အခန်း (၄၂၁-၄၂၂)
Vol. 42 Ch. 421-422
အခန်း။ ၄၂၁
“မဟုတ်ဘူး ဒါက မတူဘူး”
သူ တွေးလိုက်မိသည်။
ပြန်လည်စတင်ခြင်းပြီးနောက် သူ၏ ဗရမ်းဗတာခန္ဓာမှာ အဆင့်တက်သွားခဲ့ပြီး သူ၏ သီအိုရီအတိုင်းပင် ဗရမ်းဗတာနိယာမကို ရရှိခဲ့သည်။
သူသည် လက်ထဲတွင် ဗရမ်းဗတာနိယာမကို ဆင့်ခေါ်လိုက်ပြီးနောက် အကြွင်းမဲ့ အရင်းအမြစ်သဘောတရားမှာ ဤအရာနှင့် မတူကြောင်း တွေးတောနေမိသည်။ ၎င်းမှာ နိယာမတစ်ခုနှင့် မတူဘဲ လုံးဝခြားနားသော အရာတစ်ခုကဲ့သို့ ခံစားရသည်။ ၎င်းမှာလည်း အဓိပ္ပာယ်ရှိပါသည်။ မည်သို့ပင်ဆိုစေ ၎င်းသည် အခြားသော သဘောတရားအားလုံး၏ မြစ်ဖျားခံရာပင်။
သူသည် အခြားတစ်ဖက်သော လက်ကို မြှောက်လိုက်ပြီး အကြွင်းမဲ့ ပျက်သုဉ်းခြင်းကို ဆင့်ခေါ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ ပျက်စီးသွားတော့သည်။ သို့သော် ၎င်းမှာ သာမန်အတိုင်း ပျက်စီးပြီး အတွင်းမှ ဗလာနယ် ပေါ်လာခြင်းမျိုး မဟုတ်ဘဲ သူ၏ ဝိညာဉ်ပင်လယ်အတွင်းကဲ့သို့ပင် လုံးဝဥဿုံ ဘာမှမရှိခြင်းအဖြစ် အစဖျောက်ခံလိုက်ရခြင်းပင်။ ပုံမှန်အတိုင်း ဟင်းလင်းပြင်က သု့ကိုယ်သူ ပြန်လည်ပြုပြင်ခြင်းပင် မလုပ်ဆောင်နိုင်တော့ပေ။
ထိုနေရာမှာ အစကတည်းက ဟင်းလင်းပြင် မရှိခဲ့ဖူးသလိုမျိုး ဗလာသက်သက်သာ ကျန်ရစ်တော့သည်။
သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်သောအခါမှ ဟင်းလင်းပြင်နှင့် ဗလာနယ်တို့မှာ ပြန်လည်ကောင်းမွန်သွားခဲ့သည်။
ဤစွမ်းရည်မှာ အလွန်အစွမ်းထက်သော်လည်း စွမ်းအင်သုံးစွဲမှုမှာ အလွန်ကြီးမားကြောင်း ရှန်းယွီ တွေးလိုက်မိသည်။
ယခုလေးတင် အသုံးပြုလိုက်ရုံမျှဖြင့် သူသည် အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားခဲ့သည်။
သူ မျှော်လင့်ထားသလို ထိုစွမ်းရည်ကို အပြည့်အဝ ဖမ်းဆုပ်နိုင်ခြင်း မရှိသေးပုံပင်။ ပုံမှန်အားဖြင့် နိယာမများနှင့် အခြားသော စွမ်းရည်များသည် အသက်ဝင်ရန်အတွက် စွမ်းအင်အပေါ် မှီခိုနေရသည်။ အကြွင်းမဲ့ အရင်းအမြစ်အလုပ်လုပ်ပုံမှာ ၎င်း၏ သဘောတရားအရ ဘာမှမရှိခြင်းမှ တစ်စုံတစ်ခုကို ဖန်တီးနိုင်ရမည်ဟု သူ မျှော်လင့်ထားခဲ့ခြင်းပင်။
သို့သော် ယခုအသုံးပြုပုံမှာ စွမ်းအင်မှတစ်ဆင့် တစ်စုံတစ်ခုကို ဖန်တီးနေခြင်းဖြစ်ရာ ဖန်တီးမှုနိယာမနှင့် အနည်းငယ် ဆင်တူနေပြီး ပိုမိုလွတ်လပ်မှု ရှိနေခြင်းသာ ဖြစ်သည်။
အတန်ကြာ စဉ်းစားပြီးနောက် သူ ဖြစ်နိုင်ခြေရှိသော ရှင်းပြချက်တစ်ခုကို ရရှိခဲ့သည်။ သူ ချဉ်းကပ်ပုံ လုံးဝ မှားယွင်းနေခြင်းပင်။ သူ ယခု ပိုင်ဆိုင်ထားသည်မှာ အကြွင်းမဲ့ အရင်းအမြစ် နိယာမသာ ဖြစ်သည်။ သို့သော် အစစ်အမှန် အကြွင်းမဲ့ အရင်းအမြစ်ဆိုသည်မှာ နိယာမတစ်ခု မဟုတ်ပေ။ ဆိုလိုသည်မှာ သူသည် အကြွင်းမဲ့ အရင်းအမြစ်ကို အတုယူနေခြင်းသာ ဖြစ်ပြီး သူ နားလည်ထားသမျှကို စွမ်းအင်သုံးကာ ပြန်လည်ဖန်တီးနေခြင်းပင်။
