← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း ၈၇ - ဓားဂိုဏ်းချုပ် ထိုက်အာ

" သုံးယောက်တဲ့လား... ချန်ရှန်း က အခု ချင်းယွင် မဟာမြင့်မြတ်နယ်မြေ ရဲ့ သူတော်စင် ဖြစ်နေပြီဆိုတော့ ငါတို့ သုံးယောက်ကို ရည်ညွှန်းတာ ဖြစ်ရမယ်... အဘိုးကြီး ရဲ့ အမြင်အာရုံက တော်တော်ကောင်းတာပဲ... ဒီပါရမီရှင် ရဲ့ ပြိုင်ဘက်ကင်းတဲ့ စွမ်းရည်ကို သူက တစ်ချက်ကြည့်ရုံနဲ့ အမှန်တကယ် မြင်သွားတာလား..."

အိုးယန်သည် သူ၏ အရှေ့ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားအပေါ် ချက်ချင်းပင် ကြီးမားသော သဘောကျမှု တစ်ရပ်ကို ခံစားလိုက်ရပေသည်။

သို့ရာတွင် သူ၏ ကိုယ်ပိုင် အဘိုးကြီး မှာ သက်ရှိထင်ရှား ရှိနေသေးသောကြောင့် သူက လက်အုပ်ချီကာ နောင်တရဟန်ဖြင့် ပြောဆိုလိုက်လေ၏။

"စီနီယာ ရဲ့ အထင်ကြီးမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်တော်တို့မှာ ဂိုဏ်းပြောင်းဖို့ အစီအစဉ် မရှိသေးပါဘူး..."

သက်လတ်ပိုင်းအရွယ် အမျိုးသားက အိုးယန်ကို အံ့သြစွာ ကြည့်လိုက်ပြီး နားမလည်နိုင်စွာဖြင့် ပြောဆိုလိုက်ပေသည်။

"ငါ မင်းကို မမေးဘူးလေ... ဘာလို့ မင်းက ဝင်ဖြေနေတာလဲ... မင်းရဲ့ ကိုယ်ပိုင် စွမ်းရည်အကြောင်းကို မင်း နည်းနည်းမှ နားမလည်ဘူးလား..."

"ဖူး..."

သူ၏ မျက်နှာချင်းဆိုင်ရှိ တုန်းရွှီကျစ် သည် တဟားဟား ရယ်မောလိုက်ပြီးနောက် သူ၏ မျက်နှာအမူအရာကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားစေလိုက်လေ၏။

အိုးယန်သည် သူ၏ အရှေ့ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားကို စိတ်ရှုပ်ထွေးမှု့ အပြည့်ရှိနေသည့် မျက်နှာဖြင့် ကြည့်လိုက်ပေသည်။ ဤအဘိုးကြီး ၏ မျက်လုံးများက ရောဂါရနေသည်လော သူကဲ့သို့သော ထိပ်တန်း ပါရမီရှင် ကိုပင် သတိမပြုမိချေ။ အကယ်၍ သူ၏ အရှေ့ရှိ သက်လတ်ပိုင်းအရွယ် အမျိုးသား၏ စွမ်းရည်ပြသသည့် ဘုတ်ပြားမှာ အမှန်တကယ်ပင် အထင်ကြီးစရာ ကောင်းမနေပါက သူသည် မိုးကြိုးလျှပ်စီး ကြာပွတ် ငါးချက်ဆက်တိုက် ကို ယခုချက်ချင်း ပေးပစ်လိုက်မည် ဖြစ်၏။

အမည် - ထိုက်အာ (ဓားဂိုဏ်းချုပ်)

ကျင့်ကြံမှု - ကပ်ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အဆင့်ကိုး

အရိုးခံ - ၁၀

ဆွဲဆောင်မှု - ၉

ကံကြမ္မာ - ၉

ဓားတာအို စွမ်းရည် - ၁၀

သီးသန့် စွမ်းရည် - ဓားတစ်လက်ဖြင့် အင်မော်တယ်အဖြစ်သို့ တက်လှမ်းခြင်း

အကဲဖြတ်ချက် - အင်မော်တယ်များကို သတ်ဖြတ်နိုင်သော ဓားတစ်လက် ငါ့တွင် ရှိသည်...

မဟာမြင့်မြတ်နယ်မြေ ကိုးခု ၏ ဂိုဏ်းချုပ်များ ဖြစ်လာနိုင်သော ဤအဘိုးကြီးများ သည် တစ်ယောက်ထက်တစ်ယောက် ပို၍ ပုံမှန်မဟုတ်ကြချေ။

ထိုစဉ် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် လန်ချင်းဆုန်း၊ ပိုင်ယွီ နှင့် ချန်ချန်ရှန်း တို့ကို လျော့ပါးမသွားသော စိတ်အားထက်သန်မှုဖြင့် ကြည့်ကာ ပြောဆိုလိုက်လေ၏။

"ငါ့ရဲ့ ဓားဂိုဏ်း က ဒီကမ္ဘာပေါ်က ဓားကျင့်ကြံသူ တွေကြားမှာ ခေါင်းဆောင်ပဲ... နှစ်တိုင်း ဓားဂိုဏ်း ကို ဝင်ချင်တဲ့သူ အယောက် တစ်သန်းထက် မနည်း ရှိပေမယ့် နှစ်တိုင်း ငါ့ရဲ့ ဓားဂိုဏ်း ကို အများဆုံး တစ်ယောက်ပဲ ဝင်ခွင့်ရတယ်... ဒါပေမဲ့ လူငယ်လေး သုံးယောက်သာ ဆန္ဒရှိမယ်ဆိုရင် မင်းတို့ သုံးယောက်ကို ငါ့ရဲ့ တပည့်ရင်းတွေ အဖြစ် ကိုယ်တိုင် လက်ခံပေးဖို့ ဆန္ဒရှိပါတယ်..."

