← Chapters

အခန်း (၃၉၇-၃၉၈)

Vol. 39 Ch. 397-398

အခန်း (၃၉၇-၃၉၈)

Vol. 39 Ch. 397-398

အခန်း။၃၉၇

မည်းနက်သောလိပ်မျိုးနွယ်စုအတွင်းရှိ တဲသာသာ အိမ်ကလေးတစ်လုံးရှေ့တွင် အကြီးအကဲတစ်ဦး ပေါ်လာသည်။

သူသည် အမောဖြေရန် တိုင်တစ်တိုင်ကို ခဏတာ မှီထားပြီးနောက် ထိုအိမ်တံခါးဝတွင် ပြပ်ဝပ်ခစားလိုက်သည်။

“ဘိုးဘေးကြီးခင်ဗျာ... ကျွန်တော်မျိုးတို့ဆီကို မသေမျိုးသားရဲတစ်ကောင် ကျူးကျော်ဝင်ရောက်နေပါတယ်။ ကျေးဇူးပြုပြီး သနားညှာတာသောအားဖြင့် ကျွန်တော်မျိုးတို့ကို ကယ်တင်ပေးတော်မူပါ”

အကြီးအကဲက ပြောလိုက်သည်။

အိမ်ကလေးအတွင်းမှ မည်သည့်တုံ့ပြန်မှုမျှ ပြန်မလာသော်လည်း အကြီးအကဲမှာမူ ထိုနေရာ၌ပင် ဆက်လက်ရှိနေခဲ့သည်။

တိတ်ဆိတ်မှုများ ကုန်ဆုံးသွားသည်နှင့်အမျှ သူ၏စိုးရိမ်စိတ်မှာ ပိုမိုပြင်းထန်လာခဲ့သည်။ သူသည် ဘိုးဘေးကြီးကို တစ်ခါမျှ ကိုယ်တိုင်မမြင်ဖူးကြောင်း တွေးမိသည်။ မည်သူမျှလည်း မမြင်ဖူးကြချေ။ ဤနေရာတွင် ဘိုးဘေးကြီးတစ်ပါး နေထိုင်သည်ဟုသာ ယုံကြည်ထားကြပြီး မည်သူမျှလည်း အတင်းအဓမ္မဝင်ရောက်၍ အတည်မပြုရဲကြပေ။

ဘိုးဘေးကြီးမှာ လွန်ခဲ့သောအချိန်ကတည်းက ကွယ်လွန်သွားပြီလား။

သူ ခေါင်းကို ခါယမ်းလိုက်သည်။ သူသည် ဘိုးဘေးကြီးအပေါ် ယုံကြည်မှုရှိရန် လိုအပ်သည်။ ဘိုးဘေးကြီးမှာ နက်နဲသော တရားဓမ္မကျင့်ကြံနေသဖြင့် သူ၏အသံကို မကြားရခြင်းဖြစ်ပေလိမ့်မည်။ သူ နောက်တစ်ကြိမ် ထပ်မံခေါ်ဆိုရန်သာ လိုအပ်သည်။

သူ နှုတ်ခမ်းကို ဟကာ ပြောဆိုတော့မည့်အချိန်မှာပင် သူ၏အပေါ်သို့ လွှမ်းမိုးထားသော အရှိန်အဝါတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသဖြင့် တောင့်ခဲသွားခဲ့သည်။

မဖြစ်နိုင်တာ... ဒီသားရဲဆိုးကြီးက အခြားသူတွေကို နှိမ်နင်းပြီးပြီလား။မြန်လှချေလား။

သူ သတ္တိကို စုစည်းကာ ဘိုးဘေးကြီးအား အော်ဟစ်အကူအညီတောင်းရန် ပြင်လိုက်သည်။

“သူက ရှင့်အသံကို ကြားပုံမရဘူး။ ကျွန်မ ကူညီပေးပါရစေ”

လီယောင်က ပြောလိုက်သည်။

ချက်ချင်းပင် စွမ်းအင်လှိုင်းတစ်ခုက အကြီးအကဲကို မချီလိုက်ပြီး ထိုအိမ်ကလေးအတွင်းသို့ အရှိန်ဖြင့် ပစ်သွင်းလိုက်ရာ အိမ်ကလေးမှာလည်း ထိုဒဏ်ကြောင့် တစ်စစီ ပျက်စီးသွားတော့သည်။ အကြီးအကဲမှာ မြေပြင်ပေါ်သို့ ကျသွားပြီး အရာအားလုံး ပြီးဆုံးသွားပြီဟု တွေးလိုက်မိသည်။ ထိုသို့တွေးလိုက်စဉ်မှာပင် သူသည် ပုံရိပ်တစ်ခုကို သတိပြုမိလိုက်သည်။