သူ သီအိုရီတစ်ခု ထုတ်လိုက်သည်။ အနိမ့်ဆုံးအဆင့်တွင် နယ်ပယ်သဘောတရားများ ရှိသည်။ ၎င်း၏အထက်တွင် နိယာမရှိပြီး ထိုထက်ကျော်လွန်သော အထွတ်အထိပ်တွင် တာအို ရှိသည်။
ဒါဆိုရင်... ဒီသဘောတရားတွေ အားလုံးရဲ့ အလယ်မှာ အကြွင်းမဲ့ အရင်းအမြစ်ဆိုတာ ဘယ်နေရာမှာ ပါဝင်နေမှာလဲ။ သေချာတာတစ်ခုကတော့... အဲဒါဟာ ငါ သိထားတဲ့ ဘယ်အရာနဲ့မှ မတူညီဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ အရင်းအမြစ်ဆိုတာက ဒီသဘောတရားတွေ အားလုံး စီးဆင်းလာရာ ပင်မမြစ်ဖျားဖြစ်နေလို့ပဲ။
ဤသည်မှာ အချက်တစ်ချက်ကိုသာ ညွှန်ပြနေသည်။ ၎င်းတို့အားလုံး၏ အထက်တွင် နောက်ထပ် အဆင့်တစ်ခု ရှိနေသေးကာ သူသည် ထိုအဆင့်ကို အရင်းအမြစ်ဟု အမည်ပေးရန် ဆုံးဖြတ်လိုက်သည်။
၎င်းသည် တာအိုအဆင့်သဘောတရားများ၏ အထက်တွင် ရှိနေမည့် အဆင့်ဖြစ်သည်။
အရင်းအမြစ်အဆင့် သဘောတရားဆိုသည်မှာ အကြွင်းမဲ့ အရင်းအမြစ်ကဲ့သို့ တည်ရှိမှု တစ်ခုလုံးကို သက်ရောက်မှုရှိသော သဘောတရားမျိုး ဖြစ်ရမည်ဟု သူ တွေးလိုက်သည်။ လောလောဆယ်တွင် သူသည် ထိုကဲ့သို့သော သဘောတရားတစ်ခုကိုသာ သိရှိထားပြီး အခြား ရှိဦးမည်လားဆိုသည်ကိုမူ သူ သံသယရှိမိသည်။
စစ်မှန်သော အရင်းအမြစ်အဆင့်ရှိ အကြွင်းမဲ့ အရင်းအမြစ်ကသာ ဘာမှမရှိခြင်းမှ သဘောတရားများကို ဖန်တီးခြင်း စသည်တို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် ထိုကဲ့သို့သော စွမ်းအားကို ပိုင်ဆိုင်နိုင်ရန် သူ၏ အကြွင်းမဲ့ အရင်းအမြစ်သဘောတရားကို စစ်မှန်သော အဆင့်သို့ရောက်အောင် မြှင့်တင်ရမည် ဖြစ်သည်။
သူ သက်ပြင်းချရင်း ခေါင်းခါလိုက်မိသည်။ မူလအရင်းအမြစ်အဆင့် သဘောတရားကို မရရှိသေးသည့်တိုင်အောင် ယခု ရထားသည့်အရာမှာ အသုံးမဝင်ဘူးဟု မဆိုလိုပေ။ ၎င်းမှာ အလွန်ပင် အစွမ်းထက်နေဆဲပင်။
သူ လုပ်ဆောင်သမျှအတွက် အခြားသော နိယာမများကဲ့သို့ပင် စွမ်းအင်ကို အဖိုးအခအဖြစ် ပေးဆောင်ရန်သာ လိုအပ်သည်။
အခြားသော နိယာမများအကြောင်း ပြောရလျှင် ရှန်းယွီ ပြုံးလိုက်မိသည်။ အကြွင်းမဲ့ အရင်းအမြစ်သည် အခြားသော သဘောတရားအားလုံး၏ မြစ်ဖျားခံရာ ဖြစ်နေပါက ၎င်းမှတစ်ဆင့် အခြားသော သဘောတရားများကို သူ ရရှိနိုင်မည်ပင်။ ၎င်းကို အသုံးပြု၍ သူ၏ အခြားသော နယ်ပယ်များကို နိယာမအဆင့်သို့ မြှင့်တင်ပြီး အခြားသော နိယာမ သုံးထောင်လုံးကို ရယူနိုင်မည်ပင်။
…
ရှန်းယွီသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်အားလုံးကို ထုတ်ယူကာ အကြွင်းမဲ့ အရင်းအမြစ် နိယာမအတွင်းသို့ စတင်စုစည်းလိုက်သည်။
