အခန်း (၄၇၂-၄၇၃)
Vol. 47 Ch. 472-473
အခန်း။ ၄၇၂
လီယောင်းနှစ်ယောက်စလုံးမှာ အပြည့်အဝ ယုံကြည်မှုရှိနေသော မျက်နှာပေးများဖြင့် တစ်ဦးနှင့်တစ်ဦး အနားသို့ တိုးကပ်သွားကြသည်။ သူတို့သည် လက်ချင်းယှက်လိုက်ကြပြီးနောက် ခန္ဓာကိုယ်နှစ်ခုမှာ တစ်ခုတည်းအဖြစ် ပြန်လည်ပေါင်းစပ်သွားခဲ့သည်။
သူမ၏ စိတ်အာရုံအတွင်း၌မူ အကျိုးအကြောင်း ပညာရှိမှာ ရှုံးနိမ့်မှုကို လက်ခံလိုက်ရသည့်အလား “ငါတော့ သွားပြီ...” ဟု ညည်းတွားနေမိသည်။ သို့သော် သူမသည် ဤမျှနှင့် အရှုံးပေးရန် အစီအစဉ်မရှိပေ။
“မဟုတ်ဘူး ဒီလိုမျိုး အဆုံးသတ်ခွင့် မပေးနိုင်ဘူး”
သူမ ပြန်ပြောလိုက်သော်လည်း လက်ရှိအခြေအနေမှ လွတ်မြောက်နိုင်စွမ်း မရှိတော့သဖြင့် နောက်ဆုံးလက်နက်ကိုသာ ထုတ်သုံးရန် ဆုံးဖြတ်လိုက်တော့သည်။
သူမသည် အစအနနှင့် ပတ်သက်သော သူမ၏ နားလည်သဘောပေါက်မှု အားလုံးကို တစ်နေရာတည်းတွင် စုစည်းကာ ဖိသိပ်လိုက်သည်။ အကယ်၍ လီယောင်းသာ ဤစွမ်းအားကို ရရှိသွားပါက သူမ ပြန်လည်နိုးထရန် အခွင့်အရေး လုံးဝရှိတော့မည်မဟုတ်ပေ။ ထို့ကြောင့် သူမသည် ထိုနားလည်မှုများကို အစွမ်းကုန် ဖိသိပ်ထုတ်လွှတ်လိုက်ရာ အစအနမှာ သူမထံမှ ကွဲကွာပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ အသိစိတ်မှာ အလွန်ပြင်းထန်လှသော စိတ်ခံစားချက်လှိုင်းတစ်ခုအတွင်း ပတ်လည်ဝိုင်းသွားသလို ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်တွင် လုံးဝကွယ်ပျောက်သွားတော့သည်။
ဧကရီသည် သူမရှေ့တွင် ငြိမ်သက်စွာ ရပ်နေသော လီယောင်းကို ကြည့်လိုက်ရင်း [နင် အောင်မြင်သွားတာလား] ဟု မေးလိုက်၏။
လီယောင်းက ကျေနပ်စွာ ပြုံးလိုက်ပြီး “ဒါပေါ့၊ ငါက ဘယ်သူမလို့လဲ” ဟု ပြန်ဖြေလိုက်သည်။ သူမသည် လက်များကို လှုပ်ရှားကြည့်လိုက်ရာ အရာအားလုံးမှာ သူမ၏ အစီအစဉ်အတိုင်း ဖြစ်သွားခဲ့ပြီဟု ယူဆလိုက်သည်။ သို့သော် ထိုစဉ်မှာပင် သူမ၏ မျက်နှာအမူအရာမှာ ရုတ်ချည်းပြောင်းလဲသွားသည်။ သူမ ၎င်းကို အာရုံမခံနိုင်တော့ပေ။ ထိုစွမ်းအားမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူမသည် ဤခန္ဓာကိုယ်အတွင်း၌ စီနီယာအစ်ကိုနှင့် ဆင်တူသော အရာတစ်ခုကို အာရုံခံမိခဲ့သည်။ ၎င်းမှာ သူမ ပြန်လည်ပေါင်းစပ်ရန် ဆုံးဖြတ်ခဲ့သည့် အဓိကအကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်သည်။ သူမသည် ထိုစွမ်းအားကို အသုံးပြု၍ သူ့ကို ကယ်တင်နိုင်မည်ဟု မျှော်လင့်ခဲ့ခြင်းပင်။ သို့သော် ယခု ထိုအရာမှာ ပျောက်ဆုံးသွားခဲ့ပြီ။ သူမသည် ပညာရှိ၏ မှတ်ဉာဏ်များကို ပြန်လည်ကြည့်ရှုလိုက်ပြီး သက်ပြင်းချလိုက်မိသည်။ ပညာရှိသည် ၎င်းကို အမှန်တကယ်ပင် ဖြတ်တောက်ဖျောက်ဖျက်လိုက်ခြင်းပင်။
“အစအနတစ်ခုပေါ့...”
