← Chapters

အခန်း (၁၀၄၁-၁၀၄၂)

Vol. 87 Ch. 1041-1042

အခန်း (၁၀၄၁-၁၀၄၂)

Vol. 87 Ch. 1041-1042

အခန်း ၁၀၄၁ -

နတ်အရိပ်။

ထိုနေ့တွင် မိုချင်းချောင်သည် စုရီမှာကြားလိုက်သောစကားကို ရှေးခေတ်မျိုးရိုး ဂိုဏ်းကြီးများထံ ပေးပို့လိုက်၏။

သူတို့သည် ယခင်က စုရီကို ဂရုစိုက်ခြင်း မရှိသော်လည်း ခရမ်းရောင်တိမ်တောင်နှင့် ယွင် မိသားစုတိုက်ပွဲအပြီးတွင် အမြင်များ ပြောင်းလာတော့သည်။

သည့်ပြင် မြင့်မြတ်သော နတ်သမီး မိုချင်းချောင်ကိုယ်တိုင် နတ်လက်နက်တစ်ပါး ဆုလာဘ်အဖြစ် ထည့်သွင်းပေးနေသဖြင့် မည်သူမျှ လျစ်လျူမရှုနိုင်ခဲ့ချေ။

စုရီနှင့် ရန်ငြိုးမရှိသည့် ဂိုဏ်းများက ဤအခွင့်အရေးကိုအသုံးချကာ အပ်ချုပ်သမား သတင်းကို သည်းသည်းသန်သန် ရှာဖွေ စုံစမ်းတော့သည်။

လူအများ မသိနိုင်သော ထူးဆန်းသည့် တားမြစ်နယ်မြေတစ်ခုတွင် အပ်ချုပ်သမားသည် ရေနွေးကြမ်းသောက်နေ၏။

ဤသည်မှာ သူ့အတွက် နောက်ဆုံး ဆုတ်ခွာရာလမ်းဖြစ်ပြီး အတွင်းမှနေထိုင်ကာ ကမ္ဘာကြီးကို စောင့်ကြည့်နိုင်သည်။

ယခုတွင်လည်း ယွင်မိသားစုနှင့် စုရီသတင်းကို စောင့်မျှော်လျက် ပေါ့ပေါ့ပါးပါး ရှင်သန်နေ၏။

“ ကောင်းကင်စည်းမျဉ်းတွေ ပြောင်းလဲ လာတာနဲ့အမျှ ... နတ်ဝိညာဉ်အဆင့် သေလွန် ဝိညာဉ်အိုကြီးတွေ နိုးထလာလိမ့်မယ် အဲဒီ အချိန်ကျရင် မင်းဘယ်လိုရှင်သန်မလဲ။ ”

အပ်ချုပ်သမားက တစ်ကိုယ်တည်း ပြုံးရွှင်စွာဖြင့် ရေရွတ်လိုက်၏။ ဝင်စားခြင်း ဥပဒေသည် ထိုသေလွန်ဝိညာဉ် အဖိုးကြီးများ အတွက် ရူးသွပ်ဖွယ် ရတနာပေပင်။

သို့သော် ထိုအချိန်တွင် အစေခံအိုကြီး တစ်ဦးက ခရမ်းရောင် နတ်တောင်တိုက်ပွဲ၏ သတင်းများ လာရောက်ပေးပို့သောအခါ အပ်ချုပ်သမားခမျာ မျက်နှာပျက်သွား၏။

ယွင်မျိုးနွယ်အသတ်ခံရပြီး ပိုင်ဆိုင်မှုအားလုံးကို လွှဲပြောင်းပေးအပ်ခြင်းနှင့် မိုချင်းချောင်သည် ရှေးခေတ်ဂိုဏ်းအားလုံးပေါ် ဆွဲဆောင်ခြင်းသတင်းကြားချိန်တွင် တည်ငြိမ်စွာ ထိုင်မနေတော့ချေ။

ထို့ကြောင့် ချက်ချင်းပင် ပြင်ပနှင့် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ပစ်ရန် အမိန့်ပေးလိုက်သည်။ အစေခံအိုကြီးမှ အမိန့်ကို ခံယူကာ ထွက်ခွာရန်ပြင်၏။ သည့်စဉ် အပ်ချုပ်သမားသည် တစ်ခုခုကို သတိရသွားပြီး၊

“ ချွီဟဲ ... နတ်အရိပ်သုံးယောက်ကို ခေါ်ပြီးတော့ မင်ကျိုးပြည်နယ်ဆီ ခရီးထွက်ပါ ဘာလုပ်ရမယ်ဆိုတာ သူတို့သိတယ်။ ”

“ ဟုတ်ကဲ့ ... နားလည်ပါပြီ။ ”

အစေခံအိုကြီးချွီဟဲမှ မျက်ခုံးပင့်လျက် အံ့အားသင့်သွားသော်လည်း ခေါင်းညိတ်ပြ၏။ နတ်အရိပ်များမှာ အပ်ချုပ်သမား၏နောက်ဆုံး ဝှက်ဖဲများဖြစ်သည်။

အသက်လုတိုက်ပွဲများမှအပ မည်သည့်အခါမျှ ထုတ်မသုံးချေ။ ဤသည်မှာ အခြေအနေသည် အလွန်ပင် စိုးရိမ်စရာ ကောင်းနေကြောင်း ပြသနေသည်။

ပင်လယ်လေးပါးမျှော်စင်၏ လျှို့ဝှက်ဆန်းကြယ်သော နန်းဆောင်ကြီးတစ်ခု အတွင်း၌ စာရင်းကိုင်သည် စာရင်းဇယားများကို စစ်ဆေးနေ၏။