နိယာမကို နားလည်ရန် ကြိုးစားစဉ်က မူလအကြွင်းမဲ့ အရင်းအမြစ်သည် တည်ရှိမှုအတွင်းရှိ သဘောတရားအားလုံးကို ဖန်တီးပြီး ပြန်လည်ဖျက်ဆီးပုံကို မြင်တွေ့ခဲ့ရသည်ကို သူ ပြန်လည်အာရုံပြုလိုက်သည်။ ထိုမြင်ကွင်းကို အသည်းအသန် အာရုံစိုက်ပြီး ပြန်လည်ဖန်တီးရန် သူ ကြိုးစားလိုက်သည်။
သူ၏ လက်ပေါ်တွင် အလင်းစက်လေးတစ်ခု စတင်တောက်ပလာသည်။
သူသည် ထိုအလင်းစက်ကို အပြင်းအထန် အာရုံစိုက်လိုက်သည်။
“နောက်ထပ် နည်းနည်းလေးပဲ”
သူ တွေးလိုက်စဉ် သူ၏ အတွင်းပိုင်းမှ တစ်စုံတစ်ခု ပွင့်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် လက်ဝါးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ထိုအလင်းကို ချေဖျက်လိုက်သည်။
သူ၏ မျက်နှာတွင် ကျေနပ်သော အမူအရာ ပေါ်လာသည်။ သူ နောက်ထပ် နိယာမတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။
အကြွင်းမဲ့ အရင်းအမြစ်ကို အသုံးပြု၍ သူသည် ဖန်တီးမှုနိယာမကို ပြန်လည်ဖန်တီးရန် ကြိုးစားခဲ့ခြင်းပင်။ သူ ယခင်က မြင်တွေ့ခဲ့သလို သဘောတရားတစ်ခုလုံးကို အပြည့်အဝ ပြန်လည်ဖန်တီးနိုင်ခြင်း မရှိသေးသော်လည်း သူ၏ ဖန်တီးမှုနယ်ပယ်ကို နိယာမအဆင့်သို့ ရောက်အောင် တွန်းပို့နိုင်ခဲ့သည်။
တစ်ခုတည်းသော ပြဿနာမှာ လိုအပ်သော စွမ်းအင်မှာ သူ့ကို လုံးဝဥဿုံ ကုန်ခမ်းလုနီးပါး ဖြစ်စေခဲ့ခြင်းပင်။
သူသည် အသက်ကို ပြင်းပြင်းရှူရင်း သု့ကိုယ်သူ တည်ငြိမ်စေရန် စွမ်းအင်အမြောက်အမြားကို စုပ်ယူလိုက်ရသည်။
နောက်ထပ် တစ်ခု ထပ်စမ်းကြည့်ရမလားဟု သူ တွေးလိုက်မိသည်။ သူ အလွန်ပင် စမ်းကြည့်ချင်နေသော်လည်း နောက်ဆုံးတွင်တော့ မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ ပို၍ သတိထားရန် လိုအပ်သည်။
အမှန်စင်စစ် သူ၏ စွမ်းအင်မှာ ထိုမျှအထိ မနည်းလှပေ။
ကြယ်အနည်းငယ်စာလောက် ရှိနေသေးသည်။
သို့သော် ထိုစွမ်းအင်အားလုံးကို သူ၏ ခန္ဓာကိုယ်အတွင်းရှိ အရူးအမူး ဖြစ်ပေါ်နေသော ဓာတ်ပြုမှုများကို ထိန်းညှိရန်အတွက် အသုံးပြုနေရခြင်းပင်။ အကယ်၍ သူ စွမ်းအင်များ ဆုံးရှုံးသွားပြီး ထိုဓာတ်ပြုမှုများကို မထိန်းချုပ်နိုင်တော့ပါက သူသည် အမှန်တကယ်ပင် စူပါနိုဗာပေါက်ကွဲမှုကြီးကဲ့သို့ ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အစဖျောက်သွားနိုင်သည်။
ထို့အပြင် ကြယ်အများစုမှာ သူ၏ ဝိညာဉ်ရှိရာနှင့် နီးကပ်နေသဖြင့် သူသည် သံသရာမြစ်အတွင်းသို့ ဝင်ရောက်ခွင့်ပင် ရလိမ့်မည် မဟုတ်ပေ။
အခုမှ ပြန်စဉ်းစားကြည့်တော့ သူသည် အမှန်တကယ်ပင် လမ်းလျှောက်နေသော ဘေးဒုက္ခတစ်ခု ဖြစ်နေသည်။ အကယ်၍ သူသာ အသတ်ခံရပါက သူ့ပတ်ဝန်းကျင်က လူများပါ အသက်ရှင်နိုင်မည် မဟုတ်ပေ။ ထိုအကြောင်းကို တွေးမိရုံနှင့်တင်...