အိမ်ကလေးအတွင်း၌ လူတစ်ဦး အမှန်တကယ် ရှိနေခြင်းပင်။

သူသည် အမြန်ပင် ပြန်လည်သတိဝင်လာပြီး ထိုပုံရိပ်ရှေ့တွင် ဒူးထောက်လိုက်သည်။

“ဘိုးဘေးကြီးရဲ့ အနားယူမှုကို နှောင့်ယှက်မိတဲ့အတွက် ကျွန်တော်မျိုး တောင်းပန်ပါတယ်

ခင်ဗျာ”

သူက ပြောလိုက်သည်။

[တောင်းပန်နေဖို့ မလိုပါဘူး]

ထိုပုံရိပ်က ပြောလိုက်သည်။ အကြီးအကဲသည် စိတ်သက်သာရာရသော မျက်နှာထားဖြင့် မော့ကြည့်လိုက်သော်လည်း မြင်လိုက်ရသည့်အရာကြောင့် ထိတ်လန့်တုန်လှုပ်ကာ တောင့်ခဲသွားတော့သည်။ သူ၏ရှေ့မှ ပုံရိပ်သည် ကြီးမားသော ပါးစပ်ပေါက်ရှိသည့် သားရဲကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ကို တစ်လုပ်တည်း ဝါးမျိုရန် ပြင်နေခြင်းကြောင့်ပင်။

သူ တစ်စုံတစ်ရာ ပြောဆိုခြင်း၊ လုပ်ဆောင်ခြင်း မပြုနိုင်မီမှာပင် သူ၏ ကိုယ်အထက်ပိုင်းမှာ အကိုက်ခံလိုက်ရသည်။ ထိုပုံရိပ်သည် ရွံရှာဖွယ်ကောင်းအောင် ဝါးစားပြီးနောက် မျိုချလိုက်သည်။ ထို့နောက်မှသာ သူ၏ ခန္ဓာကိုယ်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ သူသည် လက်ချောင်းဖြင့် သွားကြားထဲတွင် ညပ်နေသော အသားစများကို ဖယ်ရှားလိုက်သည်။

ထို့နောက် သူသည် လီယောင်ကို ပြုံးပြလိုက်သည်။

[တစ်ယောက်ယောက် တကယ်ရောက်လာတာလား]

သူက အံ့အားသင့်စွာ ပြောသည်။

[ငါ မျှော်လင့်ထားတာထက်တောင် ပိုစောနေပါလား]

လီယောင်က သူ့ကို မည်သည့်ခံစားချက်မျှ မရှိသော မျက်နှာထားဖြင့် ကြည့်နေသည်။

“ရှင်က မျိုးနွယ်တူတွေကိုတောင် စားတာလား။ သားရဲမျိုးနွယ်စုတွေက တကယ့်ကို ထူးဆန်းတာပဲ”

သူမက ပြောကာ သူ၏ ထူးဆန်းသော အရှိန်အဝါကို မှတ်သားထားလိုက်သည်။

[မျိုးနွယ်တူ ဟုတ်လား... အား... ငါ့ကို ဒီလို အနိမ့်စားတွေနဲ့ လာမနှိုင်းစမ်းနဲ့]

သူက ပြောလိုက်သည်။

သူ လက်ဖျစ်တစ်ချက် တီးလိုက်သောအခါ မြင်ကွင်းမှာ ပြောင်းလဲသွားခဲ့သည်။ လီယောင်သည် စားပွဲတစ်ခုရှေ့ရှိ ဖျာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ တစ်ဖက်လူမှာလည်း သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ သူသည် စားပွဲပေါ်မှ ဖန်ခွက်တစ်ခုကို မယူကာ အနီရောင်အရည်များကို လောင်းထည့်ပြီး တစ်ငုံ သောက်လိုက်သည်။

[ငါတို့ ခဏလောက် စကားပြောကြမလား]

သူက မေးသည်။

[ထွက်ပြေးတော့... အခုချက်ချင်း]

ဧကရီ၏ အသံမှာ လီယောင်၏ စိတ်ထဲတွင် အော်ဟစ်လိုက်သည်။

…

[ငါပြောတာကို မကြားဘူးလား။ အခုချက်ချင်း ထွက်ပြေးစမ်း]

ဧကရီက အော်ဟစ်နေဆဲပင်။

သို့သော် လီယောင်မှာမူ ဖန်ခွက်တစ်ခုကို ယူကာ သူမအတွက် သောက်စရာတစ်ခုကို လောင်းထည့်လိုက်သည်။

