← Chapters

အခန်း (၄၇၄-၄၇၅)

Vol. 47 Ch. 474-475

အခန်း (၄၇၄-၄၇၅)

Vol. 47 Ch. 474-475

အခန်း။ ၄၇၄

[နေဦး၊ ငါပြောတာကို အရင်နားထောင်ပါဦး]

ဧကရီက လှမ်းပြောလိုက်သည်။

ဒီကောင်မလေးက ငါ့ကို တကယ်သတ်ချင်နေတာပဲ။ ငါတို့တွေရဲ့ အတိတ်က သံယောဇဉ်တွေက ဘာမှအဓိပ္ပာယ်မရှိတော့ဘူးလား။

“မြန်မြန်ပြော ငါ့မှာ တစ်နေကုန် အချိန်မရှိဘူး။ နောက်ဘဝမှာ စီနီယာအစ်ကို့ကို ရှာတွေ့ရင် နင့်ရဲ့ နောက်ဆုံးစကားတွေကို ငါပြောပေးခဲ့မယ်”

လီယောင်းက ပြောလိုက်သည်။

[ငါ ရှန်းယွီကို ယုံကြည်တယ်]

ဧကရီက ပြောလိုက်၏။

“ဒါပဲလား နင့်ရဲ့ နောက်ဆုံးစကားက တခြားမိန်းမသာဆိုရင် ငါ့ရှေ့မှာ ငါ့ခင်ပွန်းနာမည်ကို ထုတ်ပြောရဲတဲ့အတွက် ငါခွင့်လွှတ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ငါတို့တွေရဲ့ အတိတ်ကို ထောက်ထားပြီး ဒီတစ်ခါတော့ ငါလွှတ်ပေးလိုက်မယ်။ ကဲ... နှုတ်ဆက်ပါတယ်”

လီယောင်းက ဆိုရင်း သူမ၏လက်ထဲတွင် စွမ်းအင်များ စုစည်းလိုက်သည်။

[နေဦး၊ ငါပြောတာ အဲဒီသဘောမဟုတ်ဘူး]

ဧကရီက အလောတကြီး တားလိုက်ပြန်သည်။

“နင့်မှာ နောက်ဆုံးစကားတွေက ဘယ်နှခွန်းတောင် ရှိနေတာလဲ”

လီယောင်း စိတ်ပျက်လက်ပျက် ပြောလိုက်၏။

[ငါဘာကို ဆိုလိုတာလဲဆိုတာ နင်နားလည်မယ်လို့ ငါယုံကြည်ပါတယ်။ ငါ ရှန်းယွီကို ယုံတယ်။ သူ နည်းလမ်းတစ်ခု ရှာတွေ့မှာ သေချာတယ်]

သူမက ပြောလိုက်သည်။

“တခြားပြောစရာ ရှိသေးလား”

လီယောင်းက သူမ၏စကားကို ဘာမျှဂရုမစိုက်ဘဲ မေးလိုက်သည်။ ဧကရီက အံတင်းတင်းကြိတ်ထားမိသည်။ သူမသည် မကြားချင်ယောင် ဆောင်နေခြင်းပင်။ ထိုအခါမှ သူမ ချဉ်းကပ်ပုံမှားနေသည်ကို ဧကရီ သတိပြုမိသွားသည်။

[ဟင်း... တစ်ကမ္ဘာလုံးမှာ နင်ကပဲ နင့်ခင်ပွန်းကို အချစ်ဆုံးလို့ ငါထင်နေတာ]

ဧကရီက လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်၏။

လီယောင်း တုန့်ခနဲ ဖြစ်သွားသည်။

“နင် ဘာပြောချင်တာလဲ”

သူမ မေးလိုက်၏။

[တစ်ကမ္ဘာလုံးမှာ ခင်ပွန်းကို အချစ်ဆုံးဆိုတဲ့သူက ခင်ပွန်းအပေါ်မှာ ဒီထက်ပိုပြီး ယုံကြည်မှုရှိသင့်တာပေါ့။ အခုတော့ နင့်ခင်ပွန်းက ဒီလောက်လေးတောင် ကိုင်တွယ်နိုင်မယ်လို့ မယုံကြည်ဘူးဆိုတော့... နင်က သူ့ကို အချစ်ဆုံးမဟုတ်တော့ပါဘူးလေ]

