အခန်း (၄၁၉-၄၂၀)
Vol. 42 Ch. 419-420
အခန်း။ ၄၁၉
ဉာဏ်အလင်းပွင့်မှုနှင့် ပတ်သက်လျှင် အဓိကပြဿနာမှာ စိတ်ပင်ဖြစ်သည်ဟု ရှန်းယွီ တွေးတောနေမိသည်။
ပုံမှန်အားဖြင့် မြင့်မားသော ဉာဏ်အလင်းပွင့်မှု ပါရမီဖြင့် မွေးဖွားလာသူများသည် ထိုသဘောတရားများကို သဘာဝအလျောက် ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။
သို့သော် သူ၏ပါရမီကို အဆင့်မြှင့်တင်လိုသူများအတွက်မူ ဝင်ရောက်လာမည့် အချက်အလက်အားလုံးကို လုပ်ဆောင်နိုင်စွမ်းရှိသော မြင့်မားသည့် စိတ်အဆင့်တစ်ခု လိုအပ်သည်။
သူသည် ဉာဏ်အလင်းပွင့် သလင်းလုံးကို ဖန်တီးနိုင်သော်လည်း လောလောဆယ်တွင် ၎င်းက အလုပ်ဖြစ်လိမ့်မည်ဟု သူ မထင်ပေ။
အမှန်စင်စစ် ၎င်းသည် အန္တရာယ်ပင် ရှိနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကို လိုအပ်နေသူ အများစုမှာ ထိုကဲ့သို့ မြင့်မားသော စိတ်ပိုင်းဆိုင်ရာ နယ်ပယ်သို့ မရောက်ရှိကြသေးသောကြောင့် ဖြစ်သည်။ ဤအရာအတွက် သူ အဖြေရှာရန် လိုအပ်သည်။
သူ ပိုမိုစဉ်းစားလေလေ၊ စိတ်အဆင့်ကို မြှင့်တင်ခြင်းမှတစ်ပါး အခြားနည်းလမ်းမရှိကြောင်း သူ သဘောပေါက်လေလေ ဖြစ်သည်။
တစ်ခုတည်းသော နည်းလမ်းမှာ ဝီရိယရှိရှိ လေ့ကျင့်ခြင်းပင်။
တပည့်များကို ဉာဏ်အလင်းပွင့်မှု အမွေကို မခံယူမီအထိ သူတို့ဘာသာ စိတ်ပိုင်းဆိုင်ရာ အဆင့်မြင့်မားလာအောင် လေ့ကျင့်ခိုင်းရလား သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအတွက်လည်း ဖြတ်လမ်းတစ်ခု ဖန်တီးပေးရမလားဟု သူ ဝေခွဲမရ ဖြစ်နေသည်။
“အာ... လုပ်လိုက်တာပေါ့”
မည်သို့ပင်ဆိုစေ ဤသုတေသနများအားလုံးမှာ သူ၏ အမှန်တရားရှာဖွေသူအလုပ်အကိုင်နှင့် ဉာဏ်အလင်းပွင့်မှု အဆင့်တက်ရန် အထောက်အကူ ဖြစ်နေသည်။
သုတေသနအချို့ ပြုလုပ်ပြီးနောက် သူ အဖြေတစ်ခု ရခဲ့သည်။
“ဒါက ဆေးဝါးတွေပဲ”
ပို၍ တိတိကျကျ ပြောရလျှင် စိတ်အာရုံချောက်ခြားမှုကို ဖြစ်စေသော ဆေးဝါးများပင်။
စိတ်အဆင့်ကို မြှင့်တင်နိုင်သည့် နည်းလမ်းမှာ ခက်ခဲသော အခြေအနေများကို ကျော်လွှားခြင်း သို့မဟုတ် သူလုပ်ခဲ့သလို သူ၏ နှလုံးသားအနှစ်သာရကို ပြန်လည်အတည်ပြုခြင်းပင်။ နှလုံးသားအနှစ်သာရ အပိုင်းမှာ ခက်ခဲလှသည် အဘယ်ကြောင့်ဆိုသော် လူအနည်းငယ်သာ ဤမျှစောစီးစွာ သူတို့၏ နှလုံးသားအနှစ်သာရကို ရှာဖွေတွေ့ရှိနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် သူနှင့် လုံးဝ မကိုက်ညီသော ထူးဆန်းသည့် ယုံကြည်ချက်များကို အတင်းအကျပ် အတည်ပြုခြင်းက နောင်တွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်သည်။