သူ၏ ကိုယ်ဟန်မှာ ပိန်ပါးပြီး ဆိတ်မုတ်ဆိတ်နှင့် နက်ရှိုင်းကြည်လင်သော မျက်ဝန်းအစုံရှိနေ၏။ ဖြူဖွယ်သွယ်လျသော လက်ချောင်းများမှာ အပ်ချုပ်စက်သဖွယ် ပေသီးကို တဂျောင်းဂျောင်းရိုက်နေသည်။

သူ၏ အပျော်ရွှင်ဆုံးအချိန်သည် ညဉ့်သန်းခေါင်တွင် တစ်ယောက်တည်း စာရင်း ဇယားများ စစ်ဆေးခြင်းပင်ဖြစ်၏။

ထိုအချိန်သည် စိတ်အေးလက်အေး ရှိနေနိုင်ပြီး ကိုယ်ပိုင်ငြိမ်းချမ်းမှုကို ခံစားနိုင် ချေသည်။

သို့သော်လည်း ယနေ့ညတွင်မူ သူသည် အာရုံမစိုက်နိုင်ဘဲ ဖြစ်နေကာ တစ်ခါတစ်ရံတွင် ရပ်တန့်သွားပြီး ပေသီးကို အကြာကြီး ငေးမောနေခဲ့၏။

“ စာရင်းကိုင်အဘိုးကြီး ... ဧည့်သည်ကို မကြိုဆိုဘူးလား။ ”

ရုတ်တရက် နွေးထွေးလှသော အသံတစ်သံသည် နန်းဆောင်အပြင်ဘက်မှ တိုးညှင်းစွာထွက်ပေါ်လာသည်။

“ ကျွီ ... ။ ”

တစ်ဆက်တည်းမှာပင် ပိတ်ထားသောတံခါးရွက်များ တွန်းဖွင့်ခြင်း ခံလိုက်ရပြီး ဆံပင်နှင့်မုတ်ဆိတ်ဖြူဖွေးနေသော အဘိုးအိုတစ်ဦးဝင်လာသည်။

ဤသည်မှာ အပ်ချုပ်သမား၏ အစေခံအဖိုးကြီးဖြစ်သော ချွီဟဲပေပင်။

“ သခင်က ... မင်းလိုအဖိုးကြီးကို တကယ်လွှတ်လာလိမ့်မယ်လို့ ငါမထင်ထားဘူး။ ”

စာရင်းကိုင်က မျက်မှောင်ကြုတ်လျက် ရှုပ်ထွေးသောမျက်ဝန်းများဖြင့် မော့ကြည့်ကာ ပြောကြားလိုက်၏။ ထိုစကားကြောင့် ချွီဟဲက အံ့သြသွားဟန်ဖြင့်၊

“ သခင်က ... မင်းဆီကို လူလွှတ်လိမ့်မယ်ဆိုတာကို ကြိုသိနေတာလား။ ”

-ဟု မေးမြန်းလိုက်၏။

စာရင်းကိုင်မှ ပြန်မဖြေသေးဘဲ စုတ်တံကိုယူကာ စာရင်းစာအုပ်၏ နောက်ဆုံး စာမျက်နှာတွင်အနီရောင်ဖြင့် စာတစ်ကြောင်း ချရေးလိုက်တော့သည်။

“ ကျေးဇူးနှင့်ရန်ငြိုး ပြီးဆုံးခြင်း။ ”

အထက်ပါ စာလုံးများသည် သွေးကဲ့သို့ ရဲရဲနီလျက်အားမာန်ပါ၏။ ထို့နောက် စုတ်တံကို ပြန်ချလိုက်ကာ လုံးဝပေါ့ပါးသွားသည့်အလား ပေသီးအပေါ်ပွတ်သပ်ဖယ်ရှားလိုက်သည်။

“ ငါ့ဘဝမှာ အကျွမ်းကျင်ဆုံးက စာရင်းတွက်တာပဲ ဒါက ငွေစာရင်းတွေတင် မဟုတ်ဘူး လူတွေကြားက ကျေးဇူးတရားနဲ့ ရန်ငြိုးတွေကိုလည်း တွက်ချက်နိုင်တယ် ...

... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သခင် ငါ့အပေါ် ကောင်းခဲ့တာတွေကို တစ်ခုမကျန် ငါ့ နှလုံးသားထဲမှာ မှတ်တမ်းတင်ထားတယ် ...

... အဲဒီကျေးဇူးကို ဆပ်ဖို့အတွက် ငါလုပ်ပေးခဲ့သမျှ အရာအားလုံးအပေါ်ကိုလည်း ဒီစာအုပ်ထဲမှာ တွက်ချက်ထားတယ်။ ”

ဤသို့ပြောပြီးနောက် သူမျက်လုံးများက ချွီဟဲထံ စိုက်ကြည့်လိုက်သည်။

“ ဒီနေ့မှာ သခင်သာ ... မင်းကို ငါ့ဆီကိုမလွှတ်ခဲ့ရင် ရန်သူတစ်သောင်းလာရင် တောင်မှ လုံးဝသစ္စာမဖောက်ဘူး ဒါပေမဲ့ ...။ ”

သို့သော် ထိုနေရာအရောက်တွင် စာရင်းကိုင်က သက်ပြင်းချလိုက်ပြီး စိတ်ပျက် အားလျော့စွာဖြင့်၊

“ နောက်ဆုံးတော့ နှမြောစရာပါပဲ ... သခင်က ငါ့ကိုမယုံနိုင်တော့ဘဲ မင်းကိုလွှတ်ပြီး နှုတ်ပိတ်ခိုင်းလိုက်ပြီ။ ”

