← Chapters

အခန်း (၄၇၀-၄၇၁)

Vol. 47 Ch. 470-471

အခန်း (၄၇၀-၄၇၁)

Vol. 47 Ch. 470-471

အခန်း။ ၄၇၀

"စီနီယာအစ်ကို့ကို ကျွန်မ ဘယ်လိုကယ်ရမလဲ"

လီယောင်းက လောကြီးစွာ မေးလိုက်သည်။

[မင်းဆီမှာရှိတဲ့ ကောင်းကင်ဘုံတာအို အစအနကို အသုံးချလိုက်]

ပညာရှိက ပြန်ဖြေ၏။

“ကောင်းကင်ဘုံတာအို အစအန”

သူမ ဇဝေဇဝါ ဖြစ်သွားရသည်။

[ဟုတ်တယ် အဲဒါက မင်းဆီမှာရှိတဲ့ ထူးခြားတဲ့စွမ်းအားကို ငါပေးထားတဲ့ နာမည်ပဲ]

ပညာရှိသည် ထိုသို့ဆိုလိုက်သော်လည်း အတွင်းစိတ်၌မူ ထိုစွမ်းအား၏ အနက်အဓိပ္ပာယ်ကို သူမကိုယ်တိုင်ပင် အပြည့်အဝ နားမလည်နိုင်သေးချေ။ ၎င်းမှာ လီယောင်း မွေးဖွားလာကတည်းက ကပ်ပါလာသည့် ထူးဆန်းသောအစွမ်း ဖြစ်သည်။ သူမ၏ ကျော်လွန်ပြီးသားဖြစ်သော အကျိုးအကြောင်း နိယာမထက်ပင် ပိုမိုအားကောင်းနေသည့် ဤစွမ်းအားသည် မည်သို့ဖြစ်ပေါ်လာသည်ကို သူမ နားမလည်နိုင်သဖြင့် ၎င်းကို ကောင်းကင်ဘုံတာအိုကဲ့သို့သော အရာတစ်ခုထံမှ ရရှိသည့် အာဏာစက်တစ်မျိုးဟုသာ ယူဆထားခဲ့သည်။

“ဒါကို ကျွန်မ ဘယ်လို သုံးရမှာလဲ”

[မင်း သိချင်တဲ့ မေးခွန်းတစ်ခု ဒါမှမဟုတ် အဆိုပြုချက်တစ်ခုခုကိုပဲ စိတ်ထဲက တွေးလိုက် အဲဒါက မှန်ကန်ဖို့ ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိသလဲဆိုတာကို အဲဒီစွမ်းအားက ဖော်ပြပေးလိမ့်မယ်။ အဲဒါကိုသုံးပြီး ကောင်းကင်ဘုံတာအိုရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်ဖို့ အကောင်းဆုံးနည်းလမ်းကို တွက်ချက်လို့ရတယ်]

ပညာရှိက ရှင်းပြလိုက်သည်။

လီယောင်းက တိတ်ဆိတ်နေဆဲဖြစ်သဖြင့် ပညာရှိက သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလိုက်သည်။

[ကောင်းပြီ ငါ ဘာလုပ်ရမလဲဆိုတာ ပြောပြမယ်။ မင်းရဲ့ စွမ်းအင်ကို အခု ငါပြောတဲ့အတိုင်း စတင်လှည့်ပတ်လိုက်...]

ပညာရှိ၏ ကျွမ်းကျင်လှသော တွက်ချက်မှုစွမ်းရည်ဖြင့် လမ်းညွှန်မှုကို ခံယူကာ လီယောင်းသည် ကောင်းကင်ဘုံတာအို၏ အကာအကွယ်ကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာခဲ့သည်။ မိနစ်အနည်းငယ်အတွင်းမှာပင် သူမသည် ထိုခိုင်မာလှသော ကန့်သတ်ချက်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့လေပြီ။

သူမ၏ မျက်လုံးများက မျှော်လင့်ချက်တို့ဖြင့် တောက်ပလာသည်။

“စီနီယာအစ်ကို... ဂျူနီယာညီမလေး အစ်ကို့ကို အိမ်ပြန်ခေါ်ဖို့ လာပြီနော်”

ထိုသို့ တိုးတိုးလေး ရေရွတ်ရင်း လူ့လောကဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

[နေဦး]

ပညာရှိက အရေးတကြီး တားလိုက်သဖြင့် သူမ ရုတ်တရက် ရပ်လိုက်ရပြန်သည်။

“ဘာဖြစ်ပြန်တာလဲ”

လီယောင်းက စိတ်မရှည်စွာ မေးလိုက်၏။

[ဒီမှာ ပညာရှိအဆင့် ကာကွယ်ရေးစက်ဝန်းတစ်ခု ရှိနေသေးတယ်]

သူမ၏ ကိုယ်ပွားလေး စိတ်မမှန်ဖြစ်သွားရခြင်းမှာလည်း ဤစီနီယာအစ်ကိုဆိုသူနှင့် ပတ်သက်နေလိမ့်မည်ဟု သူမ သံသယဝင်မိသည်။ သူမ သက်ပြင်းချလိုက်မိသည်။ ထိုကဲ့သို့သော လူမျိုးနှင့် သူမ ဘာမှမပတ်သက်ချင်တော့ပေ။ သို့သော် သူမ၏ ခံစားချက်ကို ထုတ်ဖော်ပြောလိုက်ပါက ဤရူးသွပ်နေသော ကောင်မလေးက ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ပေလိမ့်မည်။

[၁၀၀ ရာခိုင်နှုန်း]

[ငါပြောတာကို သေချာနားထောင် ဒီစက်ဝန်းကို ဘယ်လိုဖျက်ရမလဲဆိုတာ ငါပြမယ်...]