သူမ တွေးလိုက်မိသည်။ ပိုပြီး တိတိကျကျ ပြောရလျှင် ကောင်းကင်ဘုံတာအို၏ အစအနတစ်ခု။ သို့သော် ၎င်းမှာ လုံးဝတော့ မမှန်ကန်ပေ။ ထိုခံစားချက်ကို သူမ အလွန်ကောင်းမွန်စွာ သိရှိထားသည်။ သူမသည် စီနီယာအစ်ကို၏ ခန္ဓာကိုယ်ကို လှမ်းကြည့်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးတွင် ထိုခံစားချက်များ လွှမ်းခြုံနေခြင်းဖြစ်ပြီး အစအနတစ်ခုမျှသာ မဟုတ်ပေ။ အကယ်၍ ထိုအစအနမှာ အက်တမ်တစ်ခုစာ အရွယ်အစားရှိလျှင် ရှန်းယွီ ပိုင်ဆိုင်ထားသော အရာမှာ ဗရမ်းဗတာတစ်ခုလုံးစာ အရွယ်အစားရှိသည်။
“မောင့်ရဲ့ အစအနလေးပေါ့...”
သူမ သက်ပြင်းချလိုက်မိသည်။
ပတ်ဝန်းကျင်ရှိ ကိုယ်ပွားပေါင်း ထောင်ချီမှာ ပျောက်ကွယ်သွားခဲ့သည်။ သူမသည် လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ရှန်းယွီကို ပွေ့ချီကာ လူသားဧကရီနှင့်အတူ ပညာရှိ၏ ရဲတိုက်ဆီသို့ ရွှေ့ပြောင်းလိုက်သည်။ ရဲတိုက်သို့ ရောက်သည်နှင့် သူ့ကို ရေခဲလွှမ်းနေသော မြေပြင်ပေါ်တွင် ချက်ချင်း ချထားလိုက်ပြီးနောက် သူမသည် သူ၏အပေါ်သို့ ခုန်တက်လိုက်တော့သည်။
[နင် ဘာလုပ်နေတာလဲ]
ဧကရီက အံ့ဩတကြီး မေးလိုက်သည်။
“ငါ ထိန်းမထားနိုင်တော့ဘူး”
သူမက ဆိုလိုက်ရာ သူမ၏ အသက်ရှူသံများမှာ ပို၍ပို၍ မြန်ဆန်လာသည်။
ယခင်က ဖြူဖျော့နေသော သူမ၏ ခန္ဓာကိုယ်မှာ ပို၍ပို၍ နီရဲလာသည်။ သူမသည် လက်ကို ဝှေ့ယမ်းကာ သူ၏ အဝတ်အစားများကို ဆွဲဖြဲလိုက်ပြီးနောက် သူမ၏လက်ဖြင့် ၎င်းကို လှမ်းကိုင်လိုက်သည်။ သူမသည် အလွန်အမင်း ကျေနပ်နေသော မျက်နှာပေးရှိနေခဲ့ရာမှ ရုတ်တရက် တုန့်ခနဲ ဖြစ်သွားသည်။
“ဒါက...”
