← Chapters

နောက်ခံက ဘာဖြစ်တယ် … အဲ့လောက် အံ့အားသင့်ဖို့ကောင်းလား

Vol. 160 Ch. 2321

နောက်ခံက ဘာဖြစ်တယ် … အဲ့လောက် အံ့အားသင့်ဖို့ကောင်းလား

Vol. 160 Ch. 2321

လင်းရီကဲ့သို့ ‘လက်ပါးစေ’လို ကောင်က သူမအပေါ် ထိုသို့သော လေသံအမူအရာမျိုးဖြင့် စကားပြောဝံ့နေသည်ကို မြင်တော့ ဖန်းချောင်ချောင်နှင့် ဝမ်ချန်တို့က လင်းရီကို စူးစိုက်ကြည့်လိုက်ကြသည်။

နှစ်ဦးလုံး၏ မျက်ဝန်းများတွင် အထင်သေးမှုနှင့် စက်ဆုပ်မှုတို့ ပြည့်နှက်နေပြီး မှိန်ပြပြ ဒေါသအရိပ်အယောင်များကိုလည်း မြင်တွေ့နေရ၏။

လျန်ကျင်းမင် ကျေးဇူးနဲ့ ထမင်းဝနေတဲ့ ခိုင်းဖက်လို ကောင်ကများ ရိုင်းစိုင်းဝံ့နေတယ်ပေါ့ …. အသက်ရှင်ရတာ ဘယ်လောက်တောင် ကောင်းတယ်ဆိုတာကို မသိတဲ့ကောင်ပဲ …

“ ကိုယ်ဝန်ရှိတော့ရော ဘာဖြစ်လဲ ….”

ဖန်းချောင်ချောင်က လင်းရီကို လက်ညှိုးထိုးလိုက်ပြီး “ ငါ ပြောလိုက်မယ် … သူ့ကို ဒီတိုင်း အသာလေး တွန်းလိုက်တာက ခပ်ပါးပါးလေးပဲ ရှိသေးတယ် … ငါ့ကို စိတ်တိုအောင် လာလုပ်လို့ကတော့ သူ့ဗိုက်ထဲက မျိုးမစစ်လေးကိုပါ တစ်ခါတည်း ဖယ်ရှားပေးလိုက်မယ် …”

“ အစ်ကိုကြီးလင်း … ဒီကိစ္စ ငါကိုင်တွယ်လိုက်မယ် … ငါ မင်းကို ကျိန်းသေပေါက် ဖြေရှင်းချက် ပေးမှာပါ …"

လျန်ကျင်းမင်၏ မျက်နှာမှာ မည်းမှောင်သွားခဲ့ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

“ မင်းဟိုမှာ သွားရပ်နေလိုက် … ဒီကိစ္စ မင်းနဲ့ မဆိုင်ဘူး ….”

ချင်းဟန် ပြောလိုက်၏။ တစ်စုံတစ်ရာ မူမမှန်သည်ကို သူ သတိထားမိသည်မှာ ကြာပြီ။ ဤအမျိုးသမီး နှစ်ယောက်၏ အထောက်အထားက ကျိန်းသေပေါက် သာမန် မဖြစ်နိုင်ဘဲ လက်ရှိတွင် လျန်မိသားစုက ပြဿနာ အချို့အား ရင်ဆိုင်နေရသည်ကို ခြုံငုံကြည့်လျှင် သူမတို့နှစ်ဦးက လျန်မိသားစုအတွက် အတော်လေး အရေးပါသည့် ပုဂ္ဂိုလ်များ ဖြစ်လိမ့်မည်.။

လျန်ကျင်းမင်ကို ကိုင်တွယ်ခိုင်းလိုက်မည်ဆိုပါက လျန်မိသားစုအတွက် ပြဿနာ အကြီးကြီး တက်သွားနိုင်သည်။ ယင်းကို ၎င်းတို့ တောင့်ခံနိုင်ပါ့မည်လောဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်သွားခဲ့ပြီ ဖြစ်၏။

ထို့ကြောင့် သူတို့သုံးဦး ဖြေရှင်းသည်ကပဲ ပိုပြီး သင့်လျော်သည်။

“ အံမယ် အံမယ် … ဒါ ဘာတွေ ဖြစ်နေတာ … နင့်လေသံကြည့်ရတာ ငါတို့အပေါ် လက်ပါချင်နေတဲ့ ပုံပါလား ….”