ပညာရှိ၏ အကူအညီဖြင့် လီယောင်းသည် စက်ဝန်း၏ အားနည်းချက်ကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားပြီး ၎င်းကို ချိုးဖျက်လိုက်နိုင်သည်။ သို့သော် ရုတ်တရက်ဆိုသလို သူမရှေ့၌ လူတစ်ယောက် ပေါ်လာသည်။

“စီနီယာအစ်ကို”

သူမ ရေရွတ်လိုက်မိ၏။

“မဟုတ်ဘူး ကိုယ်ပွားပဲ”

သူမက ဆိုရင်း သူ၏ဘေးနား၌ လျှပ်တပြက် ပေါ်လာခဲ့သည်။

သူမ သူ့ကို တွန်းထုတ်ရန် ပြင်လိုက်စဉ်မှာပင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တစ်ခုလုံး အေးခဲသွားသည်ကို ခံစားလိုက်ရသည်။ အချိန်ပင်လျှင် တုန့်ခနဲ ရပ်တန့်သွားခဲ့သည်။ ထို့နောက် ဟင်းလင်းပြင်ကြီးတစ်ခုလုံး ရွေ့လျားသွားသလို ခံစားလိုက်ရပြီး အလင်းနှစ်ပေါင်းများစွာ အကွာအဝေးသို့ ရွှေ့ပြောင်းခြင်းခြင်း ခံလိုက်ရသည်။

သူမသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို ဝေ့ယမ်းကာ အေးခဲနေသော အချိန်နှင့် ဟင်းလင်းပြင်ကို အားဖြင့် ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူမ၏ ကောင်းကင်ဘုံတာအို အာဏာစက်ကို တစ်ဟုန်ထိုး ဖြန့်ကြက်လိုက်တော့သည်။

…

“စီနီယာအစ်ကို... ဒါက ဘာသဘောလဲ”

လီယောင်းက အေးစက်သောလေသံဖြင့် မေးလိုက်သည်။

“ဘာကို ဆိုလိုတာလဲ”

ရှန်းယွီက ခပ်အေးအေးပင် ပြန်မေးလိုက်၏။

ရှန်းယွီသည် တာအိုကို အပိုင်တွက်ထားနိုင်သော်လည်း လက်ရှိကိုယ်ပွားတွင် ၎င်းကို အသုံးချရန် တာအို ချီကင်းမဲ့နေသည်ကို သတိပြုမိလိုက်သည်။ ဤသည်မှာ သူ၏ မူလခန္ဓာကိုယ်မဟုတ်သဖြင့် တာအို ချီမရှိခြင်းကို အစားထိုးရန် စွမ်းအင်အမြောက်အမြားကိုလည်း လွယ်လွယ်နှင့် ထုတ်သုံး၍မရနိုင်ပေ။ လက်ရှိအခြေအနေအရ သူသည် ပညာရှိနှင့် အဆင့်တူရုံမျှသာ ရှိသော်လည်း သူမ၏ ထူးဆန်းသော စွမ်းရည်များဖြင့် အကောင်းဆုံးသော တိုက်

ကွက်များကို ထုတ်ဖော်လာမည်ဆိုလျှင်...

“ဘာလို့ ကျွန်မကို ကယ်ခွင့်မပေးတာလဲ”

သူမက ထပ်မေးပြန်သည်။

“မင်းရဲ့ စိုးရိမ်မှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် ကိုင်တွယ်နိုင်ပါတယ်။ ကယ်ဖို့ မလိုပါဘူး”

သူမ၏ မျက်နှာအမူအရာမှာ ရုတ်ချည်း တည်ကြည်သွားပြီး “နားလည်ပါပြီ ဒါဆိုရင်တော့ ဝမ်းနည်းစရာပဲနော်” ဟု တိုးတိုးလေး ပြောလိုက်သည်။ ရှန်းယွီ သူမကို စိုးရိမ်တကြီး ကြည့်လိုက်

မိ၏။

သူမ ဘာတွေ ကြံစည်နေတာလဲ။

ဤကိစ္စကို ဒီအတိုင်း လက်လျှော့မည် မဟုတ်သည်မှာ သေချာသည်။

“အစ်ကိုတော့ စိတ်အညစ်အကြေးတွေ လွှမ်းမိုးခံထားရပြီ ထင်တယ်”

သူမ ပြောလိုက်စဉ် သူမ၏ မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာတော့သည်။

“ဒါဆိုရင် အစ်ကို့ကို မကယ်ခင်မှာ အရင်ဆုံး သန့်စင်ပေးရတော့မှာပေါ့”

