← Chapters

အခန်း (၄၆၇-၄၆၈)

Vol. 44 Ch. 467-468

အခန်း (၄၆၇-၄၆၈)

Vol. 44 Ch. 467-468

အခန်း (၄၆၇)။

“ငါ နားလည်ပြီ။ ဖန်းယွမ်နဲ့ ထန်ဟိုင်လုံတို့က ရွှေဆေးလုံးကို သန့်စင်ခဲ့တာပဲ။ ဒါပေမဲ့ သူတို့က ငါ့ရဲ့ အဖြေလွှာစာမူတွေကို သုံးပြီး ရွှေဆေးလုံးထဲက မိစ္ဆာအသိတွေကို ဖယ်ရှား ပစ်ခဲ့တယ်။ ဒါကြောင့်ပဲ ဒီရွှေဆေးလုံးက ငါနဲ့ ရင်းနှီးနေတာကိုး။ ဒီလိုဆိုမှတော့ ဒီဆေးလုံး ကို ငါ လမ်းပြပြီး ခေါ်ရတော့မှာပေါ့။ ‘ပါရမီကမ်းတစ်ဖက်ကူးတံတား’။ သူ့ကို ဒီဘက် ခေါ်ခဲ့စမ်း။”

ဆဋ္ဌမမြောက် ကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် အရာအားလုံးကို နားလည်သွားသော ဟုန်ယွိသည် သူ၏ စိတ်ဝိညာဉ် အတွေးစများကို ‘ပါရမီ ကမ်းတစ်ဖက်ကူးတံတား’ အဖြစ် ပြောင်းလဲလိုက်ပြီး၊ မိုးကြိုးကပ်ဘေး၏ အပြင်ဘက်သို့ တိုက်ရိုက် ဆန့်ထုတ်လိုက်တော့ သည်။

...

“ဘုရားရေ.. တော်တော်ကံကောင်းတဲ့ကောင်ပဲ... တကယ်ပဲ ‘သံဖိနပ် ပြတ်အောင်ရှာတာ မတွေ့ဘဲ၊ မမျှော်လင့်ဘဲ အလကား ရလိုက်သလို’ ပါပဲလား။ ဒီရွှေဆေးလုံးက ဟုန်ယွိဆီကို ကိုယ်တိုင် လာရှာနေတာပြ။ ဒါက ‘ကြောင်မျက်ကန်းက ကြွက်သေကို တိုးမိသလို’ ပဲ။ ငါတို့အတွက်တော့ အခွင့်ကောင်းကြီးပဲ။”

“ဒီရွှေဆေးလုံးက မိုးကြိုးကပ်ဘေး စက်ဝိုင်းထဲကို မဝင်ရဲဘူး။ သူက အသိဉာဏ်ရှိတော့ မိုးကြိုးက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သိနေတယ်။ သူ့ကို ဖမ်းထားကြ။”

“အပြင်ဘက်က မိုးကြိုးစွမ်းအားတွေက ငါတို့အတွက် ဘာမှမဟုတ်ဘူး။ မိုးကြိုးကပ်ဘေး စက်ဝန်းထဲကို အလွန်းကျွံ တိုးဝင်မသွားရင် ငါတို့ရဲ့ မှော်ပညာတွေကို စိတ်ကြိုက် သုံးလို့ရတယ်။”

“ရှေးဟောင်းကျမ်းစာတွေအရ မိုးကြိုးကပ်ဘေးက အဆင့်မြင့်လာလေ၊ အချိန်က ပိုပြီး တိုတောင်းလေပဲ။ အသက်တစ်ရှိုက်စာ အချိန်အတွင်းမှာ ဟုန်ယွိ ပြာမဖြစ်သွားဘူးဆိုရင် သူ ကပ်ဘေးကို ကျော်ဖြတ်ပြီး ချက်ချင်း ထွက်လာလိမ့်မယ်။ သူ ထွက်လာတာနဲ့ ငါတို့ သူ့ကို တိုက်ခိုက်ကြမယ်။”

“ချန်ပီယံမြို့စားက ဟုန်ယွိရဲ့ ရန်သူစစ်စစ်ပဲ။ ဒီတစ်ခါရော ဟုန်ယွိကို သတ်ဖို့ သူ ရောက်လာမလား မသိဘူး။”

ဖန်းယွမ်၊ ထန်ဟိုင်လုံနှင့် လီဖေးယွီတို့မှာ အရင်ဆုံး ရောက်ရှိလာကြသည်။ သူတို့သည် သူတို့၏ မှော်ရတနာများကို အားကိုးကာ စိတ်ဝိညာဉ် အတွေးစများကို ရုပ်ခန္ဓာကိုယ်ထဲသို့ ပြန်သွင်းထားခြင်း သို့မဟုတ် မှော်ရတနာများထဲတွင် ပုန်းအောင်းနေခြင်းကြောင့် ကောင်းကင်ယံရှိ ပေါက်ကွဲနေသော မိုးကြိုးများကို မကြောက်ကြပေ။

သူတို့ တစ်ချက်ကြည့်ရုံနှင့်ပင် ဟုန်ယွိသည် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နေကြောင်း သိလိုက်ရသည်။

ရွှေဆေးလုံးက ဟုန်ယွိကို လာရှာနေသော်လည်း ဟုန်ယွိကမူ မိုးကြိုးကပ်ဘေးထဲမှာ ရှိနေ သည်။ သူ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နေခြင်း မဟုတ်ပါက ဘာလုပ်နေမည်နည်း။

“ဟုန်ယွိက လေးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားပြီးသား။ ဒီတစ်ခါတော့ ငါးကြိမ် ဒါမှမဟုတ် ခြောက်ကြိမ်မြောက်အထိ ကျော်ဖြတ်နိုင်မှာ သေချာတယ်။ ကပ်ဘေး က အမြင့်လာလေ၊ သူ ပြန်ထွက်လာတဲ့အခါ ပိုအားနည်းလေ ဖြစ်နေမှာပဲ။ သူ ထွက်လာ တဲ့အချိန်ကို အခွင့်ကောင်းယူပြီး သူ့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစတွေကို ဖမ်းကြရ အောင်။ သူ့ကို သန့်စင်နိုင်မယ်ဆိုရင် ငါတို့ရဲ့ စွမ်းအားတွေ အများကြီး တိုးလာရုံတင် မကဘဲ ကြောက်စရာကောင်းတဲ့ ရန်သူတစ်ယောက်ကိုလည်း ဖယ်ရှားပြီးသား ဖြစ်သွား မယ်။”

တစ်ချိန်တည်းမှာပင် သူတို့သုံးဦးစလုံးမှာ အလားတူ အတွေးမျိုး ရှိနေကြပြီး မိုးကြိုးများ အောက်တွင် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့သည် သူတို့၏ မှော်ရတနာများ ကို အသီးသီး အသက်သွင်းလိုက်ကြပြီး မိုးကြိုးကပ်ဘေး၏ အပြင်ဘက်တွင် ပျံဝဲနေကာ အတွင်းသို့ မဝင်ရဲဘဲ ဖြစ်နေသော ‘အနန္တရွှေဆေးလုံး’ ဆီသို့ ဦးတည်လိုက်ကြသည်။

“ဒေါင်... ဒေါင်... ဒေါင်”

ထိုအချိန်တွင် အထွဋ်အထိပ်ကောင်းကင်နယ်မြေ၏ ခေါင်းဆောင် ကျောက်ဖေးအာသည် နောက်မှ လိုက်လာသော်လည်း အံ့အားသင့်ဖွယ်ကောင်းစွာ အရင်ဆုံး ရောက်ရှိလာသည်။ သူမသည် ‘ထာဝရ ခေါင်းလောင်း’ ကို အသုံးပြုလိုက်ရာ၊ ခေါင်းလောင်းသံများက ချက်ချင်း ပင် ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ် ထွက်ပေါ်လာပြီး အရာအားလုံးမှာ နှေးကွေးသွားတော့သည်။