“ရှင်က ဘာလဲ”

သူမက မေးသည်။

ထိုလူက သူမကို ကြည့်လိုက်သည်။ သူသည် အဝသောက်လိုက်ပြီးနောက် ဖန်ခွက်ကို ပြန်ချလိုက်သည်။ သူ ခေါင်းကို ခါယမ်းလိုက်ပြီး [မဟုတ်ဘူး... တကယ့်မေးခွန်းက... မင်းက ဘာလဲ ဆိုတာပဲ] ဟု သူက မေးလိုက်သည်။

သူ စကားပြောလိုက်သည်နှင့်တစ်ပြိုင်နက် လီယောင်သည် သူ၏ မျက်လုံးများနှင့် အသံအတွင်းသို့ ဆွဲဆောင်ခြင်း ခံလိုက်ရသည်။

“ကျွန်မ... ကျွန်မ... ကျွန်မက...”

သူမ စတင်ပြောဆိုလာသည်။

[ဒါကို ချက်ချင်းဖြတ်စမ်း။ မင်း ဘာတွေ လုပ်နေတာလဲ]

ဧကရီက အော်ဟစ်လိုက်ပြန်သည်။

ထိုလူက သူမကို ပြုံးလျက် ကြည့်နေသည်။

“ကျွန်မက ရှင့်ကို သတ်မယ့်သူပဲ”

သူမ၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ထိုလူသည် လီယောင် ပစ်ပေါက်လိုက်သော ဖန်ခွက်ကွဲစများကို ကာကွယ်ရန် သူတို့ကြားရှိ စားပွဲကို အမြန်ပင် လှန်လိုက်ရသည်။

[စိတ်ဝင်စားစရာပဲ။ မင်းက အစကတည်းက ငါ့ရဲ့ လှည့်ကွက်ထဲမှာ ပါမသွားခဲ့တာကိုး]

ထိုလူက ပြောလိုက်သည်။

“လှည့်ကွက် ဟုတ်လား... ဒီလို လှည့်ကွက်လေးကို ပြောတာလား”

လီယောင်က ပြောကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ မြင်ကွင်းမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ သူမသည် ပျက်စီးနေသော အိမ်ကလေး၏ အပျက်အစီးများအပေါ်တွင် ပျံလွင့်နေဆဲပင်။ ထိုလူသည်လည်း အပျက်အစီးများကြားတွင် ထိုင်နေဆဲ ဖြစ်သည်။

ထိုလူသည် ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

[စိတ်ဝင်စားစရာပဲ။ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်။ အရှင်သခင်က နတ်ဆိုးနတ်ဘုရားနဲ့ အသူရာနတ်ဘုရား နှစ်ယောက်စလုံးကို ဒီနေရာကို ဘာကြောင့် လွှတ်လိုက်သလဲဆိုတာ ငါ အခုမှ နားလည်တော့တယ်]

ထိုလူက ပြောလိုက်သည်။

[မင်း ဘာလုပ်နေတာလဲ။ မင်း သူ့ကို အနိုင်မတိုက်နိုင်ဘူး။ အချိန်မနှောင်းခင် အခုချက်ချင်း ထွက်ပြေးတော့]

ဧကရီက ပိုမိုစိုးရိမ်သော လေသံဖြင့် ထပ်မံပြောပြောလိုက်သည်။

လီယောင်သည် ထိုလူကို စိုက်ကြည့်နေမိသည်။ သူမသည် သူ၏အကြောင်းကို ပိုမိုသိရှိရန် လိုအပ်သည်ဟု တွေးမိသည်။ သူသည် နတ်ဆိုးနှင့် အသူရာနတ်ဘုရားများနှင့် ဆက်နွယ်နေခြင်းကြောင့် သူမ၏ ရန်သူပင်။ သူသည် သူမ၏ စီနီယာအစ်ကိုကို လုပ်ကြံရန် ကြံစည်နေသူများထဲမှ တစ်ဦး ဖြစ်သည်။

သူမ သူ့ကို အရှင်မထားနိုင်ပေ။

ထိုလူက သူမကို ကြည့်လိုက်သည်။

“သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒလား”

သူက တွေးတောလိုက်သည်။ သူ လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော ဓားချက်တစ်ခုမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ လီယောင်ထံသို့ ရောက်ရှိလာခဲ့သည်။ လီယောင်မှာ မည်သို့မျှ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ ခန္ဓာကိုယ်မှာ နှစ်ပိုင်း ပြတ်သွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် အချိန်များ နောက်ပြန်ဆုတ်သွားသကဲ့သို့ ထိုတိုက်ခိုက်မှုမှာ သူ့ထံသို့ ပြန်လည်ရောက်ရှိသွားပြီး လီယောင်၏ ခန္ဓာကိုယ်မှာလည်း ဘာမျှမဖြစ်ခဲ့သကဲ့သို့ ပြန်လည်ဆက်စပ်သွားခဲ့သည်။

