← Chapters

အခန်း (၈၅၅-၈၅၆)

Vol. 86 Ch. 855-856

အခန်း (၈၅၅-၈၅၆)

Vol. 86 Ch. 855-856

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၅၅ + ၈၅၆)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

တုရှောင်မှာ လန့်ဖြန့်သွားသော်လည်း ချက်ချင်းပင် ရှေ့သို့ တိုးဝင်သွားကာ သူမ၏ ဓားကို ဝှေ့ယမ်း၍ သွေးရိုင်းဖုတ်ကောင် ဆယ်ကောင်ကျော်အား ပြတ်သားစွာ ခေါင်းဖြတ်သတ်ပစ်လိုက်၏။

ထိုသို့ ရှင်းလင်းပြီးနောက် တုရှောင်က စိတ်လှုပ်ရှားစွာဖြင့် ဆိုလာ၏။ "အဖေ... အဖေက သိပ်မိုက်တာပဲ။ ဒါ အန်တီယဲ့ရှောင်ထန် အဖေ့ကို သင်ပေးခဲ့တဲ့ လျှို့ဝှက်နည်းစနစ်လား"

တုပိုင် ခေါင်းညိတ်ပြလိုက်၏။

တုရှောင်က ဝမ်းသာအားရ ခုန်ပေါက်ရင်း ထပ်ပြောလိုက်သည်။ "အဖေက အရမ်းတော်တာပဲ"

အနည်းငယ် စမ်းသပ်ကြည့်လိုက်ရုံဖြင့် ဤကြောက်မက်ဖွယ် ဝိညာဉ်ချုပ်နှောင်ခြင်း နည်းစနစ်မှာ အမှန်တကယ်ပင် အစွမ်းထက်လှကြောင်း သိသာပြီး သွေးရိုင်းဖုတ်ကောင် ဆယ်ကောင်ကျော်အား ချုပ်နှောင်ရန်မှာ သိပ်မခက်ခဲလှပေ။

သို့သော် သတ်ဖြတ်ခြင်း နည်းစနစ်မှာမူ ထိုသွေးရိုင်းဖုတ်ကောင်များအပေါ်၌ မည်သို့မျှ သက်ရောက်မှု မရှိချေ။

လီဝိညာဉ် သတ်ဖြတ်ခြင်း နည်းစနစ်သည် လူများကို ကြောက်လန့်တကြား သေဆုံးသွားစေနိုင်စွမ်းရှိသော်လည်း ၊ ဤသွေးရိုင်းဖုတ်ကောင်များ၏ ဦးနှောက်များမှာမူ မျိုးဗီဇပြောင်းလဲသွားကြပြီဖြစ်ရာ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်လိုသည့် ဗီဇသာ ကျန်ရှိတော့၏။ သူတို့သည် အကြောက်တရားဆိုသည်ကို မသိကြတော့ဘဲ စဉ်းစားဆင်ခြင်နိုင်စွမ်း လုံးဝ ပျောက်ဆုံးသွားကြပြီ ဖြစ်သည်။

ထို့နောက် တုရှောင်သည် ဖခင်ဖြစ်သူ တုပိုင်ကို ကျောပေါ်တွင် ကုန်းပိုးကာ နယ်မြေတစ်ခုလုံးရှိ ဖုတ်ကောင်များအား အသေအချာ ရှင်းလင်းပစ်လိုက်လေ၏။

နယ်မြေတစ်ခုလုံးမှာ နှစ်စတုရန်းကီလိုမီတာခန့် ကျယ်ဝန်းကာ အဆောက်အအုံ ရာပေါင်းများစွာ ရှိနေသောကြောင့် သွေးရိုင်းဖုတ်ကောင်များကို တစ်လွှာချင်းစီ လိုက်လံရှာဖွေနေရန် အချိန်မရှိနိုင်ပေ။ ထို့ကြောင့် မူလက ဤသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စရပ်ပင် ဖြစ်၏။

သို့သော် တုပိုင်သည် အစွမ်းထက်သော စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထား၏။ သူ၏ ဦးနှောက်မှာ ရေဒါတစ်ခုကဲ့သို့ ဖြစ်နေပြီး မီတာ ၁၀၀ ပတ်လည်အတွင်းရှိ မည်သည့် သက်ရှိ သို့မဟုတ် မသေမျိုးကိုမဆို ထောက်လှမ်းသိရှိနိုင်စွမ်း ရှိနေသည်။

ထို့အပြင် ရှောင်ရှောင်သည်လည်း အလွန်တရာ ခွန်အားပြည့်ဝလှ၏။ သူမ၏ အရပ်ရှည်ရှည် သွယ်လျလျ ခန္ဓာကိုယ်လေးထဲ၌ မည်သည့်နေရာမှ ဤမျှများပြားသော ခွန်အားများ ထွက်ပေါ်နေသနည်းဟုပင် ထင်မှတ်ရကာ မောပန်းမှုဆိုသည်ကို လုံးဝ သိရှိပုံမရချေ။

အချိန် လေးနာရီ တင်းတင်း ကြာမြင့်ပြီးနောက်တွင်မူ နယ်မြေတစ်ခုလုံးရှိ မသေမျိုးဖုတ်ကောင်များအားလုံး လုံးဝ ရှင်းလင်းသုတ်သင်ခံလိုက်ရလေတော့၏။