သူမက လက်မောင်းများကို ဖြန့်ကာ သူ့ကိုကြည့်၍ ပြုံးလိုက်သည်။ ရှန်းယွီ သက်ပြင်းတစ်

ချက်ချလိုက်ရင်း “ကဲ... လာလေ” ဟု ပြောလိုက်၏။

သူ စကားအဆုံးမှာပင် လီယောင်းသည် ရှေ့သို့ လျှပ်တပြက် ရောက်ရှိနေပြီ ဖြစ်သည်။ ကောင်းကင်ဘုံတာအို အာဏာစက်များ လွှမ်းခြုံထားသော လီယောင်း၏ လက်သီးနှင့် အကြွင်းမဲ့ အရင်းအမြစ် စွမ်းအင်များ ထည့်သွင်းထားသော ရှန်းယွီ၏ လက်ဝါးတို့ ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။ ထိုရိုက်ခတ်မှုကြောင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားပြီး စက္ကန့်ပိုင်းအတွင်း ကြယ်စနစ် သုံးခုကို ထိုးဖောက်သွားသည့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

သူတို့နှစ်ဦးမှာ တစ်ဦး၏ စွမ်းအားနှင့်တစ်ဦး အားပြိုင်ရင်း နောက်သို့ လွင့်ထွက်သွားကြသည်။ လီယောင်းသည် ဟင်းလင်းပြင်ကို လိမ်ကျစ်လိုက်ပြီး ဝေးကွာသော နေမင်းများကို ရှန်းယွီထံသို့ ခဲယမ်းများကဲ့သို့ ဆွဲယူပစ်ခတ်လိုက်သည်။ ရှန်းယွီသည် ၎င်းကို ကာကွယ်ရန် မကြိုးစားဘဲ သူ၏ အကြွင်းမဲ့ အရင်းအမြစ် နိယာမကိုသာ အသုံးပြုကာ ထိုကြယ်များကို ပြန်လည်ရေးသားလိုက်ပြီး ၎င်းတို့၏ နူကလီးယား မီးတောက်များကို အန္တရာယ်မရှိသော အလင်းတန်းများအဖြစ် ပြောင်းလဲပစ်လိုက်သည်။

သူမသည် သူ၏ နောက်ကျောဘက်တွင် ရုတ်တရက် ပေါ်လာပြီး ဓားဖြင့် ခန္ဓာကိုယ်ကို ပိုင်းဖြတ်လိုက်သော်လည်း ဒဏ်ရာမှာ အပြည့်အဝ မဖြစ်ပေါ်မီမှာပင် သူ၏ ပြန်လည်ရှင်သန်ခြင်းစွမ်းအားက ကုသပေးခဲ့ပြီး ဖြစ်သည်။ သူ၏ သွေးမျိုးဆက်ကို အရင်းအမြစ်အဆင့်သို့ မြှင့်တင်ပြီးနောက် ဖန်တီးလိုက်သော ဤကိုယ်ပွားတွင် ရှေးဦးနိယာမအဆင့် သွေးမျိုးဆက် ပါဝင်နေသောကြောင့်ပင်။ သူသည် သူမ၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ အနီးနားရှိ ဂြိုဟ်တစ်ခုပေါ်သို့ လွှဲပစ်လိုက်ရာ ထိုရိုက်ခတ်မှုကြောင့် ဂြိုဟ်မှာ တစ်ဝက်ခန့် ကွဲအက်သွားခဲ့သည်။

လီယောင်းသည် ဂြိုဟ်ပျက်စီးမှုများကြားမှ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး သူမ၏ အာဏာစက်ဖြင့် ထိုဂြိုဟ်အပိုင်းအစများကို ဖိသိပ်ထားသော ဒြပ်ထုများဖြင့် ပြုလုပ်ထားသည့် ကြီးမားလှသော လှံရှည်များအဖြစ် ပြောင်းလဲလိုက်သည်။ ၎င်းတို့သည် မဖြစ်နိုင်သော အရှိန်နှုန်းဖြင့် ရှန်းယွီထံသို့ ပြေးဝင်သွားကြရာ သူသည် ပထမတစ်ခုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ဒုတိယတစ်ခုမှာမူ ပုခုံးနှင့် ခြေထောက်ကို ထိုးဖောက်သွားခဲ့ပြီး သူ့ကို သေဆုံးလုနီးပါး ကြယ်တစ်စင်းနှင့် ကပ်လျက် စိုက်ထားခဲ့သည်။

“အစ်ကိုက ကိစ္စကို ပိုပြီး ခက်ခဲအောင် လုပ်နေတာပဲ”

ထိုသို့ပြောရင်း သူမသည် ရှန်းယွီရှေ့တွင် ပေါ်လာပြီး လက်ဖြင့် ရင်ဘတ်ကို ဖိထားလိုက်သည်။

ရှန်းယွီက ပြုံးလိုက်ရုံသာ။ သူ၏ ခန္ဓာကိုယ်မှာ ပျော်ဝင်သွားပြီး သူမ၏ နောက်ကျောဘက်တွင် ချက်ချင်း ပြန်လည်ဖြစ်တည်လာခဲ့သည်။

“မင်းလည်း အတူတူပါပဲ”