ထိုလူသည် ဤသည်ကို မြင်သောအခါ အံ့အားသင့်သွားခြင်း မရှိဘဲ ပိုမို၍ပင် ပြုံးလိုက်သည်။ [ဘယ်လို ထူးဆန်းတဲ့ စွမ်းအားလဲ။ အချိန်နိယာမလား။ မဟုတ်ဘူး... ဒါက ကောင်းကင်ဘုံတာအိုနိယာမပဲ]

သူက ပြောလိုက်သည်။

[ဟားဟားဟား... အရှင်သခင်က မင်းကို ဘာကြောင့် ဒီလောက်တောင် စိတ်ဝင်စားနေရသလဲဆိုတာ ငါ အခုမှ သဘောပေါက်တော့တယ်။ ငါ နားလည်သွားပြီ]

သူက ရူးသွပ်စွာ ဆက်လက်ရယ်မောနေတော့သည်။

အချိန်အတော်ကြာ ရယ်မောပြီးနောက် သူ ရပ်တန့်လိုက်သည်။ ထို့နောက် သူသည် လီယောင်၏ ရှေ့မှောက်တွင် ပေါ်လာပြီး လက်ကို ကမ်းပေးလိုက်သည်။

[ငါက သားရဲနတ်ဘုရားပဲ။ ငါနဲ့ ပူးပေါင်းပါ... ငါ မင်းကို ပညာရှိကို အနိုင်ယူဖို့ ကူညီပေးမယ်]

ထိုလူက ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ လီယောင်၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ရှန်းယွီနှင့် ဧကရီတို့မှာ အလွန်အမင်း ထိတ်လန့်သွားကြသည်။ သို့သော် လီယောင်မှာမူ တည်ငြိမ်နေဆဲပင်။ သူမသည် ကမ်းပေးထားသော လက်ကို ကြည့်သော်လည်း ဆုပ်ကိုင်ခြင်း မပြုဘဲ သူ၏ မျက်လုံးများကိုသာ စိုက်ကြည့်လိုက်သည်။

“ကျွန်မကို ပညာရှိကို အနိုင်ယူဖို့ ကူညီမယ် ဟုတ်လား။ သူက ရှင့်ရဲ့ အရှင်သခင် မဟုတ်ဘူးလား”

သူမက မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ သူ ပြုံးလိုက်သည်။

[ငါ မင်းကို စမ်းသပ်ကြည့်တာပါ။ မင်းက ပညာရှိအကြောင်းကိုတောင် သိနေပြီဆိုတော့...]

ထိုလူက သက်ပြင်းချကာ ပြောလိုက်သည်။

[နတ်ဆိုးနတ်ဘုရားနဲ့ အသူရာနတ်ဘုရားတို့လည်း သေသွားပြီ ထင်ပါရဲ့]

သူက ပြောလိုက်သည်။

ထို့နောက် သူသည် ကျေနပ်စွာ ရယ်မောလိုက်ပြန်သည်။

[မင်းတို့ ကောင်းကောင်းခံစားလိုက်စမ်းပါ။ မင်းတို့ရဲ့ အစီအစဉ်တွေ ပျက်စီးသွားလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး မဟုတ်လား]

သူက မည်သူ့ကိုမျှ မရည်ညွှန်းဘဲ ပြောလိုက်သည်။

လီယောင်သည် သူ့ကို စိုက်ကြည့်နေဆဲပင်။

[နတ်ဆိုးနဲ့ အသူရာနတ်ဘုရားတွေလို မဟုတ်ဘဲ ငါကတော့ ပညာရှိရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ပြီး ထွက်ပြေးနိုင်ခဲ့တယ်]

သားရဲနတ်ဘုရားက ပြောလိုက်သည်။

အခန်း။ ၃၉၈

“ရှင်က ပညာရှိတစ်ဦးဆီကနေ ထွက်ပြေးလွတ်မြောက်ခဲ့တာလား”

လီယောင်က သံသယစိတ်ဖြင့် မေးလိုက်သည်။

[မှန်တာပေါ့။ သူက တစ်ခုခုနဲ့ အလုပ်ရှုပ်နေပုံရတာနဲ့ ငါလည်း အခွင့်ကောင်းယူပြီး ထွက်ပြေးခဲ့တာပဲ။ သူလုပ်နေတဲ့အလုပ်က တကယ့်ကို အရေးကြီးပုံပဲ။ ဘာလို့လဲဆိုတော့ ငါ့နောက်ကို သူကိုယ်တိုင် လိုက်မလာခဲ့ဘူးလေ]

