← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း ၈၅ - ရှေးဟောင်း လျှို့ဝှက်ချက်များ

သောက်ကျိုးနည်း... ဤလူပြီးနောက် အင်မော်တယ်များ မရှိတော့ဘူးတဲ့လော။

ဤ လီတိုက်ပိုင် က အင်မော်တယ်များ အားလုံးကို သတ်ဖြတ်ပစ်ခဲ့သည်လော။

ရှူး...

ဤမျှအထိ ထိတ်လန့်ဖွယ်ကောင်းလှပေသည်...

ချန်ချန်ရှန်း သည် အသက်ရှူမှားသွားလေ၏။ သူ၏ ယခင်ဘဝက ကမ္ဘာပျက်ကပ် ကာလအတွင်း လူများ အင်မော်တယ် အဖြစ်သို့ တက်လှမ်းသွားကြသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ဖူးပေသည်။ တက်လှမ်းသွားသူများ၏ ထိတ်လန့်ဖွယ်ကောင်းမှုက သူ၏ ယခင်ဘဝတွင် ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် သို့ ရောက်ရှိခဲ့သော သူ့ကိုပင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားရစေခဲ့လေသည်။

ရှေးဟောင်းခေတ်တွင် ဤမျှ အစွမ်းထက်သော တည်ရှိမှုတစ်ခု ရှိခဲ့ပြီး အင်မော်တယ်များ အားလုံးကို အမှန်တကယ် သတ်ဖြတ်ခဲ့လိမ့်မည်ဟု သူ ဘယ်သောအခါမျှ မထင်မှတ်ထားခဲ့ချေ။

လန်ချင်းဆုန်း မှာ လှိုင်းတံပိုးများကဲ့သို့ ထကြွနေသော စိတ်လှုပ်ရှားမှုများဖြင့် နားထောင်နေခဲ့၏။ သူ၏ စိတ်ကူးထဲတွင် ဓားတစ်လက် ကိုင်ဆောင်ထားသော လူတစ်ဦးသည် ကောင်းကင်ယံထက်တွင် မြင့်မားစွာ ရပ်တည်နေပြီး သူ၏ ဓားသွား ရောက်ရှိရာ နေရာတိုင်းတွင် အင်မော်တယ်များ နေရာမရွေး ကျဆုံးသွားကြလေသည်။

ဤသည်မှာ ဓားကျင့်ကြံသူ တိုင်းအတွက် အတောင့်တဆုံး အရာဖြစ်ပြီး လန်ချင်းဆုန်း ပင်လျှင် သူ၏ သွေးများ ဆူပွက်လာသည်ကို မခံစားဘဲ မနေနိုင်တော့ချေ။

"စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ... ရှောင်ပိုင် က တကယ်ကို အံ့မခန်းပဲ... အစတုန်းက သူ့ကို သာမန် ရှေးဟောင်းဓားအင်မော်တယ် တစ်ပါးလို့ပဲ ထင်ခဲ့တာ... သူက သူ့ရဲ့ ယခင်ဘဝမှာ ဧရာမ ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်နေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး"

တစ်ဖက်တွင်မူ ပိုင်ယွီ သည် မျက်လွှာကို အနည်းငယ် ချထားပြီး ဂရုမစိုက်သော အမူအရာ ရှိနေကာ သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်မှု အရိပ်အယောင် အချို့ပင် ရှိနေပေ၏။

အင်မော်တယ် များတဲ့လော... ထိုအရာများက အင်မော်တယ် ဟု အခေါ်ခံရန်ပင် ထိုက်တန်ပါသလော။ ထိုအရာက အမှန်တကယ်ပင် ရယ်စရာကောင်းလှပေသည်။

တုန်းရွှီကျစ် ၏ အသံသည် ခန်းမထဲတွင် ပဲ့တင်ထပ်သွားပြီး သူသိထားသော ရှေးဟောင်း လျှို့ဝှက်ချက်များကို လေးဦးအား ပြန်လည်ပြောပြနေလေ၏။

ရှေးဟောင်းခေတ်တွင် အင်မော်တယ်တံခါးပေါက် မှာ သော့ခတ်မထားဘဲ ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ၏ အထက်တွင် အင်မော်တယ်များ တည်ရှိခဲ့ပေသည်။

ထိုခေတ်ကာလ ကမ္ဘာကြီးတွင် အင်မော်တယ်များ သည် ဤကမ္ဘာကြီး၏ လွှမ်းမိုးအုပ်စိုးသူများ ဖြစ်ခဲ့ကြ၏။

ရှေးဟောင်းခေတ် ရှိ အဓိက အဖြစ်အပျက်များ အားလုံး၏ နောက်ကွယ်တွင် အင်မော်တယ်များ ၏ ပုံရိပ်များ ရှိနေခဲ့ပေသည်။

အင်မော်တယ် ဓားတစ်လက်ကို ကိုင်ဆောင်ထားသော ဓားအင်မော်တယ် တစ်ပါး ပေါ်ထွက်လာသည့် အချိန်အထိပင်။

ဓားအင်မော်တယ် လီတိုက်ပိုင် သည် မဟာတာအို တံခါးပေါက် သို့ သုံးကြိမ်တိုင်တိုင် တက်လှမ်းခဲ့သော်လည်း မဝင်ရောက်ခဲ့ချေ။ သူသည် မဟာတာအိုတံခါးပေါက် အပြင်ဘက်တွင် ရပ်တည်ကာ အင်မော်တယ်များ ကို သတ်ဖြတ်ပြီး မဟာတာအိုတံခါးပေါက် ကို ဖျက်ဆီးပစ်ခဲ့ကာ ထိုအချိန်မှစ၍ အင်မော်တယ်များ ကို လောကတွင် ဒဏ္ဍာရီ တစ်ခု ဖြစ်လာစေခဲ့လေသည်။