ဧကရီက ပြောလိုက်သည်။

လီယောင်း၏ ခန္ဓာကိုယ်မှာ ဒေါသကြောင့် တုန်ရီလာသည်။

[ဘာလဲ အမှန်တရားကို မကြားနိုင်လို့ ငါ့ကို သတ်ချင်နေတာလား သတ်လိုက်လေ၊ ဒါဆိုရင် တစ်ကမ္ဘာလုံးက နင်ဟာ စီနီယာအစ်ကို့ကို အချစ်ဆုံးမဟုတ်ဘူးဆိုတာ သိသွားတာပေါ့]

ဧကရီက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်၏။

သူမသည် လီယောင်းကို စောင့်ကြည့်ရင်း ဤလှည့်ကွက် အောင်မြင်ပါ့မလားဟု တွေးနေမိသည်။ သာမန်ယုတ္တိဗေဒမှာ လီယောင်းအပေါ် အလုပ်မဖြစ်သဖြင့် သူမ၏ ပုံပျက်နေသော ယုတ္တိဗေဒဖြင့်ပင် ပြန်လည်တိုက်စစ်ဆင်လိုက်ခြင်းပင်။

“ဟင်း... ငါက နောက်နေတာပါ။ ဘာလို့ အဲဒီလောက် အတည်ပေါက်ကြီး ဖြစ်နေတာလဲ”

လီယောင်းက ပြောကာ လှည့်ထွက်သွားတော့သည်။

“ငါ့ခင်ပွန်းကို ငါယုံကြည်ပြီး စောင့်နေမှာပေါ့”

သူမက ပြောလိုက်သည်။

“တကယ်ကြီး အောင်မြင်သွားတာလား”

ဧကရီ အံ့ဩသွားသည်။

“ငါသွားပြီး မောင့်ရဲ့ ခန္ဓာကိုယ်ကို ရေချိုးပေးလိုက်ဦးမယ်”

လီယောင်းက သူမ၏ ပုံမှန်ရွှင်ပျလွန်းသော အမူအရာဖြင့် ပြောကာ ပျောက်ကွယ်သွားခဲ့သည်။

ဧကရီသည် ၎င်းကို မြင်သောအခါ သက်ပြင်းချလိုက်မိသည်။ သူမသည် ဗရမ်းဗတာကြီးအတွက် အချိန်အနည်းငယ် ဆွဲပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ကမ္ဘာ့သစ်ပင်လေးလည်း အေးချမ်းစွာ အနားယူနိုင်ပါစေဟု သူမ ဆုတောင်းမိသည်။ သူမအနေဖြင့် ဗရမ်းဗတာအတွက် အစွမ်းကုန် လုပ်ဆောင်ပေးခဲ့ပြီးပြီ ဖြစ်သည်။ ကျန်တာကတော့ စီနီယာအစ်ကိုဆိုသူအပေါ်မှာပဲ မူတည်တော့သည်။

တစ်ပတ်အကြာတွင်...

အပေါက်ငယ်လေးတစ်ခုမှ အလင်းရောင်အနည်းငယ်သာ ဝင်နေသော မှောင်မည်းသည့် အခန်းတစ်ခုအတွင်း အမျိုးသားတစ်ဦးကို ရေခဲကြိုးများဖြင့် နံရံတွင် ချည်နှောင်ထားသည်။ ရုတ်တရက် ထိုချည်နှောင်ခံထားရသူ၏ ဘေးတွင် တစ်စုံတစ်ယောက် ပေါ်လာခဲ့သည်။

“စီနီယာအစ်ကို ကျွန်မ ပြန်လာပြီနော်။ ကျွန်မ သွားတာ စက္ကန့်ဝက်ပဲ ရှိသေးပေမဲ့ အစ်ကို့ကို လွမ်းနေပြီ။ စီနီယာအစ်ကိုလည်း ကျွန်မကို လွမ်းနေတယ် မဟုတ်လား”

သူမက ပြောလိုက်သည်။

လီယောင်းသည် သူမ၏ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ရုတ်တရက် စိုးရိမ်စိတ်ဝင်လာသည်။ “စီနီယာအစ်ကို တစ်စုံတစ်ယောက်က ကျွန်မတို့ကို ချောင်းကြည့်နေသလိုပဲ။ ကျွန်မ သိပ်

ကြောက်တာပဲ”