သူက ပြောလိုက်သည်။

ထို့နောက် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး [ဒါပေမဲ့လည်း... သူက တခြားသူတွေကိုတော့ ငါ့နောက် လိုက်ခိုင်းခဲ့တုန်းပဲ...] ဟု ဆက်ပြောသည်။

သားရဲနတ်ဘုရား၏ ရှင်းပြချက်အရ သူသည် ပညာရှိ၏ နောက်လိုက်များထံမှ ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း ဤသေးငယ်သော လူသားလောကအတွင်း၌ နတ်ဆိုးနတ်ဘုရားနှင့် အသူရာနတ်ဘုရားတို့၏ အရှိန်အဟါဝါများကို ထောက်လှမ်းမိခဲ့ခြင်းပင်။ ပို၍အံ့ဩစရာကောင်းသည်မှာ သူတို့၏ အရှိန်အဝါများမှာ အလွန်အားနည်းနေပြီး သေဆုံးသွားပြီ သို့မဟုတ် ချုပ်နှောင်ခံထားရသည့်အလား ဖြစ်နေခြင်းပင်။

ပညာရှိအနေဖြင့် ဤမျှအသုံးဝင်သော လက်ပါးစေများကို အကြောင်းမဲ့သတ်ဖြတ်မည် မဟုတ်သဖြင့် နောက်ကွယ်တွင် ကြံစည်မှုတစ်ခုခု ရှိနေမည်ကို သူ သိရှိလိုက်သည်။

သူသည် လူသားလောကသို့ အနီးကပ် လေ့လာရန် ချဉ်းကပ်ခဲ့သော်လည်း ကောင်းကင်ဘုံတာအို၏ ကန့်သတ်ချက်မှာ အလွန်မြင့်မားနေသည်ကို တွေ့ရသဖြင့် အံ့အားသင့်ခဲ့ရသည်။ ပုံမှန်အားဖြင့် ကောင်းကင်ဘုံတာအိုသည် အောက်ခြေလောကများကို ကာကွယ်ပေးထားတတ်သော်လည်း ဤမျှအထိတော့ မဟုတ်ပေ။ အစွမ်းထက်လေလေ ကန့်သတ်ချက် နည်းပါးလေလေဖြစ်သော်လည်း ဤလောက၌မူ ထူးဆန်းစွာပင် အစွမ်းထက်လေလေ ကန့်သတ်ချက် ပိုမိုမြင့်မားလေလေ ဖြစ်နေသည်။

ဤသည်မှာ အဓိပ္ပာယ်တစ်ခုသာ ရှိနိုင်သည်။ ဤလောကတွင် အလွန်ထူးခြားသော ရတနာတစ်ခု သို့မဟုတ် ကောင်းကင်ဘုံ၏ ရွေးချယ်ခံရသူတစ်ဦး ပေါ်ထွန်းတော့မည်ဟူ၍ပင်။

ဤသည်ကို မြင်သောအခါ သားရဲနတ်ဘုရားသည် ပညာရှိက အသူရာနှင့် နတ်ဆိုးနတ်ဘုရားတို့ကို ဘာကြောင့် အစွမ်းကုန် နှိမ်နင်းခဲ့တာလဲဆိုသည်ကို သဘောပေါက်သွားခဲ့သည်။ သူတို့၏ စွမ်းအားများကို လျှော့ချလိုက်ခြင်းဖြင့် ကန့်သတ်ချက်များကို ကျော်ဖြတ်ကာ ဤလောကသို့ ဝင်ရောက်နိုင်စေရန် ဖြစ်သည်။ ဝင်ရောက်ပြီးပါက ရတနာ သို့မဟုတ် ရွေးချယ်ခံရသူ ပေါ်ထွန်းလာမည့်အချိန်ကို စောင့်ဆိုင်းရင်း သူတို့၏ စွမ်းအားများကို ဖြည်းဖြည်းချင်း ပြန်လည်စုဆောင်းနိုင်မည် ဖြစ်သည်။