သူ့အတွက်မူ သူ၏ နှလုံးသားဆန္ဒမှာ ရှင်သန်ခြင်းဖြစ်သဖြင့် လွယ်ကူခဲ့သည်။ သူသည် ရိုးရှင်းစွာပင် အသက်ရှင်လိုခဲ့ခြင်းပင်။ အပြောင်းအလဲများစွာ ရှိခဲ့သော်လည်း အဓိက ရည်မှန်းချက်မှာ တူညီနေဆဲပင်။ အခြားသူများအတွက်မူ ဤအရာမှာ ခက်ခဲနိုင်သဖြင့် သူသည် ပထမရွေးချယ်မှုဖြစ်သော ခက်ခဲသည့် အခြေအနေများကို ကျော်လွှားခြင်းနည်းလမ်းကိုသာ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ခက်ခဲသော အခြေအနေများကို ဖန်တီးရန်မှာလည်း လှည့်ကွက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ကြိုတင်စီစဉ်ထားသော အခြေအနေဖြစ်ကြောင်း သိနေပါက စိတ်အဆင့်မှာ တိုးတက်လာမည်မဟုတ်ပေ။
ထို့ကြောင့်ပင် သူသည် ဆေးဝါးများကို အားကိုးရခြင်းပင်။
သူသည် သူလက်ဝါးပေါ်ရှိ အပင်ကို ကြည့်လိုက်သည်။
“အိပ်မက်လမ်းလျှောက်သူရဲ့ ဆေးပင်”
ဤသည်မှာ သူဖန်တီးလိုက်သော ဆေးပင်အသစ်၏ အမည်ဖြစ်သည်။
ထိုဆေးပင်မှာ အမည်အတိုင်းပင် သံသရာဆေးလုံးအဖြစ် ဖော်စပ်မည်ဖြစ်သည်။
“ငါသိပါတယ် ငါ့မှာ နာမည်အသစ်တွေ ပေးဖို့ ကုန်နေပြီ ဟုတ်ပြီလား”
သံသရာဆေးလုံးသည် လူတစ်ဦးကို နှစ်ခြိုက်စွာ အိပ်ပျော်နေသော အခြေအနေသို့ ရောက်ရှိစေမည်။
ထို့နောက် ၎င်းသည် သူတို့၏ စိတ်ကို ထိန်းချုပ်ကာ အလွန်အမင်း လက်တွေ့ကျသော အိပ်မက်တစ်ခုအတွင်းသို့ သွတ်သွင်းလိမ့်မည်။
ထိုဆေးလုံးသည် သူတို့၏ အမှတ်တရများကိုလည်း ပိတ်ဆို့ထားမည်ဖြစ်ရာ ထိုအိပ်မက်ကမ္ဘာသစ်တွင် သူတို့သည် မွေးကင်းစကလေးငယ်အဖြစ်မှ စတင်ရမည်ဖြစ်သည်။
ထိုအိပ်မက်ထဲတွင် သူတို့သည် သူတို့ အလိုရှိသလို ရှင်သန်နိုင်သည်။ သူတို့ သေဆုံးသွားသောအခါ အိပ်မက်မှာ ပြီးဆုံးသွားမည်ဖြစ်ပြီး ထိုဘဝတွင် သူတို့သင်ယူခဲ့သော သင်ခန်းစာများအားလုံးကို သူတို့၏ စိတ်ကို မြှင့်တင်ရန်နှင့် နှလုံးသားအနှစ်သာရကို ပိုမိုတိကျစေရန် အသုံးပြုနိုင်မည် ဖြစ်သည်။
အိပ်မက်ပေါင်းများစွာကို တွေ့ကြုံရလေလေ သူတို့၏ စိတ်ပိုင်းဆိုင်ရာမှာ ပိုမိုကြီးထွားလာလေလေ ဖြစ်လိမ့်မည်။
ထိုဆေးပင်တွင် ဤကဲ့သို့ အာနိသင်များ ရှိနေသော်လည်း ရှန်းယွီ ဖော်ထုတ်ထားသော အခြား အမည်မပေးရသေးသည့် ဆေးပင်များနှင့် တွဲဖက်၍ ဆေးလုံးဖော်စပ်ရမည် ဖြစ်သည်။ အခြားဆေးပင်များ၏ အာနိသင်မှာ ဆေးလုံး၏ အကျိုးသက်ရောက်မှုကို တည်ငြိမ်စေရန်နှင့် ဘေးကင်းလုံခြုံမှုအတွက် ဖြစ်သည်။
ပထမအချက်မှာ အသုံးပြုသူ၏ စိတ်ကို အခြားသော စရိုက်များက လွှမ်းမိုးခြင်း သို့မဟုတ် သု့ကိုယ်သူ ပျောက်ဆုံးသွားခြင်း မရှိစေရန် ကာကွယ်ပေးဖို့ ဖြစ်သည်။ နောက်တစ်ခုမှာ အချိန်အနှစ်သာရပါဝင်သော ဆေးပင်။ ၎င်းသည် အချိန်ကန့်သတ်ချက်များကို ကူညီပေးမည်ဖြစ်ပြီး တိုတောင်းသော အချိန်အတွင်း၌ပင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် ပုံရိပ်ယောင်ကို ဖန်တီးပေးမည် ဖြစ်သည်။