“ထားလိုက်ပါတော့... ငါ မသေအောင် နေရင် ရပြီပဲ...”
သူသည် တစ်နေ့လျှင် နိယာမတစ်ခုကိုသာ အဆင့်မြှင့်တင်ရန် သု့ကိုယ်သူ ကန့်သတ်လိုက်သည်။
အချိန်ကြာလာသည်နှင့်အမျှ သူ ပိုမိုလုပ်ဆောင်နိုင်လာပေလိမ့်မည်။ သူ၏ ကြီးထွားနှုန်းအရဆိုလျှင် တစ်လအတွင်း နိယာမ သုံးထောင်လုံးကိုပင် ရရှိနိုင်သည်။ သူ ပြုံးလိုက်မိသည်။ မနေ့ကအထိ သူ၌ နိယာမတစ်ခုမျှ မရှိခဲ့သော်လည်း ယခုအခါ နိယာမနှစ်ခု ပိုင်ဆိုင်ထားရုံသာမက အလွန်အစွမ်းထက်သော အကြွင်းမဲ့နိယာမတစ်ခုကိုပါ လျှို့ဝှက်လက်နက်အဖြစ် ရရှိထားပြီ ဖြစ်သည်။
သူသည် နိယာမများ၏ တိုးတက်မှုကို ကြည့်ရန် သူ၏ စနစ်ကို ဆင့်ခေါ်လိုက်သည်။
ဧကရီ၏ သင်ကြားမှုများအရ ၎င်းသည် ရာခိုင်နှုန်းအလိုက် တိုးတက်ကြောင်း သူ သိထားသည်။
သူ၏ စနစ်က ရာခိုင်နှုန်းများကို အဆမတန် တိုးပေးလိမ့်မည်ဟု သူ မထင်သော်လည်း တစ်
ရာခိုင်နှုန်းချင်းစီအတွက် အတွေ့အကြုံမှတ်ပြကွက်ပေးလိမ့်မည်ဟုလည်း မထင်ပေ။ ၎င်းမှာ စနစ်အတွက်တော့ အဆင့်နိမ့်လွန်းလှသည်။
ဒါကို ဘယ်လိုမျိုး အမျိုးအစား ခွဲခြားထားတာလဲဟု သူ သိချင်နေမိသည်။
စနစ်မျက်နှာပြင်ကို စစ်ဆေးလိုက်စဉ် နိယာမ အမျိုးအစားခွဲခြားမှုဆိုင်ရာ အချက်အလက်များမှာ သူ၏ ဦးခေါင်းအတွင်းသို့ ချက်ချင်း စီးဝင်လာသည်။ ၎င်းကို သူ စစ်ဆေးကြည့်ရန် ပြင်ဆင်နေစဉ် သူ၏ နောက်ကျောဘက်မှ ဗလုံးဗထွေး အသံများကို ကြားလိုက်ရသည်။
“ဟင်း... ဒါက ဘာထူးဆန်းတဲ့ အသံလဲ”
သူ လှည့်ကြည့်လိုက်သောအခါ သူ၏ နောက်ကျောမှ ထွက်ပေါ်နေသော အမျှင်များက လီယောင်းကို ထူးဆန်းသော ပုံစံဖြင့် ချည်နှောင်ထားသည်ကို တွေ့လိုက်ရသည်။ သူ သူနဖူးကို လက်ဖြင့် ရိုက်လိုက်မိသည်။ သူမက ဘယ်လိုမှ စိတ်မအေးနိုင်သဖြင့် သူ ဤနည်းလမ်းကို အသုံးပြုခဲ့ရခြင်းပင်။
သူမအကြောင်းကို သူ မေ့လုနီးပါး ဖြစ်သွားခဲ့သည်။
သူသည် သူမ၏ ပါးစပ်ကို ပိတ်ထားသော အစီအရင်ကို ဖြည်ပေးလိုက်သော်လည်း လုံးဝတော့ မလွှတ်ပေးသေးပေ။
“အခု စိတ်အေးသွားပြီလား”
သူ မေးလိုက်သည်။
“အေးသွားပါပြီ... ဒါပေမဲ့...”