သူ့နောက်သို့ လိုက်လံဖမ်းဆီးသူများမှာ နီးကပ်လာပြီဖြစ်ရာ ထွက်ပြေးစရာ နေရာမရှိတော့သဖြင့် ပညာရှိပင် ဝင်ရောက်၍မရနိုင်သော တစ်ခုတည်းသောနေရာ၌ ပုန်းအောင်းရန် သူ ဆုံးဖြတ်လိုက်သည်။ ဤလောက၏ ကန့်သတ်ချက်မှာ ပြိုင်ဘက် အစွမ်းထက်လေလေ ပိုမိုပြင်းထန်လေလေ ဖြစ်သဖြင့် ပညာရှိအနေဖြင့် ဝင်ရောက်နိုင်ရန် လုံးဝအခွင့်အလမ်း မရှိပေ။

သို့သော် ၎င်းမှာ သူနှင့်လည်း သက်ဆိုင်နေသည်။ ထို့ကြောင့် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားအားလုံးကို လောင်မြိုက်ဖျက်ဆီးပစ်ကာ မြေကမ္ဘာမသေမျိုးအဆင့်အထိ လျှော့ချပစ်လိုက်သည်။ မြေကမ္ဘာမသေမျိုးအဆင့်ဆိုပါက ဤကဲ့သို့သော လောကတစ်ခုသို့ အလွယ်တကူ ဆင်းသက်နိုင်မည် ဖြစ်သည်။

သို့သော် ဆင်းသက်နိုင်ရန်အတွက် တံခါးနှစ်ခု လိုအပ်သည်။ တစ်ခုမှာ ပြင်ပမှ သူဖန်တီးသော တံခါးဖြစ်ပြီး အခြားတစ်ခုမှာ အတွင်းဘက်မှ ဖြစ်သည်။ သူ့တွင် ထိုအရာပင် မရှိသဖြင့် သူ၏ ခန္ဓာကိုယ်ကို လုံးဝစွန့်လွှတ်ကာ ဤလောကရှိ ခန္ဓာကိုယ်တစ်ခုအတွင်းသို့ ဝင်စားရန်သာ ဆုံးဖြတ်လိုက်တော့သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီးနောက် သားရဲဘိုးဘေးတစ်ဦး၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ကာ ဝင်ရောက်နိုင်ခဲ့သည်။

လူသားလောကအတွင်း သူသည် သူ၏စွမ်းအားများကို ဖြည်းဖြည်းချင်း ပြန်လည်စုဆောင်းခဲ့ရာ မြေကမ္ဘာမသေမျိုးအဆင့်သို့ ရောက်ရှိခဲ့ပြီး ကောင်းကင်ဘုံမသေမျိုးအဆင့်သို့ ရောက်ရန် ခြေလှမ်းတစ်လှမ်းသာ လိုတော့သည်။

[ငါ ကျင့်ကြံနေစဉ်မှာ ပညာရှိဆီကနေ ငါ တကယ် လွတ်မြောက်နိုင်ပါ့မလားလို့ တွေးခဲ့မိတယ်။ ဒါပေမဲ့ အခုတော့ ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသူဖြစ်တဲ့ မင်းနဲ့ တွေ့ဆုံခဲ့ပြီဆိုတော့ ငါတို့ ပူးပေါင်းမယ်ဆိုရင် သူ့ကို သေချာပေါက် အနိုင်ယူနိုင်မှာပါ။ ကဲ... မင်း ဘယ်လိုသဘောရသလဲ]

သူက လက်ကို ကမ်းပေးထားဆဲဖြစ်ကာ မေးလိုက်သည်။

“အော်... အဲ့ဒီလိုကိုး။ သတင်းအချက်အလက်တွေအတွက် ကျေးဇူးပါပဲ”

သူမက ပြောလိုက်သည်။

[မင်း ဘာတွေပြောနေတာ...]

သူ စကားမဆုံးမီမှာပင် လီယောင်၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ စတင်ပြောင်းလဲလာသည်ကို သတိပြုမိသွားသည်။

[မင်း... မင်းက မသေမျိုးရတနာတစ်ခုကို အသုံးပြုဖို့ အချိန်ဆွဲနေခဲ့တာလား]

သူက ထိတ်လန့်တကြား မေးလိုက်သည်။

“အချိန်ဆွဲတယ် ဟုတ်လား... ကျွန်မက ရှင့်ဆီက သတင်းတွေကို တကယ် စိတ်ဝင်တစား နားထောင်နေခဲ့တာပါ”

သူမက ပြောလိုက်သည်။

[နေဦးလေ...]