ကျန်ရှိသောအရာများမှာ ပြန်လည်မွေးဖွားခြင်းအာနိသင်ပါသော ဆေးပင်နှင့် ကုသခြင်းအာနိသင်ပါသော ဆေးပင်တို့ ဖြစ်သည်။
၎င်းသည် စိတ်ကို အစဉ်အမြဲ ကုသပေးနေသည့် အခြေအနေတွင် ထားရှိမည်ဖြစ်ရာ စိတ်ပင်ပန်းနွမ်းနယ်ခြင်းနှင့် ရပ်တန့်သွားခြင်းတို့ မဖြစ်ပေါ်စေရန် ဖြစ်သည်။ ပြန်လည်မွေးဖွားခြင်း အာနိသင်နှင့် ပတ်သက်လျှင်မူ အိပ်မက်ထဲတွင် ပြင်းထန်သော အခြေအနေများကို ရင်ဆိုင်ရချိန်တွင် စိတ်သည် အာရုံကြောများစွာကို လောင်ကျွမ်းစေနိုင်သဖြင့် စိတ်ကို အမြဲတမ်း လန်းဆန်းနေစေရန်နှင့် အိုမင်းခြင်းမရှိစေရန် ဤအရာမှာ လိုအပ်လှသည်။
သူ ထိုအကြောင်းကို တွေးနေစဉ်မှာပင် ကမ္ဘာကြီးမှာ စတင်တုန်ခါလာသည်ကို သူ ခံစားလိုက်ရသည်။
သူတို့ရှိနေသော ကြယ်ဂြိုဟ်တစ်ခုလုံးမှာ တုန်ခါနေခြင်းပင်။
ရှန်းယွီသည် လီယောင်းကို ကြည့်လိုက်သည်။
“မိန်းမ... စိတ်အေးအေးထားပါဦး ဘာတွေဖြစ်နေတာလဲ”
သူ ထိတ်လန့်တကြား ပြောလိုက်မိသည်။
သူမကို သူ အနည်းငယ် အပြစ်ပေးခဲ့သည်မှာ မှန်သော်လည်း ဒီလောက်အထိ လုပ်စရာမလိုပါဘူး ဟုတ်တယ်မလားဟု သူ တွေးလိုက်မိသည်။
“စိတ်အေးအေးထားရမယ် ဟုတ်လား။ တစ်ယောက်ယောက်က ကျွန်မပိုင်တဲ့ အရာကို လာပြီး ပစ်မှတ်ထားနေတာကို ကျွန်မက ဘယ်လိုလုပ် စိတ်အေးအေး ထားနိုင်မှာလဲ”
သူမက ပြေ လိုက်ရာ သူမ၏ စွမ်းအင်များမှာ ပိုမိုပြင်းထန်လာခဲ့သည်။
“စိတ်အေးအေးထားပါ ဘယ်သူကမှ ဘာမှ မလိုချင်…”
သူ စကားမဆုံးမီမှာပင် သူ၏ တိုက်ပွဲစမ်းသပ်မှု လုပ်ဆောင်ချက်က တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သဖြင့် သူ တောင့်ခဲသွားတော့သည်။
……
[ဗိသုကာပညာရှင်: အဆင့် ၅ (၃၀၀/၅၀၀) → အဆင့် ၄ (၀/၆၀၀)]
[ဆေးပညာ: ကောင်းကင်ဘုံအဆင့် (၃၈၀၀/၁၀,၀၀၀) → ကောင်းကင်ဘုံအဆင့် (၇၆၀၀/၁၀,၀၀၀)]
[ဝိညာဉ်လယ်သမား: ကောင်းကင်ဘုံအဆင့် (၇၈၀၀/၁၀,၀၀၀) → မသေမျိုးအဆင့် (၀/၁၀၀,၀၀၀)]
[ဆေးဖော်စပ်သူ: မသေမျိုးအဆင့် (၆၅/၁၀၀,၀၀၀) → မသေမျိုးအဆင့် (၁၃၀/၁၀၀,၀၀၀)]
[ပန်းပဲဆရာ: မသေမျိုးအဆင့် (၅၁၀/၁၀၀,၀၀၀) → မသေမျိုးအဆင့် (၁၀၂၀/၁၀၀,၀၀၀)]
[အဆောင်ပညာရှင်၊ အစီအရင်ဆရာ: မသေမျိုးအဆင့် (၂၄၀၀/၁၀၀,၀၀၀) → မသေမျိုးအဆင့် (၄၈၀၀/၁၀၀,၀၀၀)]
[ဆန်းစစ်သူ: မသေမျိုးအဆင့် (၁၇၀၀/၁၀၀,၀၀၀) → မသေမျိုးအဆင့် (၃၄၀၀/၁၀၀,၀၀၀)]
[စားဖိုမှူး: မသေမျိုးအဆင့် (၈၀၀၀/၁၀၀,၀၀၀) → မသေမျိုးအဆင့် (၁၆,၀၀၀/၁၀၀,၀၀၀)]
[အမှန်တရားရှာဖွေသူ: မသေမျိုးအဆင့် (၁၀,၀၀၀/၁၀၀,၀၀၀) → မသေမျိုးအဆင့် (၂၀,၀၀၀/၁၀၀,၀၀၀)]
[နတ်ဘုရားအဆင့် ကုသခြင်း: အဆင့် ၂ (၁၈၀၀/၁၀,၀၀၀) → အဆင့် ၂ (၃၆၀၀/၁၀,၀၀၀)]
[နတ်ဘုရားအဆင့် ဟင်းလင်းပြင်လက်ဝါး: အဆင့် ၂ (၆၄၀၀/၁၀,၀၀၀) → အဆင့် ၃ (၀/၁၀၀,၀၀၀)]
[နတ်ဘုရားအဆင့် ဒြပ်စင်ခွဲပွား: အဆင့် ၃ (၂၀၀၀/၁၀၀,၀၀၀) → အဆင့် ၃ (၄၀၀၀/၁၀၀,၀၀၀)]