သူက ပြန်ပြောရင်း လက်သီးဖြင့် သူမ၏ ကျောရိုးကို ထိုးနှက်လိုက်သည်။

သူမ အော်ဟစ်လိုက်ရပြီး ခန္ဓာကိုယ်မှာ ပုံမမှန်သော ပုံစံဖြင့် ကွေးညွှတ်သွားခဲ့သော်လည်း ပြန်လည်ရှင်သန်ခြင်းစွမ်းအားက ချက်ချင်း ကုသပေးခဲ့သည်။ သူမသည် လူသားမဆန်သော ပျော့ပျောင်းမှုဖြင့် လှည့်လိုက်ကာ သူ၏ လက်မောင်းကို ဖမ်းဆုပ်ပြီး သူ့ကို လက်နက်တစ်ခုကဲ့သို့ လွှဲယမ်းကာ ဂြိုဟ်ခုနစ်လုံးကို ဆက်တိုက် ထိုးဖောက်ပျက်စီးစေခဲ့သည်။

တိုက်ပွဲမှာ အလင်းနှစ်ပေါင်းများစွာအထိ ပြင်းထန်ခဲ့သည်။ ဧရာမ ဓာတ်ငွေ့ဂြိုဟ်ကြီးများမှ အပိုင်းအစများကို ဆွဲထုတ်ကာ တစ်ဦးနှင့်တစ်ဦး ပစ်ပေါက်ခဲ့ကြသည်။ သူတို့၏ ထိပ်တိုက်တွေ့ဆုံမှုများကြောင့် အချိန်မှာ ကွေးညွှတ်သွားပြီး တူညီသော တိုက်ကွက်များမှာ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေသည့် အချိန်သံသရာများဖြစ်ပေါ်လာခဲ့သည်။ သူတို့၏ စွမ်းအားများ ဆုံတွေ့ရာ နေရာတိုင်းတွင် ဟင်းလင်းပြင်မှာ ဖန်ကွဲသကဲ့သို့ အက်ကွဲသွားခဲ့သည်။

လီယောင်း၏ ကောင်းကင်ဘုံတာအို အာဏာစက်က သူမအား အကွာအဝေးနှင့် ဒြပ်ထုဆိုင်ရာ သဘောတရားများကို ပြန်လည်ရေးသားနိုင်စေသည်။ သူမသည် ပိုမိုမြန်ဆန်စွာ လှုပ်ရှားနိုင်ရန် သူမကိုယ်သူမ အလေးချိန်မရှိအောင် လုပ်ဆောင်လိုက်ပြီးနောက် သူ့အား ချေမှုန်းရန်အတွက် အနန္တအလေးချိန်ရှိအောင် ပြုလုပ်လိုက်ပြန်သည်။ ရှန်းယွီ၏ အကြွင်းမဲ့ အရင်းအမြစ် နိယာမကမူ ထိုကဲ့သို့သော ပြောင်းလဲမှုများကို ခုခံနိုင်စွမ်းရှိစေပြီး သူ၏ စွမ်းအားမှာ သူမ၏ လက်တွေ့ကမ္ဘာကို လှည့်စားခြင်းထက်ပင် သာလွန်နေခဲ့သည်။

သူတို့သည် အမြွှာကြယ်စနစ်တစ်ခုအတွင်းသို့ တိုက်ခိုက်ဝင်ရောက်သွားခဲ့ကြသည်။ လီယောင်းသည် နေမင်းနှစ်စင်းလုံးကို ထိန်းချုပ်လိုက်ပြီး ၎င်းတို့ကို ရှန်းယွီထံသို့ ဦးတည်သော စူပါနိုဗာအဖြစ် ပေါင်းစပ်လိုက်သည်။ သူသည် ထိုပေါက်ကွဲမှုကို စုပ်ယူလိုက်ပြီး ၎င်း၏ စွမ်းအင်များကို စစ်မှန်သော အကြွင်းမဲ့ အရင်းအမြစ် နိယာမစွမ်းအားအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် ၎င်းကို အချိန်နှင့် ဟင်းလင်းပြင်၏ အလွှာများကို ထိုးဖောက်နိုင်သော အလင်းတန်းတစ်ခုအဖြစ် ထုတ်လွှတ်လိုက်ရာ ထိုအလင်းတန်းမှာ လီယောင်း၏ ရင်ဘတ်ကို ထိမှန်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ အငွေ့ပျံပျောက်ကွယ်သွားခဲ့ရသည်။

အခန်း။ ၄၇၁

လီယောင်းသည် ချက်ချင်းပင် ပြန်လည်ရှင်သန်လာခဲ့သည်။

"နင် ဘယ်တော့မှ မနိုင်နိုင်ဘူး"

သူမ၏ အသံမှာ ပတ်ဝန်းကျင်ရှိ အချိန်နှင့် ဟင်းလင်းပြင်အလွှာများ ကွေးညွှတ်သွားသည်နှင့်အမျှ အရပ်မျက်နှာအနှံ့မှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာတော့သည်။

"ဒါကတော့ ကြည့်ရသေးတာပေါ့"

ရှန်းယွီက ခပ်အေးအေးပင် ပြန်ပြောလိုက်ရင်း သူ၏ ပုံရိပ်မှာလည်း အချိန်စီးကြောင်းအတွင်း၌ မှိတ်တုတ်မှိတ်တုတ် ဖြစ်ပေါ်နေသည်။