ဝမ်ချန်က လင်းရီနှင့် ချင်းဟန်တို့ ရှေ့ကို ကိုယ်ကို တိုးပေးလိုက်ပြီး “ လာလေ … လုပ်လေ … ငါ့လာထိလေ … ငါ့အဖေနာမည်က ကျင်းရန် ဝမ်ထောင်ပဲ … နင်တို့ငါ့ကို ထိရဲရင် တစ်စုံတစ်ယောက်က နင်တို့ ခြေထောက်တွေကို လာရိုက်ချိုးပစ်လိမ့်မယ် ….”

“ ဟားဟား … ဘာလို့ ဘာစကားမှ မပြောတော့တာလဲ … လူတွေ ပြောကြတာ ကျိုးဟိုင်သားတွေက သူဌေးတွေပါဆို … အခုတော့ ကြည့်ရတာ လူတိုင်းကလည်း နင်တို့လို ကျေးတောသားတွေပဲ ထင်တယ် … ဘာလို့ အကုန်လုံးက အရိုးမရှိတဲ့လူတွေလို ဖြစ်နေကြတာလဲ ….”

ဖန်းချောင်ချောင်က ရင်ဘက်ရှေ့ လက်ပိုက်လျက် နှာခေါင်းရှုံ့လိုက်သည်။ “ ခြေထောက်ချိုးခံရမယ်ဆိုတော့ ကြောက်လွန်းလို့ လေတောင် မလည်ဝံ့တော့ဘူးပေါ့ ဟုတ်လား …”

ဖြန်း …

လင်းရီ တစ်ချက် မော့ကြည့်ပြီး ဖန်းချောင်ချောင်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်။

တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ မြေပြင်သို့ လဲကျသွားခဲ့၏။

လင်းရီ အင်အား ထည့်မသုံးထားဘူးဆိုသော်လည်း သူမ၏ မျက်နှာကိုတော့ ပုံပျက်သွားစေဆဲပင်။

ကြက်သေသေသွားခြင်း။

ဖန်းချောင်ချောင်မှာ မြေပြင်သို့ မျက်နှာမူရင်း မယုံကြည်နိုင်သည့် မျက်နှာအမူအရာဖြင့် ကြက်သေသေနေမိသည်။ ဘေးတွင် ရပ်နေသည့် ဝမ်ချန်သည်လည်း အလားတူ ဖြစ်နေမိလေည်။

ဤလူက တကယ်ပဲ သူမတို့ကို ရိုက်ဝံ့လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

“ နင် … နင်ကများ ငါ့ကို လက်ပါဝံ့တယ် ….”

ဖန်းချောင်ချောင် ဒေါသတကြီးဖြင့် မြေပြင်က ထလာခဲ့သည်။ သို့သော် လင်းရီကိုတော့ တစ်ဖန် ပစ်မှတ်မထားတော့ဘဲ လျန်ကျင်းမင်ထံသို့ လျှောက်လှမ်းသွားခဲ့၏။

“ လျန်ကျင်းမင် … နင် အခုထိ ဘာက နင့်အတွက် ကောင်းတယ်ဆိုတာကို မသိသေးဘူးလား … လျန်မိသားစုက ငါတို့ မိသားစုနဲ့ အလုပ်ဆက်မလုပ်ချင်တော့ဘူးလား ဟမ် ... “