[နတ်ဘုရားအဆင့် ယင်ယန်ညီညွတ်ခြင်း: အဆင့် ၃ (၁၅၀၀/၁၀၀,၀၀၀) → အဆင့် ၃ (၃၀၀၀/၁၀၀,၀၀၀)]
[လက်နက်မဟုတ်သော လက်နက်ပေါင်းစုံစိတ်ဆန္ဒ: အဆင့် ၃ (၁၀၀/၃၀၀၀) → အဆင့် ၃ (၂၀၀/၃၀၀၀)]
[လက်ဝါးသိုင်းစိတ်ဆန္ဒ: အဆင့် ၃ (၁၀၀/၃၀၀၀) → အဆင့် ၃ (၂၀၀/၃၀၀၀)]
[ဝိညာဉ်မီးလျှံ: အဆုံးမဲ့ ဟင်းလင်းပြင်မီးလျှံ: အဆင့် ၁ (၁၀,၀၀၀/၉၀,၀၀၀) → အဆင့် ၁ (၂၀,၀၀၀/၉၀,၀၀၀)]
[ဉာဏ်အလင်းပွင့်မှု: မသေမျိုးအဆင့် (၁၀,၀၀၀/၁,၀၀၀,၀၀၀) → မသေမျိုးအဆင့် (၂၀,၀၀၀/၁,၀၀၀,၀၀၀)]
[ယင်ယန်၊ စနစ်တကျရှိမှု၊ ကံကြမ္မာနှင့် ကံတရားနယ်ပယ်များ: ကမ္ဘာအဆင့် (၂၀,၀၀၀/၁၀၀,၀၀၀) → ကမ္ဘာအဆင့် (၄၀,၀၀၀/၁၀၀,၀၀၀)]
[ဒြပ်စင်ပေါင်းစုံနယ်ပယ်များ: ကမ္ဘာအဆင့် (၃၀,၀၀၀/၁၀၀,၀၀၀) → ကမ္ဘာအဆင့် (၆၀,၀၀၀/၁၀၀,၀၀၀)]
[ဖန်တီးခြင်းနယ်ပယ်: ကမ္ဘာအဆင့် (၅၀,၀၀၀/၁၀၀,၀၀၀) → အကြွင်းမဲ့အဆင့် (၀/၁,၀၀၀,၀၀၀)]
[ဟင်းလင်းပြင်၊ အချိန်နှင့် ရှုပ်ထွေးမှုနယ်ပယ်များ: ကမ္ဘာအဆင့် (၅၀,၀၀၀/၁၀၀,၀၀၀) → အကြွင်းမဲ့အဆင့် (၀/၁,၀၀၀,၀၀၀)]
[ဟင်းလင်းပြင်နှင့် ဆွဲငင်အားနယ်ပယ်: အကြွင်းမဲ့အဆင့် (၁၀,၀၀၀/၁,၀၀၀,၀၀၀) → အကြွင်းမဲ့အဆင့် (၂၀,၀၀၀/၁,၀၀၀,၀၀၀)]
[စစ်နတ်ဘုရားခန္ဓာ: အဆင့် ၅ (၃၀၀,၀၀၀/၅၀၀,၀၀၀) → အဆင့် ၆ (၀/၆,၀၀၀,၀၀၀)]
[ဗရမ်းဗတာခန္ဓာ: အဆင့် ၆ (၃,၀၅၂,၀၀၀/၆,၀၀၀,၀၀၀) → အဆင့် ၇ (၀/၇၀,၀၀၀,၀၀၀)]
[ကြယ်တာရာနက္ခတ် တာအိုခန္ဓာ: အဆင့် ၂ (၅၀၀,၀၀၀/၂,၀၀၀,၀၀၀) → အဆင့် ၂ (၁,၀၀၀,၀၀၀/၂,၀၀၀,၀၀၀)]
[သာလွန်မြင့်မြတ်သော တာအိုခန္ဓာ: အဆင့် ၃ (၃၀၀,၀၀၀/၃,၀၀၀,၀၀၀) → အဆင့် ၃ (၆၀၀,၀၀၀/၃,၀၀၀,၀၀၀)]
[ဝိညာဉ်အမြစ်: မသေမျိုးအဆင့် ဒြပ်စင်ပေါင်းစုံ (၅,၀၀၀/၁,၀၀၀,၀၀၀) → မသေမျိုးအဆင့် (၁၀,၀၀၀/၁,၀၀၀,၀၀၀)]
[ဝိညာဉ်: အရွယ်ရောက်ပြီး (၁,၂၀၀,၀၀၀/၃,၀၀၀,၀၀၀) → အရွယ်ရောက်ပြီး (၂,၄၀၀,၀၀၀/၃,၀၀၀,၀၀၀)]
[စိတ်ဓာတ်စွမ်းအား: ကောင်းကင်ဘုံအဆင့် (၄၀,၀၀၀/၁,၀၀၀,၀၀၀) → ကောင်းကင်ဘုံအဆင့် (၈၀,၀၀၀/၁,၀၀၀,၀၀၀)]
[ဟင်းလင်းပြင်ဖြတ်ကျော်ခြင်း: အဆင့် ၁၀ → ဝိညာဉ်နှင့် ခန္ဓာကိုယ်ပေါင်းစည်းခြင်း: အဆင့် ၁ (၀/၁၁၀,၀၀၀e၅)]
[ခန္ဓာကိုယ်သန့်စင်ခြင်း: အဆင့် ၅၁ (၄၀,၀၀၀/၅၁,၀၀၀) → အဆင့် ၅၂ (၀/၅၂,၀၀၀)]
အခန်း။ ၄၂၀
ရှန်းယွီသည် နက်ရှိုင်းသော တရားမှတ်ခြင်း အခြေအနေတွင် ရှိနေစဉ် ပြန်လည်စတင်ခြင်းနီးကပ်လာသည်ကို ခံစားလိုက်ရသည်။
သူသည် အာရုံစိုက်ထားပြီး နေ့သစ်ရောက်ရှိလာမည့် အချိန်အတိအကျကို စောင့်ဆိုင်းနေခဲ့သည်။
သန်းခေါင်ယံ အချိန်ကျော်လွန်သွားသည်နှင့် သူ၏ ဉာဏ်အလင်းပွင့်မှု စွမ်းရည်၏ အေးခဲချိန်မှာ ပြီးဆုံးသွားပြီး သူသည် ၎င်းကို ချက်ချင်း အသက်သွင်းလိုက်သည်။ သူ၏ သိမြင်နားလည်မှုမှာ ချက်ချင်း ပြန့်ကားသွားပြီး အရာအားလုံးကို အမြင်သစ်ဖြင့် မြင်တွေ့နိုင်ခဲ့သည်။ ဤအခြေအနေတွင် သူ၏ အခြေခံအချက်အလက်များ တက်လာသည်ကို စနစ်က ပြသနေသဖြင့် သူသည် ကျေနပ်စွာ ပြုံးလိုက်မိသည်။