တုန်းရွှီကျစ် ၏ မျက်နှာအမူအရာမှာ ရောင်စုံ ဖြစ်သွားပေ၏။ ဤအရှက်မရှိသော အဘိုးကြီး သည် ချင်းယွင်ဂိုဏ်း ၏ တပည့်များကို သူ၏ မျက်စိရှေ့တွင်ပင် အမှန်တကယ် ခိုးယူရန် ကြိုးစားနေသည်လော။ သို့ရာတွင် ဤအဘိုးကြီး က အိုးယန်ကို ဆဲဆိုနေသည်ကို ကြားလိုက်ရချိန်တွင် သူက ချက်ချင်း သဘောကျသွားပြီး သူ၏ အရှေ့ရှိ အဘိုးကြီး ကို ပြဇာတ်ကောင်း တစ်ပုဒ်ကို ခံစားနေရသကဲ့သို့သော အမူအရာဖြင့် ကြည့်နေလိုက်လေသည်။

တုန်းရွှီကျစ် ၏ အမြင်တွင် သူ၏ အရှေ့ရှိ ဓားဂိုဏ်းချုပ် ၏ နဖူးပေါ်တွင် 'အန္တရာယ်' ဟူသော စာလုံးကို ရေးထိုးထားသကဲ့သို့ ရှိနေပေ၏။

ချန်ချန်ရှန်း မှာမူ သူ၏ အရှေ့ရှိ ဓားဂိုဏ်းချုပ် ကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေလေသည်။ သူ၏ ယခင်ဘဝက မှတ်ဉာဏ်များအရ သူ၏ ဒုတိယ စီနီယာအစ်ကို သည် တစ်ချိန်က ဓားဂိုဏ်း ၏ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ဦး ဖြစ်ခဲ့ပြီး ဤ အင်မော်တယ် လျှို့ဝှက်နယ်မြေ တွင် အင်မော်တယ် အမွေအနှစ် ကို ရရှိခဲ့ကာ ကမ္ဘာပျက်ကပ် ကာလအတွင်း မဟာတာအိုတံခါးပေါက် သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် ပထမဆုံးသော အင်မော်တယ် ဖြစ်လာခဲ့ပေသည်။

အဘယ်ကြောင့်မှန်း သူ မသိသော်လည်း ဤဘဝတွင် လန်ချင်းဆုန်း သည် သူ၏ စီနီယာအစ်ကို ဖြစ်လာခဲ့လေ၏။ ဤအရာကို တွေးမိသောအခါ ချန်ချန်ရှန်း သည် အနည်းငယ် ချဉ်စူးစူး ဖြစ်သွားသည်ကို ခံစားလိုက်ရပေသည်။

သူ၏ ယခင်ဘဝက စီနီယာအစ်ကို နှင့် သူသည် အရင်းနှီးဆုံး စီနီယာအစ်ကို နှင့် ဂျူနီယာညီလေး ဖြစ်ခဲ့သော်လည်း ဤဘဝတွင်မူ လန်ချင်းဆုန်း က စီနီယာအစ်ကို နှင့် ပထမဆုံး တွေ့ဆုံခဲ့သူ ဖြစ်နေလေ၏။

"အကယ်၍ ဒုတိယ စီနီယာအစ်ကို သာ ဓားဂိုဏ်းချုပ် ရဲ့ နောက်ကို လိုက်သွားမယ်ဆိုရင် ငါက တောင်ထိပ်ငယ်လေး ရဲ့ ဒုတိယ စီနီယာအစ်ကို ဖြစ်လာမှာလား..." ထိုအတွေးက ချန်ချန်ရှန်း ၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ပေါ်လာသော်လည်း ချက်ချင်းပင် သူ၏ ခေါင်းထဲမှ ခါထုတ်ပစ်လိုက်လေသည်။

ချန်ချန်ရှန်း သည် လက်ရှိ တောင်ထိပ်ငယ်လေး ကို များစွာ သဘောကျနေပြီ ဖြစ်၏။ မျက်နှာထား တင်းမာသော်လည်း နွေးထွေးသော နှလုံးသားရှိသည့် လန်ချင်းဆုန်း၊ ရင့်ကျက်ပြီး တည်ငြိမ်သော ပိုင်ယွီ၊ အဆော့မက်သော ဂျူနီယာညီမလေး နှင့် ကိုယ့်ကိုယ်ကိုယ် အားကိုးသော ဂျူနီယာညီလေး ရှောင် တို့ပင် ဖြစ်ပေသည်။

သူနှင့် စီနီယာအစ်ကို တို့သာ အထီးကျန်စွာ ရှိနေခဲ့သော သူ၏ ယခင်ဘဝက တောင်ထိပ်ငယ်လေး နှင့် နှိုင်းယှဉ်ပါက လက်ရှိ တောင်ထိပ်ငယ်လေး သည် အလွန် စည်ကားလှပေသည်။

ကမ္ဘာပျက်ကပ် တွင် မျှော်လင့်ချက် ကင်းမဲ့မှုကို သူ ပို၍ ခံစားရလေလေ၊ ဤကဲ့သို့သော အလှတရားကို သူ ပို၍ မြတ်နိုးလေလေပင် ဖြစ်၏။

"ဂိုဏ်းချုပ်... တခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ သွားတော့မယ်... ခင်ဗျားတို့ပဲ စကားပြောကြတော့... တာ့တာ..."

အိုးယန်သည် တုန်းရွှီကျစ် ၏ စိတ်ပျက်နေသော အကြည့်အောက်တွင် သူ၏ စကားနားမထောင်သော တပည့် သုံးဦးကို တောင်ထိပ်ငယ်လေး သို့ ပြန်ခေါ်သွားရန် ပြင်ဆင်လိုက်လေသည်။

ထို့နောက် သူက ထိုက်အာ ကို ပေါ့ပေါ့ပါးပါး တစ်ချက် ကြည့်လိုက်ပြီး ဤအဘိုးကြီး ကို မည်သို့ သတိလစ်အောင် ရိုက်ရမည်ကို စီစဉ်ပြီးဖြစ်နေလေ၏။

သို့ရာတွင် ဓားဂိုဏ်းချုပ် ထိုက်အာ သည် အိုးယန်၏ လမ်းကို ပိတ်ဆို့လိုက်ပြီး အိုးယန်၏ အနောက်ရှိ လူသုံးဦးကို ရိုးသားစွာ ပြောဆိုလိုက်ပေသည်။ "တကယ်ပါ... ငါက တကယ်ပဲ ဓားဂိုဏ်းချုပ် ပါ... ငါ့ကို ယုံပါ... မင်းတို့ရဲ့ ပါရမီတွေကို အပြည့်အဝ ပြသနိုင်အောင် ငါ လုပ်ပေးနိုင်ပါတယ်..."