သူတို့နှစ်ဦးသည် ပြိုလဲပျက်စီးနေသော ဂလက်ဆီတစ်ခု၏ ဗဟိုချက်တွင် ထိပ်တိုက်တွေ့ဆုံကြရာ လက်သီးချက်များမှ ထွက်ပေါ်လာသော နောက်ဆက်တွဲလှိုင်းများသည် ကြယ်အစုအဝေးတစ်ခုလုံးကို ငြှိမ်းသတ်ပစ်နိုင်လောက်အောင် ပြင်းထန်လှသည်။ လီယောင်းသည် သူမ၏စွမ်းအားကို အသုံးပြု၍ အချိန်ကာလအမှတ်အသား အများအပြားတွင် တစ်ပြိုင်နက် တည်ရှိနေပြီး မည်သည့်အခါမှ မတည်ရှိနိုင်သော ထောင့်ပေါင်းစုံမှနေ၍ တိုက်ခိုက်တော့သည်။

နာရီပေါင်းများစွာ ကြာအောင် တိုက်ခိုက်ခဲ့ကြသော်လည်း မည်သူကမျှ အသာစီးမရခဲ့ကြပေ။ ဒဏ်ရာတိုင်းမှာ ပြန်လည်ပျောက်ကင်းသွားပြီး ပြတ်တောက်သွားသော အင်္ဂါအစိတ်အပိုင်းတိုင်းမှာ ပြန်လည်ပေါက်ဖွားလာကာ ကြေမွသွားသော အရိုးတိုင်းမှာလည်း ပြန်လည်ဖြစ်တည်လာသည်။ သူတို့သည် ထာဝရထိပ်တိုက်တွေ့ဆုံမှုအတွင်း ပိတ်မိနေသော ရပ်တန့်၍မရသည့် စွမ်းအားစုကြီးနှစ်ခုကဲ့သို့ပင်။

နောက်ဆုံးတွင် လီယောင်းက နောက်ထပ် အဆုံးစွန်တိုက်ကွက်တစ်ခုအတွက် ပြင်ဆင်နေစဉ် ရှန်းယွီသည် အခွင့်အရေးတစ်ခုကို မြင်လိုက်ရသည်။ သူမ၏ စွမ်းအားမှာ အမှန်တကယ် ကြီးမားသော်လည်း ၎င်း၌ ကိုယ်ပိုင်အားနည်းချက် ရှိနေသည်။ ဤကဲ့သို့သော အဆုံးစွန်တိုက်ကွက်မျိုးကို ထုတ်ဖော်ရန်အတွက် သူမအနေဖြင့် အာရုံစူးစိုက်ရန် အချိန်အနည်းငယ် လိုအပ်သည်ကို သူ သတိပြုမိထားခြင်းပင်။

သူမက သူ၏ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ပြန်လည်ပုံဖော်ရန် အာရုံစိုက်နေသည့် ထိုစက္ကန့်ပိုင်းအတွင်းမှာပင် သူ လှုပ်ရှားလိုက်သည်။ သူ၏ လက်ဖဝါးမှာ သူမ၏ နဖူးပြင်သို့ ဖိကပ်သွားခဲ့သည်။

"အကြွင်းမဲ့ အဆုံးသတ်"

သူ တိုးတိုးလေး ရေရွတ်လိုက်၏။

လီယောင်း၏ မျက်လုံးများမှာ ထိတ်လန့်တကြား ပြူးကျယ်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာ စတင်ပျော်ဝင်သွားတော့သည်။ သူမသည် ဘာမျှမရှိသော အနတ္တအဖြစ်သို့ ပြောင်းလဲသွားစဉ် ကောင်းကင်ဘုံတာအို အာဏာစက်မှာလည်း မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ ကွယ်ပျောက်သွားခဲ့သည်။

ရှန်းယွီသည် ဟင်းလင်းပြင်ထဲတွင် တစ်ကိုယ်တည်းရပ်နေရင်း အသက်ကို ပြင်းပြင်းရှူနေမိသည်။ သို့သော် သူ ထွက်ခွာရန်အပြုတွင် သူ၏နောက်၌ တစ်စုံတစ်ယောက် ရှိနေသည်ကို အာရုံခံမိလိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ လီယောင်းကို ထပ်မံတွေ့လိုက်ရပြန်သည်။

"ဘာ..."

သူ သေချာမကြည့်ရသေးခင်မှာပင် သူမ၏ ပုံတူများစွာမှာ ပတ်ဝန်းကျင်၌ စတင်ပေါ်ပေါက်လာတော့သည်။

တစ်ယောက်၊ နှစ်ယောက်၊ ဆယ်ယောက်၊ ရာဂဏန်း... ဟင်းလင်းပြင်ထဲတွင် လီယောင်းပေါင်းများစွာမှာ တစ်ယောက်ပြီးတစ်ယောက် ဖြစ်တည်လာကြပြီး တစ်ဦးစီမှာ မူလအတိုင်းပင် စစ်မှန်နေသကဲ့သို့ ခံစားရသည်။

ဤသည်မှာ ခန္ဓာတစ်ထောင် တာအိုခန္ဓာလားဟု သူ သိချင်နေမိသည်။ သူတို့အားလုံးမှာ မူလအတိုင်းပင် တူညီနေကြသည်။ သူက သူ့ကိုယ်သူ လှောင်ပြုံးပြုံးလိုက်ရင်း "ဒီမှာ ဘယ်သူက တကယ့် လူလိမ်လဲ" ဟု တွေးလိုက်မိတော့သည်။