ယဲ့ဟိုင်ထန် ဤစခန်းအတွင်း သတ်ဖြတ်ခဲ့သော လူငါးရာ၏ အလောင်းများကိုမူ မြို့စားလျန်ကျင်း မီးရှို့ဖျက်ဆီးပြီး ဖြစ်လေသည်။

နယ်မြေအတွင်းရှိ နေချင့်စဖွယ် အကောင်းဆုံးနှင့် အဆင်ပြေဆုံး အိမ်တစ်လုံးကို ရှာတွေ့ပြီးနောက် ရှောင်ရှောင် တစ်ယောက် သက်သောင့်သက်သာ ရေချိုးလိုက်ပြီး သန့်ရှင်းသော သားရေတိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်လိုက်၏။

တုပိုင်သည်လည်း ရေချိုးပြီးပြီဖြစ်ရာ ကုတင်တစ်လုံးပေါ်၌ သက်သောင့်သက်သာ ထိုင်နေလျက်ရှိ၏။

ကောင်မလေးမှာ အလွန် စိတ်လှုပ်ရှားနေပုံရ၏။ မေပယ်ရွက်နယ်မြေ စခန်းမှ ထွက်ခွာလာခဲ့ရသော်လည်း သူမ၏ ဖခင်မှာ နိုးထလာခဲ့ပြီ ဖြစ်လေသည်။ သူမနှင့် ဖခင်ဖြစ်သူတို့ ထာဝရ အတူတူ နေထိုင်သွားနိုင်ပြီ ဖြစ်သောကြောင့် ရှေ့ဆက်ရမည့် အနာဂတ်အတွက် မျှော်လင့်ချက်များနှင့် ပျော်ရွှင်မှုများ အပြည့်အဝ ကိန်းအောင်းနေတော့၏။

ရှောင်ရှောင်က တုပိုင်၏ ဘေးတွင် လှဲလျောင်းရင်း သူမ၏ ခြေသလုံးနှစ်ဖက်ကို တစ်ဖက်ပြီးတစ်ဖက် လွှဲယမ်းကာ တောင်းဆိုလိုက်သည်။ "အဖေ... သမီးကို ပုံပြင်တစ်ပုဒ်လောက် ပြောပြပါလား"

တုပိုင်က ခေါင်းညိတ်၏။ "ကောင်းပြီ... အဖေ စဉ်းစားပါရစေဦး။ သမီး မကြားဖူးသေးတဲ့ အကြောင်းအရာလေး တစ်ခုခုကို စဉ်းစားလိုက်ဦးမယ်"

ထို့နောက် တုပိုင် အတ္တလန္တိတ် ယဉ်ကျေးမှု နစ်မြုပ်သွားခဲ့သည့် အကြောင်းကို ပြောပြလိုက်၏။

ဤပုံပြင်မှာ စိတ်ကူးယဉ်ဖန်တီးထားခြင်းဖြစ်ပြီး ဗားရှင်းအမျိုးမျိုး ရှိပေသည်။ တုပိုင်သည် ဤလျှို့ဝှက်ဆန်းကြယ်သော ယဉ်ကျေးမှုများအပေါ် အလွန်အမင်း စိတ်ဝင်စားသူဖြစ်ရာ သက်ဆိုင်ရာ စာအုပ်များစွာကို ဖတ်ရှုခဲ့ဖူးပြီး ကိုယ်တိုင် စနစ်တကျ ပြန်လည်စီစဉ်ကာ ရှောင်ရှောင်အား ပြောပြနေခြင်းပင် ဖြစ်လေ၏။

ထင်ထားသည့်အတိုင်းပင် ကောင်မလေးမှာ မျက်လုံးများ ပြူးကျယ်သွားကာ မှင်သက်သွားရလေတော့၏။

နှစ်နာရီကြာအောင် ပြောပြပြီးနောက်တွင် တုပိုင်က သတိပေးလိုက်သည်။ "ကဲ... သမီး အိပ်သင့်ပြီ"

တုရှောင်က လိမ္မာစွာဖြင့် ပြန်ဖြေလိုက်သည်။ "ဟုတ်"

ထို့နောက် သူမသည် တုပိုင်၏ ကုတင်ပေါ်မှ ဆင်းကာ ဘေးရှိ ကုတင်တစ်လုံးပေါ်သို့ သွားရောက်လှဲလျောင်းပြီး စောင်ခြုံလိုက်လေ၏။

မိနစ်အနည်းငယ်မျှ ကြာသောအခါ မှန်မှန်နှင့် ဖြည်းညှင်းစွာ ရှူရှိုက်နေသော အသက်ရှူသံများကို ကြားလိုက်ရပြီး ကောင်မလေးမှာ အိပ်ပျော်သွားလေတော့သည်။

တုပိုင်မှာမူ အိပ်မပျော်နိုင်ဘဲ အမှောင်ထဲတွင် သမီးဖြစ်သူအား ကြည့်ရင်း သူ၏ ရင်ထဲ၌ အတိုင်းအဆမသိသော ချစ်ခြင်းမေတ္တာများ ပြည့်နှက်လာသည်။