ထိုအချိန်မှစ၍ ရှေးဟောင်း အင်မော်တယ် ခေတ် ကုန်ဆုံးသွားပြီး လက်ရှိခေတ်ကို စတင်စေခဲ့ပေသည်။

"ဓားအင်မော်တယ် လီတိုက်ပိုင် နဲ့ ပတ်သက်ပြီး မင်းတို့ ဘယ်လိုထင်လဲ..." ပြိုင်ဘက်ကင်း ဓားအင်မော်တယ် တစ်ပါး၏ အမူအရာကို စိတ်ကူးထဲတွင် ပုံဖော်နေကြသော လူငယ်လေးများကို အနှောင့်အယှက်ပေးလျက် တုန်းရွှီကျစ် ၏ လွင့်မျောနေသော အသံ ထွက်ပေါ်လာခဲ့၏။

ချန်ချန်ရှန်း က တွေဝေစွာဖြင့် ပြောဆိုလိုက်လေသည်။

"ဓားအင်မော်တယ် ဆိုတဲ့ နာမည်က တကယ်ကို ထိုက်တန်ပါတယ်"

"ဓားအင်မော်တယ် ဆိုတာ ဒီလိုမျိုး ဖြစ်သင့်တာပဲ"

များသောအားဖြင့် လူများကို အထင်သေးတတ်သော လန်ချင်းဆုန်း ကလည်း မြင့်မားသော အကဲဖြတ်မှုကို ပေးလိုက်ပေသည်။

"အံ့မခန်းပဲ"

အိုးယန်သည် သူ၏ နည်းပါးလှသော ဝေါဟာရများကို အသုံးပြုကာ ဦးနှောက်ကို အစွမ်းကုန် ညှစ်ထုတ်လျက် ပြောဆိုလိုက်လေ၏။

ပိုင်ယွီ တစ်ဦးတည်းသာ တိတ်ဆိတ်နေပြီး သူ၏ မျက်လုံးများထဲတွင် ရုန်းကန်မှု အချို့ပင် ရှိနေပေသည်။

"တကယ်ပဲ... ဓားတစ်လက်တည်းနဲ့ အင်မော်တယ် တွေကို သတ်ဖြတ်နိုင်တာက ဘယ်လောက်တောင် ခမ်းနားတဲ့ အမူအရာလဲ... အခုတော့ ငါတို့တွေ ချီးကျူးရုံပဲ တတ်နိုင်တော့တယ်... ဒါပေမဲ့ အကျိုးဆက်တွေကိုရော မင်းတို့ သိကြလား..."

တုန်းရွှီကျစ် က မေးမြန်းလိုက်လေသည်။

တုန်းရွှီကျစ် ၏ စကားများကို ကြားလိုက်ရချိန်တွင် သုံးဦးမှာ ဝေခွဲမရစွာဖြင့် ခေါင်းခါလိုက်ကြပြီး ပိုင်ယွီ ၏ မျက်လုံးများထဲရှိ ရုန်းကန်မှုမှာ ပိုမို ထင်ရှားလာခဲ့ပေ၏။

တုန်းရွှီကျစ် က စကားတစ်ခွန်းချင်းစီ ပြောဆိုလိုက်လေသည်။

"အင်မော်တယ် တွေရဲ့ ထိန်းချုပ်မှု မရှိတော့တဲ့အတွက် မိစ္ဆာလမ်းစဉ် ရဲ့ ပဋိပက္ခဟာ ရှေးဟောင်း အင်မော်တယ် ခေတ် ကုန်ဆုံးချိန်ကနေ အခုအချိန်အထိ ပြန့်နှံ့လာခဲ့တာပဲ"

မြင့်မြတ်သော အင်မော်တယ်များ မရှိတော့သည့်အခါ မူလက ရေနှင့်မီးကဲ့သို့ ဖြစ်နေခဲ့သော မိစ္ဆာလမ်းစဉ် နှင့် တာအို အဖွဲ့အစည်းများသည် အင်မော်တယ်များ လုံးဝ ကျဆုံးသွားပြီးနောက် နှစ်သောင်းချီ ကြာမြင့်သော သွေးထွက်သံယို စစ်ပွဲတစ်ခုကို ဆင်နွှဲခဲ့ကြလေ၏။

ရေတွက်၍မရနိုင်သော ပါရမီရှင်များ အရွယ်မတိုင်မီ သေဆုံးခဲ့ကြရပြီး ရေတွက်၍မရနိုင်သော ဂိုဏ်းများ ဖျက်ဆီးခံခဲ့ရကာ သူတို့၏ အမွေအနှစ်များ ပြတ်တောက်သွားခဲ့ပေသည်။

ထို့ပြင် ရေတွက်၍မရနိုင်သော လူများသည် သမိုင်းတွင် 'ရေတွက်၍မရနိုင်သော အရိုးများ' ဟူသည့် ရိုးရှင်းသော စကားစု တစ်ခုသာ ဖြစ်လာခဲ့ကြလေ၏။

"ဒါဆို... ဒီ ဓားအင်မော်တယ် က နောက်ဆုံးမှာ ဓားအင်မော်တယ် လား... ဒါမှမဟုတ် ဓားမိစ္ဆာ လား မင်းတို့ ထင်လဲ..."