…

"ဟင်း ဒီလောက်လေးနဲ့ ငါ့ကို နိုင်မယ်ထင်နေတာလား"

ရှန်းယွီက ထောင်ထောင်လွှားလွှား မေးလိုက်သည်။

"အဲဒါကိုတော့ နင်ပဲ သိမှာပေါ့"

လီယောင်းက အေးအေးဆေးဆေး ပြန်ဖြေရင်း သူမ၏ ပုံတူကိုယ်ပွားများအားလုံးက ကိုယ်ပိုင်တိုက်ကွက်များကို စတင်ပြင်ဆင်ကြတော့သည်။

ရှန်းယွီ၏ မျက်နှာအမူအရာ ညိုမှောင်သွားပြီး "မင်း ငါ့ကို ဒီလောက်အထိ တွန်းပို့မှတော့... ငါ့မှာလည်း ရွေးချယ်စရာ မရှိတော့ဘူး" ဟု ပြောလိုက်ရာ လီယောင်းသည် သူ့ကို စိုးရိမ်တကြီး စောင့်ကြည့်နေမိသည်။

သူမ၏ ခင်ပွန်းသည်မှာ အမြဲတမ်း ဝှက်ဖဲပေါင်းများစွာကို ဆောင်ထားတတ်သူပင်။

[ငတုံးမ နင် အလှည့်စားခံလိုက်ရပြီ]

ပညာရှိက အော်ဟစ်လိုက်သည်။

"ဘာ"

သူမ ဇဝေဇဝါဖြင့် မေးလိုက်စဉ်မှာပင် သူမရှေ့မှ ရှန်းယွီမှာ အနတ္တအဖြစ်သို့ ဖြည်းဖြည်းချင်း ပျော်ဝင်သွားသည်ကို သတိပြုမိလိုက်သည်။ ၎င်းကို မြင်လိုက်ရသောအခါ သူမသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူမ၏ ဒေါသအရှိန်ကြောင့် စကြဝဠာတစ်ခုလုံး တုန်ခါသွားတော့သည်။

ရှန်းယွီသည် ဝေးကွာသောနေရာမှ ထိုဟိန်းဟောက်သံကို ကြားလိုက်ရပြီး ပြုံးလိုက်မိသည်။

"တကယ့်ငတုံးပဲ။ ရှေးအကျဆုံး လှည့်ကွက်ကိုတောင် မိသွားတယ်"

သူ ရယ်မောလိုက်၏။

"ကလေးမလေး မင်း ဒီအဘိုးကြီးနဲ့ ကစားဖို့က နှစ်သန်းပေါင်း တစ်ထောင်လောက် စောသေးတယ်"

"ဟို... ယောကျာ်းက မိန်းမကို အဲဒီလောက်တောင် အထင်သေးနေတာလား"

လီယောင်းက သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာရင်း မေးလိုက်သည်။

ရှန်းယွီ၏ နောက်ပြောင်နေသော အမူအရာမှာ ချက်ချင်း တည်ကြည်သွားသည်။ သူ အချိန်ဖြုန်းနေ၍ မဖြစ်တော့ပေ။ မူလခန္ဓာကိုယ်ထံမှ ဘာကြောင့် ဆက်သွယ်မှု ဖြတ်တောက်ခဲ့သည်ကို သူ နောက်ဆုံးတွင် နားလည်သွားပြီဖြစ်သည်။ ကိုယ်ပွားတစ်ခုမှတစ်ဆင့် သူ့ကိုယ်သူ ကူညီနိုင်မည့်နည်းလမ်း မရှိတော့ချေ။

ရှန်းယွီသည် သူ၏ ကိုယ်ပွားခန္ဓာကိုယ်အတွင်းရှိ စွမ်းအားအားလုံးနှင့် သွေးမျိုးဆက်စွမ်းအားများကိုပါ မီးရှို့လိုက်သည်။ သူ၏ရှေ့တွင် ရပ်နေသော လီယောင်းသည် သူ၏ လှုပ်ရှားမှုများ ထူးဆန်းလာသည်ကို သတိပြုမိလိုက်သော်လည်း သူမ အမီမလိုက်နိုင်တော့ပေ။ ဘာဖြစ်သွားသည်ကို သူမ မသိလိုက်မီမှာပင် သူမသည် အနတ္တအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ရှန်းယွီသည် လူ့လောကရှေ့သို့ ရောက်ရှိလာခဲ့သည်။ သူ့တွင် စွမ်းအင်ဘာမျှ မကျန်တော့သဖြင့် ပညာရှိ မရောက်လာမီ အမြန်လှုပ်ရှားရမည်ပင်။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ စုဆောင်းထားသော စွမ်းအားအနည်းငယ်မှာ အောက်ဘက်ရှိ လူ့လောကထဲသို့ စီးဝင်သွားခဲ့သည်။ ၎င်းမှာ ရေစက်လေးတစ်ခုကဲ့သို့ သေးငယ်သော်လည်း လူ့လောကသို့ ရောက်ရှိသွားသည်နှင့်အမျှ ရုတ်တရက် ကျယ်ပြန့်သွားပြီး ကမ္ဘာတစ်ခုလုံးကို ဝါးမြိုကာ ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက် ရှန်းယွီသည် လူ့လောကရှိခဲ့သော နေရာတွင် ကျန်ရှိနေသည့် တစ်ခုတည်းသော အရာကို ကြည့်လိုက်သည်။ ၎င်းမှာ သူ၏ မူလခန္ဓာကိုယ်ကြီး ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် သူအတွင်းသို့ ပြန်ဝင်၍မရသဖြင့် ဤသည်မှာ ဖြစ်သင့်သောအချက်ပင်။ သူသည် လူ့လောကကို သူ၏ စွမ်းအားအားလုံးကို ကြားခံအဖြစ် အသုံးပြုကာ မူလခန္ဓာကိုယ်အတွင်းရှိ ဗရမ်းဗတာစွမ်းအင်များထဲသို့ ပို့လွှတ်လိုက်ခြင်းပင်။

