာ ရင်ပြင်ရှိ ဝေခွဲမရဖြစ်နေသော တပည့်များကို ဝန်းရံသွားလေ၏။

တဖြည်းဖြည်းနှင့် တုန်းရွှီကျစ် သည် သူ၏ မျက်ခွံများ ပို၍ပို၍ လေးလံလာသည်ကို ခံစားလိုက်ရပြီး ပို၍ အိပ်ချင်လာကာ သူ၏ အသံမှာလည်း စတင် တိုးလျသွားပေ၏။

"လာပြီ... လာပြီဟေ့..."

လွန်ခဲ့သော ဆယ်နှစ်က ဝင်ရောက်လာခဲ့သော စီနီယာအစ်ကိုများ အားလုံးသည် သူတို့၏ မှတ်တမ်းကျောက်တုံး များကို ထုတ်ယူကာ ဤအခိုက်အတန့်ကို မှတ်တမ်းတင်ရန် စိတ်အားထက်သန်စွာ ပြင်ဆင်လိုက်ကြလေ၏။

တုန်းရွှီကျစ် ၏ အသံမှာ လွင့်မျောသွားပြီး ပို၍ပို၍ တိုးလျသွားပေသည်။

နောက်ဆုံးတွင် တုန်းရွှီကျစ် သည် လွှမ်းမိုးလာသော အိပ်ချင်စိတ်ကို ဆက်လက် မတွန်းလှန်နိုင်တော့ဘဲ ခေါင်းငိုက်စိုက်ကျကာ အိပ်မောကျသွားလေတော့၏။

သူသည် အလွန် နှစ်ခြိုက်စွာ အိပ်ပျော်သွားပြီး ဟောက်ပင် ဟောက်လာလေ၏။

"ကျိ ကျိ ကျိ... ရွှီး..."

"ဂလု... ခေါ... ဂလု..."

"ကျိ ကျိ ကျိ... ရွှီး..."

"ဂလု..."

…

တုန်းရွှီကျစ် နှင့် အိုးယန်တို့၏ ဟောက်သံများက အလှည့်ကျ ထွက်ပေါ်လာပြီး ရင်ပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်နေလေ၏။

"ပေါ်လာပြီ... ဒီကောင် ရောက်လာသရွေ့ ဂိုဏ်းချုပ် ရဲ့ တာအိုဟောပြောပွဲ က သေချာပေါက် အိပ်စက်ခြင်းနဲ့ အဆုံးသတ်တာပဲ....သည်မြင်ကွင်းကို ပြန်တွေ့ရလိမ့်မည်ဟု ငါ မထင်ထားခဲ့ဘူး"

ငါ့ရဲ့ နုပျိုမှုတွေ ပြန်ရောက်လာပြီ။

အတွေ့အကြုံရှိသော လွန်ခဲ့သည့် ဆယ်နှစ်က စီနီယာအစ်ကိုများသည် မျက်ရည်များကျကာ ဤအခိုက်အတန့်ကို မှတ်တမ်းတင်လိုက်ကြပြီးနောက် မတ်တတ်ရပ်၍ အိုးယန်၏ ပတ်ပတ်လည်တွင် အားပေး ကြလေ၏။

ဤမြင်ကွင်းသည် တစ်ချိန်က ကြီးမားသော ဟိုးလေးတကျော် ဖြစ်ခဲ့ဖူးပြီး လူအများအပြားက အလုအယက် ကြည့်ရှုခဲ့ကြကာ အိုးယန်ကို ဂိုဏ်းချုပ် ၏ အဓိက ပြိုင်ဘက် အဖြစ်ပင် တစ်ခါက သတ်မှတ်ခဲ့ကြပေ၏။

"ဂိုဏ်းချုပ် ရဲ့ ပြိုင်ဘက်... အစွမ်းထက်တယ်"

"အိုး"

"အိုး"

…

စီနီယာအစ်ကိုများသည် အိုးယန်ကို အားပေးသြဘာ ပေးနေကြသော်လည်း ကျန်ရှိနေသော ဂျူနီယာညီလေးများ မှာမူ ဝေခွဲမရ ဖြစ်နေကြလေ၏။

ဤသည်က ဘာအဓိပ္ပာယ်နည်း။ ဤသည်မှာ ဂိုဏ်းချုပ် ၏ ဟောပြောပွဲ မဟုတ်ပါလော။

ယခု သူတို့ ဘာလုပ်နေကြသနည်း။

ဂိုဏ်းချုပ် က မည်သည့်ကြောင့် အိပ်ပျော်သွားရသနည်း။

စီနီယာအစ်ကိုများက ဘာကို အားပေးနေကြသနည်း။

ငါက ဘယ်သူလဲ…

ဒါက ဘယ်နေရာဘလဲ…

ငါက ဘာလုပ်နေတာလဲ…

ရင်ပြင်မှာ ဈေးတန်းတစ်ခုကဲ့သို့ ရှုပ်ထွေးဆူညံနေပြီး ရင်ပြင် လှေကားထစ်များအောက်တွင် ပုန်းအောင်းနေသော နောက်ယောင်ခံလိုက်လာသည့် လူသုံးယောက်မှာမူ တိတ်ဆိတ်သွားကြလေ၏။