တုရှောင်သည် ပြီးပြည့်စုံလွန်းသော သမီးလေး တစ်ယောက်ပင် ဖြစ်၏။ ရဲရင့်၏။ ကျန်းမာသန်စွမ်း၏။ ဖြောင့်မတ်တည်ကြည်ပြီး ဇွဲလုံ့လလည်း ရှိသည်။

ဤကဲ့သို့ လိမ္မာသိတတ်လှသော သမီးလေးတစ်ယောက် ပိုင်ဆိုင်ခွင့်ရသည့်အတွက် ဘုရားသခင်ကိုပင် တုပိုင် ကျေးဇူးတင်မိလေ၏။ မကြာခင်အတောအတွင်း တုပိုင် မျက်လုံးများကို မှိတ်ကာ အိပ်မောကျသွားလေတော့သည်။

နောက်တစ်နေ့ မိုးလင်းလုဆဲဆဲ အချိန်တွင် တုပိုင် နိုးလာပြီးနောက် အပြင်ဘက်မှ စူးရှသော လေခွင်းသံများကို ကြားလိုက်ရ၏။

ထိုအသံမှာ ဓားသိုင်းကျင့်ကြံနေသည့် သူ၏ သမီးလေးထံမှ ထွက်ပေါ်လာခြင်း ဖြစ်လေ၏။

တုပိုင် အိပ်ရာမှ ထလာသောအခါ ဘေးနား၌ မျက်နှာသစ်ရန် ရေပြင်ဆင်ထားပြီးဖြစ်ကာ သွားတိုက်ဆေးကိုပါ အသင့် ညှစ်ပေးထားကြောင်း တွေ့လိုက်ရ၏။

ရေကို စမ်းကြည့်လိုက်ရာ နွေးထွေးနေဆဲပင်။ တကယ်ကို လိမ္မာရေးခြားရှိလှသော သမီးလေးပင် ဖြစ်၏။

တုပိုင် သွားတိုက် မျက်နှာသစ်ပြီးနောက် သမီးဖြစ်သူ သိုင်းပညာ ကျင့်ကြံနေသည်ကို ကြည့်ရှုရန် ခြံဝင်းထဲသို့ ထွက်လာလိုက်လေ၏။

တုရှောင်သည် ဖခင်ဖြစ်သူ ဘေးမှနေ၍ စောင့်ကြည့်နေသည်ကို သတိပြုမိသွားရာ ချက်ချင်းပင် ပိုမိုကြိုးစားအားထုတ်ကာ ကျင့်ကြံလေတော့၏။

ခြံဝင်းတစ်ခုလုံး တုရှောင်၏ ဖျတ်လတ်တက်ကြွသော လှုပ်ရှားမှုပုံရိပ်များဖြင့် ပြည့်နှက်သွားရ၏။ သူမ၏ ခွန်အားမှာ ကြီးမားလှပြီး သိုင်းကွက်များမှာလည်း အလွန်အမင်း လျင်မြန်ဖျတ်လတ်လှပေသည်။

ဤကမ္ဘာ၌ တုရှောင်သည် အဆင့်ခုနစ် သိုင်းပညာရှင်တစ်ဦး ဖြစ်ပြီး သူမ၏ အသက်အရွယ်နှင့် နှိုင်းယှဉ်လျှင် အလွန်ပင် ပါရမီထူးချွန်လွန်းနေပြီ ဖြစ်၏။

တုပိုင် အခြေအနေအချို့ကို လေ့လာသုံးသပ်ကြည့်လိုက်၏။ ခွန်အားနှင့် လျင်မြန်ဖျတ်လတ်မှုတို့အရ ဆိုလျှင် အဆင့်ခုနစ် သိုင်းပညာရှင်သည် တာ့နင်အင်ပါယာရှိ အဆင့်သုံး သိုင်းပညာရှင်နှင့် ညီမျှနေပြီ ဖြစ်၏။

သို့သော် ဤကမ္ဘာသည် အတွင်းအားကို သိပ်ပြီး အာရုံစိုက်ပုံမရဘဲ ရုပ်ခန္ဓာ၏ ကိုယ်ပိုင်စွမ်းအားအပေါ်၌သာ လုံးလုံးလျားလျား မှီခိုနေပုံရသည်။

တိတိကျကျ ပြောရလျှင် လျင်မြန်ဖျတ်လတ်မှုနှင့် ခွန်အားအပေါ်၌သာ မူတည်နေခြင်း ဖြစ်၏။

သို့သော် မြို့စားလျန်ကျင်းတွင် ရွှမ်းချီအတွင်းအားများ ရှိနေသဖြင့် ဤကမ္ဘာရှိ လူအနည်းစုသာလျှင် အတွင်းအားများကို ပိုင်ဆိုင်ထားကြသည်မှာ ထင်ရှားနေ၏။

တုပိုင်က မေးလိုက်သည်။ "စနစ်... ငါ့သမီးကို ကျိုယန်ကျမ်းရင်းအတွင်းအား ကျင့်စဉ် သင်ပေးလို့ ရလား"