ဆုမူမှာလည်း အဝေးမှ ပျံသန်းလာပြီး ‘ထာဝရ ခေါင်းလောင်း’ ကို အသုံးပြုလိုက်ပြန်သည်။ နတ်ဘုရား ခေါင်းလောင်း တာအိုပညာရပ် နှစ်ခု ကောင်းကင်ယံတွင် ပေါ်လာပြီး အချိန်များ ရပ်တန့်သွားသကဲ့သို့ ခံစားရ၏။ ကောင်းကင်ယံရှိ မိုးခြိမ်းသံများပင်လျှင် ရပ်တန့်သွားသ ကဲ့သို့ ရှိသည်။ လူတိုင်း၏ လှုပ်ရှားမှုနှင့် တာအိုပညာရပ်များမှာလည်း နှေးကွေးသွားခဲ့ပြီ။

ထိုအခိုက်တွင် မိုးကြိုးကပ်ဘေး၏ အတွင်းပိုင်းမှ ရွှေရောင်တံတား တစ်စင်း ထွက်ပေါ်လာ သည်။ ၎င်းသည် ဧရာမကလေးငယ်အဖြစ် ပြောင်းလဲနေသော ‘အနန္တရွှေဆေး လုံး’ ကို ရွှေရောင်တံတားပေါ်သို့ တင်လိုက်သည်။ ထို့နောက် ရွှေရောင်တံတားမှာ မိုးကြိုးကပ်ဘေး အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားပြီး၊ နောက်လျှပ်တပြက် အတွင်းမှာပင် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် မိုးတိမ်များထဲမှ ထွက်လာပြီး အပြင်ဘက်သို့ ရောက်ရှိလာတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် ‘အနန္တရွှေဆေးလုံး’ ကို သူ၏ လက်မောင်းအတွင်း ပွေ့ပိုက် ထားသည်။

...

“အနန္တရွှေဆေးလုံးက တကယ်ကို ဝိညာဉ်ရှိတာပဲ။ ငါနဲ့လည်း အရမ်း ရင်းနီးတယ်။”

မိုးကြိုးကပ်ဘေးမှ ထွက်လာပြီးနောက် ဟုန်ယွိသည် သူ၏ လက်မောင်းထဲရှိ ရွှေဆေးလုံး ကို ငုံ့ကြည့်လိုက်သည်။ ၎င်းမှာ ရွှေအစစ်ဖြင့် ပြုလုပ်ထားသော ထွားကျိုင်းသည့် ကလေး ငယ်တစ်ဦးနှင့် တူလှသည်။ သူ၏ကိုယ်ပေါ်မှ ဆေးရနံ့များ ထွက်ပေါ်နေပြီး မျက်နှာပေါက် မှာလည်း ကလေးငယ်တစ်ဦးနှင့် တစ်ထပ်တည်း တူညီနေသည်။ မျက်လုံးများမှာလည်း အဆက်မပြတ် ပုတ်ခတ်နေပြီး ၎င်းမှာ မွေးမွေးချင်း ကျွေးမွေးပြုစုခံရပြီး ဆူဖြိုးသည့် ကလေးငယ်တစ်ဦးနှင့်ပင် တူနေတော့သည်။ ခဏခဏလည်း ငိုကြွေးနေသေးသည်။ ဟုန်ယွိသည် ရှေးဟောင်းရွှေဆေးလုံး၏ အံ့ဖွယ်စွမ်းအားများကို ခံစားလိုက်ရသည်။

၎င်းမှာ ဆေးလုံးတစ်လုံး မဟုတ်တော့ဘဲ လူသားတစ်ယောက်၊ သက်ရှိတစ်ဦး ဖြစ်နေခဲ့ပြီ။

“ဆေးလုံးကို ငါ့ကိုပေးစမ်း။”

ဟုန်ယွိ ထွက်လာသည်နှင့် သူသည် ကလေးငယ်ကို ပွေ့ပိုက်လျက် အထွဋ်အထိပ် ကောင်းကင်နယ်မြေ၏ ခေါင်းဆောင် ကျောက်ဖေးအာနှင့် မလှမ်းမကမ်း နေရာသို့ ရောက်ရှိသွားသည်။

ဟုန်ယွိမှာ ခေါင်းလောင်းသံကြောင့် မှင်တက်နေပြီး အတွေးစများ နှေးကွေးနေသည်ဟု ထင်မှတ်ကာ ကျောက်ဖေးအာက အခွင့်ကောင်း ယူလိုက်သည်။

သူမသည် စူးရှစွာ အော်ဟစ်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ‘စိတ်ဝိညာဉ်ဖြိုခွဲ နတ်ဘုရား ရုပ်သေး’ ကို လွှတ်လိုက်သည်။ ထိုရုပ်သေးထံမှ ပြင်းထန်သော ‘အနှစ်သာရ’ စွမ်းအင်များ ထွက်ပေါ်လာပြီး၊ ၎င်းမှာ မိုးကြိုးကပ်ဘေးကို အနည်းငယ်မျှပင် ကြောက်ရွံ့ပုံမပေါ်ပေ။

အကြောင်းမှာ ထိုရုပ်သေးကိုယ်တိုင် မိုးကြိုးကပ်ဘေးအတွင်းမှ မွေးဖွားလာသော သက်ရှိ တစ်ခုဖြစ်သောကြောင့်ပင်။

နတ်ဘုရားရုပ်ထု ထွက်ပေါ်လာသည်နှင့် ကျောက်ဖေးအာ၏ မျက်လုံးများမှာ အေးစက်စွာ တောက်ပလာသည်။ သူမက လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင် သန်းနေသော ကျောက်စိမ်း အဆောင်များစွာ ထွက်ပေါ်လာပြီး ယမ်းနံ့များ ပြင်းထန်စွာ ထုတ်လွှတ်နေ သည်။ ၎င်းတို့မှာ ‘မိုးကြိုးမီးလျှံအဆောင်’များ ဖြစ်ကြပြီး၊ မည်သည့် စိတ်ဝိညာဉ်ကိုမဆို ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြသည်။

ထိုကျောက်စိမ်း အဆောင်ပေါင်းမှာ တစ်ရာကျော် ရှိနေပြီး ၎င်းတို့အားလုံး စုပေါင်း ပေါက်ကွဲပါက မည်မျှ ပြင်းထန်မည်ကို ခန့်မှန်းရုံနှင့် သိနိုင်သည်။

“အထွဋ်ထိပ်ကောင်းကင်နယ်မြေခေါင်းဆောင်၊ ကျောက်ဖေးအာ၊ ခင်ဗျားက သေချင်နေ တာပဲ။”

ဟုန်ယွိသည် ကျောက်ဖေးအာ၏ တိုက်ကွက်ကို မြင်လိုက်ရသည်။ သူမသည် 'အစွယ် ကြယ်စင်ချပ်ဝတ်' ကို ဝတ်ဆင်ထားသော်လည်း ဟုန်ယွိက သူမ၏ အငွေ့အသက်ကို မှတ်မိနေသည်။

ဟုန်ယွိသည် အေးစက်စက် အကြည့်ဖြင့် လက်ကို ဆန့်ထုတ်ကာ လေထုထဲသို့ ဖမ်းဆုပ် လိုက်သည်။

သူ၏လက်မှာ ဟင်းလင်းပြင်အတွင်းသို့ တိုးဝင်သွားပြီး တစ်ဖက်မှ ပြန်လည် ထွက်ပေါ်လာ ကာ သူ့ထံသို့ ပျံသန်းလာသော နတ်ဘုရားရုပ်သေးကို ဖမ်းဆုပ်လိုက်သည်။ နတ်ဘုရား ရုပ်သေးမှာ ဟုန်ယွိ၏ ဖမ်းဆုပ်ခြင်းကို ခံရသောအခါ စူးရှစွာ အော်ဟစ်လိုက်သော်လည်း ဟုန်ယွိ၏ ပြင်းထန်သော စွမ်းအားကြောင့် ချက်ချင်းပင် နွမ်းနယ်သွားတော့သည်။

