← Chapters

ရှစ်ခုမြောက်အနှစ်သာရ

Vol. 137 Ch. 1892

ရှစ်ခုမြောက်အနှစ်သာရ

Vol. 137 Ch. 1892

ဝမ်လင်းသည် သူ့သိုလှောင်နေရာလွတ်ထဲမှ ထုတ်ယူချင်သော အရာများစွာ ရှိပေ၏။ သို့ပေမည့် သူသည် သူ့သိုလှောင်နေရာလွတ်ကို မထိခိုက်စေဘဲ တစ်ခုကိုသာ ထုတ်ယူဖို့ အခွင့်အရေး ရှိပေသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူ ဆုံးဖြတ်ချက် ချလိုက်၏။

ခုချိန်၌ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် အလွန်နီးကပ်သော စွမ်းအား ပိုင်ဆိုင်သူ ရီစီရုပ်သေးမှာ သူ့အတွက် အသုံးဝင်ဆုံး  ဖြစ်ပေသည်။

သူ ရှေးသင်္ချိုင်းအတွင်း၌ ရခဲ့သော ရီစီရုပ်သေးမှာ ဝမ်လင်း၏စိတ်ထဲ၌ ပေါ်လာ၏။ တွေဝေမနေတော့ဘဲ သူက ဟင်းလင်းပြင်ကျောက်တုံးထံ လက်ဆန့်ထုတ်ကာ အတွင်းသို့ သူ့နတ်ဘုရားအာရုံကို ပို့လွှတ်လိုက်သည်။ သူက ထိုအတွင်း၌ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်လိုက်သည်။

ထိုအခါ ဟင်းလင်းပြင်ကျောက်တုံးသည် တုန်ခါသွား၏။ ဟင်းလင်းပြင်များထဲမှ တစ်ခုက ဝမ်လင်း၏ သိုလှောင်နေရာလွတ်ကို အစားထိုး ဝင်ရောက်ကာ ပျက်စီးသွားသည်။

၎င်း ပျက်စီးသွားသည့်အခါ၌ ဝမ်လင်း၏သိုလှောင်နေရာလွတ်ထံမှ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ် ထိုးထွက်လာသည်။ ဖြတ်ခနဲအတွင်း ခြေတံလက်တံရှည်ရှည်၊ ကြက်သွေးရောင်လျှာနှင့် ပိန်ပါးသောခန္ဓာကိုယ်တစ်ခုက ဝမ်လင်း၏ဘေးတွင် ပေါ်လာသည်။ ဒီရီစီရုပ်သေးမှာ ပိန်သွယ်သွယ်မျောက်တကောင်နှင့် တူလေ၏။

ရီစီရုပ်သေးထံမှ ကြောက်မက်ဖွယ်အော်ရာနှင့် ဟိန်းအော်သံများ ပေါက်ကွဲထွက်လာသည်။ ၎င်းက ဝမ်လင်းကို စိုက်ကြည့်နေပြီး မည်သူမှန်း တဖြည်းဖြည်း မှတ်မိသွားသည်။ ထိုအခါကျမှသာ ၎င်း၏မျက်လုံးထဲရှိ ကြမ်းကြုတ်မှုက အနည်းငယ် လျှော့ပါးသွား၏။

ဝမ်လင်းသည် သတ်ဖြတ်လိုစိတ် ဖုံးလွှမ်းနေသော ကြမ်းကြုတ်သည့်ပုံရိပ်ကို အေးစက်စက် ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ရီစီ…ငါ့ကို စောင့်ကြပ်ပေးထား…”

“ဝေါင်း…”