စနစ်က နိုးထလာပြီး ပြန်ဖြေလိုက်သည်။ "သခင်... အရင်တုန်းကဆိုရင်တော့ ဒါက မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ရှေးဟောင်းနဂါးရဲ့ စိတ်စွမ်းအင်က အရမ်းကို အဆင့်မြင့်လွန်းတဲ့အတွက် အတွင်းအား စိတ်ကျင့်စဉ်ကို ကူးယူရေးသားနိုင်ပါတယ်"

ထိုအချိန်က ယခင်စနစ်ပိုင်ရှင်သည် ကျိုယင်းကျမ်းရင်းကို လီဝမ်ဝမ်အား သင်ကြားပေးခဲ့သော်လည်း နည်းလမ်းမှာ ကွဲပြားနေသေး၏။ သူ ကိုယ်တိုင် အရင်ဆုံး နားလည်သဘောပေါက်အောင် လေ့လာပြီးမှသာ လီဝမ်ဝမ်အား တစ်ဆင့်ချင်းစီ သင်ကြားပေးခဲ့ခြင်း ဖြစ်၏။

အကယ်၍ ရှောင်ရှောင်သာ ကျိုယန်ကျမ်းရင်းကို ကျင့်ကြံမည်ဆိုလျှင် သေချာပေါက် လျင်မြန်စွာ ပိုမိုအစွမ်းထက်လာမည် ဖြစ်၏။ လက်ရှိအချိန်တွင် တုပိုင်သည် သာမန်ဖခင်တစ်ဦးကဲ့သို့ပင် သူ၏ အဖိုးတန်သမီးလေးအား အကောင်းမွန်ဆုံးသော အရာအားလုံးကို ပေးစွမ်းချင်နေမိလေ၏။

တုပိုင် ညွှန်ကြားလိုက်သည်။ "ဒါဆိုရင် ကျိုယန်ကျမ်းရင်းသိုင်းကျမ်းကို စပြီး ကူးယူလိုက်တော့"

စနစ်က ပြန်ဖြေလာ၏။ "ဟုတ်ကဲ့။ ဒါပေမဲ့ ဒေတာပမာဏက အရမ်းများတဲ့အတွက် အချိန် လဝက်လောက်တော့ ကြာပါလိမ့်မယ်"

တုပိုင် ဆက်မေးလိုက်၏။ "ကောင်းပြီ။ စနစ်... ငါ ချက်ချင်းကို ပိုသန်မာလာဖို့ လိုအပ်တယ်။ အခု ငါ့ရဲ့ စိတ်စွမ်းအင်တွေက အစွမ်းထက်နေပေမဲ့ ခန္ဓာကိုယ်က အရမ်းကို အားနည်းနေတုန်းပဲ။ ဘယ်လိုလုပ်ရင် မြန်မြန်ဆန်ဆန် ပိုပြီး သန်မာလာနိုင်မလဲ"

စနစ်က ဖြေကြားလိုက်သည်။ "ခန္ဓာကိုယ် သန်မာလာစေဖို့အတွက် အသားတွေ အများကြီး စားဖို့ လိုအပ်သလို ကျင့်ကြံခြင်းအဆင့် တိုးတက်လာဖို့အတွက် ကျိုယန်ကျမ်းရင်းကို ကျင့်ကြံရမှာပါ။ ဒါပေမဲ့ သခင်ကတော့ ကွဲပြားပါတယ်။ သခင့်ဆီမှာ ရှေးဟောင်းနဂါးဘုရင်ရဲ့ စွမ်းအင်တွေ ရှိနေတဲ့အပြင် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်နဲ့လည်း တိုက်ရိုက် စုပ်ယူပစ်လို့ ရပါတယ်"

တုပိုင် ထပ်မေးလိုက်သည်။ "ယဲ့ဟိုင်ထန်ရဲ့ ဦးနှောက်ထဲက စွမ်းအင်ကျောက်သလင်းတွေကို စုပ်ယူသလိုမျိုးပေါ့ ဟုတ်လား"

စနစ်က အတည်ပြု၏။ "ဟုတ်ပါတယ်။ ခေတ်သစ်ကမ္ဘာမြေမှာရှိတဲ့ အခြားကမ္ဘာတွေရဲ့ စွမ်းအင်အရှိန်အဝါက အရမ်းကို အစွမ်းထက်ပါတယ်။ အစွမ်းထက်တဲ့ မသေမျိုးတွေ ၊ သရဲတစ္ဆေတွေ ၊ မိစ္ဆာတွေ စတာတွေရဲ့ ခန္ဓာကိုယ်ထဲမှာ စွမ်းအင်ကျောက်သလင်းတွေ ရှိကြပါတယ်။ သခင့်အနေနဲ့ သူတို့ကို သတ်ဖြတ်ပြီး အဲဒီကျောက်သလင်းတွေကို ထုတ်ယူလိုက်ဖို့ပဲ လိုတာပါ။ သူတို့ရဲ့ ဝိညာဉ်စွမ်းရည်တွေ ၊ တိုက်ခိုက်ရေး နည်းစနစ်တွေကို ကူးယူနိုင်ရုံသာမက သူတို့ရဲ့ စွမ်းအားတွေကိုပါ တိုက်ရိုက် စုပ်ယူပစ်လို့ ရပါတယ်"