ကျောက်ဖေးအာ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ သူမသည် ရုပ်သေးရုပ်နှင့် ဆက်သွယ်မှု ပြတ်တောက်သွားပြီး မှော်ရတနာမှာ ဟုန်ယွိ၏ လက်ထဲသို့ ကျရောက်သွား ပြီ ဖြစ်သည်။

“ပေါက်ကွဲစမ်း…. ပေါက်ကွဲစမ်း… ပေါက်ကွဲစမ်း…”

စူးရှသော အော်ဟစ်သံနှင့်အတူ ‘မိုးကြိုးမီးလျှံအဆောင်’ ပေါင်း တစ်ရာကျော်မှာ ဟုန်ယွိကို ဝိုင်းရံကာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားတော့သည်။

ဟုန်ယွိသည် တိုက်ကွက်ကို ရှောင်တိမ်းရန် စိတ်မကူးပေ။ သူသည် လက်ကို ဝှေ့ယမ်းလိုက် ရာ သူ၏ ပတ်ဝန်းကျင်တွင် ပြင်းထန်သော လေပွေကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းမှာ ‘မဟာကမ္ဘာတံဆိပ်တော်’ ပင် ဖြစ်သည်။

ထိုပြင်းထန်သော လေပွေကြီးကြားတွင် အဆောင်ပေါင်း တစ်ရာကျော်မှာ လွင့်စင်သွားပြီး လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

ဟုန်ယွိ၏ ပုံရိပ်မှာ လျှပ်တစ်ပြက်အတွင်း ကျောက်ဖေးအာ၏ ရှေ့မှောက်သို့ ရောက်ရှိသွား ပြီး ပြင်းထန်သော လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဘုန်း…

ကျောက်ဖေးအာ၏ ခန္ဓာကိုယ်ပတ်လည်ရှိ ခေါင်းလောင်းကြီးမှာ တစ်ချက်တည်းဖြင့် တစ်စစီ ပျက်စီးသွားသည်။ ထို့နောက် ဟုန်ယွိသည် သူမ၏ လည်ပင်းကို လက်တစ်ဖက် ဖြင့် ဖမ်းဆုပ်ကာ ကြက်ကလေးတစ်ကောင်ကို မထားသကဲ့သို့ လေထဲသို့ မြှောက်တင် လိုက်သည်။ သူမ၏ ကိုယ်ပေါ်ရှိ အစွယ်ကြယ်စင်ချပ်ဝတ်မှာ ပြင်းထန်စွာ တောက်ပလာပြီး နောက် အက်ကွဲသံများနှင့်အတူ ပျက်စီးသွားတော့သည်။

“မီးလျှံကိုးပါးနဂါး။ အနန္တရွှေဆေးလုံးကို သွားယူစမ်း။”

ဤအရေးကြီးသော အချိန်တွင် ရောက်ရှိလာသော ဆုမူက အခွင့်ကောင်းယူကာ အော်ဟစ် လိုက်သည်။ ကောင်းကင်ယံတွင် မီးတိမ်တိုက်တစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာပြီး ကြီးမား သော နဂါးလက်သည်းကြီးတစ်ခုက ဟုန်ယွိ၏ လက်မောင်းထဲရှိ ရွှေဆေးလုံးကို တိုက်ရိုက် ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။

“ဟုန်ယွိ... မနှစ်က ငါ မင်းလက်ထဲမှာ သေခဲ့ရပေမဲ့ ဒီတစ်ခါတော့ ငါ ပြန်လည်မွေးဖွားလာ ခဲ့ပြီ။ ဟားဟား၊ ဟားဟား, ငါ့ရဲ့ညီအစ်ကို ရှစ်ယောက်လုံး ဒီမှာရှိနေတယ်။ မင်း သေဖို့သာ ပြင်ထားတော့။”

ကောင်းကင်ယံမှ အထီးကျန်ဆန်ဆန် အော်အသံတစ်သံ ထွက်ပေါ်လာသည်။ ဟုန်ယွိသည် ကျောက်ဖေးအာ၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဖမ်းထားရင်း သူမ၏ ပြင်းထန်သော ရုန်းကန်မှုနှင့် ဆဲဆိုမှုများကို လျစ်လျူရှုထားသည်။ သူသည် ကောင်းကင်ယံကို တစ်ချက် ကြည့်လိုက်ပြီး ကျန်လက်တစ်ဖက်ကို ကောင်းကင်ယံသို့ ဆန့်ထုတ်လိုက်သည်။

“အနန္တတံဆိပ်တော်”

ဘုန်း….

ကြီးမားလှသော လက်ဝါးကြီးတစ်ခု ရှေ့သို့ ပျံထွက်သွားပြီး ကောင်းကင်ယံရှိ မီးတိမ်တိုက် နှင့် ထိပ်တိုက် တိုက်မိကာ နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထိုမီးတိမ် တိုက်အတွင်းမှ နဂါးသွေးများ၊ နဂါးအကြေးခွံများနှင့် နဂါးလက်သည်း အပိုင်းအစများမှာ တစ်စစီ ပျက်စီးသွားပြီး အရပ်မျက်နှာအနှံ့ လွင့်စင်သွားတော့သည်။ ‘မီးလျှံနဂါးကိုးကောင်’ ပေါက်ကွဲသွားသည်နှင့်အမျှ သနားစဖွယ် အော်ဟစ်သံကြီး တစ်ခုလည်း ထွက်ပေါ်လာ သည်။

တစ်ချိန်တည်းမှာပင် ဟုန်ယွိက ဆုမူကို ကြည့်ကာ လက်ညှိုးဖြင့် ညွှန်လိုက်သည်။

ဆုမူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားသည်။ သူမက ‘ကောင်းကင် တာအို နတ်ဆိုးချိတ်ပိတ်ဓားကို မြှောက်ကာ ခုခံကာကွယ်ရန် သူမရှေ့တွင် ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။

ချက်ချင်းပင် တောက်ပသော အပြာရောင်ဓားနှင့် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသော လက်ညှိုးတစ်ချောင်းတို့ ထိပ်တိုက် တိုက်မိကြတော့သည်။ ဘုန်း... ဘုန်း... ဘုန်း၊ ဆုမူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ကောင်းကင်တာအို နတ်ဆိုးချိတ်ပိတ်ဓားမှာ လည်း လွင့်စင်သွားခဲ့ရပြီ။

ဆုမူ၏ မျက်နှာမှာ ဖြူလျော့သွားပြီး နောက်သို့ အလျှင်အမြန် ဆုတ်ခွာသွားတော့သည်။

...

“ကျောက်ဖေးအာ... ကျုပ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးတာနဲ့ အားနည်းနေမယ်လို့ ခင်ဗျား ထင်နေတာလား။ ခင်ဗျားက ကျုပ်ကို အခွင့်ကောင်းယူချင်တာပေါ့။ ကျုပ် အားမနည်းသွားရုံတင်မကဘူး၊ ကျုပ်ရဲ့စွမ်းအားတွေ အဆပေါင်းများစွာ တိုးလာလိမ့်မယ် လို့ ခင်ဗျား မမျှော်လင့်ထားဘူး မဟုတ်လား။ အခုတော့ ဟုန်ရွှန်ကျိ ကိုယ်တိုင် ရောက်လာ ရင်တောင် ခင်ဗျားကို ကယ်နိုင်မှာ မဟုတ်ဘူး။”

ဟုန်ယွိသည် ဆုမူ၏ ဓားကို လက်ညှိုးဖြင့် လွင့်ထွက်သွားအောင် ပြုလုပ်ပြီးနောက်၊ ကျောက်ဖေးအာ၏ လည်ပင်းကို ဆက်လက် ဖမ်းဆုပ်ထားသည်။ သူသည် စွမ်းအားကို အားစိုက်ထုတ်ကာ ထူထပ်လှသော ‘အစွယ်ကြယ်စင်ချပ်ဝတ်’ ကို ဆွဲဖြဲပစ်လိုက်သည်။

ချပ်ဝတ်တန်ဆာ အတွင်းမှ ကျောက်ဖေးအာ၏ ခန္ဓာကိုယ်မှာ ပေါ်ထွက်လာသည်။ သူမ၏ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပြီး နှုတ်ခမ်းများမှာလည်း အံ့အား သင့်လွန်းသဖြင့် ‘အို’ ပုံစံ ဖြစ်နေတော့သည်။