-ဟု ပြောကြားလိုက်သည်။ ချွီဟဲခမျာ ခေတ္တမျှမှင်တက်သွားပြီးနောက် ထူးဆန်းသော အမူအရာဖြင့်၊

“ မင်း ... အားလုံးကို တွက်ဆမိနေတာပဲ။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

“ ယွင်မိသားစု ဘေးဒုက္ခကြုံရတော့ တစ်လောကလုံးရဲ့ ... ရှေးခေတ်ဂိုဏ်းကြီးတွေ စုရီကိုကူညီပြီး သခင့်ရဲ့ခြေရာကို ရှာကြတယ် ... ဒီလိုအခြေအနေမှာ သခင့်ရဲ့လူယုံတစ်ယောက် အနေနဲ့ ဒါကိုမတွက်ဆနိုင်ဘူးဆိုရင် ငါက အရူးဖြစ်သွားမှာပေါ့။ ”

စာရင်းကိုင်၏ အသံတွင် လှောင်ပြောင်ရိပ်များ အထင်းသားပါဝင်နေ၏။ ချွီဟဲမှ ခဏမျှတိတ်ဆိတ်သွားပြီးနောက်၊

“ ဒါဆို မင်းဘာလို့ ထွက်မပြေးတာလဲ။ ”

-ဟု ထပ်မေးသည်။

“ ရှင်းပါတယ် ... ငါ နှစ်ပေါင်းများစွာ သစ္စာရှိရှိ အလုပ်အကျွေးပြုခဲ့တဲ့ သခင်က ငါ့ကို တကယ်ပဲ သတ်ဖြတ်ဝံ့သလားဆိုတာ ကိုယ်တိုင် မြင်ချင်လို့ပါ အခုတော့ ငါ နားလည်သွားပါပြီ ဒါပေမယ့် မင်း ... ။ ”

စာရင်းကိုင်က ချွီဟဲကို ပြန်ကြည့်ကာ၊

“ မင်းလို အစေခံအိုကြီးကရော ... ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်နိုင်မယ်လို့ ထင်နေတုန်းလား။ ”

-ဟု မေးမြန်းလိုက်၏။ ထိုမေးခွန်းကြောင့် ချွီဟဲခမျာ အနည်းငယ် တုန်လှုပ်သွားလေသည်။ သို့သော် တည်ငြိမ်ဟန် ပြန်ယူလျက်၊

“ မင်း ဘာကိုပြောချင်တာလဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ ဟားဟားဟား ... ဘာလို့လဲဆိုတော့ ... မင်းသာ ဒီနေ့အပြင်ကိုထွက်မလာရဘူး ဆိုရင် သခင့်နားမှာ တစ်သက်လုံး အစေခံရမှာပါ ဒါပေမဲ့ ... အခု မင်းရောက်လာပြီဆိုမှတော့ စွန့်ပစ်လိုက်ပြီဆိုတာ ငါပြောဝံ့တယ်။ ”

ဤတစ်ကြိမ်တွင် ချွီဟဲသည် ဟန်မဆောင်နိုင်တော့ဘဲ ချက်ချင်းဆိုသလို မျက်နှာပျက်ယွင်းသွား၏။ ခေတ္တအကြာတွင် စာရင်းကိုင်ကို အေးစက်စွာ ကြည့်ကာ၊

“ မင်းကိုသတ်ပြီးရင် .. ငါသခင့်ဆီ ပြန်သွားလို့ရနေတာပဲ စွန့်ပစ်ခံရတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ။ ”

-ဟု မေးမြန်းလိုက်သည်။ စာရင်းကိုင်မှ ပြုံးလျက်၊

“ မင်းငါ့ကို မသတ်နိုင်ပါဘူး။ ”

-ဟု တုန့်ပြန်သည်။

“ ဟမ့် ... ။ ”

ချွီဟဲမှ နှာခေါင်းရှုံ့လျက် လက်ဝှေ့ရမ်းပြလိုက်၏။ ရုတ်တရက် အသံ တစ်ချက်မျှ မထွက်ဘဲ ပိန်ပိန်ပါးပါး အမျိုးသား တစ်ဦး ပေါ်လာခဲ့သည်။

ဤသူသည် ဝတ်ရုံနက်ကြီးကို ခြုံထားပြီး အေးစက်ခက်ထန်သော မျက်ဝန်းတစ်စုံကိုသာ ထုတ်ဖော်ထား၏။ ရောင်ဝါမှာ ထူးဆန်းပြီး မရဏအငွေ့အသက်များ ပါရှိနေသည်။

“ အခုကော ဘယ်လိုလဲ။ ”

ချွီဟဲမှ ပြုံးလျက် မေးမြန်း၏။ စာရင်းကိုင်တစ်ယောက် မျက်ခုံးပင့်ကာ၊

“ တကယ်ပဲ နတ်အရိပ်တွေ သုံးလိုက်တာလား။ ”

-ဟု ရေရွတ်လိုက်သည်။

“ ဟုတ်တယ် ... ငါတောင်မှ သခင်က ဒီလိုဝှက်ဖဲတွေကို ထုတ်သုံးလာလိမ့်မယ်လို့ တကယ်မထင်ထားဘူး။ ”

ချွီဟဲတစ်ယောက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောကြားလိုက်သည်။