သူ သတိပြုမိလိုက်သောအခါ မျက်လုံးများ ပြူးကျသွားသည်။ ဤစွမ်းအင်မှာ မသေမျိုးရတနာ မဟုတ်ပေ။ သူ ပြုံးလိုက်ပြီး [မသေမျိုးအဆင့် တည်နေရာရွှေ့ပြောင်းခြင်း အဆောင်လေးတစ်ခုနဲ့ ငါ့ဆီကနေ လွတ်မြောက်နိုင်မယ်လို့ မင်း ထင်နေတာလား] ဟု လှောင်ပြုံးဖြင့် ပြောလိုက်သည်။

ထို့နောက် သူသည် သူမထံသို့ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ လီယောင်သည် ဟင်းလင်းပြင်အတွင်းသို့ နစ်မြုပ်ဝင်ရောက်သွားစဉ် သူ့ကို ပြန်ပြုံးပြလိုက်သည်။ သူ၏ လက်သီးမှာ ဟင်းလင်းပြင်ကို ထိမှန်သွားပြီး သူမကို ဆွဲထုတ်ရန် ပြင်လိုက်သော်လည်း လက်သီးနှင့် ထိတွေ့မိသွားသောအခါ သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ သူသည် သူ၏ လက်သီးကို ပြန်လည်ကြည့်ရှုကာ ပိတ်သွားသော ဟင်းလင်းပြင်ကို စိုက်ကြည့်နေမိသည်။

“မသေမျိုးအဆင့် အကာအကွယ်အတားအဆီးလား။ ဒီလို သေးငယ်တဲ့လောကမှာ တစ်ယောက်ယောက်က ဒီလိုအရာမျိုးကို တကယ် ပိုင်ဆိုင်ထားတာလား”

ထို့နောက် သူ ပြုံးလိုက်သည်။

[စိတ်ဝင်စားစရာပဲ]

ဤကောင်းကင်ဘုံ ရွေးချယ်ခံရသူကို သူ သေချာပေါက် ဖမ်းဆီးမည်ဟု တွေးလိုက်မိသည်။ ထိုသို့ဆိုလျှင် သူသည် ပညာရှိနယ်ပယ်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

“စောင့်နေလိုက်ပါဦး ပညာရှိ လီယောင်”

…

ရှန်းယွီသည် သူ၏ အိမ်ရှေ့ကွင်းပြင်တွင် တင်းမာသော မျက်နှာထားဖြင့် ရပ်နေသည်။ ယခုတစ်ကြိမ် ရန်သူမှာ အမှန်တကယ်ပင် အန္တရာယ်များလှသည်ဟု သူ တွေးနေမိသည်။ သူ၏ တိုက်ပွဲစမ်းသပ်မှု စနစ်၏ အားနည်းချက်မှာ သူ၏ အကွာအဝေးအတွင်း၌ အဆင့်တစ်ခုရှိသော ရန်သူများ ရှိနေသည်ကို သိနိုင်သော်လည်း ထိုသူများမှာ မည်သည့်နေရာတွင် ရှိနေသည်ကိုမူ အတိအကျ မပြောနိုင်ခြင်းပင်။

အစွမ်းချင်း အလွန်အမင်း ကွာခြားနေသဖြင့် လီယောင်အနေဖြင့် ထွက်ပြေးရန် ကြိုးစားလိုက်သည်နှင့် တစ်ပြိုင်နက် အဖမ်းခံရနိုင်ချေ ရှိသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ဤအခြေအနေကို ကြိုတင်တွေးတောမိသဖြင့် သူမအတွက် မသေမျိုးအဆင့် တည်နေရာရွှေ့ပြောင်းခြင်း အဆောင်တစ်ခုကို ပြင်ဆင်ပေးထားခဲ့ခြင်းပင်။

ယခုအခါ သူသည် သူ့ဖက်မှ အဆောင်ကို အသက်သွင်းလိုက်ပြီး သူမကို အကာအကွယ်အတားအဆီးအတွင်းသို့ ပြန်လည်ဆွဲခေါ်လိုက်ရုံပင်။ ဤနည်းလမ်းမှာ အကောင်းဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မသေမျိုးအနေဖြင့် သူမ ကိုယ်တိုင် စွမ်းအားအသုံးပြုနေခြင်း မဟုတ်သဖြင့် သူမ၏ စွမ်းအားလှုပ်ရှားမှုကို သတိထားမိမည် မဟုတ်ပေ။

အရာအားလုံး ပြီးဆုံးသွားသည့်တိုင်အောင် ထိုမသေမျိုးမှာ ဘာမျှသိရှိလိမ့်မည် မဟုတ်ပေ။

တစ်ခုတည်းသော ပြဿနာမှာ ထိုမသေမျိုး သတိမပြုမိစေရန် အထူးဂရုစိုက်ရခြင်းပင်။ သူမ ကိုယ်တိုင် အသက်သွင်းခြင်း မဟုတ်သော်လည်း လှုပ်ရှားမှုကို သူ ခံစားမိနိုင်သည်။ သူသည် အဆောင်ကို ဂရုတစိုက် လမ်းညွှန်ရင်း သားရဲနတ်ဘုရား သတိမထားမိစေရန် အမှတ်တစ်ခုချင်းစီကို ဖြည်းဖြည်းချင်း အသက်သွင်းခဲ့သည်။