ဖြန်း …

လျန်ကျင်းမင်က လက်မြောက်လိုက်ပြီး မရိုက်ရသေးသည့် ပါးတစ်ဖက်သို့ တစ်ချက် ချလိုက်သည်။

“ ယီးပဲ သွားလုပ်လိုက်တော့ … မင်းတို့မိသားစုနဲ့လည်း လက်မတွဲနိုင်တော့ဘူး … ခွေးမ … မင်းငါ့ကို အပေါ်စီးက အမိန့်တွေပေးနေတာကို ကြားကောင်းလွန်းလို့ နားထောင်နေတယ်များ ထင်နေလား … ဒါကိုတောင် မင်းက အစ်ကိုကြီးလင်းရဲ့ ခေါင်းပေါ် ချီးတက်ပါဖို့ စဉ်းစားနေလိုက်သေးတယ် … သောက်ရမ်းသေချင်နေတယ်ဆိုလည်း မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ် ….”

ဤတစ်ကြိမ်တွင် ဖန်းချောင်ချောင်သည် လုံးဝဥဿုံ ကြက်သေသေသွားခဲ့သည်။ လျန်ကျင်းမင် သူမကို ရိုက်နှက်လာလိမ့်မည်ဟု ဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့ပါချေ။

“ ကောင်းကြီး … အမေ့ကို ကားပေါ် ခေါ်သွားလိုက် ….”

“ အင်း ….”

ကောင်းကျုံးယွမ်က ခေါင်းညိတ်ပြီး ဝမ်ချွေ့ပင်း၏ နားထဲသို့ စကားတစ်ချို့ တီးတိုးပြောလိုက်သည်။ ထို့နောက် ကားထဲသို့ ခေါ်သွားပြီး မီတာ ဒါဇင် အနည်းငယ်မျှ မောင်းနှင်သွားလိုက်၏။ ပြီးသည့်နောက်တွင်တော့ ခြေလျင်ဖြင့် တစ်ဖန် ပြန်ရောက်လာသည်။

ထိုအချိန်တွင် ဖန်းချောင်ချောင်၏ ဆံပင်များမှာ ဖွာထေးနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း ညစ်ပတ်ပေတူးနေကာ မျက်ဝန်းများထဲ စိုးရိမ်ထိတ်လန့်မှုတို့ ပြည့်နှက်နေလျက် ရှိ၏။

လင်းရီက ဆောင့်ကြောင့်ထိုင်ပြီး သူမ၏ ဆံပင်ကို ဆွဲဆုပ်ကာ ခေါင်းကို မော့ခိုင်းထားသည်။

“ မင်းက ဒီလောက်ထိ မောက်မာပြနေရအောင် မင်းကိုယ်မင်း ဘာကောင်ထင်နေလို့ …. ပထမတစ်ချက် … မင်း ငါ့မိန်းမကို စော်ကားတယ် … ပြီးတော့ ငါ့ ညီမကို စော်ကားတယ် … မမွေးလာသေးတဲ့ ငါ့တူလေးကိုတောင် သတ်ဖို့ ကြံနေလိုက်သေးတယ် …. ကျိုးဟိုင်မှာ ဒီလိုလာလုပ်ဝံ့နေတယ်ဆိုတော့ မင်းမှာ အသက်ဘယ်နှချောင်းပါတယ်ထင်နေလို့ ….”

ဖန်းချောင်ချောင် တစ်ကိုယ်လုံး အေးစိမ့်သွားခဲ့ပြီး မျက်ဝန်းများထဲတွင် ကြောက်ရွံ့မှုတို့ ပြည့်နှက်လာခဲ့သည်။