"ဓားဂိုဏ်း လုပ်နိုင်တဲ့ အရာကို ငါ့ရဲ့ ချင်းယွင်ဂိုဏ်း က မလုပ်နိုင်ဘူးလား..." တုန်းရွှီကျစ် က လှောင်ပြောင်လျက် ပြောဆိုလိုက်လေသည်။

ထိုက်အာ က တုန်းရွှီကျစ် ကို တစ်ချက်ကြည့်ကာ လေးနက်စွာ ပြောဆိုလိုက်၏။

"အဘိုးကြီး... ခင်ဗျားက အစွမ်းထက်ပါတယ်... ဒါပေမဲ့ ဓားတာအို နဲ့ ပတ်သက်လာရင် ငါ့ရဲ့ ဓားဂိုဏ်း က ဒုတိယ လို့ ပြောရင် ခင်ဗျားရဲ့ ချင်းယွင်ဂိုဏ်း က ပထမ လို့ ပြောရဲလား..."

တုန်းရွှီကျစ် မှာ ထိုက်အာ ၏ စကားများကြောင့် ပြော၍မရ ဖြစ်သွားပေ၏။ ဤလူလိမ်အိုကြီး ကို ဖမ်းချုပ်ပြီး ရိုက်နှက်နိုင်ရန် ရာခိုင်နှုန်း ခြောက်ဆယ် ယုံကြည်မှု ရှိသော်လည်း ဓားတာအို နှင့် ပတ်သက်လာပါက ဓားဂိုဏ်း သည် ဤကမ္ဘာပေါ်တွင် လောကတွင် အတော်ဆုံး ဖြစ်ကြောင်းကို သူ ကိုယ်တိုင်ပင် ဝန်ခံရမည် ဖြစ်လေသည်။

ဓားဂိုဏ်း ၏ စွမ်းအားသည် ဓားကျင့်ကြံသူ တစ်ဦးတည်းအပေါ်တွင် မူတည်နေခြင်း မဟုတ်ဘဲ ဂိုဏ်းစတင်တည်ထောင်ချိန်မှစ၍ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာမြင့်ခဲ့သော အချိန်များအတွင်း ဓားဂိုဏ်း မှ ဓားကျင့်ကြံသူ မဟာဆရာကြီးများ ရေတွက်၍မရနိုင်အောင် ပေါ်ထွက်လာခဲ့ပြီး ဒဏ္ဍာရီလာ ပုံပြင်များကို ချန်ရစ်ကာ ဓားဂိုဏ်း သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

ဓားဂိုဏ်း တားမြစ်နယ်မြေ ရှိ ဝမ်ကျန့် ရေကန် ထဲတွင် ထိုပျံသန်းနေသော ဓားများအတွင်း မြှုပ်နှံထားသည့် ရေတွက်၍မရနိုင်သော ဓားကျင့်ကြံသူ မဟာဆရာကြီးများ၏ ဓားစိတ်ဆန္ဒတာအို ရေစီးကြောင်းများ ပါဝင်နေလေ၏။

တုန်းရွှီကျစ် တိတ်ဆိတ်နေသည်ကို မြင်လိုက်ရချိန်တွင် ထိုက်အာ က အိုးယန်၏ အနောက်ရှိ လေးဦးကို ချက်ချင်း အောင်ပွဲခံဟန်ဖြင့် ပြောဆိုလိုက်ပေသည်။

"ဒီ အင်မော်တယ် လျှို့ဝှက်နယ်မြေ ကို မင်းတို့ မြင်တယ် မဟုတ်လား... မင်းတို့ သိလား... ငါ့ရဲ့ ဘိုးဘေး က ဒီ လျှို့ဝှက်နယ်မြေ ထဲမှာ ရှိနေတာ..."

အနောက်ဆုံးတွင် ရှိနေသော ပိုင်ယွီ သည် သူ၏ နားရွက်များ လှုပ်ရှားသွားပြီး သူ၏ အရှေ့ရှိ ဓားဂိုဏ်းချုပ် ကို အံ့သြသော အမူအရာဖြင့် မော့ကြည့်လိုက်လေ၏။

သူက ဘယ်တုန်းက ဓားဂိုဏ်း ၏ ဘိုးဘေး ဖြစ်သွားရသနည်း။

သူသည် သူ၏ ယခင်ဘဝက ဓားအင်မော်တယ် တစ်ပါး ဖြစ်ခဲ့သော်လည်း သူ ကျဆုံးသွားချိန်အထိ အမြဲတမ်း တစ်ယောက်တည်းသာ ရှိနေခဲ့ပေသည်။

သူသည် မည်သည့် သွေးဆက် ကိုမျှ သေချာပေါက် ချန်ရစ်ခဲ့ခြင်း မရှိချေ။

"မင်းတို့ ငါ့ကို မယုံဘူးလား... ကြည့်... ဒါက ဘာလဲ..."

ထိုက်အာ ကလည်း သူ၏ ရင်ခွင်ထဲမှ စက္ကူတစ်ရွက်ကို ဆွဲထုတ်ကာ လူတိုင်း၏ အရှေ့တွင် ခါယမ်းပြရင်း ပြောဆိုလိုက်လေသည်။

ထိုစက္ကူရွက်သည် ခန်းမထဲရှိ လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားပြီး တုန်းရွှီကျစ် ၏ အကြည့်ပင်လျှင် ထိုနေရာသို့ ရောက်ရှိသွားပေ၏။

ထိုက်အာ က သူ၏ လက်ထဲရှိ စက္ကူကို အောင်ပွဲခံဟန်ဖြင့် ခါယမ်းကာ ပြောဆိုလိုက်လေသည်။

"ဒီစက္ကူက အင်မော်တယ်ရဲ့ မှတ်စု ပဲ... ရှေးဟောင်းဓားအင်မော်တယ် လီတိုက်ပိုင် ရဲ့ ဒဏ္ဍာရီလာ ဒိုင်ယာရီ..."