“ ဒီတစ်ကြိမ်တော့ သခင်က ငါ့ကို နတ်အရိပ်သုံးပါးပေးခဲ့တယ် တစ်ယောက်က ဝမ်မိသားစုဆီသွားပြီး နောက်တစ်ယောက်က သခင့်တပည့်ဆီသွားတယ် ငါကတော့ ဇီးရိုးဆဲဗင်းကိုခေါ်ပြီး မင်းဆီလာခဲ့တယ်။ ”

ဤသည်မှာ ထိုဝတ်ရုံနက်၏ အမည်ဝှက် ဖြစ်သည်။ ထိုသူသည် စကားတစ်ခွန်းမျှမဆိုဘဲ နေရာတွင်တိတ်ဆိတ်စွာရပ်နေ၏။

သို့တိုင် သူ့ရောင်ဝါကြောင့် နန်းဆောင်ကြီးတစ်ခုလုံးမှာ တင်းကြပ်လာ တော့သည်။

“ ဟား ဟား ဟား ... ။ ”

စာရင်းကိုင်က ရုတ်တရက် ရူးသွပ်စွာ ရယ်မောလိုက်ပြီး မတ်တပ်ထရပ်ကာ စကား ဆက်ပြောလိုက်၏။

“ နတ်အရိပ်တွေကိုတောင် ထုတ်သုံးလာပြီဆိုတော့ သခင်ဟာ အဲဒီစုရီရဲ့ ဖိအားပေးတာကို တကယ်ခံနေရပြီပဲ ...

... ငါ့အထင်တော့ သခင်ရဲ့ အကြောက်ဆုံးအရာက သူ့ရဲ့ပုန်းခိုရာနေရာကို ရှာတွေ့သွားမှာပဲ ဖြစ်လိမ့်မယ်။ ”

“ ဟမ့် ... အချိန်ဖြုန်းမနေနဲ့တော့ ငါနဲ့ဇီးရိုးဆဲဗင်း ဒီကိုရောက်လာကတည်းက မင်းဟာသေလူပဲ။ ”

“ ဟား ဟား ဟား ... သေချာလား ... ။ ”

စာရင်းကိုင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး နန်းဆောင်အတွင်းပိုင်းသို့ ပြန်လှည့်ကြည့်ကာ၊

“ ကျေးဇူးပြုပြီး ထွက်လာပေးပါဦး တာအိုစု။ ”

-ဟု ဖိတ်ခေါ်ဟန်ပြုလိုက်တော့သည်။

***

အခန်း ၁၀၄၂ -

နတ်ဝိညာဉ်အဆင့် ရုပ်သေး။

အမှောင်ရိပ်အတွင်းမှ ကျောက်စိမ်းရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက် လက်နှစ်ဖက်ကို နောက်ပို့ကာ လျှောက်လှမ်းထွက်လာချေပြီ။

“ မင်း ... သခင့်ကို သစ္စာဖောက်လိုက်ပြီပေါ့လေ။ ”

ချွီဟဲတစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်၏။ စာရင်းကိုင်က ခေါင်းခါ ရမ်းပြလျက်၊

“ မဟုတ်ဘူး၊ သူ ရောက်လာတာ မကြာသေးဘူး ... ငါ သူနဲ့ အရောင်းအဝယ် တစ်ခု လုပ်ထားတယ် အကယ်၍သာ ...

... သုံးရက်အတွင်း သခင်က ငါ့ကိုသတ်ဖို့ လူမလွှတ်ခဲ့ရင် ငါ့ကိုယ်ငါအဆုံးစီရင်ပြီး သခင့်ရဲ့ လျှို့ဝှက်ချက်တွေကို သိမ်းထားပေးမယ် ...

... ဒါပေမဲ့ တစ်ယောက်ယောက်ကို လွှတ်လာရင်တော့ သူက ငါ့ရဲ့အသက်အပေါ် ကယ်တင်ပြီး ငါက သူသိချင်တဲ့အရာတွေကို ဖြေပေးရမယ်။ ”

ထို့နောက် ချွီဟဲထံ ပြန်ကြည့်ကာ၊

“ အဘိုးကြီး ... မင်းလည်း သခင်ရဲ့ စွန့်ပစ်တာခံလိုက်ရပြီ လက်နက်ချပြီးတော့ ငါနဲ့ ပူးပေါင်းလိုက်စမ်းပါ ဒါဆိုရင် မင်း အသက်ကို ကယ်တင်နိုင်လိမ့်မယ်။ ”

-ဟု အကြံပြုတော့သည်။

“ ဟမ့် ... စိတ်ကူးယဉ်မနေနဲ့ ... ငါကသခင့်ကို ဘယ်တော့မှသစ္စာဖောက်ပြီး အသက်မရှင်ဘူး။ ”

ချွီဟဲမှ ပြတ်သားစွာ တုန့်ပြန်လိုက်၏။ ထို့နောက် လက်ကိုဝှေ့ယမ်းကာ အမိန့်ပေးလိုက် တော့သည်။

“ သူ့ကို သတ်ပါ။ ”

“ ရွှပ် .... ။ ”

ဝတ်ရုံနက်နှင့်လူက နီရဲသော အလင်းတန်းများ ဖြာထွက်နေသည့် ဓားကို ခေါ်ယူကာ ချွီဟဲစကားအတိုင်း ခုတ်ပိုင်းချ လိုက်တော့သည်။ သွေးသံတရဲရဲနှင့် ခေါင်းတစ်လုံး လွင့်ထွက်သွား၏။

“ မင်း ... ။ ”

ဤသည်မှာ ချွီဟဲဦးခေါင်းပေပင်။ မျက်လုံးများပြူးကျယ်လျက် မယုံကြည်နိုင် လောက်အောင် ဖြစ်နေချေပြီ။