“ရွှေဆေးလုံးကို ထားခဲ့စမ်း။”

ဟုန်ယွိ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ငါးရောင်ခြယ်မြေဆီနှင့် ‘မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံ’ တို့ထံမှ လေးလံခန့်ညားသော အရှိန်အဝါတစ်ခုသည် သူ၏ နောက်ကွယ်မှ ရောက်ရှိလာသည်။ ဧရာမ ငါးရောင်ခြယ် လက်ဝါးကြီးတစ်ဖက်က ပြင်းထန်စွာ ဖမ်းဆုပ်လိုက်သည်။ ၎င်းမှာ လီဖေးယွီ၏ တိုက်ကွက်ပင် ဖြစ်သည်။

“ဟင်… ဒါက ‘‘မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံ’ပဲ။ မြေစောင့်နတ်မင်းကို ပူဇော်တဲ့နေရာမှာ သုံးတဲ့ ရှေးဟောင်းရတနာပဲ။ ဒါပေမဲ့ မင်းလို ကြက်ကလေးက အသုံးပြုနေတော့ နှမြောစရာပဲ။”

ဟုန်ယွိသည် သူ၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ လှည့်လိုက်သည်။ မိုးကြိုးတိမ်တိုက်များ အောက်တွင် သူသည် အလွန်ပင် တည်ငြိမ်နေသယောင် ရှိသည်။ ငါးရောင်ခြယ် လက်ဝါးကြီး၏ ဖမ်းဆုပ်မှုကို ရင်ဆိုင်ရင်း သူက လက်ကို မြှောက်လိုက်သည်။

ရုတ်တရက် လေထုအတွင်းရှိ စွမ်းအင်စီးဆင်းမှုအားလုံး ရူးသွပ်စွာ လိမ်ယှက်သွားကြ သည်။ ၎င်းမှာ ‘ဗောဓိတံဆိပ်တော်’ ဖြစ်ပြီး ထိုလက်ဝါးကြီးကို ချေမှုန်းပစ်လိုက်သည်။ ထို့နောက် ‘ဗောဓိ တံဆိပ်တော်’ သည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ လီဖေးယွီ၏ အကာကွယ် မှော်ရတနာကို သွားရောက် ထိမှန်တော့သည်။

ဘုန်း... ဘုန်း

‘မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံ’သည် လီဖေးယွီ၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထား ပြီး ဖြစ်သော်လည်း၊ ဟုန်ယွိ၏ လက်ဝါးချက်ကို ခံရပြီးနောက် ပြင်းထန်စွာ လွင့်စင်သွား တော့သည်။ အလံသည် လီဖေးယွီ၏ စိတ်ဝိညာဉ်ထံမှ အတင်းအဓမ္မ ပြတ်ထွက်သွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီ။

လီဖေးယွီမှာမူ ကြိုးပြတ်သွားသော စွန်ကဲ့သို့ သွေးများ အန်ထုတ်ကာ မြေပြင်ပေါ်သို့ လွင့်စင်ကျသွားတော့သည်။

ဟုန်ယွိသည် ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးသွားပြီ ဖြစ်ရာ၊ သူ၏ ‘ဗုဒ္ဓဓမ္မခန္ဓာ’ မှာ ပြည့်စုံသွားခဲ့ပြီ။ သူ၏ စွမ်းအား၊ သူ၏ အရှိန်အဝါနှင့် သူ၏ နည်းလမ်းများ မှာ ပစ္စုပ္ပန်ကာလကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အငွေ့အသက်များ ရရှိနေပြီ ဖြစ်သည်။

သူ၏ နတ်ဘုရား စွမ်းရည်၊ မှော်စွမ်းအားများမှာ အတိုင်းအဆမရှိ ပြင်းထန်နေတော့သည်။

အခန်း (၄၆၈)

"အသွင်မဲ့တံဆိပ်တော်... ဖမ်းဆီးစမ်း။"

"မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံဆိုတာ ရှေးဦးခေတ်က မြေစောင့်နတ်မင်းကို ပူဇော်ပသရာမှာ သုံးခဲ့တဲ့ အမြင့်မြတ်ဆုံး ရတနာတစ်ပါးပဲ။ ဒီလိုရတနာမျိုးက မင်းလို ခွေးသူခိုးလက်ထဲ ဘယ်လိုလုပ် ကျရောက်နေရတာလဲ။"

ဟုန်ယွိသည် ဗုဒ္ဓလက်ဝါးထဲမှ တစ်ခုဖြစ်သော ‘အနန္တတံဆိပ်တော်’ကို အသုံးပြုကာ၊ အဝေးမှနေ၍ ပါရမီရှင်လူငယ် လီဖေးယွီ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ရိုက်ချလိုက်သည်။ ဤမဟာတံဆိပ်တော်၏ အဆမတန် ကြီးမားလှသော စွမ်းအားသည် လီဖေးယွီ၏ စိတ်ဝိညာဉ်နှင့် တစ်သားတည်း ပေါင်းစပ်ထားသည့် ‘မဟာမြေနတ်ဘုရား ငါးရောင်ခြယ် အလံ’ ကို စိတ်ဝိညာဉ်ထဲမှ ဆွဲထုတ်ကာ ကောင်းကင်ယံသို့ လွင့်ပျံထွက်သွားစေခဲ့သည်။

ဗုဒ္ဓလက်ဝါး၏ တံဆိပ်တော်ဆယ်ပါးမှာ ‘ယန်နတ်ဘုရား’အဆင့် အရှင်သခင်များပင် သတိထားရသည့် ပြိုင်ဘက်ကင်း သိုင်းပညာရပ်များ ဖြစ်သည်။ ထိုတံဆိပ်တော်များကို သိုင်းပညာအပြင် မှော်ပညာများအဖြစ်လည်း ကျင့်ကြံနိုင်သည်။

အင်မော်တယ်တာအိုနှင့် သိုင်းတာအို၊ စိတ်ဝိညာဉ် နှင့် ရုပ်ခန္ဓာကိုယ်တို့မှာ အမှန်စင်စစ် ခွဲခြား၍မရသော အရာများပင် ဖြစ်သည်။

ယခင်က ဟုန်ယွိသည် ‘စကြဝဠာအိတ်’ ထဲရှိ ဟင်းလင်းပြင် စွမ်းအင်များကို မိုးကြိုး ကပ်ဘေး အဆင့်လေးရှိ စွမ်းအားများနှင့် ပေါင်းစပ်ကာ ‘ဗုဒ္ဓဓမ္မခန္ဓာ’ကို ကျင့်ကြံခဲ့စဉ်က၊ တံဆိပ်တော်ဆယ်ပါးထဲမှ တစ်ခုဖြစ်သော ‘မဟာကမ္ဘာတံဆိပ်တော်’ တစ်ချက်တည်းဖြင့် ပင် ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသော ဟုန်ရွှန်ကျိကိုပင် လွင့်စင်အောင် ရိုက်ထုတ်နိုင်ခဲ့ဖူးသည်။

ယခုအခါ ဟုန်ယွိသည် ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ထားပြီးဖြစ်ရာ ‘ဖန်ဆင်းရှင်’ အဆင့်သို့ မရောက်သေးသော်လည်း သူ၏ နတ်ဘုရား စိတ်ဝိညာဉ် စွမ်းအား နှင့် မှော်စွမ်းအားမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ‘ဗုဒ္ဓဓမ္မခန္ဓာ’လည်း နောက်ဆုံးတွင် ပြီးပြည့်စုံသွားခဲ့ပြီ။

အဆင့်ခြောက် မိုးကြိုးကပ်ဘေး၏ အထွတ်အထိပ်ဖြစ်သော အတွေးစပေါင်း ၆၆,၆၆၆ ခု ဖြင့် ဖွဲ့စည်းထားသည့် သူ၏ ‘ဗုဒ္ဓဓမ္မခန္ဓာ’ သည် ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်း နိုင်သည့် အဆုံးမဲ့ တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားလေပြီ။