ဧကရီသည် သူမ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။
[တစ်ခုခု မှားနေလို့လား]
သူမက မေးလိုက်၏။
လီယောင်း၏ အသံမှာ တုန်ရီနေသည်။
“ဘာ... ဘာ... ဘာမှ မဟုတ်ပါဘူး”
သူမ ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။
[ဘာမှ မဟုတ်ဘူး]
ဧကရီက သံသယဖြင့် ပြန်မေးသည်။
“ဟုတ်တယ်၊ ဘာမှမရှိတာ”
လီယောင်းက ပြန်ဖြေကာ ဧကရီ မြင်နိုင်ရန် ဘေးသို့ ဖယ်ပေးလိုက်သည်။ ဧကရီသည် အစပိုင်းတွင် ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာကို အုပ်ထားသော်လည်း နောက်ဆုံးတွင် ကြည့်လိုက်မိသည်။
[ဟယ်... ကြည့်စမ်းပါဦး... တကယ်ကြီး ဘာမှမရှိတာပဲ]
သူမက ပြောလိုက်သည်။
လီယောင်းသည် ဧကရီ၏ အဝတ်အစားများကို လှမ်းဆွဲလိုက်သည်။
“ငါ ဘာလုပ်ရမလဲ။ အဲဒါကို ဘယ်လိုပြန်ယူရမလဲ”
သူမက မေးကာ သူမကို လှုပ်ခါနေတော့သည်။
[ငါ့ကို ဘာလို့ လာမေးနေတာလဲ။ ငါက ဘာလုပ်ပေးရမှာလဲ]
ဧကရီက ပြန်ပြောရင်း လီယောင်း၏ လက်ထဲမှ ရုန်းထွက်လိုက်သည်။ လီယောင်း၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲလာတော့သည်။
“ယောကျာ်း... ယောကျာ်းငါ့ကို ဒီလို ဘယ်လိုလုပ်ရက်တာလဲ”
သူမ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားသည်။
“ငါပိုင်တဲ့အရာကို မင်းက ထိရဲတယ်ပေါ့...”
သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ဒီအရှက်ရမှုကို ငါ အဆတစ်ရာ ပြန်ဆပ်မယ်”
သူမက ပြတ်သားစွာ ပြောလိုက်သည်။
ဧကရီသည် သူမကို ထူးဆန်းသော မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
[နင်ပိုင်တဲ့အရာ ဟုတ်လား။ အဲဒါက နင့်ခင်ပွန်းရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း မဟုတ်ဘူးလား။ အဲဒါက ဘယ်လိုလုပ် နင်ပိုင်တာ ဖြစ်သွားတာလဲ]
ဧကရီက ခေါင်းခါရင်း မေးလိုက်သည်။ ဤကောင်မလေးသည် သူမ၏ မျှော်လင့်ချက်များကို အမြဲတမ်း ကျော်လွန်ပြနိုင်သူပင်။
“ဒါပေမဲ့ ယောကျာ်းက အဲဒါကို ငါ့အပေါ်မှာပဲ သုံးတာလေ ဒါကြောင့် ငါ့ကို အစုရှယ်ယာရှင်လို့ သတ်မှတ်လို့ရတယ်။ အဲဒီအပေါ်မှာ ငါ့မှာ ရှယ်ယာ ၉၀ ရာခိုင်နှုန်း ရှိတယ်”
သူမက တည်တည်တံ့တံ့ ပြောလိုက်သည်။
[အင်း... အေးပါ ဟုတ်ပါပြီ]
ဧကရီသည် သူမ၏ ပုံသဏ္ဌာန်မှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားစဉ် လက်မထောင်ပြလိုက်သည်။
“ငါတော့ ဒီဘေးဒုက္ခကနေ အမြန်ပြေးမှဖြစ်မယ်”
…
ရှန်းယွီ၏ ဝိညာဉ်ပင်လယ်အတွင်း၌မူ သူ၏ ဝိညာဉ်မှာ ထပ်မံပြိုလဲသွားပြန်ရာမှ ရုန်းကန်ကာ ပြန်လည်နိုးထလာခဲ့သည်။ နာကျင်မှုဝေဒနာကြောင့် သူ ခေါင်းကို အုပ်ကိုင်ထားမိ၏။ ဤဒဏ်မှာ အမှန်တကယ်ပင် သည်းမခံနိုင်စရာ ကောင်းလှသည်။