ထို့နောက် သူသည် အနတ္တအဖြစ်သို့ စတင်မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသော သူ၏ ကိုယ်ပွားခန္ဓာကိုယ်ကို စောင့်ကြည့်နေခဲ့သည်။ ဤသို့ စောင့်ကြည့်နေစဉ်မှာပင် သူ၏ မျက်လုံးများကို ပြူးကျယ်သွားစေသည့် အရာတစ်ခုကို သတိပြုမိလိုက်သည်။

"မိန်းမ... ဧကရီ..."

သူတို့နှစ်ဦးမှာ သူ၏ မူလခန္ဓာကိုယ်ကြီး၏ နောက်ဘက်တွင် ရှိနေကြခြင်းပင်။ ၎င်းမှာ အလွန်အန္တရာယ်ရှိလှသည်။ သူတို့ကိုပါ ရွှေ့ပြောင်းပေးရန် လိုအပ်သော်လည်း သူ၏ စွမ်းအင်များမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ပုံသဏ္ဌာန်မှာ နောက်ဆုံးအကြိမ် မှိတ်တုတ်ဖြစ်သွားပြီးနောက် လုံးဝ ကွယ်ပျောက်သွားတော့သည်။

…

ခဏအကြာတွင် လူ့လောက တည်ရှိခဲ့သော ဟင်းလင်းပြင်၌ ပညာရှိ လီယောင်းပေါင်း ထောင်ချီ၍ ပေါ်ထွက်လာကြသည်။ သူတို့အားလုံးသည် ရှန်းယွီ၏ မူလခန္ဓာကိုယ်ကြီးကို ချက်ချင်းပင် သတိပြုမိသွားကြပြီး ဝိုင်းရံလိုက်ကြ၏။ ထိုအထဲမှ ခန္ဓာကိုယ်တစ်ခုမှာ အနားသို့ တိုးကပ်သွားပြီးနောက် တုန်ရင်သောလက်အစုံကို ဆန့်ထုတ်လိုက်သည်။

"စီနီယာအစ်ကို..."

သူမ တိုးတိုးလေး ရေရွတ်လိုက်သော်လည်း လက်ဖျားနှင့် ခန္ဓာကိုယ် မထိတွေ့မီမှာပင် မူလ လီယောင်းက သူမရှေ့၌ ရုတ်တရက် ပိတ်ရပ်ကာ ပေါ်လာခဲ့သည်။

"နင် ဘာလုပ်နေတာလဲ။ သူများပစ္စည်းကို ဘာလို့ မျက်စိကျနေတာလဲ"

လီယောင်းက ဒေါသရိပ်သန်းနေသော မျက်နှာထားဖြင့် မေးခွန်းထုတ်လိုက်သည်။

ပညာရှိ၏ မျက်နှာမှာလည်း သူမကဲ့သို့ပင် ဒေါသကြောင့် ပုံပျက်သွားခဲ့သည်။

"ပစ္စည်း"

သူမက ပြန်မေးလိုက်ရာ သူမထံမှ ထွက်ပေါ်လာသော အရှိန်အဝါများမှာ ဟုန်းဟုန်းတောက် လောင်မြိုက်လာတော့သည်။ သို့သော် လီယောင်းမှာ ရှန်းယွီ၏ဘေးတွင် ရပ်နေသဖြင့် မည်သို့သော ဖိအားမှ သက်ရောက်ခြင်း မရှိပေ။ ထိုခန္ဓာကိုယ်ကြီးမှာ သတိလစ်နေသော်လည်း ၎င်း၏ ပတ်ဝန်းကျင်ရှိ ပြင်းထန်သော ဖိအားများကိုမူ အလိုအလျောက် လျော့ပါးစေဆဲပင်။

"အဲဒီစကားကို အခုချက်ချင်း ပြန်ရုပ်သိမ်းလိုက်ရင် ကောင်းမယ်..."