လီဖေးယွီ၏ တာအိုပညာရပ်များမှာ အစွမ်းထက်ပြီး သူ၏စိတ်ဝိညာဉ်ကို ကာကွယ်ရန် မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံ ရှိနေသဖြင့် မည်သည့်တိုက်ခိုက်မူ၊ မည်သည့် မိုးကြိုးကပ်ဘေးကိုမှ ကြောက်စရာမလိုသော်လည်း၊ ထိုအလံမှာ ‘ကောင်းကင်နဂါးဘုရင် နတ်ဘုရားချပ်ဝတ်’ လောက် မခိုင်ခံ့ပေ။ ထို့ကြောင့် ဟုန်ယွိ၏ ‘အနန္တတံဆိပ်တော်’ ကို မည်သို့မျှ မခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်မှုအပြီးတွင် ဟုန်ယွိသည် လေထဲတွင် မားမားမတ်မတ် ရပ်တန့်နေပြီး သူ၏ လက်ဝါးမှာ ပုံစံပြောင်းသွားကာ လက်ညှိုးများမှာ ချိတ်များကဲ့သို့ ကွေးညွတ်သွားသည်။ သူသည် လက်တံဆိပ်များကို အဆက်မပြတ် လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး ‘အသွင်မဲ့တံဆိပ်တော်’ ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

ဘုန်း….

လျှို့ဝှက်ဆန်းပြားသော စွမ်းအားတစ်ခုသည် လေထုကို ဖောက်ထွင်းပြီး လွင့်စင်နေသော မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံကို လွှမ်းခြုံလိုက်သည်။ ထိုအလံသည် ဟုန်ယွိ၏ လက်ထဲသို့ အရှိန်အဟုန်ဖြင့် စုပ်ယူခြင်း ခံလိုက်ရတော့သည်။

“တကယ့်ကို ထူးကဲ့တဲ့ အလံတော်ပဲ။ မြေကြီးလို လေးလံတဲ့ သဘောတရားတွေကို ဆောင်ကြဉ်းထားတာပဲ။ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေနဲ့ ရှေးခေတ်နန်းတွင်းက ပညာရှင်ကြီးတွေရဲ့ ကမ္ဘာမြေအပေါ် ထားရှိတဲ့ ပူဇော်ခြင်းအတွေးစတွေနဲ့ စုစည်းထားတာ ပဲ။ ဒါက သာမန်မှော်ရတနာ မဟုတ်ဘူး။ ‘စကြဝဠာအိတ်’ လို စိတ်ဝိညာဉ်ထဲမှာ ထည့်သွင်း ထားလို့ရတယ်။ ကံမကောင်းစွာပဲ ဒီလူရဲ့ ကျင့်စဉ်အဆင့်က အတွေးတစ်ခုနဲ့ ကမ္ဘာတစ်ခု ဖန်တီးနိုင်တဲ့အဆင့်ကို မရောက်သေးလို့ ဒီအလံနဲ့ အပြည့်အဝ ပေါင်းစပ်နိုင်ခြင်း မရှိသေး တာပဲ။”

နတ်ဘုရားအလံကို ကိုင်ထားပြီးနောက် ဟုန်ယွိသည် လီဖေးယွီ၏ ကျင့်စဉ်အဆင့်မှာ ပထမအဆင့် မိုးကြိုးကပ်ဘေးမျှသာ ရှိသေးကြောင်း သိလိုက်ရသည်။ သူ၏စိတ်ဝိညာဉ် သည် ရှေးဟောင်းရတနာဖြစ်သည့် ဤအလံတော်နှင့် ပေါင်းစပ်ထားသဖြင့် အဆင့်သုံး သို့မဟုတ် အဆင့်လေး မိုးကြိုးကပ်ဘေး ပညာရှင်များနှင့် ယှဉ်နိုင်သော်လည်း ၎င်းမှာ တစ်ဝက်တစ်ပျက် ပေါင်းစပ်ထားခြင်းမျိုးသာ ဖြစ်သည်။

ဤမဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံမှာ အစွမ်းထက်သော်လည်း ဟုန်ယွိအတွက်မူ ယခုအချိန်တွင် မလိုအပ်တော့ပေ။ သို့သော် သူ၏နောက်လိုက်များဖြစ်သော မုကလေး၊ မြေခွေးမလေးများ၊ ရွှေပင့်ကူနှင့် အခြားလူများအတွက်မူ နောင်လာမည့် ဖရိုဖရဲ ဖြစ်ရပ် များတွင် အသက်ဘေးမှ ကာကွယ်ရန် အလွန်အသုံးဝင်ပေလိမ့်မည်။

ပါရမီရှင် ကျွမ်းကျင်သူပေါင်းများစွာ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခြင်း၊ ပုန်းကွယ်နေ သော ရှေးဟောင်းမျိုးနွယ်စုများနှင့် အလယ်ခေတ် မျိုးရိုးမြင့် မိသားစုများမှ တပည့်များ ပေါ်ထွက်လာခြင်းတို့မှာ ကြီးမားသော စစ်မီးများ တောက်လောင်တော့မည့် ခေတ်ဆိုးကြီး ကျရောက်လာတော့မည့် အတိတ် နိမိတ်ပင် ဖြစ်သည်။

“ညီနောင်ဖန်း... ဒီဟုန်ယွိက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။ အခုချက်ချင်း ပြေးကြစို့။”

ထန်ဟိုင်လုံသည် ဟုန်ယွိ၏ လက်စွမ်းကို မြင်သောအခါ ထိတ်လန့်သွားသည်။ ဟုန်ယွိ သည် မိုးကြိုးထဲမှ လျှပ်တစ်ပြက် ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်ဖြိုခွဲ ရုပ်သေးကို သိမ်းယူ ခြင်း၊ အထွဋ်ထိပ်ကောင်းကင်နယ်မြေ ခေါင်းဆောင် ကျောက်ဖေးအာကို ကြက်ကလေး ကဲ့သို့ ဖမ်းမြှောက်ခြင်း၊ မီးလျှံနဂါးကိုးကောင်ကို လက်ဝါးတစ်ချက်ဖြင့် ချေမှုန်းခြင်း၊ ကောင်းကင်တာအို နတ်ဆိုးချိတ်ပိတ်ဓားကို ရိုက်ထုတ်ခြင်းနှင့် လီဖေးယွီ၏ မြေနတ်ဘုရား ငါးရောင်ခြယ်အလံကို သူ့စိတ်ဝိညာဉ်အတွင်းမှ ဆွဲထုတ်ပြီး လုယူခြင်းတို့ကို ဟုန်ယွိက မဆိုင်းမတွဘဲ တိုက်ကွက် နှစ်ကွက် သုံးကွက်အတွင်းမှာပင် ပြုလုပ်သွားခဲ့ရာ၊ ထန်ဟိုင်လုံ မှာ ထိတ်လန့်တုန်လှုပ်လျက် မျက်နှာ ဖြူလျော့သွားတော့သည်။

“ငါတို့ ဒီအနန္တရွှေဆေးလုံးအတွက် ဘယ်လောက် အပင်ပန်းခံခဲ့ရလဲ။ ဒီဆေးလုံးကို တခြားလူတစ်ယောက်ထံ ဘယ်လိုလုပ် အလကား ပေးနိုင်မှာလဲ။ ဟုန်ယွိက အခု အင်အား ကုန်ခါနီး ဖြစ်နေမှာပါ။ ငါတို့အားလုံး ပူးပေါင်းပြီး တိုက်ရင် သူ့ကို သတ်နိုင်မှာ သေချာ တယ်။ ဟိုမှာကြည့်... ကျန်တဲ့ မီးလျှံနဂါးရှစ်ကောင် လာနေပြီ။ ဆုမူလည်း အစွမ်းကုန် တိုက်တော့မှာ။ ပြီးတော့ ဟိုမှာကြည့်စမ်း၊ အဲဒါက ဝူမျိုးနွယ်စုရဲ့ မျိုးနွယ်စုထိန်းသိမ်းရေး ယွမ်ခွေစစ်ရထားပဲ။ ဝူမျိုးနွယ်စု တပည့်တွေ ရောက်လာကြပြီ၊ နောက်ပြီး အိမ်ရှေ့စံ မင်းသား၊ ကျိချန်းယွဲ့၊ ဘုရားရေ... ကျိမျိုးနွယ်စုက အဘိုးကြီးတွေလည်း ပါလာကြတယ်။”