အရင်းအမြစ်အဆင့် စိတ်အာရုံကို ရရှိပြီးနောက် သူသည် တည်ရှိခြင်းနှင့် မတည်ရှိခြင်း ဟူသမျှအပေါ် အလုံးစုံသိမြင်မှုတစ်မျိုးကို ပိုင်ဆိုင်လာခဲ့သည်။ တစ်ပြိုင်နက်တည်း စီးဝင်လာသော အချက်အလက်ပမာဏမှာ မတွေးဝံ့စရာ များပြားလှသော်လည်း သူ၏ လက်ရှိစိတ်အာရုံအဆင့်အတန်းဖြင့်ဆိုလျှင် ၎င်းကို ထိန်းချုပ်ရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ သို့သော် သူ လုံးဝ ကိုင်တွယ်ဖြေရှင်း၍ မရနိုင်သော အရာတစ်ခု ရှိနေသည်။
လက်ရှိတွင် သူ၏ အသိစိတ်မှာ ခေတ္တခဏမျှသာ တည်မြဲနိုင်ပြီး ချက်ချင်းဆိုသလို ပြန်လည်ပြိုလဲသွားတတ်သည်။ ထိုခဏတာ အသိစိတ်ဝင်လာချိန်အတွင်း သူသည် ပြဿနာ၏ အကြောင်းရင်းခံကို ရှာဖွေနိုင်ခဲ့သည်။ ၎င်းမှာ အခြားသူမဟုတ်၊ သူ၏ မိန်းမသည်ပင် ဖြစ်ချေတော့သည်။
အလုံးစုံသိမြင်မှုကို ရရှိပြီးနောက် သူ အံ့ဩစရာကောင်းသော အချက်တစ်ခုကို သတိပြုမိခဲ့သည်။ အကြွင်းမဲ့ အရင်းအမြစ်စွမ်းအားရှိသူမှာ သူတစ်ယောက်တည်း မဟုတ်ဘဲ စုစုပေါင်း ငါးဦး ရှိနေခြင်းပင်။ ကောင်းကင်ဘုံတာအို၊ ကမ္ဘာ့သစ်ပင်၊ ပညာရှိ၏ ဖြစ်နိုင်ခြေတွက်ချက်မှု စွမ်းရည်နှင့် လီယောင်းတို့သည်လည်း အကြွင်းမဲ့ အရင်းအမြစ်၏ စွမ်းအားအသီးသီးကို ပိုင်ဆိုင်ထားကြသည်။
သို့သော်ငြားလည်း သူတို့ပိုင်ဆိုင်ထားသော အစအနများမှာ အက်တမ်တစ်ခုစာလောက်သာ သေးငယ်ပြီး သူ၏ အရင်းအမြစ်မှာမူ ဗရမ်းဗတာကဲ့သို့ အတိုင်းအဆမရှိ ကျယ်ပြောလှသည်။ သို့သော် ထိုကွာဟချက်ရှိနေလင့်ကစား ၎င်းတို့မှာ အကြွင်းမဲ့ အရင်းအမြစ်၏ အစိတ်အပိုင်းများ ဖြစ်နေဆဲဖြစ်ရာ သူ့ကို ဒုက္ခပေးနိုင်စွမ်း ရှိနေသည်။
သူ၏ လက်ရှိအခြေအနေမှာ မိန်းမသည်၏ အစအနကြောင့် ဖြစ်သော်လည်း ၎င်းကို အစအနကြောင့်ဟု ပြောမည့်အစား သူမကိုယ်တိုင်ကသာ ထူးခြားချက်တစ်ခု ဖြစ်နေသည်ဟု ဆိုလျှင် ပိုမှန်လိမ့်မည်။ သူမ၏ အစအနက သူမကို စွမ်းအားပေးမည့်အစား သူမ၏ လွှမ်းမိုးမှုကိုသာ ပြန်လည်ခံလိုက်ရခြင်းပင်။
ပုံမှန်အားဖြင့် ထိုအစအနသည် အလိုဆန္ဒများအပေါ် အခြေခံ၍ စွမ်းအားကို ပေးအပ်တတ်သည်။ သို့သော် လီယောင်း၏ စိတ်အာရုံမှာမူ စီနီယာအစ်ကိုအပေါ် ထားရှိသော အချစ်များဖြင့်သာ အမြဲတမ်း ပြည့်နှက်နေသည်။ ထိုအချစ်မှာ ပြင်းထန်လွန်းလှသဖြင့် အစအနကိုပင် ဝါးမြိုသွားခဲ့သည်။ စွမ်းအားကို ပေးအပ်မည့်အစား ၎င်းသည် သူမ၏ ပြင်းထန်သော စိတ်ခံစားချက်များကို အဆပေါင်းများစွာ မြှင့်တင်ပေးပြီး သူမထံသို့ပင် ပြန်လည်ရိုက်ခတ်စေသည်။