ဖိုသို့ပြောကာ ချည်နှောင်ခံထားရသော ရှန်းယွီကို ဖက်ထားလိုက်သည်။

ထိုစဉ်မှာပင် ချည်နှောင်ခံထားရသော ရှန်းယွီက မျက်လုံးဖွင့်လိုက်သည်။ ရှန်းယွီ မျက်လုံးဖွင့်လိုက်သည့် ခဏမှာပင် အချိန်နှင့် အကျိုးအကြောင်းတို့၏ နယ်နိမိတ်ကြားတွင် ရှိနေပုံရသော အခြား ရှန်းယွီတစ်ဦးနှင့် မျက်လုံးချင်း ဆုံသွားခဲ့သည်။ ရှန်းယွီသည် သူ၏ စွမ်းအားအနည်းငယ်ကို ထုတ်ဖော်လိုက်ရာ ထိုနယ်နိမိတ်ကြားမှ ရှန်းယွီမှာ လာရာလမ်းအတိုင်း ပြန်လည်လွင့်ထွက်သွားခဲ့သည်။

…

လွန်ခဲ့သော တစ်လခန့်က...

ရှန်းယွီ၏ ဝိညာဉ်ပင်လယ်အတွင်း၌ သူ၏ ဝိညာဉ်မှာ ထပ်မံနိုးထလာခဲ့သည်။ ဤအကြိမ် နိုးထလာပြီးနောက် သူသည် ယခင်က ရှိခဲ့သော အကြွင်းမဲ့ အဆုံးသတ်နေရာမှ ထွက်ခွာပြီး သူ၏ ဗရမ်းဗတာအတွင်းသို့ ဝင်ရောက်ခဲ့သည်။

သူ သက်ပြင်းချလိုက်မိသည်။ အချိန်စီးကြောင်းမှာ အဆသန်းပေါင်း တစ်ထောင်အရှိန်မြှင့်ထားသော ဤနေရာတွင် သူ၏ အသိစိတ်ကို ပိုမိုကြာရှည်စွာ ထိန်းထားနိုင်မည်ဖြစ်ရာ အဖြေရှာရန် ပိုမိုလွယ်ကူပေလိမ့်မည်။

သတိလစ်သွားခဲ့သည်မှာ တစ်ရက်အပြည့် ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ သတိလစ်နေသော်လည်း သူ၏ ခန္ဓာကိုယ်မှာ လုပ်ဆောင်နေဆဲဖြစ်ပြီး စနစ်ကလည်း အလုပ်လုပ်နေသည်။ သူ၏ အကြွင်းမဲ့ အရင်းအမြစ် ခန္ဓာကိုယ်သည် အကြွင်းမဲ့ အရင်းအမြစ် သဘောတရားကို အခြေခံမှတ်အဖြစ် အသုံးပြုကာ အချိန်တိုင်းတွင် နိယာမများကို နားလည်သဘောပေါက်နေစေသည်။

လက်ရှိတွင် အကြွင်းမဲ့ အရင်းအမြစ်မှာ တာအိုအဆင့်၌ ရှိနေသဖြင့် သူ၏ နိယာမအားလုံးမှာ တာအိုနယ်ပယ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်နေကြသည်။ ယခုဆိုလျှင် သူ၏ နိယာမအားလုံးမှာ တာအိုနယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး အသစ်အသစ်သော နိယာမများမှာလည်း ဆက်တိုက်ဆိုသလို ဖြစ်တည်လာကာ တာအိုနယ်ပယ်သို့ တက်လှမ်းနေကြသည်။

တစ်ချိန်တည်းမှာပင် သူ၏ အကြွင်းမဲ့ အရင်းအမြစ် ကျွမ်းကျင်မှုမှာ အလွန်အမင်း တိုးတက်လာခဲ့သည်။ သူသည် ပေါင်းစပ်ခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ သွေးမျိုးဆက်ကြောင့်လည်း သူပိုင်ဆိုင်ထားသော ရှေးဦးစွမ်းအင်ထံမှ အရင်းအမြစ်စွမ်းအား တော်တော်များများကို ရရှိခဲ့သည်။

သူသည် ထိုအရင်းအမြစ်စွမ်းအားအားလုံးကို ထိန်းချုပ်လိုက်ပြီး သူ၏ ဉာဏ်အလင်းပွင့်မှုအပေါ်သို့ အာရုံစိုက်ကာ မြှင့်တင်ရန် ကြိုးစားခဲ့သည်။ အစပိုင်းတွင် အလုပ်မဖြစ်ပုံရသော်လည်း သူသည် အရင်းအမြစ်စွမ်းအင်များကို ပို၍ပို၍ လောင်းထည့်လိုက်သောအခါ သူ၏ ပါရမီမှာ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ အချိန်အတန်ကြာပြီးနောက် နောက်ဆုံးတွင် ၎င်းမှာ အရင်းအမြစ်နယ်ပယ်သို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့သည်။