ပညာရှိက သတိပေးစကား ပြောလိုက်သည်။

"မရုပ်သိမ်းရင် ဘာဖြစ်မှာလဲ"

လီယောင်းက သူမ၏နားကို လက်ဖြင့်အေးဆေးစွာ ကလော်ရင်း မေးလိုက်၏။ ထို့နောက် သူမက ပညာရှိကို ငြီးငွေ့ဖွယ်ကောင်းသော အမူအရာဖြင့် ကြည့်လိုက်ပြီး "နင်က ငါ့ရဲ့ အပေါစား အတုအယောင်တစ်ခုပါပဲ။ အကယ်၍ နင်က စီနီယာအစ်ကို့ကို နင်ပြောသလို တကယ်ချစ်တယ်ဆိုရင် ငါ့ကို နင့်ထဲကို ပြန်ဝါးမြိုလိုက်ပါလား။ ပြီးရင် ငါတို့ထဲက ဘယ်သူ အသက်ရှင်ကျန်မလဲဆိုတာ ကြည့်ကြတာပေါ့"

[နင် ဘာတွေ...]

ဧကရီက လီယောင်းကို ဖျောင်းဖျရန် ကြိုးစားသော်လည်း လီယောင်းက လက်ကာပြ၍ တားလိုက်သည်။

"မိန်းမတစ်ယောက်က ငါ့ခင်ပွန်းကို ငါ့ထက်ပိုချစ်တယ်လို့ ထင်နေတာကို ငါ မကြည့်ရက်ဘူး"

သူမက ပြောလိုက်သည်။

"ကဲ... ဘယ်လိုလဲ"

ပညာရှိ လီယောင်းမှာ တစ်ခဏမျှ ငြိမ်သက်သွားသည်။

"ဒါက ဘာလဲ။ ကြောက်နေတာလား။ ဒါမှမဟုတ် နင်က စီနီယာအစ်ကို့ကို တကယ်မချစ်တာလား။ ဟင်း... ငါ့အချိန်တွေ အလကားပဲ"

လီယောင်းက ပြောကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။

"နင်..."

ပညာရှိမှာ ဒေါသကြောင့် အံတင်းတင်းကြိတ်ထားမိသည်။

"ဘာလဲ။ ရှုံးမှာကြောက်လို့ ငါ့ကို သတ်ချင်နေတာလား။ သတ်လိုက်လေ... ဒါဆိုရင် တစ်ကမ္ဘာလုံးက စီနီယာအစ်ကို့ကို ငါပဲ အချစ်ဆုံးဆိုတာ သိသွားတာပေါ့"

[ဒါက ဘာယုတ္တိဗေဒကြီးလဲ]

ဧကရီနှင့် ပညာရှိတို့ နှစ်ဦးလုံး တစ်ပြိုင်နက်တည်း တွေးလိုက်မိကြသည်။

[ဟေး... အဲဒီလှည့်ကွက်ထဲ မဝင်နဲ့ဦး။ ကိန်းဂဏန်းတွေကို ကြည့်လိုက်... ဒါက ၁၀၀ ရာခိုင်နှုန်း ထောင်ချောက်ပဲ။ ငါပြောတာနားထောင်... အဲဒီကောင်မလေးက ရူးနေတာ သူမနဲ့ ပြန်မပေါင်းစပ်နဲ့]

အခြား လီယောင်းအတွင်းရှိ ပညာရှိမှာ သူမကို အစွမ်းကုန် ဖျောင်းဖျနေရှာသည်။

သို့သော် လီယောင်းက နောက်မဆုတ်ပေ။

"သူမက ငါ့ကို ဒီလိုစော်ကားရဲတယ်ပေါ့။ ငါ့ထက်ပိုပြီး ခင်ပွန်းကို ချစ်နိုင်တဲ့သူ ဘယ်လိုရှိမှာလဲ"

လီယောင်းက ပြန်ပြောလိုက်သည်။

[ငါ့ကိုယုံပါ ရှိနိုင်ပါတယ်။ သူမက မင်းရှေ့မှာပဲလေ။ အခု သူမကို သတ်လိုက် ဒါမှ မင်းတစ်ယောက်တည်းကပဲ မင်းခင်ပွန်းကို ချစ်နိုင်မှာ]

ပညာရှိက အကြံပေးလိုက်သည်။

"ဟင့်အင်း"

လီယောင်းက ပြတ်သားစွာ ပြောလိုက်သည်။

[ဘာ]

ပညာရှိ ဇဝေဇဝါ ဖြစ်သွားရသည်။

"ငါ နင့်ရဲ့စိန်ခေါ်မှုကို လက်ခံတယ်။ တစ်ကမ္ဘာလုံးမှာ ငါတစ်ယောက်တည်းပဲ မောင့်ကို အချစ်ဆုံးဖြစ်ရမယ်"

လီယောင်းက ပြောလိုက်သည်။

"အဲဒါမှ ငါကြားချင်တဲ့ စကားပဲ"

မူလ လီယောင်းက ပြောကာ သူမကို ပြုံးလျက် လှည့်ကြည့်လိုက်သည်။

[ရပ်လိုက်တော့ နင် ဘာတွေ တွေးနေတာလဲ။ ငါတို့ သေကုန်ကြလိမ့်မယ်]

ပညာရှိက အော်ဟစ်လိုက်သည်။

"အကယ်၍ တစ်စုံတစ်ယောက်က ငါ့ထက်ပိုပြီး ခင်ပွန်းကို ချစ်နိုင်တယ်ဆိုရင် ငါက အသက်

ရှင်နေဖို့ မထိုက်တန်တော့ဘူး"

လီယောင်းက တည်ငြိမ်စွာပင် ဆုံးဖြတ်လိုက်လေတော့သည်။

All Chapters