ထိုက်အာ ၏ စကားများကို ကြားလိုက်ရချိန်တွင် အနောက်ဆုံးတွင် ရပ်နေသော ပိုင်ယွီ သည် ချက်ချင်း မျက်နှာတစ်ခုလုံး နီမြန်းသွားပြီးနောက် ရှက်ရွံ့မှုနှင့် ဒေါသတို့ ရောယှက်ကာ သူ၏ စိတ်ထဲတွင် မြင့်တက်လာခဲ့ပေ၏။

သူ၏ လက်ထဲရှိ စက္ကူကို အောင်ပွဲခံဟန်ဖြင့် ခါယမ်းနေသော ထိုက်အာ ကို ကြည့်ရင်း ဤသည်မှာ သူ ပြန်လည်ဝင်စားပြီးကတည်းက လူတစ်ယောက်ကို ဤမျှ ပြင်းပြင်းထန်ထန် သတ်ဖြတ်ချင်စိတ် ပေါ်လာခြင်း ပထမဆုံးအကြိမ် ဖြစ်လေသည်။

"ငါဟာ အင်မော်တယ်... အင်မော်တယ် ဟာ ငါပဲ... ငါဟာ ကမ္ဘာပေါ်မှာ ပထမဆုံးသော အင်မော်တယ်... ဒီကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး အင်မော်တယ်..." ထိုက်အာ က သူ၏ လက်ထဲရှိ စက္ကူကို မြှောက်ကိုင်ထားပြီး ခေါင်းကို ခါယမ်းလျက် ရွတ်ဆိုလိုက်ပေသည်။

ထိုက်အာ က စက္ကူပေါ်ရှိ အကြောင်းအရာများကို ရွတ်ဆိုနေသည်ကို ကြားလိုက်ရချိန်တွင် ပိုင်ယွီ ၏ အံသွားများမှာ အမှုန့်ဖြစ်မတတ် ကြိတ်မိသွားလေ၏။

သောက်ကျိုးနည်း... သူ၏ ယခင်ဘဝက နှစ်ပေါင်း မည်မျှ ကြာမြင့်စွာ သေဆုံးနေခဲ့ပြီကို သူ မသိသော်လည်း သူ့ကို လူပုံအလယ်တွင် အရှက်ခွဲရန် ဆွဲထုတ်ခံနေရဆဲ ဖြစ်ပေသည်။

အမြဲတမ်း ရင့်ကျက်ပြီး တည်ငြိမ်လေ့ရှိသော ပိုင်ယွီ သည် ချက်ချင်းပင် စိတ်ဓာတ်ကျသွားလေတော့၏။

အိုးယန်၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေသော်လည်း စိတ်ထဲတွင်မူ ရယ်ချင်လွန်း၍ သေလုနီးပါး ဖြစ်နေပေသည်။ ရိုးသားပြီး တည်ငြိမ်ပုံရသော ပိုင်ယွီ သည် သူ၏ ယခင်ဘဝက စိတ်ကူးယဉ်ဆန်ရုံသာမက ဒိုင်ယာရီ ရေးရသည်ကိုလည်း နှစ်သက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

ဟားဟားဟား... ဒါက ဘယ်လို ကဗျာအစုတ်စားမျိုးလဲ...

"ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်သလဲ... ငါ့ရဲ့ ဘိုးဘေး ဖြစ်ရတာ တကယ်ကို ထိုက်တန်ပါတယ်..." ထိုက်အာ သည် ကြီးမားသော ခံစားချက်များဖြင့် ရွတ်ဆိုအပြီးတွင် အာမေဍိတ်သံ ပြုရန် မမေ့ခဲ့ချေ။

သူ၏ အမြင်တွင် သူ၏ ဘိုးဘေး ရေးသားထားသော အဓိပ္ပာယ်မဲ့ စကားများမှာ နက်နဲသော အဓိပ္ပာယ်များဖြင့် ပြည့်နှက်နေလေ၏။

သို့ရာတွင် ထိုက်အာ မှလွဲ၍ ခန်းမထဲရှိ အခြားသူများ အားလုံး၏ မျက်နှာအမူအရာများမှာ ထူးဆန်းနေကြပြီး ရယ်ချင်နေသော်လည်း သူတစ်ပါး၏ ဘိုးဘေး ကို မျက်နှာချင်းဆိုင်တွင် မရယ်ချင်ကြသည့်ပုံ ပေါက်နေကြပေသည်။

ထိုက်အာ က သူ၏ လက်ထဲရှိ စက္ကူကို မြှောက်ကိုင်ကာ တုန်းရွှီကျစ် ကို ရန်စသည့်အနေဖြင့် ပြောဆိုလိုက်လေ၏။

"ဒီ အင်မော်တယ် လျှို့ဝှက်နယ်မြေ ကို ခင်ဗျားရဲ့ ချင်းယွင်ဂိုဏ်း က ဆင့်ခေါ်ခဲ့တာ ဖြစ်ပေမယ့် အင်မော်တယ် ရဲ့ အမွေအနှစ် မပါဘဲ ဖွင့်လို့ မရဘူး... ဒါကြောင့် အားသာချက်က ငါတို့ ဓားဂိုဏ်း ဆီမှာပဲ ရှိတယ်..."

အိုးယန်သည် ရတနာတစ်ခုကဲ့သို့ သူ၏ လက်ထဲရှိ စက္ကူကို မြှောက်ကိုင်ထားသော ထိုက်အာ ကို ကြည့်လိုက်ပေသည်။

ခန်းမထဲရှိ လူတိုင်းသည်လည်း ထိုက်အာ ၏ လက်ထဲရှိ စက္ကူကို ကြည့်လိုက်ကြ၏။ မည်သို့ပင်ဆိုစေ တုန်းရွှီကျစ် ပင်လျှင် အင်မော်တယ်၏ မှတ်စု ကို ယခင်က ဘယ်သောအခါမျှ မမြင်ဖူးခဲ့ချေ။

အင်မော်တယ် တစ်ပါး၏ လက်ရေးက မည်သို့ ရှိမည်ကို မည်သူက မမြင်ချင်ဘဲ နေမည်နည်း။

လူတိုင်း ထိုစက္ကူရွက်ကို ကြည့်လိုက်ကြချိန်တွင် သူတို့၏ စိတ်ထဲ၌ တူညီသော အတွေးတစ်ခု တပြိုင်နက်တည်း ပေါ်လာခဲ့ပေသည်။

"ဒီ ဓားအင်မော်တယ် ရဲ့ လက်ရေးက တကယ်ကို သောက်ကျိုးနည်း ရုပ်ဆိုးတာပဲ..."