လွန်ခဲ့သော စက္ကန့်ပိုင်းကပင် သူ့သခင့်အတွက် အသေခံမည်ဟု ကြုံးဝါးကာ ယခု အမှန်ပင် အသတ်ပေးလိုက်ရ၏။

“ ဒါ သခင့်ရဲ့အမိန့်ပါပဲ ... စုရီသာ ရောက်နေခဲ့ရင် မင်းကိုအရင်ဆုံးသတ်ပစ်ရမယ် မဟုတ်ရင် မင်းပါးစပ်က သခင့်အတွက် အန္တရာယ်ရှိတယ်။ ”

ဇီးရိုးဆဲဗင်းက အေးစက်စွာ ရှင်းပြလိုက်သည်။ သို့သော် သူ့စကားများကို ချွီဟဲတစ်ယောက် မကြားနိုင်တော့ချေ။

“ မင်းတွေ့ပြီလား ... ဒါဟာ အသုံးချခံနယ်ရုပ်တွေရဲ့ နိဂုံးပဲ ငါ့စကားကို နားထောင်ခဲ့သင့်တယ်။ ”

စာရင်းကိုင်က သူ့ခြေထောက်နား လှိမ့်ဆင်းလာသောဦးခေါင်းကို ပြန်ငုံ့ကြည့်ကာ သက်ပြင်းချလျက် ရေရွတ်လိုက်၏။

နယ်ရုပ်များဟူသည် မည်မျှပင် အသုံးဝင်ခဲ့ပါစေ နောက်ဆုံးတိုက်ပွဲ၌ စတေးခံ များသာ ဖြစ်ပေသည်။ စုရီမှာမူ ဤအချင်းအရာ အတွက် ခံစားချက်မရှိချေ။

အပ်ချုပ်သမား၏ ရက်စက်သော ပင်ကိုယ်စရိုက်ကို ကောင်းကောင်းသိရှိထား၏။ သူ့တပည့်ကိုပင် သတ်ပစ်ဝံ့သည့်နောက် အစေခံ တစ်ဦးသည် အထူးမဟုတ်နိုင်ချေ။ ယင်းကို နားမလည်သော ချွီဟဲသည်သာ လူမိုက်ဖြစ်၏။

“ ချွင် ... ။ ”

ထိုစဉ် ဓားမြည်သံက ဟိန်းထွက်လာပြီး လူသတ်ငွေ့များပြည့်လျှံလာကာ ဇီးရိုးဆဲဗင်းမှ စာရင်းကိုင်ထံသို့ တဟုန်ထိုး ဝင်ရောက် လာတော့သည်။

“ အသက်ဝင် ... ။ ”

“ ဝမ် ... ။ ”

ခန်းဆောင်တစ်ခုလုံး တုန်ခါလျက် ကာကွယ်ရေး အစီရင်တစ်ခု ပေါ်ထွက်လာ၏။ နတ်အလင်းတန်းများမှာ နေမင်းကြီးအလား ဇီးရိုးဆဲဗင်းပေါ် ပြိုကျပိတ်ဆို့သွားသည်။

“ တာအိုစု မြန်မြန် ဆုတ်ခွာ။ ”

“ ဝုန်း ... ။ ”

သည့်နောက် စာရင်းကိုင်မှ အော်ဟစ်လိုက်ပြီး ပြတင်းပေါက်မှတဆင့် အပြင်သို့ ပြေးထွက်တော့၏။ သူတို့အပြင်သို့ ရောက်သည်နှင့် နန်းဆောင်ကြီးအတွင်း ပေါက်ကွဲမှုများ ညံလာချေပြီ။

“ ဒီအစီရင် မဆိုးဘူး။ ”

စုရီက မြေပြင်ရှိ တောက်ပနေသော ဘုံကျောင်းကြီးကိုငုံ့ကြည့်ကာ မှတ်ချက်ပေး လိုက်လေသည်။ တစ်ဖက်တွင် စာရင်းကိုင်မှ သက်ပြင်းချလိုက်တော့၏။

“ ဒါက ငါစုဆောင်းထားတဲ့ ရတနာတွေထဲကတစ်ခုပဲ ဒါပေမဲ့ ဒီအစီရင်နဲ့ နတ်အရိပ်ကို သတ်ပစ်နိုင်ဖို့ မလွယ်သေးဘူး။ ”

လွန်ခဲ့သော နှစ်ပေါင်း(၂၀)က ကြယ်စုအသီးသီး၏ ရှေးဟောင်းအမွေအနှစ်များ နယ်မြေတွင် ထူးဆန်းသော ဝိညာဉ်များ နိုးထလာခဲ့သည်။

အပ်ချုပ်သမားသည် ထိုဝိညာဉ်များကို စုစည်းကာ နတ်ဝိညာဉ်အလောင်းများအတွင်း ထည့်သွင်းချုပ်လုပ်ပစ်၏။

ဤနည်းဖြင့် ကြောက်စရာကောင်းသော နတ်ဝိညာဉ်ရတနာများဖြင့် သန့်စင်ထားသည့် ရုပ်သေးရုပ်များ ရရှိလာသည်။

၎င်းတို့သည် သာမန်ရုပ်သေးများနှင့် မတူခဲ့ဘဲ စိတ်ဝိညာဉ်များ ပါရှိနေသောကြောင့် ဉာဏ်ရည်ဉာဏ်သွေးများပါရှိ၏။

လူသားတစ်ယောက်နှင့် မတူသည်မှလွဲ၍ အရာအားလုံးမှာ အစွမ်းထက်သော ကျင့်ကြံသူ တစ်ဦး နီးပါးပေပင်။