သူသည် အရင်းအမြစ်အဆင့် စိတ်အာရုံနယ်ပယ်ကြောင့် အလုံးစုံသိမြင်မှု ရှိထားပြီးဖြစ်သဖြင့် ထူးထူးခြားခြား ပြောင်းလဲမှုကိုတော့ မခံစားရပေ။ ထို့နောက် သူ၏ အာရုံကို အကြွင်းမဲ့ အရင်းအမြစ် တာအိုအပေါ်သို့ အာရုံစိုက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကျွမ်းကျင်မှုမှာ ရုပ်လုံးပေါ်ခြင်းအဆင့်သို့ ခုန်တက်သွားပြီး မကြာမီမှာပင် ပြည့်စုံသော ရုပ်လုံးပေါ်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ခဏအကြာတွင် သူသည် အကြွင်းမဲ့ အရင်းအမြစ် တာအိုကို ကျော်လွန်သွားခဲ့သည်။

သူပိုင်ဆိုင်သော အခြားသန်းပေါင်းများစွာသော နိယာမများမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး အားလုံးမှာ အလိုအလျောက် ကျော်လွန်သွားကြတော့သည်။ ရှန်းယွီသည် အကြွင်းမဲ့ အရင်းအမြစ် တာအိုကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် ဤအရာအားလုံးမှာ အတုအယောင်များသာ ဖြစ်သည်။

၎င်းကို အရင်းအမြစ်အဆင့်သို့ ပို့ဆောင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ စစ်မှန်သော အရင်းအမြစ်အဆင့် သဘောတရားကို ဖမ်းဆုပ်နားလည်နိုင်ရန် စနစ်ပြန်လည်စတင်ချိန်ကိုသာ သူ စောင့်ဆိုင်းရမည်ပင်။ သူ၏ လက်ရှိ အရင်းအမြစ်အဆင့် ဉာဏ်အလင်းပွင့်မှုဖြင့်ဆိုလျှင် ကျွမ်းကျင်မှု အနည်းငယ်မျှကိုပင် သူ ဖမ်းဆုပ်နိုင်ရမည်ပင်။

သူ ဤသို့ တွေးနေစဉ်မှာပင် သူ၏ အသိစိတ်မှာ စတင်မှိန်ဖျော့လာသည်ကို ခံစားလိုက်ရပြန်သည်။ ခဏအကြာတွင် သူ ထပ်မံနိုးထလာပြီး စနစ်ကို စစ်ဆေးလိုက်သည်။ သူ သက်ပြင်းချလိုက်မိသည်မှာ ထိုနေ့မှာ မကုန်ဆုံးသေးသောကြောင့်ပင်။ ဤသည်မှာ သူ့အတွက် တကယ်ကို ခက်ခဲလှသည်။ အကယ်၍ သူ သတိလစ်နေစဉ်အတွင်း ထိုနေ့ ကုန်ဆုံးသွားပါက သူသည် ထိုသဘောတရားကို ဖမ်းဆုပ်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ဤသို့သာ ဆက်ဖြစ်နေမည်ဆိုလျှင် သူ၏ အသိစိတ်နှင့် စနစ်ပြန်စချိန် ထပ်တူကျရန် စောင့်ဆိုင်းရင်း ဤနေရာတွင် ထာဝရ ပိတ်မိနေနိုင်သည်။

အခန်း။ ၄၇၅

ထိုနေ့နှောင်းပိုင်းတွင် ရှန်းယွီသည် သူ၏စနစ်မျက်နှာပြင်ကို မျှော်လင့်တကြီး စိုက်ကြည့်နေမိသည်။ နောက်ထပ် အကြိမ်အနည်းငယ် သတိလစ်သွားခဲ့သော်လည်း စနစ်ပြန်မစမီ အချိန်မီ ပြန်နိုးလာနိုင်ခဲ့သည်မှာ သူ၏ကံကောင်းမှုပင်။ သူ ဤသို့တွေးနေစဉ်မှာပင် ပြန်စရမည့်အချိန် ရောက်ရှိလာပြီး အတွေ့အကြုံများမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာတော့သည်။

သူသည် ထိုအတွေ့အကြုံများ၏ ရင်းမြစ်အပေါ်သို့ အာရုံစိုက်လိုက်စဉ်မှာပင် နောက်တစ်ကြိမ် ထပ်မံသတိလစ်သွားပြန်သည်။ သို့သော် သတိလစ်မသွားမီ သူ၏မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ရှိနေခဲ့သည်။ နောက်ပိုင်းတွင် သူပြန်နိုးလာသောအခါ ရှန်းယွီသည် ချက်ချင်းပင် အလုပ်စတော့သည်။