ထိုအခါ လီယောင်းသည် ထိုစိတ်ခံစားချက်များကို ထပ်မံနှစ်ဆတိုးစေပြီး အစအနထံသို့ ပြန်လည်ရိုက်ခတ်စေပြန်သည်။ ဤသည်မှာ သူမ၏ စီနီယာအစ်ကိုအပေါ် ထားရှိသော အချစ်ကို အနန္တအထိ မြှင့်တင်ပေးနေသည့် အဆုံးမရှိသော တုံ့ပြန်မှုသံသရာတစ်ခုကို ဖန်တီးလိုက်ခြင်းပင်။
သူမသည် ပညာရှိ၏ စိတ်အာရုံကိုပင် လွှမ်းမိုးနိုင်ခဲ့သည်မှာ မဆန်းတော့ပေ။ ရှန်းယွီ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။ သူသည် မိန်းမအပေါ် အထင်မှားခဲ့မိလေပြီ။ သူမ ရူးနေခြင်းမဟုတ်ဘဲ အစအနက သူမကို ဤသို့ဖြစ်အောင် နှောင့်ယှက်နေခြင်းသာ ဖြစ်သည်။ ဤအဆုံးမရှိသော သံသရာ၏ ပြဿနာမှာ ရှန်းယွီ၏ အလုံးစုံသိမြင်မှုက ထိုအချစ်ကို အာရုံခံမိနေခြင်း ဖြစ်ပြီး ၎င်းမှာ အနန္တအထိ ဆက်တိုက် ကြီးထွားနေသဖြင့် သူ၏ အလုံးစုံသိမြင်မှုကို အကြိမ်တိုင်းတွင် ဝါးမြိုသွားခြင်းပင်။
အရိုးရှင်းဆုံး ပြောရလျှင် သူ၏ အသိစိတ်မှာ သူ၏ မိန်းမသည်၏ အချက်အလက်အလုံးအရင်းနှင့် တိုက်ခိုက်မှုကို တရစပ် ခံနေရခြင်းပင် ဖြစ်တော့သည်။
အခန်း။ ၄၇၃
စကြဝဠာပေါင်းများစွာ ပါဝင်သော မဟာစကြဝဠာကြီး၏ အထက်တွင် လီယောင်း ပေါ်လာခဲ့သည်။ ဧကရီသည် သူမ၏ ဘေးနားတွင် ပျံသန်းနေ၏။
လီယောင်းက သက်ပြင်းပြင်းချလိုက်ပြီး “ဘယ်လောက်တောင် ကြာသွားပြီလဲ” ဟု မေးလိုက်သည်။
[နှစ်ပတ်ရှိပြီ]
ဧကရီက အေးဆေးစွာ ပြန်ဖြေသည်။
လီယောင်းက သူမ၏ ဦးခေါင်းကို လက်ဖြင့် ကိုင်ထားမိသည်။ သူမ၏ ကိုယ်ပိုင်ဖြစ်တည်မှု အသိစိတ်များ ပျောက်ဆုံးနေသကဲ့သို့ ခံစားနေရ၏။
သူမ၏ စီနီယာအစ်ကို ဘာဖြစ်နေတာလဲဟု သိချင်နေမိသည်။ သူ၏ ခန္ဓာကိုယ်မှာ ကျန်းမာဆဲဖြစ်ပြီး ပို၍ပင် သန်မာလာပုံရသော်လည်း ဘာကြောင့် နိုးမလာရတာလဲ။ သူမသည် သူမ၏ အဆုံးစွန်သော နည်းလမ်းဖြစ်သည့် ကြိုးဖြင့် တုတ်နှောင်ခြင်းကိုပင် အသုံးပြုခဲ့ဖူးသည်။ သူသည် ဤအရာကို အလွန်မုန်းတီးသူဖြစ်သော်လည်း သူမ ဤသို့လုပ်ပါလျက်နှင့်ပင် သူ နိုးမလာခဲ့ပေ။
သူမ၏ ပုံသဏ္ဌာန်မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။
တကယ်ကြီး ဒီအတိုင်း ဆက်သွားတော့မှာလား
သူမ အသက်ကို ပြင်းပြင်းရှူနေမိ၏။ အကယ်၍ ဤသို့သာ ထပ်မံကြာရှည်နေဦးမည်ဆိုလျှင် သူမကိုယ်သူမ ဘာလုပ်မိမည်မှန်း မသိတော့ပေ။ သူမသည် သူမ၏ ခံစားချက်များကို စီနီယာအစ်ကိုနှင့်အတူ အမြဲတမ်း ဖွင့်ဟနိုင်ခဲ့သော်လည်း ယခုမူ သူတို့ပတ်ဝန်းကျင်ရှိ သဘောတရားများမှာ တုန်ခါလာတော့သည်။
[ဟေး... နင် အဆင်ပြေရဲ့လား]