ဆိုလိုသည်မှာ အပ်ချုပ်သမားသည် နတ်ဝိညာဉ်အလောင်းများအသုံးပြု၍ လူသတ် ရုပ်သေးများ ချုပ်လုပ်ထားခြင်းဖြစ်၏။

“ ဝုန်း ... ။ ”

နှစ်ယောက်သား စောင့်ကြည့်နေစဉ် ရုတ်တရက် အစီရင်ပေါက်ကွဲပျက်စီးသွားကာ ပုံရိပ်တစ်ခု ဝုန်းခနဲ ပျံထွက်လာသည်။

ဤသည်မှာ ဇီးရိုးဆဲဗင်းဖြစ်ပြီး မည်သည့်ဒဏ်ရာမျှမရရှိခဲ့ဘဲ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များသာ ပြည့်နှက်နေ၏။

သူ ထွက်ပေါ်လာသည်နှင့် ဓားကို တင်းတင်းဆုပ်ကိုင်ကာ စာရင်းကိုင်ထံသို့ လျှပ်စီးအလား ပြေးဝင်လာတော့သည်။

“ ဝုန်း ... ။ ”

ထက်မြက်လှသော ဓားရောင်ဝါများ ဟင်းလင်းပြင်ကိုဖြတ်သန်းလျက် စာရင်းကိုင်ထံ ဦးတည်လာချေပြီ။

ထိုဓားသည် လျင်မြန်လွန်းသဖြင့် ရှောင်တိမ်းရန်အချိန်မရှိချေ။ ခုခံကာကွယ်ရန် နည်းလမ်းရှိ၏။ သို့သော် ဓားတစ်လက်သည် စာရင်းကိုင်ရှေ့ ထွက်ပေါ်လာ၏။

“ ကလန် .. ကလန် ... ။ ”

စာရင်းကိုင်အပေါ် ကန့်သတ်ထားသော ဓားရောင်ဝါသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွ သွားပြီး အလင်းစက်များမှာ မိုးပွင့်များအလား လွင့်စင်သွားကုန်သည်။

တစ်ဆက်တည်းမှာပင် စုရီပုံရိပ်သည် လျှပ်စီးအလားလှုပ်ရှားလျက် ဇီးရိုးဆဲဗင်း၏ ဓားအပေါ် ခံယူလိုက်တော့၏။

“ ဝုန်း ... ။ ”

သို့သော် ခဏချင်းမှာပင် စုရီတစ်ယောက် နောက်သို့အရှိန်ဖြင့် လွင့်စင်သွားရကာ သွေးများ ဆူပွက်လာသည်။

“ ဒီရုပ်သေးရဲ့ ခွန်အားက ဝေချန်ဖူထက် အများကြီးသန်မာတယ်။ ”

စုရီမှ အံ့အားသင့်သွားသည်။ ထိုစဉ် ဇီရိုးဆဲဗင်းသည် သူ့ကိုလျစ်လျူရှုကာ အဝေးရှိ စာရင်းကိုင်ထံ သတ်ဖြတ်ရန်ကြိုးစားတော့၏။

၎င်းကိုကြည့်ခြင်းအားဖြင့် အပ်ချုပ်သမားသည် စာရင်းကိုင်ကိုနှုတ်ပိတ်ရန် သေချာပေါက် အမိန့်ပေးထားကြောင်း ထင်ရှားလှလေသည်။

“ မစဉ်းစားနဲ့ ... ။ ”

စုရီဝန်းကျင်၌ ဝင်စားခြင်း ဥပဒေများ ထွက်ပေါ်လာပြီး ကမ္ဘာကြီး မှောင်ကျလာ၏။ ဤတစ်ကြိမ်တွင်မူ ငရဲဘုံကိုးပါးဓားရောင်ဝါကို ထည့်သွင်းထားသည်။

“ ဝုန်း ... ။

ထို့ကြောင့် မြေကမ္ဘာတုန်ဟည်းစေသည့် တိုက်မိသံကြီးနှင့်အတူ နတ်အရိပ်မှာ ယိမ်းယိုင် ဆုတ်ခွာသွားတော့၏။

“ ခရစ် ... ။ ”

အထူးသဖြင့် ဝင်စားခြင်း ဥပဒေသည် သူ့ကိုအကြီးအကျယ် ထိခိုက်သွားစေခဲ့သည်။ ခန္ဓာကိုယ်အနှံ့ အက်ကြောင်းများပင် ဖြစ်ပေါ်လာ၏။

“ ထပ်လာမယ်။ ”

ဟန်ချက်မညီခင်မှာပင် စုရီက အော်ဟစ်လျက် ဓားချက်ကို မိုးသီးမိုးပေါက်ပမာ ပစ်သွင်းလိုက်လေသည်။

ထိုဓားချက်တိုင်းတွင် ငရဲဘုံကိုးပါး ဓားရောင်၏ အငွေ့အသက်များ ပါဝင်နေခဲ့ပြီး မရဏကမ္ဘာကြီးအသွင် ပုံရိပ်ယောင်များစွာ တရိပ်ရိပ် ထွက်ပေါ်တော့၏။

ဇီရိုးဆဲဗင်းက နောက်မဆုတ်ဘဲ နီရဲသောဓားဖြင့် အတင်းအဓမ္မ ပြန်လည် ခုခံလာလေသည်။

“ ဝုန်း ... ။ ”

ဟင်းလင်းပြင်ကြီး တစ်ခုလုံး ကြေမွပျက်စီးသွားပြီး တောက်ပသော မီးလျှံများ ကောင်းကင်တခွင် ဖုံးလွှမ်းသွား၏။