နောက်ဆုံးတော့ သူ ဖမ်းဆုပ်နိုင်ခဲ့ကာ ရုတ်တရက် သူသည် ဉာဏ်အလင်းပွင့်မှု အခြေအနေမှ ထွက်ခွာသွားသည်ကို သိလိုက်ရသည်။
“ဘာဖြစ်တာလဲ”
သူ ပတ်ဝန်းကျင်ကို ကြည့်ရင်း သိချင်နေမိသည်။ သူသည် ဉာဏ်အလင်းပွင့်မှု အခြေအနေမှ ထွက်လာခဲ့သော်လည်း အစစ်အမှန် ကမ္ဘာသို့ ပြန်ရောက်မလာဘဲ လုံးဝ ကွဲပြားခြားနားသော နေရာတစ်ခုသို့ ရောက်ရှိနေခြင်းပင်။ ဤနေရာသစ်တွင်ဘာတစ်ခုမျှ မရှိပေ။ ဗလာနယ်
ပင် မရှိဘဲ လုံးဝဥဿုံ ဘာမှမရှိခြင်းသာ ရှိသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူ ဘယ်နေရာရောက်နေသည်ကို သိသွားပြီး ထိတ်လန့်မှုများ လွှမ်းမိုးသွားခဲ့သည်။ ဤသည်မှာ အကြွင်းမဲ့ ပျက်သုဉ်းခြင်း သဘောတရားပင်။
သူ ထွက်ပြေးရန် ကြိုးစားသော်လည်း ခဏရပ်တန့်လိုက်သည်။ အကြောင်းမှာ သူထိတွေ့သမျှကို ဖျက်ဆီးပစ်မည့် အကြွင်းမဲ့ ပျက်သုဉ်းခြင်း၏ ဖျက်ဆီးမှု အာနိသင်ကို သူ မခံစားရသောကြောင့် ဖြစ်သည်။ သူသည် ထိုနေရာသို့ ရုပ်ပိုင်းဆိုင်ရာအရ ရောက်နေခြင်း မဟုတ်ပေ။ ဤသည်မှာ မြင်ကွင်းတစ်ခုလားဟု သူ သိချင်နေမိသည်။
အကယ်၍ ထိုသို့ဆိုလျှင် သူ သေသေချာချာ အာရုံစိုက်ရန် လိုအပ်သည်။ သူသည် သူကို ဝန်းရံထားသောအရာများကို အာရုံစိုက်လိုက်ပြီး ထိုသဘောတရားကို ခံစားနိုင်ရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။ ဤသည်မှာ သူ ယခင်က မြင်တွေ့ခဲ့ရသည်များ၏ အပေါ်ယံမျှသာ ရှိသေးသည်။
သူ ပို၍ နက်နက်ရှိုင်းရှိုင်း ကြည့်ရန် လိုအပ်သည်။
ရုတ်တရက် သူသည် တောက်ပလှသော အလင်းတန်းများကြားတွင် လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။ ဤနေရာမှာ အရာအားလုံးကို ဖုံးလွှမ်းထားသည့် တောက်ပလှသော ရောင်ခြည်များဖြင့် တည်ဆောက်ထားခြင်းပင်။ ထိုအလင်းမှာ ပြင်းထန်လွန်းလှသဖြင့် ထိုအလင်းမှတစ်ပါး အခြားဘာကိုမျှ သူ မမြင်ရတော့ပေ။
ဤသည်မှာ ဆန့်ကျင်ဘက် အခြေအနေလားဟု သူ သိချင်နေမိသည်။
ပထမနေရာမှာ ဘာတစ်ခုမျှ လွတ်မြောက်နိုင်ခြင်းမရှိသော အဆုံးသတ် ဖြစ်သော်လည်း ဤနေရာမှာမူ အရာအားလုံး မွေးဖွားရာ အစပြုခြင်းနှင့် တူသည်။
သူသည် ထိုတောက်ပသော အလင်းကို စိုက်ကြည့်ရင်း သူ၏ ဉာဏ်အလင်းပွင့်မှု အခြေအနေနှင့် ဆက်စပ်ကြည့်လိုက်သည်။ ဉာဏ်အလင်းပွင့်မှုကို ခံစားရချိန်တိုင်းတွင် သူ၏ ပတ်ဝန်းကျင်၌ အလင်းရောင်မျိုးစုံကို အမြဲ မြင်တွေ့ရလေ့ရှိသည်။ ထိုစုစည်းနေသော တောက်ပမှုများကို သူ စူးစမ်းကြည့်သောအခါ ၎င်းမှတစ်ဆင့် ပြန့်ကားထွက်လာသော အလင်းမျှင်လေးများကို မြငလိုက်ရသည်။ ဤသည်မှာ သူ ရှာဖွေနေသည့်အရာဖြစ်သည့် အကြွင်းမဲ့ အရင်းအမြစ်ပင်။