စနစ်ပြန်စသည့်အချိန်မှာ ကျော်လွန်သွားခဲ့ပြီဖြစ်သော်လည်း သူ ကျင့်ကြံ၍ ရနေဆဲပင်။ ၎င်းမှာ အရင်းအမြစ်အဆင့်ရှိ အကြွင်းမဲ့ အရင်းအမြစ်သဘောတရားကို သူ အလျင်အမြန် သင်ယူနိုင်ခဲ့ခြင်းကြောင့် မဟုတ်ဘဲ သူ၏ အရင်းအမြစ်အဆင့် စိတ်အာရုံနှင့် ဉာဏ်အလင်းပွင့်မှုတို့ကြောင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ အကြွင်းမဲ့ အရင်းအမြစ် တည်ရှိရာနေရာကို နောက်ဆုံးတွင် ရှာဖွေနိုင်ခဲ့ခြင်းကြောင့်ပင်။ ယခုဆိုလျှင် အရင်းအမြစ်အဆင့် သဘောတရားကို လေ့လာရန် စနစ်ပြန်စချိန်ကို စောင့်နေစရာ မလိုတော့ပေ။

ဤအရာမှာ အကြွင်းမဲ့ အရင်းအမြစ်မျှသာ ဖြစ်သော်လည်း သူ၏ ဝိညာဉ်ပင်လယ်ထဲတွင် အကြွင်းမဲ့ အဆုံးသတ်ရှိနှင့်ပြီးသားဖြစ်သဖြင့် သဘောတရားမှာ ယခုအခါ ပြည့်စုံသွားပြီဖြစ်သည်။ ယခု သူနိုးနေသည့် အချိန်တိုင်းတွင် အကြွင်းမဲ့ အရင်းအမြစ်ကို လေ့လာနိုင်သည်။ စနစ်၏ အခြေခံဖြစ်သော အကြွင်းမဲ့ အရင်းအမြစ်မှာ ပြည့်စုံသော ရုပ်လုံးပေါ်ခြင်းဖြစ်သဖြင့် ၎င်းသည် သူ၏ အကြွင်းမဲ့ အရင်းအမြစ် အတွေ့အကြုံများကို နှစ်ဆတိုးပေးနိုင်ဆဲ ဖြစ်လိမ့်မည်။

အရိုးရှင်းဆုံး ပြောရလျှင် သူသည် စနစ်၏ အဆင့်အတန်းသို့ ရောက်ရှိတော့မည်ပင်။ ရှန်းယွီသည် အကြွင်းမဲ့ အရင်းအမြစ် သဘောတရားကို နားလည်ရန် ကြိုးစားရင်း အချိန်အတော်ကြာအောင် ငြိမ်သက်စွာ နေခဲ့သည်။ အချိန်အတန်ကြာပြီးနောက် နောက်ဆုံးတွင် သူ၏ စနစ်အတွင်း၌ ပေါ်လာခဲ့သည်။

[အရင်းအမြစ်: အကြွင်းမဲ့ အရင်းအမြစ်: နိုးထခြင်း (10e100/10e(10e100))]

နောက်ဆုံးတော့ သူ ထိုသဘောတရားကို ရရှိနိုင်ခဲ့ကာ သူ ဤသို့ တွေးလိုက်သည်နှင့် သူ၏ အသိစိတ်မှာ စတင်မှိန်ဖျော့သွားပြီး နောက်တစ်ကြိမ် ထပ်မံသတိလစ်သွားပြန်သည်။

ပြင်ပကမ္ဘာတွင် တစ်ပတ်အကြာ၌ ရှန်းယွီသည် ကျင့်ကြံနေဆဲပင်။ အတွင်းကမ္ဘာတွင်မူ နှစ်ပေါင်း နှစ်ဆယ့်တစ်သန်းခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူသည် အချိန်၏ ၉၀ ရာခိုင်နှုန်းခန့်ကို သတိလစ်နေခဲ့သဖြင့် သူ့အတွက်မူ နှစ်သန်းခန့်သာ ကုန်ဆုံးခဲ့ခြင်းပင်။ သို့သော်ငြားလည်း ထိုအချိန်အတွင်းမှာပင် သူသည် အရင်းအမြစ်အဆင့် အကြွင်းမဲ့ အရင်းအမြစ်ကို ပေါင်းစပ်ခြင်းအဆင့်အထိ နားလည်သဘောပေါက်နိုင်ခဲ့သည်။