ရီစီရုပ်သေး၏မျက်လုံးက လှိုဏ်ဂူဝင်ပေါက်ထံ စိုက်ကြည့်နေရင်း ရန်လိုကြမ်းကြုတ်လာ၏။ ၎င်း၏ ကြက်သွေးရောင်လျှာဖြင့် မြေပြင်ထံ ထိုးဆွသည်။ တုန်လှုပ်ဖွယ်မြင်ကွင်းပင်။ သည်အခိုက်၌ လှိုဏ်ဂူထဲသို့ ဝင်လာသူ မည်သူမဆို ရီစီရုပ်သေး၏ အရူးအမူး တိုက်ခိုက်မှုကို ခံရလိမ့်မည်။

ဝမ်လင်းသည် ပူပန်မှုရှိနေဆဲ ဖြစ်၍ ခြင်သားရဲဘုရင် မင်အမှတ်အသားထံ လှမ်းကြည့်သည်။ သူ ငုံ့ကြည့်လိုက်သည့်အခါ ခြင်သားရဲဘုရင်၏ မျက်လုံးမှာ အေးစက်စက်အကြည့်ကို လှစ်ဟဖော်၍ ဝမ်လင်းထံ ပြန်ကြည့်သည်။

ထိုခြင်သားရဲဘုရင်က ဝမ်လင်း သူ တံခါးပိတ်ကျင်ကြံဖို့အတွက် ပြင်ဆင်ထားသော နောက်ဆုံးအကာအကွယ်ပင်။

ထိုသို့ ကြိုပြင်ဆင်ပြီးမှသာ ဝမ်လင်းက စိတ်အနည်းငယ် အေးသွား၏။ သူက လှိုဏ်ဂူထဲတွင် ထိုင်ချကာ ရေစက်ထံ စိတ်လှုပ်ရှားစွာ ကြည့်သည်။ သူက အသက်ဝဝရှိုက်သွင်းလိုက်ပြီး သူ့မျက်ခုံးနှစ်ခုကြားရှိ ရေစက်ကို ဖိချသည်။

ထိုရေစက် သူ့နှဖူးကြားသို့ ထိသွားသည့်အခါ သူ့ခန္ဓာကိုယ်ထဲရှိ သွေးများ ဆူပွက်လာသလား ထင်ရ၏။ သူ၏ခန္ဓာကိုယ်တွင်းရှိ ရေအနှစ်သာရက ဒီအသစ်ဖြစ်သော ရေစက်နှင့် ချက်ခြင်း ပေါင်းစပ်ပြီး တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသည်။

ထိုဖြစ်စဉ်တွင် သူ၏ခန္ဓာကိုယ်မှာ အလျင်အမြန် သွေ့ခြောက်လာ၏။ သူ၏ခန္ဓာကိုယ်ထဲရှိ ရေနှင့်သွေးတို့မှာ အမှတ်တစ်ခုထိ စုဝေးလာသည့်နှယ်။

အမွှေးတိုင်တတိုင်ဝက်စာ အတွင်း သူသည် အရိုးစုကဲ့သို့ ဖြစ်လာသည်။ သူ့ဆံပင်မှာ သွေ့ခြောက်၊ သူ့အရေပြားမှာ အရေးအကြောင်းများ ပြည့်လာသည်။ သူက နှစ်ပေါင်းများစွာ သွေ့ခြောက်နေသော အလောင်းတလောင်းနှင့် တူလာ၏။

ရေအနှစ်သာရအစက်က ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ ရေနှင့်သွေးအားလုံးကို စုပ်ယူ၏။ ၎င်းရေစက်မှာ သလင်းကဲ့သို့ ကြည်လင်ထင်ရှား၏။ သို့သော် သူ၏ ခန္ဓာကိုယ်တွင်း၌ ကွယ်ဝှက်နေတာ ဖြစ်ပြီး အပြင်ဘက်မှ မမြင်ရနိုင်ပေ။

ရေအနှစ်သာရ၏ သိပ်သည်းမှုနှင့် စုပ်ယူမှုတို့က ကြောက်မက်ဖွယ်ကောင်းပုံ ပေါ်သည်။ ကျင့်ကြံသူတစ်ယောက်၌ ရေဓာတ်ပါဝင်ပြီး သွေးဓားထဲ၌ ရေဓာတ်ပါဝင်သောကြောင့်ပင်။