သူမ မျက်နှာလေး နီမြန်းသွားရင်း “ကျွန်မ ကိုယ့်ကိုကိုယ်ထဲမှာ နောက်ထပ် တစ်ခုခုကို ရှာဖွေတွေ့ရှိလိုက်သလိုပဲ” ဟု ပြောလိုက်သည်။
အခန်း။ ၄၂၂
စနစ်၏ အချက်အလက်များအရ နိယာမတစ်ခု၏ ကျွမ်းကျင်မှုတွင် အဆင့်ခြောက်ဆင့် ရှိသည်။
နိယာမ နိုးထခြင်း၊ နိယာမ ပဲ့တင်ထပ်ခြင်း၊ နိယာမ ပေါင်းစည်းခြင်းနှင့် နိယာမ ထင်ရှားခြင်းတို့မှာ နိယာမကျွမ်းကျင်မှု၏ ကနဦးအဆင့်များဖြစ်ပြီး အဆင့်တစ်ခုစီတွင် စုစုပေါင်းကျွမ်းကျင်မှု၏ 25% စီ ပါဝင်သည်။ ဥပမာအားဖြင့် နိုးထခြင်းအဆင့်သည် 1% မှ 25% အထိ ရှိသည်။ ပဲ့တင်ထပ်ခြင်းမှာ 26% မှ 50% အထိ ဖြစ်ပြီး ကျန်အဆင့်များမှာလည်း ထိုနည်းအတိုင်းပင်။
ထင်ရှားခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိပါက နိယာမကျွမ်းကျင်မှုမှာ 100% ပြည့်သွားမည် ဖြစ်သည်။ ဧကရီ၏ အဆိုအရ ဤအဆင့်ကို နတ်ဘုရားနယ်ပယ်ဟု ခေါ်ဆိုပြီး နိယာမကို သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကဲ့သို့ လွတ်လပ်စွာ အသုံးချနိုင်သည့် အဆင့်ဖြစ်သည်။
ထိုအဆင့်၏ အထက်တွင် နိယာမ ကျော်လွန်ခြင်းရှိသည်။ အမည်အတိုင်းပင် ဤအဆင့်သို့ ရောက်ရန် နိယာမကို ကျော်လွန်သွားရမည် ဖြစ်သည်။ ဧကရီ၌ ဤအကြောင်းနှင့် ပတ်သက်၍ အချက်အလက်မရှိပေ။
သူ၏ နိယာမကို ကျော်လွန်ရန် ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။ နတ်ဘုရားနယ်ပယ်
အောက်ရှိ တိုးတက်မှုအားလုံးမှာ နိယာမကို နားလည်ရန် ကြိုးစားခြင်းသာ ဖြစ်ရာ သူသိရှိသမျှ အရာအားလုံးဖြစ်သော နိယာမကို ကျော်လွန်ရန်ဆိုသည်မှာ ဘယ်ကစရမှန်းပင် သိနိုင်မည်မဟုတ်ပေ။
လူအများစုမှာမူ နိယာမအမျိုးမျိုးကို လေ့လာရန် ကြိုးစားကြသည်။
ဤသည်မှာ ဧကရီကိုယ်တိုင် လုပ်ဆောင်ခဲ့သည့် နည်းလမ်းဖြစ်သည်။ နိယာမနှစ်ခု ပေါင်းစပ်ပါက နိယာမတစ်ခုကို ကျော်လွန်နိုင်သင့်သည်။ သူမသည် အခြားနိယာမများကို ပေါင်းစပ်ကာ သူမ၏ နိယာမကို ဖိနှိပ်နိုင်ခဲ့သော်လည်း ပိုမိုမြင့်မားသော နယ်ပယ်သို့ သွားမည့်လမ်းကိုမူ မမြင်တွေ့ခဲ့ရသဖြင့် ဤသည်မှာ အကန့်အသတ်ဖြစ်မည်ဟု သူမ ယူဆခဲ့ခြင်းပင်။
“စီနီယာအစ်မကတော့ လုပ်နိုင်ခဲ့မှာပါ ဒါပေမဲ့ ကျွန်မလည်း သေချာမသိဘူး”
ဧကရီက တွေးလိုက်မိသည်။
အခုမှ ပြန်စဉ်းစားကြည့်တော့... လူတွေက ငါ့ကို လူသားမျိုးနွယ်ရဲ့ အကြီးမားဆုံး ပါရမီရှင်လို့ တင်စားကြတယ်။ ငါ့ရဲ့ ကျင့်ကြံခြင်းနှုန်းကလည်း တခြားသူတွေထက် အဆပေါင်းများစွာ မြန်ခဲ့တာပဲ။ ဒါပေမဲ့... ဒါပေမဲ့ ဘာဖြစ်လို့ စီနီယာအစ်မကိုကျတော့ တစ်ခါမှ အနိုင်မတိုက်နိုင်ခဲ့ရတာလဲ။
ရှန်းယွီက သူမ၏ အမူအရာကို ကြည့်ကာ ဘာတွေတွေးနေတာလဲဟု သိချင်နေမိသည်။
“ဘာပဲဖြစ်ဖြစ် ပညာရှိအကြောင်း ဆက်ရအောင်...”