တုပိုင် ထောက်ပြလိုက်သည်။ "ဒါပေမဲ့ ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်မှာလည်း ကန့်သတ်ချက်တွေ ရှိတယ်လေ။ တစ်ကြိမ် စုပ်ယူပြီးသွားတာနဲ့ သွေးကြောတွေထဲမှာ စွမ်းအင်တွေ စုပုံလာစေလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ အပေါ့စားသွက်ချာပါဒလိုက်တာကနေ... မိစ္ဆာဝင်ပူးတာ ၊ သွေးကြောတွေ ပေါက်ကွဲထွက်တာအထိ ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တယ် မဟုတ်ဘူးလား"

စနစ်က တုံ့ပြန်လိုက်သည်။ "ဟုတ်ပါတယ်။ ဒါပေမဲ့ သခင့်ဆီမှာ ရှေးဟောင်းနဂါးဘုရင်ရဲ့ စွမ်းအင်တွေ ရှိနေတယ်လေ။ ဒါက အရမ်းကို အဆင့်မြင့်လွန်းတဲ့ စွမ်းအင်ဖြစ်လို့ သခင် စုပ်ယူလိုက်တဲ့ စွမ်းအင်တွေကို အပြည့်အဝ သန့်စင်ပေးနိုင်ပါတယ်"

ဤရှေးဟောင်းနဂါးဘုရင်၏ စွမ်းအင်မှာ အမှန်တကယ်ပင် ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်လွန်းလှပေ၏။

ထို့အပြင် တာ့နင်အင်ပါယာ၌ သိပ်ပြီး အသုံးမဝင်လှသော ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်သည် ခေတ်သစ်ကမ္ဘာမြေတွင် ဤမျှလောက် အစွမ်းပြနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

စနစ်နှင့် စကားပြောနေသည့် အချိန်တွင်ပင် သမီးဖြစ်သူ တုရှောင်မှာ သိုင်းပညာကျင့်ကြံခြင်း ပြီးဆုံးသွားပြီ ဖြစ်၏။

တုရှောင်က ရွှင်လန်းတက်ကြွစွာဖြင့် တိုက်တွန်းလိုက်သည်။ "အဖေ... မနက်စာ စားကြရအောင်။ မနက်စာစားပြီးရင် လူသွားစုကြမယ်။ သုံးလအတွင်းမှာ ဒီစခန်းကို လူတစ်ထောင်ပြည့်အောင် သမီးတို့ လုပ်ကိုလုပ်ရမယ်"

**--**--**--**--**--**--**--**

အချိန်သည် လျင်မြန်စွာဖြင့် တစ်ရက် ၊ နှစ်ရက် ၊ သုံးရက်... နောက်ဆုံးတွင် ဆယ်ရက်တိုင်တိုင် ကုန်လွန်သွားလေ၏။

တုပိုင်နှင့် တုရှောင် သားအဖနှစ်ဦးစလုံး၏ မျက်နှာထက်၌ စိတ်ပျက်အားငယ်နေဟန်များ အတိုင်းသား ပေါ်လွင်နေသည်။

သားအဖနှစ်ဦးသည် စခန်းနှင့် မိုင်အနည်းငယ် ပတ်လည်အတွင်းရှိ နေရာအနှံ့အပြားသို့ သွားရောက်ရှာဖွေခဲ့သော်လည်း အသက်ရှင်ကျန်ရစ်သူ တစ်ယောက်တစ်လေကိုမျှ မတွေ့ခဲ့ရချေ။

မည်သို့ပင်ဆိုစေ ကမ္ဘာပျက်ကပ်ကြီး စတင်ခဲ့သည်မှာ ဆယ့်ငါးနှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ လူသားအများစုမှာ သေဆုံးကုန်ကြပြီဖြစ်ကာ အသက်ရှင်ကျန်ရစ်သူများမှာလည်း အင်အားစုအသီးသီးထံ၌ သွားရောက်ခိုလှုံ နေထိုင်နေကြပြီ ဖြစ်သည်။

ထို့ကြောင့် သုံးလအတွင်း လူတစ်ထောင်အထိ တိုးချဲ့ရန်ဆိုသည်မှာ လုံးဝ စိတ်ကူးယဉ်ဆန်လွန်းသော ကိစ္စတစ်ရပ်သာ ဖြစ်နေ၏။

ဆယ်ရက်တိုင်တိုင် အသားများများစားသုံးပြီး နေ့စဉ်ကြိုးစားအားထုတ်မှုကြောင့် တုပိုင်၏ ခန္ဓာကိုယ်မှာ များစွာ နာလန်ထူလာခဲ့ပြီ ဖြစ်၏။

သို့သော် သိုင်းပညာ ကျင့်ကြံမှုအပိုင်းတွင်မူ ကျိုယန်ကျမ်းရင်း၏ နေ့စဉ် ရွှမ်းချီအတွင်းအား စုပ်ယူမှုအပေါ်၌သာ မှီခိုနေရသဖြင့် တိုးတက်မှုမှာ အလွန် နှေးကွေးလှ၏။