သူသည် ရေအနှစ်သာရကို သိပ်သည်းနေစဉ် သူ့ခန္ဓာကိုယ်မှာ သက်ရောက်ခြင်း ခံရမည်မှာ သဘာဝပင်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်က အလောင်းတလောင်းကဲ့သို့ ခြောက်သွေ့လာခြင်း ဖြစ်၏။

အချိန်တဖြည်းဖြည်း ကုန်လွန်လာသည်။ ခုနစ်ရက်တာ ကုန်လွန်သွား၏။ ထိုခုနစ်ရက်အတွင်း ဝမ်လင်းက သေသွားသည့်နှယ် မလှုပ်မယှက် ရှိနေသည်။ သူ့အော်ရာမှာ ပျောက်ကွယ်သွားခြင်းကြောင့် မဟုတ်ပါဘဲ ပို၍ ထူးခြားလာကာ လူအများက သူနှင့် ပတ်သတ်၍ တစ်ခုခု ဖြစ်ပျက်နေသည်ဟု တွေးမိကြမည်ပင်။

နှစ်ရက်တာ ကြာမြင့်ပြီးနောက် ဝမ်လင်း၏ သွေ့ခြောက်နေသော ခန္ဓာကိုယ်က တုန်ယင်ကာ သူ မျက်လုံးဖွင့်လာသည်။ သူ့မျက်လုံးတို့မှာ မြူခိုးတို့ဖြင့် ရစ်သိုင်းနေသည့်နှယ်။

“ရေအနှစ်သာရ…ပြန့်ကြဲလိုက်…”  ဝမ်လင်း၏ ပါးစပ်မှ ရှတတအသံ ထွက်ပေါ်လာပြီး သူ့ သွေ့ခြောက်နေသောလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေလိုက်သည်။ ရေအနှစ်သာရအစက်သည် ၎င်း၏အကန့်အသတ်ကို ရောက်လာကာ ရုတ်တရက် ပေါက်ကွဲ၏။ ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်ကာ မြန်မြန်ဆန်ဆန် ပြန်ကောင်းမွန်လာသည်။

ထိုပြန်လည်ကောင်းမွန်မှုက တခဏသာ ကြာ၏။ ဝမ်လင်းသည် ဆက်လက်သွေ့ခြောက်နေခြင်း မရှိတော့ပေ။ သူ့အရေပြားမှာ သလင်းကဲ့သို့ ကြည်ထင်ရှား၏။ သူ၏ခန္ဓာကိုယ် အတွင်းအပြင်၌ အလင်းစက်ဝန်းတစ်ခု ရှိနေသည့်အလား။

သူက ဒီလိုအခြေအနေအတိုင်း ကိုးရက်တာ ဆက်ရှိနေ၏။ ဒီကိုးရက်အတွင်း သူနှင့် ပေါင်းစပ်သွားပြီ ဖြစ်သော ရေစက်က အလျင်အမြန် လှည့်ပတ်နေသည်။ ၎င်းမှာ လွန်ခဲ့သော ဆယ့်ရှစ်ရက်ကထက် သိသိသာသာ ပိုသေးငယ်သွားသည်။

ကြည့်ရသည်မှာ ကိုးရက်တာ သိပ်သည်းခြင်းနှင့် ကိုးရက်တာ ပြန့်ကြဲခြင်းတို့က စက်ဝန်းတစ်ခုအသွင် ဖြစ်ပေါ်သည့်အလား။ ပထမစက်ဝန်း အဆုံးသပ်ပြီးနောက် ဒုတိယစက်ဝန်း ချက်ခြင်း စတင်သည်။