ဧကရီက မေးလိုက်သည်။ သို့သော် လီယောင်းက ပြန်မဖြေဘဲ စိတ်လွတ်နေပုံပင်။ တည်ရှိမှု အလွှာပြင်တစ်ခုလုံးပင် တုန်ခါလာခဲ့ပြီ ဖြစ်သည်။
[စိတ်အေးအေးထားပါ နင် အရာအားလုံးကို ဖျက်ဆီးမိလိမ့်မယ်]
ဧကရီက သူမ၏ ပုခုံးပေါ်သို့ လက်တင်ရင်း ပြောလိုက်သည်။ ထိုအခါမှ လီယောင်း သတိပြန်ဝင်လာပုံပင်။
သူမ သက်ပြင်းချလိုက်သည်။ လွန်ခဲ့သော နှစ်ပတ်အတွင်း သူမ၏ ကျင့်ကြံမှုမှာ အလွန်အမင်း တိုးတက်လာခဲ့သည်။ သူမသည် စီနီယာအစ်ကို ယခင်ကပေးခဲ့သော အကြံဉာဏ်ကို လိုက်နာပြီး ကောင်းကင်ဘုံတာအို၏ ကိုယ်ပွားအဖြစ် သူမ၏ အာဏာစက်ကို အသုံးပြုကာ ပတ်ဝန်းကျင်ကမ္ဘာများကို သိမ်းပိုက်ခဲ့သည်။ မဟာစကြဝဠာပေါင်း ထောင်ချီကို ထိုသို့လုပ်ဆောင်ပြီးနောက် သူမ၏ ကောင်းကင်ဘုံတာအို နားလည်မှုမှာ နောက်ဆုံးတွင် တာအိုနယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။
ယခုမူ သူမသည် တည်ရှိမှု အလွှာပြင်များကိုလည်း ထိုသို့ပင် လုပ်ဆောင်ရန် ကြိုးစားနေခြင်းပင်။ လက်ရှိတွင် သူမသည် အိပ်မက်ကမ္ဘာထဲ၌ ရှိနေသည်။ သူမသည် ဤအလွှာပြင်၏ နေရာအနှံ့တွင် ရှာဖွေခဲ့သော်လည်း စီနီယာအစ်ကို၏ အရိပ်အယောင်ကိုပင် ရှာမတွေ့ခဲ့ပေ။
ထိုသို့ဆိုလျှင် သူသည် အိပ်မက်မက်နေခြင်းမဟုတ်ဘဲ သတိရှိနေဆဲဟု ဆိုလိုခြင်းပင်။
ဒါဆိုလရင် ဘယ်အရာက သူ့ကို ခန္ဓာကိုယ်ထဲမှာ ပိတ်လှောင်ထားရတာလဲ။
“အား...”
သူမ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။ ထို့နောက် သူမ၏ လက်မောင်းများကို ဆန့်ထုတ်လိုက်ရာ သူမ၏ ကောင်းကင်ဘုံတာအို အာဏာစက်မှာ ပြန့်နှံ့သွားပြီး အိပ်မက်အလွှာပြင်တစ်ခုလုံးနှင့် ၎င်းအတွင်းရှိ အရာအားလုံးကို လျင်မြန်စွာ လွှမ်းခြုံသွားတော့သည်။
“သွားကြစို့”
သူမ ပြောလိုက်ပြီးနောက် သူတို့နှစ်ဦး ပျောက်ကွယ်သွားကြတော့သည်။
…
နောက်ထပ် နှစ်ပတ်အကြာတွင် လီယောင်းနှင့် ဧကရီတို့သည် ဟင်းလင်းပြင်ထဲ၌ ပျံဝဲနေကြသည်။ ဧကရီသည် လီယောင်းကို စိုးရိမ်တကြီး ကြည့်လိုက်မိ၏။ သူမသည် ယခင်ကထက်ပင် ပို၍ အခြေအနေဆိုးနေပြီး အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် ပုံစံမျိုး ဖြစ်နေသည်။
ဧကရီ ထိုသို့တွေးလိုက်သည်နှင့် လီယောင်း၏ အရှိန်အဝါများမှာ ရုတ်တရက် ဟုန်းဟုန်းတောက်လာပြီး တည်ရှိမှု အလွှာပြင်အားလုံးကို တုန်ခါစေကာ မဟာစကြဝဠာပေါင်း ထောင်ချီကို ပေါက်ကွဲစေခဲ့သည်။ အချို့သော အလွှာပြင်များမှာပင် ပြိုလဲပျက်စီးလာတော့သည်။
“ငါ ဘာလုပ်သင့်သလဲ”
လီယောင်းက မေးလိုက်သည်။
ဧကရီ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း...