အခန်း ၈၈ - ဓားဂိုဏ်းချုပ်၏ ဗြောင်ကျကျ လူခိုးမှု

ကောက်ကွေးနေသော စာလုံးများသည် စက္ကူပေါ်တွင် တီကောင်များကဲ့သို့ တွားသွားနေကြပေသည်။

ထိုအရာသည် ဓားစိတ်ဆန္ဒ နှင့် အမြင့်မားဆုံး စွမ်းအားများ အပြည့်ရှိနေသော ဓားလက်ရေး မဟုတ်လျှင်တောင်မှ အနည်းဆုံးတော့ သပ်ရပ်နေသင့်ပေသည်။

ဤဆိုးရွားလှသော စာလုံးများသည် ရှေးဟောင်းဓားအင်မော်တယ် တစ်ပါးထံမှ လာသည်ဟု ဆိုခြင်းက ထို ရှေးဟောင်းဓားအင်မော်တယ် ကို အလွန် တန်ဖိုးနည်းသွားစေသည် မဟုတ်ပါလော။

ပင်မခန်းမထဲရှိ လူများသည် မိမိကိုယ်ကိုယ် အထင်ကြီးနေဆဲဖြစ်သော ထိုက်အာ ကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြပြီး အချို့က ထို ရှေးဟောင်းဓားအင်မော်တယ် အတွက် တိတ်တဆိတ် ဝမ်းနည်းပေးနေကြလေ၏။

အကယ်၍ ထို ရှေးဟောင်းဓားအင်မော်တယ် သာ သက်ရှိထင်ရှား ရှိနေသေးပြီး သူ၏ မျိုးဆက်က သူ၏ လက်ရေးကို ကြွားလုံးထုတ်နေသည်ကို သိရှိပါက သူသည် ဓားဂိုဏ်းချုပ် ကို ညတွင်းချင်း အစားထိုးပြီး ဤလူကို အရှေ့ပင်လယ် ၏ တွင်းနက်ကြီးထဲသို့ နှစ်မြှုပ်ပစ်လိုက်မည် မဟုတ်ပါလော။

များသောအားဖြင့် တည်ငြိမ်အေးဆေးလေ့ရှိသော ပိုင်ယွီ သည် ယခုအခါ အသက်ရှူမြန်နေပြီး သူ၏ ယခင်ဘဝက အမည်းစက် သမိုင်းဝင် ဒိုင်ယာရီကို ဂုဏ်ယူဝင့်ကြွားစွာ ကိုင်ဆောင်ထားသော ဓားဂိုဏ်းချုပ် ကို ကြည့်နေလေ၏။

အကယ်၍ သူ့တွင် ယခုသာ စွမ်းရည်ရှိပါက ဤအရူးသည် သူ့ကြောင့် အပိုင်းပိုင်းရာချီ၍ ခုတ်ထစ်ခံရပြီး ဖြစ်ပေလိမ့်မည်။

"ဒါ... ဒါက တကယ်ကို... ခမ်းနားလိုက်တာ..."

တုန်းရွှီကျစ် သည် စက္ကူပေါ်ရှိ စာလုံးများကို ဖော်ပြရန် အခြား မည်သည့် နာမဝိသေသနကိုမျှ အမှန်တကယ် စဉ်းစား၍ မရတော့သဖြင့် ခြောက်ကပ်ကပ် ချီးမွမ်းမှုကိုသာ ပေးနိုင်တော့သည်။

သူ၏ ဘေးရှိ အိုးယန်မှာမူ ရယ်ချင်လွန်း၍ သေလုနီးပါး ဖြစ်နေပေသည်။ သစ်ပင်ပေါ်တွင် ရပ်ကာ အထာကျကျ နေလေ့ရှိသော ပိုင်ယွီ ကို လူပုံအလယ်တွင် အရှက်ခွဲခံရခြင်းထက် မည်သည့်အရာက ပို၍ ပျော်ရွှင်စရာ ကောင်းနိုင်မည်နည်း။

တုန်းရွှီကျစ် က ချောင်းဟန့်ကာ ပြောဆိုလိုက်လေသည်။

"ဒီ အင်မော်တယ် လျှို့ဝှက်နယ်မြေ က အလွန် အရေးကြီးတယ်... ငါတို့ ဂိုဏ်းတွေ သာမက တခြား မဟာမြင့်မြတ်နယ်မြေ တွေကပါ သေချာပေါက် လှုပ်ရှားကြမှာပဲ... မင်းက ဘာလို့ ငါ့ဆီကိုပဲ လာရတာလဲ..."

ထိုက်အာ က သူ၏ ရတနာကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး ပျင်းရိစွာ ပြောဆိုလိုက်လေ၏။

"တခြား ဂိုဏ်းတွေလား... ငါ အပါအဝင် ဓားဂိုဏ်း က အကြီးအကဲ တွေနဲ့ လေးစားရတဲ့ ကျင့်ကြံသူတွေ အားလုံးဟာ တခြား ဂိုဏ်းတွေကို သွားလည်ဖို့ တပည့်တွေကို ခေါ်သွားပြီးပြီ... ခင်ဗျားရဲ့ ချင်းယွင်ဂိုဏ်း တစ်ခုတည်းကိုပဲ ငါ ကိုယ်တိုင် လာခဲ့တာ..."

ဓားဂိုဏ်း သည် အမှန်တကယ်ပင် ဗိုလ်ကျစိုးမိုးလွန်းလှပေသည်။ ဤ အင်မော်တယ် လျှို့ဝှက်နယ်မြေ အတွက် သူတို့သည် အခြား ဂိုဏ်းများ အပြင်သို့ မထွက်နိုင်စေရန် သူတို့၏ တံခါးများကို တိုက်ရိုက် ပိတ်ဆို့ရန် အမှန်တကယ် သွားရောက်ခဲ့ကြသည်လော။

ဓားဂိုဏ်း သည် ဤ အင်မော်တယ် လျှို့ဝှက်နယ်မြေ အတွင်းရှိ အရာများနှင့် ပတ်သက်၍ များစွာ သိရှိထားပုံ ပေါ်ပေသည်။ အိုးယန်၏ မျက်လုံးများမှာ ဟိုဟိုဒီဒီ ရွေ့လျားသွားပြီး သူက မေးမြန်းလိုက်လေ၏။

"စီနီယာ ကို မေးလို့ရမလား... စီနီယာ လို လူမျိုးတောင် ဒီလောက်အထိ အပင်ပန်းခံရအောင် ဒီ အင်မော်တယ် လျှို့ဝှက်နယ်မြေ ထဲမှာ အတိအကျ ဘယ်လို ကောင်းတဲ့ အရာတွေ ရှိနေလို့လဲ..."