ဝမ်လင်း တံခါးပိတ်ကျင့်ကြံနေသော ဆယ့်ကိုးရက်မြောက်နေ့တွင် သူ၏ခန္ဓာကိုယ်မှာ ပြောင်းလဲသွားပြီး ခြောက်ကပ်ကပ်အရိုးစု ခန္ဓာကိုယ်အဖြစ်သို့ ချက်ခြင်း ပြန်ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ ရေစက်က တဖြတ်ဖြတ် လင်းလက်နေ၏။

ထိုသို့ ထပ်ခါထပ်ခါ အကြိမ်ကြိမ် ဖြစ်၏။ ဝမ်လင်းက သွေ့ခြောက်သွားလိုက်၊ ပြန်ပြည့်ဖြိုးလာလိုက် စက်ဝန်းခုနစ်ခုကို ဖြတ်သန်းပြီးခဲ့လေပြီ။ ထို့နောက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်တွင်းရှိ ရေစက်မှာ မူလအရွယ်အစား၏ နှစ်ဆယ်ရာခိုင်နှုန်းလောက်သာ ရှိတော့သည်။

လများစွာ ကုန်လွန်လာ၏။

ဝမ်လင်းသည် ဒီလများအတွင်း အပြင်ဘက်ရှိ အရာအားလုံးကို လစ်လျူရှုကာ ရေအနှစ်သာရအား စုပ်ယူခြင်းတွင်သာ သူ့ကိုယ်သူ နစ်မြုပ်ထား၏။ သူသည် ထိုရေအနှစ်သာ ဖွဲ့စည်းခြင်းကို အောင်မြင်သွားသည်နှင့် သူ့ကျင့်ကြံမှုအဆင့်မှာ ချက်ခြင်း တိုးတက်လာမည်ကို နားလည်သည်။

ထိုရေအနှစ်သာရမှာ အထည်ဒြပ်အနှစ်သာရ တစ်ခု ဖြစ်၏။ ထို့ကြောင့် သူ့ထံ၌ မီးအနှစ်သာရကဲ့သို့ တူညီသောပြဿနာတစ်ခု ရှိပေသည်။ ပေါင်းစည်းခြင်းနှင့် စိတ်ဆန္ဒကို ဝါးမြိုခြင်း။

သို့ပေမည့် အရင်တုန်းက ဝမ်လင်း၏ ရေအနှစ်သာရမှာ သေးငယ်သောပြီးပြည့်စုံမှုသာ ရောက်ရှိထားခဲ့တာ ဖြစ်၏။ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ၏ ရေအနှစ်သာရဖြင့် ၎င်းကို ပေါင်းစပ်သည့်နောက် တွန်းကန်အားက သိပ်ကြီးမားခြင်း မရှိတော့ပေ။ သူက ထိုမျှ တွန်းကန်အားကို တောင့်ခံနိုင်သည်။

အချိန် ထပ်မံ ကုန်လွန်လာသည်။ နောက်ထပ် ဆယ့်ရှစ်ရက်တာ ကုန်လွန်လာခဲ့သည်။ ဝမ်လင်းသည် ရှစ်ကြိမ်မြောက်စက်ဝန်းကို ဖြတ်သန်းပြီးခဲ့လေပြီ။ ရှစ်ကြိမ်မြောက်စက်ဝန်း လှည့်ပတ်ပြီးနောက် ထိုရေစက်က အလွန်သေးငယ်လာခဲ့ပေပြီ။

ဝမ်လင်း တံခါးပိတ်ကျင့်ကြံနေစဉ် သူ့အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်က လှိုဏ်ဂူအပြင်ဘက်တွင် ကာကွယ်ပေးထား၏။ လှိုဏ်ဂူအတွင်း၌ ရီစီရုပ်သေးကာ စောင့်ကြပ်နေသေးသည်။