ပြင်ပကမ္ဘာတွင် နောက်ထပ် တစ်ပတ်အကြာတွင် ရှန်းယွီသည် အကြွင်းမဲ့ အရင်းအမြစ် သဘောတရားကို ရုပ်လုံးပေါ်ခြင်းအဆင့်သို့ ပို့ဆောင်နိုင်ခဲ့သည်။ လိုအပ်သော အလွန်အမင်း များပြားလှသည့် အတွေ့အကြုံ ပမာဏကို ကြည့်ကာ သူ သက်ပြင်းသာ ချနိုင်တော့သည်။ သို့သော် သူ ဆက်လက်ကျင့်ကြံရန်သာ ဆုံးဖြတ်လိုက်သည်။ ဤသည်မှာ နောက်ဆုံးအဆင့် မဟုတ်ပါလား။ ကိန်းဂဏန်းမှာ အလွန်ကြီးမားသော်လည်း သူ ကြောက်ရွံ့ခြင်း မရှိပေ။ ၎င်းမှာ ပိုကြီးမားလေလေ၊ စနစ်မှ အတွေ့အကြုံများကို ပိုမိုကြီးမားသော ပမာဏဖြင့် နှစ်ဆတိုးပေးနိုင်ကာ ထိုနေရာသို့ ပိုမိုမြန်ဆန်စွာ ရောက်ရှိစေမည်ပင်။

နှစ်ပတ်အကြာတွင် ရှန်းယွီ မျက်လုံးဖွင့်လိုက်သည်။

နောက်ဆုံးတော့ အောင်မြင်သွားခဲ့ပြီ။

[အရင်းအမြစ်: အကြွင်းမဲ့ အရင်းအမြစ်: ပြည့်စုံသော ရုပ်လုံးပေါ်ခြင်း]

ယခုမူ အရာအားလုံးမှာ သူ၏ လက်ဝါးအတွင်း၌ ရှိနေသကဲ့သို့ သူ ခံစားလိုက်ရသည်။ သူသည် ပထမဆုံးအနေဖြင့် သူ၏ အသိစိတ်ဆိုင်ရာ ပြဿနာကို ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ ၎င်းကို စောစောစီးစီး ဖြေရှင်းနိုင်သော်လည်း သူသည် ကျင့်ကြံခြင်းတွင် အလွန်အမင်း နစ်မွန်းနေခဲ့ပြီး မည်သည့်အနှောင့်အယှက်မျှ မခံချင်ခဲ့ပေ။ သူသည် သူ၏ အလုံးစုံသိမြင်မှုကို ကြည့်ကာ ၎င်းကို အရင်းအမြစ်အဆင့် စွမ်းအင်များဖြင့် ဖြည့်ဆည်းလိုက်သည်။ ထို့နောက် ၎င်းကို အလွန်သေးငယ်သော အမှတ်တစ်ခုအဖြစ် ဖိသိပ်လိုက်သည်။

ထို့နောက်တွင် သူ ၎င်းကို လွှတ်ထုတ်လိုက်သည်။ ၎င်းသည် သူ၏ဦးခေါင်းအတွင်း၌ ဗရမ်းဗတာ ကဲ့သို့ ပေါက်ကွဲထွက်သွားပြီး အဆုံးမရှိ ပြန့်ကားသွားတော့သည်။ သူသည် ဤအရာကို ဆင့်ပွား အလုံးစုံသိမြင်မှုဟု အမည်ပေးရန် ဆုံးဖြတ်လိုက်သည်။

ဤသည်မှာ သူသိမြင်သမျှ အရာအားလုံးကို ၎င်းတို့၏ အရည်အသွေးနှင့် အဓိပ္ပာယ်ကို ထိန်းသိမ်းထားလျက် အဆုံးစွန်သော ရိုးရှင်းသည့် ဖိသိပ်ထားသော အမှတ်တစ်ခုအဖြစ် အဆုံးမရှိ စုစည်းပေးသည့် အလုံးစုံသိမြင်မှု အမျိုးအစား ဖြစ်သည်။

၎င်းသည် ပြန်လည်ပြန့်ကားလာမည်ဖြစ်သော်လည်း ယခင်က အလုံးစုံသိမြင်မှုအားလုံးကို အဆုံးစွန်သော ရိုးရှင်းသည့် ထိုအမှတ်အတွင်း၌ ချန်ထားခဲ့မည်ပင်။ ၎င်း ပြန့်ကားလာသည်နှင့်အမျှ ယခင်က ဖိသိပ်ထားသော အလုံးစုံသိမြင်မှုအတွင်းရှိ သိရှိသမျှ အရာအားလုံးကို သူ သိရှိထားပြီးဖြစ်သဖြင့် ၎င်းသည် ကြီးမားသော ဟာလာဟင်းလင်း ဖြစ်နေသည့် နေရာလပ်တစ်ခုကို ဖန်တီးပေးလိမ့်မည်။