သူမ စကားပြောချင်သည်။ လင်းရီကို သူမ မိသားစု၏ အရှိန်အဝါဖြင့် ဖိန့်ပစ်လိုက်ချင်သည်။

သို့ပေမယ့် လင်းရီ၏ ကြီးစိုးလွန်းလှသော အရှိန်အဝါများ ရှေ့မှောက်တွင် သူမ၏ နှုတ်ခမ်းကိုပင် မဟနိုင်တော့ဘဲ တစ်ကိုယ်လုံးလည်း ထိန်းချုပ်မရနိုင်စွာ တုန်ယင်နေမိတော့သည်။

“ နင်တို့တော့ သေပြီ .. သူ့အဖေက ကျင်းရန်ရဲ့ ပန်းဟုန်ရှန်းပဲ … ရှီးရှန်းစီရင်စုရဲ့ ကျောက်မီးသွေး ဘုရင်ကြီး ….” ဝမ်ချန် အော်ဟစ်လိုက်ပြီး “ နင်တို့လို အသုံးမကျတဲ့လူတွေကများ ချောင်ချောင်အပေါ် လက်ပါဝံ့နေတယ် … နင်တို့ သေဖို့သာ စောင့်နေလိုက်တော့ ….”

“ လစ်စမ်း ….”

ဘုတ် …

ကောင်းကျုံးယွမ်က ဝမ်ချန်ကို အားပါးတရ ပိတ်ကန်လိုက်ပြီး မီတာများစွာ လွင့်ထွက်သွားစေခဲ့သည်။

ကောင်းကျုံးယွမ်က ဟော်ယွမ်ယွမ်၏ ရှေ့မှောက်တွင် သူရဲဘောကြောင်သည့်နှယ် ပြုမူနေသော်လည်း အခြားသူများ ရှေ့မှောက်တွင်တော့ သူသည်လည်း လျန်ကျင်းမင်အောက် လုံးဝ မလျော့ပေ။

အဟွတ် အဟွတ် အဟွတ် …

ကြမ်းတမ်းစွာ ကန်ခံလိုက်ရသည့်အတွက် ဝမ်ချန်သည် ဝမ်းဗိုက်ကို ဖိနှိပ်လျက် ပုစွန်တစ်ကောင်လို လမ်းပေါ် ကွေးညွှတ်နေသည်။ စားထားသည်များ ပြန်အန်မထွက်လာဖို့အတွက် အနိုင်နိုင် သည်းခံနေရ၏။

“ မင်းကို ဘယ်ကောင်က စကားဝင်ပြောခိုင်းလို့လဲ ….”

ကောင်းကျုံးယွမ်က ဝမ်ချန်၏ နှာခေါင်းကို လက်ညှိုးငေါက်ငေါက်ထိုးဖို့ ဆဲဆိုလိုက်သည်။

“ မင်းတို့နှစ်ယောက် ကိုယ့်ကိုယ်ကို ပြန်ကြည့်စမ်း … ရုပ်ကြည့်တော့ အာလူးရုပ်တွေနဲ့ ငါ့အစ်ကိုကြီးလင်းရှေ့မှာ မောက်မာဝံ့နေတယ် … အစ်ကိုကြီးလင်းက မင်းတို့ကို ရုံးခန်းထဲမှာက ဒီတိုင်းပဲ လျစ်လျူရှုခဲ့တာဆိုတာ လျန်ကြီးရဲ့ မျက်နှာကြောင့် … ဒါတောင် မင်းတို့က အပြင်ထိလိုက်လာပြီး လူကို စော်ကားနေတယ်ပေါ့ … ဘေးပတ်ဝန်းကျင်ကို မျက်လုံးဖွင့်ပြီး သေချာကြည့်စမ်း … ဒါ ကျိုးဟိုင် … မင်းတို့ ဟန်ထုတ်လို့ရတဲ့ စင်မြင့်မဟုတ်ဘူး …..”

“ တော်ပါတော့ … ကျေးဇူးပြုပြီး ငါ့ကို မရိုက်ပါနဲ့တော့ ….”