အမြန်ဆုံး နည်းလမ်းမှာ သေချာပေါက် အစွမ်းထက်လှသော မသေမျိုးမိစ္ဆာများကို သတ်ဖြတ်ပြီး စွမ်းအင်ကျောက်သလင်းများကို စုပ်ယူရန်ပင် ဖြစ်၏။ သို့သော် မိုင်ဆယ်ဂဏန်း ပတ်လည်အတွင်း၌ အစွမ်းထက်သော မိစ္ဆာတစ်ကောင်ကိုမျှ မတွေ့ရှိခဲ့ရချေ။

ထိုအစား မျိုးဗီဇပြောင်း တောဝက်နှင့် ကျားသစ် နှစ်ကောင် သုံးကောင်ခန့်ကိုသာ သတ်ဖြတ်နိုင်ခဲ့လေ၏။

ဤသည်တို့မှာ အရသာအရှိဆုံးသော အစားအစာများပင် ဖြစ်၏။ သူတို့သည် မသေမျိုးများ မဟုတ်ကြသကဲ့သို့ ရေဒီယိုသတ္တိကြွမှုလည်း မရှိကြချေ။ သူတို့၏ အသားမှာ အရသာရှိရုံသာမက ခန္ဓာကိုယ်ကိုပါ လျင်မြန်စွာ သန်စွမ်းလာစွမ်းရှိ၏။

တုပိုင်အား လျင်မြန်စွာ နာလန်ထူလာစေရန် တောင်ပေါ်သို့တက်ကာ အန္တရာယ်စွန့်၍ အမဲလိုက်ပေးခဲ့သူမှာ သမီးလေး တုရှောင်ပင် ဖြစ်လေ၏။

သို့သော် တုပိုင် လိုချင်သည့် အစွမ်းထက်သော မိစ္ဆာတစ်ကောင်တစ်လေကိုမျှ မတွေ့ရသောကြောင့် စွမ်းအားများ စုပ်ယူကာ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်၍ မရနိုင်ခဲ့ချေ။

ထို့ကြောင့် ဆယ်ရက်တိုင်တိုင် မည်သည့် တိုးတတ်မှုမှ မရှိလာခဲ့ချေ။ တုပိုင်မှာ ရင်ထဲ၌ အမြဲတစေ ကြွေးကြော်နေမိတော့သည်။ 'ငါ ပိုပြီး သန်မာလာဖို့ လိုတယ်...'

**--**--**--**--**--**--**--**

ကျန်းရှောင်မန်သည် လေလွင့်မဟာမိတ်အဖွဲ့မှ ဗိုလ်မှူးတစ်ဦးဖြစ်ကာ လူတစ်ရာကျော်ကို ဦးဆောင်နေသည့် အစွမ်းထက်သော သိုင်းပညာရှင်တစ်ဦး ဖြစ်၏။

လေလွင့်မဟာမိတ်အဖွဲ့သည် ကမ္ဘာပျက်ကပ်ကာလ၌ နာမည်ဆိုးဖြင့် ကျော်ကြားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သတ်ဖြတ်လုယက်ခြင်းဖြင့်သာ အသက်မွေးကြလေ၏။ အဖွဲ့ဝင်အားလုံးမှာ အစွမ်းထက် သိုင်းပညာများ ပိုင်ဆိုင်ထားကြသည့် လူယုတ်မာများချည်းသာ ဖြစ်ကြသည်။

မဟာမိတ်အဖွဲ့အတွင်း၌ အဆင့်အတန်း ခွဲခြားသတ်မှတ်မှုမှာ အလွန်ပင် တင်းကျပ်လှ၏။

ခွန်အားကသာ အဆင့်အတန်းကို အပြည့်အဝ သတ်မှတ်ပေးကာ လက်အောက်တွင် လူမည်မျှရှိသည်ကိုပါ ဆုံးဖြတ်ပေးလေ၏။ လက်အောက်ငယ်သားများထဲမှ တစ်ဦးဦးက ခေါင်းဆောင်ထက် ခွန်အားကြီးမားသွားချိန်တွင် ခေါင်းဆောင်းအား သတ်ဖြတ်ကာ ထိုနေရာ၌ အချိန်မရွေး အစားထိုး ဝင်ရောက်နိုင်သည်။

လေလွင့်အဖွဲ့ဝင်တိုင်း၏ လက်များမှာ သွေးစွန်းနေကာ သွေးကြွေးများနှင့် ပြည့်နှက်နေကြ၏။

ကျန်းရှောင်မန်သည်လည်း လူများစွာကို သတ်ဖြတ်ခဲ့ဖူးသော်လည်း တစ်ကြိမ်တွင် သူမ၏ ဆရာရင်းကို သတ်ဖြတ်မိပြီးနောက်၌မူ ဤကဲ့သို့ လုယက်သတ်ဖြတ်မှုများကို ထပ်မံ မလုပ်ချင်တော့ချေ။

ထို့ကြောင့် သူမသည် သူမ၏ အဖွဲ့ကို ဦးဆောင်ကာ အန္တရာယ်အများဆုံး နေရာများသို့ သွားရောက်၍ စွန့်စားအမဲလိုက်ခဲ့လေ၏။