သူ မျက်လုံးများကို ပြန်မှိတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ သဘောတရားကို စတင်ခံစားကြည့်သည်။ သူ ကြိုးစားအားထုတ်နေရသဖြင့် သူ၏ မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်ပေါက်နေသည်။
သူ ဘာတိုးတက်မှုမျှ မရရှိသေးပေ။
ငါ ဘာမှားနေတာလဲ။ ဒါကို နားလည်ဖို့ ဉာဏ်အလင်းပွင့်မှု မလုံလောက်သေးတာလား။
သူ မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ အရပ်မျက်နှာ အနှံ့အပြားသို့ အဆုံးမရှိ ပြန့်ကားနေသော တောက်ပသည့် အလင်းတန်းကြီးကို မြင်လိုက်ရသည်။
ငါ ဘာတွေ လိုအပ်နေတာလဲ။
သူသည် အဖြေတစ်ခုကို စဉ်းစားရင်း ထိုအဆုံးမဲ့ အလင်းတန်းများကြားတွင် လွင့်မျောနေခဲ့သည်။
“တော်သေးတာပေါ့။ ဒီနေရာက ကနဦး ဉာဏ်အလင်းပွင့်မှု အခြေအနေလိုမျိုး အချိန်
ကန့်သတ်ချက် မရှိလို့ ငါ အဖြေရှာဖို့ အချိန်ယူလို့ ရသေးတယ်”
ထိုသို့ဆိုသော်လည်း သူ အလျင်အမြန် လုပ်ဆောင်ရမည်ကို သိသည်။ အကယ်၍ ဤနေရာ၌ အပြင်ကမ္ဘာထက် အချိန်ပိုမို မြန်ဆန်နေသည့် ထူးဆန်းသော အချိန်ဂုဏ်သတ္တိများ ရှိနေပြီး သူ ဤနေရာတွင် နှစ်ပေါင်း ဘီလီယံချီ ပိတ်မိနေပါက ဘယ်လိုလုပ်မလဲ။
သူ၏ မိန်းမအပေါ် သူ အခုလေးတင် လုပ်ဆောင်ခဲ့သည်များကို ထည့်တွက်လျှင် သူ ပြန်ထွက်လာချိန်တွင် သူမမှာ အနှိုင်းမဲ့နယ်ပယ်သို့ ရောက်ရှိနေပေလိမ့်မည်။ သူ၏ ကျင့်ကြံခြင်း ခရီးစဉ်မှာ မစတင်မီမှာပင် ဇာတ်သိမ်းသွားပေလိမ့်မည်။
သူ ခေါင်းခါလိုက်သည်။
ငါ ဘာတွေ တွေးနေတာလဲ။ ဒါကို အမြန်ဆုံး ဖြေရှင်းရမယ်။
သူ ခေတ္တ တန့်သွားသည်။
“အဆုံးသတ် ဟုတ်ပြီ... အဲ့ဒါပဲ”
သူ သဘောပေါက်သွားသည်။
ဤသဘောတရားမှာ အစပြုခြင်း တစ်ခုတည်း မဟုတ်ပေ။ ၎င်းတွင် အဆုံးသတ်လည်း ပါဝင်သည်။ ၎င်းမှာ မပြည့်စုံသေးသောကြောင့် သူ နားမလည်နိုင်ခြင်းပင်။ ၎င်းမှာ သူ၏ ဝိညာဉ်ပင်လယ်အတွင်း၌ အကြွင်းမဲ့ ပျက်သုဉ်းခြင်းကို နားလည်ရန် ကြိုးစားခဲ့စဉ်ကနှင့် အတူတူပင်။
“ဒီအချက်နှစ်ခုကို သီးခြားစီ နားလည်ဖို့ မဖြစ်နိုင်ဘူးထင်တယ်”
သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ရှိသမျှ အင်အားအားလုံးဖြင့် အာရုံစူးစိုက်လိုက်သည်။
ရုတ်တရက် သူ၏ မျက်လုံးများ ပွင့်လာပြီး ဆန့်ကျင်ဘက် သဘောတရား နှစ်ခု ဆုံစည်းရာ အလယ်ဗဟိုတွင် လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။ သူ၏ ညာဘက်ခြမ်းတွင် အရာအားလုံးကို မွေးဖွားပေးသည့် ပြင်းထန်သော အလင်းတန်း ရှိနေပြီး ဘယ်ဘက်ခြမ်းတွင်မူ တည်ရှိမှု အားလုံးကို ဝါးမြိုပစ်မည့် အကြွင်းမဲ့ ဗလာနယ် ရှိနေသည်။
…
သူ၏ မျက်လုံးများမှာ ထိုသံသရာဖြစ်စဉ်အပေါ်တွင်သာ စွဲမြဲနေပြီး ကြည့်နေခြင်းကို ရပ်တန့်၍ မရနိုင်တော့သကဲ့သို့ ခံစားရသည်။