ဝမ်ချမ်မှာ တစ်ချက်တည်းမျှနှင့် ချက်ချင်း အပိုးကျိုးသွားခဲ့သည်။ သူမ၏ ဝမ်းဗိုက်ကို ဖိထားပြီး ကောင်းကျုံးယွမ်နှင့်ပင် မျက်လုံးချင်း မဆုံဝံ့တော့ပေ။

“ မင်းရဲ့ ပုစွန်ဦးနှာက်နဲ့ သူငယ်ချင်းကတော့ အရှုံးပေးသွားပြီ … မင်းရော ဘယ်လိုလဲ … တစ်နေရာရှာပြီး စကားဆက်ပြောချင်သေးလား ….” လင်းရီ ဖန်းချောင်ချောင်၏ ဦးခေါင်းကို ဆုပ်ကိုင်ထားရင်း သူမ၏ မျက်လုံးများကို သေချာစိုက်ကြည့်ပြီး တစ်ခွန်းချင်း မေးလိုက်သည်။

“ ငါ … ငါ … မလုပ်ရဲပါဘူး…”

ထိုစကားကြားတော့ လင်းရီ ဆံပင်အား ဆုပ်ကိုင်ထားသည်ကို လွှတ်ချလိုက်ပြီး အင်္ကျီလက်ပေါ်ရှိ ဖုန်များအား ခါခပ်လိုက်သည်။

“ သွားစို့ …. သူတို့နဲ့ စကားပြောနေတာ အချိန်ပုပ်တယ် ….”

လင်းရီ သူတို့ သုံးဦးကို လေဆိပ်ဝင်ပေါက်ဝကနေ ဦးဆောင်လာခဲ့သည်။

“ အစ်ကို … နင် အဲ့ မိန်းကလေး နှစ်ယောက်ကို ဘာလုပ်လိုက်သေးလဲ ….”

“ မင်းရဲ့ အစ်ကိုချင်က မင်း အနိုင်ကျင့်ခံလိုက်ရတာကို မြင်တော့ ဒေါသ စောက်ရမ်း ထွက်သွားပြီး ကောင်မလေး နှစ်ယောက်ကို မင်းကိုယ်စား ရိုက်နှက်ပေးခဲ့တယ်လေ ….”

“ ဒါက….”

နင်ယွဲ့၏ အကျင့်စရိုက်အရ ထို မိန်းကလေးနှစ်ယောက်နှင့် ရန်ဖြစ်ဖို့ကို သူမ ကြောက်ရွံ့ခြင်း မရှိပေ။

သူတို့နှင့် ထိုက်တန်သည်ဟုပင် တွေးမိသေး၏။

သို့ပေမယ့် သူမကိုယ်တိုင် ပြုလုပ်သည်ကသာ အဆင်ပြေသည်ဟု ယုံကြည်ထားခဲ့လေသည်။ အမျိုးသမီးချင်း အမျိုးသမီး ၊ မည်သူကမျှ အမှားရှာ၍ ရမှာ မဟုတ်ချေ။

သို့သော် အမျိုးသားက အမျိုးသမီးကို လက်ပါလာသည့် အချိန်တွင်တော့ အပေါ်ယံကြည့်လျှင် အင်မတန် မှားယွင်းသည့် လုပ်ရပ်ဟု ထင်ရနိုင်စရာ ရှိသည်။

“ ကျေးဇူးတင်ပါတယ် အစ်ကိုချင် … ဒါပေမယ့် နောက်တစ်ခါ ဒါမျိုး ထပ်ဖြစ်လာခဲ့ရင် ကြမ်းတမ်းတဲ့ စကားနည်းနည်းပါးပါးလောက်ပဲ ပြောရင်ကို အဆင်ပြေပါတယ် … ဘာပဲဆိုဆို သူတို့က အမျိုးသမီးတွေလေ … အမျိုးသမီးတွေကို လက်ပါတယ်ဆိုတာက ရှက်စရာကောင်းတယ် ….”