ထိုက်အာ က အိုးယန်ကို အနည်းငယ် မကျေမနပ်ဖြင့် ကြည့်လိုက်ပေသည်။ အဘယ်ကြောင့် ချီစုဆောင်းခြင်းအဆင့် ကလေးတစ်ယောက်က ဤမျှ စကားများနေရသနည်း။ သူ၏ အရှေ့တွင် အာရုံစိုက်ခံရရန် အဘယ်ကြောင့် ကြိုးစားနေရသနည်း။

ထိုက်အာ သည် မူလက မဖြေကြားလိုသော်လည်း လန်ချင်းဆုန်း ကလည်း သူ့ကို အလွန် လေးနက်စွာ ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် သူက ခဏမျှ စဉ်းစားလိုက်ပြီး မချိတင်ကဲ ပြောဆိုလိုက်လေ၏။

"ဒီ အင်မော်တယ် လျှို့ဝှက်နယ်မြေ က ငါ့ရဲ့ ဘိုးဘေး အနားယူတဲ့ နေရာပဲ... အဲဒီထဲမှာ ငါ့ ဘိုးဘေး ရဲ့ အင်မော်တယ်တွေကို သတ်ဖြတ်ခဲ့တဲ့ လျှို့ဝှက်ရတနာ ပါဝင်တယ်... ထို့ပြင် ငါ့ဘိုးဘေး ရဲ့ ဓားတာအို အမွေအနှစ် တောင် ပါဝင်သေးတယ်..."

အိုးယန်၏ အနောက်ရှိ လန်ချင်းဆုန်း ၏ မျက်လုံးများမှာ တောက်ပသွားပေ၏။ ရှေးဟောင်းခေတ်တွင် အင်မော်တယ်များကို သတ်ဖြတ်နိုင်ခဲ့သော ရှေးဟောင်းဓားအင်မော်တယ် တစ်ပါး၏ အမွေအနှစ် တဲ့လော။

စစ်မှန်သော ဓားကျင့်ကြံသူ တစ်ဦးအနေဖြင့် လန်ချင်းဆုန်း သည် ဤကဲ့သို့သော သွေးဆောင်ဖြားယောင်းမှုကို မည်သို့ တွန်းလှန်နိုင်မည်နည်း။

လန်ချင်းဆုန်း ၏ မျက်လုံးများ ပိုမို တောက်ပလာသည်ကို မြင်လိုက်ရချိန်တွင် ထိုက်အာ က သွေးဆောင်သည့်အနေဖြင့် ပြောဆိုလိုက်လေ၏။

"မင်းက ငါ့ရဲ့ တပည့် ဖြစ်ဖို့ ဆန္ဒရှိသရွေ့ အင်မော်တယ် လျှို့ဝှက်နယ်မြေ ထဲက အရာအားလုံးကို မင်း ရရှိမယ်လို့ ငါ အာမခံနိုင်ရုံသာမက ငါ တန်ဖိုးထားတဲ့ ဓားအင်မော်တယ် ဒိုင်ယာရီတွေကိုတောင် မင်းကို ငါ လက်ဆင့်ကမ်းပေးနိုင်သေးတယ်..."

"ဒီလူဆီမှာ ငါ့ရဲ့ အမည်းစက် သမိုင်းတွေ ရှိနေသေးတာလား..."

ပိုင်ယွီ သည် ထိုက်အာ ကို တုန်လှုပ်မှုနှင့် ဒေါသများဖြင့် ကြည့်လိုက်ပေ၏။ ဓားဂိုဏ်းချုပ် သည် သူ၏ စိတ်ထဲရှိ သေစာရင်းတွင် ပါဝင်နေပြီ ဖြစ်လေသည်။

အင်မော်တယ် လျှို့ဝှက်နယ်မြေ ကို သူ တမ်းတနေသော်လည်း တောင်ထိပ်ငယ်လေး ကို စွန့်ခွာပြီး ဓားဂိုဏ်း သို့ သွားရန် လန်ချင်းဆုန်း ဘယ်သောအခါမျှ သဘောတူမည် မဟုတ်ချေ။

ထိုက်အာ ၏ စကားများကို ကြားပြီးနောက် လန်ချင်းဆုန်း သည် မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ကာ သူ၏ ဓားကို ကိုင်ထားရင်း အိုးယန်၏ အနောက်တွင် ရပ်နေလိုက်ပြီး ထိုအဘိုးကြီး ၏ အဓိပ္ပာယ်မဲ့ စကားများကို ဆက်လက် နားမထောင်တော့ချေ။

"ဒီလူက သိပ်ဉာဏ်ကောင်းပုံ မရဘူး နော်..."

အိုးယန်၏ မျက်လုံးများမှာ တောက်ပသွားပြီး ကောက်ကျစ်သော အတွေးများ ချက်ချင်း ပေါ်လာလေ၏။

"ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ... ဒါက ဘယ်လို ဓားအင်မော်တယ် ရဲ့ လက်ရေးမျိုးလဲ... ငါ့ဆီမှာလည်း အင်မော်တယ်ရဲ့ မှတ်စု တွေ ရှိတယ်..." ဟု အိုးယန်က မိမိကိုယ်ကိုယ် အထင်ကြီးနေသော ထိုက်အာ ကို ချက်ချင်း ပြောဆိုလိုက်လေသည်။

သူ၏ တန်ဖိုးထားရသော ဓားအင်မော်တယ် လက်ရေးကို ကြွားလုံးထုတ်နေသည့် ထိုက်အာ သည် အိုးယန်ကို ကြည့်လိုက်ပေ၏။ ဤသာမန် ကောင်လေးက ဤမျှ ရိုင်းစိုင်းစွာ ပြောဆိုရဲသည်လော။

ထိုက်အာ က သူ၏ အပြုံးကို ရုပ်သိမ်းလိုက်ပြီး အိုးယန်ကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်ကာ ပြောဆိုလိုက်လေသည်။

"ကောင်လေး... မင်းဆီမှာလည်း အင်မော်တယ် ရဲ့ လက်ရေး ရှိတယ်ပေါ့..."