တုန်းရွှီကျစ် က ခေတ္တရပ်ကာ မေးမြန်းလိုက်ပေသည်။

တုန်းရွှီကျစ် ၏ ဤမေးခွန်းက အိုးယန်နှင့် အခြားနှစ်ဦးကို စဉ်းစားခန်း ဝင်သွားစေပြီး ပိုင်ယွီ မှာမူ အနည်းငယ် တုန်ယင်သွားကာ မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားလိုက်လေ၏။

အိုးယန်သည် ချန်ချန်ရှန်း ကို လှည့်ကြည့်လိုက်ပေသည်။ ဤကဲ့သို့သော မေးခွန်းမျိုးအတွက် သူ မည်သို့ ဖြေရမည်ကို အမှန်တကယ်ပင် မသိချေ။

ချန်ချန်ရှန်း က သဘောပေါက်သွားပြီး သူ၏ စကားများကို သေချာ စီစဉ်ကာ ပြောဆိုလိုက်သည်။

"ဒီလူက ဓားအင်မော်တယ် ဖြစ်သင့်တယ်လို့ ကျွန်တော် ထင်တယ်... ဓားတာအို ဟာ မဆုတ်မနစ် ဖြစ်သင့်ပြီး ဓားနှလုံးသား ဟာလည်း အတားအဆီး မရှိသင့်ဘူး... အင်မော်တယ် တွေ ရှိနေလို့ ကမ္ဘာကြီးက ငြိမ်းချမ်းနေရင်တောင် သက်ရှိတွေ ဟာ အင်မော်တယ် တွေ မွေးမြူထားတဲ့ ဝက်တွေလို ဝေဝေဝါးဝါး အခြေအနေမှာ နေထိုင်နေကြရတာပဲ... လူအားလုံးကို လောကီရေးရာ တွေမှာ ပါဝင်ခွင့်ပေးလိုက်တာက ပိုကောင်းပါတယ်"

ချန်ချန်ရှန်း ၏ စကားများကို ကြားလိုက်ရချိန်တွင် ပိုင်ယွီ သည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး စကားအပြောအဆို ကျွမ်းကျင်စွာ ပြောဆိုနေသော ချန်ချန်ရှန်း ကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် သက်သာရာရမှု အရိပ်အယောင်တစ်ခု တောက်ပသွားလေ၏။

"ဓားအင်မော်တယ် ဆိုတာ ဓားအင်မော်တယ် ပဲ... သူက သူ့လက်ထဲက ဓားကိုပဲ ယုံကြည်တာ ဘယ်လို ဓားမိစ္ဆာ မျိုး ရှိနေလို့လဲ..."

လန်ချင်းဆုန်း ကလည်း ဝင်ရောက် ပြောဆိုလိုက်ပေသည်။

အိုးယန်က ပိုင်ယွီ ကို မသိမသာ တစ်ချက်ကြည့်လိုက်ပြီး တုန်းရွှီကျစ် အား "ကျွန်တော်လည်း အတူတူပဲ" ဟု ပြောဆိုလိုက်လေ၏။

ပိုင်ယွီ သည် ထိုသုံးဦး၏ ကျောပြင်များကို ကြည့်ကာ တစ်ခဏမျှ စကားပြော၍မရ ဖြစ်သွားပေသည်။

သူ၏ ယခင်ဘဝက သူသည် လူတိုင်းနှင့် ဆန့်ကျင်ဘက် ရပ်တည်ခဲ့ပြီး သက်ရှိများ အားလုံးနှင့်ပင် ဆန့်ကျင်ကာ လူတိုင်း၏ ယုံကြည်မှုကို ဖြတ်တောက်ရန် သူ၏ လက်ထဲရှိ ဓားကို အသုံးပြုခဲ့လေ၏။

ဤသည်က သူ့ကို လူတိုင်း သတ်ဖြတ်ချင်သော မိစ္ဆာခေါင်းဆောင် ကဲ့သို့သော တည်ရှိမှုတစ်ခု ဖြစ်လာစေခဲ့ပေသည်။

ယခုမူ သူ၏ ဤ စီနီယာအစ်ကို သုံးဦးသည် သူနှင့် တစ်ဖက်တည်းတွင် အမှန်တကယ် ရပ်တည်ကာ တစ်သံတည်း ထွက်ဆိုနေကြလေ၏။

သူ၏ ယခင်ဘဝက သူ့တွင် ရင်းနှီးသော သူငယ်ချင်း တစ်ယောက်သာ ရှိခဲ့ပြီး ထိုသူငယ်ချင်းမှာလည်း နောက်ဆုံးတွင် သူ၏အကြောင်းကြောင့် သေဆုံးသွားခဲ့ရပေသည်။

ယခုအခါ သူ၏ ဘေးတွင် တူညီသော စံနှုန်းများရှိသည့် စီနီယာအစ်ကိုများ ရှိနေပြီး သူတို့ သုံးဦးပင် ရှိနေလေ၏။

သူ၏ ယခင်ဘဝက သူ စောလွန်းစွာ မွေးဖွားလာခဲ့ခြင်းလော။

မဟုတ်လျှင် သူ ထိုလမ်းကြောင်းကို ဤမျှ အထီးကျန်စွာ လျှောက်လှမ်းခဲ့ရမည် မဟုတ်ဘဲ ကျဆုံးသွားသော ကံကြမ္မာဖြင့်ပင် အဆုံးသတ်ခဲ့ရမည် မဟုတ်ချေ။

မျက်နှာချင်းဆိုင် ထိုင်ခုံပေါ်တွင် ထိုင်နေသော တုန်းရွှီကျစ် သည် စိတ်ရှုပ်ထွေးမှု့ အပြည့်ရှိနေသည့် ပုံစံဖြင့် စကားနားမထောင်သော တပည့် လေးဦးကို ကြည့်လိုက်ပေ၏။ ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းသည် နောက်ဆုံးတွင် ပိုမိုကြီးမားသော ဘေးအန္တရာယ်ကိုသာ ဖြစ်ပေါ်စေလိမ့်မည်ဟု ဤစကားနားမထောင်သော တပည့် လေးဦးအား ပြောပြရန် သူ အစွမ်းကုန် ကြိုးစားခဲ့လေသည်။