ရှန်းယွီ၏ကိုယ်ပွါးက စကားစလိုက်သည်။
ရှန်းယွီ၏ မူလခန္ဓာကိုယ်တွင်မူ သူသည် စနစ်မှ ရရှိထားသော အသိပညာများကို ခွဲခြမ်းစိတ်ဖြာနေစဉ် လီယောင်းကို သူ၏ အမျှင်များဖြင့် မြဲမြံစွာ ဆုပ်ကိုင်ထားဆဲပင်။
နိယာမ ကျော်လွန်ခြင်းနယ်ပယ်၏ အထက်တွင် နိယာမ မူလအစနယ်ပယ် ရှိသည်။ ဤသည်မှာ နောက်ဆုံးနယ်ပယ် ဖြစ်သည်။ ၎င်းမှာ နိယာမနှင့် တိုက်ရိုက်ပတ်သက်သော နယ်ပယ်မျိုး မဟုတ်ဘဲ နိယာမ ကျော်လွန်ခြင်းကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ပါက ရရှိလာမည့် စွမ်းရည်မျိုး ဖြစ်သည်။ နိယာမတစ်ခုကို လုံးဝကျော်လွန်သွားသောအခါ သဘောတရားအနည်းငယ် ရှိရုံမျှဖြင့် နိယာမသစ်များကို အလွယ်တကူ သင်ယူနိုင်ပြီး လုံးဝအသစ်စက်စက် နိယာမများကိုပင် ဖန်တီးနိုင်လာမည် ဖြစ်သည်။
ဤအရာ၏ အကျိုးကျေးဇူးမှာ သင်ကိုယ်တိုင် နိယာမသစ်တစ်ခုကို ဖန်တီးလိုက်သည်နှင့် ထိုနိယာမကို ဖန်တီးသူအနေဖြင့် ၎င်းကို အလိုအလျောက် ကျော်လွန်ပြီးသား ဖြစ်သွားခြင်းပင်။
ရှန်းယွီ ပြုံးလိုက်မိသည်။ သူ၏ အကြွင်းမဲ့ အရင်းအမြစ်မှာ နိယာမ မူလအစနှင့် အတော်ပင် ဆင်တူလှသည်။
ဒါဆိုရင်... ငါကသာ အခု ဒီနေရာမှာ အရင်က မရှိခဲ့ဖူးတဲ့ နိယာမအသစ်တစ်ခုကို ဖန်တီးလိုက်
မယ်ဆိုရင် ငါက ချက်ချင်းပဲ ပညာရှိတစ်ယောက် ဖြစ်သွားတော့မှာလား။
သူသည် သူ၏ အကြွင်းမဲ့ အရင်းအမြစ် နိယာမကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ ဤသည်မှာ မဖြစ်နိုင်လောက်ပေ။
နယ်ပယ်တစ်ခုကို နိယာမအဆင့်သို့ မြှင့်တင်ရန် လိုအပ်သော စွမ်းအင်ပမာဏမှာပင် အလွနကြီးမားလှရာ နိယာမတစ်ခုကို အစမှအဆုံး ဖန်တီးရန် လိုအပ်မည့် ပမာဏမှာ မည်မျှအထိ များပြားမည်ကို သူ မခန့်မှန်းနိုင်တော့ပေ။ သူ၏ စွမ်းအင်အားလုံးကို အဆတစ်သန်းခန့် အသုံးပြုလျှင်တောင် နီးစပ်လိမ့်မည် မဟုတ်ပေ။
…
နိယာမ တိုးတက်မှုဆိုင်ရာ အသိပညာများကို ခွဲခြမ်းစိတ်ဖြာပြီးနောက် သူသည် ပြန်လည်
စတင်ခြင်းမျက်နှာပြင်သို့ ကူးပြောင်းလိုက်သည်။
အတွင်းစွမ်းအားကို ရှာဖွေတွေ့ရှိပြီး စွမ်းအင်အမြုတေကို တည်ဆောက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကျင့်စဉ်မှာ အတော်ပင် လျင်မြန်စွာ တိုးတက်နေသည်။