အကြွင်းမဲ့ သဘောတရား နှစ်ခုမှာ တစ်ခုကိုတစ်ခု လုံးဝ ဝါးမြိုပစ်နိုင်ရန် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်ကို သူ မြင်တွေ့နေရသည်။
ထိုသဘောတရား နှစ်ခု ထိပ်တိုက်တွေ့ဆုံနေသည့် တိုက်ပွဲ၏ အလယ်ဗဟိုတွင် ရှန်းယွီသည် အခြားသော သဘောတရားမျိုးစုံမှာ အလင်းမျှင်များအဖြစ် စုစည်းလာပြီးနောက် အလွန်လှပသော အလင်းမှုန်အဖြစ် ပြန့်ကျဲသွားသည်ကို မြင်လိုက်ရသည်။
သူသည် ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေမိပြီးမှ သူ ဘာလုပ်နေတာလဲဆိုသည်ကို သတိဝင်လာသည်။ သူသည် အခြားအရာများကို မဟုတ်ဘဲ အကြွင်းမဲ့ သဘောတရားများကိုသာ အာရုံစိုက်ရန် လိုအပ်သည်။ သူသည် ထိုအတွေးများကို ခေါင်းထဲမှ ခါထုတ်လိုက်ပြီး အာရုံစိုက်လိုက်သည်။
သူသည် အကြွင်းမဲ့ သဘောတရား နှစ်ခုဆီသို့ အာရုံပြန်ပို့လိုက်ပြီး ၎င်းတို့ ပြင်းထန်စွာ တိုက်ခိုက်နေပုံကို စောင့်ကြည့်နေခဲ့သည်။
"ဒီအရာနှစ်ခုက တူညီတဲ့ မူလသဘောတရားကနေ ဆင်းသက်လာတာပဲ။ အဲဒီလို ဖြစ်သင့်ပါလျက်နဲ့ ဘာလို့ တစ်ခုနဲ့တစ်ခု ရန်သူလိုမျိုး ဒီလောက်အထိ ပြင်းပြင်းထန်ထန် ပြုမူနေကြတာလဲ။ ငါ့ရဲ့ ယူဆချက်တွေက တကယ်ပဲ မှားယွင်းနေခဲ့တာလား။
မဟုတ်ဘူး... ငါ မှားစရာ အကြောင်းမရှိဘူး။ လောကရဲ့ နိယာမတွေက ဘယ်တော့မှ မလိမ်ညာဘူး။ အခု ငါ ကြုံတွေ့နေရတဲ့ ဒီတိုက်ပွဲက အားနည်းချက် မဟုတ်ဘူး။ ဒါဟာ ဟန်ချက်
ပျက်ယွင်းနေတာပဲ။ ငါ လုပ်ရမှာက အဲဒီ ဟန်ချက်ညီမှုကို ပြန်ပြီး ရှာဖွေဖို့ပဲ"
သူသည် သူ၏ လက်ဝါးများကို ဖြန့်လိုက်ရာ အကြွင်းမဲ့ အချက်နှစ်ခုမှ စွမ်းအင်စီးကြောင်းများသည် သူ၏ လက်ထဲသို့ စီးဝင်လာပြီး သလင်းလုံးများအဖြစ် ပြောင်းလဲသွားသည်။ အကြွင်းမဲ့ ပျက်သုဉ်းခြင်းမှာ ပတ်ဝန်းကျင်ရှိ အလင်းမှုန်တိုင်းကို ဝါးမြိုပစ်သည့် အကြွင်းမဲ့ မှောင်မိုက်ခြင်း ဖြစ်ပြီး အကြွင်းမဲ့ အရင်းအမြစ်မှာမူ ဗလာနယ် မဟုတ်သော အရာအားလုံးကို လွှမ်းခြုံထားသည့် အကြွင်းမဲ့ တောက်ပခြင်းပင်။
ထိုသဘောတရား နှစ်ခုလုံး၏ အလေးချိန်ကို ခံစားမိသဖြင့် သူ အနည်းငယ် တုန်ရီသွားသည်။ သူ လုပ်ရန်မှာ ၎င်းတို့ကို ပေါင်းစည်းပေးရန်သာ ဖြစ်သည်။
သူသည် သူ၏ လက်ဝါးနှစ်ဖက်ကို တစ်ခုနှင့်တစ်ခု နီးကပ်လာအောင် ဖြည်းညှင်းစွာ တွန်းပို့လိုက်သည်။
သူ ယင်ယန်ကို သတိရလိုက်သည်။ ၎င်းမှာ ဗရမ်းဗတာ ဖြစ်နေမှုများကြားတွင် စနစ်တကျ ရှိမှုကို ရှာဖွေခြင်းပင်။
ဤအရာနှစ်ခုမှာ အစွန်းရောက်စွာ ဆန့်ကျင်ဘက် ဖြစ်နေကြသော်လည်း ၎င်းတို့သည် အလားတူအရာတစ်ခုကို ကိုယ်စားပြုနေကြသည်ဟု သူ သေချာပေါက် ယုံကြည်သည်။
အရာအားလုံးမှာ အချက်တစ်ချက်တည်းသို့သာ ပြန်လည်ရောက်ရှိသွားသည်။
အဆုံးသတ် ဒါမှမဟုတ် အစပြုခြင်း...