ထိုဟာလာဟင်းလင်း ဖြစ်နေသည့် နေရာကို လီယောင်း၏ အဆုံးမရှိ ကြီးထွားနေသော အချစ်များက ပြန်လည်ဖြည့်ဆည်းပေးလိမ့်မည်။ ၎င်းမှာ ပြည့်သွားလိုက် ထို့နောက် အဆုံးစွန်သော ရိုးရှင်းသည့် အမှတ်တစ်ခုအဖြစ် ပြန်လည်ဖိသိပ်လိုက်နှင့် ထိုသံသရာမှာ အဆုံးမရှိ ဆက်လက်ဖြစ်ပေါ်နေပေလိမ့်မည်။

…

ရှန်းယွီသည် ပြင်ပကမ္ဘာတွင် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ ထိုသို့လုပ်ဆောင်လိုက်သည်နှင့် အချိန်နှင့် အကျိုးအကြောင်းတို့၏ နယ်နိမိတ်ကြားတွင် ရှိနေပုံရသော အခြားသော သူ၏ဗားရှင်းတစ်ခုနှင့် မျက်လုံးချင်း ဆုံသွားခဲ့သည်။ ရှန်းယွီသည် သူ၏ စွမ်းအားအနည်းငယ်ကို ထုတ်ဖော်လိုက်ရာ ထိုနယ်နိမိတ်ကြားမှ ရှန်းယွီမှာ လာရာလမ်းအတိုင်း ပြန်လည်လွင့်ထွက်သွားခဲ့သည်။

“ယော…ယောကျာ်း….”

လီယောင်း ထစ်ထစ်ငေါ့ငေါ့ ခေါ်လိုက်မိသည်။

ရှန်းယွီ သူမကို ပြုံးပြလိုက်ပြီး “ယောကျာ်းပြန်လာပြီ” ဟု ပြောလိုက်သည်။

“အိမ်ပြန်လာတာကို ကြိုဆိုပါတယ်”

သူမက ပြောရာ မျက်ရည်များမှာ သူမ၏မျက်လုံးများမှ စီးကျလာတော့သည်။

ရှန်းယွီသည် သူ၏ခြေချုပ်လက်ချုပ်များကို အလွယ်တကူ ချိုးဖျက်လိုက်ပြီး သူမကို တင်းကျပ်စွာ ပွေ့ဖက်ကာ သူမ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ သူသည် နှစ်ပေါင်း ဆယ်သန်းနီးပါး ဝေးကွာနေခဲ့သူဖြစ်သော်လည်း သူမကသာ ဤကဲ့သို့ ပြုမူနေခြင်းပင်။

ဒီကောင်မလေးကတော့ တကယ်ကို မလွယ်ပါလား။ ဝေးနေရမှ ပိုချစ်တတ်ကြတယ်လို့ ပြောကြတာအမှန်ပဲ။

ဤကောင်မလေး၏ စိတ်ခံစားချက်များမှာ နေ့စဉ်နှင့်အမျှ အဆုံးမရှိ တိုးပွားနေသည်ကို ထည့်တွက်မည်ဆိုလျှင် ဤမျှလောက်သော အချိန်ကာလအတွင်း မည်မျှတိုးပွားသွားမည်ကို သူ စိတ်ကူးပင် မယဉ်ဝံ့တော့ပေ။

“မိန်းမ”

ရှန်းယွီ ခေါ်လိုက်သည်။

“ရှင်...”

သူမ ရှိုက်ကြီးတငင် ထူးလိုက်၏။

“ယောကျာ်းမိန်းမအပေါ် မှားခဲ့ပါတယ်... မောင့်ကို မိန်းမ ကြိုက်သလို လုပ်နိုင်ပါတယ်”

သူ ပြောလိုက်သည်။

၎င်းကို ကြားလိုက်ရသောအခါ သူမ၏အတွင်းမှ ခလုတ်တစ်ခုကို နှိပ်လိုက်သကဲ့သို့ ဖြစ်သွားသည်။

“ကြိုက်သလို ဟုတ်လား”

သူမ မေးလိုက်၏။

ရှန်းယွီ ခေါင်းငြိမ့်ပြလိုက်သည်။

“အင်း... ကြိုက်သလိုလုပ်…”

“တကယ်ကြီး ကြိုက်သလို လုပ်လို့ရတာလား”

သူမက သေချာအောင် ထပ်မံမေးမြန်းသည်။

ရှန်းယွီ ထပ်မံခေါင်းငြိမ့်ပြသည်။

“အင်း... တကယ်ကြီး ကြိုက်သလိုလုပ်…”

“ဒါဆိုရင်...”