အခြားကမ္ဘာမှ စွမ်းအင်များ အသိပ်သည်းဆုံးဖြစ်သည့် တောင်တန်းကြီးများအတွင်းသို့ သွားရောက်ခဲ့သလို မြေကြီး အက်ကွဲကြောင်းများဆီသို့လည်း သွားရောက်ခဲ့၏။

ထိုကဲ့သို့ စွန့်စားအမဲလိုက်ခြင်းသည် အန္တရာယ်များလှသော်လည်း ကြီးမားသော အကျိုးအမြတ်များကိုလည်း ရရှိစေခဲ့၏။ အခြားကမ္ဘာမှ သားရဲဆန်းတို့၏ အရေခွံ ၊ အသားနှင့် အရိုး အစရှိသည့် မရေမတွက်နိုင်သော အဖိုးတန်ရတနာများကို ရရှိခဲ့သည်။

ထို့အပြင် ကမ္ဘာပျက်ကပ်ကာလ၌ ရွှေငွေတို့ထက် များစွာ ပိုမိုအဖိုးတန်လှသည့် သားရဲဆန်း စွမ်းအင်ကျောက်သလင်း ဒါဇင်ပေါင်းများစွာကိုလည်း ရှာဖွေရရှိခဲ့ကြ၏။ ထိုကျောက်များကို စွမ်းအားသုံး လက်နက်များနှင့် သံချပ်ကာများ ဖန်တီးရာတွင် အသုံးပြုနိုင်သည်။

ထိုက်ခန်အင်ပါယာ၏ မြို့တော်နှင့် လေလွင့်မဟာမိတ်အဖွဲ့၏ အမြင့်ဆုံး ခေါင်းဆောင်များသာလျှင် ထိုစွမ်းအားသုံး လက်နက်များနှင့် သံချပ်ကာများကို ဖန်တီးနိုင်စွမ်း ရှိကြလေ၏။

ထို့ကြောင့် သူမအနေဖြင့် သားရဲဆန်း စွမ်းအင်ကျောက်သလင်းများကို ရရှိခဲ့လျှင်တောင်မှ ရောင်းချရုံသာ တတ်နိုင်သည်။. သို့သော် ယခုအကြိမ်တွင်မူ ကျန်းရှောင်မန်မှာ ကြီးမားသော အန္တရာယ် ပြဿနာကြီးတစ်ခုနှင့် ကြုံတွေ့ရနေ၏။

သူမသည် လက်အောက်ရှိ လေလွင့်အဖွဲ့ဝင် သိုင်းသမား တစ်ရာကျော်ကို ဦးဆောင်ကာ မြေကြီးအက်ကွဲကြောင်းများအတွင်း စွန့်စားအမဲလိုက်နေစဉ် အလွန်တရာ ဆန်းကြယ်ပြီး အစွမ်းထက်လှသော ပုံရိပ်ယောင်သားရဲဆန်းနှင့် ကြုံတွေ့ခဲ့ရသည်။

ပုံရိပ်ယောင်သားရဲဆန်းသည် မြေကြီးအက်ကွဲကြောင်းများထဲမှ သေမင်းတမန်ပင် ဖြစ်သည်။ ထိုသားရဲဆန်းတွင် မျက်လုံးများ မရှိဘဲ အသံလှိုင်းများဖြင့်သာ တည်နေရာကို ရှာဖွေတတ်လေ၏။

ထိုအကောင်၏ အရပ်မှာ တစ်မီတာကျော်သာ ရှိကာ ခြေထောက်လေးချောင်းနှင့် လက်နှစ်ဖက် ပါရှိလေ၏။

ခန္ဓာကိုယ်၏ အခွံမှာ ဖောက်ထွင်း၍မရနိုင်လောက်အောင် မာကျောလှပြီးဂေါက်စ် ရိုင်ဖယ်နှင့်ပင် ပစ်ဖောက်၍ မရနိုင်ချေ။

ထို့အပြင် အမြန်နှုန်းမှာ အလွန်တရာ ဖျတ်လတ်လှပြီး တစ်စက္ကန့်လျှင် မီတာ ၃၀ ကျော်အထိ ရွေ့လျားနိုင်၏။ လက်နှစ်ဖက်ရှိ လက်သည်းများမှာ မည်သည့်ဓားထက်မဆို ပိုမိုထက်မြက်လှကာ လူများကို အပိုင်းပိုင်းအစစ လွယ်ကူစွာ ဖြတ်တောက်နိုင်စွမ်း ရှိပေသည်။

ထိုသည်များသာမက ထိုမအေလိုးလေး၏ ခွန်အားမှာလည်း အံ့မခန်းဖြစ်ရာ ကားတစ်စီးကိုပင် အလွယ်တကူ မှောက်လှန်ပစ်နိုင်စွမ်း ရှိနေသေး၏။

ထို့ကြောင့် မည်သည့်အဖွဲ့မဆို ပုံရိပ်ယောင်သားရဲဆန်းနှင့် ကြုံတွေ့ရသည်နှင့် တစ်ပြိုင်နက် ခေါင်းထဲ၌ စကားလုံး တစ်လုံးတည်းသာ ရှိတော့၏။ ထိုအရာမှာ ထွက်ပြေးရန်ပင် ဖြစ်လေသည်။