အံ့ဩစရာကောင်းသည်မှာ အတွင်းစွမ်းအားရှိပါက ၎င်းကို ခန္ဓာကိုယ်အနှံ့ လှည့်ပတ်စေခြင်းဖြင့် ခန္ဓာကိုယ်ကို လှုံ့ဆော်ပေးနိုင်ပြီး ပိုမိုမြန်ဆန်စွာ ကြီးထွားလာအောင် လုပ်ဆောင်နိုင်ခြင်းပင်။
သေချာပေါက်ပင် အကြီးမားဆုံး အကျိုးကျေးဇူးမှာ သူ၏ မိန်းမနှင့် လေ့ကျင့်၍ တိုက်ခိုက်ခြင်းမှ ရရှိခြင်းပင်။
ယခုအခါ သူသည် ခန္ဓာကိုယ်ကျင့်စဉ်၏ ၅၂ လွှာ သို့ ရောက်ရှိနေပြီဖြစ်ရာ တိုက်ပွဲစမ်းသပ်မှုအတွင်း သူ မည်မျှအထိ သန်မာနေမည်ကို သိချင်လှပြီ ဖြစ်သည်။
သူသည် သူ၏ စိတ်အခြေခံအချက်အလက်ကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။ ၎င်းမှာ ယခင်ကထက် နှစ်ဆ တိုးတက်လာခဲ့သည်။
သူ၏ ဝိညာဉ် ကြီးထွားလာသည်နှင့်အမျှ သူသည် ဝိညာဉ်ပင်လယ်အတွင်းသို့ အစစ်အမှန် ဟင်းလင်းပြင်များကို ပိုမိုဖြန့်ကျက်နေသဖြင့် စိတ်အပေါ် ဖိအားသက်ရောက်စေကာ ၎င်းကို ပိုမိုတွန်းအားပေးစေခဲ့သည်။
ယခင်က သူသည် တစ်နာရီလျှင် တစ်မိုင်ခန့်သာ တိုးချဲ့နိုင်သော်လည်း ယခုအခါ တစ်နာရီလျှင် ဆယ်မိုင်အထိ တိုးချဲ့နိုင်သည်။
သူ၏ အကြွင်းမဲ့ အရင်းအမြစ် နိယာမနှင့် ပေါင်းစပ်လိုက်သောအခါ အကြွင်းမဲ့ ပျက်သုဉ်းခြင်းသဘောတရားနှင့် ထိတွေ့ရန် ပိုမိုလွယ်ကူသွားသဖြင့် သူသည် တစ်နာရီလျှင် မိုင်ပေါင်း တစ်ထောင်အထိ တိုးချဲ့နိုင်လာသည်။ သူ သန်မာလာသည်နှင့်အမျှ ဤအရှိန်မှာ ပိုမိုမြန်ဆန်လာမည်ဖြစ်ရာ သူ၏ ပထမဆုံးသော အစစ်အမှန် ကြယ်ဂြိုဟ်ကို တည်ဆောက်ရန် သိပ်မဝေးတော့ပေ။
လောလောဆယ်တွင် အစစ်အမှန် ဟင်းလင်းပြင်မှာ မိုင်ပေါင်း ၄၅,၀၀၀ ခန့် ကျယ်ဝန်းနေပြီ ဖြစ်သော်လည်း သူ လိုချင်သည့် မိုင်ပေါင်း ဆယ်သန်းနှင့် ယှဉ်လျှင် အလွန်သေးငယ်နေသေးသည်။ သို့သော် သူ၏ ကြီးထွားနှုန်းအရဆိုလျှင် ဤအခက်အခဲကို ကျော်လွှားရန် သိပ်မကြာတော့ပေ။
သူ၏ ဝိညာဉ်မှာလည်း လမ်းတစ်ဝက်ကို ကျော်လွန်သွားပြီဖြစ်ရာ နောက်တစ်ကြိမ် ပြန်လည်စတင်ချိန်တွင် နောက်ထပ် နယ်ပယ်တစ်ခုသို့ တက်လှမ်းနိုင်တော့မည် ဖြစ်သည်။ ရှန်းယွီ ပြုံးလိုက်မိသည်။ ဤသည်မှာ အတော်ပင် စိတ်ဝင်စားဖို့ ကောင်းလှသည်။ သူသည် ယခင်ကကဲ့သို့ပင် အကြီးအကဲအဆင့်ကို ကျော်ဖြတ်ကာ ရှေးဟောင်းအဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားမလားဟု သူ သိချင်နေမိသည်။