ရီစီရုပ်သေးမှာ သွေးမသောက်ရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်၍ စိတ်ကယောက်ကယက် ဖြစ်လာ၏။ ၎င်းက မကြာဆိုသလို ဟိန်းအော်သံ ပြုကာ တခါတရံဆို ဝမ်လင်းကိုပင် ကြမ်းကြုတ်သောအကြည့်ဖြင့် ကြည့်လာတတ်သည်။ သို့ပေမည့် ၎င်းသည် ဝမ်လင်းက ၎င်း၏သခင်ဖြစ်သူမှန်း သိထား၏။ ထိုခံစားချက်က အားမကောင်းလှသော်လည်း ၎င်း၏ သွေးကို ဝါးမြိုလိုသော ဆန္ဒကို ဖိနှိပ်ရာ၌ တချို့တဝက် သက်ရောက်အောင် ကူညီပေးနိုင်သည်။

ပို၍ အရေးကြီးသည့်အချက်မှာ ၎င်း၏သခင်ဖြစ်သူက အရင်နှင့် မတူတော့သည်ကို ခံစားမိခြင်းပင်။ သူ၏ သခင်ဖြစ်သူက သူ့ကို ကြောက်လန့်စေသော အော်ရာကို ပိုင်ဆိုင်ထားပေသည်။

ထို့အတွက်ကြောင့်လည်း ဝမ်လင်းက ရီစီရုပ်သေးကို သူ့အား ကာကွယ်ပေးခွင့် ပြုခဲ့ခြင်းတည်း။ ၎င်းသည် သွေးဆာတတ်သော်လည်း ဝမ်လင်း၏ စိတ်ဆန္ဒက သက်ရောက်မှု ရှိနေဆဲသာ။ အချိန် ကြာလွန်းသည် မဟုတ်ပါက ပြဿနာ ရှိလိမ့်မည် မဟုတ်ပေ။ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ သူ့စိတ်ဆန္ဒမှာလည်း ပိုအားကောင်းလာပြီး သွေးဆာနေသော ရီစီရုပ်သေးကို လုံလောက်စွာ ထိန်းချုပ်လာနိုင်သည်။

ထို့အပြင် သူ့ခန္ဓာကိုယ်ထဲ၌ သူ့ကိုယ်ပွားထံမှ အော်ရာအမျှင်တန်းတစ်ခုလည်း ရှိသေး၏။ တခြားသူများက ထိုအော်ရာကို ထောက်လှမ်းဖို့ ခက်ခဲလိမ့်မည် ဖြစ်သော်လည်း ရီစီရုပ်သေးကမူ သိနိုင်သည်။

ဖန်ရှန်မင်လည်း ဒီတောင်တွင် ရှိနေပြီး ဝမ်လင်း ရှိနေသော လှိုဏ်ဂူထံ အချိန်ကြာမြင့်စွာ စူးစမ်းကြည့်နေ၏။ အခုဆို လပေါင်းများစွာ ရှိလာခဲ့ပေပြီ။ သူမ၏စိတ်ထဲရှိ အတွေးက ပိုအားကောင်းလာပြီး သူမကို သူမ၏လှိုဏ်ဂူကနေ လှမ်းလျှောက်ထွက်လာစေကာ တောင်ထိပ်ထံသို့ ဦးတည်စေတော့သည်။

ဖန်ရှန်မင်သည် ဝမ်လင်း၏မီးအနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်ကို ထောက်လှမ်းမိသည့်အခါ ပေတစ်ထောင်အကွာတွင် ရပ်လိုက်၏။ သူမ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ပေါ်လာသည်။

သူမသည် ဝမ်လင်း တံခါးပိတ်ကျင့်ကြံနေစဉ် ဆန့်ကျင်ဖို့အတွက် လုံလောက်အောင် မရဲတင်းပေ။ သူမက ဝမ်လင်းကို အနီးကပ်လေ့လာစောင့်ကြည့်ချင်ရုံသာ ဖြစ်၏။ ထို့နောက် သူမသည် သူမဆရာ၏ အမိန့်ကို ပြီးမြောက်အောင် လုပ်ကာ ဝမ်လင်းကို သေသည့်အထိ တဖြည်းဖြည်း ကျိန်ဆဲနိုင်မည်။