နောက်ဆုံးတွင် နောက်ဆုံးအမှတ်သို့ ရောက်ရှိခဲ့သည်။ သူ အသက်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် လီယောင်မှာ ဟင်းလင်းပြင်အလွှာများအတွင်းသို့ ချက်ချင်း ဆွဲယူခြင်း ခံလိုက်ရသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏အထက်ရှိ ဟင်းလင်းပြင်မှာ ပွင့်ထွက်သွားပြီး သူမသည် သူ့အပေါ်သို့ ပြုတ်ကျလာခဲ့သည်။ ရှန်းယွီသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး သူမက သူ၏အပေါ်တွင် ထိုင်နေသည်။ သူတို့နှစ်ဦး မျက်လုံးချင်း ဆုံမိသွားကြရာ ရှန်းယွီ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

သူ သတ္တိကို စုစည်းကာ ပြုံးလိုက်သည်။

“ယောင်ယောင်... ကိုယ့်ပုံစံကို ပြန်ပြောင်းလိုက်ပါဦး။ ဒီပုံစံနဲ့နေရတာ အရမ်း သက်တောင့်သက်သာ မရှိဖြစ်နေမှာပေါ့”

လီယောင်သည် သူမ၏ လက်များကို မြှောက်၍ ကြည့်လိုက်သည်။ ထို့နောက် သူမ၏ အာရုံကို ရှန်းယွီထံ ပြန်လည်ပို့လိုက်သည်။

“လူတွေက အဲ့ဒီလို ထင်ကြမှာပေမဲ့ တကယ်တော့ ဆန့်ကျင်ဘက်ပဲရှင့်”

သူမက ပြောလိုက်သည်။

“တကယ်တော့ ကျွန်မက ဒီပုံစံနဲ့နေရတာကို အစိုးရိမ်ဆုံးပဲ”

ဤအသံမှာ တကယ့်ကို အေးစိမ့်လှသည်ဟု ရှန်းယွီ တွေးမိသည်။ သူမသည် လုံးဝခြားနားသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

ထို့နောက် သူမသည် သူ့ကို ကြည့်လိုက်သည်။

“ဒါဆိုရင်... ယောကျာ်းက ကြောက်နေတာလားဟင်”

သူမက ပြောကာ သူမ၏ ဦးခေါင်းကို သူ၏အနားသို့ တိုးကပ်လိုက်သည်။

“ဘာ... မဟုတ်ပါဘူး။ ကိုယ်က မင်းရဲ့ တကယ့်ပုံစံလေးကို မမြင်ရတာ ကြာပြီမို့ မြင်ချင်လို့ပါ”

သူက တုန်တုန်ယင်ယင်ဖြင့် ဖြေလိုက်သည်။

“ဒါပေမဲ့ ဒါက ကျွန်မရဲ့ တကယ့်ပုံစံ အစစ်အမှန်ပဲလေ”

သူမက ပြန်ပြောလိုက်သည်။

“ဒုက္ခပါပဲ... ငါတော့ လမ်းလျှောက်နေတဲ့ ဘေးဒုက္ခကြီးတစ်ခုကို အိမ်ခေါ်လာမိပြီ ထင်တယ်”

ရှန်းယွီ စိတ်ထဲမှ တွေးနေမိသည်။

လီယောင်က သူ့ကို ဆက်လက်ကြည့်နေဆဲပင်။

သူမ၏ စိတ်ထဲတွင်မူ “ဟီးဟီး... စီနီယာအစ်ကိုက ဒီလိုဖြစ်နေတော့ တကယ့်ကို ချစ်ဖို့ကောင်းတာပဲ။ ဒီအခွင့်အရေးကို သုံးပြီး သူ့ကို နည်းနည်းလောက် အနိုင်ကျင့်လိုက်ရင် ကောင်းမလား။ သူ စိတ်မဆိုးလောက်ပါဘူးနော်။ သူ ပိုပြီး သန်မာလာတဲ့အခါကျရင် ငါ့ကို ပြန်ပြီး အနိုင်ကျင့်လို့ ရတာပဲလေ။ ငါကတော့ အဲ့ဒီလိုဖြစ်မှာကို စိတ်မရှိပါဘူး ဟီးဟီးဟီး” ဟု တွေးနေတော့သည်။

All Chapters