သူ စမ်းသပ်ကြည့်ချင်သော အခြား အကြံတစ်ခုလည်း ရှိသေးသည်။
ပြန်လည်စတင်ချိန်အတွင်း သူ၏ စနစ် အသက်ဝင်မည့် အချိန်နှင့် ကိုက်ညီအောင် သူ၏ အကြွင်းမဲ့ အရင်းအမြစ်ကို စုစည်းထားချင်သည်။ အကယ်၍ သူ၏ သီအိုရီ မှန်ကန်ပါက သူ၏ အတွေ့အကြုံမှတ်များ နှစ်ဆတိုးသွားပြီးနောက် ၎င်းကို ထပ်မံ၍ နှစ်ဆတိုးအောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။
၎င်းမှာ အကြွင်းမဲ့ အရင်းအမြစ် နိယာမတစ်ခုတည်းအတွက်သာ ဖြစ်သော်လည်း သူ၏ သီအိုရီ မှန်ကန်ရန်သာ လိုအပ်သဖြင့် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထားရသည်။
သူ့အနေဖြင့် အကြွင်းမဲ့ အရင်းအမြစ် နိယာမကိုသာ အထွတ်အထိပ်သို့ တွန်းပို့နိုင်ပါက အခြားအရာများမှာ အရေးမကြီးတော့ဘူးဟု သူ တွေးလိုက်မိသည်။
အခြားသော နိယာမများအတွက်မူ အကြွင်းမဲ့ အရင်းအမြစ် နိယာမကို အသုံးပြု၍ သူတို့၏ ကျွမ်းကျင်မှုကို အလိုအလျောက် မြှင့်တင်နိုင်မည်ဖြစ်ရာ ခဲတစ်လုံးတည်းနှင့် ငှက်သုံးထောင် ပစ်နိုင်ခြင်းပင်။
ရှန်းယွီသည် သူ၏ ကျင့်ကြံခြင်း ပါရမီကို ကြည့်လိုက်သည်။ ၎င်းမှာ အတော်ပင် နှေးကွေးစွာ တိုးတက်နေသည်။
သူ ပြုံးလိုက်သော်လည်း ဤအရာမှာ ဒီနေ့တွင် အဆုံးသတ်တော့မည်ဟု သူ တွေးလိုက်သည်။ ဒီနေ့တွင် သူ၏ သုတေသနကို အဆုံးသတ်တော့မည် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ပြီးပါက ၎င်းကို မကြုံစဖူးသော အရှိန်အဟုန်ဖြင့် တိုးတက်အောင် လုပ်ဆောင်တော့မည် ဖြစ်သည်။
နတ်ဘုရားနယ်ပယ်သို့ ရောက်ရန် တစ်ပတ်ထက် ပိုကြာလိမ့်မည်ဟု သူ မယုံကြည်ပေ။ နောက်ဆုံးတွင်တော့ သူ၏ ဂျူနီယာညီမလေး၏ ပါရမီကို သူ မှီတော့မည် ဖြစ်သည်။ စွမ်းအားပိုင်းတွင်မူ သူမကို သူ မှီနေပြီဖြစ်ရာ ဤဇာတ်လမ်းမှာ နောက်ဆုံးတော့ သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
“ဟဲဟဲ... ဟဲဟဲဟဲ... ဟဲဟဲဟဲဟဲဟဲဟဲ”
သူသည် အရူးတစ်ယောက်ကဲ့သို့ တစ်ယောက်တည်း ရယ်မောနေမိသည်။
သူ၏ နောက်ကျောဘက်တွင် လီယောင်းက သူ့ကို ကြည့်နေသည်။
“စီနီယာအစ်ကို... အရမ်းကျပ်နေပြီ”
သူမ တွေးလိုက်သည်။ ထို့နောက် သူမ၏ အမူအရာမှာ ရှန်းယွီထက်ပင် ပို၍ ရူးသွပ်သော အသွင်သို့ ပြောင်းလဲသွားသည်။
“ဒါပေမဲ့ ကျွန်မ သဘောကျတယ်။ ဟားဟားဟားဟားဟားဟားဟားဟားဟား”