သူမ ထပ်မံမေးရန် ပြင်လိုက်စဉ်မှာပင် သူက သူမ၏နှုတ်ခမ်းပေါ်သို့ လက်ညှိုးတစ်ချောင်း တင်လိုက်သည်။

“ယောကျာ်းက ချစ်လှစွာသော မိန်းမကို လိမ်ပြောပါ့မလား”

သူ မေးလိုက်၏။

သူမ ပြုံးလိုက်သည်။

“ဒါဆိုရင်လည်း ကောင်းပြီလေ”

ထိုသို့ကာ သူမက သူ့ကိုဆွဲပြီး သူမ၏အခန်းဆီသို့ ရွေ့ပြောင်းလိုက်တော့သည်။

“ဘယ်လိုလဲ”

သူမ မေးလိုက်၏။

ရှန်းယွီ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

“မိန်းမ တော်တော်လေး အလုပ်ရှုပ်နေခဲ့ပုံပဲ”

သူ ပြောကာ သူမကို ကုတင်ပေါ်သို့ တွန်းချလိုက်သည်။ ဤနေရာရှိ ကုတင်မှာ အရပ်မျက်နှာအားလုံးသို့ အဆုံးမရှိ ကျယ်ပြန့်နေပုံပင်။ ၎င်းမှာ လီယောင်း ကိုယ်တိုင်ဖန်တီးထားသော စစ်မြေပြင်ပင်။

မိန်းမနှင့် ခင်ပွန်းတို့အတွက် စစ်မြေပြင်ပင်။

ရှန်းယွီအနေဖြင့် ဤသည်မှာ နာရီအနည်းငယ်အတွင်း ပြီးဆုံးသွားမည်မဟုတ်ကြောင်း ကြိုတင်သိရှိထားသည်။ သူမအတွင်း၌ အချိန်အတော်ကြာအောင် ပိတ်လှောင်ထားသော စိတ်ခံစားချက်များ၏ အဆင့်အတန်းအရ ဤသည်မှာ ရှည်လျားသော တိုက်ပွဲတစ်ခု ဖြစ်ပေလိမ့်မည်။

သူတို့ တိုက်ခိုက်နေစဉ်အတွင်း ဗရမ်းဗတာကြီး သက်တမ်းကုန်ဆုံးသွားသည်ကို သူ မလိုလားပေ။ ဂိုဏ်းသားများမှာလည်း ဤမျှနှစ်ပေါင်းများစွာ ကြာသည်အထိ သူတို့ကို စောင့်မျှော်နေကြပြီး သူသည် သူတို့ထံသို့ ကိုယ်ပွားအဖြစ် မဟုတ်ဘဲ ဂိုဏ်းအကြီးအကဲနှင့် ဂိုဏ်းချုပ်အဖြစ်သာ သွားရောက်လိုသည်။ သူသည် သူတို့ကို ထပ်မံ၍ မစောင့်စေလိုတော့ပေ။

သူသည် လက်ကို ဝှေ့ယမ်းကာ သူ၏ အကြွင်းမဲ့ အရင်းအမြစ်စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။

“ယောကျာ်းအခု ဘာလုပ်လိုက်တာလဲ”

သူမ မေးလိုက်၏။

“ယောကျာ်းအချိန်အရှိန်မြှင့်နယ်မြေတစ်ခု တည်ဆောက်လိုက်တာ။ ဒီနေရာမှာ ငါတို့ အနန္တနှစ်ပေါင်းများစွာ တိုက်ခိုက်နေရင်တောင်မှ အပြင်မှာတော့ အချိန်က အတူတူပဲ ဖြစ်နေလိမ့်မယ်”

ရှန်းယွီက ပြောလိုက်သည်။ သူသည် သူ၏အတွင်းကမ္ဘာရှိ အချိန်ကိုလည်း ပြင်ပအချိန်နှင့် ချိတ်ဆက်ထားသဖြင့် အချိန်မှာ အရှိန်အဟုန်ဖြင့် ကုန်ဆုံးသွားမည် မဟုတ်ပေ။

“ကဲ... ဒါဆိုရင် စလိုက်ကြရအောင်...”

All Chapters