ချင်းဟန် “ ??? “

ငါက ဒီတိုင်း ဘေးကနေပြီး ပွဲအေးဆေးကြည့်နေတဲ့ကောင်ပါ ဟုတ်ပြီလား ….

“ ကဲ ရပြီ … ဒီအကြောင်းပြောတာ တော်ကြစို့ ….”

လင်းရီ အားပါးတရ ရယ်မောရင်း ချင်းဟန်အား ကိုးရို့ကားယား နိုင်သည့် အနေအထားသို့ ရောက်ရှိသွားစေသည်။

မိနစ် နှစ်ဆယ်ခန့် ကြာပြီးနောက်တွင် သူတို့တွေ မြို့ထဲ ဧရိယာသို့ ရောက်လာခဲ့ကြပြီး ထိုအချိန်မှာပဲ လျန်ကျင်းမင်၏ ဖုန်းက အသံမြည်လာခဲ့၏။

လင်းရီနှင့် အခြားသူများက ဖုန်းသံမြည်လာရသည့် အကြောင်းအရင်းကို ချက်ချင်းပဲ ခန့်မှန်းမိလိုက်ကြသည်။

လျန်ကျင်းမင်၏ မိသားစုထံက ဖြစ်ကြောင်း ၉၀ ရာခိုင်နှုန်း သေချာသည်။

လျန်ကျင်းမင်လည်း ဖုန်းဝင်လာတော့ ချက်ချင်း ဖုန်းကိုင်လိုက်၏။

“ အဖေ …”

“ ဒါ ကျွန်တော်တို့နဲ့ မဆိုင်ဘူး … သူတို့နှစ်ယောက် ဘာတွေလုပ်ခဲ့လဲဆိုတာကိုပဲ အရင်မေးလိုက် …..”

“ မကြောက်ပါဘူး … သူတို့ကိုယ်သူတို့ အဲ့လောက် ကြီးမြတ်တယ်လို့ ထင်နေရင် ကျိုးဟိုင်ကို လာစမ်းပါစေ ….”

“ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင် တရားဥပဒေ လမ်းကြောင်းကနေ သွားလည်းရတယ် ….”

“ ကျွန်တော် မကြာခင် ပြန်လာခဲ့မယ် … အဲ့ချိန်ကျမှ ဆက်ပြောကြတာပေါ့ ….”

လျန်ကျင်းမင် ဖုန်းကို အမြန်ချလိုက်၏။ လင်းရီကတော့ ဘာစကားမျှ မဆိုပေ။

သူ့အမေနှင့် နင်ယွဲ့တို့က ကားထဲရှိနေပြီး ယခုက စကားပြောလို့ ကောင်းသည့် အချိန် မဟုတ်သေးပေ။

နောက် နာရီဝက်ကျော်မျှ ကြာပြီးသည့်နောက် သူတို့တွေ ကျီချင်းရန်တို့အိမ် ရောက်လာခဲ့၏။

ဝမ်ချွေ့ပင်းကိုမြင်တော့ မိသားစုဝင် သုံးဦးလုံးက တံခါးဝအထိ ရောက်လာပြီး နွေးထွေးပျူငှာစွာ ကြိုဆိုပေးကြ၏။

မိသားစုနှစ်ခု၏ လူကြီးများကတော့ အတွင်းတွင် ရှိနေကြပြီး ကျီချင်းရန်ကတော့ နင်ယွဲ့နှင့် အတူရှိနေသည်။

လင်းရီတို့ လေးယောက် အုပ်စုကတော့ ခြံဝန်းထဲ စားပွဲဝိုင်းတစ်ခုတွင် အတူထိုင်နေကြပြီး ကောင်းကျုံးယွမ်က စကားစလိုက်၏။

“ ကဲ လျန်ကြီး … မင်း ယောက်ျားဆိုရင် ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောလိုက် … ငါတို့ကောင်တွေ အတူသုံးသပ်ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေကြတာပေါ့ ….”

All Chapters