“ငါ့ကို စိတ်အေးအေးထားဖို့တော့ လာမပြောနဲ့”
လီယောင်းက ဒေါသတကြီး အော်ဟစ်လိုက်သဖြင့် ဧကရီသည် ပါးစပ်ကို ပြန်ပိတ်လိုက်ကာ ငြိမ်နေရန်သာ ရွေးချယ်လိုက်တော့သည်။
“ငါ တည်ရှိမှု အလွှာပြင်အားလုံးကို သိမ်းပိုက်ပြီး ကောင်းကင်ဘုံတာအိုရဲ့ ပြည့်စုံတဲ့ ရုပ်လုံးပေါ်ခြင်း ဖြစ်လာခဲ့ပြီ။ ဒါတောင်မှ ငါ့ခင်ပွန်းကို ကူညီဖို့ နည်းလမ်း ရှာမတွေ့သေးဘူး”
သူမ၏ မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာသည်။
“ငါ တကယ်ကြီး အရာအားလုံးကို ဖျက်ဆီးပစ်ရတော့မှာလား”
ဧကရီကတော့ ဆက်လက်၍ နှုတ်ဆိတ်နေဆဲပင်။ သူမသည် လီယောင်းကို ပို၍ဒေါသထွက်စေမည့် မည်သည့်စကားမျိုးကိုမျှ မပြောလိုပေ။ လွန်ခဲ့သော လေးပတ်လုံးလုံး အတူတူ သွားလာခဲ့ပြီးနောက် လီယောင်းသည် ထိုကဲ့သို့သော နှစ်သိမ့်စကားများကို ငြီးငွေ့နေပြီဖြစ်ကြောင်း သူမ သိထားသည်။
“ဟုတ်တယ် ငါ အဲဒီလိုပဲ လုပ်သင့်တာ ဖြစ်နိုင်တယ်”
လီယောင်းက ပြောကာ တဟားဟား ရယ်မောလိုက်တော့သည်။
“ငါတို့ ဘဝတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် အမြဲရှာဖွေဖို့ သစ္စာဆိုခဲ့ကြတာလေ။ အကယ်၍ ငါတို့ သေသွားရင် တစ်ယောက်ကိုတစ်ယောက် ပြန်ရှာတွေ့နိုင်မှာပေါ့။ ဟုတ်ပြီ... ဒါက ငါရှာနေတဲ့ အဖြေပဲ”
သူမ၏ အရှိန်အဝါများမှာ ပို၍ပင် ပြင်းထန်လာပြီး တည်ရှိမှု အလွှာပြင်များကို ပိုမိုပျက်စီးစေတော့သည်။
“စီနီယာအစ်ကိုလည်း ဒီလိုပဲ လုပ်မှာ သေချာတယ်”
သူမသည် သူမ၏ အားအင်များကို အဆုံးစွန်ထိ မြှင့်တင်လိုက်စဉ်….
ရပ်လိုက်တော့။
ရယ်မောသံများကို ဖြတ်ကျော်လျက် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ကမ္ဘာ့သစ်ပင်သည် လီယောင်းကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။ ကောင်းကင်ဘုံတာအိုသည် ၎င်း၏ကိုယ်ပွားအားဖြင့် အမှန်တကယ်ပင် ဝါးမြိုခံရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ လီယောင်းသည် တည်ရှိမှုအားလုံးကို ဖျက်ဆီးပစ်ရန် ခြိမ်းခြောက်နေကာ ကောင်းကင်ဘုံတာအိုသည် မည်သည့် စိတ်ခံစားချက်မျှမရှိဘဲ ဘက်မလိုက်ဘဲ နေခဲ့ရခြင်းမှာ ဤအကြောင်းကြောင့်လားဟု သူမ သိချင်နေမိသည်။
“နင်က ဘယ်သူလဲ”
လီယောင်းက လှည့်ကြည့်ရင်း မေးလိုက်သည်။
သူတို့၏ မျက်လုံးချင်း ဆုံသွားသောအခါ ကမ္ဘာ့သစ်ပင်၏ ကျောရိုးတစ်လျှောက် အေးစိမ့်သော ခံစားချက်တစ်ခု စီးဆင်းသွားခဲ့သည်။
“အာ... နင့်ကို ငါ မှတ်မိပြီ”
လီယောင်းက ပြောကာ ကမ္ဘာ့သစ်ပင်ထံသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားသည်။
ကမ္ဘာ့သစ်ပင်မှာ ကြောက်လန့်လွန်းသဖြင့် လှုပ်ပင်မလှုပ်နိုင်တော့ပေ။ သူမသည် ဖန်တီးရှင် နယ်ပယ်မှာ ရှိသော်လည်း တိုက်ခိုက်ရေးသမား မဟုတ်ပေ။ အကယ်၍ ကမ္ဘာ့သစ်ပင်သာ ပျက်စီးသွားပါက ဗရမ်းဗတာကြီးမှာ ပြိုလဲသွားလိမ့်မည်ပင်။
“နင်က စီနီယာအစ်ကို့ကို တစ်ခါက ပွေ့ချီခဲ့တဲ့ အဲဒီမိန်းမ မဟုတ်လား”
လီယောင်းက စကားစလိုက်သည်။
“အဲဒီတုန်းက... ငါ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ စီနီယာအစ်ကို့ကို မကူညီနိုင်ခဲ့ဘူး။ အဲဒီတုန်းက ငါ ဘယ်လိုခံစားခဲ့ရလဲဆိုတာ နင် သိရဲ့လား ငါ့ခင်ပွန်း အန္တရာယ်ရှိနေချိန်မှာ ဘာမှမလုပ်ပေးနိုင်တဲ့ အဲဒီခံစားချက်ကို...”