"စီနီယာအစ်ကို က တကယ်ကို တာအို တရားနာချင်ရုံ သက်သက်နဲ့ သူ့ရဲ့ ကလေးဘဝကို ပြန်လည် ခံစားချင်တာ ဖြစ်မယ်လို့ ငါ ထင်တယ်..." ချန်ချန်ရှန်းက ပိုင်ယွီ နှင့် လန်ချင်းဆုန်း ကို ခြောက်ကပ်ကပ် ပြောဆိုလိုက်လေသည်။

ပိုင်ယွီက သူ၏ မျက်နှာကို ဖုံးအုပ်လိုက်ပြီး အရှုံးပေးလိုက်ရသလို ဖြစ်သွားပေ၏။ သူ၏ စီနီယာအစ်ကို သည် ယနေ့ ဘာဖြစ်နေမှန်း သူ အမှန်တကယ် နားမလည်နိုင်တော့ချေ။ လူပုံအလယ်တွင် အရှက်ကွဲခံရန် တမင်တကာ ပြေးလာခဲ့သည်လော။

လန်ချင်းဆုန်း သည် အိုးယန်ကို ဝန်းရံနေသော ပြစ်ဒဏ်တောင်ထိပ် တပည့်များကို စူးစိုက်ကြည့်နေပြီး သူ၏ အမူအရာမှာ အလွန် အေးစက်နေကာ သူ၏ နှလုံးသားထဲတွင်မူ ဝေခွဲမရမှုများဖြင့် ပြည့်နှက်နေလေ၏။

ဤပြစ်ဒဏ်တောင်ထိပ် တပည့်များက အဘယ်ကြောင့် သူ၏ စီနီယာအစ်ကို နှင့် ဤမျှ ရင်းနှီးနေရသနည်း။ သူတို့က သူ၏စီနီယာအစ်ကို နှင့် ရင်းနှီးသည်ထက်ပင် ပိုနေသေး၏။

အားလပ်ချိန်တွင် ပြစ်ဒဏ်တောင်ထိပ် သို့ သွားပြီး သူတို့၏ ဓားများ ထက်မြက်ခြင်း ရှိ၊ မရှိ ပြစ်ဒဏ်တောင်ထိပ် တပည့်များကို မေးကြည့်ရန် လိုအပ်နေပုံရချေသည်။

လန်ချင်းဆုန်း ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ခု တောက်ပသွားပြီး ထိုကြွက်သားတောင့်တင်းသော စီနီယာအစ်ကိုများကို သေတွင်းသို့ ပို့ရန် စိတ်ထဲမှ မှတ်သားထားလိုက်လေ၏။

အိုးယန်သည် တရားနာရန် သက်သက်သာ ဤနေရာသို့ ရောက်လာခြင်း ဖြစ်သဖြင့် သူတို့ သုံးယောက် ဤနေရာတွင် ဆက်နေရန် အကြောင်းပြချက် သိပ်မရှိတော့ချေ။

ပိုင်ယွီက ဦးဆောင်၍ ထွက်ခွာရန် ပြင်လိုက်စဉ် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိလိုက်သဖြင့် ရပ်တန့်သွားကာ မိုးကုတ်စက်ဝိုင်းဆီသို့ မော့ကြည့်လိုက်လေသည်။

"ဘာဖြစ်လို့လဲ... ပိုင် ဂျူနီယာညီလေး..." ချန်ချန်ရှန်းက မေးမြန်းလိုက်၏။

ပိုင်ယွီက ကောင်းကင်ကို ကြည့်ကာ တွေဝေနေသော အမူအရာဖြင့် ခေါင်းခါလျက် ပြောဆိုလိုက်လေသည်။

"ဘာမှမဖြစ်ပါဘူး... နည်းနည်း ထူးဆန်းသလို ခံစားရလို့ပါ..."

ချင်းယွင်ဂိုဏ်း ဆီသို့ သူ၏ ယခင်ဘဝက တာအို ရေစီးကြောင်းများ နီးကပ်လာသည်ကို သူ အဘယ်ကြောင့် ရုတ်တရက် ခံစားမိလိုက်ရသနည်း။

ဘာတွေ ဖြစ်နေသနည်း။

ပိုင်ယွီက လန်ချင်းဆုန်း နှင့် ချန်ချန်ရှန်း ကို ပြောဆိုလိုက်၏။

"ကျွန်တော် အခုချက်ချင်း ပြန်မသွားသေးဘူး... တာအိုဟောပြောပွဲ ပြီးရင် စီနီယာအစ်ကို နဲ့အတူ ပြန်လာခဲ့မယ်..."