ဖန်းယွမ်၏ ငယ်ရွယ်သော မျက်နှာပေါ်တွင် ယခုအခါ ရက်စက် ကြမ်းကြုတ်သည့် အမူအရာ ပေါ်ပေါက်လာသည်။ ၎င်းမှာ အရာအားလုံး ရှုံးနိမ့်သွားသဖြင့် အနိုင်ပြန်ရရန် အတွက် မိမိ လက်ချောင်းကိုပင် ဖြတ်ရဲသော လောင်းကစားသမားတစ်ဦးနှင့် တူလှသည်။

“ကောင်းပြီလေ၊ ဒီရွှေဆေးလုံးက လူတွေအများကြီးကို ဆွဲဆောင်နေတာပဲ။ ဟုန်ယွိလည်း ကြာကြာမခံနိုင်ပါဘူး။ အခွင့်အရေးရှာပြီး အတူတူတိုက်ကြမယ်။”

ထိုအချိန်တွင် ထန်ဟိုင်လုံသည်လည်း အဝေးမှ ကောင်းကင်ကိုပင် ဖောက်ထွင်းနိုင် လောက်အောင် တောက်ပသည့် ‘နတ်ဘုရားအလင်း’ နှင့်အတူ မြင်းကိုးကောင်ဆွဲသော ကြေးညိုရောင် စစ်ရထားကြီးတစ်စီး ပျံသန်းလာသည်ကို မြင်လိုက်ရသည်။

၎င်းမှာ အမှန်တရားတာအိုးဂိုဏ်း၏ ‘ကောင်းကင်နတ်ဘုရားအလင်း’ ဟုပင် တင်စားရ သည့် ကျိချန်ယွဲ့ ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ဖန်းယွမ်နှင့် ထန်ဟိုင်လုံတို့သည် မြင်းကိုးကောင်ဆွဲသော ကြေးညိုရောင် စစ်ရထားကြီးကို မှတ်မိသွားကြသည်။ ၎င်းတို့မှာ နှစ်ပေါင်းတစ်ထောင် သက်တမ်းရှိသော ဝူမိသားစု အနွယ်ဝင်တို့၏ အမွေအနှစ် ရတနာတစ်ခုပင် ဖြစ်သည်။

ကျင့်ကြံသူအများအပြားမှာ သွေးနံ့ရသော ယင်ကောင်များကဲ့သို့ အနန္တရွှေဆေးလုံး၏ ဆွဲဆောင်မှုကြောင့် အရှေ့ဘက်မြက်ခင်းလွင်ပြင်၏ အစွန်အဖျားသို့ စုပြုံရောက်ရှိလာကြ ခြင်း ဖြစ်သည်။

ထိုသို့ပြောနေစဉ်မှာပင် ထန်ဟိုင်လုံ၏ စိတ်ဝိညာဉ် အတွေးစများသည် ပုံဆောင်ခဲ ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်တွင် သတိမေ့မြောကာ ပြင်းထန်စွာ ဒဏ်ရာရနေသော လီဖေးယွီကို ဆွဲယူလိုက်သည်။

သို့သော် ထိုအချိန်တွင် လီဖေးယွီမှာ သတိမေ့နေပြီး ဒဏ်ရာအပြင်းထန် ရနေပြီ ဖြစ်သည်။

...

“ဆုမူ….၊ ခင်ဗျားက ကျုပ်နဲ့ ဆက်ပြီး တိုက်ချင်သေးတာလား။”

ဟုန်ယွိက မဟာမြေနတ်ဘုရား ငါးရောင်ခြယ်အလံကို သိမ်းဆည်းလိုက်စဉ်မှာပင် ဆုမူ သည် သူမ၏ ကောင်းကင်တာအို နတ်ဆိုးချိတ်ပိတ်ဓားကို လက်ဖြင့် ပြန်လည်ဖမ်းယူလိုက် သည်။ အဟုန်ပြင်းစွာဖြင့် လွင့်ထွက်သွားသော ထိုဓားမှာ ပြိုကွဲပျက်စီးရာမှ ပြန်လည် စုစည်းသွားပြီး သူမ၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

“တိုင်ရှန်အမှန်တရား တာအို၊ ဧကရာဇ်လမ်းစဉ်၏ ဗဟိုချက်၊ ကောင်းကင်အာဏာစက်၊ မြေကြီး၏ အစစ်မှန် အဝန်းဝိုင်း။ ကမ္ဘာဦး ယင်ယန်ဓား၊ ကောင်းကင်တိုင်ကို ဖြတ်တောက် ခြင်း။”

တိုင်ရှန်တာအိုဂိုဏ်း ၏ သူတော်စင် မိန်းမပျို ဆုမူသည် မန္တန်တစ်ခုကို တိုးတိုးရွတ်ဆိုလိုက် သည်။ ရုတ်တရက် ဆုမူ၏ ဦးခေါင်းအထက်တွင် အလွန်မြင့်မားသော နတ်သမီးတစ်ပါး ပေါ်လာသည်။ ထိုနတ်သမီးသည် မျက်လုံးများကို အနည်းငယ် မှိတ်ထားပြီး ကောင်းကင် နှင့် မြေကြီးအကြားတွင် မတ်မတ်ရပ်နေပြီး၊ သူမ၏ လက်တစ်ဖက်တွင် ခေါင်းလောင်း၊ အခြားလက်တစ်ဖက်တွင် စေတီတော်ကို ကိုင်ဆောင်ထားသည်။

တစ်ချိန်တည်းမှာပင် သူမ၏လက်ထဲရှိ ကောင်းကင်တာအို နတ်ဆိုးချိတ်ပိတ်ဓားသည် တဖြည်းဖြည်း ကြီးမားလာပြီး နတ်သမီးနှင့် ပေါင်းစပ်ကာ ကောင်းကင်တိုင်ကို နှစ်ခြမ်းခွဲ ပစ်နိုင်သည့် ဓားအလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားပြီး ဟုန်ယွိကို ခုတ်ပိုင်းလိုက်တော့ သည်။

ဒဏ္ဍာရီများအရ ကမ္ဘာဦးအခါက နတ်ဘုရားများနှင့် လူသားများကို ဆက်သွယ်ပေးနိုင် သည့် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသော တိုင်ကြီးတစ်တိုင် ရှိခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် ဓားချက်တစ်ချက်က ထိုတိုင်ကြီးကို နှစ်ခြမ်းခွဲလိုက်သဖြင့် ထိုအချိန်မှစ၍ ကောင်းကင်နှင့် မြေကြီးမှာ ကွဲကွာသွားခဲ့ရသည်။

ဤသည်မှာ တိုင်ရှန်တာအိုဂိုဏ်း၏ အမြင့်မြတ်ဆုံး သိုင်းပညာဖြစ်သော ‘ကောင်းကင်တိုင် ဖြိုခွဲခြင်း’ ပင် ဖြစ်သည်။

၎င်းမှာ ဟုန်ယွိ၏ ဗုဒ္ဓတံဆိပ်တော်များနှင့် အစွမ်းချင်း ဆင်တူသည်။

ဤဓားချက်တွင် ဆုမူ၏ စွမ်းအားအားလုံး ကိန်းဝပ်နေပြီး ခုတ်ပိုင်းလိုက်သည့်အခါ နတ်ဘုရားနှင့် မိစ္ဆာများကိုပင် တုန်လှုပ်စေနိုင်သည့် အငွေ့အသက်များ ပေါက်ကွဲထွက်လာ သည်။

တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ဦးခေါင်းအထက်၌ ပုံစံတူညီသော မီးလျှံနဂါးရှစ်ကောင် ပေါ်လာသည်။ ၎င်းတို့ တစ်ကောင်ချင်းစီမှာ မိုင်ပေါင်းများစွာ ရှည်လျားပြီး ဦးခေါင်းနှင့်မြီး ချိတ်ဆက်လျက် ကြီးမားသော မီးလျှံနဂါးအစီအရင်တစ်ခုကို ဖော်ဆောင်ကာ ဟုန်ယွိထံသို့ အရှိန်အဟုန်ဖြင့် ဆင်းသက်လာကြသည်။

“မီးလျှံနဂါးကိုးကောင်၊ နဂါးရှစ်ကောင်တည်းနဲ့ ငါ့ကို နိုင်မယ်လို့ တကယ်ပဲ ထင်နေတာ လား။”

ဟုန်ယွိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ့ခန္ဓာကိုယ်ကို မတ်မတ်ရပ်ကာ လက်တစ်ဖက်ဖြင့် တံဆိပ်တော်တစ်ခုကို ဖော်ဆောင်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ မှော်စွမ်းအား လှိုင်းလုံးများ တဟုန်ထိုး လွင့်ပျံ့ထွက်ပေါ်လာသည်။ ကောင်းကင်ယံမှ မိုးကြိုးတိမ်တိုက်များပင် ထိုမှော်စွမ်းအား လှိုင်းလုံးများကြောင့် လွင့်စင်သွားရသည်။

“ဉာဏ်ပညာ၊ မဟာကမ္ဘာ၊ အတိုင်းအဆမဲ့၊ နိဗ္ဗာန၊ အခြေခံနိယာမ၊ အသွင်မဲ့၊ သုဘူတိ၊ မဟာ။”

ဟုန်ယွိက လက်ကိုမြှောက်ကာ တံဆိပ်တော် ခုနစ်ပါးကို ဆက်တိုက် ထုတ်ဖော်လိုက် သည်။ အဆုံးတွင် သူသည် အထွဋ်ထိပ်ကောင်းကင်နယ်မြေခေါင်းဆောင် ကျောက်ဖေးအာ ကို အခြားလက်တစ်ဖက်ဖြင့် အသာအယာ ဘေးချထားလိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ ‘မဟာတံဆိပ်တော်’ကို ပေါင်းစပ်ထုတ်ဖော်လိုက်သည်။

မည်သည့် ကြိုတင်သတိပေးချက်မျှ မရှိဘဲ ကောင်းကင်ယံတွင် ကြီးမားလှသော လက်ဝါး တော်ကြီး ခုနစ်ချက်က ရုတ်ခြည်းပေါ်လာပြီး မီးလျှံနဂါး ရှစ်ကောင်ကို ရိုက်ချလိုက်သည်။ နဂါးရှစ်ကောင်လုံးသည် ၎င်းတို့၏ ‘မီးလျှံအမြုတေ’များကို ထုတ်လွှတ်ကာ လက်ဝါးများ ကို ခုခံလိုက်ကြသည်။

သို့သော် အောက်ဘက်မှ ထွက်ပေါ်လာသော နောက်ဆုံး တံဆိပ်တော်သည် လွှမ်းမိုး ချုပ်ကိုင်နိုင်သော စွမ်းအားဖြင့် မီးလျှံနဂါး ရှစ်ကောင်၏ ဗဟိုချက်တည့်တည့်ကို တိုက်ရိုက် ရိုက်ခတ်လိုက်သွားသည်။ ယမ်းအိုးကြီးတစ်ခု ပေါက်ကွဲသွားသကဲ့သို့ ပြင်းထန်လှသည်။

စူးရှသော နဂါးဟိန်းသံများ၊ လွင့်စင်လာသော နဂါးသွေးများ၊ နဂါးခန္ဓာကိုယ် အပိုင်းအစ များ၊ လက်သည်းများနှင့် အကြေးခွံများမှာ မိုးရွားသွန်းသကဲ့သို့ ကောင်းကင်ယံမှ တစ်ဖန် ကျဆင်းလာပြန်သည်။

မီးလျှံနဂါးရှစ်ကောင်၏ ပူးပေါင်းတိုက်ကွက်မှာ ဟုန်ယွိ၏ ဗုဒ္ဓလက်ဝါးများအောက်တွင် တစ်စစီ ပျက်စီးသွားရတော့သည်။

တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် လက်နှစ်ဖက်ကို စုစည်းကာ သူ့ရှေ့တည့်တည့်မှ ဓားကို ညှပ်ကာ ဖမ်းဆုပ်လိုက်သည်။

ဆုမူ၏ ‘ကောင်းကင်တိုင်ဖြိုခွဲဓား’ သည် ဟုန်ယွိ၏ လက်နှစ်ဖက်ကြားတွင် အဖမ်းခံလိုက် ရသဖြင့် ဓားမှထွက်နေသော အလင်းတန်းများ ကွယ်ပျောက်သွားပြီး ဓားကိုယ်ထည်ပေါ် တွင် အက်ကွဲကြောင်းများ ပေါ်လာသည်။ ထို့နောက် ဆုမူ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သွေးအနည်းငယ် အန်ထုတ်လိုက်ရသည်။

ဤအံ့အားသင့်ဖွယ် ကောင်းလှသော ဓားချက်ကို ဟုန်ယွိက ချက်ချင်း ချေမှုန်းလိုက်သဖြင့် ‘ကောင်းကင်တာအို နတ်ဆိုးချိတ်ပိတ်ဓား’ ပေါ်တွင် အပ်နှံထားသော ဆုမူ၏ စိတ်ဝိညာဉ် မှာ ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။

“ဟုန်ယွိ၊ မင်းက တကယ်တော်ပါတယ်။ မင်းက ငါတို့ဂိုဏ်းချုပ်ကို စိန်ခေါ်ဖို့ အရည်အချင်း ရှိသွားပြီ။ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် မင်းကို လာရှာလိမ့်မယ်။”

ဆုမူသည် သွေးများကို သုတ်ရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဟင်းလင်းပြင်ကို ဖြိုခွဲပြီး ထွက်ပြေးရန် ပြင်လိုက်သည်။ သူမ၏ မီးလျှံနဂါးကိုးကောင်လုံးကို ဟုန်ယွိက လက်ဝါး တစ်ချက်တည်းဖြင့် ချေမှုန်းနိုင်လိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ယခုတစ်ကြိမ်တွင် သူမ၏ဘေး၌ နဂါးတစ်ကောင်မျှ မကျန်တော့ဘဲ နဂါးကိုးကောင်လုံး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ နဂါးကိုးကောင် ပူးပေါင်းတိုက်ခိုက်ပါက အဆင့်ခြောက် မိုးကြိုး ကပ်ဘေး အထွတ်အထိပ်သို့ ရောက်ရှိနေသူကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသော်လည်း ဟုန်ယွိ သည် ၎င်းတို့ကို လက်ဝါးတစ်ချက်တည်းဖြင့်ပင် အမှုန့်ဖြစ်အောင် လုပ်နိုင်ခဲ့သည်။

ဆုမူသည် ဤနေရာမှ ချက်ချင်းထွက်ခွာရန်မှတစ်ပါး အခြားမရှိတော့ပေ။ မီးလျှံနဂါး ကိုးကောင်စလုံးကို ဆုံးရှုံးလိုက်ရသဖြင့် သူမ၏ အင်အားမှာ များစွာ လျော့နည်းသွားခဲ့ပြီ ဖြစ်ရာ တိုင်ရှန်တာအိုဂိုဏ်း၏ ဤသူတော်စင် မိန်းမပျိုတစ်ဦးအနေဖြင့် သူမသည် အခြား သူများ၏ အခွင့်ကောင်းယူ တိုက်ခိုက်ခြင်းကို ခံရနိုင်သည်။

“သူမက... တိုင်ရှန်တာအိုဂိုဏ်းရဲ့ သူတော်စင် မိန်းမပျို ဆုမူပဲ၊ ကျောက်စိမ်းမြို့တော်ရဲ့ ‘ပန်းကြဲပြည့်တန်ဆာရုံ’က ပါရမီအရှိဆုံး အမျိုးသမီးပေါ့။”