နတ်အရိပ်၏အစွမ်းမှာ အမှန်ပင် ထူးခြားလှသည်။ ၎င်းသည် ဝေကျန့်ဖူသို့မဟုတ် ရွှမ်ချိုက်ကျိတို့ကဲ့သို့ သေလွန်ဝိညာဉ်များထက် များစွာသာလွန်နေ၏။

စုရီကို အခက်တွေ့စေသည်မှာ ၎င်း၏ကုသနိုင်စွမ်းဖြစ်သည်။ အကြိမ်ကြိမ် ဒဏ်ရာရရှိခဲ့သော်မှ ချက်ချင်းဆိုသလို ပြန်လည် ကောင်းမွန်လာ၏။ သတ်၍မသေသောအသွင် ဆောင်နေခြင်းပေပင်။

“ နတ်ဝိညာဉ် အလောင်းတွေနဲ့ ချုပ်လုပ်ထားတဲ့ ရုပ်သေးလေးတစ်ကောင်က ဒီလောက်တောင် သန်မာတာလား။ ”

စုရီမှ အံ့သြသွားသည်။ အပ်ချုပ်သမားမှ ဤရုပ်သေးကိုအဘယ်ကြောင့် ဝှက်ဖဲကြီးအဖြစ် ထားရှိကြောင်း နားလည်လာတော့၏။

တိုက်ပွဲကြာလာသည်နှင့်အမျှ ဝင်စားခြင်းဥပဒေမှ အဆုံးသတ်ဥပဒေသည် ရုပ်သေးအပေါ် များစွာ သက်ရောက်ချေ၏။

ထို့ကြောင့် ရုပ်သေး၏ ပြန်လည် ကုသနိုင်စွမ်းသည်လည်း နှေးကွေးလာသည်ကို သတိပြုမိလိုက်သည်။

“ ချိုးဖြတ် ... ။ ”

ဇီးရိုးဆဲဗင်းက အော်ဟစ်လျက် သူ့ခန္ဓာကိုယ်မှ သွေးအလင်းများစွာ ပေါက်ကွဲ ထွက်စေပြီး ရောင်ဝါကို တဟုန်ထိုး မြင့်တင် လိုက်တော့သည်။

အဆုံးတွင် သူ့အသက်ဖြင့်ရင်း၍ စာရင်းကိုင်ကိုသတ်ရန် ဆုံးဖြတ်လိုက်ချေပြီ။ စုရီက မျက်မှောင်ကြုတ်လိုက်သည်။ မူလက ဤရုပ်သေးကို စမ်းသပ်လိုသေးသော်လည်း ယခုမူအချိန်မရှိတော့ချေ။

“ ဟမ့် ... ။ ”

ဓားဖျားကို လေထုထဲမြှောက်လိုက်ရာ ကောင်းကင်နှင့်မြေကြီး ရုတ်တရက်အမှောင်ကျ သွားပြီး ဝင်စားခြင်းဒိုမိန်း ထွက်ပေါ်လာ၏။

“ သွား ... ။”

အမိန့်သံနှင့်အတူ စုရီကိုဗဟိုပြု လည်ပတ်နေသော ဝင်စားခြင်းဒိုမိန်းကြီးသည် ဇီးရိုးဆဲဗင်းထံ ပျံသန်းသွားတော့၏။

ဝင်စားခြင်းပလက်ဖောင်း၊ ဝင်စားခြင်းရေကန်၊ နာကျည်းခြင်းပင်လယ်၊ မန်ပိုနန်းတော်နှင့် အဝါရောင်နွေဦးနန်းတော် တို့သည် ထင်ရှားလာခဲ့သည်။

ဒိုမိန်းအတွင်း ပိတ်မိသွားသော ဇီးရိုးဆဲဗင်းသည် ကပ်ဘေးများခံစားနေရသဖြင့် စာရင်းကိုင်ကိုလျစ်လျူရှုကာ အတင်းအဓမ္မ ထိုးဖောက်ထွက်ရန် ကြိုးစားလိုက်ရသည်။

နာကျည်းခြင်းပင်လယ်ကို ဖျက်ဆီးလျက် ဝင်စားခြင်းရေကန်သို့သွားရာ လမ်းတလျှောက် သူ့ခန္ဓာကိုယ်သည် အက်ကြောင်းများ တိုးပွားလာခဲ့ရ၏။

“ ဝုန်း ... ။ ”

ဝင်စားခြင်းနယ်မြေသို့ ရောက်ရှိသွားသောအခါ ဆက်လက်တောင့်မခံ နိုင်တော့ဘဲ ဝါရွှေရောင်အလင်းတန်းတစ်ခု၏ ရိုက်ခတ်မှုကြောင့် အပိုင်းပိုင်းအစစ ပေါက်ကွဲသွားရလေသည်။

ထိုစဉ် အလောင်းအစအနများကို အနက်ရောင်ကြိုးမျှင်များမှ ပြန်၍ဆက်စပ်ရန် ကြိုးစားလာခဲ့၏။ သို့သော် ရွှေရောင်အလင်းများ ထပ်မံကျဆင်းလာပြီး အဆိုပါအပိုင်းအစများကို အမှုန်အဖြစ် ပြောင်းလဲလိုက်လေသည်။

စုရီမှ သက်ပြင်းချလိုက်သည်။ ဝင်စားခြင်း ဥပဒေစည်းမျဉ်းသည်သာမရှိသော် ဤရုပ်သေး အပေါ် ကိုင်တွယ်ရ ခက်ခဲနိုင်ပေမည်။