သို့ရာတွင် ဤစကားနားမထောင်သော တပည့် လေးဦးသည် အမှန်တကယ်ပင် ပိုမို စိတ်အားထက်သန်လာခဲ့ကြ၏။

တုန်းရွှီကျစ် က လက်တစ်ချက် ဝှေ့ယမ်းကာ ပြောဆိုလိုက်လေသည်။

"မင်းတို့ သွားချင်ရင် သွား... မသွားချင်ရင် မသွားနဲ့... အဲ့လိုလား... မင်းတို့က သိပ်လှလှပပ တွေးနေတာပဲ... အပြင်ထွက်ပြီး ကြည့်လိုက်စမ်း... အဲဒီ လျှို့ဝှက်နယ်မြေ က ကောင်းကင်ပေါ်မှာ တွဲလောင်းကျနေတာ... သာမန်လူတွေက မမြင်နိုင်ပေမယ့် မျက်ကန်း မဟုတ်တဲ့ ကျင့်ကြံသူ တိုင်း မြင်နိုင်တယ် မဟုတ်လား..."

"မဟာမြင့်မြတ်နယ်မြေ ကိုးခု ထဲက တစ်ခုဖြစ်တဲ့ ဓားဂိုဏ်း က ချင်းယွင်ဂိုဏ်း ကို ဆွေးနွေးဖို့ လာလည်ချင်တယ်လို့ မနေ့က ခရီးဝေး သတင်းစကား တစ်ခု ပို့လာတယ်... ရေတွက်လို့မရနိုင်တဲ့ အခြေမဲ့ကျင့်ကြံသူ ဂိုဏ်း တွေအကြောင်း ပြောစရာတောင် မလိုတော့ဘူး... ဘယ်သူကများ အင်မော်တယ် လျှို့ဝှက်နယ်မြေ ထဲက လျှို့ဝှက်ရတနာ တွေကို မရချင်ဘဲ နေမှာလဲ..." ဟု တုန်းရွှီကျစ် က ပြောဆိုလိုက်ပေသည်။

ပိုင်ယွီ မှာ ဝေခွဲမရ ဖြစ်သွားလေ၏။ ၎င်းမှာ သူ၏ ယခင်ဘဝက ကမ္ဘာငယ်လေး ဖြစ်သော်လည်း သူ့အတွက် မည်သူက မည်သည့်အချိန်တွင် သင်္ချိုင်းဂူ တစ်ခု တည်ဆောက်ပေးခဲ့သည်ကို သူ အမှန်တကယ် မသိချေ။

လျှို့ဝှက်ရတနာ များတဲ့လော... သူ၏ ယခင်ဘဝက လက်ဗလာသာ ရှိခဲ့သော သူ့တွင် မည်သို့သော လျှို့ဝှက်ရတနာ မျိုး ရှိနိုင်မည်နည်း။

တုန်းရွှီကျစ် ၏ စကားများကို ကြားလိုက်ရချိန်တွင် အိုးယန်သည် ပေါ့ပေါ့ပါးပါး မတ်တတ်ရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ မရှိသော ဖုန်များကို ခါထုတ်လိုက်ကာ ဂရုမစိုက်စွာ ပြောဆိုလိုက်လေ၏။

"ဪ... ဟုတ်လား... ဒါဆိုရင်လည်း သူတို့ကို လာခိုင်းလိုက်လေ..."

အခန်း ၈၆ - ဓားဂိုဏ်း၏ ဧည့်သည်များ

သူ့ကိုယ်ပိုင် အဘိုးကြီး က သူ၏ ဒုတိယ ဂျူနီယာညီလေး အတွက် ဤမျှ အချိန်ကြာမြင့်စွာ အကွက်ချ စီစဉ်ထားခဲ့သော အရာ၊ ဆွဲထုတ်ခံလိုက်ရသော ပိုင်ယွီ ၏ ယခင်ဘဝက သင်္ချိုင်းဂူ၊ ဤအရာများ အားလုံးမှာ သူ၏ ဒုတိယ ဂျူနီယာညီလေး သည် ပိုင်ယွီ ၏ သင်္ချိုင်းဂူမှ တစ်ခုခု ရရှိနိုင်စေရန်ပင် ဖြစ်ပေသည်။

အကယ်၍ သူ၏ မျက်စိရှေ့တွင် ခုန်ပေါက်ရဲသော အမြင်အာရုံ မရှိသည့် အမှိုက်များ အမှန်တကယ် ရှိနေပါက အဆိုးဆုံးအခြေအနေတွင် သူက သူတို့၏ အရိုးပြာများကို ဖြန့်ကျဲပစ်လိုက်မည် ဖြစ်၏။ ဤတစ်ကြိမ်တွင် သူသည် သူ၏ တတိယ ဂျူနီယာညီလေး ကို သေချာပေါက် ခေါ်ဆောင်သွားမည်ဖြစ်ပြီး သူတို့၏ အရိုးပြာများကို ဖြန့်ကျဲပြီးနောက် သူတို့၏ နတ်ဘုရားဝိညာဉ် ကိုပင် ဖျက်သိမ်းပစ်လိုက်မည်။

တုန်းရွှီကျစ် သည် ဂရုမစိုက်သော အမူအရာ ရှိနေသည့် အိုးယန်ကို ကြည့်လိုက်ပြီး ဤစကားနားမထောင်သော သား ဘာတွေးနေသည်ကို သဘာဝကျကျပင် သိရှိနေလေ၏။ သူက သက်ပြင်းချလျက် ပြောဆိုလိုက်ပေသည်။

"ဒီ အင်မော်တယ် လျှို့ဝှက်နယ်မြေ ကို ဂိုဏ်းပေါင်း ရေတွက်မရနိုင်အောင် လာရောက်ကြမှာ ဖြစ်ရုံသာမက ကမ္ဘာတစ်ဝှမ်းလုံးက အခြေမဲ့ကျင့်ကြံသူ တွေပါ လာရောက်ကြမှာ... တစ်ဦးချင်း ရဲစွမ်းသတ္တိက ခဏတာပဲ အနိုင်ရနိုင်တယ်... အင်မော်တယ် လျှို့ဝှက်နယ်မြေ ဆိုတာ အခွင့်အရေး နဲ့ သက်ဆိုင်ပြီး လူတစ်ယောက်ရဲ့ ကျင့်ကြံမှု စွမ်းအားနဲ့ ဘာမှ မသက်ဆိုင်ဘူး... မင်း ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ အင်မော်တယ် တစ်ပါးထက် ပိုအစွမ်းထက်နိုင်ပါ့မလား..."

"အင်မော်တယ် တစ်ပါး ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူ သေသွားသေးတာပဲ မဟုတ်ဘူးလား... ခင်ဗျား အဘိုးကြီး က တကယ် စကားများတာပဲ" အိုးယန်က သူ့ဘာသာ ရေရွတ်လိုက်သော်လည်း မျက်ခြည်မပြတ် စောင့်ကြည့်နေဆဲ ဖြစ်လေ၏။

တုန်းရွှီကျစ် ပြောသည်မှာ မှန်ကန်ပေသည်။ သူ၏ ယခင်ဘဝက ပိုင်ယွီ သည် အင်မော်တယ်များကို ဘယ်ညာ သတ်ဖြတ်ခဲ့လေ၏။ သူ၏ သင်္ချိုင်းဂူထဲတွင် မည်သည့်အရာများ ထည့်ထားခဲ့သည်ကို မည်သူ သိနိုင်မည်နည်း။

ထို့ကြောင့် ဤတစ်ကြိမ်တွင် သူသည် ပိုင်ယွီ ကို သေချာပေါက် ခေါ်ဆောင်သွားရပေမည်။

သူ၏ ဒုတိယ ဂျူနီယာညီလေး က ရှေ့မှ တိုက်ခိုက်မည်ဖြစ်ပြီး သူက အလယ်တွင် ရှိနေကာ တတိယ ဂျူနီယာညီလေး က ဘယ်ဘက်၊ ပိုင်ယွီ က ညာဘက်တွင် ရှိနေမည် ဖြစ်၏။

ဤတစ်ကြိမ်တွင် တောင်ထိပ်ငယ်လေး ၏ အကောင်းဆုံး ဖွဲ့စည်းပုံကို အပြည့်အဝ အသုံးပြုရမည့်ပုံ ပေါ်ပေသည်။

တုန်းရွှီကျစ် သည် သူတို့ လေးဦးကို အကဲခတ်လိုက်၏။ သူ၏ အရှေ့ရှိ ဤကောင်လေး လေးဦးထဲမှ မည်သူ့ကိုမဆို လွှတ်ပေးလိုက်ပါက ကျင့်ကြံခြင်း လောကတွင် မုန်တိုင်းတစ်ခု ဖန်တီးလိမ့်မည်ကို သူလည်း သိရှိထားလေသည်။

သို့ရာတွင် သူတို့၏ လက်ရှိ စွမ်းအားမှာ နိမ့်ကျလွန်းနေဆဲ ဖြစ်ပြီး အမြင့်ဆုံးမှာ လန်ချင်းဆုန်း ၏ အခြေတည်စဝိညာဉ်အဆင့် သာ ရှိပေသေးသည်။

လျှို့ဝှက်နယ်မြေ ဖွင့်လှစ်တော့မည်ဖြစ်ရာ ကာလတိုအတွင်း သူတို့၏ နယ်ပယ်ကို မြှင့်တင်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။

ကျင့်ကြံခြင်းဆိုသည်မှာ မူလကတည်းက အလွန် နှေးကွေးသော လုပ်ငန်းစဉ်တစ်ခု ဖြစ်လေ၏။ ပါရမီရှင် တစ်ဦးဖြစ်နေလျှင်တောင်မှ မည်မျှပင် ထူးချွန်နေစေကာမူ အဆင့်များစွာကို ကျော်ဖြတ်၍မရနိုင်သည် မဟုတ်ပါလော။

ချန်ချန်ရှန်း နှင့် ပိုင်ယွီ တို့ နှစ်ဦးစလုံးမှာ ရွှေအမြုတေဖြစ်တည်ခြင်းအဆင့် တွင် ရှိကြပြီး ပိုင်ယွီ မှာ မကြာသေးမီကမှ ရွှေအမြုတေဖြစ်တည်ခြင်းအဆင့် သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပေသည်။ သူတို့နှစ်ဦးစလုံးသည် မွေးရာပါ အသိပညာများ ပါလာလျှင်တောင်မှ လျှို့ဝှက်နယ်မြေ အတွင်းတွင် သူတို့၏ စွမ်းအားမှာ အနည်းငယ် နိမ့်ကျလွန်းနေပေ၏။

ဤ အင်မော်တယ် လျှို့ဝှက်နယ်မြေ သည် ကမ္ဘာတစ်ဝှမ်းလုံးမှ အာရုံစိုက်မှုကို ဆွဲဆောင်နေပေသည်။

ရေတွက်၍မရနိုင်သော မဟာကျင့်ကြံသူ များသည် ဤ အင်မော်တယ် လျှို့ဝှက်နယ်မြေ ကို အာရုံစိုက်နေကြလေ၏။

တံခါးပိတ် ကျင့်ကြံနေကြသော ထိုအဘိုးကြီးများနှင့် ကျော်ကြားသော မဟာဂိုဏ်းကြီးများ... မည်သူကများ အင်မော်တယ် လျှို့ဝှက်နယ်မြေ တွင် ဝေစုတစ်ခု မလိုချင်ဘဲ နေမည်နည်း။

မည်မျှပင် ပါရမီရှင် ဖြစ်နေစေကာမူ အကြွင်းမဲ့ စွမ်းအား၏ ရှေ့မှောက်တွင် သူသည် လုံလောက်မှု မရှိသေးချေ။

မကြီးထွားသေးသော ပါရမီရှင် တစ်ဦးနှင့် သာမန် ကျင့်ကြံသူ တစ်ဦးအကြား မဟာကျွမ်းကျင်သူ တစ်ဦး၏ အမြင်တွင် မည်သို့ ကွာခြားချက် ရှိသနည်း။

ကံဆိုးစွာဖြင့် ဤ အင်မော်တယ် လျှို့ဝှက်နယ်မြေ ဖွင့်လှစ်ခြင်း၏ သော့ချက်မှာ သူ၏ ဂျူနီယာညီလေး ၏ တပည့် ဖြစ်နေပေသည်။

"ဟူယန်... ဒီကောင်လေးက ဂိုဏ်းကိစ္စတွေကို မျှဝေဖို့ ပြန်မလာတာ ကိစ္စမရှိပေမယ့် သူက အဝေးကနေ ငါ့ကို ပြဿနာတွေ ရှာပေးနေတယ်... ဒီတစ်ခေါက်တော့ ချင်းယွင်ဂိုဏ်း က ကျင့်ကြံခြင်း လောက တစ်ခုလုံးရဲ့ အာရုံစိုက်ရာ ပြန်ဖြစ်လာပြန်ပြီ"

တုန်းရွှီကျစ် သည် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး စိတ်ဆင်းရဲစွာဖြင့် သူ၏ ခေါင်းကို ပွတ်သပ်လိုက်လေ၏။

အိုးယန်သည်လည်း အတွေးနက်စွာဖြင့် ခေါင်းငုံ့ထားလိုက်ပေသည်။ သက်ပြင်းချနေသော တုန်းရွှီကျစ် သည် သူ၏ နှလုံးသားထဲတွင် မည်သည့်အရာကို တွေးတောနေသည်ကို သူလည်း စဉ်းစားနေလေ၏။ မည်သို့ပင်ဆိုစေ ထိုနေရာသည် အင်မော်တယ် လျှို့ဝှက်နယ်မြေ တစ်ခုဖြစ်ပြီး ကျင့်ကြံခြင်း လောက တစ်ခုလုံးက စောင့်ကြည့်နေကြပေသည်။

အကယ်၍ ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ အမှန်တကယ် ရောက်လာပါက သူတို့သည် ၎င်းတို့ကို ခံနိုင်ရည်ရှိမည် မဟုတ်သေးချေ။

သူ၏ ဒုတိယ ဂျူနီယာညီလေး သည် ဤ လျှို့ဝှက်နယ်မြေ ကို ဖွင့်လှစ်သူ ဖြစ်နေလျှင်တောင်မှ သူ၏ တတိယ ဂျူနီယာညီလေး တွင် ရေတွက်၍မရနိုင်သော အကောင်းဆုံး လက်နက်များ ရှိနေလျှင်တောင်မှ...

သူတို့အားလုံးမှာ ငယ်ရွယ်လွန်းနေကြပေသည်။

ထို့ကြောင့် တစ်ခုတည်းသော အနိုင်ရမည့် အမှတ်မှာ ပိုင်ယွီ အပေါ်တွင်သာ ရှိလေ၏။

မည်သို့ပင်ဆိုစေ ၎င်းမှာ သူ့ကိုယ်ပိုင် သင်္ချိုင်းဂူ ဖြစ်ပေရာ ပိုင်ယွီ သည် ၎င်းနှင့် အလွန် ရင်းနှီးကျွမ်းဝင်နေသင့်သည် မဟုတ်ပါလော။

"အဘိုးကြီး... ဒီတစ်ခေါက် ကျွန်တော်တို့ လေးယောက်လုံး သွားမယ်... စိတ်မပူပါနဲ့... သူတို့ကို ကျွန်တော် သေချာ ဂရုစိုက်ပါ့မယ်" ဟု အိုးယန်က လေးနက်စွာ ပြောဆိုလိုက်လေသည်။

"ကျွန်တော် မသွားဘူး" ပိုင်ယွီ ၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ပါးရိုက်ခံရမှုမှာ မြန်ဆန်လွန်းသဖြင့် အိုးယန်သည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ အံ့သြစွာဖြင့် ပိုင်ယွီ ကိုသာ ကြည့်နေလိုက်ပေသည်။

ပိုင်ယွီ မှာမူ ပြတ်သားသော အမူအရာ ရှိနေပြီး အိုးယန်ကို ကြည့်ကာ စကားတစ်ခွန်းချင်းစီ ပြောဆိုလိုက်လေ၏။

"ကျွန်တော် မသွားချင်ဘူး... လုံးဝ မသွားချင်တာ..."

ပင်မခန်းမထဲရှိ လေထုမှာ လေးလံသွားပေသည်။ လန်ချင်းဆုန်း နှင့် ချန်ချန်ရှန်း တို့ကလည်း ပိုင်ယွီ ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြ၏။

သူတို့၏ ဤ စတုတ္ထ ဂျူနီယာညီလေး သည် သူ၏ စီနီယာအစ်ကို အပေါ် ဘယ်သောအခါမျှ ယဉ်ကျေးမှု မရှိခဲ့သော်လည်း အိုးယန်၏ အစီအစဉ်များကို ယခင်က ဘယ်သောအခါမျှ မငြင်းဆန်ခဲ့ဖူးချေ။

ဤသည်မှာ ပိုင်ယွီ သည် အိုးယန်၏ အစီအစဉ်ကို ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း ငြင်းဆန်လိုက်ခြင်း ဖြစ်လေသည်။

အိုးယန်သည် ပိုင်ယွီ ၏ ပြတ်သားသော အမူအရာကို ကြည့်ကာ ရုတ်တရက် ပြုံးလိုက်ပြီး ပြောဆိုလိုက်၏။

"ကောင်းပြီလေ... မင်း မသွားချင်ရင်လည်း မသွားနဲ့ပေါ့... ပိုင်ယွီ က ဒီတစ်ခေါက် မသွားဘူး... ငါရယ်၊ ငါ့ရဲ့ ဒုတိယ ဂျူနီယာညီလေး ရယ်၊ ငါ့ရဲ့ တတိယ ဂျူနီယာညီလေး ရယ်... သုံးယောက်ပဲ သွားလည်း ရပါတယ်..."

လန်ချင်းဆုန်း နှင့် ချန်ချန်ရှန်း တို့သည် ပိုင်ယွီ အပေါ် မည်သည့် မကျေနပ်မှုမျှ မရှိကြချေ။ သူတို့ အားလုံးသည် တူညီသော ဂိုဏ်းမှ စီနီယာအစ်ကို နှင့် ဂျူနီယာညီလေး များ ဖြစ်ကြပေရာ မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ သူတို့၏ စိတ်ထဲရှိသည့်အတိုင်း ပြောဆိုခြင်းက သူတို့အတွက် အလွန် သာမန်ကိစ္စတစ်ခု ဖြစ်လေသည်။

လန်ချင်းဆုန်း သည် အိုးယန်နှင့် ချန်ချန်ရှန်း တို့ကို သူနှင့်အတူ လိုက်ပါစေလိုခြင်းပင် မရှိချေ။ ဤသည်မှာ သူ၏ ကိုယ်ပိုင် ကိစ္စဖြစ်ပြီး သူ၏ ကိုယ်ပိုင် ကိစ္စများဖြင့် အခြားသူများကို အနှောင့်အယှက် ပေးရခြင်းကို လန်ချင်းဆုန်း က အမုန်းဆုံး ဖြစ်လေ၏။

ချန်ချန်ရှန်း မှာမူ ဂရုမစိုက်ချေ။ မည်သို့ပင်ဖြစ်စေ သူ၏ ခန္ဓာကိုယ်အစစ် သွားမည် မဟုတ်သဖြင့် အဆိုးဆုံးအခြေအနေတွင် သူသည် အကောင်းဆုံး လက်နက်များကို ပိုမို ယူဆောင်သွားမည် ဖြစ်သည်။

ပိုင်ယွီ သည် သူ့ကို ပြုံး၍ ကြည့်နေသော အိုးယန်ကို ကြည့်လိုက်ရာ သူ၏ စိတ်ထဲတွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်လာလေ၏။

အစိမ်းရောင် ဝတ်ရုံရှင် တစ်ဦးသည် သူ၏ ဘေးတွင် လွတ်လပ်ပေါ့ပါးစွာ ရပ်နေပြီး သူ့ကို ပြုံး၍ ကြည့်ကာ ပြောဆိုနေခဲ့သည်။

"ရှောင်ပိုင် သွားချင်ရင်လည်း သွားပေါ့... ငါ မင်းနဲ့အတူ သွားမယ်လေ"

ထိုမျက်နှာသည် အိုးယန်၏ မျက်နှာ မဟုတ်သော်လည်း သူ၏ အရှေ့ရှိ အိုးယန်သည် ထိုလူနှင့် အလွန် တူညီနေပေသည်။

ပိုင်ယွီ ၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး သူက ခါးသီးစွာ ပြောဆိုလိုက်လေ၏။ "စီနီယာအစ်ကို... ကျွန်တော့်မှာ အကြောင်းပြချက် ရှိလို့ပါ"

အိုးယန်က ပိုင်ယွီ ၏ ပခုံးကို ပုတ်ကာ ပြောဆိုလိုက်သည်။

"ငါတို့က တူညီတဲ့ ဂိုဏ်းက စီနီယာအစ်ကို နဲ့ ဂျူနီယာညီလေး တွေပဲ... အဲဒီလို စကားတွေ ပြောနေစရာ မလိုပါဘူး..."

ပိုင်ယွီ သည် ခေါင်းငုံ့ထားလိုက်ပေ၏။ သူ လိုက်သွားခြင်းက သိပ်အသုံးဝင်မည် မဟုတ်ကြောင်းကို သူ ကောင်းကောင်း သိထားပြီး ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုပင် ရှိလာနိုင်လေသည်။

သူ ကျဆုံးသွားပြီးနောက် နောက်ပိုင်းတွင် ဘာတွေဖြစ်ခဲ့သည်ကို သူ မှတ်ဉာဏ် မရှိတော့ချေ။ သူ၏ သင်္ချိုင်းဂူကို မည်သူ တည်ဆောက်ခဲ့သည်ကို မည်သူ သိနိုင်မည်နည်း။

ထို့ပြင် ယခုအခါ သူသည် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော လမ်းကြောင်းတစ်ခုပေါ်သို့ လျှောက်လှမ်းနေပြီဖြစ်ရာ သူ၏ ယခင်ဘဝက တာအို ကို လုံးဝ စွန့်လွှတ်လိုက်ပြီ ဖြစ်လေသည်။

ပိုင်ယွီ သည် အတိတ်ကို ပြန်လည် မအောက်မေ့ချင်တော့သလို သူ၏ အတိတ်က ကိုယ်ပိုင်သရုပ် နှင့်လည်း ထပ်မံ၍ မပတ်သက်ချင်တော့ချေ။

တုန်းရွှီကျစ် သည် အောက်ဘက်ရှိ လေးဦးကို ခေါင်းကိုက်စွာဖြင့် ကြည့်နေလေ၏။ လျှို့ဝှက်နယ်မြေ ပင် မစတင်ရသေးမီမှာ အောက်ဘက်ရှိ ဤစကားနားမထောင်သော သားများမှာ ပြဿနာများ ရှိနေကြပြီ ဖြစ်သည်။

ဟူယန်... အို ဟူယန်... မင်းက စာအုပ်လှန်တဲ့သူ လို့ အမြဲတမ်း ပြောတယ်... အကယ်၍ မင်းက ဒီစာအုပ်ကို သေချာ မလှန်နိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးတဲ့ အဖြစ်မျိုး ရောက်သွားနိုင်တယ်။

တုန်းရွှီကျစ် ဒုက္ခရောက်နေစဉ် အဝေးမှ ကျယ်လောင်သော ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပေ၏။

"ဟားဟားဟား... တုန်းရွှီကျစ် ဆိုတဲ့ အဘိုးကြီး ဘယ်မှာလဲ... ထွက်လာပြီး သေလိုက်စမ်း"

တုန်းရွှီကျစ် မှာ လန့်ဖြန့်သွားပြီးနောက် ဤအသံပိုင်ရှင်မှာ မည်သူဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားလေသည်။ သူက အရှုံးပေးလိုက်ရသလို အမူအရာဖြင့် မတ်တတ်ရပ်ကာ လေးဦးအား ပြောဆိုလိုက်၏။

"ငါ့ဆီကို မိတ်ဆွေဟောင်း တစ်ယောက် လာလည်လို့... မင်းတို့ အရင် ပြန်သွားကြတော့"

တုန်းရွှီကျစ် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ပင်မခန်းမ တံခါးမှာ အလွန် အားကောင်းသော ဓားစိတ်ဆန္ဒ တစ်ခုကြောင့် တွန်းဖွင့်ခံလိုက်ရပေသည်။ ကြီးမားသော သစ်နီတံခါးကြီးမှာ ချက်ချင်း အပိုင်းပိုင်းအစအန ဖြစ်သွားလေ၏။

အိုးယန်နှင့် အခြားသူများက အနောက်သို့ လှည့်ကြည့်လိုက်ကြသည်။ အဖြူရောင် ဓားသမား ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တံခါးဘောင်ကို မှီလျက် ပင်မခန်းမထဲရှိ တုန်းရွှီကျစ် ကို ပြုံး၍ ကြည့်ကာ ပြောဆိုလိုက်လေ၏။

"ဟားဟားဟား... တုန်းရွှီကျစ်... ခင်ဗျား အဘိုးကြီး ဒီမှာ ရှိနေတာကိုး"

"ဓားကျင့်ကြံသူ အိုကြီး မင်း တံခါး မခေါက်တတ်ဘူးလား... မင်း လာတဲ့အချိန်တိုင်း ငါ့ရဲ့ ပင်မခန်းမ တံခါးကို ရိုက်ခွဲရတာလား... ဓားကျင့်ကြံသူ တွေ အားလုံးက အရူးတွေပဲလား... တံခါးကို သာမန်အတိုင်း မသုံးတတ်ဘူးလား" တုန်းရွှီကျစ် က သက်လတ်ပိုင်းအရွယ် အမျိုးသားကို ဆဲဆိုလိုက်လေသည်။

အနီးတွင် ရပ်နေသော လန်ချင်းဆုန်း မှာ စော်ကားခံလိုက်ရသလို ခံစားရသဖြင့် တစ်ချက် တုန်ယင်သွားပေ၏။

သက်လတ်ပိုင်းအရွယ် အမျိုးသားက လုံးဝ ဂရုမစိုက်ချေ။ သူက သူ၏ ခါးမှ အရက်ဘူးကို ကောက်ယူကာ တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးနောက် ပင်မခန်းမထဲရှိ အိုးယန်နှင့် လေးဦးကို အနည်းငယ် အံ့သြစွာ ကြည့်လိုက်လေသည်။ အထူးသဖြင့် လန်ချင်းဆုန်း ကို မြင်လိုက်ရချိန်တွင် သူ၏ မျက်လုံးများမှာ ပိုမို တောက်ပသွားပေ၏။

သက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ လက်ထဲရှိ အရက်ဘူးကို လေးဦးဆီသို့ စိတ်အားထက်သန်စွာ မြှောက်ပြကာ မေးမြန်းလိုက်လေသည်။

"ညီလေး တို့၃ယောက်... မင်းတို့က ဓားဂိုဏ်း ဆီ ငါနဲ့အတူ လိုက်ချင်လား... ငါ မင်းတို့ကို တပည့်ရင်းတွေ အဖြစ် လက်ခံမယ်လေ"

...

All Chapters