ဒါတွေက ဘယ်ကနေ စတာလဲ။ အစမရှိဘဲ အဆုံးမရှိနိုင်သလို အဆုံးမရှိဘဲလည်း အစဆိုတာ ရှိလာနိုင်ပါ့မလား။ အရာအားလုံးက ရှိနှင့်နေပြီးသားဆိုရင် အစလို့ ခေါ်ဖို့ရော လိုသေးလို့လား။ ဒါဆို... အစပြုခြင်းရဲ့ ရှေ့မှာ အဆုံးသတ်တစ်ခု ရှိခဲ့ရမှာပေါ့။
ဒါဟာ တစ်ခုက တစ်ခုဖြစ်သွားတာ မဟုတ်ဘူး... သံသရာလည်နေတာပဲ။ အစပြုခြင်းထဲမှာ အဆုံးသတ်ရှိနေသလို အဆုံးသတ်ထဲမှာလည်း အစပြုခြင်းက ကိန်းအောင်းနေတယ်။ မတည်ရှိမှုထဲမှာ တည်ရှိမှုရှိနေပြီး တည်ရှိမှုထဲမှာလည်း မတည်ရှိမှုက ရှိနေတာပဲ။ ဒီဆန့်ကျင်ဘက်တွေက တစ်ချိန်တည်းမှာ ဘယ်လိုလုပ် မှန်ကန်နေနိုင်တာလဲ။
ငါ မှားယွင်းတဲ့ အမြင်နဲ့ ကြည့်နေမိတာပဲ။ အချိန်ဆိုတာက အကြွင်းမဲ့ အရင်းအမြစ်ကနေ ထွက်ပေါ်လာတဲ့ အကိုင်းအခက်တစ်ခုသက်သက်ပဲလေ။ အဲဒီ အချိန်က... သူ့ကို ဖန်တီးခဲ့တဲ့ ဒီ အမိအဖ သဘောတရားတွေရဲ့ ပြုမူပုံကို ဘယ်လိုလုပ် လာပြီး ကန့်သတ်နိုင်မှာလဲ။ သူတို့ဟာ အချိန်ရဲ့ အပြင်ဘက်မှာ ရှိနေတာပဲ။
သူသည် အချိန်ကို ထိုညီမျှခြင်းထဲမှ ဖယ်ထုတ်လိုက်သည်။
သူသည် အခြားသော သဘောတရား အားလုံးကိုလည်း ဖြည်းညှင်းစွာ ဖယ်ထုတ်လိုက်သည်။ သူသည် အရာအားလုံးကို ဖယ်ထုတ်ပြီး အကြွင်းမဲ့ အရင်းအမြစ်ကို နားလည်ရန် အတင်းအကျပ် မကြိုးစားတော့ဘဲ ၎င်းကို သူ့ထံသို့ အလိုအလျောက် ရောက်ရှိလာစေရန် ခွင့်ပြုလိုက်သောအခါ ၎င်းမှာ အမှန်တကယ်ပင် ရောက်ရှိလာခဲ့သည်။
တည်ရှိမှုအတွင်းရှိ အရာများကို အာရုံစိုက်သော အခြားသော သဘောတရားများနှင့် မတူဘဲ အကြွင်းမဲ့ ပျက်သုဉ်းခြင်းနှင့် အရင်းအမြစ်တို့မှာ တည်ရှိမှု တစ်ခုလုံးအပေါ်တွင် အာရုံစိုက်သည်။ အကြွင်းမဲ့ အရင်းအမြစ်က တည်ရှိမှု အားလုံးကို မွေးဖွားပေးခဲ့ပြီး အကြွင်းမဲ့ ပျက်သုဉ်းခြင်းက တစ်ချိန်ချိန်တွင် တည်ရှိမှု အားလုံးမှာ အဆုံးသတ်သွားရမည်ဟု သတ်မှတ်ထားသည်။ ထို့နောက် ၎င်းကို ပြန်လည် မွေးဖွားမည်ဖြစ်ကာ ဤသံသရာမှာ ဆက်လက်လည်ပတ်နေမည် ဖြစ်သည်။
ရှန်းယွီသည် ဤသို့ သဘောပေါက်သွားသောအခါ တိုးတိုးလေး ရယ်မောလိုက်ပြီး အစစ်အမှန် ကမ္ဘာတွင် သူ၏ မျက်လုံးများ ပွင့်လာခဲ့သည်။
“ဒါက နိယာမတစ်ခုရဲ့ ခံစားချက်ပေါ့”