“ တကယ်ကြောက်စရာ ကောင်းတယ်။ ”

စာရင်းကိုင်မှ ချွေးစေးများဖြင့် ညည်းတွားလိုက်လေသည်။ ဇီရိုးဆဲဗင်းထ့ပါးမှ သတ်ဖြတ်လိုသော ရောင်ဝါအောက်တွင် ပြိုလဲလုနီးပါးပေပင်။

သည့်နောက် စိတ်ဝိညာဉ်ကို ပြန်လည်စုစည်းကာ ကျောက်စိမ်းပြားတစ်ချပ် စုရီထံ ထုတ်ပေးလိုက်တော့၏။

“ ဒီထဲမှာ ... နတ်ဘုရားလျှို့ဝှက် ပုန်းခိုရာနယ်မြေကို သွားနိုင်တဲ့ လမ်းကြောင်း မြေပုံပါတယ် အပ်ချုပ်သမားက အဲဒီနယ်မြေမှာ ပုန်းနေနိုင်ပါတယ်။ ”

“ ခရစ် ... ။ ”

သို့သော် စုရီက မကြည့်ဘဲ ချက်ချင်း ချေမွှပစ်လိုက်သည်။ ဤအပြုအမူကြောင့် စာရင်းကိုင်မှ မျက်ခုံးပင့်၏။ စုရီမှာမူ ပေါ့ပေါ့ပါးပါးပင် ပြောကြားလိုက်သည်။

“ သူ အဲဒီမှာ ရှိတော့မယ်မထင်ဘူး။ ”

ထိုစကားကြောင့် စာရင်းကိုင်ခမျာ မှင်သပ်သွားပြီး အဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်ရတော့သည်။

“ ဒီလိုလည်း ဖြစ်နိုင်ပါတယ်။ ”

အပ်ချုပ်သမား၏ အကျင့်စရိုက်အရ နားနှင့်လက်တံများကိုပင် စွန့်ပစ်ခဲ့ပြီးနောက် ထပ်မံ၍ ရွှေ့ပြောင်းသွားတော့မည်မှာ သေချာလှချေပြီ။

“ ဒီနေ့ကစပြီး အပ်ချုပ်သမားရဲ့ နားနဲ့မျက်စိတွေဟာ ပြတ်တောက်ကုန်ပြီ သူ တစ်ခုခုလုပ်ချင်ရင် သဲလွန်စတွေ ချန်ထား ခဲ့ရတော့မယ်။ ”

စုရီမှ ရေရွတ်လိုက်သည်။ လက်ရှိအခြေအနေအရ တစ်ဖက်လူအနေဖြင့် အမှောင်ထဲတွင် ပုန်းနေရုံမှလွဲ၍ အခြား မရှိတော့ချေ။

တစ်စုံတစ်ရာ ကြံစည်လိုပါက ကိုယ်တိုင် ထွက်ပေါ်လာရပေတော့မည်။ ထို့ကြောင့် စုရီမှ ပင်လယ်လေးပါးမျှော်သင်မှ ထွက်ခွာရန် ပြင်လိုက်တော့၏။

“ တာအိုစု ခဏနေပါဦး။ ”

ရုတ်တရက် စာရင်းကိုင်မှ ဟန့်တားလိုက်သည်။

“ ဘာကိစ္စလဲ။ ”

“ ငါမင်းရဲ့ ကာကွယ်မှုလိုအပ်ပါတယ် အနာဂါတ်မှာ သေချာပေါက်အပ်ချုပ်သမားကို လက်စားချေပါ့မယ်။ ”

ထို့နောက် စာရင်းကိုင်မှ ချက်ချင်း ကျောက်စိမ်းသေတ္တာတစ်လုံး ထုတ်ယူကာ ကမ်းပေးလိုက်၏။

“ ဒါက လျှို့ဝှက်ဆန်းကြယ်တဲ့ အင်မော်တယ်ရတနာပါ လက်ခံပါတာအိုစု။ ”

“ မင်းရဲ့ ပင်လယ်လေးပါးမျှော်စင်က အရမ်းကြွယ်ဝပုံပဲ။ ”

စုရီတစ်ယောက် မျက်ခုံးပင့်သွားသည်။ ထိုစကားကြောင့် စာရင်းကိုင်မှ ခေါင်းညိတ်ကာ၊

“ ငါအာမခံပါတယ် ဒီသေတ္တာထဲက ရတနာကိုယှဉ်နိုင်တာ ငါ့မျှော်စင်မှာ ဘာမှမရှိ တော့ပါဘူး ဒါ့ပြင် ...

... ငါ့လက်ထဲမှာ အပ်ချုပ်သမားကို ပေးဖို့အတွက်ပြင်ထားတဲ့ အဖိုးတန်ရတနာ အမျိုးပေါင်း တစ်ထောင်ကျော်လည်း ရှိနေပါသေးတယ် ...

... အဲဒါတွေ အားလုံးကို ... တာအိုစုပိုင်ပါတယ် ငါ့ကိုအကာအကွယ်ပေးဖို့ တောင်းဆိုပါတယ်။ ”

စာရင်းကိုင်သည် ရတနာများအပေါ် နှမြောတသနေသော်လည်း ရတနာများသည် လူသေအတွက် မဟုတ်ဟူသော အယူအဆကို နားလည်ထား၏။

ထို့ကြောင့် အကျပ်အတည်းအတွင်းမှ လွတ်မြောက်နိုင်ရန် အရာအားလုံးကိုပေးဆပ်ဖို့ ဆုံးဖြတ်ထားချေပြီ။

***

All Chapters