လန်ချင်းဆုန်း နှင့် ချန်ချန်ရှန်း တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ချန်ချန်ရှန်းက "ဒါဆိုရင် ငါလည်း ခဏ စောင့်လိုက်မယ်" ဟု ပြောဆိုလိုက်လေသည်။

လန်ချင်းဆုန်း က သူ၏ ဓားကို ကိုင်ထားပြီး အဖြေမပေးသော်လည်း သူက ထိုနေရာတွင် မလှုပ်မယှက် ရပ်နေလေ၏။

ထိုစဉ် ချင်းယွင်တောင်ထိပ် ရင်ပြင်ရှိ ခေါင်းလောင်းစင်ပေါ်တွင် ခန္ဓာကိုယ် ပြည့်ဖြိုးသော အမျိုးသမီး ကျင့်ကြံသူ တစ်ဦး လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်လာပေသည်။ ဆူညံရှုပ်ထွေးနေသော ရင်ပြင်ကို ကြည့်ကာ သူမက မျက်မှောင်အနည်းငယ် ကြုတ်လျက် အေးစက်စွာ ပြောဆိုလိုက်၏။ "တိတ်တိတ်နေကြစမ်း"

သူမ၏ ကြည်လင်ပြီး အေးစက်သော အသံမှာ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားရာ ခေါင်းပေါ်သို့ ရေအေးတစ်ဇလုံ လောင်းချခံလိုက်ရသကဲ့သို့ လူတိုင်းကို ငြိမ်ကျသွားစေလေသည်။

ရင်ပြင်မှာ အပ်ကျသံကိုပင် ကြားရလောက်အောင် ချက်ချင်း တိတ်ဆိတ်သွားပြီး အိုးယန်နှင့် တုန်းရွှီကျစ် တို့၏ ဟောက်သံများသာ ကျန်ရစ်တော့ပေ၏။

"ကျိ ကျိ ကျိ... ရွှီး..."

"ဂလု... ခေါ... ဂလု..."

…

အမျိုးသမီး ကျင့်ကြံသူ သည် ဟောက်သံများကို ကြားလိုက်ရသဖြင့် မော့ကြည့်လိုက်လေသည်။ သူမက အိုးယန်ကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်နှာပေါ်၌ အံ့သြမှု အရိပ်အယောင်တစ်ခု ပေါ်လာပြီးနောက် တုန်းရွှီကျစ် ကို ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပေ၏။

နှစ်ခြိုက်စွာ အိပ်မောကျနေဆဲဖြစ်သော တုန်းရွှီကျစ် သည် ဟောက်နေလေ၏။ အမျိုးသမီး ကျင့်ကြံသူ သည် သူမ၏ စစ်မှန်သောအနှစ်သာရ ကို စုစည်းကာ ခေါင်းလောင်းစင်ရှိ ကြီးမားသော ခေါင်းလောင်းကြီးကို သူမ၏ လက်သီးဖြင့် အားပြင်းပြင်း ထုချလိုက်လေသည်။

ဒေါင်…

ခေါင်းလောင်းသံသည် စစ်မှန်သောအနှစ်သာရ လှိုင်းဂယက်တစ်ခုနှင့်အတူ ရင်ပြင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပေ၏။

တုန်းရွှီကျစ် မှာ ချက်ချင်း နိုးလာပြီး ခေါင်းကို မော့ကာ အိပ်ချင်မူးတူးဖြင့် မေးမြန်းလိုက်လေသည်။

"ဟင်... မိုးကြိုးပစ်နေတာလား..."

အောက်ဘက်တွင် အိပ်မောကျနေခဲ့သော အိုးယန်သည် ဆတ်ကနဲ ထထိုင်လိုက်ပြီး သူ၏ ပါးစပ်မှ သွားရည်များကို သုတ်ကာ သူ့ကို ဝန်းရံနေသော လူအုပ်ကြီးကို ကြောင်တောင်တောင် ကြည့်လျက် မေးမြန်းလိုက်၏။

"အတန်းဆင်းပြီလား..."

အမျိုးသမီး ကျင့်ကြံသူ သည် အေးစက်စွာ နှာမှုတ်လိုက်ပြီး လေဟာနယ်ထဲသို့ တစ်ဖန် ပျောက်ကွယ်သွားလေတော့သည်။

တာအိုဟောပြောပွဲ သည် ဤမျှ အဓိပ္ပာယ်မဲ့သော မြင်ကွင်းဖြင့် အဆုံးသတ်သွားခဲ့ပြီး မျှော်လင့်ထားသည့်အတိုင်းပင် တုန်းရွှီကျစ်ကို အိုးယန် က ပြုံးရွှင်စွာဖြင့် အနောက်တွင် ချန်ထားရစ်ခဲ့လေသည်။

တပည့်များ အားလုံး ထွက်သွားပြီးနောက် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေသော တုန်းရွှီကျစ် က အိုးယန်ကို အော်ဟစ်လိုက်လေ၏။

"မင်း ထွက်မသွားနဲ့ဦး... ငါတို့ တစ်ယောက်ချင်း ချကြရအောင်"

အိုးယန်က ဒေါသထွက်နေသော တုန်းရွှီကျစ် ကို ကြည့်ကာ သူ၏ နားကို ဂရုမစိုက်စွာ ကလော်နေလိုက်ပေသည်။ အချိန်အကြာကြီး လေ့လာသင်ယူပြီးနောက် သူသည် စွမ်းအင်များ အပြည့်အဝ ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။

အမှန်တကယ်ပင် လေ့လာသင်ယူခြင်းကသာ လူတစ်ယောက်ကို စိတ်ကျေနပ်မှု ရစေနိုင်ပေ၏။

အခန်း ၈၄ - ရှေးဟောင်း ဓားအင်မော်တယ် လီတိုက်ပိုင်

အနောက်မှ နောက်ယောင်ခံလိုက်လာခဲ့ကြသော သုံးဦးသည် သူတို့၏ ကိုယ်ပိုင် ကိစ္စများကို ဆောင်ရွက်ရန် တောင်ထိပ်ငယ်လေး သို့ ပြန်သွားရန် ပြင်ဆင်နေကြစဉ် တုန်းရွှီကျစ် ၏ အသံက သူတို့၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့ပေသည်။

"သူ ကျန်ခဲ့မယ်... မင်းတို့လည်း ကျန်ခဲ့ရမယ်"

လန်ချင်းဆုန်း နှင့် အခြားနှစ်ဦးမှာ အနည်းငယ် တုံ့ဆိုင်းသွားကြပြီး အကြည့်ချင်း ဖလှယ်လိုက်ကြကာ အိုးယန်၏ အရှေ့တွင် ပေါ်လာကြလေ၏။

သူ့ကို တုန်းရွှီကျစ် က ဆူပူကြိမ်းမောင်းနေသည်ကို ဂရုမစိုက်စွာ ကြည့်နေခဲ့သော အိုးယန်သည် သူ၏ စကားနားမထောင်သော ဂျူနီယာ သုံးဦး ရုတ်တရက် ပေါ်လာသည်ကို အံ့သြစွာ ကြည့်လိုက်ပြီး မေးမြန်းလိုက်လေသည်။

"မင်းတို့ သုံးယောက် ဘယ်တုန်းက ရောက်နေတာလဲ..."

ချန်ချန်ရှန်း က ရိုးသားစွာ ဖြေကြားရန် ပြင်လိုက်သော်လည်း ပိုင်ယွီ က ဦးစွာ နှုတ်ဟလိုက်ပြီး ပြောဆိုလိုက်၏။

"ကျွန်တော်တို့ သုံးယောက်က ကျင့်ကြံခြင်း ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆရာ့ ဆီကနေ လမ်းညွှန်မှု တောင်းခံဖို့ တမင် လာခဲ့တာပါ"

"ဟုတ်လို့လား..."

အိုးယန်က ထိုသုံးဦးကို သံသယဖြင့် ကြည့်လိုက်လေသည်။ အဘိုးကြီးထံသို့ ကျင့်ကြံခြင်း ကိစ္စများ အကြံဉာဏ်တောင်းရန် လာခဲ့သည်တဲ့လော ဤသို့သော စကားမျိုးက ဤစကားနားမထောင်သော ဂျူနီယာ သုံးဦးဆီမှ တကယ် ထွက်လာနိုင်ပါမည်လော။

ချန်ချန်ရှန်း က အလျင်အမြန် ခေါင်းညိတ်ကာ ထပ်ခါတလဲလဲ ပြောဆိုလိုက်၏။

"ဟုတ်ပါတယ် စီနီယာအစ်ကို... မကြာသေးခင်က ကျွန်တော်တို့ သုံးယောက်လုံး တာအိုနှလုံးသား မတည်မငြိမ် ဖြစ်နေသလို ခံစားရလို့ ဆရာ့ ဆီကနေ တာအို တရားနာဖို့ သီးသန့် လာခဲ့တာပါ... မဟုတ်ဘူးလား ဒုတိယ စီနီယာအစ်ကို..."

ချန်ချန်ရှန်း က သူ့ကို ဤကိစ္စထဲသို့ ဆွဲသွင်းလိမ့်မည်ဟု လန်ချင်းဆုန်း မထင်မှတ်ထားခဲ့သော်လည်း သူက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ဆဲ ဖြစ်လေသည်။

အိုးယန်ကို ဒေါသတကြီး ဆူပူနေခဲ့သော တုန်းရွှီကျစ် သည် လိမ္မာစွာ ချဉ်းကပ်လာသော ထိုသုံးဦးကို ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ ချန်ချန်ရှန်း အပေါ်သို့ ကျရောက်သွားပေ၏။ သူက လှောင်ပြောင်လိုက်ပြီး "ချင်းယွင်မဟာမြင့်မြတ်နယ်မြေ ရဲ့ သူတော်စင် က ချင်းယွင် လျှို့ဝှက်ရတနာ ကို တွေးတောဆင်ခြင်ဖို့ တားမြစ်နယ်မြေ ထဲမှာ ရှိနေသင့်တာ မဟုတ်ဘူးလား..."

တုန်းရွှီကျစ် ၏ မေးခွန်းကို ကြားလိုက်ရချိန်တွင် ချန်ချန်ရှန်း က အလျင်အမြန် ဦးညွတ်ကာ ပြန်လည်ဖြေကြားလိုက်လေသည်။

"ဆရာ့ ကို တင်ပြရရင် ဒီဂျူနီယာ ရဲ့ ခန္ဓာကိုယ်အစစ် က လျှို့ဝှက်ရတနာ ကို တွေးတောဆင်ခြင်ဖို့ တားမြစ်နယ်မြေ ထဲမှာ အမှန်တကယ် ရှိနေပါတယ်... ဒီနေ့ လာတာက ကိုယ်ပွား သက်သက်ပါပဲ"

တုန်းရွှီကျစ် က မော့ကြည့်လိုက်၏။ ချန်ချန်ရှန်း ၏ သွေးကြောများ က အလုပ်လုပ်နေပြီး သူ၏ စစ်မှန်သောချီ များမှာလည်း အဆုံးအစမရှိ စီးဆင်းနေကာ ဘယ်ရှုထောင့်က ကြည့်ကြည့် စစ်မှန်သော အင်မော်တယ် သခင် တစ်ဦးနှင့် တူနေပေသည်။ သို့ရာတွင် တားမြစ်နယ်မြေ ထဲရှိ ချန်ချန်ရှန်း မှာလည်း ဤကဲ့သို့ပင် ဖြစ်လေ၏။

ဤကောင်လေးကို ရုပ်သေးရုပ် ပညာရပ်များ မည်သူ သင်ပေးထားသနည်း။ ဤမျှ အသက်ဝင်သော အတုတစ်ခုကို ဖန်တီးနိုင်ရန်မှာ...

တုန်းရွှီကျစ် က ချောင်းဟန့်လိုက်ပြီး တင်းမာစွာ ပြောဆိုလိုက်လေသည်။ "မင်းတို့ အားလုံး... ပင်မခန်းမဆီ လိုက်ခဲ့ကြ"

စကားပြောပြီးနောက် တုန်းရွှီကျစ် သည် လှည့်၍ ချင်းယွင်တောင်ထိပ် ၏ ပင်မခန်းမဆီသို့ လျှောက်သွားလေ၏။

အိုးယန်က တုန်းရွှီကျစ် ၏ အနောက်မှ အနီးကပ် လိုက်ပါသွားပြီး ကျန်သုံးဦးလည်း အကြည့်ချင်း ဖလှယ်ကာ လိုက်ပါသွားကြလေသည်။

ပင်မခန်းမထဲသို့ ဝင်ရောက်သွားချိန်တွင် သူတို့ ပထမဆုံး မြင်လိုက်ရသည်မှာ ကောင်းကင်နှင့်မြေပြင် ကျောက်စာချပ်များကို ကိုးကွယ်ထားသော ယဇ်ပလ္လင်ပင် ဖြစ်ပေသည်။ တုန်းရွှီကျစ် က ရိုးရိုး အမွှေးတိုင် သုံးတိုင်ကို ကိုင်ကာ အမွှေးတိုင်အိုးထဲသို့ ထိုးစိုက်လိုက်ပြီးနောက် ယဇ်ပလ္လင်ရှေ့ရှိ ထိုင်ခုံပေါ်တွင် ထိုင်လိုက်ကာ ထိုလေးဦးကို အမွှေးတိုင် ထွန်းရန် အချက်ပြလိုက်လေ၏။

အိုးယန်က ထိုသုံးဦးကို ဦးဆောင်ကာ တစ်ယောက်ပြီးတစ်ယောက် အမွှေးတိုင် ထွန်းကြလေသည်။ သူတို့ ထွက်ခွာလာစဉ် အိုးယန်က ယဇ်ပလ္လင်ပေါ်ရှိ ပူဇော်ထားသော သစ်သီးတစ်လုံးကို ပေါ့ပေါ့ပါးပါး ကောက်ယူကာ စတင် စားသောက်လေတော့၏။

အိုးယန်နှင့် အခြားသုံးဦးသည် တုန်းရွှီကျစ် ၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ သူ မည်သည့် လှည့်ကွက်များ သုံးနေသနည်းဟု တွေးတောရင်း သူ့ကို ကြည့်နေကြလေသည်။

တုန်းရွှီကျစ် သည် သူ၏ အရှေ့ရှိ လေးဦးကို ကြည့်လိုက်ပေ၏။ သူတို့အရွယ်တွင် သူသည် သူ၏ စီနီယာအစ်ကိုများ နှင့် ဂျူနီယာညီလေးများ ကို ဦးဆောင်ကာ ငှက်သိုက်များကို လိုက်လံ ဖျက်ဆီးနေဆဲသာ ရှိသေးကြောင်းကို သူ ကိုယ်တိုင်ပင် ဝန်ခံရမည် ဖြစ်သည်။

သို့ရာတွင် သူ၏ အရှေ့ရှိ ဤလေးဦးမှာ သူတို့၏ ထူးချွန်ပြောင်မြောက်မှုများကို စတင် ပြသနေပြီ ဖြစ်လေ၏။

မိမိကိုယ်ကိုယ် အခြားသူများနှင့် နှိုင်းယှဉ်ခြင်းက တကယ်ကို ဒေါသထွက်စရာ ကောင်းလှပေ၏။

တုန်းရွှီကျစ် သည် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး သူ၏ အရှေ့ရှိ လူငယ်လေးဦးကို ကြည့်ကာ ပြောဆိုလိုက်လေသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းတို့ရဲ့ ဆရာ က မိုင်တစ်ထောင် အကွာအဝေးကနေ ငါ့ဆီကို သတင်းစကား တစ်ခု ပို့လာခဲ့တယ်... မင်းတို့ကို ကိစ္စတချို့ လမ်းညွှန်ပေးစေချင်တယ်တဲ့..."

"ဆရာ..."

တုန်းရွှီကျစ် က ဟူယန် ကို ဖော်ပြလိုက်သည်ကို ကြားချိန်တွင် သူတို့ လေးဦးလုံး မော့ကြည့်လိုက်ကြ၏။ သူတို့၏ ဆရာ သည် တစ်နှစ်လျှင် တစ်ကြိမ်ပင် ပြန်မလာတတ်ရာ အဘယ်ကြောင့် ယခုတစ်ကြိမ်တွင် ဂိုဏ်းချုပ် ကို သူတို့ထံ သတင်းစကား ပါးခိုင်းရသနည်း။

ချန်ချန်ရှန်း မှာ ဝေခွဲမရ ဖြစ်နေပြီး ပိုင်ယွီ ကမူ အတွေးနက်နေပုံရလေသည်။

အိုးယန်နှင့် လန်ချင်းဆုန်း တို့က သဘောပေါက်သွားကြပေ၏။ သူတို့၏ အဘိုးကြီး သည် ကောင်းကင်ယံရှိ အင်မော်တယ် လျှို့ဝှက်နယ်မြေ ကို ရည်ညွှန်းနေခြင်းသာ ဖြစ်ရမည်။

တုန်းရွှီကျစ် က ဆက်ပြောလေ၏။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပေါ်လာခဲ့တဲ့ အင်မော်တယ် လျှို့ဝှက်နယ်မြေ က ကောင်းကင်ပေါ်မှာ တွဲလောင်းကျနေတုန်းပဲ... မင်းတို့ ဒါကို သိထားသင့်တယ် မဟုတ်လား..."

သူတို့ မဖြေကြားနိုင်မီမှာပင် တုန်းရွှီကျစ် က ဆက်ပြောလေသည်။ "အင်မော်တယ် တစ်ပါး ချန်ရစ်ခဲ့တဲ့ လျှို့ဝှက်နယ်မြေ နဲ့ ပတ်သက်တဲ့ ရှေးဟောင်းခေတ် လျှို့ဝှက်ချက် တချို့ကို မင်းတို့ကို ပြောပြပေးဖို့ မင်းတို့ရဲ့ ဆရာ က ငါ့ကို ပြောတယ်... ဒီ လျှို့ဝှက်နယ်မြေ ကို ရှေးဟောင်း ဓားအင်မော်တယ် တစ်ပါးက ချန်ရစ်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ မင်းတို့အတွက် ကြီးမားလှတဲ့ အကျိုးကျေးဇူးတွေ ရှိတယ်... ဘာပဲဖြစ်ဖြစ် ဒါက မင်းတို့ရဲ့ ဆရာ ကိုယ်တိုင် သေချာ စီစဉ်ထားတာဆိုတော့ သူ့ရဲ့ စေတနာကို စိတ်မပျက်စေနဲ့..."

အိုးယန်နှင့် ချန်ချန်ရှန်း တို့မှာ ဂရုမစိုက်ကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဓား တာအို ကို မကျင့်ကြံကြသလို ဤအင်မော်တယ် လျှို့ဝှက်နယ်မြေ ၏ အကြောင်းအရာများကိုလည်း စိတ်မဝင်စားကြသောကြောင့် ဖြစ်လေသည်။

လန်ချင်းဆုန်း က အာရုံအစိုက်ဆုံးဖြင့် နားထောင်နေပေ၏။ မည်သို့ပင်ဆိုစေ သူ၏ အဘိုးကြီး သည် ဤ လျှို့ဝှက်နယ်မြေ အတွက် အချိန်အကြာကြီး အကြံအစည်များ ကြံစည်နေခဲ့သည် မဟုတ်ပါလော။ ထိုနယ်မြေထံမှ သူ ဘာရရှိမည်ကိုသာ သူ မသိခြင်း ဖြစ်လေသည်။

ပိုင်ယွီ ၏ မျက်နှာမှာ အနည်းငယ် တွန့်လိမ်သွားပေသည်။ သူ၏ ယခင်ဘဝက သင်္ချိုင်းဂူကို သူ၏ ကိုယ်ပိုင် ဆရာ က ကိုယ်တိုင် စီစဉ်ပြီး ဆွဲထုတ်လိုက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

ဤ လျှို့ဝှက်နယ်မြေ ပေါ်လာချိန်တွင် ပိုင်ယွီ သည် ထိုနယ်မြေ၏ တည်ရှိမှုကို ခံစားမိခဲ့ပြီး ထိုနယ်မြေနှင့် အလွန် ရင်းနှီးကျွမ်းဝင်နေသည်ဟုပင် ပြောဆိုနိုင်လေသည်။

ဤ လျှို့ဝှက်နယ်မြေ သည် သူ၏ ယခင်ဘဝက ကိုယ်တိုင် ဖန်တီးခဲ့သော ကမ္ဘာငယ်လေး ပင် ဖြစ်ပေသည်။

ပိုင်ယွီ က ဘယ်လိုလုပ် မရင်းနှီးဘဲ နေနိုင်မည်နည်း။

သူ သေဆုံးသွားပြီးနောက် သူ ဖန်တီးခဲ့သော ကမ္ဘာငယ်လေး ထဲတွင် ကျဆုံးသွားသော သူ့အတွက် သင်္ချိုင်းဂူတစ်ခုကို မည်သူက တည်ဆောက်ပေးခဲ့သည်ကို သူ မသိခဲ့ချေ။ ယခုအခါ ဟူယန် ၏ အကြံအစည်ဖြင့် သူ့ကို လူပုံအလယ်တွင် အရှက်ခွဲခံရစေရန် ဖြစ်လာခဲ့လေပြီ။

မည်သို့ပင်ဆိုစေ သူ၏ ယခင်ဘဝက ကျဆုံးသွားပြီးနောက် သူ၏ ကမ္ဘာငယ်လေး ထဲတွင် မည်သို့သော လျှို့ဝှက်ရတနာ များ အမှန်တကယ် ရှိနေသည်ကို ပိုင်ယွီ မသိခဲ့ချေ။ သူ၏ ကျဆုံးချိန်မှ ပြန်လည်ဝင်စားချိန်အထိ အချိန်မှာ သူ့အတွက် မျက်စိတစ်မှိတ်မျှသာ ကြာမြင့်သကဲ့သို့ ခံစားရလေသည်။

တုန်းရွှီကျစ် သည် သူ၏ စကားများကို သေချာ စီစဉ်လိုက်ပြီး စတင် ပြောဆိုလိုက်၏။

"ဒီ အင်မော်တယ် လျှို့ဝှက်နယ်မြေ က ရှေးဟောင်း ဓားအင်မော်တယ် လီတိုက်ပိုင် ချန်ရစ်ခဲ့တဲ့ အရာတစ်ခုပဲ လီတိုက်ပိုင် က ရှေးဟောင်းခေတ်မှာ တစ်ပါးတည်းသော ဓားအင်မော်တယ် ဖြစ်ခဲ့ပြီး ရှေးဟောင်း အင်မော်တယ်လောက ကို အဆုံးသတ်ခဲ့တဲ့ စွမ်းအားရှင် မဏ္ဍိုင်ကြီးလည်း ဖြစ်တယ်"

တုန်းရွှီကျစ် ၏ စကားများ ဆုံးသွားချိန်တွင် ထိုင်နေသော လေးဦး၏ မျက်နှာအမူအရာများမှာ ရောင်စုံ ဖြစ်သွားကြလေ၏။

အိုးယန်၏ စိတ်ထဲတွင် ဆဲဆိုသံများ ဆူညံသွားပေသည်။

ပိုင်ယွီ က ဘာလဲဆိုတာကို အခြားသူများ မသိနိုင်သော်လည်း သူကတော့ အသေအချာ သိနေပေသည်။

စွမ်းရည်ပြသသည့် ဘုတ်ပြား ပြောင်းလဲသွားသော်လည်း ပိုင်ယွီ ၏ နာမည်အနောက်ရှိ ခေါင်းစဉ်တွင် 'ရှေးဟောင်း ဓားအင်မော်တယ် ဝင်စားသူ' ဟု ရှင်းလင်းစွာ ဖော်ပြထားလေ၏။

လခွီးပင်... ဤသင်္ချိုင်းဂူက တကယ်ပင် ယခင်ဘဝက ရှောင်ပိုင် ၏ သင်္ချိုင်းဂူလော။

သူ၏ ဆရာ က ရှောင်ပိုင် ၏ သင်္ချိုင်းဂူကို ဆွဲထုတ်ပြီး သူ၏ ဒုတိယသားကို ထိုအပေါ်တွင် သွားရမ်းကားခိုင်းခြင်းလော။

ထိုစဉ် လန်ချင်းဆုန်း ၏ မျက်နှာမှာမူ တမ်းတမှုများဖြင့် ပြည့်နှက်နေလေ၏။ ရှေးဟောင်း အင်မော်တယ်လောက ကို အဆုံးသတ်ခဲ့တဲ့ ဓားအင်မော်တယ် တစ်ပါးတဲ့လား။ သူလည်း သေချာပေါက် ထိုသို့ လုပ်နိုင်ပေမည်။

တုန်းရွှီကျစ် ၏ စကားများကို ကြားလိုက်ရချိန်တွင် ပိုင်ယွီ ၏ မျက်လုံးများမှာလည်း အတိတ်ကို သတိရခြင်းများဖြင့် ပြည့်နှက်သွားလေ၏။ ရှေ့တန်းတွင် ထိုင်နေသော အိုးယန်၏ ကျောပြင်ကို သူ မော့ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ အလွန် ရှုပ်ထွေးသွားပေသည်။

ချန်ချန်ရှန်း ကမူ ဂရုမစိုက်သော အမူအရာကိုသာ ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်လေသည်။ ထိုကိစ္စမှာ ဒုတိယ စီနီယာအစ်ကို နှင့် စတုတ္ထ ဂျူနီယာညီလေး တို့၏ ကိစ္စတစ်ခုကဲ့သို့သာ အသံထွက်နေပြီး သူနှင့် အမှန်တကယ်ပင် သိပ်မပတ်သက်လှချေ။

တုန်းရွှီကျစ် ၏ အမူအရာမှာ လေးနက်သွားပြီး သူက လေးနက်သော အသံဖြင့် ပြောဆိုလိုက်လေသည်။

"ရှေးဟောင်းခေတ် ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျင့်ကြံခြင်း လောက တစ်ခုလုံးက နှုတ်ပိတ်နေကြတယ်... ရေးသားထားတဲ့ မှတ်တမ်းတွေတောင် မရှိဘဲ ပြန့်ကျဲနေတဲ့ ဒဏ္ဍာရီတွေပဲ ရှိတယ်... ဘာလို့လဲဆိုတာ မင်းတို့ သိလား..."

ထိုလေးဦးက ခေါင်းခါလိုက်ကြ၏။ ရှေးဟောင်းခေတ် ရှိခဲ့သည်ကို သူတို့ သိသော်လည်း ထိုအကြောင်းအရာနှင့် ပတ်သက်သော မည်သည့် မှတ်တမ်းများကိုမျှ သူတို့ အမှန်တကယ် မတွေ့ခဲ့ဖူးချေ။

ပိုင်ယွီ မှာလည်း စူးစမ်းလိုစိတ် ဖြစ်သွားလေ၏။ သူ နေထိုင်ခဲ့သော ခေတ်ကို အတိအကျ ဘယ်အချိန်ကစပြီး ရှေးဟောင်းခေတ် ဟု ခေါ်ဆိုခဲ့ကြသနည်း။

တုန်းရွှီကျစ် သည် သူ၏ မျက်နှာချင်းဆိုင်ရှိ စိတ်အားထက်သန်နေသော မျက်နှာအမူအရာ လေးစုံကို ကြည့်လိုက်ပြီး တိတ်တဆိတ် ပျော်ရွှင်မှု တစ်ရပ်ကို ချက်ချင်း ခံစားလိုက်ရပေသည်။ ဤစကားနားမထောင်သော တပည့် လေးဦးထံမှ ဆရာတစ်ဦး ဖြစ်ရခြင်း၏ ကျေနပ်မှုကို သူ ဘယ်သောအခါမျှ မခံစားခဲ့ရဖူးချေ။

သူ၏ ဂျူနီယာညီလေး ပြောသည်မှာ အမှန်တကယ်ပင် မှန်ကန်ပေ၏။ ဤစကားနားမထောင်သော တပည့် လေးဦးလုံးသည် အကျိုးအမြတ်ကို မတွေ့ရမချင်း လှုပ်ရှားမည်မဟုတ်သော အမျိုးအစားများ ဖြစ်ကြပေသည်။

တုန်းရွှီကျစ် က ချောင်းဟန့်ကာ စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးလိုက်ပြီး သူ၏ သားမြီးယပ် ကို တစ်ချက် ဝှေ့ယမ်းကာ လွမ်းဆွတ်တမ်းတမှု အချို့ဖြင့် ပြောဆိုလိုက်လေ၏။

"ရှေးဟောင်းခေတ်မှာ အင်မော်တယ် တွေ ရှိခဲ့တယ်... အဲဒီအချိန်တုန်းက အင်မော်တယ် တွေဟာ ကောင်းကင်ယံ မြင့်မြင့်မှာ ထိုင်ပြီး ကမ္ဘာကြီးရဲ့ ကြီးမားတဲ့ ရေစီးကြောင်းတွေကို စောင့်ကြည့်နေခဲ့ကြတယ်... သို့ပေမယ့် ဓားအင်မော်တယ် လီတိုက်ပိုင် ဟာ အင်မော်တယ် တွေကို စတင် သတ်ဖြတ်ခဲ့တဲ့ အချိန်ကစပြီး အင်မော်တယ် တွေဟာ သေမျိုးလောက အပေါ် မိုးရေတွေလို ကျဆင်းလာခဲ့တယ်... အဲဒီအချိန်ကစပြီး ဒီကမ္ဘာပေါ်မှာ အင်မော်တယ် တွေ မရှိတော့ဘူး"

...

All Chapters