ဆုမူ ရှုံးနိမ့်သွားပြီး ဟင်းလင်းပြင်ကို ဆွဲဖြဲကာ ထွက်ပြေးရန် လက်လှမ်းလိုက်စဉ်မှာပင် မြင်းကိုးကောင်ဆွဲ ကြေးညိုရောင် စစ်ရထားကြီးသည် သူမထံသို့ တဟုန်ထိုး ပြေးဝင်လာ သည်။ ကောင်းကင်ယံရှိ မိုးကြိုးနှင့် လျှပ်စီးများမှာ ထိုရထားပျံအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိပေ။

“မိန်းကလေးဆု... မကြောက်ပါနဲ့၊ ကျွန်တော် ခင်ဗျားကို ကူညီပါ့မယ်။ ရထားပျံပေါ် တက်ခဲ့ပါ။”

လူငယ်တစ်ဦးသည် အခြေအနေကို မြင်သည်နှင့် စူးရှစွာ ဟစ်အော်လိုက်ပြီး သူ၏ အော်ဟစ်သံမှာ ကြိုးကြာငှက်တစ်ကောင်ကဲ့သို့ စူးရှလှသည်။ သူက လက်ညှိုးဖြင့် တစ်ချက် ညွှန်လိုက်ရာ ငှက်ပျံပုံစံ မှော်ရတနာတစ်ခုမှာ ဆုမူဆီသို့ ပျံထွက်သွားပြီး သူမ ရှေ့ရှိ ဟင်းလင်းပြင် အက်ကွဲကြောင်းကို ချက်ချင်း ဖျက်ဆီးလိုက်သည်။ တစ်ချိန်တည်းမှာ ပင် ထိုမှော်ရတနာသည် ဆုမူကို လွှမ်းခြုံလိုက်ပြီး သူမကို ရထားပျံပေါ်သို့ ဆွဲတင်ရန် ကြိုးစားလိုက်သည်။

“မင်းက လုပ်ရဲတယ်ပေါ့။”

ဟုန်ယွိ၏ အကြည့်မှာ ထိုနေရာသို့ ရောက်သွားပြီး ကြေးညိုရောင် စစ်ရထားပျံပေါ်မှ လူငယ်တစ်ယောက်သည် အလှလေးနှင့် နီးစပ်ခွင့်ရသဖြင့် ကျေနပ်ဂုဏ်ယူနေသော အမူအရာကို မြင်လိုက်ရသော အခါ သူ၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားတော့သည်။

ဟုန်ယွိသည် တုန့်ဆိုင်းခြင်းမရှိ ကြေးညိုရောင် စစ်ရထားပျံရှိရာ အရပ်သို့ ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ဘုန်း…

ထိုလက်ဝါးချက်သည် ဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် မိုင်တစ်ရာ ကျော် ဝေးကွာသော ကြေးညိုရောင် စစ်ရထားပျံကြီး၏ ရှေ့တွင် ပြန်လည် ပေါ်ထွက်လာ ကာ၊ ဧရာမလက်ဝါးရာ ကြီးကိုးခုအဖြစ် ပြောင်းလဲလျက် ရထားပျံကို ရိုက်ချလိုက်တော့ သည်။

“ယွမ်ခွေစစ်လက်နက်၊ ကြေးညိုရောင် စစ်ရထားပျံ မြင်းစိမ်းကိုးကောင်၊ နတ်ဘုရား စစ်သူကြီးရဲ့ သူရဲကောင်း ဝိညာဉ်။ ရှန့်နု။”

ထိုမြင်ကွင်းကို မြင်သောအခါ ရထားပျံပေါ်မှ ခေါင်းဆောင် အမျိုးသမီးက ပြုံးလိုက်သည်။ သူမသည် စစ်ရထားပျံ၏ စွမ်းအားကို ယုံကြည်မှု ရှိပုံရသည်။ သူမ၏ လက်ထဲရှိ စစ်လက်နက် အမှတ်အသားကို အသာအယာ ပွတ်သပ်လိုက်ရာ ချက်ချင်းပင် စစ်ရထားပျံ ဘေးပတ်လည်၌ ကြီးမားသော အလင်းတံတိုင်းကြီး တစ်ခု ထွက်ပေါ်လာသည်။

ထွားကျိုင်းသန်မာသော ကြေးညိုရောင် မြင်းကိုးကောင်၏ ကျောပေါ်တွင် အရပ်မြင့်မား ပြီး၊ ခန့်ညားထည်ဝါသည့် ကြေးညိုရောင် နတ်ဘုရားစစ်သူကြီး ကိုးဦး ချက်ချင်း ပေါ်ထွက် လာသည်။ သူတို့ထံမှ ရှေးခေတ် လွှမ်းမိုးချုပ်ကိုင်နိုင်သော အငွေ့အသက်များ ထွက်ပေါ်နေ ပြီး၊ ကမ္ဘာမြေကို တုန်ခါစေနိုင်သော နတ်ဘုရားစွမ်းရည် သိုင်းတာအို သိုင်းဆန္ဒများကို ထုတ်ဖော်လိုက်ကြသည်။

၎င်းတို့မှာ ရှေးခေတ်ကာလ နတ်ဘုရားစစ်သူကြီး ‘ခွေ’ ၏ သူရဲကောင်း ဝိညာဉ်များပင် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် စစ်ရထားပျံကို မောင်းနှင်နေသော ရွှေရောင်ချပ်ဝတ်တန်ဆာ ဝတ်ထားသည့် လူသန်ကြီး ‘ရှန့်နု’ က သူ၏နှင်တံကို ဝှေ့ယမ်းကာ ဟုန်ယွိ၏ လက်ဝါးချက် ကို ရိုက်ချလိုက်သည်။

“ပေါက်ကွဲစမ်း”

ဟုန်ယွိ၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။ ဧရာမလက်ဝါးကြီး ကိုးခုမှာ အဆက်မပြတ် ပြောင်းလဲကာ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ လွှမ်းမိုးချုပ်ကိုင်နိုင်သော ‘ဗုဒ္ဓလက်ဝါး’ သည် ထောင်ပေါင်းများစွာသော တိုက်ကွက်များအဖြစ် ပြောင်းလဲသွားပြီး စစ်ရထားပျံ၏ အလင်းတံတိုင်းကို တိုက်ရိုက် ထိမှန်သွားသည်။ ချက်ချင်းပင် စစ်ရထားပျံ၏ အလင်း တံတိုင်းမှာ အပိုင်းပိုင်း ပြတ်တောက် ပျက်စီးသွားတော့သည်။

တစ်ချိန်တည်းမှာပင် ဧရာမလက်ဝါးကြီး ကိုးခုမှာ မြင်းကြီး ကိုးကောင်ပေါ်ရှိ နတ်ဘုရား စစ်သူကြီးများကို အသီးသီး ရိုက်ချမိလိုက်သည်။ ထိုစစ်သူကြီးများမှာ အသံတစ်ဝက်ပင် မထွက်နိုင်ဘဲ တစ်ဦးပြီးတစ်ဦး ပေါက်ကွဲသွားကြတော့သည်။

ရှန့်နု၏ နှင်တံသည် ဟုန်ယွိ၏ လက်ဝါးအနီးသို့ ရောက်ခါနီးမှာပင်၊ ဟုန်ယွိက လက်မဖြင့် ဖိနှိပ်လိုက်သည်။ ‘ဖောက်’ ဆိုသည့် အသံနှင့်အတူ ထိုရွှေရောင်ချပ်ဝတ်တန်ဆာဝတ် လူသန်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြာအဖြစ် ပေါက်ကွဲသွားတော့သည်။

ထိုသန်မာထွားကျိုင်းပြီး ခွန်အားတောင့်တင်းလှသော လူသန်ကြီးမှာ ဟုန်ယွိ၏ အဝေးမှ နေ၍ လက်ညှိုးတစ်ချောင်းနှင့် ဖိနှိပ်ရုံမျှဖြင့် သေဆုံးသွားခဲ့ရလေပြီ။

All Chapters