သို့ပေမည့် ပေတစ်ထောင်အကွာတွင် သူမ ရပ်လိုက်ရုံရှိသေး ဝမ်လင်း၏အနှစ်သာရ အစစ်အမှန်ခန္ဓာကိုယ်က မျက်လုံးဖွင့်လာပြီး ဖန်ရှန်မင်ကို တချက် လှမ်းကြည့်သည်။

အနှစ်သာရခန္ဓာဖြင့် အကြည့်ခံရခြင်းမှာ ဝမ်လင်းကြည့်ခြင်းနှင့် အတူတူသာ။ ဖန်ရှန်မင်က တုန်ယင်ကာ ခေါင်းငုံ့မိသွား၏။ သူမက နောက်ဆုတ်ရန် ဟန်ပြင်လိုက်စဉ် လှိုဏ်ဂူထံမှ ဟိန်းအော်သံ ထွက်ပေါ်လာ၏။ ထူထဲသော အနက်ရောင်မြူများက လှိုဏ်ဂူထံမှ ထွက်လာကာ ကြမ်းကြုတ်သောမျက်လုံးတစုံသည် ထိုမြူများအတွင်း၌ ပေါ်လာ၏။ ကြက်သေးရောင်လျှာက ထိုမြူထံမှ တွဲလွဲကျကာ ဟိုဒီလှုပ်ရမ်းနေသည်။ တုန်လှုပ်ဖွယ် မြင်ကွင်းပင်။

မြူအတွင်း၌ ရီစီရုပ်သေး ရှိနေ၏။ ၎င်းက သွေးငတ်နေသည်မှာ လပေါင်းများစွာ ကြာနေလေပြီ။ ၎င်းက အပြင်ဘက်တွင် တစ်ယောက်ယောက်ကို ထောက်လှမ်းမိသွားသည့်အခါ စိတ်အနှောက်အယှက် ဖြစ်လာ၏။ ၎င်းက ဖန်ရှန်မင်ထံ သွေးဆာသောမျက်လုံးတို့ဖြင့် ကြည့်ကာ ဟိန်းအော်သံ ပေးပြီးနောက် သူမထံ တိုးဝင်လာတော့သည်။

ဖန်ရှန်မင်သည် ခုနစ်ခုမြောက်ဆန်းကြယ်အတိဒုက္ခကို ဖြတ်သန်းပြီးသူ ဖြစ်ကာ အစွမ်းထက်လှသူ တစ်ယောက်ပင်။ သို့ပေမည့် သူမက ရီစီရုပ်သေး၏ အကြည့်နှင့် တွေ့ဆုံသည့်အခါ တုန်ယင်မိသွား၏။ ဝမ်လင်းအပေါ် ကြောက်လန့်နေမှုကိုပါ ထည့်ပေါင်းသည့်အခါ ဖန်ရှန်မင်သည် နောက်သို့ တုန့်ဆိုင်းခြင်းမရှိ ပြန်ဆုတ်လေတော့သည်။

သို့ပေမည့် သူမက ရီစီလောက် မမြန်ပေ။ ထိုရုပ်သေးက မာန်သွင်းကာ ဖန်ရှန်မင်ထံ ဦးတည်လာ၏။ ၎င်း၏ကြီးမားသော လျှာက လှစ်ခနဲ သူမထံ ထိုးထွက်လာသည်။ သူမ၏ နောက်ဆုတ်မည့်လမ်းကြောင်းကို အနက်ရောင်မြူများက ပိတ်ဆို့လာ၏။

ကျယ်လောင်စွာ တုန်ဟည်းသံများ ကလန်တခွင် ပဲ့တင်ထပ်၏။ မဟာစိတ်ဝိညာဉ်ကလန်၏ လူအများစုက ဝမ်လင်း၏ တောင်အနီးသို့ မသွားရောက်ရန် ဘိုးဘေး၏ အမိန့်ပေးထားခြင်းကို ခံထားရ၏။ ယခုလို ဖြစ်လာသည့်အခါ သူတို့က လှမ်းမျှော်ကြည့်ကြသည်။

ယန်လုက ကျင့်ကြံနေရာကနေ မျက်လုံးဖွင့်လာ၏။ သူမ၏အမူအရာမှာ ပြောင်းလဲသွားသည်။ သူမက ဝမ်လင်းထံ သေသည့်အထိ ကျိန်ဆဲဖို့ ဖန်ရှန်မင်ကို စေလွှတ်ခဲ့တာကိုပါ မေ့လုနီးနီး ဖြစ်ခဲ့၏။ သူမသည် ဝမ်လင်း၏တောင်ထံသို့ ဦးတည် ပျံသန်းလာရင်း သူမ၏မျက်လုံးထဲတွင်မူ ကြောက်ရွှံ့မှု အရိပ်အမြွက် ရှိလို့နေသည်။

လှိုဏ်ဂူထဲ၌ ဝမ်လင်းသည် ကိုးကြိမ်မြောက်နှင့် နောက်ဆုံးစက်ဝန်းကို တွေ့ကြုံနေရ၏။ သူသာ အောင်မြင်သွားပါက သူ့ရေအနှစ်သာရသည် ပြီးပြည့်စုံကာ သူ၏ကျင့်ကြံမှုအဆင့်မှာလည်း တိုးတက်လာလိမ့်မည်ပင်။

သို့ပေမည့် ရေအနှစ်သာရကို လုံးဝ အသုံးပြုခဲ့ပြီး ဖြစ်၍ သူ၏ခန္ဓာကိုယ်မှာလည်း သွေ့ခြောက်နေသည်။ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ၏မျက်လုံးထံမှ တောက်ပသောအလင်း တောက်ပသည်။

“ဒီရေအနှစ်သာရက နောက်ဆုံးစက်ဝန်းကို ပြီးမြောက်ဖို့ မလုံလောက်ဘူး။ ငါ ရေပမာဏ အများအပြား လိုအပ်ပြီ…”

ဝမ်လင်းသည် ခုခါ၌ ကြောက်မက်ဖွယ်ကောင်းပုံ ပေါက်နေသည်။ သူ့ သွေ့ခြောက်သောခန္ဓာကိုယ်မှာ အရိုးစုတစ်ခုကဲ့သို့ ဖြစ်လုနီးပါးပင်။

သူ စဉ်းစားနေရင်း အပေါ်သို့ မော့ကြည့်၏။ ယန်လု၏ အော်ရာ နီးကပ်လာခြင်းနှင့်အတူ လှိုဏ်ဂူအပြင်ဘက်မှ တုန်ဟည်းသံကို သူ သတိပြုမိလိုက်သည်။

“ရီစီ…ပြန်လာခဲ့…”  ယန်လုက ရီစီနှင့် ဖန်ရှန်မင်တို့ တိုက်ခိုက်နေသော မြူအပေါ်သို့ နီးကပ်လာစဉ် ဝမ်လင်း၏အသံ ပဲ့တင်ထပ်သည်။ တချိန်တည်းမှာ ဝမ်လင်းသည် လှိုဏ်ဂူထဲမှ ထွက်လာပြီး အပြင်ဘက်သို့ ရောက်လာသည်။

သူ၏သွေ့ခြောက်သောခန္ဓာကိုယ်နှင့် ကြောက်မက်ဖွယ် ဖြစ်နေသော ပုံပန်းသွင်ပြင်ကို ယန်လုက တွေ့မြင်သွား၏။ သူမသည် ထိတ်လန့်၍ပင် အော်မိသွားလေ၏။

All Chapters