လီယောင်းသည် ကမ္ဘာ့သစ်ပင်၏ ရှေ့သို့ ရောက်နေပြီဖြစ်သည်။ သူမသည် လက်ဖြင့် ကမ္ဘာ့သစ်ပင်၏ မျက်နှာကို ကိုင်ထားလိုက်သည်။
“ငါ ဘာလို့ စကားတွေ ပြောနေမိတာလဲ။ နင်က ဘယ်တော့မှ နားလည်မှာလည်း မဟုတ်ဘဲနဲ့”
လီယောင်းက ပြောကာ ကမ္ဘာ့သစ်ပင်ကို တည်ရှိမှုအတွင်းမှ စတင်ဖျက်ဆီးပစ်လိုက်သည်။
ခဏချင်းမှာပင် ကမ္ဘာ့သစ်ပင်မှာ မရှိတော့ပေ။
လီယောင်းသည် ငြိမ်သက်စွာ ရပ်နေဆဲပင်။ သူမ ဘာကိုမျှ မခံစားရပေ။ စိတ်သက်သာရာရမှုလည်း မရှိသလို ကျေနပ်မှုလည်း မရှိပေ။ သူမ၏ ခင်ပွန်းမှာ အန္တရာယ်ရှိနေပြီး သူမကတော့ အသုံးမကျဖြစ်နေဆဲပင်။
ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။
အသံတစ်ခု သူမ၏ နောက်မှ ထွက်ပေါ်လာသဖြင့် လှည့်ကြည့်လိုက်ရာ လူသားဧကရီ၏ ရှေ့တွင် ပေါ်လာခဲ့သည်။ ဧကရီက လက်နှစ်ဖက်ကို မြှောက်ပြလိုက်သည်။
[စိတ်အေးအေးထားပါ၊ ဒါ ငါပါ]
သူမက ချော့မော့စွာ ပြောလိုက်သည်။ ဧကရီသည် သူမ၏အတွင်း၌ အနန္တစွမ်းအင်များ စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။
“ဒါဆို သူမက ဗရမ်းဗတာကြီးကို ထိန်းသိမ်းထားနိုင်အောင် နင့်ကို သူမရဲ့ အစအနလေး ပေးခဲ့တာပေါ့”
လီယောင်းက စိတ်မပါသလို ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒါက အပိုပဲ ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ငါက အဲဒါကိုလည်း ဖျက်ဆီးပစ်မှာမို့လို့ပဲ”
သူမ မလှည့်မီမှာပင် ဧကရီက သူမ၏ လက်ကို ဖမ်းဆုပ်လိုက်သည်။
“ဘာလဲ နင်ကလည်း ငါ့ကို တားချင်တာလား”
သူမသည် အေးစက်ပြီး ခံစားချက်မဲ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ငါ့ခင်ပွန်းရဲ့ အစအနတစ်ခု ရှိနေရုံနဲ့ ငါ့ကို တားနိုင်မယ်လို့ မထင်နဲ့။ နင့်ကိုပါ ဖယ်ရှားပစ်လိုက်
ရင် ကောင်းမလား... ဗရမ်းဗတာကြီးကို ငါဖျက်ဆီးလိုက်ရင် နင်လည်း သေမှာပဲလေ”
ထိုသို့ကာ လီယောင်းသည် ဧကရီထံသို့ သူမ၏ လက်ကို ဆန့်တန်းလိုက်တော့သည်။