အိုးယန်က ပြုံးလိုက်ပြီး ထိုက်အာ ကို အော်ဟစ်လိုက်၏။

"လျှို့ဝှက် လက်နက် ကို သတိထား..."

အိုးယန်၏ အင်္ကျီလက်ထဲမှ စာအုပ်တစ်အုပ် တန်းမတ်စွာ လွင့်ပျံလာပြီး ထိုက်အာ ထံသို့ အလျင်အမြန် ချဉ်းကပ်သွားလေသည်။

အိုးယန် ပစ်ပေါက်လိုက်သော ရင်းနှီးနေသည့် ရုပ်ပြစာအုပ်ကို ချန်ချန်ရှန်း မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာမှာ တွန့်လိမ်သွားပြီး သူ၏ စီနီယာအစ်ကို ကို ခြောက်ကပ်ကပ် အပြုံးဖြင့် ကြည့်လိုက်ပေ၏။

ထိုက်အာ သည် သူ့ကို သံသယမဝင်သော်လည်း ချီစုဆောင်းခြင်းအဆင့် လူငယ်တစ်ဦး ပစ်ပေါက်လိုက်သော အရာသည် အင်မော်တယ် ၏ လက်ရေး ဖြစ်နိုင်မည်ဟု သူ မယုံကြည်ချေ။ သူက အိုးယန်၏ ရုပ်ပြစာအုပ်ကို ပေါ့ပေါ့ပါးပါး ဖမ်းယူလိုက်ပြီး ဂရုမစိုက်စွာ တစ်ချက် ကြည့်လိုက်လေသည်။

"ရှူး..."

ရုပ်ပြစာအုပ်၏ အကြောင်းအရာများကို သူ မြင်လိုက်ရချိန်တွင် ထိုက်အာ ၏ မျက်နှာအမူအရာမှာ အလွန် ပြောင်းလဲသွားပေ၏။ ဂရုမစိုက်မှုမှသည် ဒေါသအဖြစ်သို့၊ ထို့နောက် တုန်လှုပ်မှုအဖြစ်သို့၊ ထို့နောက် တမ်းတမှုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုက်အာ သည် ရုပ်ပြစာအုပ်ကို သူ၏ အင်္ကျီလက်ထဲတွင် အလျင်အမြန် ဝှက်ထားလိုက်ပြီး အိုးယန်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်ကာ ပြောဆိုလိုက်လေ၏။

"မင်းက သာမန် ကောင်လေး တစ်ယောက် ဖြစ်ပေမယ့် မင်းရဲ့ စိတ်က တော်တော် ထက်မြက်တာပဲ... မင်းကို တံခါးစောင့် တပည့် အဖြစ် ငါ မချိတင်ကဲ လက်ခံပေးနိုင်ပါတယ်..."

ရုပ်ပြစာအုပ် တစ်အုပ်တည်းကပင် သူ့ကို တံခါးစောင့် တပည့် ဖြစ်လာစေနိုင်သည်လော။ နေပါဦး... ဤအဘိုးကြီး ပြောသော တံခါးစောင့် တပည့် ဆိုသည်မှာ အမှန်တကယ်ပင် တံခါးစောင့်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

အိုးယန်သည် ပထမဆုံး အထင်သေးသွားသော်လည်း ထို့နောက် သူ သဘောပေါက်သွားလေ၏။ ဤ ဓားသမားအို ထိုက်အာ သည် အခမဲ့ ယူချင်နေခြင်း ဖြစ်ပေသည်။

"ဒီလို အခြေအနေတွေနဲ့ ငါ့ရဲ့ အင်မော်တယ် လက်ရေး ကို မင်းက ယူချင်တယ်ပေါ့... ရုပ်ပြစာအုပ်ကို ပြန်ပေး..." အိုးယန်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြောဆိုလိုက်လေသည်။

သို့ရာတွင် ထိုက်အာ မှာ တည်ငြိမ်အေးဆေးသော အမူအရာ ရှိနေပြီး ပြောဆိုလိုက်၏။

"မင်းတို့ရဲ့ ဂိုဏ်းချုပ် နဲ့ ဆွေးနွေးစရာ အရေးကြီး ကိစ္စတွေ ရှိတယ်... မင်းတို့ အရင် ထွက်သွားကြတော့..."

သောက်ကျိုးနည်း... ဤအဘိုးကြီး က အခမဲ့ ယူပြီး လူတွေကို နှင်ထုတ်နေသည်လော။

အိုးယန်က တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏ အမြင်အာရုံများ လည်ထွက်သွားပြီး သူ သတိပြန်ဝင်လာချိန်တွင် သူတို့ လေးဦးသည် ချင်းယွင်တောင်ထိပ် ၏ ဂိုဏ်းတံခါး အပြင်ဘက်တွင် ရပ်နေကြပြီ ဖြစ်လေသည်။

တုန်းရွှီကျစ် နှင့် ထိုက်အာ တို့သာ ပင်မခန်းမထဲတွင် ကျန်ရစ်တော့ပေ၏။

တုန်းရွှီကျစ် သည် သူ၏ အရှေ့ရှိ ဖိုသီဖတ်သီ ဖြစ်နေသော ထိုက်အာ ကို ကြည့်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောဆိုလိုက်လေသည်။

"မင်းက ဘာလို့ အကြောင်းပြချက် မရှိဘဲ သူတို့ကို သွားရှုပ်နေရတာလဲ..."

ထိုက်အာ က ကောင်းကင်နှင့်မြေပြင် သစ်သားကျောက်စာချပ် ဆီသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားလိုက်ပြီး ရိုးရိုး အမွှေးတိုင် သုံးတိုင်ကို ထွန်းညှိလိုက်ကာ တုန်းရွှီကျစ် ဘက်သို့ လှည့်၍ ပြောဆိုလိုက်၏။

"အဖြူရောင် ဝတ်ထားတဲ့ လူငယ် နဲ့ အမည်းရောင် ဝတ်ထားတဲ့ လူငယ် က ငါ့ရဲ့ ဓားဂိုဏ်း နဲ့ ရေစက် ပါတယ်... သူတို့က ငါ့ရဲ့ ဓားဂိုဏ်း ရဲ့ တပည့်တွေ ဖြစ်သင့်တယ်..."