ကျန်းရှောင်မန်မှာ အလွန်တရာ ကံဆိုးမိုးမှောင်ကျလှပြီဟု ခံစားလိုက်ရ၏။ ဤမျှလောက် ရှားပါးလွန်းသည့် ပုံရိပ်ယောင်သားရဲဆန်းနှင့် ကြုံတွေ့လိုက်ရသည် မဟုတ်ပါလော။

သားရဲဆန်းတွင် မျက်လုံးများ မရှိသော်လည်း ထိုအကောင်၏ လှုပ်ရှားမှုများမှာ အလွန်အမင်း လျင်မြန်လှပေ၏။ သူတို့ စတင်ဆုံတွေ့လိုက်သည့် အချိန်တိုလေးအတွင်းမှာပင် ထိုမိစ္ဆာသည် သူမ၏ လူ အယောက် ၃၀ ကျော်ကို သတ်ဖြတ်ပစ်ခဲ့ပြီး ဖြစ်၏။

ကျန်းရှောင်မန်မှာ ချက်ချင်းပင် လှည့်ကာ ထွက်ပြေးတော့၏။ အသက်လု၍ အသေအလဲ ပြေးရလေတော့၏။

သူမပြေးနေရင်းဖြင့်ပင် အနောက်ဘက်မှနေ၍ အသည်းခိုက်မတတ် အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာလေ၏။

ပုံရိပ်ယောင်သားရဲဆန်းသည် သူမ၏ လက်အောက်ငယ်သားများအား ရူးသွပ်စွာ သတ်ဖြတ်နေလေ၏။ သူတို့ အသက်ပေးလိုက်ရမှုကြောင့်သာ ကျန်းရှောင်မန် တစ်ယောက် လူဒါဇင်ပေါင်းများစွာနှင့်အတူ လွတ်မြောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

သူမသည် လူခုနစ်ဆယ် ၊ ရှစ်ဆယ်ခန့်ကို ဦးဆောင်ကာ တစ်ထောက်မျှပင် မရပ်နားရဲဘဲ မိုင်တစ်ရာကျော်အဝေးသို့ ထွက်ပြေးခဲ့ကြရလေ၏။

တပ်မှူးဖြစ်သူက အကြံပြုလိုက်သည်။ "ခေါင်းဆောင်... ကျွန်တော်တို့ မိုင်တစ်ရာကျော်တောင် ထွက်ပြေးလာခဲ့ကြပြီပဲ။ ဟိုကြောက်စရာကောင်းတဲ့ မိစ္ဆာကလည်း လိုက်မလာနိုင်တော့လောက်ပါဘူး။ ရှေ့မှာ လန်ဟူနယ်မြေ စခန်း ရှိတယ်။ အဲဒီမှာ တစ်ညဝင်အိပ်ပြီး ခွန်အားပြန်ဖြည့်ကြရအောင်" ထိုလူက သူမအား အလွန်တရာ ဆာလောင်မွတ်သိပ်နေသော အကြည့်များဖြင့် ကြည့်နေလျက်ရှိသည်

ကျန်းရှောင်မန်တွင် အလွန်တရာ ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော ခန္ဓာကိုယ်အချိုးအစား ရှိ၏။

ထို့အပြင် အခြားကမ္ဘာမှ စွမ်းအင်များ ဝင်ရောက်လာမှုကြောင့် သူမ၏ သွေးကြောများမှာ မျိုးဗီဇပြောင်းလဲသွားခဲ့ရာ သူမကို ပိုမိုသန်မာလာစေပြီး နုပျိုမှုကိုလည်း ထာဝရ တည်တံ့နေစေသည်။

ကမ္ဘာပျက်ကပ်ကြီး အပြီးတွင် သူမသည် အသက်နှစ်ဆယ်အရွယ်ကဲ့သို့ ထာဝရ နုပျိုလှပနေလေတော့၏။

ထို့အပြင် သိုင်းပညာအဆင့် မြင့်မားလာလေလေ သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းအလှများမှာ ပိုမို သိသာထင်ရှားလာလေလေဖြစ်ရာ မည်သူမျှပင် တည့်တည့်မကြည့်ဝံ့ကြချေ။

လေလွင့်မဟာမိတ်အဖွဲ့အတွင်း၌ သူမ၏ ခန္ဓာကိုယ်အပေါ် သွားရည်ကျကာ မျက်စိကျနေသူပေါင်း မည်မျှရှိသည်ကိုပင် သူမ မသိတော့ချေ။ ယခင်ကမူ သူမအနေဖြင့် အဆိုပါကိစ္စများကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သေး၏။

သို့သော် မကြာသေးမီက အစွမ်းထက်လှသော လေလွင့်ဗိုလ်ချုပ်တစ်ဦးက သူမအား မျက်စိကျလာသောကြောင့် သူမအနေဖြင့် လေလွင့်မဟာမိတ်အဖွဲ့မှ ထွက်ပြေးကာ စွန့်စားသူဟူသော အမည်ခံဖြင့် ရှောင်တိမ်းနေခဲ့ရခြင်းသဖြစ်၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၈၅၅ + ၈၅၆) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters