← Chapters

အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျင့်ကြံသူများ

Vol. 137 Ch. 1895

အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျင့်ကြံသူများ

Vol. 137 Ch. 1895

ပင်လယ်အတွင်းနက်ပိုင်းမှ လှိုဏ်ဂူများသည် အစိမ်းရောင်ဖြင့် ကျင့်ကြံသူအုပ်စုကြောင့် ပျက်စီးခြင်း ဆိုက်နေသည်။ သူတို့က လှိုဏ်ဂူအတွင်းရှိ လူများကို ရက်ရက်စက်စက် သတ်ပစ်နေသည်။ ထွက်ပြေးဖို့ ကြိုးစားသူတိုင်းမှာလည်း အစိမ်းရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူများ၏ လိုက်လံခြင်းကို ခံရ၏။ သူတို့က သူတို့၏ပစ်မှတ် မသေမချင်း လက်မလျှော့ကြချေ။

ဆေးလုံးပင်လယ်ကို ချိပ်ပိတ်ထားခြင်း၊ အစိမ်းရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူများက များပြားလွန်းခြင်းကြောင့် ထွက်ပြေးလွတ်မြောက်ဖို့မှာ ခက်ခဲနေတော့၏။

ဆေးလုံးပင်လယ်အတွင်း၌ သတ်ဖြတ်မှုတို့ ဖြစ်ပွားနေ၏။ သွေးနံ့များက ဒီပင်လယ်အတွင်းရှိ ကြမ်းကြုတ်သောသားရဲများကို တဖြည်းဖြည်း စွဲဆောင်သည်။

ဤသည်မှာ အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီးပင်။ ကျင့်ကြံမှုအဆင့် မညီမမျှ သတ်ဖြတ်ပွဲဆိုလည်း ဟုတ်၏။ အစိမ်းရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူများသည် ကျင့်ကြံခြင်းအဆင့် မြင့်မားကြပေ၏။ သူတို့က အမိန့်အတိုင်း တင်းတင်းကြပ်ကြပ် လိုက်နာကြပြီး ဆေးလုံးပင်လယ်အတွင်းရှ ကောင်းကင်ဘုံနွားထီးကုန်းမြေမှ ကျင့်ကြံသူများကို အနိုင်ကျင့်အရှက်ခွဲနေကြလေသည်။

ဆေးပင်လယ် တခြားတဖက်၊ အစိမ်းရောင်မိစ္ဆာကုန်းမြေ အနီးတွင် ပင်လယ်အတွင်း တလူလူ လွှင့်တင်ထားသော အလံကြီးသုံးခု ရှိလို့နေသည်။ ထိုအလံများအောက်တွင် ကျင့်ကြံသူထောင်ချီ ရှိနေပြီး သူတို့အားလုံးက ရှေ့သို့ အေးတိအေးစက် ငြိမ်သက်စွာ စိုက်ကြည့်နေကြသည်။

ထိုကျင့်ကြံသူများ၏ အလယ်၌ အစိမ်းရောင်မဟုတ်ဘဲ၊ အဖြူရောင်ဝတ်စုံဖြင့် လူသုံးယောက် ရှိနေ၏။ သူတို့မှာ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ဖြစ်သည်။ ထိုအမျိုးသားနှစ်ယောက်မှာ လူငယ်အရွယ်၊ အသက်သုံးဆယ်စွန်းစွန်းလောက်သာ ရှိပုံ ပေါ်သည်။

အမျိုးသမီးကလည်း အတော်လေး လှ၏။ သူမက ခေါင်းငုံ့ကာ သူမ၏လက်ထဲရှိ လက်ဝါးအရွယ်ခန့် သံလိုက်အိမ်မြှောင်ကို ငုံ့ကြည့်နေသည်။

ထိုသုံးယောက်ကြားတွင် အဖြူရောင်ကျောက်စိမ်းမျက်နှာကဲ့သို့ လူငယ်တစ်ယောက် ရှိ၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလာသည်။ “စီနီယာအစ်ကို ချန်း၊ ဂျူနီယာညီမလေး ကျောက်၊ ဆေးလုံးပင်လယ်ရဲ့ သတ်ဖြတ်ပွဲဟာ ခုနစ်ရက်လောက် ကြာခဲ့ပြီ။ ငါတို့သာ အရှိန်မမြင့်ခဲ့ရင် ငါတို့ ဘိုးဘေးအိုရဲ့ အမိန့်ကို ပြီးမြောက်အောင် မလုပ်နိုင်မှာ စိုးရွှံ့မိတယ်…”

နောက်ထပ်လူငယ်က သာမန်ပုံသာ ရှိ၏။ သို့သော် သူ့ထံမှ အဆိပ်ရှိသောအကြည့် မကြာဆိုသလို လှစ်ဟပေါ်သည်။ ကျောက်စိမ်းဖြူမျက်နှာဖြင့် လူငယ်၏ စကားကို ကြားရသည့်နောက် သူက ခပ်ဖြည်းဖြည်း ပြန်ဖြေသည်။ “သတ်ဖြတ်မှု အဆုံးသပ်ဖို့အတွက် အများဆုံးမှ နောက်လေးရက်ပဲ အချိန်ရတော့မယ်။ ဆေးလုံးပင်လယ်အတွင်းက ကောင်းကင်ဘုံနွားထီး ကျင့်ကြံသူအားလုံးကို သတ်ပစ်ရမယ်…”

“ဒီဆေးလုံးပင်လယ်ဟာ ကောင်းကင်ဘုံနွားထီးကလန်ကို ငါတို့ အစိမ်းရောင်မိစ္ဆာကုန်းမြေအတွက် ဂိတ်ပေါက်ပဲ။ အဲ့နေရာမှာ အစွမ်းထက်ကျင့်ကြံသူတွေ အများအပြား ရှိတယ်။ ဒါ့ကြောင့် သူတို့ကို မြန်မြန် ရင်ဆိုင်ဖို့ဆိုတာ ခက်ခဲလှတယ်။ ဒါပေမဲ့ စီနီယာအစ်ကိုချန်း ပြေသလိုပဲ နောက်ထပ်လေးရက်ဆို လုံလောက်ပါပြီ…”

အမျိုးသမီးဖြစ်သူက ပြုံး၍ ပြောလာရင်း သူမ၏ဆံနွယ်စကို နားနောက်သို့ သပ်တင်လိုက်သည်။

“စီနီယာအစ်ကိုတို့…ဆေးလုံးပင်လယ်ရဲ့ သံလိုက်အိမ်မြှောင်ကို ကြည့်လိုက်…”

သူမက ထိုသို့ ပြောလိုက်ရင်း သူမ၏လက်ထဲရှိ သံလိုက်အိမ်မြှောင်မှာ တောက်ပလာကာ ဆေးလုံးပင်လယ်တစ်ခုလုံး၏ မြေပုံ ပေါ်လာသည်။

ဆေးလုံးပင်လယ်၏ မြေပုံပေါ်တွင် အစိမ်းရောင်အစက်အပြောက်များ ထောင်ချီ ရှိနေ၏။ သူတို့က တဖြည်းဖြည်း ရွှေ့လျားနေသည့်ပုံပင်။

ထိုအစိမ်းရောင်အစက်အပြောက်များအပြင် အဖြူရောင်အစက်အပြောက်များလည်း ရှိကြပေ၏။ ထိုအစက်အပြောက်များသည် ဖယောင်းတိုင်မီးကဲ့သို့ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့်အလား။ သူတို့ ထိုသို့ စကားပြောနေသည့် ခဏအတွင်းမှာပင် အဖြူရောင်အစက်ရာချီက ပျောက်ကွယ်ကာ အစိမ်းရောင်အစက်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

ထိုအဖြူရောင်အလင်းများသည် မတူကွဲပြားသော အရွယ်အစားများ ရှိ၏။ အဖြူရောင်အလင်းစက် သုံးစက်က တခြားအရာများထက် သိသိသာသာ ပိုတောက်ပနေသည်။

“ဆေးလုံးပင်လယ်ထဲက အစွမ်းထက်ဆုံး ကျင့်ကြံသူသုံးယောက်ဟာ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ဖြစ်ကြတယ်။ ဘိုးဘေးတွေက သူတို့ကို ရင်ဆိုင်ဖို့ အစိမ်းရောင်မိစ္ဆာတမန်တော်တွေကို စေလွှတ်လိုက်ပြီးပြီ။ ဒါ့ကြောင့် ငါတို့ သူတို့နဲ့ ပတ်သတ်ပြီး စိတ်ပူနေဖို့ မလိုတော့ဘူး…”

ထိုအမျိုးသမီးက ဖြည်းဖြည်းချင်း ပြောလာလေ၏။

ထိုအတောက်ပဆုံး အဖြူရောင်အလင်းသုံးစက်အပြင် ယင်းတို့ထက် သေးငယ်ပြီး တခြားသူများထက်တော့ သိသိသာသာ ကြီးမားသော အလင်းစက်ဆယ်စက် မပြည့်တပြည့်လည်း ရှိသေး၏။ သူတို့ကိုလည်း အစိမ်းရောင်အစက်အပြောက်များက ဝန်းရံထားကာ ကြမ်းတမ်းသောတိုက်ပွဲကို ဆင်နွဲနေကြပုံ ပေါ်သည်။

“အဲ့လေလွင်ကျင့်ကြံသူ သုံးယောက်အပြင် ကျင့်ကြံမှုအဆင့် မြင့်မားတဲ့ နောက်ထပ်ကိုးယောက်လောက် ရှိသေးတယ်။ သူတို့က ဆန်းကြယ်အတိဒုက္ခ ခုနစ်ဆင့်၊ ရှစ်ဆင့်လောက်မှာ ရှိနိုင်တယ်။ သူတို့ကတော့ ငါတို့ သုံးယောက်ရဲ့ ပစ်မှတ်ပဲ။ ငါတို့သာ သူတို့ကို သတ်နိုင်ခဲ့ရင် ကျန်တဲ့သူတွေဟာ ပြဿနာ မဟုတ်တော့ဘူး။ ဒီပစ္စည်းနဲ့ဆိုရင် လေးရက်ဟာ သူတို့ကို သတ်ဖို့အတွက် လုံလောက်မှာပါ…”

ထိုအမျိုးသမီးက ပြုံး၍ သူမ၏ဘယ်လက်ကို ပင့်မြှောက်လိုက်သည်။ သူမက ကျောက်စိမ်းကဲ့သို့ သူမ၏လက်ကို ဝေ့ယမ်းလိုက်ရာ သူမ၏လက်ဝါးပေါ်တွင် အနက်ရောင်အရည်တစ်စက် ပေါ်လာသည်။ ထိုအရည်စက်က သလင်းကဲ့သို့ ကြည်လင်နေပြီး ထူးဆန်းသောအလင်းကို ပေးစွမ်းသည်။ ၎င်းရေစက်ထံမှ ပေါကြွယ်ဝသော ရေအနှစ်သာရအော်ရာ ထွက်ပေါ်နေသည်။

“ဒါဟာ အဆိပ်မိစ္ဆာကလန်က ရတနာဖြစ်တဲ့ သန့်စင်ခြင်းတစ်သောင်းပျက်စီးခြင်းအရည်ပဲ။ စီနီယာအစ်ကိုတို့ ဆေးလုံးပင်လယ်က ကျင့်ကြံသူတွေဟာ အခွင့်အရေးရနိုင်မယ်လို့ ထင်လား…”

ထိုအမျိုးသမီးက လူငယ်နှစ်ယောက်ထံ မော့ကြည့်လိုက်သည်။

ကျောက်စိမ်းဖြူမျက်နှာနှင့် လူငယ်က ပြုံး၍ ပြောလာသည်။ “ငါတို့ ပေါ့ဆလို့တော့ မဖြစ်ဘူး။ ငါတို့ ကလန်သုံးခု ပူးပေါင်းလိုက်မှတော့ ဘာမတော်တဆမှုမှ မရှိနိုင်တော့ပါဘူး။ ငါတို့ ကောင်းကင်ဘုံနွားထီးကုန်းမြေက တစ်ခုခုကို သတိပြုမိသွားစေလို့ မရဘူး။ ဘိုးဘေးသုံးယောက်ကလည်း တခြားသူတွေ ဘာဖြစ်ပျက်နေသလို ရှေ့ဖြစ်ကြည့်တာကို နှောက်ယှက်ဖို့အတွက် မန္တာန်တွေ အသုံးပြုထားကြတယ်။ ငါတိုဟာ ဆေးလုံးပင်လယ်ရဲ့ ကောင်းကင်ဘုံနွားထီးကျင့်ကြံသူတွေကို သတ်ဖြတ်ရမယ်။ ပြီးရင် ဒါကို တဝက်တပျက် ကောင်းကင်ဘုံဆေးလုံးအဖြစ် ပြန်သန့်စင်ရမယ်။ ပြီးရင် ငါတို့က အဲ့ဆေးလုံးကို အသုံးပြုပြီး ကောင်းကင်ဘုံနွားထီးကုန်းမြေရဲ့ မမြင်ရတဲ့ အရံအတားကို ချိုးဖျက်ကြရလိမ့်မယ်…”

သူတို့သုံးယောက်လုံးသည် အမျိုးသမီးလက်ထဲရှိ သံလိုက်အိမ်မြှောင်မြေပုံပေါ်၊ ကောင်းကင်ဘုံနွားထီးကုန်းမြေ အနီးအနားရှိ သာမန်ဆန်လွန်းသော အဖြူရောင်အစက်အပြောက်တစ်ခုကိုတော့ မမြင်တွေ့ခဲ့ကြလေပေ။

ထိုသာမန်ဆန်လွန်းသော အဖြူရောင်အစက်က ဝမ်လင်း ရှိနေသော နေရာတည်း။ အစိမ်းရောင်အစက်အပြောက်များက မကြာဆိုသလို ဒီနေရာကနေ ဖြတ်သန်းသွားကြ၏။ သို့သော် သူတို့က တစ်စက်လေးမျှ သူ့ကို သတိမပြုမိကြပေ။

ဝမ်လင်းက ဆေးလုံးပင်လယ်အတွင်း၌ တည်ငြိမ်စွာ ထိုင်နေ၏။ သူ၏ခန္ဓာကိုယ်မှာ ပင်လယ်နှင့် ပေါင်းစပ်နေသည်။ သူသည် တဖြည်းဖြည်းဖြင့် သူ့ခန္ဓာကိုယ်တွင်း ဝင်ရောက်လာသော ရေများကို သိပ်သည်းကာ ရေအနှစ်သာရ ဖွဲ့စည်း၍ သူ၏ခန္ဓာကိုယ်ကို အားဖြည့်တင်းနေသည်။

သို့ပေမည့် ပင်လယ်ရေထံမှ ရေအနှစ်သာရကို သိပ်သည်းခြင်းမှာ အတော်လေး ခက်ခဲလှ၏။ သူသာ ပင်လယ်တစ်ခုလုံးကို ရေတစ်စက်အဖြစ် သိပ်သည်းနိုင်ခဲ့လျှင်တော့ ရေအနှစ်သာရကို ဖွဲ့စည်းတာ ဖြစ်နိုင်လောက်သည်။ သို့ပေမည့် မည်သို့ပင်ဖြစ်စေ ဝမ်လင်းသည် ကြိုးစားကြည့်မည်သာ။

သူ့နတ်ဘုရားအာရုံက ပင်လယ်နှင့် ပေါင်းစပ်နေ၏။ ထို့ကြောင့် သူသည် ဆေးလုံးပင်လယ်အတွင်းရှိ သတ်ဖြတ်မှုများကို သတိပြုမိပေသည်။ ဆေးလုံးပင်လယ်တစ်ခုလုံးမှာ သတ်ဖြတ်ခြင်း၌ နစ်မြုပ်နေချေပြီ။

အချိန် တဖြည်းဖြည်း ကုန်လွန်လာ၏။ ဖြတ်ခနဲအတွင်း တစ်ရက်တာ ကုန်လွန်သွားပြန်သည်။ သည်ရက်အတွင်း အစိမ်းရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူအုပ်စု  ဆယ့်နှစ်အုပ်တို့က ဝမ်လင်းထက်တွင် ပျံသန်းသွားကြ၏။ သို့သော် မည်သူကမျှ သူ့ကို သတိမပြုမိကြပေ။

ထို့နေ့ပြီးနောက် ဧရာမဆေးလုံးပင်လယ်မှာ ပေတစ်ရာလောက် အောက်သို့ နစ်ကျသွား၏။ ရေများက လေထဲသို့ အငွေ့ပျံသွားသည့်အလား။ ဤသည်က ကျင့်ကြံသူများ၏ အာရုံကို တဖြည်းဖြည်း စွဲဆောင်သည်။ သို့သော် သတ်ဖြတ်မှုများ ဖြစ်နေ၍ မည်သူကမျှ များများစားစား အာရုံမစိုက်မိကြပေ။

အစိမ်းရောင်မိစ္ဆာကုန်းမြေဘက်ခြမ်းရှိ မိုးထိမြင့်မားသော အလံသုံးခုအောက်မှ လူသုံးယောက်မှာလည်း ထိုနည်းတူသာ။

“ထိုသုံးယောက်ထဲမှ လှပသောအမျိုးသမီးက သူမ၏လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို ကြည့်ကာ ပြောလိုက်သည်။ အရှေ့မြောက်၊ ကီလိုမီတာ(၃၉၀၀၀၀) အကွာ။ အစိမ်းရောင်မိစ္ဆာတပ်သား တစ်စု…သွားလိုက်…”

ကျင့်ကြံသူဆယ့်နှစ်ယောက်ကျော်က ရုတ်တရက် ရှေ့သို့ ရွှေ့လျားသွားတော့သည်။ သူတို့က ရေထဲသို့ ဝင်ရောက်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

သူတို့သည် ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးမပြုနိုင်ကြပေ။ သို့သော် အစိမ်းရောင်မိစ္ဆာကုန်းမြေက ကောင်းကောင်းပြင်ဆင်ထားခဲ့၏။ သူတို့ ချခင်းထားသော အစီအရင်က သည်ဆေးလုံးပင်လယ်ကို ချိပ်ပိတ်ထားရုံသာမက အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများကိုလည်း ဒီပင်လယ်နှင့် တသားတည်း ဖြစ်ကာ လှုပ်ရှားစေနိုင်ပေသည်။

“အရှေ့တောင်၊ ကီလိုမီတာ(၁.၈)သန်း။ အစိမ်းရောင်တပ်သားအုပ်စု ငါးစု သွားလိုက်…”

သူမ ထိုသို့ ပြောလိုက်သည့်နောက် လူတစ်ရာနီးပါး ကျင့်ကြံသူများသည် လှမ်းထွက်ကာ ပျောက်ကွယ်သွားကြသည်။

ထိုအမျိုးသမီးထံမှ နောက်ထပ်အမိန့်များ ထွက်ပေါ်လာပြီး သူမက လက်ထဲရှိ မြေပုံကို အခြေခံကာ တပ်သားများကို ဆက်တိုက် နေရာချနေသည်။ အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျင့်ကြံသူ အများအပြား အကူအညီပေးမှုကြောင့် သူတို့က ကျန်သည့် ခုခံနေသော အဖြူရောင်အစက်အပြောက်များကို အမြစ်ဖျက်နိုင်ကြသည်။

“စီနီယာအစ်ကို ချန်း၊စီနီယာအစ်ကို ကျောက်၊ အခု သင်တို့နှစ်ယောက် အလှည့်ပဲ။ အစွမ်းထက်ကျင့်ကြံသူ ကိုးယောက်မှာ လေးယောက်တော့ သေသွားခဲ့ပြီ။ ငါးယောက်ပဲ ကျန်တော့တယ်။ အစ်ကိုတို့ နှစ်ယောက် လူခွဲသွားလိုက်ပါ။ စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါပေမဲ့ သုံးယောက်ကတော့ တစုတစည်းတည်း ရှိနေကြတယ်…”

“ဒီသုံးယောက်က မိတ်ဆွေကောင်းတွေ ဖြစ်ကြပုံပဲ။ သူတို့က ပူးပေါင်းတိုက်ခိုက်တာမှာလည်း တော်ကြတယ်။ စီနီယာအစ်ကိုတို့နှစ်ယောက်က သူတို့သုံးယောက်ကို သတ်ပေးဖို့ ငါ အကူအညီတောင်းလို့ ရနိုင်မလား…”

ထိုအမျိုးသမီးလက်ထဲရှိ သံလိုက်အိမ်မြှောင်ပေါ်တွင် တခြားအလင်းများထက် အနည်းငယ် ပိုကြီးမားပုံရသော အဖြူရောင်အလင်းစက်သုံးစက်က ကောင်းကင်ဘုံနွားထီးကုန်းမြေထံသို့ ဦးတည်ရွှေ့လျားနေသည်။ သူတို့နှင့် နီးကပ်လာသော အစိမ်းရောင်အစက်များမှာ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားနေ၏။ ထိုသို့ ပျောက်ကွယ်ခြင်းက သေဆုံးခြင်းဟု ဆိုလိုသည်။

ကျောက်စိမ်းဖြူကဲ့သို့ မျက်နှာပိုင်ဆိုင်သူ လူငယ်က ပြုံး၍ သူ့လက်ကို မြှောက်လိုက်၏။ သူ့လက်ကြားထဲတွင် ယပ်တောင်တစ်ခု ပေါ်လာပြီး ထိုယပ်တောင်ဖြင့် သူ့ဘယ်လက်ဝါး အလယ်တည့်တည့်သို့ ထိရိုက်ကာ သူ့ရှေ့ရှိ ချန်းအမည်ရသော လူငယ်ထံ လှမ်းကြည့်သည်။

“စီနီယာအစ်ကိုချန်း…ညီလေး…နောက်ကလိုက်လာပြီး မိစ္ဆာတာအိုကလန်ရဲ့ မဟာမိစ္ဆာတာအိုကို ကြည့်ကြည့်ပါ့မယ်…”

ကျင့်ကြံသူချန်းက အဆိပ်ရှိဟန်ပေါက်သော အမူအရာကို လှစ်ဟဖော်ကာ စကားတခွန်းမျှ မဆိုဘဲ အစီအရင်ထံ ခြေလှမ်းလိုက်သည်။ သူသည် သဲလွန်စမရှိ ပျောက်ကွယ်သွား၏။ ကျောက်စိမ်းဖြူကဲ့သို့ မျက်နှာပိုင်ရှင် ကျင့်ကြံသူလူငယ်က ပြုံး၍ ခေါင်းယမ်းကာ လိုက်ပါသွားသည်။

သူတို့နှစ်ယောက် ထွက်ခွာသွားသည့်နောက် ကျင့်ကြံသူထောင်ချီ ဝန်းရံပေးထားသော ထိုအမျိုးသမီးက သူမ၏လက်ထဲရှိ သံလိုက်အိမ်မြှောင်ကို ကြည့်လိုက်၏။ သူမက တစ်ခုခုနှင့် ပတ်သတ်၍ စိတ်ရှုပ်နေမိသည်။

“ထူးဆန်းတယ်…။ ဆေးလုံးပင်လယ်ရဲ့ ရေဟာ တရက်အတွင်း ဘာကြောင့် ဒီလောက်အများအပြား လျှော့ကျသွားရတာလဲ…”

သူမ၏အကြည့်က ဝမ်လင်းကို ကိုယ်စားပြုသည့် အဖြူရောင်အစက်အပါအဝင် အဖြူရောင်အစက်များအားလုံးထံ ဝေ့ခတ်ကျရောက်သွားသည်။

သို့ပေမည့် ဝမ်လင်းကို ကိုယ်စားပြုသော အဖြူရောင်အစက်မှာ တွေ့နေမြင်နေကျဖြစ်ကာ သူမ၏အာရုံကို မစွဲဆောင်ခဲ့ပေ။ သူမက အနည်းငယ် စဉ်းစားပြီးနောက် ဒီကိစ္စကို စိတ်ထဲ၌သာ ထားလိုက်တော့၏။ သူမက ဆက်လက်၍ ဆေးလုံးပင်လယ်အတွင်းရှိ ကောင်းကင်ဘုံနွားထီးကုန်းမြေမှ လက်ကျန်ကျင့်ကြံသူများကို အမြစ်ဖျက်ဖို့ အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျင့်ကြံသူများကို နေရာချနေတော့သည်။

သတ်ဖြတ်မှုများက အဆက်မပြတ် ဆက်ဖြစ်နေ၏။ ဝမ်လင်းသည် ထိုသည်ကို လစ်လျူရှုထားကာ ပင်လယ်ရေကို စုပ်ယူခြင်းသာ သူက အပြည့်အဝ အားထုတ်နေသည်။ သူသည် ရေအနှစ်သာရကို စုဝေးစေဖို့ ပင်လယ်ရေများကို သိပ်သည်းနေသော အဆုံးမဲ့တွင်းတစ်ခုအလား။

သို့ပေမည့် ထိုအနှစ်သာရကို သိပ်သည်းဖို့မှာ သိသာစွာ ခက်ခဲလွန်းသည်။ ပင်လယ်ရေပေတစ်ရာလောက် ရေထုသည်ပင် မလုံလောက်သေး ဖြစ်နေသည်။

“ဒီလိုဆိုတော့လည်း ထပ်ပြီး စုပ်ယူရတာပေါ့…”   ဝမ်လင်းက သူ့သွေ့ခြောက်နေသော မျက်လုံးကို ဖွင့်ဟလာကာ သူ့အထက်၌ ပျံသန်းသွားသော အစိမ်းရောင်ဝတ်စုံနှင့် ကျင့်ကြံသူအုပ်စုကို ကြည့်ရှုလိုက်၏။ သူက မျက်မှောင်ကြုတ်သွားသည်။

တအောင့်အကြာတွင် ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူက ရေများကို ဆက်လက် စုပ်ယူရန် မျက်လုံး ပြန်မှိတ်လိုက်သည်။ တရက်ကြာပြီးနောက် ရေပြင်ထုက ဆက်လက်၍ နိမ့်ဆင်းလာပြီး ပေရှစ်ရာကျော်ထိ နိမ့်ကျသွားသည်။ တချို့ပင်လယ်ကျောက်တန်းများသည်ပင် မျက်နှာပြင်ထက် အခုအခါတွင် လှစ်ဟပေါ်လာခဲသည်။

သတ်ဖြတ်ရာ၌ ပါဝင်နေသော ကျင့်ကြံသူများစွာသည်ပင် ဒီပြောင်းလဲမှုကို ဆက်လက်၍ လစ်လျူမရှုနိုင်တော့ပေ။ သို့သော် သူတို့က ဘာကြောင့် ခုလို ဖြစ်လာသည်ကို မစဉ်းစားတတ် ဖြစ်ရ၏။

“ပင်လယ်ရေတွေ ဘယ်နေရာ ရောက်ကုန်တာလဲ…”

“တစုံတစ်ယောက်ကများ အစွမ်းထက်မန္တာန်တစ်ခုခုကို အသုံးပြုနေတာများ ဖြစ်နိုင်လား…” ဆေးလုံးပင်လယ်အတွင်းရှိ အစိမ်းရောင်ဝတ်ရုံဖြင့် ကျင့်ကြံသူများသည် ဆက်၍ တည်တည်ငြိမ်ငြိမ် မရှိနိုင်တော့ပေ။

သည်အခိုက်အတန့်တွင် ပင်လယ်အောက်ခြေ၌ ဝမ်လင်းနှင့် အဝေးတနေရာတွင် လူသုံးယောက်သည် ထွက်ပြေးနေကြ၏။ သူတို့ထဲမှ နှစ်ယောက်က ဒဏ်ရာအပြင်းအထန် ရထားတာ သိသာသည်။ သို့သော် နောက်ဆုံးတစ်ယောက်က ထိုနှစ်ယောက်ကို သူ တကိုယ်တည်း လွတ်ရာလွတ်ကြောင်းအတွက် စွန့်ပစ်မသွားပေ။

“ကျားဖြူ။ မင်းဟာမင်း ထွက်သွားတော့။ ဟင်္သာငှက်နဲ့ ငါက ဒဏ်ရာအပြင်းအထန် ရထားခဲ့ပြီးပြီး။ ငါတို့နဲ့ဆိုရင် မင်းပါ လွတ်နိုင်တော့မှာ မဟုတ်ဘူး…”

“ငါတို့ တာအိုခုနစ်ခုကလန်ကနေ ထွက်လာပြီး ငြိမ်းငြိမ်းချမ်းချမ်း ဒီမှာ ကျင့်ကြံဖို့ ရောက်လာခါမှ အခုလိုမျိုး ကြုံရလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ဟူး…ကျားဖြူ…မင်းဟာမင်း ထွက်သွားတော့…”

All Chapters