ထိုက်အာ ပြောသော အဖြူရောင် ဝတ်ထားသည့် လူငယ် နှင့် အမည်းရောင် ဝတ်ထားသည့် လူငယ် မှာ အဖြူရောင် အဝတ်အစားများ ဝတ်ဆင်ထားသော ပိုင်ယွီ နှင့် အမည်းရောင် အကျပ် ဝတ်စုံကို ဝတ်ဆင်ထားသော လန်ချင်းဆုန်း တို့ပင် ဖြစ်ပေသည်။

တုန်းရွှီကျစ် က လှောင်ပြောင်လိုက်လေ၏။

"မင်းရဲ့ ဓားဂိုဏ်း က ဝမ်ကျန့် ရေကန် က ငါ့ရဲ့ ချင်းယွင်ဂိုဏ်း နဲ့ ရေစက် ပါတယ် လို့ ငါ ထင်တယ်... ပြီးတော့ အဲဒါက ငါ့ရဲ့ ချင်းယွင်ဂိုဏ်း ရဲ့ ဝမ်ကျန့် ရေကန် ဖြစ်လာသင့်တယ်..."

ထိုက်အာ က တုန်းရွှီကျစ် ကို အံ့သြစွာ ကြည့်လိုက်ပြီး ပြောဆိုလိုက်လေသည်။

"ဟုတ်လား... ဒါဆိုရင်လည်း သဘောတူတယ်လေ... ခင်ဗျား နောက်နေ့ကျရင် ဝမ်ကျန့် ရေကန် ကို ပြောင်းရွှေ့လို့ ရတယ်... အဲဒီ ကောင်လေး နှစ်ယောက်ကိုတော့ ငါ ခေါ်သွားမယ်..."

တုန်းရွှီကျစ် သည် ချောင်းအကြိမ်အနည်းငယ် ဟန့်လိုက်ပြီး ထိုက်အာ ကို မယုံကြည်နိုင်စွာ ကြည့်လျက် ပြောဆိုလိုက်၏။

"ဓားဂိုဏ်း ရဲ့ ဝမ်ကျန့် ရေကန် က အဲဒီ ကောင်လေး နှစ်ယောက်လောက် အရေးမကြီးဘူးလား..."

ထိုက်အာ က ဂရုမစိုက်စွာ ပြောဆိုလိုက်လေသည်။

"ဝမ်ကျန့် ရေကန် ဆိုတာ နောက်ဆုံးတော့ သက်မဲ့ အရာတစ်ခုပဲလေ... ငါတို့ ဓားကျင့်ကြံသူ တွေဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် ကြိုးစားသင့်တယ်... နောင်တော်တွေ လျှောက်ခဲ့တဲ့ လမ်းကြောင်းတွေကို တွယ်ကပ်နေတော့ ဘာအဓိပ္ပာယ် ရှိမှာလဲ..."

တုန်းရွှီကျစ် မှာ ထိုက်အာ ကြောင့် ပြောစရာစကားမရှိ ဖြစ်သွားပေ၏။ ထိုလူ၏ နယ်ပယ်သည် သူ၏ နယ်ပယ်ထက် တစ်ဆင့် ပိုမြင့်မားသော်လည်း လန်ချင်းဆုန်း နှင့် ပိုင်ယွီ တို့သည် သူ၏ တပည့်များ မဟုတ်သလို၊ မဟာမြင့်မြတ်နယ်မြေ ကိုးခု ထဲမှ တစ်ခုဖြစ်သော ဓားဂိုဏ်း ၏ အဖိုးတန်ဆုံး ရတနာ ဖြစ်နေလျှင်တောင်မှ တုန်းရွှီကျစ် သည် သူ၏ ကိုယ်ပိုင် တပည့်များကို မည်သည့်အရာနှင့်မျှ လဲလှယ်မည် မဟုတ်ချေ။

တုန်းရွှီကျစ် က ထိုက်အာ ကို ကြည့်ကာ ပြောဆိုလိုက်လေသည်။

"အဲဒီ လူငယ်တွေ အားလုံးက ဟူယန် ရဲ့ တပည့်တွေချည်းပဲ... မင်းက သူတို့ကို တကယ် လိုချင်တယ်ဆိုရင် သူ့ကို သွားပြောလိုက်..."

"သောက်ကျိုးနည်း... အဲဒီ လူအိုကောင် က ဘယ်လိုလုပ် ဒီလောက် ကံကောင်းနေရတာလဲ..."

ထိုက်အာ က မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်လေ၏။

ထို့နောက် သူက အနည်းငယ် စိတ်ဓာတ်ကျစွာဖြင့် ပြောဆိုလိုက်ပေသည်။ "ဒါဆိုရင်လည်း ထားလိုက်ပါတော့... ခင်ဗျားနဲ့ တိုက်ခိုက်ရင် အကြိမ်အနည်းငယ် အနိုင်ရနိုင်သေးတယ်... ဒါပေမဲ့ အဲဒီ လူအိုကောင် နဲ့ တိုက်ခိုက်ရတာက အရမ်း ရွံစရာကောင်းတယ်..."

"ဓားဂိုဏ်း က တပည့် လက်ခံတဲ့ နေရာမှာ အမြဲတမ်း သတိထားလေ့ ရှိတယ်လေ... အဲဒီ ကလေးတွေက တကယ်ပဲ အဲဒီလောက် အရေးကြီးလို့လား..." တုန်းရွှီကျစ် က ထိုက်အာ ကို ကြည့်ကာ မသေချာစွာဖြင့် မေးမြန်းလိုက်လေသည်။

ထိုက်အာ က ခြောက်ကပ်ကပ် ပြုံးလိုက်ပြီး တိုးညှင်းစွာ ပြောဆိုလိုက်၏။

"ငါ့ရဲ့ ဓားဂိုဏ်း က ဓားကျင့်ကြံသူ တွေဟာ လောကမှာ အတော်ဆုံး လို့ သူတို့ အားလုံး ပြောကြတယ်... ဒါပေမဲ့ ငါ့ရဲ့ ဓားဂိုဏ်း မှာ အမွေအနှစ် ဆက်ခံမယ့်သူ မရှိတာ အတော်လေး ကြာနေပြီ... ငါ အပါအဝင်ပေါ့..."

All Chapters